Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Wednesday, December 31, 2014

အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (မဘသ)အဖွဲ့ ဗဟို၏ နှစ်သစ်မင်္ဂလာ သ၀ဏ်လွှာ ( ၁.၁.၂၀၁၅)


ခရစ်နှစ် ၂၀၁၅-ခု၊ ဇန်န၀ါရီလ ၁-ရက်၊ ကြာသပတေးနေ့ဝယ် ကျရောက်မည့်

နှစ်သစ်မင်္ဂလာ အခါသမယ၌ မြန်မာနိုင်ငံသူ, နိုင်ငံသား၊

ရဟန်းရှင်လူ, ပြည်သူအားလုံးအတွက်

ပေးပို့အပ်သော

အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (မဘသ)အဖွဲ့ ဗဟို၏

နှစ်သစ်မင်္ဂလာ သ၀ဏ်လွှာ

၁။ ယနေ့ဟာ ၂၀၁၄-ခုကုန်ဆုံးပြီး ၂၀၁၅-နှစ်သစ်သို့ ပြောင်းကူးသော အခါသမယဖြစ်ပါသည်။ အချိန်အခါသည် စက္ကန့်မှမိနစ်သို့, နာရီမှနေ့ရက်, လ,နှစ်သို့ တရစပ် ပြောင်းလဲနေမည်သာဖြစ်သည်။ တားထား, ဆွဲထားလို့လည်းမရ။ သူ့သဘာဝဓမ္မတာအတိုင်း ပြောင်းလဲသွားပါလိမ့်မည်။
၂။ ပြောင်းလဲသောအခါ အကောင်းဘက်သို့ပြောင်းမှ အမြတ်ထွက်မည်။ အဆိုးဘက်သို့ပြောင်းလျှင်ကား အရှုံးပေါ်မည် သာဖြစ်သည်။
၃။ ကောင်းကျိုး, ဆိုးကျိုး ရလဒ်မှန်သမျှသည် လူသားများအပေါ် မူတည်နေသည်။ လူတော်လူကောင်း အရည် အချင်းနှင့် ပြည့်စုံသောလူသားသည်သာ ခေတ်အခါအားလျော်စွာ ကောင်းကျိုးရအောင်ယူနိုင်သည်။ အဆိုပါ အရည်အချင်း မပြည့်စုံသူ လူဖျင်း, လူညံ့သည် ကောင်းကျိုးရအောင်မယူနိုင်ယုံမက ဆိုးကျိုးများကိုသာ ရင်ဝယ်ပိုက်ပြီးသား ဖြစ်သွားမည်။ (၀ိဇ္ဇာစရဏ သမ္ပန္နဂုဏ်တော်လာ ၀ိဇ္ဇာက လူတော်အရည်အချင်း၊ စရဏက လူကောင်း အရည်အချင်းကိုပြသည်)
၎။ ယနေ့မြန်မာ့မြင်ကွင်းကိုကြည့်လျှင် မဏ္ဍိုင်အားလုံး တိုင်းပြည်နှင့်လူမျိုးအတွက် ပေးဆပ်မှုကို ရှေ့တန်းမတင်ပဲ မိမိအတွက်ရယူမှု အတ္တကျိုးကိုသာ ရှေ့တန်းတင်ကြံစည်, ပြောဆို, ရေးသား, ပြုမူ လုပ်ကိုင်နေကြခြင်းကြောင့် မြန်မာနိုင်ငံ အတွက် ကောင်းကျိုးအမြတ်မထွက်နိုင်ပဲ ဆိုးကျိုးအရှုံးဘက်သို့သာ ဦးတည်ရွေ့လျားနေကြပါသည်။
၅။ မြန်မာနိုင်ငံအတွက် တာဝန်ရှိသူအားလုံးသည် အမြင်အယူအဆ, ရောက်ရှိရယူထားသော တာဝန်အမျိုးမျိုး ကွဲပြား သော်လည်း တိုင်းပြည်နှင့်လူမျိုးအတွက် ကောင်းကျိုးကိုမျှော်ကိုးသည့် ဦးတည်ချက်ခြင်း တူကြမည်သာဖြစ်ပါသည်။ မတူ သည်ကိုခဏထား တူသည်ကိုလက်တွဲလုပ်ကြမှသာ တိုင်းပြည်နှင့်လူမျိုးအတွက် ကောင်းကျိုးရနိုင်မည် ဖြစ်ပါသည်။ တာဝန် ဆိုသည်မှာ ကိုယ်ကျိုးရယူဖို့မဟုတ်။ ပေးဆပ်ဖို့ဖြစ်ကြောင်း သတိပြုရမည်။ သူ့အကျိုးဆောင်လျှင် ကိုယ့်အကျိုး အောင်မည် သာ ဖြစ်သည်။
၆။ သမဂ္ဂါနံ တပေါ သုခေါ - မြတ်ဗုဒ္ဓဒေသနာအရ နိုင်ငံသူနိုင်ငံသား, ကမ္ဘာသူ ကမ္ဘာသားအားလုံး ပညာရေး, စီပွါးရေး စသည် အဖက်ဖက်က ပြည့်ဝကုံလုံသည့် သုခဘုံကြီး တည်ဆောက်နိုင်အောင် အချင်းချင် ညီညီညွတ်ညွတ် ဆောင်ရွက် ကြပါဟု နှစ်သစ်မင်္ဂလာစကား ပြောကြားတိုက်တွန်းအပ်ပါသည်။

စာအမှတ် ။ ၀၁၀၀/စီမံ-မဘသ/၂၀၁၄
ရက်စွဲ ။ ၁၃၇၆-ခု၊ ပြာသိုလဆန်း(၁၂)ရက်၊
ဇန္န၀ါရီလ (၁)ရက်၊ ကြာသပတေးနေ့

ဘဒ္ဒန္တ တိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့ (ဗဟို) အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။

Sunday, December 28, 2014

ကိုးန၀င်းဖတ်စာ ကောက်နုတ်ချက် (၂)

ကိုးန၀င်းဖတ်စာ ကောက်နုတ်ချက်-

အဆောက်အဦးတစ်ခုအတွက် အမျိုးအစားကွဲပြားသော သစ်,သံ,အုတ်,ကျောက်, အင်္ဂတေစသည်တို့ ကျရာနေရာက ကျရာတာဝန်ကို စုပေါင်းညီညီညွတ်ညွတ် ဆောင်ရွက်ကြခြင်းကြောင့် အများမှီခိုအားထားရာ အဆောက်အဦးတစ်ခု ဖြစ်လာရပါသည်။ သူတစ်မျိုး ငါတစ်ဖုံ ကွဲပြားပြီး လွန် ဆွဲနေလျှင် တိုက်ခိုက်နေလျှင် ဖျံနှစ်ကောင် အဝေမတည့် ငြင်းခုံပြီး သူများကို အားကိုးလိုက်ခြင်းကြောင့် ရရှိမည့် အခွင့်အရေးကောင်းများ လက်လွတ်ဆုံးရှုံးခဲ့ ဖူးသည်ကို သတိကြီးကြီးထားကြပါ။

တစ်ဦးအပြစ် တစ်ဦးပြော၊ တိုက်ခိုက်ရန်ဖြစ်နေခြင်းဖြင့် တိုင်းပြည်နှင့်လူမျိုးပါ ပျက်သုဉ်းသွားမည်ဖြစ်၍ “သမဂ္ဂါနံ တပေါ သုခေါ -ဆိုသည့်အတိုင်း မိမိတို့အချင်း ချင်း စုပေါင်းညီညွတ်စွာ ဆောင်ရွက်ကြခြင်းဖြင့် သုခအဖုံဖုံ ပြည့်စုံသည့် သာယာ လှပသော ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး တည်ဆောက်ကြပါစို့”ဟု ရဟန်းရှင်လူ ပြည်သူအားလုံး အဓိဋ္ဌာန်ပြု အကောင်အထည်ဖော်ကြပါစို့။

Thursday, December 25, 2014

ကိုးန၀င်းဖတ်စာ ထုတ်နုတ်တင်ပြချက်

သစ်တောအတွင်းရှိ သစ်ပင်များသည် အမျိုးအစား အမျိုးမျိုး ကွဲပြားသော်လည်း သတ္တလောက, သြကာသ ကောင်းကျိုးအတွက် စုပေါင်းအားပြု ဆောင်ရွက်ကြသ လို မြန်မာ့တိုင်းရင်းသား ရဟန်းရှင်လူ ပြည်သူအားလုံးသည် အမြင်အမျိုးမျိုး လုပ်ဆောင်ချက်အမျိုးမျိုး ကွဲပြားနေသော်လည်း မိမိတို့၏ အမျိုး ဘာသာ သာသနာ ကောင်းကျိုးအတွက် ဦးတည်ချက်ခြင်း အတူတူဖြစ်၍ ညီညီညွတ်ညွတ် တသားတည်း စုပေါင်းအားပြု ဆောင်ရွက်ကြဖို့ အချိန်တန်နေပါပြီ။ 
အရှင်တိလောကဘိဝံသ (မဘသ- ဥက္ကဋ္ဌဆရာတော်)

အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့သည်-----


Tuesday, December 23, 2014

မဘသအဖွဲ့(ဗဟို) ဥက္ကဋ္ဌဆရာတော်ဘုရားကြီး၏ သြ၀ါဒ ဒူးနေရာဒူးတော်နေရာတော် (မေတ္တာ + ပေါင်းသင်းဆက်ဆံမှု)


ဒူးနေရာဒူးတော်နေရာတော်
(မေတ္တာ + ပေါင်းသင်းဆက်ဆံမှု)
ဘယ်အရာမဆိုစနစ်တကျ အသုံးချတတ်ဖို့လိုသည်။ သက်ရှိဖြစ်စေ၊ သက်မဲ့ဖြစ်စေ၊ ပစ္စည်းဖြစ်စေ၊ တရားဖြစ်စေ၊ အရာခပ်သိမ်းစနစ်တကျ အသုံးမချတတ်လျှင် ကောင်းကျိုးမရဆိုးကျိုးသို့ပင်ရောက်သွားနိုင်သည်။ ဒါကိုပင် ဌာနာဌာနကောသလ္လဥာဏ် (သူ့နေရာနှင့်သူလိုက်လျောညီထွေဖြစ်အောင် သိမြင်တတ်သည့် အသိဥာဏ်)ဟုပိဋကတ်ကျမ်းဂန်တို့၌ဆိုသည်။ ဤနေရာ၌စာရေးသူအဓိကပြောလိုသည်မှာဗုဒ္ဓတရားတော်များကိုစနစ်တကျ အသုံးချခြင်းကိုပြောလိုပါသည်။ မေတ္တာအတွက် အသုံးချရာမှာပင် -
၁။ အနောဒိဿမေတ္တာ - ပုဂ္ဂိုလ်သတ္တ၀ါ တိုက်ရိုက်ရည်ညွှန်းချက်မရှိဘဲမေတ္တာပို့နည်း။
၂။ ဩဒိဿမေတ္တာ - ပုဂ္ဂိုလ်သတ္တ၀ါ တိုက်ရိုက်ရည်ညွှန်းချက်ရှိသောမေတ္တာပို့နည်းဟု နှစ်မျိုးရှိသည်။
ဥပမာ - အနောဒိဿ မေတ္တာပို့နည်းမှာသဗ္ဗေ သတ္တာ - သတ္တ၀ါအားလုံး၊ သဗ္ဗေပါဏာ - ထွက်သက်၊ ၀င်သက်ရှိသူ အားလုံးစသည်တို့ကိုကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ၊ ဘေးရန်ကင်းကြပါစေ၊ လိုရာဆန္ဒပြည့်ဝကြပါစေဟုသာ - အားလုံးသောအမျိုးသားများစသည်နှင့် အမေ၊ အဖေ၊ ဆရာသမားစသည်တို့ကိုကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ၊ ဘေးရန်ကင်းကြပါစေ၊ လိုရာဆန္ဒပြည့်ဝကြပါစေဟုမေတ္တာပို့ခြင်းမျိုးစသည်ဖြင့် အမျိုးမျိုးကွဲပြားသေးသည်။
ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကိုရည်ရွယ်၍ မေတ္တာပို့ရာ၌ ပထမဆုံးမေတ္တာပို့သင့်သူ၊ မပို့သင့်သူဟုခွဲခြားရသေးသည်။ ဥပမာ - ရန်သူကိုစတင် မေတ္တာပို့မိလျှင် အမှတ်မထင်စိတ်ဆိုးဒေါသအာဃာတရန်ငြိုးများပေါ်လာတတ်သဖြင့် မေတ္တာပျက် သွားတတ်သည်။ မိမိမယား၊ ရည်းစားစသောချစ်ခင်စုံမက်လွန်းသူကိုစတင်မေတ္တာပို့မိပြန်လျှင်လည်းတဏှာရာဂဘက်ရောက် သွားပြီးမေတ္တာပျက်တတ်သည်။ ထို့ကြောင့်ရန်သူနှင့် ချစ်ခင်စုံမက်လွန်းသူစသည်တို့ကိုအစဦးဆုံးမေတ္တာမပို့သေးဘဲမိဘ၊ ဆရာသမားစသောကျေးဇူးရှင်များကိုလည်းကောင်းအခြားသင့်လျော်သူများကိုလည်းကောင်းမေတ္တာပို့ပြီးမေတ္တာအသားကျ သောအခါကျမှ ရန်သူနှင့် ချစ်ခင်စုံမက်လွန်းသူစသည်တို့ကိုမေတ္တာပို့ရမည်ဟုသတ်မှတ်ထားပါသည်။ မေတ္တာပို့ရာမှာပင် စနစ်ကျဖို့လိုအပ်သည်။ စနစ်မကျလျှင် မေတ္တာပို့ရကျိုးမနပ်ဘဲဆိုးကျိုးနှင့်ရင်ဆိုင်ရတတ်သည်။
ဗုဒ္ဓဒေသနာများသည် သူ့နေရာနှင့်သူလျော်အောင်ဟောထားပါသည်။ မေတ္တာကိုမေတ္တာနေရာမှာသုံးဖို့၊ပေါင်းသင်းဆက်ဆံရေးကိုပေါင်းသင်းဆက်ဆံရေးနေရာမှာသုံးဖို့ ခွဲခြားအသုံးချတတ်ရမယ်။ ရှိခိုးထိုက်သူကိုရှိခိုးရာ၌ပင် အခြေအနေအရိပ်အကဲကိုကြည့်၍ ရှိခိုးရကြောင်းမိန့်ဆိုထားသည်။ အန္တရာယ်ပြုမိသူကိုသူ့ရှေ့မှာထိုင်ပြီးရှိခိုးမိလျှင် ခြေထောက်နှင့်ကန်ခံရခြင်းစသော အန္တရာယ်နှင့် ရင်ဆိုင်ရတတ်ပေသည်။ အခြေအနေကိုမူတည်ပြီးလိုက်နာကျင့်သုံးရမည်ဖြစ်ပါသည်။ မင်္ဂလာတရားတော်လာအသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာဒေသနာ၌ ယုတ်မာဆိုးမိုက်သည့် ဒုစရိုက်စိတ်ဓာတ်များ၊ လုပ်ရပ်များ၊ အဆိုပါဒုစရိုက် စိတ်ဓာတ်ရှိသူလုပ်ရပ်ရှိသူများအားလုံးသည် ဗာလဖြစ်သည်။ ဗာလကိုမပေါင်းသင်းရဆိုသည်မှာမိမိလည်းဗာလစိတ်ဓာတ်မမွေးခြင်း၊ ဗာလလုပ်ရပ်မလုပ်ခြင်း၊ ဗာလစိတ်ဓါတ်လုပ်ရပ်ရှိသူကို မပေါင်းသင်းမမှီဝဲ မဆက်ဆံ ခြင်းစသည်တို့ဖြစ်ပါသည်။
မေတ္တာမေတ္တာနေရာမှာသုံးပါ။ ပေါင်းသင်းဆက်ဆံရေးကိုလည်းပေါင်းသင်းဆက်ဆံရေးနေရာမှာသုံးမှ အဆင်ပြေမယ်။ သင့်လျော်မည်။ ကောင်းကျိုးရမည်။ ဗာလစိတ်ဓာတ်ရှိသူဗာလလုပ်ရပ်လုပ်သူဗာလပုဂ္ဂိုလ်များကိုမေတ္တာမထားရဟုမဆိုလို ပါ။ မေတ္တာနှင့် ပေါင်းသင်းဆက်ဆံမှုရောမွှေပြီးမိမိအိမ်မှာခေါ်တင်ထားလျှင်သော်လည်းကောင်း၊ သား,မယားများနှင့် အတူအိပ်၊ အတူစားလျှင်သော်လည်းကောင်းဘယ်လိုဖြစ်သွားနိုင်မည်နည်း။ စဉ်းစားကြည့်ပါ။ မေတ္တာတရားနှင့် နိုင်ငံတော် အကြောင်းဟောပြောနေသူများစဉ်းစားကြပါ။ တစ်ဖက်သားကိုလူသားမဆန် မုဒိမ်းကျင့်၊ လူသတ်၊ ဂျီဟတ်လုပ်ခြင်းစသောဗလစိတ်ဓာတ်ရှိသူ၊ ဗာလလုပ်ရပ်လုပ်သူများကိုမိမိမိသားစုနှင့်တစ်သားတည်းအတူထားချင်နေသောမေတ္တာတရားနှင့် မေတ္တာနိုင်ငံတော် ဟောပြောတည်ဆောက်နေသူများကားအံ့သြဖွယ်ကောင်းပေစွ။
ဘုရားဟောဒေသနာများ၌- မစဉ်းစားသင့်၊ မစဉ်းစားထိုက်၊ မတွေးကြံသင့်၊ မတွေးကြံထိုက်သောအရာတို့ကိုစဉ်းစားတွေးခေါ်ကြံစည်မိလျှင်ပင် ရူးသွပ်သွားနိုင်သည်။ ရူးမသွားတာတောင်မှ စိတ်ပင်ပန်းမှုတော့အနည်းဆုံးဖြစ်နိုင်သည်။ ကြံစည်ရုံမကလက်တွေ့ဟောပြောကျင့်သုံးလျှင်ကားပြောစရာလိုမည်မဟုတ်ပေ။ (အံ-၁၊ ၃၉၂)
အမျိုးဘာသာသာသနာစောင့်ရှောက်ရေးတာဝန်ရှိသူများသည် မည်သူ့ကိုမျှ မေတ္တာမထားရဟုပြောနေခြင်းမဟုတ်ပါ။ မေတ္တာကိုမေတ္တာနေရာမှာသုံးပါ။ ပေါင်းသင်းဆက်ဆံရေးကိုပေါင်းသင်းဆက်ဆံရေးနေရာမှာသာသုံးဖို့ ဟောပြောနေခြင်းဖြစ် ပါသည်။ ကိုယ့်ခြံစည်းရိုးကိုယ်ကာတတ်အောင် တိုက်တွန်းနှိုးဆော်နေခြင်းသာ ဖြစ်ပါသည်။ သူများခြံစည်းရိုးကိုသွားဖျက်ဖို့ ဟောပြောနေခြင်းမဟုတ်ပါ။ ကိုယ့်ခြံစည်းရိုးကိုယ်လုံအောင် မကာကွယ်နိုင်ခဲ့လို့ ယခင်ကဗုဒ္ဓဘာသာနိုင်ငံအဖြစ် ထင်ရှားခဲ့သောအိန္ဒိယ၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ ဘင်္ဂလားဒေရှ်၊ အင်ဒိုနီးရှား၊ မလေးရှားစသောဗုဒ္ဓဘာသာနိုင်ငံများဗုဒ္ဓဘာသာပျောက်ကွယ်သွားခဲ့ကြရပြီ။
အမျိုးဘာသာသာသနာစောင့်ရှောက်ရေးလုပ်ငန်းလုပ်နေသူများသည် -
၁။ အမျိုးသားရေး၊ ဘာသာရေး၊ သာသနာရေးသက်သက်သာဦးတည်လုပ်ဆောင်နေခြင်းဖြစ်ပါသည်။ အာဏာရဖို့ လုပ်နေခြင်းမဟုတ်ပါ။
၂။ မည်သည့်ပါတီမည်သည့်ပုဂ္ဂိုလ်ကိုမျှ တိုက်ခိုက်ရန်၊ ဖျက်ဆီးရန်ပြုလုပ်နေခြင်းမဟုတ်ပါ။ဤသည်ကိုနားလည်ပေးစေချင်ပါသည်။
၃။ ကိုယ့်ဘက်မပါလို့ ကိုယ်ဖြစ်ချင်တာမဖြစ်ရလို့ မဘသအဖွဲ့ကိုနည်းအမျိုးမျိုးဖြင့် တိုက်ခိုက်နေသူများကိုလည်းလည်းမေတ္တာမပျက်ပါ။
၎။ ကိုယ်ကိုယ်တိုင် အမျိုးဘာသာသာသနာကိုမစောင့်ရှောက်ချင်လျှင်နေပါ။
၅။အမျိုးဘာသာသာသနာကိုဖျက်ဆီးသည့်လုပ်ရပ်များလုပ်ခြင်း၊ ဟောပြောခြင်း၊ သွေးဆောင်ခြင်းစသောနည်းများဖြင့် အမျိုးဘာသာသာသနာစောင့်ရှောက်သူများကိုအနှောက်အယှက်မပေးဖို့ရန်လည်းအလေးအနက် မေတ္တာရပ်ခံပါသည်။
ပုဂ္ဂိုလ်၊ ပါတီ၊ လာဘ်လာဘမျက်နှာငဲ့ညှာမှု လောဘရမ္မက်အမြင်ဖြင့် ရှုမြင်သော ဆန္ဒာဂတိ၊ စိတ်ဆိုးဒေါသအာဃာတရန်ငြိုးအမြင်ဖြင့်ရှုမြင်သောဒေါသာဂတိ၊ ကြောက်ရွံ့ထိတ်လန့်သောဘယာဂတိ၊ မသိနားမလည်မှု မောဟာဂတိတရားများလွှမ်းမိုးခံရသောအခါ အမှားမှားအယွင်းယွင်းစဉ်းစား၊ ပြောဆို၊ ပြုလုပ်မိတတ်စမြဲ ဖြစ်သည်။
ကြမ္မာညှိုးမှိန်၊ ပျက်စီးချိန်၌၊ ပညိန္ဒြိ၊ သတိကင်းလွတ်၊ ကျင့်ယွင်းချွတ်၏၊ ကျင့်ချွတ်သောအခါ၊ ပညာအမျိုး၊ တန်ခိုးထိန်ညီး၊ ဘုန်းတန်ကြီးလည်း၊ ပျက်စီးမြဲပင်၊ မချွတ်ပင်တည်း၊ အကြင်လူသား၊ ယောက်ျားမိန်းမ၊ စသည်ထိုထို၊ ပျက်စီးလိုက၊ အဆိုအသွားအမှားမှားနှင့်၊ ဘုရားသော်မှ၊ ဟောမရတည်း။ (မဃဒေ၀)
မေတ္တာတရားနှင့် နိုင်ငံတော်- ဆိုသောခေါင်းစီးလေးကိုတွေ့လိုက်ရသဖြင့် တွေးတောမိသောဆင်ခြင်စရာလေးများကို မျှဝေလိုပါသည်။စိတ်ကောင်း၊ စေတနာကောင်းဖြင့် တွေးတောတာ၊ ပြောဆိုတာ၊ ပြုလုပ်တာမှန်သမျှ အကောင်းချည်းဖြစ်နိုင်ပါ သည်။ စေတနာကောင်းမဟုတ်လျှင်တော့ ကိုယ်၊ နှုတ်၊ နှလုံးသုံးပါးလုံးအကောင်းမဖြစ်နိုင်ဟုဓမ္မပဒစသောဒေသနာများ၌ မြတ်ဗုဒ္ဓဟောထားပါသည်။ ဒူးနေရာဒူးတော်နေရာတော် - ဆိုသလိုသူ့နေရာနှင့်သူအသုံးချတတ်ဖို့ လိုပါသည်။ တဘက်ချင်းတူပေမယ့် ခြေသုပ်တဘက်ကိုမျက်နှာသုပ်လျှင် သင့်တော်ပါမည်လား။ တဘက်ချင်းအတူတူပဲဆိုပြီးသုံးနိုင်တဲ့ပုဂ္ဂိုလ် ကတော့သုံးပါ။ မသုံးနိုင်သူများကိုအပြစ်မပြောပါနှင့်။ အိမ်သာခွက်ထဲကရေကိုရေချင်းအတူတူပဲဟုယူဆပြီးသောက်ရေအဖြစ် သုံးလိုသူသုံးပါ။ မသုံးနိုင်သောအခြားသူကိုအပြစ်မပြောသင့်ပါ။
လောဘ၊ ဒေါသ၊ မောဟအဂတိတရားလွှမ်းမိုးခံရလျှင် ဘုရားဟောဒေသနာများကိုစနစ်တကျအသုံးမချတတ်ဘဲအလွဲလွဲအချော်ချော် အသုံးချမိတတ်ကြောင်းသတိပေးရင်းဒူးနေရာဒူးတော်နေရာတော် ဆောင်းပါးကိုအဆုံးသတ်အပ်ပါ သတည်း။
နတ်တော်လပြည့်ကျော် ၅-ရက်၊ ၁၃၇၆-ခု၊ အရှင်တိလောကာဘိဝံသ (အင်းစိန်)
(ဒီဇင်ဘာ ၁၁၊ ၂၀၁၄)၊ ကြာသပတေးနေ့။ ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်မြို့။

