Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Friday, September 25, 2015

ညီညွတ်မျှတ ငြိမ်းချမ်းမှုကိုဖော်ဆောင်သည့် အမျိုးစောင့်ဥပဒေ ပေါ်ပေါက်လာခြင်း အထိမ်းအမှတ် ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနား ဖိတ်ကြားလွှာ


ညီညွတ်မျှတ ငြိမ်းချမ်းမှုကိုဖော်ဆောင်သည့် အမျိုးစောင့်ဥပဒေ ပေါ်ပေါက်လာခြင်း အထိမ်းအမှတ် ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနား ဖိတ်ကြားလွှာ

__________________________________________
__________________________________________

ညီညွှတ်မျှတ ငြိမ်းချမ်းမှုကိုဖော်ဆောင်သည့် အမျိုးစောင့်ဥပဒေ ပေါ်ပေါက်လာခြင်း အထိမ်းအမှတ် ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားကြီးကို တစ်ဖက်ပါအစီအစဉ်အတိုင်း ခြိမ့်ခြိမ့်သဲ ကျင်းပလိုပါသောကြောင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီး၊ မြို့နယ်တိုက်နယ်အသီးသီးရှိ မဘသဦးဆောင်ဆရာတော်များနှင့် အမျိုး ဘာသာ သာသနာ ချစ်မြတ်နိုးသည့် ရဟန်း, ရှင်, သီလရှင်, ဒကာ, ဒကာမ မည်သူမဆို အားပေးဂုဏ်ယူသောအားဖြင့် တက်ရောက်နိုင်ပါကြောင်း လေးစားစွာ ပင့်လျှောက်/ဖိတ်ကြား အပ်ပါသည်။

အခမ်းအနားအစီအစဉ်
^^^^^^^^^^^^^^^^^^^^^^^^^
နေ့ရက်။ တော်သလင်းလပြည့်ကျော် ၆-ရက်၊ ၁၃၇၇-ခု၊ (အောက်တိုဘာ ၄၊ ၂၀၁၅) တနင်္ဂနွေနေ့။

အချိန်-နေ့လယ် (၂း၀၀)နာရီ။

နေရာ- သုဝဏ္ဏအားကစားရုံ(၁)၊ ဝေဇယန္တာလမ်းမကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

မှတ်ချက်
^^^^^^^^^^

-နေ့လယ် (၁၂း၀၀)နာရီမှစတင်၍ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုများဖြင့် ဖျော်ဖြေဂုဏ်ပြုခြင်း၊

-စတုဒိသာကျွေးမွေးလှူဒါန်းခြင်းများ ပါဝင်ပါသည်။
-မည်သူမဆို တက်ရောက်အားပေးနိုင်ပါသည်။
-မိမိတို့အစီအစဉ်ဖြင့် ကြွရောက်ကြပါရန်.....

မဘသ(ဗဟို)
Arkar

Wednesday, September 23, 2015

NLD ပါတီ ရွေးကောက်ပွဲအောင်နိုင်ရေးကို မဘသအဖွဲ့က နှောက်ယှက်လျက်ရှိကြောင်း သတင်းများ ပြန့်နှံ့နေမှုအပေါ် မဘသ(ဗဟို)၏ သဘောထားထုတ်ပြန်ကြေညာချက်



သဘောထားထုတ်ပြန် ကြေညာချက်

မဘသအဖွဲ့ကြီးသည်-

၁။ အမျိုးသားရေး, ဘာသာရေး, သာသနာရေးများကိုသာ ဦးတည်ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။

၂။ မည်သည့်အစိုးရ, မည်သည့်ပါတီ, မည်သည့်ပုဂ္ဂိုလ်၏ သြဇာခံ နောက်လိုက်မဟုတ်ပါ။

၃။ အမျိုး ဘာသာ သာသနာအတွက်ဆိုလျှင် မည်သူနှင့်မဆို လက်တွဲဆောင်ရွက်သွားမည်သာ ဖြစ်ပါသည်။

