Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Thursday, March 19, 2015

ရခိုင်ပြည်နယ်ကို ကိုဆိုဗိုကဲ့သို့ မဖြစ်စေချင်ပါ။ (၀ံသာနု)

ရခိုင်ပြည်နယ်ကို ကိုဆိုဗိုကဲ့သို့ မဖြစ်စေချင်ပါ။..........
..........................................................................
..........................................................................
ဝံသာနု
ကမ္ဘာ့ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် ရန်ဟီးလီ မြန်မာနိုင်ငံသို့ရောက်ရှိလာခဲ့ပြီးနောက် ငြိမ်သက် နေသော ဘင်္ဂါလီလူမျိုးရေးကိစ္စသည် ပြန်လည်အသက်ဝင်လာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ရန်ဟီးလီအနေနဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းသို့သွားရောက်ခဲ့ပြီးနောက် ပြောကြားခဲ့သည့် ရိုဟင်ဂျာများကို လူ့အခွင့်အရေးပေးရန်နှင့် နိုင်ငံသားဖြစ်ခွင့်ပေးရန်ဆိုသည့် စကားများသည် ဘင်္ဂါလီ (သူတို့အခေါ်ရိုဟင်ဂျာ) များအပေါ် အလေးပေးဆက်ဆံမှု ကို ပေါ်လွင်ထင်ရှားစေခဲ့ပြီး ရန်ဟီးလီအပေါ်တွင်လည်း ရခိုင်တိုင်းရင်းသားများ၏ ဝေဖန်ဆန့်ကျင်မှုများဖြစ်ပေါ်ခဲ့ရာ မှ တစ်ကြော့ပြန်လူမျိုးရေးပဋိပက္ခများ ပြန်လည်ဖြစ်ပွါးလာမည်လားဟု စိုးရိမ်စရာဖြစ်ခဲ့ရသည်။
အမေရိကန်တို့လွှမ်းမိုးမှုရှိသည်ဟုယူဆနိုင်သော ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ရှိ စစ်တကောင်းဘင်္ဂါလီလူမျိုးများကို ရိုဟင်ဂျာဟုခေါ်စေ၍ တိုင်းရင်းသားစာရင်းထည့်သွင်းစေပြီး နိုင်ငံသားဖြစ်ခွင့်ပေး ရေးကို အခုနောက်ပိုင်းတွင် ဖိအားပေးလုပ်ဆောင်လာသည်ကို မြင်တွေ့ရသည်။
ကုလလူ့အခွင့်ရေးကိုယ်စားလှယ် မစ္စတာကင်တားနား လာရောက်ခဲ့စဉ်ကလည်း ရိုဟင်ဂျာအရေးကို အဓိကတွန်းအားပေးပြောဆိုခဲ့ပြီး မိတ္ထီလာအရေးအခင်းတွင်လည်း ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့ကို အရိုင်းအစိုင်း သဏ္ဍာန်များဖြစ်အောင်ပုံဖော်ပြောဆိုခဲ့ခြင်းကြောင့် မြန်မာပြည်သူအများ၏ ဝေဖန်ဆန့်ကျင်မှုကိုခံခဲ့ရဖူးသည်။