မဘသ ဆိုတာ (Arkar)





( မ.ဘ.သ) ဆိုတာ-

အမျိုးသားရေးစိတ်ဓာတ်သက်သက်နဲ့ မြန်မာတိုင်းရင်းသားအားလုံး၊ ရဟန်း, ရှင်, လူ, ပြည်သူ/သားများအားလုံး မိမိတို့ရဲ့ယိုယွင်းပျက်စီးနေတဲ့ ခြံစည်းရိုးတွေကိုကာပေးဖို့၊ ပေါက်နေတဲ့လှေကို ဖာထေးပေးပို့၊ ဘာသာတစ်ခုနဲ့တစ်ခုအကြား ညီညွှတ်မျှတ ငြိမ်းအေးစေဖို့ပဲဖြစ်တယ်၊ ပါတီရေး၊ အဏာရေး၊ နိုင်ငံရေး အခွင့်ထူးရရှိရေး ၀င်ရောက်စွက်ဖက်နေခြင်းမဟုတ်၊ ဒါကို နားလည်ဖို့လိုတယ်၊ သိအောင်လေ့လာဖို့လိုတယ်၊ မဘသရဲ့ ရည်ရွယ်ချက်၊ ရပ်တည်ချက်တွေက အမျိုး ဘာသာ သာသနာအတွက်ပဲ၊ အခုအချိန်မှာ သွေးအေးနေရင် လူမျိုးပျောက်လို့ သာသနာပါပျောက်မှာ... မြေမျိုလို့ လူမျိုးမတုံးဘူး... လူမျိုမှ လူမျိုးတုံးမှာ..၊ မိမိပတ်ဝန်းကျင်ကိုလေ့လာပါ၊ မြင်ပါ၊ အင်ဒိုနီး ရှား၊ မလေးရှား၊ ပါကစ္စတန်၊ နိပေါ၊ အိန္ဒိယ၊ ဘာတွေဖြစ်ကုန်ပီလဲ.. ဗုဒ္ဓရဲ့အဆုံးအမ ကွယ်ပျောက်လို့ သာသနာပါပျောက်ပျက်ပြီး လူမျိုးပါညစ်နွမ်းကုန်ပီ၊ တို့မြန်မာပြည် အဲ့လိုအဖြစ်ခံမှာလား....?.။ မြန်မာ့ယဉ်ကျေးမှု၊ ဘာသာ သာသနာ အပျောက်အပျက်ခံမှာလား....?  ။တို့တိုင်းရင်းသားတွေအားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ကာကွယ်ဖို့လိုနေပီ။ ခလုတ်ထိမှ အမိတနေရင်တော့ဗျာ...အတွေးမမှားဖို့တော့လိုနေပါပြီ။  (AK)

၁၃၇၆-ခု၊ ပြာသိုလဆန်း ၃-ရက်၊ ဒီဇင်ဘာလ-၂၃ရက်၊ ၂၀၁၄-ခုနှစ်၊ နေ့လည် ၁း၀၀ နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့သည့် မဘသ လပတ်အစည်းအဝေးပွဲ၏ ထုတ်ပြန်ကြေညာချက်


၁၃၇၆-ခု၊ ပြာသိုလဆန်း ၃-ရက်၊ ဒီဇင်ဘာလ-၂၃ရက်၊ ၂၀၁၄-ခုနှစ်၊ နေ့လည် ၁း၀၀ နာရီ အချိန်၌ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို)၏ လပတ်အစည်းအဝေးပွဲအား ဗဟို ဥက္ကဋ္ဌဆရာတော်ဘုရားကြီး အရှင်တိလောကာဘိဝံသ အပါအ၀င် ဗဟိုဦးဆောင်ဆရာတော်များ၊ ဗဟိုအလုပ်အမှုဆောင်ဆရာတော်များ၊ ပြည်နယ်နှင့်တိုင်းအသီးသီးအမှ အလုပ်အမှုဆောင်ဆရာတော်များ စုံညီစွာတက်ရောက် ကျင်းပခဲ့ပြီး ရှေ့ဆက်မည့်လုပ်ငန်းစဉ်များနှင့် နိုင်ငံတော်မှ ပြဋ္ဌာန်းပေးသည့် အမျိုးစောင့်ဥပဒေမူကြမ်း ၄-ရပ်အား ဆွေးနွေးတိုင်ပင်ခဲ့ပါသည်။

ထို့နောက် အဆိုပါအစည်းအဝေးမှ အမျိုးစောင့်ဥပဒေ ၄-ရပ်နှင့်ပတ်သက်သည့် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို) စာအမှတ် ၀၀၁၉-ပါ ထုတ်ပြန်ကြေညာချက်အား မြန်မာနိုင်ငံတစ်ဝန်းရှိ ရဟန်း, ရှင်, လူ, ပြည်သူအများ သိရှိနိုင်စေရန် ထုတ်ပြန်ကြေညာခဲ့ပါသည်။

အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို)၏
ထုတ်ပြန်ကြေညာချက်

အမျိုးစောင့်ဥပဒေ (၄)ရပ်ဖြစ်သော-

၁။ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာဥပဒေ၊
၂။ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုဥပဒေ၊
၃။ မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများအထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ၊
၎။ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေ များကို
ဥပဒေကြမ်းအဖြစ် ၂၀၁၄-ခုနှစ်၊ ဒီဇင်ဘာလ (၁)ရက်နေ့တွင် စတင်ထုတ်ပြန်ကြေညာခဲ့သည်။

ထိုဥပဒေကြမ်း(၄)ရပ်သည် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့၏ ဥပဒေ(မှုကြမ်း) နမူနာတင်ပြ ချက်များနှင့် အနည်းငယ်ကွဲလွဲချက်များရှိသော်လည်း ဥပဒေပညာရှင်များ၏ ခေတ်စနစ်နှင့်လျော်ညီစွာ ရေးဆွဲ တင်ပြနိုင်ခြင်းသည် အမျိုး ဘာသာ သာသနာနှင့် နိုင်ငံလူမျိုးအနာဂတ်အပေါ် စေတနာကောင်းနှင့် ဆောင် ရွက် ခြင်းဖြစ်သည့်အတွက် ကြိုဆိုပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
ဥပဒေကြမ်း (၄)ရပ်တွင် ပြုပြင်ဖြည့်စွက်သင့်သည်များကိုလည်း မဘသအနေဖြင့် ဆက်လက်အကြံပြု တင်ပြ သွားမည်ဖြစ်ပါသည်။ သို့သော်လည်း ဥပဒေမူကြမ်း (၄)ရပ်နှင့်ပတ်သက်၍ ဆန့်ကျင်ကန့်ကွက်နေကြသူတစ်ချို့ သည် သတင်းစာ, ဂျာနယ်, ရုပ်သံလွှင့်ဌာနများနှင့် အင်တာနက်စသော မီဒီယာများကိုအသုံးပြုကာ ဝေဖန်တိုက် ခိုက်နေကြခြင်းကို တိုင်းရင်းသားပြည်သူများ သိမြင်ရှင်းလင်းနိုင်စေရန် ဤကြေညာချက်ဖြင့် ထုတ်ပြန်ဖော်ပြ အပ်ပါသည်။

အမျိုးစောင့်ဥပဒေ (၄)ရပ်သည်-

၁။ မြန်မာနိုင်ငံတွင် မှီတင်းနေကြသော ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံတို့ကို တန်းတူအခွင့်အရေးပေးထားသော ဥပဒေဖြစ်သည်။
၂။ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာဥပဒေသည် အမျိုးသမီးများလွတ်လပ်စွာ ရွေးချယ်ခွင့်ကို ကန့်သတ်ချုပ်ချယ် သော ဥပဒေမဟုတ်၊ အမျိုးသမီးများ ရသင့်ရထိုင်သော အခွင့်အရေးများ မဆုံးရှုံးရအောင် အကာအကွယ်ပေး ထားသော ဥပဒေဖြစ်သည်။
၃။ သက်ဆိုင်ရာဘာသာအသီးသီးမှ ဘာသာဝင်အမျိုးသမီးများကို ကာကွယ်ပေးထားသော ပြဋ္ဌာန်းဥပဒေများ ရှေးကပင်ရှိပြီးဖြစ်သည်။ ဗုဒ္ဓဘာသာဝင် အမျိုးသမီးများအတွက် လုံလောက်သော အကာအကွယ်ပေးသည့် ဥပဒေမရှိ၍ ဥပဒေပြဋ္ဌာန်းရန် လိုအပ်သည်။
၎။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံသူ, နိုင်ငံသားများအတွက် အရေးကြီးသကဲ့သို့ အမျိုးသား လုံခြုံရေး သည်လည်း မြန်မာတစ်မျိုးသားလုံးအတွက် အရေးကြီးသော လိုအပ်ချက်တစ်ခုဖြစ်သည်။
၅။ အမျိုးစောင့်ဥပဒေ (၄)ရပ်သည် ဘာသာတစ်ခုနှင့်တစ်ခုအကြား ငြိမ်းချမ်းစွာနေထိုင်နိုင်ရေးကို ရှေးရှုသော ငြိမ်းချမ်းရေးဥပဒေဖြစ်သည်။
၆။ အမျိုးစောင့်ဥပဒေ (၄)ရပ်သည် အိမ်ထောင်ရေးဖောက်ပြန်မှုများ၊ လူမှုရေးဖောက်ပြန်မှုများကို လျော့နည်းပ ပျောက်စေမည့် ဥပဒေဖြစ်သည့်အပြင် ဘာသာအားလုံးအတွက် ပွင့်လင်းမြင်သာစေပြီး ပဋိပက္ခဖြစ်ပွားမှုများကို ရှောင်ရှားစေနိုင်သော ဥပဒေဖြစ်သည်။
ထို့ကြောင့် ဒီမိုကရေစီရေး, လူ့အခွင့်အရေး, တရားဥပဒေစိုးမိုးရေး, ငြိမ်းချမ်းရေးတို့နှင့် လုံးဝမဆန့်ကျင်သော အမျိုးစောင့်ဥပဒေ အမြန်ဆုံးအတည်ပြု ပြဋ္ဌာန်းနိုင်ရေးအတွက် မြန်မာတစ်မျိုးသားလုံးတွင် တာဝန်ရှိကြောင်း တိုက်တွန်းကြေညာအပ်ပါသည်။

စာအမှတ် ။ ၀၀၁၉/စီမံ-မဘသ/ ၂၀၁၄
နေ့စွဲ ။ ၁၃၇၆-ခု၊ ပြာသိုလဆန်း (၃)ရက်
(ဒီဇင်ဘာလ-၂၃ရက်)၊ အင်္ဂါနေ့
ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့(ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒါစရိယ
ရွာမပရှိယတ္တိစာသင်တိုက်၊ အင်းစိန်။


ဗဟိုလပတ်အကြိုညှိနှိုင်းအစည်းအဝေးပုံရိပ်များ ( ၁၃၇၆-ခု၊ ပြာသိုလဆန်း -၃ရက်၊ ဒီဇင်ဘာလ-၂၂ ရက်၊ ၂၀၁၄၊ ည ၇း၀၀ နာရီ)














အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို)၏ လပတ် ကြိုတင်ညှိနှိုင်း အစည်းအဝေးကို ၁၃၇၆-ခု၊ ပြာသိုလဆန်း-၂ရက်၊ ဒီဇင်ဘာလ-၂၂ရက်၊ ၂၀၁၄-ခု၊ ည (၇း၀၀) အချိန်၌ ဥက္ကဋ္ဌဆရာတော်ဘုရားကြီးဖြစ်တော်မှုသော အရှင်တိလောကာဘိဝံသမှဦးဆောင်၍ ဗဟိုဦးဆောင်ဆရာတော်များ ဗဟိုအလုပ်မှုဆောင်ဆရာတော်များ၊ အဖွဲ့ဝင်ဆရာတော်များမှ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး ရှေ့ဆက်မည့်လုပ်ငန်းစဉ်များအား ဆွေးနွေးညှိနှိုင်းခဲ့ပါသည်၊

Monday, December 15, 2014

အမျိုးသားရေးအလုပ်မှာ ကိုယ့်အိမ်ကိုမီးရှို့မည့်သူ အိမ်ရှေ့မီးတုတ်နှင့် ရောက်လာခြင်းအား ခုခံခြင်းနှင့်တူသည် ဟု မိုးကောင်းဆရာတော်ကြီးရှင်းလင်း

အမျိုးသားရေးအလုပ်မှာ ကိုယ့်အိမ်ကိုမီးရှို့မည့်သူ အိမ်ရှေ့မီးတုတ်နှင့် ရောက်လာခြင်းအား ခုခံခြင်းနှင့်တူသည် ဟု မိုးကောင်းဆရာတော်ကြီးရှင်းလင်း
လက်ရှိအချိန်၌ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့၊ မဘသဆရာတော် သံဃာတော်များနှင့် မျိုးချစ်ပုဂ္ဂိုလ်များ အမျိုးသားရေးလုပ်ငန်းများ အစဉ်တစိုက်လုပ်ဆောင်နေရခြင်းမှာ ကိုယ့်အိမ်ကို မီးရှိုမည့်သူ အိမ်ရှေ့မီးတုတ်နှင့် ရောက်လာခြင်းအား ခုခံကာကွယ်ခြင်းနှင့်တူကြောင်း သက်တော်ရှည် ဟင်္သာတမြို့၊ မိုးကောင်းကျောင်းတိုက် ဆရာတော်ဘုရားကြီး ဘဒ္ဒန္တသုဓမ္မာစာရာဘိဝံသ ကမိန့်ကြားရှင်းလင်းသွားခဲ့သည်။
ဟင်္သာတ မိုးကောင်းဆရာတော်ကြီးမှာ သက်တော် (၈၀)၊ ၀ါတော် (၆၀) ရှိနေပြီဖြစ်သော်လည်း အမျိုးသားရေး လုပ်ငန်းများကို တက်ကြွစွာ အားပေးတော်မှုသည်။