၎။ တိုင်းပြည်နှင့်လူမျိုး, အမျိုး ဘာသာ သာသနာ ဖျက်ဆီးနေသည့် ဖျက်ဆီးနိုင်သည့် အန္တရာယ်များကို လည်း အခြားပုဂ္ဂိုလ်ရေး, ပါတီရေး, မည်သူ့မျက်နှာကိုမျှ မထောက်ညှာဘဲ ဓမ္မဓိဌာန်ကျကျ တွန်းလှန်ဖယ်ရှားသွားမည်သာဖြစ်ပါသည်။ သူ့တာဝန်သူထမ်းနေသည့် ရထားနှင့် ရထားလမ်းပမာ ကိုယ် အနေ-မတက်၍ ဓမ္မစက်ဝါးမျိုခံရခြင်း, အကြိတ်ခံရခြင်းသည် ဓမ္မစက်၏ တာဝန်မဟုတ်ပါ။
ဓမ္မစက်သဘောသည် သူ့အလုပ်သူလုပ်နေမည်သာ ဖြစ်သည်။

၅။ မဘသအဖွဲ့ကြီးမှ မည်သည့်ပါတီ, မည်သည့်ပုဂ္ဂိုလ်ကိုမျှ ပုဂ္ဂလဓိဋ္ဌာန် နှောက်ယှက်ခြင်း, တိုက်ခိုက်ခြင်း လုံးဝ မရှိပါ။ (အချို့သော သူများ၏ ပုဂ္ဂိုလ်ရေးအရ ပြောဆိုခြင်းသည် မဘသအဖွဲ့ကြီးနှင့် မဆိုင်ပါ)

NLD ပါတီ (ဗဟို) ဥက္ကဋ္ဌ ဦးတင်ဦးက-

NLD ပါတီ ရွေးကောက်ပွဲအောင်နိုင်ရေးကို အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ)က နှောက်ယှက်လျက်ရှိကြောင်း

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ NLD ဗဟို အောင်နိုင်ရေးရုံးတွင် စက်တင်ဘာလ ၂၁-ရက်နေ့က ပြုလုပ်သည့် ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု သတင်းများ ပြန့်နှံ့နေပါသည်။

အဆိုပါပြောကြားချက် အမှန်ဖြစ်ပါက-

(က) NLD ပါတီ ထိပ်တန်းခေါင်းဆောင်တစ်ဦးအနေဖြင့် တာဝန်မဲ့ လက်လွတ်စပယ် ပြောကြားမှုမျိုး ဖြစ်သည်ဟုလည်းကောင်း၊

(ခ) အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးလုပ်ရပ်ကို ပျက်စီးရာ ပျက်စီးကြောင်း လုပ်ရပ်ဖြစ်သည်ဟုလည်းကောင်း၊

မှတ်ယူကြောင်း မဘသအဖွဲ့ကြီးက သဘောထားထုတ်ပြန်လိုက်သည်။

ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဌ၊ မဘသအဖွဲ့(ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။

စာအမှတ်၊ ၀၀၄၀/စီမံ-မဘသ/ ၂၀၁၅
နေ့စွဲ၊ ၁၃၇၇-ခု၊ တော်သလင်းလဆန်း(၁၀)ရက်
(စက်တင်ဘာ ၂၃-ရက်၊ ၂၀၁၅)၊ ဗုဒ္ဓဟူးနေ့။
Arkar

Tuesday, September 22, 2015

နိုင်ငံလုံးဆိုင်ရာ အမျိုးစောင့်ဥပဒေအောင်မြင်မှု အထိမ်းအမှတ် ဂုဏ်ပြုကြိုဆိုပွဲ နေ့ရက်နှင့်ဌာန ရွေ့ဆိုင်းကျင်းပမည်ဖြစ်ကြောင်း အသိပေးညွှန်ကြားခြင်း



အသိပေးညွှန်ကြားချက် (၉)
***********************************
**********************************
နိုင်ငံလုံးဆိုင်ရာ အမျိုးစောင့်ဥပဒေအောင်မြင်မှု အထိမ်းအမှတ် ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားကို ၂၀၁၅-ခု၊ စက်တင်ဘာ ၂၈ရက်နေ့တွင် ရန်ကုန်မြို့ MCC ခန်းမ၌ ကျင်းပရန် ကြေညာထားသော်လည်း-