ထို့အတူ နိုဝင်ဘာလအတွင်းက မြန်မာနိုင်ငံတွင်ပြုလုပ်ခဲ့သည့် အာဆီယံနှင့် ကမ္ဘာ့ထိပ်သီးအစည်းအဝေးသို့ လာရောက်ခဲ့သော ကုလအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းကိုယ်တိုင်ကပင် ဘင်္ဂါလီလူမျိုးနွယ်စုများအား နိုင်ငံသားအခွင့်အရေးပေးရန် ပြောဆိုခဲ့ခြင်းကြောင့် ရခိုင်တိုင်းရင်းသားများအနေဖြင့် ဘန်ကီမွန်း၏ သဘောထားနှင့် ပြောဆိုချက်များကို ဆန့်ကျင်ကန့်ကွက်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကလည်း ဘန်ကီမွန်းထံ ကန့်ကွက်စာပေးပို့ခဲ့ကြောင်း သိရသည်။ ယခုအခါ ဇန်န၀ါရီလ ၇-ရက်နေ့မှ ၁၆-ရက်နေ့အထိ လာရောက်ခဲ့သည့် ကုလလူ့အခွင့်အရေးကိုယ်စားလှယ် ရန်ဟီးလီ၏ ဒုတိယမြောက်ခရီးစဉ်တွင်လည်း ဘင်္ဂါလီ အရေးကိုသာ အလေးထားဆောင်ရွက်နေခြင်းကို ရှုမြင်နေရပါသဖြင့် မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသော လူမျိုးရေး ပဋိပက္ခအပေါ်တွင် ကုလ၏ရပ်တည်ချက်သဘောထားကို သံသယဖြစ်ဖွယ်စောင့်ကြည့်ရတော့မည် ဖြစ်သည်။
ထိုအကြောင်းအရာများနှင့် စပ်ဆက်ပြီးလွန်ခဲ့သောဆယ်စုနှစ်များက အမေရိကန်တို့၏ လက်ဝဲ၀ါဒီထိန်းချုပ် ရေးစီမံချက်တွင် လူမျိုးရေး၊ ဘာသာရေးကိုခုတုံးလုပ်၍ အသုံးချမှိုင်းတိုက်ခဲ့ခြင်းကြောင့် အမျိုးဘာသာ ပျောက်ခြင်း မလှ ပျောက်ခဲ့ရသည့် ယူဂိုဆလပ်တိုင်းပြည်မှ ကိုဆိုဗိုဒေသနှင့် နှိုင်းယှဉ်တွေးတောမိပါသည်။
လွန်ခဲ့သော နှစ်ပေါင်း ၉၀၀ ကျော်ခန့်က အယူမှန်ခရစ်ယာန်ဘာသာဝင် ဆာ့ဗ်လူမျိုးများနေထိုင်ခဲ့သည့် ယူဂိုဆလပ်ပြည်ထောင်စုအတွင်းက ကိုဆိုဗိုဒေသဟာအခုဆိုရင် မွတ်စလင်လူမျိုး ၉၂% ရှိတဲ့ နိုင်ငံငယ်တစ်ခု အဖြစ်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။