မဘသဆရာတော်များနှင့် ဗုဒ္ဓဘာသာဝင် အမျိုးချစ်၊ ရဟန်းရှင်လူ၊ ပြည်သူများဘက်မှ အမျိုးစောင့်ဥပဒေ အမြန် ဆုံးပေါ်ပေါက်လာရေး တောင်းဆိုနေရာ ထိုကိစ္စနှင့်ပတ်သက်၍ အမြင်မကြည်လင်သူများ၊ လူ့အခွင့်အရေးသ မားများဘက်မှ ဝေဖန်ပုတ်ခတ်မှုများ အစဉ်တစိုက်ရှိနေခဲ့သည်၊ သို့သော်လည်း မိုးကောင်းဆရာတော်ဘုရားကြီး ကမှု အမျိုးသားရေးလုပ်ဆောင်နေခြင်းမှာ အရေးတကြီး လိုအပ်လာ၍ဖြစ်သည်ဟု ၂၀၁၄-ခုနှစ်၊ နိုဝင်ဘာ (၂၃) ရက်နေ့က ကျင်းပခဲ့သည့် ကျောက်ကုန်း မဘသညီလာခံတွင် မိန့်ကြားခဲ့သည်၊
ဆရာတော်ကြီးက “ တပည့်တော်ကို အချို့ကပြောကြတယ်၊ အရှင်ဘုရား… အရှင်ဘုရားဟာ အသက်လည်း ကြီးလှပါပြီ၊ အမျိုးသားရေးကိစ္စတွေ ပြောတဲ့အခါမှာ ထိန်းထိန်းသိမ်းသိမ်းပြောပါတဲ့၊ အဲဒီတော့ တပည့်တော်က ပြန်ပြောရတယ်၊ ကိုယ့်အိမ်ကို မီးရှို့မည့်သူက မီးတုတ်ကြီးပြီး အိမ်ရှေ့ရောက်လာပြီ၊ အဲဒါကို ဒီအတိုင်း အငြိမ်ခံ နေရမှလား၊ ခုခံရမှာပဲလေ၊ မခုခံဘူးဆိုရင် ကိုယ့်အိမ်ပြာကျသွားမှာပေါ့၊
ဆရာတော်တို့ အမျိုးသားရေးလုပ်တယ် ဆိုတာ ကိုယ့်အိမ်ရှေ့ကို ရောက်လာနေပြီဖြစ်တဲ့ အန္တရာယ်တွေကြောင့်ပါ”ဟု ရှင်းလင်းသွားခဲ့သည်။

ကိုးန၀င်းဖတ်စာ (မဘသ ဆိုင်ရာသိစရာ)

ကိုးန၀င်းဖတ်စာ (မဘသ ဆိုင်ရာသိစရာ)

မဘသခေါ် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့သည်-

၁။ ကိုယ့်ခြံစည်းရိုး ကိုယ်လုံအောင်ကာခြင်းမျိုးလို မြန်မာတိုင်းရင်းသားများ၏ အမျိုး ဘာသာ သာသနာကို စောင့်ရှောက်ပေးခြင်းသာဖြစ်သည်၊

၂။ အခြားသူတို့၏ အမျိုး ဘာသာ သာသနာကို ဖျက်ဆီးခြင်းသဘောမျိုး လုံးဝမပါပါ၊

၃။ ကိုယ့်ခြံစည်းရိုး ကိုယ်ကာခြင်းကို သူများခြံစည်းရိုးဖျက်သည်ဟု မဆိုနိုင်ပါ၊

၎။ ကိုယ့်မှာခြံစည်းရိုးမလုံလျှင် အမျိုး ဘာသာ သာသနာဖျက်မည့် အန္တရာယ်များ အလွယ်တကူ ၀င်ရောက် လွှမ်းမိုးသွားမည်၊

၅။ ကိုယ့်မှာခြံစည်းရိုးမလုံလျှင် သို့မဟုတ် လုံးဝမရှိလျှင် မိမိတို့၏ အမျိုး ဘာသာ သာသနာ ပျက်သုဉ်းမည့်ဘေး နှင့် ကြုံရမည်သာဖြစ်သည်၊

၆။ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးလုပ်ငန်းသည် အမျိုး ဘာသာ ချစ်သူတိုင်း၏ တာဝန်သာဖြစ် သည်၊

၇။ တာဝန်ရှိသူ တာဝန်မဲ့လျှင် သက်ဆိုင်သူအားလုံး ဒုက္ခရောက်မည်၊

၈။ မည်သည့်နိုင်ငံ, လူမျိုး, ဘာသာဝင်မဆို ကိုယ့်အမျိုး ဘာသာ သာသနာကို မလွှဲမသွေ စောင့်ရှောက်ရမည် သာဖြစ်သည်၊

၉။ နိုင်ငံသားဖြစ်ပါလျက် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးကို တာဝန်မယူလျှင် သို့မဟုတ် တာဝန်ယူ သည်ကို နှောက်ယှက်လျှင် နိုင်ငံ့သစ္စာဖောက်သာ ဖြစ်မည်၊

စည်း တွင်းမှာနေ ကင်းကွေလိမ့်ရန်ဘေး
ကမ်း ကိုကျော် ချော်ကာကျ များလိမ့်ရန်ဘေး၊ (ရွှေကျင်ဆရာတော်)

ကျား ဆိုးမ၀င် စည်းရိုးပြင်လော့၊ ဆင်ခြင်သတိ၊ အစောင့်ရှိလော့၊
ကျား ၏ပရိယာယ် အလွန်ကြွယ်သည်၊ အဆွယ်ကောင်းနှင့် အခြောက်နှင့်
ကျား ဆိုးမလာ၊ တာဒဆီးရာဝယ်၊ ပညာလုပ်အား၊ မှန်တရားသည်၊
ပြည့်အားစစ်စစ်၊ ပြည့်အနှစ်ဟု၊ ပြည်ချစ်စိတ်နှင့် အမြင်နှင့်။ (ဆရာဇော်ဂျီ)

နတ်တော်လပြည့်ကျော် ၄-ရက်၊ ၁၃၇၆-ခု၊
(ဒီဇင်ဘာ ၁၀၊ ၂၀၁၄)၊ ဗုဒ္ဓဟူးနေ့။

အရှင်တိလောကာဘိဝံသ (အင်းစိန်)
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်မြို့။

Sunday, December 14, 2014

အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို)၏ ရုံးစာအမှတ် ၀၀၁၈ ပါ သဘောထားထုတ်ပြန်ချက် English Version.

Declaration of Organization for the Protection of National Race and Religion
(OPNRR) Centre


General Aung San was a worthwhile epic of unforgettable debtor of gratitude to our all Myanmar citizens such as monks, novices and publics due to his leadership founder of fourth supreme Myanmar country, looking like a Myanmar Architecture. He looks like Myanmar Architecture because he unified the dispersing Myanmar States into one solidarity as union of Myanmar.

Understanding upon one who is benefactor and pay gratitude back to him accordingly, is auspicious prosperity and wealthy called as “Katinnuta Katawaidi Mingala” in Pali which means auspicious gratitude towards the grateful.

Therefore;

1. All monks, novices and publics are to repay General Aung San’s attributable gratitude as much as possible.

2. To keep Aung San’s spirit in mind mandatorily to serve for the beneficiaries of our country and nationals.

3. Do not keep the bias of own parties and cults and let us try as much as possible to participate to become an epic events for the coming centenary birthday of the General on 13th February 2015.

4. Not only this centenary birthday of General, we OPNRR deeply encourage that you all always keep Aung San’s spirit in your minds in future to pay back the General’ gratitude.

We OPNRR here declare that we will lead and make an offering of endowment fund of 10 million kyats to do a memorial monumental inscription at the house of General in Natmouk town for the merits of all Myanmar monks, novices and publics in order to recite “Sadu Anumaw Danar” in Pali which means good deeds bliss by repaying General’s gratitude.

Registered No-0018/Simun-Mabatha/2014
Date : 04th Waning Day of Nadaw, 1376 ME,
10th December 2014, Wednesday

Bhadanta Tilawkar Bivamsa
Chairman, OPNRR (Centre)
Agga Maha Pantita, State Awvadar Cariya
Ywama Pariyatti Institute, Insein

Thursday, December 11, 2014

နည်းပရိယာယ် အသွယ်သွယ် (အရှင်တိလောကာဘိဝံသ)

နည်းပရိယာယ် အသွယ်သွယ်
(အရှင်တိလောကာဘိဝံသ)

“ကာမေ,ဘိဇ္ဈာ၊ ဒိဋ္ဌိမှာ, ဖြစ်လာလောဘကြောင့်” ဆိုသည့်အတိုင်း တဏှာလောဘကြောင့် မိစ္ဆာဒိဋ္ဌိဘ၀ ရောက် သွားကြရသည်၊
ဘာသာခြားများသည် မိမိတို့ဘာသာဝင်များကို လောဘဖြင့်လည်း မြူဆွယ်သိမ်းသွင်းကြသည်။ ပိုက်ဆံဖြင့်တစ်မျိုး, ပစ္စည်းဖြင့်တစ်ဖုံ, ချိုချိုသာသာပြောဆို၍တစ်သွယ်,
ရင်းရင်းနှီးနှီး ပေါင်းသင်းဆက် ဆံ၍တစ်နည်း စသည်စသည်ဖြင့် မြေကိုလည်းဝယ်သည်၊ လူကိုလည်းယူသည်၊ သူ့ဘာသာဝင်ဖြစ်အောင်လည်း လုပ်သည်၊ တစ်ချို့ဆိုလျှင် မက်လောက်အောင် ကြေးကြီးကြီးပေး၍ မြေ စသည်တို့ကိုဝယ်သည်၊ ကျလောက် အောင် ကြိုက်လောက်အောင် ပြောဆိုဆက်ဆံ၍ သမီးပျိုများကို ယူသည်။ သတိမမှု ဂူမမြင်သူများကို အပြော ချိုချို ဈေးချိုချိုဖြင့်လည်း ရောင်းပေးတက်ကြသည်၊ ဤသည်တို့မှာ လောဘဖြင့် ဖျားယောင်းခံရခြင်း သိမ်းသွင်း ခံရခြင်းဖြစ်သည်။ “လုဒ္ဓေါ အတ္ထံ န ဇာနာတိ” စသော ဒေသနာအရ လောဘတက်နေသူသည် အမှားအမှန်ကို မမြင်နိုင်၊ မိမိ၏လက်တလော တစ်ဝမ်းတစ်ခါး ပြေလည်မှုလောက်သာကြည့်ကြသူ၊ နောင်ရေးအတွေးသူ, မမြင် သူ, မျက်တောင် တစ်ဆုံးလောက်သာကြည့်သူ, အမြင်ကျဉ်းသူ, အသိဥာဏ် ဗဟုသုတနည်းသူတို့သည် ဘာသာခြားများ၏ အသိမ်းသွင်းခံ အကျဉ်းစံဘ၀သို့ ရောက်သွားကြရသည်၊ သမီးလည်းဆုံး, မြေလည်းဆုံး အရှုံးကြီးရှုံးကြရသည်။
တစ်ခါက သားအမိနှစ်ယောက်ရှိခဲ့သည်၊ အမေက လက်ဖက်ရည်နှင့် နံပြားကြိုက်သည်၊ သမီးပျိုလေး က အမေ့အတွက် မွတ်စလင်ဆိုင်မှာ နံပြားနှင့်လက်ဖက်ရည် နေ့စဉ်သွားဝယ်ပေးရသည်၊ မွတ်စလင်ကုလားက သမီးကိုပိုးပန်းပြီး အပြောချိုချိုဆက်ဆံကာ နံပြားတစ်ခု အပို ထည့်ထည့်ပေးလိုက်သည်၊ ကြာတော့ မိခင်က နံပြားတစ်ခု နေ့စဉ် အပိုစားနေရသဖြင့် မွတ်စလင်ကုလားအပေါ် သံယောဇဉ်တွယ်မိသွားသည်၊ နောက်တော့ သမီးနှင့် ပေးစားလိုက်သည်။ (ဦးဖိုးကျားစာပေကို မှီငြမ်းပြုသည်)
ဤဖြစ်ရပ်မှာ ကာမရာဂ သံယောဇဉ် တဏှာလောဘကြောင့် သမီးကို နံပြားတစ်ချပ်နှင့် လဲပေးလိုက် ခြင်း မဟုတ်ပါလော့ ?။


အင်းစိန်ရွာမဆရာတော်ဘုရားကြီး အရှင်တိလောကာဘိဝံသ၏ နိုင်ငံ့သစ္စာ စောင့်သိသူ (၁+၂) ဆောင်းပါးမှ
ထုတ်နှုတ်တင်ပြပါသည်။

ဘာသာရေး သတိပြုစရာ (အရှင်တိလောကာဘိဝံသ)


ဘာသာရေး သတိပြုစရာ

အရာခပ်သိမ်းမှာ သတိမရှိလျှင် သေဆုံးမည်၊ ပျက်သုဉ်းမည်၊ သတိရှိလျှင် မသေဆုံးနိုင်၊ မပျက်သုဉ်းနိုင်၊ ဤ၌ စာရေးသူတင်ပြလိုသည်မှာ ဘာသာရေးသတိရှိဖို့ပင်ဖြစ်သည်။ ဗုဒ္ဓဘာသာခေါင်းဆောင်များ၊ ဗုဒ္ဓဘာသာဝင်များ မိမိတို့ဘာသာရေး၌ သတိမမှုခဲ့ခြင်းကြောင့် တစ်ချိန်က ဗုဒ္ဓဘာသာ လျှမ်းလျှမ်းတောက် အားကောင်းခဲ့သော ထွန်းကားခဲ့သော အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ် စသော နိုင်ငံ တို့၌ ယခုအချိန်မှာ ဗုဒ္ဓဘာသာ အားနည်းချိနဲ့ရုံမက ပျက်သုဉ်းသွားခဲ့ရပြီ၊ ပျောက်ကွယ်သွားခဲ့ရပြီ။

ယခုအချိန်မှာလည်း ဗုဒ္ဓဘာသာအားကောင်းနေသော နိုင်ငံများ၌ပင် တဖြည်းဖြည်း အားနည်လာနေသည်မှာ အထင်အရှားပင်ဖြစ်သည်။
ထို့ကြောင့် ယခုအချိန်ကစ၍ ဗုဒ္ဓဘာသာ ခေါင်းဆောင်များ၊ ဗုဒ္ဓဘာသာဝင်များသည် မိမိတို့ဘာသာရေးအတွက် ကြိုတင် သတိပြုဆင်ခြင်ကာ ပြင်သင့်သည်ကို ပြင်ဖို့၊ ကာသင့်သည်ကို ကာဖို့၊ လုပ်သင့်သည်ကိုလုပ်ဖို့ လိုအပ် နေပေပြီ၊ ဘာသာရေး အန္တရာယ်များကို သတိကြီးကြီးထားဖို့ လိုနေပေပြီ၊ သူများဘာသာကို ရှုတ်ချဖို့၊ တိုက်ခိုက် ဖို့၊ ဖျက်ဆီးဖို့ ဆိုလိုသည်မဟုတ်။

သို့သော် ကိုယ့်အမျိုး ဘာသာ သာသနာ အတွက် သတိအင်အား များများမွေးထားဖို့ လိုနေပေပြီ၊ အခြား ဘာသာဝင်များ၏ အနုနည်း၊ အကြမ်းနည်း၊ မြူဆွယ်နည်း၊ ပုံမှားရိုက်နည်းစသော ပုံစံအမျိုးမျိုး၊ နည်းပရိယာယ် အသွယ်သွယ်တို့ဖြင့် ကိုယ့်အမျိုး ဘာသာကိုဖျက်ဆီးဖို့၊ လွှမ်းမိုးဖို့၊ သိမ်းသွင့်ဖို့ ကြိုးစားနေကြသည့် အန္တရာယ် များကို ဗုဒ္ဓဘာသာဝင်တိုင်းက ကာကွယ်တားဆီးရန် ပြင်ဆင်ကြဖို့လိုနေပြီ၊ သိအောင် မြင်အောင် ကိုယ်တိုင် လည်း ကြိုးစားရမည်၊ ကိုယ့်ဘာသာဝင်များကိုလည်း သိအောင် မြင်အောင် လုပ်ဆောင်ပေးကြဖို့ လိုအပ်နေပေပြီ။ ဗုဒ္ဓဘာသာဝင်တိုင်း မျက်စိကြီးကြီး နားကြီးကြီးဖြင့် မျက်စိဖွင့် နားစွင့်နေကြရမည်။

အင်းစိန်ရွာမဆရာတော်ဘုရားကြီး အရှင်တိလောကာဘိဝံသ၏ နိုင်ငံ့သစ္စာ စောင့်သိသူ (၁+၂) ဆောင်းပါးမှ
ထုတ်နှုတ်တင်ပြပါသည်။


Wednesday, December 10, 2014

သတိမှု ဂူမမြင် (အရှင်တိလောကာဘိဝံသ)

သတိမမူ ဂူမမြင်
သတိသည် မရှိမဖြစ် လိုအပ်သောအရာဖြစ်သည်။ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေး၊ ကုသိုလ်ရေး စသည် အရေးအားလုံးအတွက် သတိတရားသည် အသက်သွေးကြောဖြစ်သည်။ ထို့ကြောင့်-
“သတိလက်လွတ်ငှက်တောင်ကျွတ်” ဟုလည်းကောင်း၊
“သတိမမူ ဂူမမြင်”ဟုလည်းကောင်း
“ပမာဒေါမစ္စုနောပဒံ” ဟုလည်းကောင်း စသည်ဖြင့် လောကရေး ဓမ္မရေးတို့၌ ပြောဆိုသုံးနှုန်း ရေးသားကြသည်။ သတိမရှိလျှင် သတိမထားလျှင် သက်ရှိသတ္တ၀ါလည်း သေသွားမည်၊ အသက်ထွက်သွားမည်၊ အဖွဲ့အစည်း စသည်သည်လည်း သေသွားမည်၊ အရေးအရာအားလုံး ပျက်သုဉ်းသွားမည်ဟု ဆိုလိုသည်၊ သတိသည် သက်ရှိ သက်မဲ့ အရေးအရာအားလုံး မပျက်သုဉ်းအောင် ထိန်းကျောင်းပေးနေသည်။ လမ်းညွှန်ပေးနေသည်၊ တပ်လှန့် ပေးနေသည်၊ ကြိုးကိုင်ပေးနေသည်၊

ထို့ကြောင့် မြတ်ဗုဒ္ဓက-
“အပ္ပမာဒေါအမတံပဒံ (သတိသည် မသေကြောင်း မပျက်သုဉ်းကြောင်းတရား)” ဟု ဟောကြားထားသည်။
သတိတရား လက်ကိုင်ထားနေသမျှ မပျက်သုဉ်းနိုင်၊ မဆုတ်ယုတ်နိုင်၊ ရှင်သန်နေမည်၊ တိုးတက်နေမည်၊ အောင်မြင်နေမည်၊ သတိသည် စွမ်းအင်လည်းဖြစ်သည်၊ စွမ်းအားလည်းဖြစ်သည်၊ သတိပိုင်ရှင်သည် သူများကို လွှမ်းမိုးအောင်မြင်နိုင်ခြင်းကြောင့် သတိဗိုလ်ဟု ကျန်းဂန်တို့၌ သုံးနှုန်းသည်။
သတိစွမ်းအား ပြည့်စုံသူသည် ဗိုလ်ဖြစ်နိုင်သည်။ မြစ်၊ ချောင်း၊ အင်း၊ အိုင်မှန်သမျှ သမုဒ္ဒရာသို့သာ သက်ဝင်သကဲ့သို့ ကောင်းမှုမှန်သမျှ သတိ၌ သက်ဝင်ကြသည်။
အင်းစိန်ရွာမဆရာတော်ဘုရားကြီး အရှင်တိလောကာဘိဝံသ၏ နိုင်ငံ့သစ္စာ စောင့်သိသူ (၁+၂) ဆောင်းပါးမှ
ထုတ်နှုတ်တင်ပြပါသည်။

Tuesday, December 9, 2014

အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို)၏ ထုတ်ပြန်ကြေညာချက် ( ၀၀၁၈)