၁။ ၂၈-ရက်နေ့ အခမ်းအနားမီအောင် ပြင်ဆင်ရန် အချိန်မလုံလောက်ခြင်း၊

၂။ ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီး၌ ကျင်းပနေသည့်ပွဲများနှင့် နီးကပ်နေသဖြင့် ဗဟို၌ကျင်းပမည့် နိုင်ငံလုံးဆိုင်ရာ အခမ်းအနားပွဲကြီးသို့ လာမည့်သူများ ပွဲပန်းနေ၍ လာရန် အခက်အခဲရှိနေခြင်း-

စသောအခက်အခဲများ ရှိနေပါ၍ နောက်တစ်ပါတ်လောက်ရွှေ့ဆိုင်းပြီး ကျင်းပဖို့ ရည်ရွယ်ထားသဖြင့် မူလအစီအစဉ်ကို ခေတ္တရပ်ဆိုင်းထားပါသည်၊ ရွှေ့ဆိုင်းကျင်းပမည့် နေ့ရက်နှင့်ဌာန အတိအကျကို မကြာမီအချိန်အတွင်း ထပ်မံအသိပေး ကြေညာသွားမည် ဖြစ်ပါသည်။

ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဌ၊ မဘသအဖွဲ့(ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။

စာအမှတ်၊ ၀၀၀၉/စီမံ-မဘသ/ ၂၀၁၅
နေ့စွဲ၊ ၁၃၇၇-ခု၊ တော်သလင်းလဆန်း(၁၀)ရက်
(စက်တင်ဘာ ၂၃-ရက်၊ ၂၀၁၅)၊ ဗုဒ္ဓဟူးနေ့။


Arkar

Monday, September 21, 2015

နိုင်ငံလုံးဆိုင်ရာ အမျိုးစောင့်ဥပဒေအောင်မြင်မှု အထိမ်းအမှတ် ဂုဏ်ပြုကြိုဆိုပွဲ ဖိတ်ကြားခြင်း


******************************************
*******************************************
အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ကြီးမှ ဦးဆောင်တောင်းဆို၍ုပြည်သူများလိုလားတောင်းတချက်နှင့်အတူ နိုင်ငံတော်အစိုးရက ရေးဆွဲအတည်ပြု ပြဋ္ဌာန်းပေးလိုက်သော အမျိုးစောင့်ဥပဒေ ၄-ရပ်လုံး ပေါ်ထွက်လာခဲ့ပြီ ဖြစ်ပါသည်။
မြန်မာ့သမိုင်းတွင် မပေါ်ပေါက်ဖူးသေးဘဲ ယနေ့ခေတ်အချိန်ကျမှ အောင်မြင်စွာ ပေါ်ထွက်လနိုင်ခဲ့သည့်အတွက် ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးတို့၌ ဂုဏ်ပြုကြိုဆိုပွဲများ ကျင်းပလျက်ရှိနေပါသည်။
နိုင်ငံလုံးဆိုင်ရာ အမျိုးစောင့်ဥပဒေအောင်မြင်မှု အထိမ်းအမှတ် ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားကြီးကို အောက်ပါအစီအစဉ်အတိုင်း ခြိမ့်ခြိမ့်သဲကျင်းပလိုပါသောကြောင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီး၊ မြို့နယ်တိုက်နယ်အသီးသီးရှိ မဘသဦးဆောင်ဆရာတော်များနှင့် အမျိုး ဘာသာ သာသနာ ချစ်မြတ်နိုးသည့် ရဟန်း, ရှင်, သီလရှင်, ဒကာ, ဒကာမ မည်သူမဆို အားပေးဂုဏ်ယူသောအားဖြင့် တက်ရောက်နိုင်ပါကြောင်း လေးစားစွာ ပင့်လျှောက်/ဖိတ်ကြား အပ်ပါသည်။
နေ့ရက်- တော်သလင်းလပြည့်၊ ၁၃၇၇၊ (စက်တင်ဘာ ၂၈၊ ၂၀၁၅) တနင်္လာနေ့။
အချိန်- နေ့လယ် ၂း၀၀-နာရီ။
နေရာ- MCC-ခန်းမ၊ မင်းဓမ္မလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
မှတ်ချက်။ ။ မိမိတို့အစီအစဉ်ဖြင့် ကြွရောက်ကြပါရန်။
အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို)
Arkar