၁၄ ရာစုတုန်းက ကိုဆိုဗိုပြည်နယ်မှာ ဆာ့ဗ်လူမျိုး ၉၆.၆ % နဲ့ အယ်လ်ဘေးနီးယားက မွတ်စလင်လူမျိုး ၃% ပဲရှိခဲ့ပြီး ၁၉၉၁ ခုနှစ် အရောက်မှာတော့ အယ်လ်ဘေးနီးယား မွတ်စလင် ၈၁%ကျော်နဲ့ ဆာ့ဗ်လူမျိုး ခရစ်ယာန် ဘာသာဝင် ၉%ကျန်ရှိခဲ့ပါတော့သည်။ ခရစ်ယာန်လူမျိုးများနေထိုင်တဲ့ဒေသကနေ အခုလိုဘာသာခြားနိုင်ငံတစ်ခု အဖြစ်သို့ ဘာကြောင့်ပြောင်းလဲခဲ့ရသလဲ။ ဒေသတွင်းမှာ နေထိုင်တဲ့လူမျိုးနွယ်စုများနဲ့ ဘာသာတရားဟာ ၁၄ ရာစုနဲ့ ယခုကာလနှိုင်းယှဉ်ရင် ဘာကြောင့်ပြောင်းပြန်ဖြစ်ခဲ့ရသလဲ။
မူလက အယူမှန် ခရစ်ယာန်ဘာသာဝင်ဆာ့ဗ်လူမျိုးများ နေထိုင်ရာဖြစ်တဲ့ ကိုဆိုဗိုဒေသကို ခိုးဝင်အခြေချလာခဲ့တဲ့ အိမ်နီးနားချင်းနိုင်ငံ အယ်လ်ဘေးနီးယားများအနေနဲ့ လူအင်အားကြီးမားလာခဲ့ပြီး မူလ နေထိုင်သူ ဆာ့ဗ်လူမျိုးများနဲ့ ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်လာခဲ့ပါတယ်။ အဲဒီကနေတစ်ဆင့် ယခုရခိုင်ဒေသမှာကဲ့သို့ လူမျိုးရေးပဋိပက္ခများ ဖန်တီးပြီး အယ်လ်ဘေးနီးယား အစိုးရကလည်း နောက်ကွယ်ကပံ့ပိုးပြီးတဲ့နောက် ၀င်ရောက် နေထိုင်သူများဟာ ကိုဆိုဗိုလွတ်မြောက်ရေး တပ်မတော်ဆိုပြီးဖွဲ့စည်းခဲ့ပါတော့တယ်။ အဲဒီနောက်မှာတော့ အယ်လ်ဘေးနီးယား အမျိုးသားတပ်မတော်ဆိုပြီး ဖွဲ့စည်းခဲ့ပါတော့တယ်။ အဲဒီနောက်မှာတော့ အယ်လ်ဘေးနီးယား အမျိုးသားတပ်မတော်ဆိုပြီး ကြေညာခဲ့ပြီးနောက် အယ်လ်ဘေးနီးယားများဟာ ကိုဆိုဗိုဒေသမှာရှိတဲ့ ဆာ့ဗ်လူမျိုးများ ကို အနိုင်ကျင့်ဗိုလ်ကျမှုများ ပြုလုပ်ခဲ့ပြီး ဘုရားကျောင်းဆောင်တွေဖျက်ဆီးမီးရှို့ကာ ဗလီတွေအစားထိုးတည် ဆောက်ခဲ့တဲ့အထိ ဘာသာရေး၊ လူမျိုးရေးအပါအ၀င် နယ်မြေချဲ့ထွင်မှုကို ပြင်းပြင်းထန်ထန် ပြုလုပ်ခဲ့ကြပါတယ်။ ထိုအချိန်တုန်းကတော့ ယူဂိုဆလပ်တစ်နိုင်ငံလုံးနဲ့ နှိုင်းယှဉ်မည်ဆိုပါက ဆာ့ဗ်လူမျိုးများက အများစုဖြစ်ပါတယ်။ သို့ပေမယ့်လည်း ကိုဆိုဗိုဒေသမှာတော့ ဆာ့ဗ်တွေဟာ တစ်ဖြည်းဖြည်းထွက်ပြေးတိမ်းရှောင်လာခဲ့ရာမှ လူနည်းစု အသွင် ရောက်ရှိခဲ့ပါတယ်။ ယခုမြန်မာနိုင်ငံမှာရှိတဲ့ ဘင်္ဂါလီအများအပြားရှိသော ဘူးသီးတောင်၊ မောင်းတောဒေသ လို ဖြစ်ခဲ့ရတာပါ။