ဗိုလ်ချုပ်အောင်ဆန်း သည် စတုတ္ထမြန်မာနိုင်ငံတော်ကို ဦးဆောင်တည်ထောင်သူ မြန်မာနိုင်ငံ့ ဗိသုကာ ကြီးဟု သမိုင်းမှတ်တိုင်တင်နိုင်လောက်သည့် မြန်မာနိုင်ငံသူ၊ နိုင်ငံသား ရဟန်း, ရှင်, လူ အားလုံး၏ မမေ့ထိုက် သူ ကျေးဇူးရှင်တစ်ဦး ဖြစ်ပါသည်၊ အစိတ်စိတ်အမွှာမွှာဖြစ်နေသည့် မြန်မာနိုင်ငံတော်ကို တစ်စုတည်း ပြည် ထောင်စုမြန်မာနိုင်ငံတော်ဖြစ်အောင် ဦးဆောင်တည်ဆောက်နိုင်ခဲ့သူဖြစ်၍ မြန်မာနိုင်ငံ့ဗိသုကာကြီးဟု ဆိုခဲ့ခြင်း ဖြစ်ပါသည်။
ကျးဇူးရှိခဲ့ဖူးသူ၏ ကျေးဇူးဂုဏ်ကိုသိရှိနားလည်ခြင်း, သိသည့်အတိုင်း ကျေးဇူးတုံ့ပြန်ဆပ်ခြင်းများ သည် ကြီးပွားချမ်းသာကြောင်း ကတညုတ ကတဝေဒီမင်္ဂလာပင် ဖြစ်ပါသည်။
ထို့ကြောင့်
၁။ ဗိုလ်ချုပ်အောင်ဆန်း၏ ကျေးဇူးဂုဏ်တို့ကို စွမ်းနိုင်ရာကနေ ရဟန်းရှင်လူ ပြည်သူအားလုံး ကျေးဇူးဆပ်ကြဖို့
၂။ တိုင်းပြည်နှင့်လူမျိုးအကျိုးကို သယ်ပိုးလိုသော အောင်ဆန်းစိတ်ဓါတ် မဖြစ်မနေ မွေးကြဖို့
၃။ ယခု မကြာမီ ဖေဖော်ဝါရီ ၁၃-ရက်၊ ၂၀၁၅-နေ့၌ ကျရောက်တော့မည့် ရာပြည့်ဗိုလ်ချုပ်မွေးနေ့အတွက် ပါတီစွဲ, ဂိုဏ်းဂဏစွဲ မထားကြဘဲ စွမ်းနိုင်ရာက သမိုင်းကျန်သည့် မှတ်တိုင်များဖြစ်အောင် ပါဝင်ဆောင် ရွက်ကြဖို့
၎။ ဗိုလ်ချုပ်ရာပြည့်မွေးနေ့မှာတင်မဟုတ်ဘဲ အနာဂတ်မှာလည်း အမြဲတမ်း အောင်ဆန်းစိတ်ဓါတ်မွေးပြီး ဗိုလ်ချုပ်ကို ကျေးဇူးဆပ်ကြဖို့
မ.ဘ.သအဖွဲ့ကြီးက လေးလေးနက်နက် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
မ.ဘ.သအဖွဲ့ကြီးက ဦးဆောင်ပြီး ဗိုလ်ချုပ်ကို ကျေးဇူးဆပ်သောအနေဖြင့် မြန်မာနိုင်ငံ ရဟန်းရှင်လူ ပြည်သူအားလုံး၏ ကုသိုလ်အဖြစ် နတ်မောက်မြို့ ဗိုလ်ချုပ်နေအိမ်၌ သမိုင်းကျောက်စာတိုင် စိုက်ထူနိုင်ရန် ကျပ်ငွေ သိန်း ၁၀၀ မတည်လှူဒါန်းမည့်အကြောင်းကိုလည်း အားလုံးသာဓုအနုမောဒနာ ခေါ်ယူနိုင်ရန် အသိပေးထုတ်ပြန်ကြေညာအပ်ပါသည်။

စာအမှတ်၊ ၀၀၁၈/စီမံ-မဘသ/ ၂၀၁၄
နေ့စွဲ ၊ ၁၃၇၆-ခု၊ နတ်တော်လပြည့်ကျော် ၄-ရက်၊
(ဒီဇင်ဘာ-၁၀)၊ ဗုဒ္ဓဟူးနေ့
ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့ (ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။

Saturday, December 6, 2014

အမျိုး ဘာသာ သာသနာ ကာကွယ်စောင့်ရှောက်နည်းများ (အရှင်တိလောကာဘိဝံသ)

အမျိုး ဘာသာ သာသနာ ကာကွယ်စောင့်ရှောက်နည်းများ (အရှင်တိလောကာဘိဝံသ)

ဘာသာခြားများသည် စီးပွားရေးဖြင့်တစ်မျိုး၊ လူဦးရေးများအောင်ပြုလုပ်ခြင်းဖြင့်တစ်ဖုံ၊ အနိုင်ကျင့်နည်းဖြင့်တစ် သွယ် စသည်စသည် နည်းအမျိုးမျိုးဖြင့် မြန်မာနိုင်ငံ၏ အမျိုး ဘာသာ သာသနာကို ၀ါးမျိုးနေကြသည်၊ ဤနည်း များဖြင့် ၀ါးမျိုခံခဲ့ရသော အင်ဒိုနီးရှား၊ မလေးရှား၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ် အာဖဂန်နစ္စတန် စသော နိုင်ငံများ ၌ ဗုဒ္ဓဘာသာ ပျောက်ကွယ်သွားခဲ့ရခြင်းမှာ သာဓကပင်ဖြစ်သည်။ ရခိုင်ဒေသ၌ လူဦးရေဖြင့် ၀ါးမျိုနေသည်၊ စီးပွားရေးချို့တဲ့သော အမျိုးသမီးများကို စီးပွားရေးဖြင့် ၀ါးမျိုနေကြသည်။

ဤနေရာ၌ စီးပွားရေးဖြင့် အမျိုး ဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်နည်းကို အဓိက ပြောလိုပါသည်။

ဘာသာခြားများ၏ စီးပွားရေးကို အားပေးလျှင် သူတို့ဘာသာကို အားပေးရာရောက်ရုံမက ကိုယ့်ဘာသာ အားနည်းအောင် ပြုလုပ်ရာလည်းရောက်သည်။

အမျိုး ဘာသာ သာသနာအတွက် သစ္စာဖောက်သူများလည်း ဖြစ်ကြသည်။

ထို့ကြောင့် ကိုယ့်ဘာသာဝင်များ၏ စီးပွားရေးကိုသာ အားပေးကြရမည်၊ ကိုယ့်ဘာသာဝင်များ ရောင်းဝယ်သည့် အစားအစာများ ပစ္စည်းများကို ၀ယ်ယူစားသုံးခြင်း၊ အားပေးခြင်းဟာ ထိရောက်သော အမျိုး ဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ခြင်း တစ်မျိုးဖြစ်သည်။

ကိုရီးယားနိုင်ငံ၌ ဤနည်းဖြင့် အမျိုး ဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်ခဲ့ခြင်းကြောင့် အစ္စလာမ် မူစလင်တို့ ချုပ်ငြိမ်းခဲ့ဘူးသော သာဓကရှိခဲ့သည်။

ဗုဒ္ဓဘာသာဝင် ဓနရှင်များကလည်း မိမိဘာသာဝင်များကို ဈေးတင်မရောင်းခြင်း၊ လှိုက်လှဲဖော်ရွေစွာဆက်ဆံ ခြင်း၊ ဘာသာခြားများထံမှသာ ရနိုင်သည့်ပစ္စည်းများကိုလည်း ကိုယ်ကိုယ်တိုင်သော်လည်းကောင်း၊ အရင်းအနှီး စိုက်ထုတ်ပေး၍သော်လည်းကောင်း၊ မိမိတို့ဘာသာဝင်များ တိုင်းရင်းသားများ လွယ်လွယ်ကူကူ ၀ယ်ယူသုံးစွဲနိုင် ရန် လုပ်ဆောင်ခြင်းဖြင့်လည်းကောင်း အမျိုး ဘာသာ သာသနာကို ကာကွယ်အားပေးရာရောက်သည်။ အလွန် ထူးမြတ်သည့် သာသနာပြုနည်း တစ်မျိုးလည်းဖြစ်သည်။

ကျောင်းဆောက်၊ ဘုရားတည် စသည်လောက်သာ သာသနာပြုနည်းထင်မှတ်ပြီး ဘာသာဝင်များအတွက် စီးပွားရေး၊ ပညာရေးစသည် အားမပေးခဲ့ခြင်းကြောင့် ကမ္ဘောဒီးယားနိုင်ငံ၌ အန်ကောဝပ်ကျောင်းဆောင်ကြီး၊ အင်ဒိုနီးရှားနိုင်ငံ၌ ဗောရောဗုဓောဘုရားကြီး စသည်တို့သည် ကမ္ဘာလှည့်များကြည့်ရှုရာ ရှေးဟောင်းအမွေ အနှစ်အဖြစ်သာ ကျန်တော့သည်၊ ဘာသာအတွက် အကျိုးမများတော့။

အင်းစိန်ရွာမဆရာတော် အရှင်တိလောကာဘိဝံသ၏ နိုင်ငံ့သစ္စာစောင့်သိသူ (၁+၂) ဆောင်းပါးမှ ထုတ်နုတ်တင်ပြပါသည်...

နိုင်ငံ့သစ္စာဖောက်သူများ (၃) - အရှင်တိလောကာဘိဝံသ(အင်းစိန်)

နိုင်ငံ့သစ္စာဖောက်သူများ (၃)

မြန်မာနိုင်ငံသားတိုင်းသည် မြန်မာနိုင်ငံ၏ အမျိုး ဘာသာ သာသနာကို ကာကွယ်ရမည်၊ စောင့်ရှောက်ရမည်၊ မြန်မာနိုင်ငံ၏ အမျိုး ဘာသာ သာသနာကို မကာကွယ် မစောင့်ရှောက်ဘဲ ဖျက်လိုဖျက်ဆီးလုပ်လျှင်သော်လည်း ကောင်း၊ တိုင်းတပါး၏ သြဇာခံ အထောက်အပံ့ခံ ဖြစ်လျှင်သော်လည်းကောင်း မြန်မာနိုင်ငံသစ္စာဖောက် ဧကန် ဖြစ်မည်။
မြန်မာနိုင်ငံရေးခေါင်းဆောင်အမည်ခံ နိုင်ငံရေးသမားများသည်လည်း မြန်မာနိုင်ငံ၏ အမျိုး ဘာသာ သာသနာ ကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိသည်။ မကာကွယ် မစောင့်ရှောက်ဘဲ တိုင်းတပါး၏ သြဇာခံ အထောက် အပံ့ခံ နိုင်ငံ့သစ္စာဖောက်များကို-
အားပေးလျှင် ကူညီလျှင် သူတို့ဖက်က ရပ်တည်ပေးလျှင် မြန်မာ့ အမျိုး ဘာသာ သာသနာကို ဖျက်ဆီးရာ ရောက်သည့်အပြင် မြန်မာနိုင်ငံ့သစ္စာဖောက်လည်း ဧကန် ဖြစ်မည်သာ။


တာဝန်ရှိမှုနှင့် တာဝန်သိသူ


ဗုဒ္ဓဘာသာဝင်များ- ဘာသာခြားများ၏ သိမ်းသွင်းခံရခြင်း၊ အခြားဘာသာသို့ ကူးပြောင်းသွားခြင်းတို့မှာ ဘာသာ ရေးခေါင်းဆောင် ဆရာတော် သံဃာတော်များ၏ ကြောင့်ကြမဲ့နေမှုကြောင့် အဓိကဖြစ်ကြရသည်၊ ဘာသာ ရေးခေါင်းဆောင် ဆရာတော် သံဃာတော်များသည် မိမိဘာသာဝင်များကို အမျိုး ဘာသာ သာသနာ ထိန်း သိမ်းစောင့်ရှောက် ကာကွယ်နိုင်အောင် အသိပညာ ဖြန့်ဖြူးရမည်၊ လမ်းညွှန်ပေးရမည်၊ ဘ၀ရပ်တည်နိုင်ဖို့ ဦးဆောင်နိုင်ဖို့ အသိပညာ အတက်ပညာများ သင်ပေးဖို့ လမ်းညွှန်ပေးဖို့ တာဝန်ရှိသည်။ မိမိနှင့် မဆိုင်သလို ကြောင့်ကြမဲ့နေလျှင် အင်ဒိုနီးရှား၊ မလေးရှား စသည်တို့ကဲ့သို့ အမျိုး ဘာသာ သာသနာ မကြာမီ ပျောက်ကွယ် သွားမည်မှာ မလွဲပေ။
ထို့ကြောင့်-
ယခုအချိန်မှာ ဘာသာရေးခေါင်းဆောင် ဆရာတော် သံဃာတော်များသည် မိမိနှင့်မဆိုင်သလို ကြောင့်ကြမဲ့ မနေသင့်တော့ပါ။
စိတ်လိုက်မာန်ပါ အကြမ်းဖက် ဖြေရှင်းနည်းများမှာလည်း မှန်ကန်သော ထိရောက်သော ဖြေရှင်းနည်းမဟုတ်ပါ၊ လုပ်လည်း မလုပ်သင့်ပါ။
မှန်ကန်ထိရောက်သော နည်းတို့ကို ၀ိုင်းဝန်းရှာကြံပြီး အမျိုး ဘာသာ သာသနာကို မပျက်သုဉ်းရေးအတွက် လုပ်ဆောင်ကြဖို့ အချိန်တန်နေပါပြီ။

အင်းစိန်ရွာမဆရာတော် အရှင်တိလောကာဘိဝံသ၏ နိုင်ငံ့သစ္စာစောင့်သိသူ (၁+၂) ဆောင်းပါးမှ ထုတ်နုတ်တင်ပြပါသည်။


လပတ်အစည်းအဝေးဖိတ်ကြားခြင်း ( ဒီဇင်ဘာလ - ၂၃)


လပတ်အစည်းအဝေးဖိတ်ကြားခြင်း

အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို)၏ လပတ်အစည်းအဝေး ကို ၁၃၇၆-ခု၊ ပြာသိုလဆန်း (၃)ရက်၊ ၂၀၁၄-ခုနှစ်၊ ဒီဇင်ဘာလ (၂၃)ရက်၊ အင်္ဂါနေ့ နေ့လည် (၁၃း၀၀)နာရီအချိန်တွင် ရွာမပရိယတ္တိစာသင်တိုက်၊ ဘုရင့်နောင်လမ်းမကြီး၊ အင်းစိန်မြို့နယ်၊ ရန်ကုန်းတိုင်းဒေသကြီး၌ ကျင်းပပြုလုပ်မည်ဖြစ်ပါ၍ ဗဟိုဦးဆောင်ဆရာတော်များ၊ ဗဟိုအလုပ်အမှုဆောင် ဆရာတော်များ၊ (မဘသ)ဗဟို ရုံးဦးဆောင်ဆရာတော်များ ကြွရောက်ကြပါရန် ရိုသေလေးမြတ်စွာ ဖိတ်ကြားအပ်ပါသည်။

Sunday, November 30, 2014

ရဟန်း ရှင် လူ အများပြည်သူများ သတိထားကြပါ။ မဘသ (ဗဟို)ရဲ့ သဘောထားထုတ်ပြန်ချက် အတု နဲ့ အစစ်ကို ယှဉ်တွဲပေးလိုက်ပါပြီ။




စာအမှတ် ၀၀၁၆ ဖြင့် သဘောထားထုတ်ပြန်ချက်ပါ စာမှာ ဂျပန် ပန့်-ရော့ခ် အဖွဲ့ Wat Wayhem Orchestra ၏ ခေါင်းဆောင်အဆိုတော်က ဂျပန်စတိတ်ရှိုးပွဲတစ်ခုတွင် သင်္ကန်းဝတ်ဖြင့် သီချင်းဆိုခဲ့ခြင်းအပေါ် ကန့်ကွက်ရှုတ်ချကြောင်းနှင့် လုံးဝလက်မခံနိုင်ကြောင်း ထုတ်ပြန်ချက် ဖြစ်ပါသည်။

ထိုထုတ်ပြန်ချက်၏ စာကိုယ်အား ဖြတ်ညှပ်သဘောဖြင့် အတုပြုလုပ်ပြီး မဘသ(ဗဟို)အဖွဲ့အား ရည်ရွယ်ချက်ရှိရှိဖြင့် ထိုးနှက်တိုက်ခိုက်ခြင်းသာ ဖြစ်ပါသည်။ မဘသ (ဗဟို)၏ သဘောထားထုတ်ပြန်ချက်၊ ညွှန်ကြားချက်၊ သ၀ဏ်လွှာ၊ ဖိတ်ကြားလွှာ ၊ ပင့်ဖိတ်လွှာများကိုလည်း

https://www.facebook.com/centralpatrioticassociation?ref=bookmarks

http://www.patrioticassociation.blogspot.com/

အစရှိသော အင်တာနက်စာမျက်များတွင် အချိန်နဲ့ တပြေးညီ အများပြည်သူများ သိရှိနိုင်စေရန် ဖော်ပြပေးလျှက်ရှိပါသည်။ မဘသ(ဗဟို)အား ထိခိုက်စော်ကားလာမည့် ထုတ်ပြန်ချက်၊ ကြေညာချက် အတုများအားလည်း ဖြေရှင်းချက်များ ဖော်ပြပေးသွားမည် ဖြစ်ပါသည်။ ရဟန်း၊ ရှင်၊ လူ၊ အများပြည်သူများအား အသိပေးအပ်ပါသည်။

Saturday, November 29, 2014

နိုဝင်ဘာ-၂၉၊ ၂၀၁၄ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့၊ မေဃ ၀န်ကျောင်းတိုက်၊ ၀ိသုံဂါမ မဟာသိမ်တော်ကြီးဝယ် သံဃာတော် ၄၀၀-ကျော် တက်ရောက်သည့် သံဃာ့အစည်းအဝေးကြီးက NLD ပါတီဗဟိုပြန်ကြားရေး တာဝန်ခံ ထင်လင်းဦးအား ပတ္တနိက္ကုဇ္ဇနကံ ဆောင်ရွက်လိုက်သည့်အပေါ် မဘသ(ဗဟို)၏ ထုတ်ပြန်ကြေညာချက်



အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို)၏
ထုတ်ပြန်ကြေညာချက် (၀၀၁၇)

၂၀-၁၀-၂၀၁၄-နေ့ ချောင်းဦးမြို့နယ်၊ အနိမ့်(သုံးပန်လှ)ကျေးရွာ၊ ဦးဝိစာရနေ့ အထိမ်းအမှတ်အဖြစ် ချောင်းဦး မြို့နယ် NLDအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် ဟောပြောပွဲတွင် ဗုဒ္ဓဘာသာ၊ သာသနာတော်ကို ထိပါးပုတ်ခတ် စော်ကားသော စကားလုံးများဖြင့် ဟောပြောခဲ့သူ NLDပါတီ ဗဟိုပြန်ကြားရေးတာဝန်ခံ ထင်လင်းဦးအား-
(စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့၊ မေဃ၀န်ကျောင်းတိုက်၊ ၀ိသုံဂါမ မဟာသိမ်တော်ကြီးဝယ် နတ်တော်လဆန်း ၈-ရက်၊ ၁၃၇၆-ခု၊ နိုဝင်ဘာ-၂၉၊၂၀၁၄၊ စနေနေ့ မွန်းလွဲ ၂-နာရီအချိန်၌) သံဃာတော် ၄၀၀-ကျော် တက်ရောက်သည့် သံဃာ့အစည်းအဝေးကြီးက ကန့်ကွက်သူမရှိ တညီတညွတ်တည်း ပတ္တနိက္ကုဇ္ဇနကံ (သံဃာတော်နှင့် ဆရာ၊ ဒကာ ဆက်ဆံရေးအားလုံးဖြတ်တောက်လိုက်မှု) ဆောင်ရွက်လိုက်ကြောင်း သိရပါ သည်။
ထိုကံဆောင်ရွက်ရာ၌-
၁။ သံဃာ့အစည်းအဝေးသို့ တက်ရောက်သည့် သံဃာတော်အားလုံးတို့က ကန့်ကွက်သူမရှိ တညီတညွတ် တည်း ဆောင်ရွက်သည့် သမဂ္ဂကံဖြစ်ခြင်း၊
၂။ ထင်လင်းဦးသည်လည်း ပတ္တနိက္ကုဇ္ဇန (သပိတ်မှောက်)ကံ ပြုထိုက်သည့် ပြစ်ချက်များရှိနေခြင်း၊
တို့ကြောင့် ဓမ္မကံသာ ဖြစ်ပါသည်။ (၀ိ ၄၊ ၂၆၃၊ ၀ိ ဋ္ဌ ၄၊ ၅၁၊ ၅၂)
သံဃာ၏ ဓမ္မကံကို သံဃာက လိုက်နာရမည်ဖြစ်သောကြောင့် မြန်မာနိုင်ငံတစ်ဝန်းလုံးနှင့်တကွ တစ်ကမ္ဘာလုံးရှိ ထေရ၀ါဒသံဃာတော်တိုင်းက လိုက်နာကျင့်သုံးရမည့် သံဃာ့ကံဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
(သပိတ်မှောက်ကံ ပြုခံရသူနှင့် သမ္ဘောဂပြုသူသည် ဒုက္ကဋ်အာပတ်သင့်သည်၊ ၀ိမတိ၊ ဋီ၊ ၂၊ ၂၃၄)

စာအမှတ်၊ ၀၀၁၇/စီမံ-မဘသ/၂၀၁၄
နေ့စွဲ ၊ ၁၃၇၆-ခု၊ နတ်တော်လဆန်း ၉-ရက်၊
(နိုဝင်ဘာ-၃၀)၊ တနင်္ဂနွေနေ့

ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့(ဗဟို)၊
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။

Friday, November 28, 2014

နိုင်ငံ့သစ္စာစောင့်သိသူ (အရှင်တိလောကာဘိဝံသ ၊အင်းစိန်)

နိုင်ငံ့သစ္စာစောင့်သိသူ (အရှင်တိလောကာဘိဝံသ ၊အင်းစိန်)

နိုင်ငံ့သစ္စာဖောက်သူများ (၁)

အရိပ်နေနေ အခက်ချိုးချိုး သားရေပေါ်အိပ် ၊ သားရေနားစား လုပ်နေသူများ သည် တိရိစ္ဆာန်စိတ်မွေး သူများဖြစ်သည်။ နိုင်ငံသစ္စာဖောက်သူများဖြစ်သည်။ မိမိမြန်မာနိုင်ငံမှာနေ၊ မြန်မာ့ရေသောက်၊ မြန်မာ့ဆန်စား၊ မြန်မာ့အရိပ်ခိုနေပါလျက် အခြားနိုင်ငံ၊ အခြားလူမျိုး၊ အခြားဘာသာအတွက် အကျိုးဆောင်နေသူများသည် နိုင်ငံသစ္စာဖောက်ဖျက်သူများဖြစ်သည်။
နိုင်ငံသစ္စာဖောက်သူများကို အားပေးနေသူ၊ ကူညီနေသူ၊ ဖေးမနေသူ၊ စောင့်ရှောက်ပေးနေသူများသည် လည်း ရဟန်းဖြစ်စေ၊ ရှင်ဖြစ်စေ၊ လူဖြစ်စေ၊ နိုင်ငံရေးသမားဖြစ်စေ၊ စီးပွားရေးသမားဖြစ်စေ၊ နိုင်ငံခေါင်းဆောင် ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်ဖြစ်စေ၊ အနုပညာရှင်ဖြစ်စေ၊ ဘယ်သူမဆို နိုင်ငံသစ္စာဖောက်သူများဖြစ် သည်။
ထိုသူများကို ၀ိုင်းပယ်ဖို့၊ အားမပေးဖို့၊ မဲမပေးဖို့ အမျိုး ဘာသာ သာသနာ ချစ်သူတိုင်း နိုင်ငံချစ်သူတိုင်း တာဝန်ရှိသည်၊ တာဝန်ယူကြရမည်၊

နိုင်ငံသစ္စာဖောက်သူများ (၂)

နိုင်ငံရေးသမား နိုင်ငံ့သစ္စာဖောက်များ၊ နိုင်ငံရေးသမား နိုင်ငံ့ခေါင်းဆောင်လုပ်လိုသူများသည် နိုင်ငံ့ သစ္စာစောင့်သိသူ နိုင်ငံသားတိုင်းအပေါ် ကာကွယ်စောင့်ရှောက်ပေးဖို့ လိုအပ်သည်မှန်သော်လည်း နိုင်ငံသားအ မည်ခံ နိုင်ငံ့သစ္စာဖောက်သူများကို အားပေးလျှင် ကူညီလျှင် ယင်းနိုင်ငံရေးသမား၊ နိုင်ငံ့ခေါင်းဆောင်များသည် လည်း နိုင်ငံ့သစ္စာဖောက်များ ဖြစ်သည်။
ယခုအခါမှာ မြန်မာနိုင်ငံရေးခေါင်းဆောင်အမည်ခံ နိုင်ငံရေးသမားအချို့သည် တိုင်းတစ်ပါးသြဇာခံ အထောက်အပံ့ခံ ဘာသာခြားများဘက်က ရပ်တည်ပေးနေကြသည်။ လူမျိုးခြား ဘာသာခြားတို့၏ အပြစ်ကို ရေငုံနှုတ်ပိတ်နေကြသည်။ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာဘက်ကိုသာ အပြစ်ပုံချပေးနေကြသည်။
အဆိုပါ နိုင်ငံရေးသမားများသည် မြန်မာနိုင်ငံသစ္စာဖောက်များဖြစ်နေကြသည်။ သတိပြုမိကြပါစေ။

အပိုင်း (၂) တရားဖြုတ်ပြီး ဓားထုတ်ဖို့မလိုတဲ့ အမျိုးစောင့်ဥပဒေ၊ ဇေတ၀န်လက်ကမ်းစာစဉ် (၂၂) ဒေါက်တာအရှင်သောပါက ( မဘသ ဗဟို ဦးဆောင်ဆရာတော်ဘုရား)

တရားဖြုတ်ပြီး ဓားထုတ်ဖို့မလိုတဲ့ အမျိုးစောင့်ဥပဒေ အပိုင်း (၂)
ဇေတ၀န်လက်ကမ်းစာစဉ် (၂၂)
ဒေါက်တာအရှင်သောပါက ( မဘသ ဗဟို ဦးဆောင်ဆရာတော်ဘုရား)

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
အခြားဘာသာကြီးသုံးခုမှာ မိမိတို့ဘာသာဝင်အချင်းချင်းသာ လက်ထပ်ခွင့်ရှိသည်။ ဘာသာတူရာအချင်း ချင်းလက်ထပ်ယူမှ တရားဝင်သည် အခြားဘာသာဝင်များနှင့်လက်ထပ်လျှင် တရားမ၀င်၊ တရားဝင်ဖြစ်လိုလျှင် သူတို့ဘာသာသို့ (အခြားဘာသာများကို ဆိုလိုသည်) ကူးပြောင်းလိုက်ရပါတယ်။ အဲဒီလိုဥပဒေမျိုးဖြစ်နေတော့ မိမိတို့ဗုဒ္ဓဘာသာဝင် အမျိုးသမီးများက ဘာသာခြားကိုယူလိုက်မယ်ဆိုရင် တရားဝင်ဇနီးမယား ဖြစ်နိုင်ပါ့မလား စဉ်းစားကြည့်ပါ။ လုံးဝတရားဝင်မယားမဖြစ်နိုင်ပါဘူး။ တရားဝင်မယားဖြစ်ချင်ရင် ဘာလုပ်ရမလဲ တွေးကြည့်ပေါ့။ သူတို့ဘာသာထဲကိုပြောင်းလိုက်ရုံမှတစ်ပါးအခြားမရှိဘူး။ အဲဒါဘယ်သူတွေ နစ်နာသွားပါသလဲ။ ပေါင်းသင်းပြီးလို့ ပြဿနာဖြစ်လာတဲ့အခါ ကွာရှင်းမှုလုပ်လိုက်တာနဲ့ တပြိုင်နက် ပိုင်ဆိုင်မှု အမွေဆက်ခံပိုင်ခွင့်ဆိုတာ လုံးဝမရှိပဲ အပျော်မယား အပျက်မယားဘ၀နဲ့ ဇာတ်သိမ်းကာ ကိုယ်တစ်ခုအ၀တ်တထည်နဲ့ ကိုယ့်အိမ်ကိုယ်ပြန်လာခဲ့ရပါတယ်။ အဲဒါ တရားမျှတမှုလား …။
လာပြန်သေးတယ်။ ၁၉၅၄-ခုနှစ်က ပြဋ္ဌာန်းထားတဲ့ ဗုဒ္ဓဘာသာမိန်းမများ ထိမ်းမြားမှုနှင့်အမွေဆက်ခံမှု အက်ဥပဒေရှိပြီးသားဖြစ်လို့ မလိုပါဘူး။ ဘုန်းကြီးတွေက အပိုလုပ်နေတာပါလို့လဲ ပြစ်တင်ကြပြန်သေးတယ်။ တကယ်တော့ ထို ၁၉၅၄-ခုနှစ် ဥပဒေဟာ အိမ်ထောင်ရေးအဆင်မပြေဖြစ်ပြီး ကွာရှင်းကြတဲ့အခါမှာ ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးများ အမွေရပိုင်ခွင့်များ မနစ်နာစေရန်သာ ကာကွယ်မှုပေးနိုင်ပြီး ဗုဒ္ဓဘာသာဝင် အမျိုးသမီးကို ထိထိရောက်ရောက် ကာကွယ်မှုမပေးနိုင်တာ တွေ့ရပါတယ်။ ပြောရရင်တော့ ၁၉၅၄-ဥပဒေဟာ ပစ္စည်းကိုသာ ကာကွယ်နိုင်ပြီး လူကိုလုံးဝကာကွယ်မှု မပေးနိုင်တဲ့ဥပဒေဖြစ်နေတယ် ဆိုတာပါပဲ။
ယနေ့ ပြဿနာမျိုးစုံနဲ့ တွေ့ကြုံနေရတာဟာ အဲဒီ ၁၉၅၄-ဥပဒေရဲ့ အားနည်းမှုတွေကြောင့်လည်း ပါဝင်ပါတယ်။ တစ်ခုပဲလေ့လာလို့ရအောင် တင်ပြပါမယ်။ ၁၉၅၄-ဥပဒေရဲ့ ပုဒ်မ ၅ မှာ “လူပျိုဘော်ဝင်ပြီးသည့် ဗုဒ္ဓဘာသာဝင်မဟုတ်သော ယောက်ျားတစ်ဦးနှင့် အသက် ၁၄ နှစ်အောက်မငယ်သည့် ဗုဒ္ဓဘာသာဝင် မြန်မာ အမျိုးသမီးတစ်ဦးတို့သည် ဤဥပဒေအရ ထိမ်းမြားနိုင်သည်” ဟုဖော်ပြထားတဲ့ အချက်အလက်ကိုကြည့်မယ်ဆိုရင် အသက် (၁၄)နှစ်အရွယ်ရှိပြီးသော ဗုဒ္ဓဘာသာဝင်အမျိုးသမီးလေးကို ဘယ်ဘာသာခြားကမဆို (အသက်အရွယ် ကန့်သတ်ချက်မရှိ) လက်ထပ်ခွင့်ပြုထားတဲ့ဥပဒေဖြစ်နေတယ်ဆိုတာ တွေ့မြင်နိုင်ပါတယ်။ ဗုဒ္ဓဘာသာမိန်းကလေး ကိုတော့ အသက် (၁၄)နှစ်လို့ သတ်မှတ်ပြီး ဘာသာခြားကိုတော့ အသက်ကန့်သတ်ချက်မထားဘူးဆိုကတည်းက တရားမျှမှုရှိပါ့မလား … ။
ဒါဆိုရင် ဒီဥပဒေရှိပြီးသားမို့မလိုပါဘူးလို့ ပြောဆိုဝေဖန်သူများဟာ သူတို့ရဲ့ (၁၄)နှစ်အရွယ်ချစ်သမီးလေး ကို သက်ကြီးရွယ်အို ဘာသာခြားကြီးနဲ့ မပေးစားရမှာစိုးလို့လားဆိုတာကို တွေးမိပါရဲ့ … ရင်လေးမိပါရဲ့ …။
အဲဒီလို နစ်နာမှုမျိုးတွေကို မဖြစ်စေဖို့ တစ်ခြားဘာသာမှာ လုံလောက်တဲ့ ဥပဒေရှိသလိုမျိုး မိမိတို့ရဲ့ဘာသာမှာ ရှိစေချင်တဲ့အတွက် အမျိုးစောင့်ဥပဒေကို တောင်းဆိုနေခြင်း ဖြစ်ပါတယ်။
အမျိုးစောင့် ဥပဒေမှာပါတဲ့ ပြစ်ဒဏ်ပေးရန် တောင်းဆိုမှုကို ဝေဖန်တာလဲ တွေ့ရပါတယ်။ ဒီလိုတောင်းဆိုရခြင်းကလည်း ဘာသာခြားတွေကိုနှိပ်ကွပ်ဖို့၊ ထောင်ဒဏ်များအပြစ်ပေးချင်လို့ မဟုတ်ပါဘူး။ အထူးသဖြင့် ခရစ်ယာန်ဘာသာဝင်များအတွက် ခရစ်ယာန်လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၆၈-မှာ ထောင်ဒဏ် ၁၀-နှစ်အထိ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားပါတယ်။ ဒီအချက်ကိုသိတယ်ဆိုရင် ဘာ့ကြောင့် ထောင်ဒဏ်များချမှတ်ဖို့ တောင်းဆိုတာကို ပုံကြီးချဲ့နေရပါသလဲ။ သူတို့ဘာသာမှာ ရှိသလိုမျိုး ကိုယ့်ဘာသာမှာ ရှိသင့်ကြောင်း တင်ပြတောင်းဆိုခြင်းဟာ လွန်သွားလို့လား … ။ သူတို့ဘာသာ ရှိရင်းစွဲဥပဒေကိုဖြုတ်ပေးရင် ဒီဘက်လည်းလျော့ပေးလိုက်ရုံပေါ့။ ဒါဆိုရင်တော့ မျှတရာရောက်နိုင်ပါတယ်။ အမျိုးစောင့်ဥပဒေဟာ အခြားဘာသာ တွေထက် ပိုပြီးတောင်းဆိုတာမဟုတ်ဘူး။ အခြားဘာသာများမှာရှိသလိုမျိုး ကိုယ့်ဘာသာမှာလည်း ရှိသင့်လို့ တောင်းဆိုလိုက်ခြင်းသာ ဖြစ်ပါတယ်။ သူတို့ဥပဒေများရှိသလိုမျိုး ကိုယ့်မှာလည်းရှိသင့်ကြောင်း တောင်းဆိုတာကို ဘာ့ကြောင့်လူ့အခွင့်အရေး ချိုးဖောက်တယ်လို့ ပြောချင်တာလဲ … ။
တစ်ချို့ အစ္စလာမ်ဘာသာဝင်တွေ ကျင့်သုံးနေတဲ့ ရှရီယာဥပဒေ (Sharia Law) ကို လေ့လာကြည့်တဲ့အခါ -
၁။ မိန်းကလေးများကို မွေးဖွားလာသည်မှစ၍ အသက်အတိုင်းအတာမရှိ လက်ထပ်ရယူနိုင်သည်။
၂။ မုဒိန်းကျင့်သောအမှုသည် မွတ်စလင်ယောက်ျား (၄)ယောက်မြင်မှ အမှုမြောက်သည်။
၃။ အိမ်ထောင်သည်ယောက်ျားသည် မိန်းမအတိုင်းအဆမရှိ မိမိသဘောဖြင့်ယူနိုင်သော်လည်း ငါးယောက် အထိသာယူရန် အကြံပြုထားသည်။
၎။ မွတ်စလင်ဘာသာကို လက်ထပ်ရင် မွတ်စလင်ဘာသာသာဖြစ်ရမည်။ ဘာသာခြားနှင့် လက်ထပ်ခြင်းကို ခွင့်မပြု။
၅။ အစ္စလာမ်ဘာသာကို စော်ကားသော အခြားဘာသာဝင်များကို သေဒဏ်ပေးသည်။
၆။ အစ္စလာမ်ဘာသာက အခြားဘာသာသို့ပြောင်းကာ အစ္စလာမ်ဘာသာအကြောင်း မကောင်းပြောသူကို သေဒဏ်ကျမည်။
ဒါဟာ ရှရီယာဥပဒေရဲ့ တစ်ချို့တစ်ဝက်ပဲဖြစ်ပါတယ်။ အမြည်းသဘောလေး လေ့လာလို့ရအောင် တင်ပြလိုက်တာပါ။
၎င်းရှရီလာဥပဒေကို အီဂျစ်၊ အီရန်နိုင်ငံရှိ မွတ်စလင်အမျိုးသမီးများက အ၀တ်ဗလာဖြင့် ဆန့်ကျင်ဆန္ဒပြ ခဲ့ကြောင်း သတင်းတွေမှာ တွေ့ရပါတယ်။ အဲဒီလိုမတရားတဲ့ ဥပဒေမျိုးကို တစ်ချို့အစ္စလာမ်ဘာသာဝင်တွေက တောင် လက်မခံဘဲကန့်ကွက်ကြတာတွေလည်း တွေ့ရပါတယ်။ အဲဒီလိုမတရားတဲ့ဥပဒေမျိုးကို တစ်ချို့အစ္စလာမ် ဘာသာဝင်တွေကတောင် လက်မခံဘဲ ကန့်ကွက်ကြတာတွေလည်း တွေ့ရပါတယ်။
တစ်ခါ အီရတ်နိုင်ငံ၏ အသစ်ပြင်ဆင်ရေးဆွဲလိုက်သည့် ဥပဒေကြမ်း၌ ရှစ်နှစ်အရွယ်နုနယ်သော မိန်ကလေးများကို လက်ထပ်နိုင်ရုံမျှမက ခင်ပွန်းသည်အလိုကျ အချိန်နှင့် အိမ်ထောင်ရေးသုခခံစားနိုင်ကြောင်းပါ ဥပဒေကြမ်းကို လွှတ်တော်ထဲသို့ တင်သွင်ထားကြောင်း ဖတ်ရှုလိုက်ရပါတယ်။ ယင်းဥပဒေကြမ်းမှာ ကြောက်စရာ ကောင်းတဲ့အချက်က အမျိုးသမီးများ ဆန္ဒမပါသော်လည်း အမျိုးသားများအလိုရှိပါက အတင်းအဓမ္မဆန္ဒဖြည့်တင်း နိုင်ကြောင်းအချက်ပဲ ဖြစ်ပါတယ်။ ဒါတွေဟာ လူ့အခွင့်အရေးနဲ့ ညီပါသလား …။ လူသားချင်းစာနာထောက်ထားမှု ရှိပါသလား …။ စဉ်းစားကြဖို့ပါ။
ဒါတင်မကသေးဘူး။ ၇. ၄. ၂၀၁၄ နေ့ထုတ် ပြန်မြန်မာသတင်းဂျာနယ် သတင်းတစ်ပုဒ်မှာ ပါကစ္စတန် ခရစ်ယာန်စုံတွဲတစ်တွဲဟာ တမန်တော်မိုဟာမက်ကို စော်ကားသည့်စာပို့မှုဖြင့် သေဒဏ်ချမှတ်လိုက်ကြောင်း ဖတ်လိုက်ရပါတယ်။ ( BBC - ၆. ၄. ၁၄ ချယ်ရီ)
ဒီလိုအနေအထားမျိုးတွေကိုရော ဘယ်သူကမတရားတဲ့လုပ်ရပ်ပါလို့ ဝေဖန်ခဲ့ကြသလဲ။ တရားမျှတမှုရော ရှိပါရဲ့လား … ။
ယခု မျိုးစောင့်ဥပဒေတောင်းဆိုမှုတွေထဲမှာ အဲဒီလို တရားမမျှတမှုတွေ မပါပါဘူး။ တစ်ဦးနဲ့တစ်ဦး ကွဲပြားအောင်၊ တစ်ဘာသာနှင့် တစ်ဘာသာ ခြားနားအောင် စည်းခြားတဲ့ဥပဒေမျိုး။ အမျိုးတူတူ မတူတူ၊ ဘာသာ တူတူ မတူတူ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးကို ဖော်ဆောင်ထားခြင်းသာ ဖြစ်ပါတယ်။
မျိုးစောင့်ဥပဒေတောင်းဆိုမှုမှာ ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးများ မည်သူမည်ဝါနှင့် လက်မထပ်ရလို့ ကန့်သတ်ချုပ်ချယ်ခြင်းမရှိပါဘူး။ ဗုဒ္ဓဘာသာဝင်မြန်မာအမျိုးသမီးများအတွက် ကန့်သတ်ချုပ်ချယ်ထားသည့် ဥပဒေ မဟုတ်ဘဲ အကာအကွယ်ပေးသည့် ဥပဒေဖြစ်တယ်ဆိုတာကို နားလည်စေချင်ပါတယ်။ ယုံကြည်ကြစေချင်ပါတယ်။
အကယ်၍ အမျိုးစောင့်ဥပဒေ မရှိဘူးဆိုရင် ဘာသာခြားရဲ့ ဥပဒေအတိုင်းသာ ဆုံးဖြတ်ခြင်းခံရမှာဖြစ်သလို ဗုဒ္ဓဘာသာဝင်မြန်မာအမျိုးသမီးများအတွက် အခွင့်အရေးပေါင်းများစွာတို့ ဆုံးရှုံးနစ်နာကြရမှာပင် ဖြစ်ပါတယ်။
မျိုးစောင့်ဥပဒေဟာ ကိုယ့်လူမျိုး ကိုယ့်ဘာသာကို ကာကွယ်ပေးခြင်းသာဖြစ်ပါတယ်။ အခြားလူမျိုး အခြားဘာသာကို နှောင့်ယှက်ဟန့်တားခြင်းမရှိကြောင်းကိုလည်း သဘောပေါက်ကြစေလိုပါတယ်။
ဖြစ်ပေါ်လာမယ့် အန္တရာယ်တွေကို ကာကွယ်တဲ့နေရာမှာ မိမိအတွက်ရော အများအတွက်ပါ မထိခိုက် မနစ်နာစေပဲနဲ့ ကာကွယ်တဲ့နည်းမျိုးကို သုံးသင့်ပါတယ်။ တိုက်ခိုက်သေကျေပျက်စီးပြီးမှ ရမယ့်ကာကွယ်နည်းက မကောင်းလှပေဘူး။ မဖြစ်ခင်ကြိုတင်ကာကွယ်ခြင်းကို ကျင့်သုံးတဲ့နည်းတွေထဲမှာ ဥပဒေနဲ့ကာကွယ်ခြင်းသည်သာ အကောင်းဆုံးဖြစ်တယ်လို့ ယုံကြည်ပါတယ်။ အမျိုးစောင့်ဥပဒေတောင်းဆိုရခြင်းဟာ ဥပဒေနဲ့အညီ ကာကွယ်နည်း ကို ကျင့်သုံးလိုက်တာပဲ ဖြစ်ပါတယ်။ သတ်ဖို့ဖြတ်ဖို့ အခြားဘာသာကို အနိုင်ကျင့်ဖို့ မဟုတ်ပါဘူး။ အမျိုးစောင့်ဥပဒေ ဟာ ဗုဒ္ဓဘာသာဝင်များအတွက်သာမဟုတ်၊ ဘာသာပေါင်းစုံတို့အတွက် အကျိုးရှိစေမည့် ဥပဒေမျိုးဖြစ်တယ်။ ဖြစ်ပေါ်လျှက်ရှိသော ဘာသာရေး၊ လူမျိုးရေးဆန်သည့် ပဋိပက္ခများကိုပါ ငြိမ်းချမ်းစေမည့် ဥပဒေမျိုးလည်း ဖြစ်ပါတယ်။
အမျိုးစောင့်ဥပဒေပြဋ္ဌာန်းဖို့မလိုပါဘူး။ ကိုယ့်အသိနဲ့ကိုယ်ထိန်းသိမ်းလိုက်ရင် ရတာပါပဲဆိုတဲ့ ခပ်ပေါ့ပေါ့ပြောတဲ့သူတွေလဲ ရှိပါတယ်။ သူ့ကိုယ်သူ သူတော်ကောင်းလိုလို ပညာရှိကြိးလိုလိုလုပ်ပြီး ဝေဖန်လိုက်တာဖြစ်ပါ တယ်။ အသိတရားနဲ့ကာကွယ်ဖို့ဆိုတာ အပြောလွယ်သလောက် အလုပ်ခက်တယ်ဆိုတာ ထိုဝေဖန်တဲ့ပုဂ္ဂိုလ် သိနိုင်လိမ့်မယ်ထင်ပါတယ်။ အသိတရားနဲ့ကာကွယ်တာဟာ ကောင်းပေမယ့် ဘယ်သူတွေက ကျင့်သုံးနိုင်မှာလဲ။ ရာနှုန်းပြည့်ဆိုတာဘယ်လိုမှ မဖြစ်နိုင်တဲ့ကိစ္စပဲမဟုတ်လား။ တကယ်တမ်း အသိတရားနဲ့သာ လိုက်နာကြမယ်ဆိုရင် မြန်မာနိုင်ငံမှာ ဥပဒေတွေပြဋ္ဌာန်းပေးစရာကို မလိုဘူး။ အချုပ်ထောင်တွေလည်း ထားစရာမလိုတော့ဘူး။
ဗုဒ္ဓဘာသာဝင်တွေသာ မဟုတ်လူသားတိုင်းဟာ မဖြစ်မနေ လိုက်နာစောင့်ထိမ်းရမယ့် လူ့ကျင့်ဝတ်ငါးပါး သီလဆိုတာ ရှိပါတယ်။ အသိတရားနဲ့သာ ကိုယ့်ကိုယ်ကို ထိန်းနိုင်မယ်ဆိုရင် အမျိုးစောင့်ဥပဒေမလိုပါဘူး ဆိုတဲ့ သူတွေကို “ငါးပါးသီလကို ကိုယ့်အသိနဲ့ထိန်းတာ ဘယ်နှစ်ပါးလုံပြီလဲ” လို့ မေးကြည့်ချင်ပါတယ်။
ငါးပါးသီလသာ တကယ်လုံမယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် သတ်စရာ၊ ဖြတ်စရာ၊ အနိုင်ကျင့်နှိပ်စက် စရာအကြောင်းမရှိဘူး။ လူဆိုးသူခိုးဆိုတာလည်း မရှိနိုင်ဘူး။ သူတစ်ပါးသားသမီး အရွယ်မရောက်သေးတဲ့ မိန်းကလေးများကို အဓမ္မပြုကျင့်စရာအကြောင်းကို မရှိဘူးမဟုတ်လား။
အသိတရားနဲ့ ထိန်းနိုင်အောင်လည်း မျိုးဆက်သစ်ရင်သွေးငယ်တွေကို ဘာသာရေးအသိပေးမှုတွေ၊ ယဉ်ကျေးလိမ္မာသင်တန်းတွေနဲ့ အသိပညာပေးတာတွေလုပ်နေပါတယ်။ တစ်ဖက်ကလည်း ဥပဒေနဲ့ ကာကွယ်မှုတွေ ကို လုပ်နေတာပဲဖြစ်ပါတယ်။
အခြားဘာသာများတွင် “ဘာသာမတူလျှင် လက်မထပ်ရ” ဟူသော တားမြစ်ချက် ဥပဒေမျိုးရှိသကဲ့သို့ ဗုဒ္ဓ ဘာသာဝင်အမျိုးသမီးများကိုလည်း မည်သည့်လူမျိုးကမဆို ဗုဒ္ဓဘာသာဝင်ဖြစ်လျှင် လက်ထပ်ထိမ်းမြားရယူခွင့်ရှိ ကြောင်း ပြဋ္ဌာန်းပေးရန် တောင်းဆိုနေခြင်း ဖြစ်ပါတယ်။ ဤသည်မှာ ကိုယ့်ခြံစည်းရိုး ကိုယ်ကာခြင်း၊ ကိုယ့်အမျိုး ကိုယ်စောင့်ရှောက်ခြင်းဖြစ်၍ အထက်ပါ ဘာသာကြီးသုံးခုတို့၏ ဥပဒေအရ အကာအကွယ်ပေးသည့် ပြဋ္ဌာန်းချက်ကို ရဖို့ရန်အတွက် အခြေခံဥပဒေပုဒ်မ ၃၄၇-နှင့်အညီ တန်းတူညီမျှ အခွင့်အရေးရရန် ဗုဒ္ဓဘာသာဝင်တွေက တောင်းဆို တင်ပြခြင်းသာ ဖြစ်ပါတယ်။
ဆိုလိုသည်မှာ အစ္စလာမ်၊ ဟိန္ဒူ၊ ခရစ်ယာန်ဘာသာဝင်များ ရရှိထားပြီးဖြစ်သော အခွင့်အရေးများအတိုင်း မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများလည်း တန်းတူရရှိစေရန် အခြေခံဥပဒေပုဒ်မ ၃၄၇-နှင့်အညီ တောင်းဆိုခြင်း ဖြစ်သောကြောင့် အခြေခံဥပဒေနှင့်ညီသကဲ့သို့ လူ့အခွင့်အရေးနှင့်လည်း ညီညွတ်ပါပေတယ်။
ဗုဒ္ဓ၀ါဒအတိုင်း ဗုဒ္ဓဘာသာဝင်ပီပီ တရားဓမ္မနှင့်မွေ့လျော်ခြင်းဖြင့် နိုင်ငံတွင်းမှာ အေးချမ်းစွာနေထိုင်သွား ကြရမှာပင် ဖြစ်ပါတယ်။ လူမျိုးမတူ ဘာသာမတူပေမယ့် အခြေခံလူ့ကိုယ်ချင်းစာစိတ်သာ ရှိကြမယ်ဆိုရင် အတူတကွယှဉ်တွဲ၍ မနေထိုင်နိုင်စရာအကြောင်း မရှိပါဘူး။
“အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့” ကတောင်းဆိုသော ဤ “အမျိုးစောင့်ဥပဒေ” ဟာလည်း တစ်ပါးသူတစ်ခြားဘာသာဝင်တို့အား ထိုးနှက်တိုက်ခိုက်တဲ့ ဓား မဟုတ်ဘဲ မိမိတို့ထံသို့ စော်ကားထိုးနှက် တိုက်ခိုက်လာလျင် ခုခံကာကွယ်ပေးမည့် ဒိုင်း သာလျှင်ဖြစ်ပါတယ်။ ဓား အဖြစ်နဲ့ ခုတ်ဖို့မဟုတ်။ ဒိုင်း အဖြစ်နဲ့ ကာဖို့သာဖြစ်တယ်ဆိုတဲ့အကြောင်း အသိပေးလိုက်ပါတယ်။
ထို့ကြောင့် တရားဖြုတ်ပြီး ဓားထုတ်စရာမလိုလောက်အောင် ပြီးပြည့်စုံတဲ့ “အမျိုးစောင့်ဥပဒေ” တစ်ရပ် အမြန်ပေါ်ပေါက်ရေးကို ၀ိုင်းဝန်းတောင်းဆို၍ အကောင်အထည်ဖေါ်ဆောင်ကြပါစို့ဟု တိုက်တွန်းနှိုးဆော်လိုက်ရ ပါတယ်။