အဲဒီအချိန်တုန်းက အမေရိကန်တို့အနေနဲ့ကလည်း ယူဂိုဆလပ်ရဲ့ လက်ဝဲယိမ်းတဲ့ အစိုးရကိုဖြုတ်ချလိုတဲ့ အတွက် ယူဂိုဆလပ်ပြည်ထောင်စုကို လုံးဝပြိုကွဲသွားစေခဲ့တဲ့ အမေရိကန်တို့ရဲ့ မဟာဗျူဟာမှာ ကိုဆိုဗိုအရေး ကလည်း ထိပ်ဆုံးကပါဝင်ခဲ့တာ ဖြစ်ပါတယ်။ အယ်လ်ဘေးနီးယားတို့ရဲ့ အဆိုအငိုကောင်းမှုတွေနဲ့အတူ လက်ဝဲ အစိုးရဖြုတ်ချလိုတဲ့ အမေရိကန်တို့ရဲ့ ပံ့ပိုးမှုတွေကြောင့် နိုင်ငံတကာရဲ့အမြင်မှာ အယ်လ်ဘေးနီးယား လူနည်းစုတွေကို ဆာ့ဗ်လူမျိုးတွေက ဘာသာရေးအကြောင်းပြကာ အကြမ်းဖက်ဝါဒသုံးပြီးအနိုင်ကျင့်နေတယ်လို့ ထင်မြင်လာခဲ့တယ်။ နောက်ပိုင်းမှာတော့ အယ်လ်ဘေးနီးယားတွေရဲ့ အနိုင်ကျင့်စော်ကားမှုကို ခေါင်းငုံ့မခံတော့ဘဲ ခပ်ကြမ်းကြမ်းပြန်လည်တုံ့ပြန်လာခဲ့တဲ့ မီလိုဆီဗစ်လိုလူတွေကို အမေရိကန်တို့က မီဒီယာနဲ့မီးမောင်းထိုးပြပြီး ဆာ့ဗ်တွေဟာ အရိုင်းအစိုင်းသတ္တ၀ါတွေလို ပုံဖော်ခဲ့ကြတဲ့အတွက် နိုင်ငံတကာကလည်း ဆာ့ဗ်လူမျိုးတွေကို လူဆိုး လူမိုက်များအဖြစ် ရှုမြင်လာခဲ့ကြတယ်။
အဲဒီ ကိုဆိုဗိုစစ်ပွဲမှာ အစ္စလာမ်ဘာသာဝင် နိုင်ငံတွေကလည်း မွတ်စလင်ညီအစ်ကိုများဆိုတဲ့အမြင်နဲ့ ဘာသာရေးဖိနှိပ်ခံနေရပါတယ်လို့ စွပ်စွဲကာ အယ်လ်ဘေးနီးယားတွေဘက်က ကူညီခဲ့သလို အမေရိကန်ကပါ ဆာ့ဗ်တွေ လူ့အခွင့်အရေးချိုးဖောက်နေတယ်လို့ စွပ်စွဲ၍ အယ်လ်ဘေးနီးယားဘက်က၀င်ရောက်ကူညီ တိုက်ခိုက်ခဲ့ ပါတယ်။
အာရပ်တွေရဲ့ တောင့်တင်းခိုင်မာတဲ့ ငွေကြေးဓနကို အသုံးချပြီး မီဒီယာမှာလည်း လွှမ်းမိုးနိုင်ခဲ့သလို အမေရိကန်အပါအ၀င် အနောက်အုပ်စုကလည်း လူ့အခွင့်အရေးဆိုင်ရာ ကြေညာချက်တွေနဲ့အတူ ဆာ့ဗ်တွေကို လူ့အခွင့်အရေးချိုးဖောက်နေတဲ့ အရိုင်းအစိုင်းများသဖွယ် သတင်းလွှင့်ထုတ်ခဲ့ကြပါတယ်။ ဒါကြောင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းကလည်း ကိုဆိုဗိုစစ်ပွဲကို လူမျိုးရေးပဋိပက္ခလို့ မရှုမြင်တော့ပဲ မွတ်စလင်လူနည်းစုကို ခရစ်ယာန် လူများစုက အနိုင်ကျင့်နှိပ်စက်နေတယ်လို့ ထင်မြင်လာခဲ့ပါတော့တယ်။ အမှန်တကယ်မှာ အယ်လ်ဘေးနီးယား အနွယ်ဝင်တွေကသာ ဆာ့ဗ်တွေကိုနည်းမျိုးစုံနဲ့ ပြဿနာရှာပြီး ပဋိပက္ခတွေဖန်တီးနေတယ်ဆိုတာ ဘယ်သူမှမသိကြ တော့ပါဘူး။ လူအများစုက အယ်လ်ဘေးနီးယားတွေကိုပဲ ကရုဏာသက်ခဲ့ကြပြီး ဆာ့ဗ်တွေကိုပဲ ရှုတ်ချခဲ့ကြပါတယ်။