မေတ္တာဖြင့် -
ဒေါက်တာအရှင်သောပါက
မ.ဘ.သ (ဗဟိုဦးဆောင်)

အပိုင်း (၁) တရားဖြုတ်ပြီး ဓားထုတ်ဖို့မလိုတဲ့ အမျိုးစောင့်ဥပဒေ၊ ဇေတ၀န်လက်ကမ်းစာစဉ် (၂၂) ဒေါက်တာအရှင်သောပါက ( မဘသ ဗဟို ဦးဆောင်ဆရာတော်ဘုရား)

တရားဖြုတ်ပြီး ဓားထုတ်ဖို့မလိုတဲ့ အမျိုးစောင့်ဥပဒေ အပိုင်း (၁)
ဇေတ၀န်လက်ကမ်းစာစဉ် (၂၂)
ဒေါက်တာအရှင်သောပါက ( မဘသ ဗဟို ဦးဆောင်ဆရာတော်ဘုရား)

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

၂၅. ၁၁. ၂၀၁၄ နေ့မှာ မ.ဘ.သ (ဗဟို)က ဦးဆောင်ကျင်းပတဲ့ “အမျိုးစောင့်ဥပဒေ အမြန်ပြဋ္ဌာန်းပေးရေး လူထုတောင်းဆိုပွဲ” ကြီးကို ရွှေတိဂုံစေတီတော်ခြေရင်းဝယ် အောင်မြင်စွာကျင်းပနိုင်ခဲ့ပါတယ်။ မထွက်မနေရ၊ မလာမနေရပုံစံမျိုးနဲ့ စေခိုင်းတာမဟုတ်ဘဲ အမျိုး ဘာသာ သာသနာကို စိတ်ပါဝင်စားသူများ ပါဝင်နိုင်ကြောင်း အွန်လိုင်း စာမျက်နှာကတစ်ဆင့် အသိပေးနှိုးဆော်လိုက်ရုံနဲ့ အမျိုးသားရေးစိတ်ဝင်စားသူများ သောင်းနဲ့ချီပြီး တက်ရောက်လာခဲ့ကြတာ နိုင်ငံလုံးကျော်ရုံမျှမက ကမ္ဘာကပင် သိရှိသွားခဲ့ပါတယ်။ ဒါဟာ သမိုင်းဝင်နေ့တစ်နေ့ပါပဲ။
အမျိုးစောင့်ဥပဒေပေါ်ထွက်လာရေးကို (၁)နှစ်ကျော်ကျော် ဆောင်ရွက်လာခဲ့သော်လည်း ဥပဒေပေါ်ထွက်မှု မရှိသေးပါဘူး။ သို့အတွက်ကြောင့် လူထုတောင်းဆိုပွဲများ ဆက်လက်ဆောင်ရွက်သွားကြဖို့ပါ။ ယခု ရန်ကုန်-မန္တလေး ဆန္ဒထုတ်ဖော်ပွဲနှစ်ပွဲနဲ့ပင် ကမ္ဘာမြည်ဟီးသွားတဲ့အနေအထားမျိုး ဖြစ်နေပါတယ်။ သို့သော်လည်း အမျိုးစောင့် ဥပဒေအကြောင်းကို ခုချိန်ထိ သေချာကျစွာမသိသေးသူများ ရှိနေတာကိုလည်း တွေ့ရပါတယ်။ တစ်ချို့ ကတော့သိပေမယ့် ကန့်လန့်တိုက်တာမျိုးတွေလည်း ရှိတာပေါ့။ တစ်ချို့ကတော့ အရိပ်အမြွက်လောက်သာ သိရှိကြပြီး အကျိုးအပြစ်အနှစ်သာရစတာတွေကို ပြည့်ပြည့်စုံစုံ မသိကြသေးသူများလည်း ရှိနေပါသေးတယ်။ သို့အတွက်ကြောင့် ယခင်ကရှင်းလင်းချက်များရှိနေပေမယ့် အိတ်ဆောင် စာအုပ်ငယ်လေးလုပ်ပြီး ယခုတစ်ဖန်အသိ ပေးရေးသားလိုက်ရပါတယ်။
မြန်မာနိုင်ငံတွင် တိုင်းရင်းသား လူမျိုးပေါင်း (၁၃၅)မျိုးတို့ အတူတကွ ယှဉ်တွဲနေထိုင်လာခဲ့ကြပါတယ်။ ထိုတိုင်းရင်းသားများဟာ ဘာသာအယူဝါဒကြောင့် ပြဿနာတစ်စုံတစ်ရာ မဖြစ်ခဲ့ကြပါပေ။ မိမိတို့ယုံကြည်ရာကို လွတ်လပ်စွာကိုးကွယ်ခွင့်လည်း ရခဲ့ကြပါတယ်။ နိုင်ငံတော်ကလည်း အခြေခံဥပဒေနှင့်အညီ လွတ်လပ်စွာ ကိုးကွယ် ခွင့် ပေးထားပြီးသားဖြစ်ပါတယ်။ သို့သော်လည်း နောက်ပိုင်းကာလများ၌ အခြားနိုင်ငံသားများ၊ ဘာသာခြားများ၊ လူမျိုးခြားများဝင်ရောက်လာကြပြီးနောက်ပိုင်းဝယ် ဘာသာရေးအရသော်လည်းကောင်း၊ လူမျိုးရေးအရသော်လည်း ကောင်း၊ ဘာသာတစ်ခုက အခြားဘာသာတစ်ခုကို သူတို့ရဲ့ဘာသာသို့ အတင်းအကျပ် သွတ်သွင်းခြင်းများ၊ အရွယ် မရောက်သေးသော ဘာသာမတူသည့် မိန်းကလေးငယ်များကို နည်းမျိုးစုံဖြင့် လက်ထပ်ပြီး ဘာသာသွတ်သွင်း ခြင်းများ၊ အဓမ္မပြုကျင့်ခြင်းများ ရှိခဲ့ကြတာကို ခေတ်အဆက်ဆက်မှာ တွေ့မြင်ခဲ့ရပါတယ်။ ထိုအခြေအနေတွေ ကြောင့် ပဋိပက္ခမျိုးစုံတို့ ဖြစ်ပေါ်လာရခြင်းပါပဲ။ ယခုနှစ်ပိုင်းတွေမှာ ပိုပြီးများပြားလာခြင်းနှင့်အတူ တိုင်းပြည်အတွင်း ဆူပူမှုများနှင့် သေကျေပျက်စီးမှုတွေဟာ သိသိသာသာကြီး တိုးပွားလို့နေပါတယ်။
ထိုကဲ့သို့ ဖြစ်ပေါ်လာခဲ့တဲ့ ပြဿနာများကို အခြေခံ၍ မြန်မာနိုင်ငံတွင်းနေထိုင်ကြတဲ့ ဘာသာပေါင်းစုံတို့ ညီညွတ်ပြီးငြိမ်းချမ်းစွာ အတူတကွယှဉ်တွဲနေထိုင်နိုင်ရန် ယုံကြည်ချက်ဖြင့် လွတ်လွတ်လပ်လပ် ကိုးကွယ်နိုင်ရန် အတွက် ဘာသာပေါင်းစုံအတွက် လိုက်နာသင့်တဲ့ဥပဒေတစ်ရပ်ရှိသင့်ကြောင်း ခံယူမိပါတယ်။ ထိုဥပဒေဟာ “အမျိုး စောင့်ဥပဒေ”ပင် ဖြစ်ပါတယ်။
အမျိုးစောင့်ဥပဒေသည် ဗုဒ္ဓဘာသာဝင်အတွက်သာမဟုတ် ဘာသာပေါင်းစုံအတွက် အကျိုးရှိစေမည့် ဥပဒေဖြစ်ပါတယ်။ ဖြစ်ပေါ်လျှက်ရှိသော ဘာသာရေး၊ လူမျိုးရေးဆန်သည့် ပဋိပက္ခများကိုပါ ချုပ်ငြိမ်းသွားစေမည့် ဥပဒေမျိုးပင် ဖြစ်ပါတယ်။
ထိုအမျိုးစောင့်ဥပဒေတွင် -
(က) ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊
(ခ) လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ၊
(ဂ) တစ်လင်တစ်မယားစနစ် ဥပဒေ၊
(ဃ) လူဦးရေထိန်းညှိခြင်းဆိုင်ရာ ဥပဒေ ဟူ၍ (၄)မျိုး ပါဝင်ပါတယ်။
အမျိုးစောင့်ဥပဒေ၌ -
၁။ ဗုဒ္ဓဘာသာဝင် မည်သူနှင့်လက်မထပ်ရဟု ကန့်သတ်ချုပ်ချယ်ခြင်း မရှိပါ။
၂။ အမျိုးစောင့်ဥပဒေသည် ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးများအတွက် ကန့်သတ်ချုပ်ချယ်သည့် ဥပဒေမဟုတ်၊ အကာအကွယ်ပေးသည့် ဥပဒေသာဖြစ်ပါတယ်။
၃။ အမျိုးစောင့်ဥပဒေမရှိလျှင် ဘာသာခြားများ၏ ဥပဒေအတိုင်းသာ ဆုံးဖြတ်ခံနေရတဲ့အတွက် ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးများ အခွင့်အရေး ဆုံးရှုံးနစ်နာခဲ့ရပါတယ်။
၎။ အမျိုးစောင့်ဥပဒေသည် ကိုယ့်ဘာသာ ကိုယ့်လူမျိုးကို ကာကွယ်ပေးခြင်းသာဖြစ်တယ်။ အခြားဘာသာ အခြားလူမျိုးများကို နှောက်ယှက်ဟန့်တားခြင်း လုံးဝမရှိ။
၅။ အတင်းအကြပ် ဘာသာကူးပြောင်းခြင်းမျိုး မရှိတော့ဘဲ မိမိတို့ယုံကြည်ချက်ဖြင့် လွတ်လပ်စွာကိုးကွယ်ခွင့် ရှိပါတယ်။
၆။ မြန်မာနိုင်ငံအတွင်း လူဦးရေထိန်းညှိပေးခြင်းကြောင့် ဆင်းရဲမွဲတေမှုနှင့် စီးပွားရေးကြပ်တည်းမှုများပါ လျော့ချနိုင်ပြီး နိုင်ငံတော်လည်း ဖွံ့ဖြိုးတိုးတက်ကာ လူမျိုးရေးဝါမျိုမှုကိုပါ လျော့ကျသွားစေနိုင်ပါတယ်။
၇။ ဘာသာတစ်ခုနှင့်တစ်ခု လူမျိုးတစ်မျိုးနှင့်တစ်မျိုးတို့ ပဋိပက္ခဖြစ်မှုကို အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်မည် ဖြစ်ပါတယ်။
အမျိုးစောင့်ဥပဒေကို တစ်ချို့ကအကြမ်းဖက်တဲ့ဥပဒေအဖြစ်၊ ဘာသာခြားတွေကို နှိပ်ကွပ်တဲ့ဥပဒေအဖြစ် မြင်နေကြပါတယ်။ အချို့ကလည်းပါတီနိုင်ငံရေးအမြင်တွေနဲ့တွေးပြီး လက်ရှိအစိုးရအာဏာတည်မြဲရေးအတွက် ပူးပေါင်းဆောင်ရွက်ပြီး အင်အားကြီးပါတီကြီးတစ်ခုကို (တည့်တည့်ပြောရရင် NLD ပါတီကို) တိုက်ခိုက်နေတာ ဖြစ်တယ်လို့လည်း သုံးသပ်နေကြပြန်ပါတယ်။ ဘယ်သူ့ကိုမှ တိုက်ခိုက်စရာအကြောင်းမရှိဘူး။ မျိုးစောင့်ဥပဒေကို ဝေဖန်လာတဲ့သူကိုတော့ ပြန်လည်တုံ့ပြန်ဖြေရှင်းရတာမျိုးတော့ ရှိမှာပေါ့။
တကယ်တော့ အမျိုးစောင့်ဥပဒေဟာ အကြမ်းဖက်တဲ့ ဥပဒေမဟုတ်ဘူး။ “အကြမ်းဖက်လုပ်ရပ်တွေကို ကာကွယ်တားဆီးပေးမယ့် ဥပဒေ”လို့တော့ ဆိုနိုင်ပါတယ်။ အကြမ်းဖက်သမားတွေကို အားပေးတဲ့သူတွေ၊ သို့မဟုတ် အကြမ်းဖက်သမားတွေရဲ့ ပေးစာကမ်းစာကို စားသုံးနေကြသူတွေကတော့ အမျိုးစောင့်ဥပဒေကို ကန့်ကွက်ကောင်း ကန့်ကွက်ပါလိမ့်မယ်။ အမျိုးစောင့်ဥပဒေပေါ်ထွက်ရေး ဆောင်ရွက်မှုဟာ ပါတီနိုင်ငံရေးနဲ့ လုံးဝ ပတ်သက်မှုမရှိဘဲ အမျိုးသားရေးသက်သက်သာဖြစ်ပါတယ်။ ဒါဟာ အမှန်တရား။ ဒါဟာ ယုံကြည်ချက်။ အမှန်တရားကို ယုံကြည်ချက်နဲ့ ဆောင်ရွက်နေကြတာ ဖြစ်တယ်။
အစောကတင်ပြခဲ့တဲ့ ဥပဒေ (၄)ရပ်ကို သိမ်းကျုံးပြီး “အမျိုးစောင့်ဥပဒေ” လို့ ခေါ်လိုက်တာပါ။ ထိုလေးမျိုးထဲမှာ လက်ထပ်ထိမ်းမြားခြင်းနဲ့ပတ်သက်တဲ့ ပြဿနာတွေက များလွန်းလို့ ဒီဥပဒေတစ်ခုပဲ “အမျိုးစောင့်ဥပဒေ” လို့ မြင်နေကြခြင်း ဖြစ်ပါတယ်။ အမှန်တကယ်လည်း မြန်မာအမျိုးသမီးလေးတွေ လက်ထပ်ထိမ်းမြားမှုနဲ့ ပတ်သက်တဲ့ နစ်နာဆုံးရှုံးမှုတွေ များစွာဖြစ်နေခဲ့တာကို တွေ့မြင်နိုင်ပါတယ်။
ဘာသာတစ်ခုမှ အခြားဘာသာတစ်ခုကို အတင်းအကျပ် ဘာသာကူးပြောင်းမှုများ၊ အရွယ်မရောက်သေး သည့် မိန်းကလေးများကို နည်းမျိုးစုံဖြင့်လက်ထပ်ခြင်းများ။ ဘာသာတူချင်ယောင်ဆောင်ကာ သို့မဟုတ် ဘာသာကူး ပြောင်းမည်ဟုပြောကာ လိမ်လည်လှည့်ဖျားလက်ထပ်ခြင်းများ ဖြစ်ပေါ်လာတတ်သလို အဓမ္မပြုကျင့်ခံရမှုများလည်း ရှိခဲ့ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးများအတွက် လုံခြုံအောင်ကာကွယ်ပေးတဲ့ ဥပဒေမရှိလို့ပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရှိ ဘာသာကြီး (၄)ခုတွင် ထိုဘာသာများ၏ လက်ထပ်ခြင်းနှင့် သက်ဆိုင်သောအိမ်ထောင်ခန်း ဆိုင်ရာဥပဒေများတွင် -
(က) ဗုဒ္ဓဘာသာဝင်များအတွက် မြန်မာဓလေ့ထုံတမ်းဥပဒေ၊
(ခ) ခရစ်ယာန်ဘာသာဝင်များအတွက် ၁၈၇၂-ခုနှစ် ခရစ်ယာန်ဥပဒေ၊
(ဂ) အစ္စလာမ်ဘာသာဝင်များအတွက် ၁၉၅၃-ခုနှစ် အစ္စလာမ်ဥပဒေ၊
(ဃ) ဟိန္ဒူဘာသာဝင်များအတွက် ၁၉၅၅-ခုနှစ် ဟိန္ဒူဥပဒေဟူ၍ ပြဋ္ဌာန်းထားသည်ကို လေ့လာတွေ့ရှိရပါတယ်။
ထိုဥပဒေများကို လေ့လာကြည့်ရာ ဗုဒ္ဓဘာသာဝင်များအတွက် မြန်မာ့ဓလေ့ထုံတမ်းဥပဒေသည် ပြဋ္ဌာန်းဥပဒေမဟုတ်ပဲ ကျန်ဘာသာကြီးသုံးခုက ပြဋ္ဌာန်းဥပဒေဖြစ်နေကြောင်း တွေ့ရပါတယ်။ ဓလေ့ထုံတမ်းဥပဒေဟာလိုက်နာရင်လည်းရ မလိုက်နာရင်လည်းရသည့် ဥပဒေမျိုးဖြစ်ပြီး၊ ပြဋ္ဌာန်းဥပဒေကတော့ မလိုက်နာလို့ကိုမရတဲ့ ဥပဒေမျိုးဖြစ်နေပါတယ်။ ထို့ကြောင့် မြန်မာ့ဓလေ့ထုံတမ်းဥပဒေဟာ ခိုင်မာမှုမရှိသလို အားနည်းချက်တွေများစွာ ရှိကြောင်းလည်း တွေ့ရှိရပါတယ်။ အခြားဘာသာကြီးသုံးခုမှာရှိတဲ့ ပြဋ္ဌာန်းဥပဒေကဲ့သို့ မိမိတို့ ဗုဒ္ဓဘာသာဝင်တွေ အတွက်လည်း တိကျခိုင်မာတဲ့ ဥပဒေမျိုးရှိသင့်တဲ့အတွက်ကြောင့် “အမျိုးစောင့်ဥပဒေ” ကို တောင်းဆိုရခြင်း ဖြစ်ပါတယ်။ ဒါဟာ လွန်ပါသလား …..။
အခြားဘာသာကြီးများကဲ့သို့ တိကျခိုင်မာတဲ့ ဥပဒေမရှိခြင်းကြောင့် (အမျိုးစောင့် ဥပဒေမရှိခြင်းကြောင့်) မြန်မာအမျိုးသမီးများ နစ်နာဆုံးရှုံးမှုများကို အနည်းငယ်တင်ပြရမည်ဆိုလျှင် -
၁။ အခြားဘာသာများ၏ ဥပဒေတွင် ၎င်းတို့ဘာသာဝင်မဟုတ်သူနှင့် လက်ထပ်ထိမ်းမြားလျှင် ဇနီးမယားအဖြစ် ပေါင်းသင်လျှင် တရားဝင်ဇနီးမယားဖြစ်ခွင့်မရှိဟု ပါရှိပါတယ်။ ပစ္စည်းခန်း အမွေခံစားခွင့်နှင့် ပတ်သက်ရင်လည်း ဘာမှခံစားခွင့်မရှိ။ (သို့သော်လည်း ၎င်းတို့သည် ဘာသာမတူသူနှင့် လက်ထပ်နေကြပါတယ်။)
၂။ ဘာသာခြားများက လက်ထပ်ပြီးလျှင် ၎င်းဘာသာသို့နည်းမျိုးစုံဖြင့် မဖြစ်မနေကူးပြောင်းခိုင်းတတ်ကြပါ တယ်။ အကြမ်းဖက်နည်းနဲ့ ကူးပြောင်းစေခိုင်းခြင်းများလည်း ပါဝင်ပါတယ်။
၃။ ဘာသာခြားများသည် ဗုဒ္ဓဘာသာဝင် မိန်းကလေးများကို ဘာသာအတူတူပဲဟုဆိုကာ နည်းမျိုးစုံဖြင့် ဖြားယောင်းလက်ထပ်ကြတာလည်း ရှိပါတယ်။
၎။ ဘာသာခြားယောက်ျားသည် ဗုဒ္ဓဘာသာဝင် မိန်းကလေးကိုချစ်ကြိုက်သည့်အခါ လက်ထပ်ပြီးလျှင် ဗုဒ္ဓ ဘာသာသို့ ကူးပြောင်းမည်ဟုဆိုကာလိမ်လည်လက်ထပ်ခဲ့ကြတယ်။ အမှန်တကယ်လက်ထပ်ပြီးသည့်အခါတွင် ဘာသာခြားများဟာ ဗုဒ္ဓဘာသာသို့ ကူးပြောင်းခြင်းမရှိတော့ဘဲ ဗုဒ္ဓဘာသာ မိန်းကလေးကိုသာ ၎င်းတို့၏ဘာသာသို့ အတင်းအကျပ် ကူးပြောင်းစေခိုင်းခြင်းများကို ပြုလုပ်ကြပါတယ်။
၅။ အသိပညာနည်းသည့် မြန်မာဗုဒ္ဓဘာသာမိန်းကလေးများကို ဘာသာခြားများက မှတ်ပုံတင်အတုလုပ်ပြီး ၎င်းသည် ဗုဒ္ဓဘာသာဝင်ဖြစ်ကြောင်း လိမ်လည်ကာလက်ထပ်တယ်။ နောက်ပိုင်းတွင် ၎င်းဘာသာခြားက ဗုဒ္ဓဘာသာဝင်မဟုတ်ဘဲ မှတ်ပုံတင်အတုပြုလုပ်၍ လိမ်လည်လက်ထပ်လိုက်ခြင်းဖြစ်ကြောင်း သိလိုက်ရတဲ့အခါ နစ်နာမှုများ ဖြစ်ရပါတော့တယ်။
၆။ ဗုဒ္ဓဘာသာမိန်းကလေးနှင့် ချစ်ကြိုက်၍ ဗုဒ္ဓဘာသာမိန်းကလေးတွင် ကိုယ်ဝန်ရှိခဲ့ပြီး ထိုအခါ၎င်းဘာသာခြား မှ ဗုဒ္ဓဘာသာမိန်းကလေးကို ဗုဒ္ဓဘာသာသို့ ကူးပြောင်းလက်ထပ်မည်ဟု ဆိုသည်။ အမှန်တကယ် ဗုဒ္ဓဘာသာသို့ ကူးပြောင်း၍ ဆောင်ရွက်မည်ဆိုသောအခါ မကူးပြောင်းဘဲ ရှောင်ပြေးသွားသဖြင့် ဗုဒ္ဓဘာသာဝင် မိန်းကလေးများ ကိုယ်ဝန်နှင့်ကျန်ရစ်ပြီး နစ်နာမှုများစွာ ရှိခဲ့ကြပါတယ်။
၇။ ဘာသာခြားယောက်ျားလေးသည် ဗုဒ္ဓဘာသာဝင်မိန်းကလေးနှင့် ချစ်ကြိုက်ကြတယ်။ မိမိတို့ဘာသာကို လွတ်လပ်စွာကိုးကွယ်ရန် သဘောတူခဲ့ကြတယ်။ ထို့နောက် ကလေးများမွေးပြီးသည့်အခါ ဘာသာခြားယောက်ျား ဟာ ဗုဒ္ဓဘာသာဝင်မိန်းကလေးနှင့် ၎င်း၏ကလေးများကို မိမိတို့ဘာသာသို့ (ဘာသာခြား၏ဘာသာသို့) သွတ်သွင်းသည်။ မကူးပြောင်းသည့်အခါ မယားအဖြစ်အသိအမှတ် မပြုတော့ဘဲ သီးခြားနေထိုင်ခြင်းမျိုး ပြုလုပ်လာကြပါတယ်။
၈။ ဘာသာခြားသည် ဗုဒ္ဓဘာသာဝင်မိန်းကလေးနှင့် လက်ထပ်ပြီး သား/သမီးများ မွေးဖွားကြပါတယ်။ ထို့နောက်ပိုင်းတွင် နောက်ထပ်မိန်းမတစ်ယောက်ထပ်ယူပြန်တယ်။ ဗုဒ္ဓဘာသာမိန်းကလေးနှင့် အတူနေစဉ်က အကြွေးတင်ခဲ့တယ်။ ထိုအခါ ဗုဒ္ဓဘာသာမိန်းကလေးက ကွာရှင်းခွင့်တောင်းရာ ဘာသာခြားက သူ့အကြွေးကို ဗုဒ္ဓဘာသာ မိန်းကလေးက ပေးဆပ်လျှင် ကွာရှင်းပေးမည်ဟု အကြပ်ကိုင်သဖြင့် နစ်နာကြရပြန်ပါတယ်။
၉။ ဗုဒ္ဓဘာသာဝင် မိန်းကလေးကို ဘာသာခြားက လက်ထပ်လိုသောအခါ တရားရုံးသို့သွားကြတယ်။ တရားရုံး က လူမျိုးနှင်ဘာသာကိုမေးတဲ့အခါ ဟိန္ဒူ၊ ဗုဒ္ဓဘာသာဟု ဖြေဆိုတယ်။ တရားရုံးက ဟိန္ဒူ၊ ဗုဒ္ဓဘာသာဖြစ်ကြောင်း ကျမ်းကျိန်ပြီး လက်ထပ်ပေးလိုက်တယ်။ နောက်မှ ဟိန္ဒူ၊ ဗုဒ္ဓဘာသာမဟုတ်ဘဲ အစ္စလာမ်ဖြစ်ကြောင်း ဗုဒ္ဓဘာသာမိန်းကလေးက သိလိုက်ရတဲ့အတွက် နစ်နာခဲ့ရပြန်ပါတယ်။
၁၀။ ဗုဒ္ဓဘာသာမိန်းကလေးသည် ဘာသာခြား၏ ဥပဒေအရ တရားဝင်/မ၀င် မသိသောကြောင့် လက်ထပ်ခဲ့ကြ သည်။ လက်ထပ်ပြီးမှတရားမ၀င်မှန်းသိ၍ တရားဝင်ဖြစ်စေရန် ဘာသာခြား၏ဘာသာသို့ ကူးပြောင်းလိုက်ရသည့် အတွက် ဗုဒ္ဓဘာသာကို မစွန့်ချင်ဘဲ စွန့်လွှတ်လိုက်ရပါတယ်။ အဲဒီအတွက် နစ်နာရပြန်ပါတယ်။
၁၁။ ဗုဒ္ဓဘာသာမိန်းကလေးဟာ ဘာသာခြားကိုချစ်ကြိုက်၍ လက်ထပ်ခဲ့တယ်။ ထို့နောက် ဗုဒ္ဓဘာသာဝင် မိန်းကလေးကို ဘာသာခြားက ၎င်း၏ဘာသာသို့ ကူးပြောင်းရန် ဗုဒ္ဓ၏ရုပ်ပုံများအပါအ၀င် ဗုဒ္ဓဘာသာအထိမ်း အမှတ်များကိုခြေဖြင့်နင်းခိုင်းခြင်း စသည်ဖြင့် ယုတ်ညံ့အောင်ပြုလုပ်ပြီး ကူးပြောင်းစေပါတယ်။
၁၂။ ဗုဒ္ဓဘာသာမိန်းကလေးများကို ဘာသာခြားများက အဓမ္မပြုကျင့်ဆောင်ရွက်ပြီး ကိုယ်ဝန်ဖျက်ချခြင်းအပါ အ၀င်သေဆုံးစေသည်အထိ ရက်စက်စွာပြုလုပ်ကြခြင်းကြောင့် နစ်နာကြရပါတယ်။
၁၃။ ဘာသာခြားသည် ဗုဒ္ဓဘာသာဝင်အမျိုးသမီးကို နည်းလမ်းမျိုးစုံဖြင့် လက်ထပ်သည့်တိုင်အောင် နောက်ပိုင်း တွင် ဥစ္စာပစ္စည်းမျိုးစုံ ပေးကမ်းထောက်ပံ့ပြီး ဗုဒ္ဓဘာသာဝင်မိသားစုကို ၎င်းတို့၏ဘာသာသို့ ကူးပြောင်းစေပါတယ်။
၁၄။ မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းပြီးသောဥပဒေများ၌ ဘာသာကူးပြောင်းမှုကို စည်းကမ်းသတ်မှတ်ထားမှု ဥပဒေ မရှိခြင်း၊ အတင်းအကျပ်ဘာသာကူးပြောင်းမှု၊ နည်းလမ်းမျိုးစုံဖြင့် အရွယ်မရောက်သေးသည့် ဗုဒ္ဓဘာသာဝင် မိန်းကလေးများကို လက်ထပ်ပြီး ဘာသာကူးပြောင်းစေမှုများကို စည်းကမ်းသတ်မှတ်အရေးယူသည့် ဥပဒေမျိုး မရှိပေ။ ထိုသို့မရှိခြင်းကြောင့် နစ်နာကြရပါတယ်။
၁၅။ ဘာသာခြားက ဗုဒ္ဓဘာသာမိန်းကလေးကို လူပျိုဟုဆိုကာ လက်ထပ်လိုက်တယ်။ နောက်ပိုင်းမှ ထိုဘာသာခြားမှာ အရင်မိန်းမနှင့်ကလေးရှိကြောင်း သိလိုက်ရတဲ့အတွက် နစ်နာမှုများစွာဖြစ်ခဲ့ကြရပါတယ်။
၁၆။ ဘာသာခြားဟာ ဗုဒ္ဓဘာသာမိန်းကလေးများကို ငွေကြေးဥစ္စာနည်းမျိုးစုံပေးကမ်းထောက်ပံ့၍ လက်ထပ် ပေါင်းသင်းကြသောကြောင့် ပတ်ဝန်းကျင်တွင် ပဋိပက္ခများဖြစ်ပေါ်လာနိုင်ပါတယ်။
၁၇။ ဘာသာခြားက ဗုဒ္ဓဘာသာမိန်းကလေးအားကြိုက်တဲ့ဘာသာကို ကိုးကွယ်ရန်သဘောတူပြီး လက်ထပ်ခဲ့ကြ တယ်။ လက်ထပ်ပြီးနောက် ဗုဒ္ဓဘာသာဝင်အမျိုးသမီးအား ဗုဒ္ဓဘာသာကိုးကွယ်ခွင့်မပေးတော့ဘဲ တင်းကျပ်စွာ တားမြစ်ခြင်း၊ နှိပ်စက်ခြင်းများပြုလုပ်လာကြတယ်။ မိဘထံသို့လည်း ပြန်ခွင့်မပေးဘဲထားခဲ့ကြတယ်။ ထိုအတွက် လည်း များစွာနစ်နာကြရပါတယ်။
၁၈။ ဗုဒ္ဓဘာသာဝင်မိန်းကလေးမိဘများကို ငွေကြေးဥစ္စာများပေးခြင်း။ အတိုးဖြင့်ချေးငှားခြင်းများပြုလုပ်ပြီး ပြန်မပေးနိုင်လောက်တဲ့ အခြေအနေသို့ ရောက်သောအခါ သမီးကိုပေးစားရန် အကြပ်ကိုင်နည်းဖြင့် လက်ထပ်ခြင်း များရှိခြင်းကြောင့် များစွာနစ်နာကြရပါတယ်။
၁၉။ ဗုဒ္ဓဘာသာမိန်းကလေးများကို ဘာသာခြားများက မမှန်မကန်၊ အောက်တန်းကျသော ဆေးပညာနည်းများ ဖြင့် ကျွေးမွေးစီရင်၍ မသမာသောနည်းဖြင့် လက်ထပ်ခဲ့ကြပါတယ်။
၂၀။ ဘာသာခြားများ၏ ဥပဒေတွင် ဗုဒ္ဓဘာသာမိန်းကလေးတို့အတွက် ခံစားခွင့်မရှိခြင်းကြောင့် တွေ့ရပါတယ်။ ထိုအတွက် များစွာနစ်နာပါတယ်။
ထိုအခြေအနေများကြောင့် “အမျိုးစောင့်ဥပဒေ” ပေါ်ပေါက်ရေးကို တောင်းဆိုရခြင်း ဖြစ်ပါတယ်။
လွတ်လပ်ပြီး တရားမျှတဖို့အတွက် တောင်းဆိုနေရခြင်း ဖြစ်ပါတယ်။ ဒါကိုပဲ အမျိုးစောင့်ဥပဒေဟာ တရားမျှတမှု မရှိဘူးလို့ပြောဆိုဝေဖန်သူတွေကလည်း ရှိနေပြန်ပါတယ်။ အဲဒီပုဂ္ဂိုလ်တွေကို မေးကြည့်ချင်ပါတယ်။