တကယ်ကတော့ ကိုဆိုဗိုမှာ အယ်လ်ဘေးနီးယားတွေက လူများစုကဖြစ်ပြီး အယူမှန်ခရစ်ယာန်ဘာသာဝင် ဆာ့ဗ်တွေက လူနည်းစုပါ။ အခု သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ပြောနေတဲ့ စစ်တကောင်းဘင်္ဂါလီတွေက ဒီနည်းကိုပုံတူကူးပြီး ရခိုင်တိုင်းရင်းသားများကို အရိုင်းအစိုင်းတွေအဖြစ် မြင်အောင်လုပ်နေကြတယ်လို့ ရှုမြင်လာ စရာရှိပါတယ်။ ၁၉၈၁ ကိုဆိုဗိုမှာ ဆာ့ဗ်နဲ့ အယ်ဘေးနီးယား လူမျိုးရေးပဋိပက္ခဖြစ်တော့ အယ်လ်ဘေးနီးယားတွေက တိုက်ခိုက်လို့ ဆာ့ဗ်လူမျိုးတစ်သောင်းလောက် ကိုဆိုဗိုကနေပြောင်းပြေးခဲ့ကြရပါတယ်။ ဆာ့ဗ်တွေရဲ့ ရှေးဘာသာ ရေး အဆောက်အဦးတွေ အဖျက်အဆီးခံရတယ်။ အယ်လ်ဘေးနီးယားတွေဟာ ဘုရားကျောင်း ၁၅၀ ကျော်ကို မီးရှို့ခဲ့ပြီး ဗလီအသစ် ၂၀၀ ကျော်ဆောက်လုပ်ခဲ့ကြပါတယ်။ မိမိဒေသမှာ နေရင်းထိုင်ရင်းနဲ့ပဲ အယ်လ်ဘေးနီးယား တွေရဲ့ ၀င်ရောက်ကျူးကျော်မှုကိုခံခဲ့ရတဲ့ ကိုဆိုဗိုဒေသခံ ဆာ့ဗ်လူမျိုးတွေဟာ တန်ဖိုးမဖြတ်နိုင်တဲ့ ရှေးဟောင်းအမွေ အနှစ် ခရစ်ယာန်ဘုရားကျောင်းတွေကို အယ်လ်ဘေးနီးယားတွေက မီးရှို့ဖျက်ဆီနေကြတာကိုကြည့်ရင်း အံကြိတ်ငို ကြွေးရုံမှတစ်ပါး ဘာမှမတတ်နိုင်ကြတော့ပါဘူး။ နောက်ပိုင်း ပဋိပက္ခတွေဆက်တိုက်ဖြစ်လာတော့ လူနည်းစုဆာ့ဗ် တွေက ကိုဆိုဗိုမှာလည်း မနေရဲကြတော့ပါဘူး။ ဒါ့ကြောင့် ကိုဆိုဗိုဟာ အယ်လ်ဘေးနီးယားအနွယ် လူများစုနေထိုင် တဲ့ အရပ်ဒေသတစ်ခုအဖြစ်သို့ ရောက်ရှိသွားခဲ့ရပါတော့တယ်။ အဆုံးသတ်မှာတော့ ကိုဆိုဗိုဒေသဟာ အမေရိကန်တို့ရဲ့ ယူဂိုဆလပ်ဖြိုခွဲတဲ့ မဟာဗျူဟာအောက်မှာ အစ္စလာမ်ဘာသာဝင်တွေ နေထိုင်တဲ့နိုင်ငံအဖြစ်သို့ ရောက်ရှိသွားခဲ့ရပြီး အမေရိကန်ကို မလွန်ဆန်နိုင်တဲ့ ကုလသမဂ္ဂကလည်း အသိမှတ်ပြုပေးခဲ့တာကိုခံခဲ့ရပါတော့ တယ်။
ယနေ့ မြန်မာနိုင်ငံရဲ့ ရခိုင်ပြည်နယ်ဟာ ကိုဆိုဗိုဒေသလို ဖြစ်လာမှာလားလို့ ထိတ်လန့်စွာတွေးမိပါတယ်။ အမေရိကန်တို့အနေနဲ့ ကမ္ဘာ့စူပါ ပါဝါအားပြိုင်မှုမှာ တရုတ်ရဲ့ တန်ခိုးထွားလာမှုကို ထိန်းချုပ်လိုတဲ့အတွက် မြန်မာ့ပြည်တွင်းရေး လူ့အခွင့်ရေးခေါင်းစဉ်နဲ့အတူ ၀င်ရောက်လာတာတွေ့ရပါတယ်။ လူမျိုးရေးပဋိပက္ခကို ဘာသာ ရေးထိပ်တိုက်ပွဲတွေအဖြစ် ဖန်တီးပြီး ဗုဒ္ဓဘာသာဝင်တွေကို နိုင်ငံတကာအမြင်မှာ အရိုင်းအစိုင်းတွေအဖြစ် ရှုမြင်လာ အောင် ဖန်တီးနေတာကိုလည်း တွေ့လာရပါတယ်။
အဓိကအချက်ကတော့ ကမ္ဘာ့အနှံ့မှာ အစ္စလာမ်အကြမ်းဖက်သမားတွေကို ပြင်းပြင်းထန်ထန်နှိမ်နင်းနေတဲ့ အမေရိကန်တို့ဟာ မွတ်စလင်ကမ္ဘာမှာ နာမည်ပျက်ခဲ့သောကြောင့် သူ့သိက္ခာကိုပြန်ဆယ်သည့်အနေဖြင့် မြန်မာ နိုင်ငံက ရိုဟင်ဂျာအရေးကို မျက်စိကျလာတာလည်း ဖြစ်နိုင်ပါတယ်။
ဒါကြောင့် အမေရိကန်နဲ့ ကုလသမဂ္ဂတို့ဟာ ကြေညာချက်တွေထုတ်ပြီး ဘင်္ဂါလီများကို နိုင်ငံသားအခွင့်ရေး ပေးဖို့ဆိုတဲ့ မဖြစ်နိုင်တဲ့တောင်းဆိုချက်တွေနဲ့ ဗုဒ္ဓဘာသာတွေရဲ့ စိတ်ကိုဆွနေတာလားလို့လည်း စဉ်းစားတွေးတော မိပါတယ်။ ရခိုင်လူမျိုးတွေကို အရိုင်းအစိုင်းတွေအသွင် သတင်းလွှင့်ထုတ်နေပြီ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေကိုပါ အကြမ်းဖက်ခေါင်းဆောင်တွေအဖြစ် ရေးသားဖော်ပြကာ နိုင်ငံတကာမီဒီယာတွေမှာ လွှင့်ထုတ်နေတာတွေ့နေရ ပါတယ်။
ဒီနည်းနဲ့ပဲ ပဋိပက္ခများကို ဖန်တီးယူပြီး ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသားများကို နိုင်ငံတကာက အထင်အမြင် သေးစေရန်လုပ်ဆောင်လာတာကို တွေ့ရပါတယ်။ လူမျိုးရေးအရှုပ်အထွေးများကို ဘာသာရေးပဋိပက္ခအသွင်ဖြစ် အောင် ရောင်တော်ပြန်လွှင့်ထုတ်လျက်ရှိပြီး အခြေအနေဆိုးရွားလာပါက ကိုဆိုဗိုဒေသကဲ့သို့ပင် မြန်မာ့ပြည်တွင်း ရေးကို ၀င်ရောက်စွက်ဖက်လာနိုင်သလို နောက်ဆုံးတွင် ရခိုင်ပြည်နယ်ကို ရိုဟင်ဂျာတိုင်းပြည်အဖြစ် ခွဲထွက်သွား အောင် လုပ်လာနိုင်တာကိုလည်း အားလုံးသတိရှိကြစေချင်ပါတယ်။