Wednesday, November 26, 2014

သာသနာ့ အာဇာနည်

လောကာ၌ အာဇာနည်ယောက်ျား ပေါ်ပေါက်ဖို့မှာ ကြုံတောင့်ကြုံခဲသော အရာဖြစ်သည်။ ထို့ကြောင့် မြတ်စွာဘုရားက-

ဒုလ္လဘော ပုရိသာဇညော (ဇာနည်ယောက်ျား ရှားမှရှား)ဟု ဟောကြားခဲ့ပါသည်။
တွေ့ကြုံဖြစ်ပေါ်ဖို့ ခဲယဉ်းခြင်းကြောင့်ပင် တန်ကြေးရှိသော အာဇာနည်ယောက်ျားဟု ဆိုရသည်။ အာဇာနည်ဆိုသည်မှာလည်း ယောက်ျားအာဇာနည်၊ မိန်းမအာဇာနည်၊ စစ်သားအာဇာနည်၊ သာသနာ့အာဇာ နည် စသည်ဖြင့် သက်ဆိုင်ရာအကြောင်းအရာအလိုက် အမျိုးမျိုးကွဲပြားနိုင်သည်။ ဤ၌ကား သာသနာ့အာဇာ နည်ကို ပြောလိုရင်းဖြစ်သည်။

သာသနာ့အာဇာနည်များ

သာသနာတော်ဆိုင်ရာ၌ သူမတူအောင် ထူးချွန်ပြောင်မြောက်စွာ ဆောင်ရွက်သူများ၊ တက်မြောက်သူ များကို သာသနာ့အာဇာနည်များဟု ခေါ်ဆိုလေ့ရှိကြသည်။ ပိဋကတ်ဆိုင်ရာ အာဂမ၊ သဘာဝတို့ကို ထူးချွန် ပြောင်မြောက်စွာ တက်မြောက်သူများ စာမေးပွဲအောင်သူများကို သာသနာ့အာဇာနည်အဖြစ် ဘွဲ့ထူး၊ ဂုဏ်ထူး များ ပေးအပ်၍ ချီးမြှောက်ပူဇော်လေ့ရှိကြသည်။ တိပိဋကဘွဲ့နှင်းသဘင်၊ မဟာဘွဲ့နှင်းသဘင် စသည်တို့မှာ ထင်ရှားသော သက်သေများဖြစ်သည်။

အချို့ ပုဂ္ဂိုလ်များမှာ ဘွဲ့ထူး၊ ဂုဏ်ထူးမငဲ့ဘဲ သာသနာပြုလုပ်ငန်းများကို ဆောင်ရွက်ကြသည်။ ထူးချွန် ပြောင်မြောက်စွာ စာပေပို့ချကြသည်။ ဟောပြောကြသည်။ ပရိယတ်၊ ပဋိပတ်လုပ်ငန်းများကို ဆောင်ရွက်ကြ သည်။ အားပေးကူညီကြသည်။ ထိုပုဂ္ဂိုလ်များကိုလည်း သာသနာ့ အာဇာနည်များဟု ခေါ်ဆိုင်နိုင်သည်။ ဤဆိုခဲ့ ပြီးသည်ကိုထောက်ရှုလျှင်-

(၁) တက်မြောက်သူ သာသနာ့ အာဇာနည်

(၂) စွမ်းဆောင်နိုင်သူ သာသနာ့အာဇာနည် ခေါ်ဆိုခြင်းက ပို၍သဘာဝကျသည်။

ဂုဏ်နှင့်ဒြပ် မဟပ်သော အာဇာနည်

တက်မြောက်ရုံသက်သက်ဖြင့် ဘွဲ့ထူး၊ ဂုဏ်ထူးများကိုဗန်းပြပြီး အကြည်ညိုခံသက်သက်ဖြစ်သော အမည်ခံ သာသနာ့အာဇာနည်များမှာ ဂုဏ်နှင့်ဒြပ်မဟပ်သော အတွင်ရုဠှီ သာသနာ့ အာဇာနည်မျှသာ ဖြစ်ပေ သည်။

“သကတ္ထကြောင့်၊ ရသောပညတ်၊ သကတ်ပျောက်လျက်၊ မည်မပျက်သည်၊ မှတ်လော့အတွင် ရုဠှီ တည်း” ဟူသော အဆိုအမိန့်အတိုင်း-

သကတ်ပျောက်နေသူများ

နာမည်နှင့် မလိုက်လျောသူများသာ ဖြစ်ပေသည်။

ဘွဲ့ထူး ဂုဏ်ထူး ပေးထားခြင်း၏ ရည်ရွယ်ချက်မှာလည်း သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်ချက်များကို သိမြင်သူများက ပံ့ပိုးကူညီနိုင်ရန် မြင်သာသော ထင်ရှားသော မှတ်တိုင်တစ်ခုအဖြစ် သတ် မှတ်ပေးထားခြင်းဖြစ်သည်။

ထူးခြားသည့် သာသနာ့အာဇာနည်

တက်မြောက်သူလည်းဖြစ်၊ စွမ်းဆောင်နိုင်သူလည်း ဖြစ်ပါမူကား အဘယ်မှာ သာသနာ့အာဇာနည်ဟု မခေါ်နိုင်ဘဲ ရှိပါမည်နည်း။ ထူးခြားသော သာသနာ့အာဇာနည်ဟုသာ ခေါ်ဆိုရပေမည်။ မိမိကိုယ်တိုင်လည်း သာသနာ့အာဇာနည်ဖြစ် သူတစ်ပါးတို့ကိုလည်း သာသနာ့အာဇာနည်ဖြစ်အောင် စွမ်းဆောင်နိုင်သူများမှာ ထူး ခြားသည့် သာသနာ့အာဇာနည်များပင် ဖြစ်သည်။

Friday, November 21, 2014

အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို)၏ ထုတ်ပြန်ကြေညာချက် (၀၀၁၆)

အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို)၏
ထုတ်ပြန်ကြေညာချက် (၀၀၁၆)

ဂျပန် ပန့်-ရောခ်အဖွဲ့ Wat Wayhem Orchestra ၏ ခေါင်းဆောင်အဆိုတော် ဂျပန်စတိတ်ရှိုးပွဲတစ်ခုတွင် သင်္ကန်းဝတ်ဖြင့် သီချင်းဆိုခဲ့သည်၊ ထိုအကြောင်းကို http://www.khaosodenglish.com/, http:// bangkok.coconuts.co/2014/11/13/thais-rage-over-monk-robe-worn-japanese-band-japan တို့၌ တွေ့ရှိရသည်။

“ထေရ၀ါဒ ဗုဒ္ဓဘာသာ ရဟန်းသာမဏေများသည် အဆိုပါ အပြုအမူမျိုး မပြုလုပ် ရ”ဟု မြတ်ဗုဒ္ဓ ပညတ်ထားချက်ရှိသည်။

သို့ဖြစ်၍ အဆိုပါ ရောခ့်အဖွဲ့၏ အပြုအမူသည်-

၁။ ထေရ၀ါဒ ဗုဒ္ဓဘာသာ ရဟန်းသာမဏေများ ကျင့်ဝတ်နှင့် ဆန့်ကျင်သော အပြုအမူမျိုးဖြစ်သည်။

၂။ ကမ္ဘာ့ဘာသာကြီးတစ်ခုဖြစ်သည့် ထေရ၀ါဒ ဗုဒ္ဓဘာသာကို စော်ကား ရာရောက်သည်၊

၃။ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ သီရိလင်္ကာ ဟူသော ပင်မထေရ၀ါဒ ဗုဒ္ဓ ဘာသာ၅-နိုင်ငံ၏ သမိုင်းအစဉ်အလာ ကြီးမားသော ဘာသာတရား၊ ယဉ်ကျေးမှု အစဉ်အလာများကို မထီမဲ့မြင် ပြုရာရောက်သည်။

၎။ ထေရာဝါဒ ဗုဒ္ဓဘာသာဝင် ကမ္ဘာ့လူဦးရေ သန်းရာပေါင်းများစွာနှင့် ၄င်းတို့၏ ယုံကြည်မှု အခွင့်အရေးကို စော်ကားရာရောက်သည်။

ထို့ကြောင့်

ထိုသို့သော အပြုအမူမျိုးကို မြန်မာနိုင်ငံအပါအ၀င် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် အားလုံးတို့က ကန့်ကွက်ရှုတ်ချကြောင်းနှင့် လုံးဝလက်မခံနိုင်ကြောင်း ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် အားလုံးတို့၏ကိုယ်စား မြန်မာနိုင်ငံ မဘသအဖွဲ့ကြီးက ထုတ်ပြန်ကြေညာလိုက်သည်။

စာအမှတ်၊ ၀၀၁၆/စီမံ-မဘသ၊ ၂၀၁၄
နေ့စွဲ၊ ၁၈၇၆-ခု၊ တန်ဆောင်မုန်းလကွယ်
(နိုဝင်ဘာ-၂၁)၊ သောကြာနေ့

ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့(ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။

Wednesday, November 19, 2014

အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ နိုဝင်ဘာလ အစည်းအဝေး ဆုံးဖြတ်ချက်များ နှင့် ပုံရိပ်များ

































အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ နိုဝင်ဘာလ အစည်းအဝေး ဆုံးဖြတ်ချက်များ

သာသနာတော်နှစ် ၂၅၅၈-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၆-ခုနှစ်၊ တန်ဆောင်မုန်း လပြည့်ကျော် ၁၂ရက်၊ ခရစ်နှစ် ၂၀၁၄-ခုနှစ်၊ နိုဝင်ဘာလ ၁၈ရက်၊ အင်္ဂါနေ့၊ နေ့လယ် ၁နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့၊ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို)ရုံး (ရွာမပရိယတ္တိစာသင်တိုက်၊ ဂန္တ၀င်ကျောင်းဆောင်ကြီးအောက်ထပ်၌ ကျင်းပအပ်သော အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) လပတ်အစည်းအဝေး (တတိယအကြိမ် ၊ နိုဝင်ဘာလ အစည်းအဝေး)ကို ကျင်းပတော်မူကြသည်။ မဘသအဖွဲ့ (ဗဟို)၏ ဗဟိုဦးဆောင်အဖွဲ့ဝင်များ၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ ကြွရောက်တော် မှုကြရာ ဥက္ကဋ္ဌဆရာတော်ကြီး၊ အထွေထွေအတွင်းရေးမှူးဆရာတော်ကြီး၊ တွဲဘက်အတွင်းရေးမှူး (၁)ဆရာတော်၊ တွဲဘက်အတွင်းရေးမှူး (၂) ဆရာတော်၊ တွဲဘက်အတွင်းရေးမှူး (၃) ဆရာတော်တို့ အပါအ၀င် ဆရာတော် (၅၀)ကျော်၊ လူပုဂ္ဂိုလ် ၄၀ကျော် တက်ရောက်ကြသည်။

မဘသအဖွဲ့(ဗဟို) နိုဝင်ဘာလ လပတ်အစည်းအဝေးက အောက်ပါဆုံးဖြတ်ချက် ၇-ချက်တို့ကို ဆုံးဖြတ်တော်မူကြသည်။

၁။ ရတနာသုံးပါးနှင့် သာသနာတော်အပေါ် စော်ကားနေသူ ဦးထင်လင်းဦး ကို မြန်မာနိုင်ငံလုံးဆိုင်ရာ ၀ံသာနုရက္ခိတအဖွဲ့က တရားဥပဒေနှင့်အညီ ဆောင် ရွက်၍ ရတနာသုံးပါးနှင့် သာသနာတော်ကို ကာကွယ်စောင့်ရှောက်ပေး ရန် မြန်မာနိုင်ငံလုံးဆိုင်ရာ ၀ံသာနုရက္ခိတအဖွဲ့အား တာဝန်ပေးရန်၊
၂။ အမျိုးစောင့်ဥပဒေ အမြန်ပေါ်ပေါက်ရေး လူထုဆန္ဒတောင်းဆိုပွဲများကို ဒီဇင်ဘာလမှစ၍ အမျိုးစောင့်ဥပဒေ မပေါ်ပေါက်မချင်း၊ အမျိုးစောင့်ဥပဒေ မရမချင်း ဆက်လက်တောင်းဆိုသွားကြရန်၊
၃။ တိုင်းပြုပြည်ပြု သာသနာပြု အောင်ဇေယျတုဂျာနယ်ကို ပိုင်ရှင်ဖြစ်သူမိသားစု က မဘသအဖွဲ့(ဗဟို)အား ၁၅-၁၁-၂၀၁၄နေ့တုန်းက လှူဒါန်းပြီးဖြစ်ကြောင်း ဂုဏ်ပြုမှတ်တမ်းတင်၍ တိုင်းပြုပြည်ပြု သာသနာပြု သာသနာပြု အောင်ဇေယျတု ဂျာနယ်ကို မဘသအဖွဲ့ (ဗဟို)က ဆက်လက်ဆောင်ရွက် ထုတ်ဝေသွားကြရန်၊
၎။ ယဉ်ကျေးလိမ္မာ ဗုဒ္ဓဓမ္မသင်တန်း (ပထမအဆင့်၊ ဒုတိယအဆင့်)အတွက် မင်္ဂလာဒုံမြို့၊ဇေတ၀န် ဓမ္မာရုံကျောင်းတိုက်၌ ဆရာဖြစ်သင်တန်းများ ဖွင့် လှစ်ဆောင်ရွက်သွားရန်၊
၅။ မြန်မာနိုင်ငံလုံးဆိုင်ရာ ၀ံသာနုရက္ခိတအဖွဲ့အား လမ်းညွှန်ကြီးကြပ်ပေးတော်မူ ရန် အလို့ငှာ လမ်းညွှန်ကြီးကြပ်ရေးအဖွဲ့ကို အောက်ပါဆရာတော်များဖြင့် ဖွဲ့စည်း ကြောင်းကြေညာချက်ထုတ်ပြန်ပေးရန်၊

(၁။ ဆရာတော်အရှင်ကုမာရ (ပန်းတနော်)၊ ၂။ ဆရာတော်အရှင်သီလက္ခန္ဓာဘိဝံ သ (ရန်ကုန်)၊ ၃။ ဆရာတော်အရှင်ပညာဝရ (သိမ်ဇရပ်)၊ ၄။ ဒေါက်တာ အရှင်ကောဝိဒ (မဇ္ဈိမဂုဏ်ရည်၊ ရန်ကုန်)၊ ၇။ အရှင်ဒေ၀ိန္ဒာလင်္ကာရာဘိဝံသ (စစ်ကိုင်း)၊ ၈။ အရှင်ဝိမလာ (မော်လမြိုင်)၊ ၉။ အရှင်သဒ္ဓမ (မုတ္တမ)၊ ၁၀။ အရှင်စန္ဒေဘာသ (ရမည်းသင်း)၊ စုစုပေါင်း ၁၀ပါးတို့ဖြင့် လမ်းညွှန်ကြီးကြပ်ရေး အဖွဲ့ ဖွဲ့စည်းထားပြီးဖြစ်ကြောင်း ကြေညာလိုက်သည်။)

၆။ အမျိုးပျောက်မှာ စိုးကြောက်စရာ သမိုင်းသင်ခန်းစာ မှတ်တမ်းစာအုပ်များကို မြို့နယ်မဘသအဖွဲ့၊ မဘသ(ဗဟို)အဖွဲ့တို့ ပူးပေါင်းရေးသားထုတ်ဝေကြရန်၊ (သက်ဆိုင်ရာမြို့နယ် မဘသအဖွဲ့က မူကြမ်းနှင့်ဓာတ်ပုံ အထောက်အထားများ ရရှိအောင် ပြုစုရန်၊ မဘသ(ဗဟို)အဖွဲ့က အချောသတ်မူရရှိအောင် တည်းဖြတ်၍ ထုတ်ဝေဖြန့်ချီရန်၊)
၇။ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့၊ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို)ရုံး(ရွာမပရိယတ္တိစာသင်တိုက်၊ ဂန္တ ၀င်ကျောင်းဆောင်တော်ကြီးအောက်ထပ်) ၌အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို) လပတ်အစည်းအဝေး (စတုတ္ထအကြိမ်၊ ဒီဇင်ဘာလအစည်းအဝေး)ကို သာသနာတော်နှစ် ၂၅၅၈-ခုနှစ်၊ ကောဇာသက္က ရာဇ် ၁၃၇၆-ခုနှစ်၊ ပြာသိုလဆန်း ၃ရက်၊ ခရစ်နှစ် ၂၀၁၄-ခုနှစ်၊ ဒီဇင်ဘာလ ၂၃-ရက်၊ အင်္ဂါနေ့၊ နေ့လယ် ၁-နာရီအချိန်တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာပေးရန် ဆုံးဖြတ်တော်မူကြပါသည်။
ဦးအောင်မြိုင် (မှတ်တမ်းဋ္ဌာန) ၁၉-၁၁-၂၀၁၄