ယခုဆိုလျှင် ဘူးသီးတောင်၊ မောင်တောမှာ ပဋိပက္ခဖြစ်ရင် ရခိုင်လူမျိုးလူနည်းစုက ပြောင်းပြေးနေရပါပြီ။ အစိုးရ၀န်ထမ်းများပင် မနေရဲမသွားရဲကြတော့တဲ့ အခြေအနေကို ရောက်ရှိနေပြီဖြစ်သည်။ နောက်ပိုင်း ရခိုင် ပြည်နယ်မြောက်ပိုင်းဒေသဟာ ကိုဆိုဗိုလိုဖြစ်လာမှာလားလို့ စိုးရိမ်ထိတ်လန့်မိပါတယ်။ တကယ်တော့ အခုရခိုင် ပြည်နယ်က ပြဿနာဟာ ဘာသာရေးကို အကြောင်းပြပြီး လူမျိုးရေးဝါးမျိုမှုတစ်ခုပြုလုပ်ကာ ဘာသာရေးအရှုပ် အထွေးပဋိပက္ခများအကြားမှာ ရခိုင်ပြည်နယ်နဲ့ ရခိုင်လူမျိုးတို့ကို အရိုင်းအစိုင်းများသဖွယ် ဖန်တီး၍ မြန်မာပြည် ကိုဖြိုခွဲမယ့် CIA ရဲ့အကြံအစည်လားလို့ တွေးစရာရှိလာပါတယ်။
ယခုဆိုရင် ကုလရဲ့ ကိုယ်စားလှယ်တွေ မြန်မာပြည်ကိုရောက်လာတိုင်း ဘင်္ဂလီ-ရိုဟင်ဂျာပြဿနာကို မီးထိုးပြနေတဲ့ခြေလှမ်းတွေကိုကြည့်ပြီး သူတို့ရဲ့ရည်ရွယ်ချက်ရှိလှတဲ့ ဖန်တီးမှုတွေကို သတိထားရှုမြင်လာရပါတယ်။ ရန်ဟီးလီလာရောက်စဉ်ကလည်း မီဒီယာတွေကို ရွေးချယ်ဖိတ်ခေါ်ခဲ့ခြင်းက စိတ်ဝင်စားစရာဖြစ်လာပါတယ်။ ဘင်္ဂါလီဘက်ကို အမြဲရပ်တည်ကာ အလေးပေးဖော်ပြတဲ့ မီဒီယာများအပါအ၀င် ဗုဒ္ဓဘာသာဝင်များကို အရိုင်းအစိုင်း အကြမ်းဖက်သမားများအဖြစ် အမြဲတစေရေးသားလေ့ရှိတဲ့ ဆောင်းပါးရှင်များကိုသာ သီးသန့်တွေ့ဆုံခဲ့ခြင်းက ရန်ဟီးလီနဲ့ ကုလရဲ့ဘင်္ဂါလီအရေးအပေါ်တွင်ထားရှိသော သဘောထားကိုပေါ်လွင်ထင်ရှားစေသလို ပြည်တွင်း ပြည်ပက လောက်ကောင်တွေကိုလည်း ဘင်္ဂါလီ-ရိုဟင်ဂျာလူမျိုးရေးကိစ္စမှာ အသုံးချလာနိုင်ဖွယ်ရှိတယ်လို့လည်း သုံးသပ်ရပါတယ်။
အမေရိကန်နဲ့ ကုလအနေနဲ့ ရခိုင်ပြည်နယ်မှာ လူနည်းစုဘင်္ဂါလီတွေခွဲခြားဆက်ဆံခံနေရတယ်လို့ အမြဲပြော ပေမယ့် တကယ်တမ်းတော့ ဘင်္ဂါလီတွေဟာ လူနည်းစုမဟုတ်တော့သလို ရခိုင်တိုင်းရင်းသားတွေကသာ အမေရိကန်နဲ့ကုလရဲ့ ခွဲခြားဆက်ဆံမှုကိုခံနေရတာပဲ ဖြစ်ပါတယ်။ နောက်တစ်ချက်က ကုလနဲ့အမေရိကန်ဟာ တိုင်းရင်းသားလုံးဝမဟုတ်တဲ့ ဘင်္ဂါလီတွေကို ရိုဟင်ဂျာလို့ပဲ အမြဲသုံးနှုန်းပါတယ်။ ရိုဟင်ဂျာဆိုတာ မြန်မာပြည်မှာ လုံးဝမရှိဘူးလို့ အစိုးရက တရားဝင်ထုတ်ဖော်ပြောဆိုထားတာဖြစ်သလို မြန်မာပြည်သူအားလုံးကလည်း ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လုံးဝလက်မခံပါဘူး။ အဆုံးအစွန်ပြောရမည်ဆိုလျှင် ဘင်္ဂါလီဖြစ်စေ၊ ရိုဟင်ဂျာ ဖြစ်စေ မြန်မာနိုင်ငံရဲ့ နိုင်ငံသားအခွင့်အရေးကို ခံစားချင်ရင်တော့ ၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေအရ မြန်မာနိုင်ငံသားတစ်ယောက် စစ်စစ်ဖြစ်မှသာ အဲဒီအခွင့်အရေးကို ခံစားခွင့်ရရှိမှာ ဖြစ်ပါတယ်။
အမေရိကန်နဲ့ ကုလသမဂ္ဂဟာ ဒါကိုသိတဲ့အတွက် ၁၉၈၂-နိုင်ငံသားဥပဒေကိုတောင် ပြုပြင်ပြောင်းလဲဖို့ ဖိအားပေးတိုက်တွန်းလာတာတွေ့ရပါတယ်။ အမေရိကန်နဲ့ကုလတို့အနေနဲ့ မြန်မာတစ်နိုင်ငံလုံးမှာ ပျံ့နှံ့နေတဲ့ ဘင်္ဂါလီတွေကို ရိုဟင်ဂျာအမည်ပေးပြီး နိုင်ငံသားအခွင့်အရေးပေးပါလို့ လက်လွတ်စပယ်ပြောခွင့်မရှိပါဘူး။ ဒါဟာ မြန်မာ့ပြည်တွင်းရေးဖြစ်ပါတယ်။ ရခိုင်နဲ့စစ်တကောင်း ဘင်္ဂါလီတွေအကြားမှာဖြစ်တဲ့ လူမျိုးရေးပဋိပက္ခမဟုတ်ပါဘူး။ ဗုဒ္ဓဘာသာနဲ့ မွတ်စလင်ဖြစ်တဲ့ ဘာသာရေးအရှုပ်အထွေးလည်း မဟုတ်ပါဘူး။ အမျိုး ဘာသာ သာသနာပျောက် ကွယ် သွားမယ့်အရေးကို တစ်မျိုးသားလုံးကာကွယ်သွားရမယ့် အမျိုးသားရေးစစ်စစ်သာဖြစ်ပါတယ်။
ကုလသမဂ္ဂနဲ့ အမေရိကန်တို့အနေနဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်လာရင် ဘင်္ဂါလီအရေးတစ်ခုတည်းကိုပဲ အသားပေးပြောဆိုနေတာဟာ ကြိမ်ဖန်များစွာရှိလာကြောင်း မြင်တွေ့လာရပါတယ်။ လူဦးရေရှစ်သိန်းကျော်သော ဘင်္ဂါလီတွေကို နိုင်ငံသားအခွင့်အရေးပေးရန်ဆိုတဲ့ သူတို့ရဲ့တောင်းဆိုချက်ဟာ တရားမျှတမှုရှိပါရဲ့လားဆိုတာ သူတို့ကိုယ်တိုင် အသိဆုံးသာဖြစ်ပါလိမ့်မယ်။
ယခင် ယူဂိုဆလပ်ပြည်ထောင်စုထဲက ကိုဆိုဗိုလိုအဖြစ်မျိုးကို ယနေ့မြန်မာနိုင်ငံရဲ့ ရခိုင်ပြည်နယ်မှာ ပုံတူလာကူးချနေတာလားလို့ သုံးသပ်ရနိုင်ပါတယ်။ ဒါ့ကြောင့် မြန်မာတစ်မျိုးသားလုံးအနေနဲ့ အမျိုးသားရေးအသိ စိတ်နိုးကြားစွာရှိပြီး ရခိုင်ပြည်နယ်ကို ကိုဆိုဗိုကဲ့သို့ အဖြစ်မျိုးမရောက်စေရအောင် အားလုံးဝိုင်းဝန်းတားဆီး ကာကွယ်ကြပါစို့လို့ ဆန္ဒပြုမိပါကြောင်း။

No comments:

Post a Comment