Tuesday, September 8, 2015

ခြုံတတ်မှ လုံ (အရှင်တိလောကာဘိဝံသ) သာကီသွေးဂျာနယ်၊ အတွဲ(၃)၊ အမှတ်(၆)၊


ခြုံတတ်မှ လုံ
(အရှင်တိလောကာဘိဝံသ)
သာကီသွေးဂျာနယ်၊ အတွဲ(၃)၊ အမှတ်(၆)၊
----------------------------------
----------------------------------
ဝါခေါင်လပြည့်ကျော် ၁-ရက်၊ ၁၃၇၇-ခု၊ သြဂုတ်လ ၃၁-ရက်၊ ၂၀၁၅-ခု၊ တနင်္လာနေ့သည် မြန်မာ့သမိုင်းတွင် ထူးခြားသည့်နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် မြန်မာ့သမိုင်းတစ်လျှောက် မပေါ်ပေါက်ဖူးသေးသည့် အမျိုးစောင့်ဥပဒေ ၄-ရပ်လုံး စတင်အတည်ဖြစ်သော နေ့ထူးနေ့မြတ်ဖြစ်သောကြောင့်တည်း၊ မြန်မာဥပဒေပြုလွှတ်တော်ကြီး ၃-ရပ်က မဲအပြတ်အသတ်ဖြင့် အတည်ပြုပေးလိုက်သော အမျိုးစောင့်ဥပဒေကို နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်က နောက်ဆုံးလက်မှတ်ရေးထိုးလိုက်ခြင်းကြောင့် မြန်မာ့အမျိုးစောင့်ဥပဒေ ပေါ်ပေါက်လာပါပြီ။
ရတနာပုံခေတ်ကုန်ဆုံးသည့် မြန်မာတို့ ထီးကျိုးနန်းပျောက် ကိုလိုနီလက်အောက်ရောက်ချိန်မှစ၍ ယနေ့တိုင်အောင် နှစ်ပေါင်း ၁၀၀-ကျော်အတွင်း လူမျိုးခြား၊ ဘာသာခြားများနှင့် အိမ်ထောင်ပြုမိသော မြန်မာအမျိုးသမီးများသည် သူတို့ပြုသမျှ နုကြရသည်။ ဘာသာခြားများ၏ အိမ်ထောင်ခန်းဥပဒေအတိုင်း ဆုံးဖြတ်မှုကိုသာ ခံခဲ့ကြရသည်။ အထူးအားဖြင့် အစ္စလာမ် ဘာသာဝင်များနှင့် အိမ်ထောင်ပြုမိကြသော မြန်မာအမျိုးသမီးများမှာ အနစ်နာဆုံးဖြစ်ခဲ့ရသည်။ မည်သူကမျှ ၀င်ရောက် မကယ်တင်နိုင်ရှာကြ။
အမျိုးဘာသာစောင့်ဥပဒေများ
မြန်မာနိုင်ငံရှိ ဟိန္ဒူ၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ အစ္စလာမ်ဘာသာကြီး ၄-ရပ်တွင် ဗုဒ္ဓဘာသာမှ အခြားသောဘာသာ ၃-မျိုးတို့၌ -
၁။ ဘာသာတူအချင်းချင်းသာ လက်ထပ်ထိမ်းမြားရန်၊ ဘာသာခြားနှင့် လက်ထပ်ထိမ်းမြားမှုမပြုရန်၊
၂။ ဘာသာခြားနှင့် လက်ထပ်ထိမ်းမြားပါက မိမိဘာသာဘက်သို့ ပြောင်းမှသာ တရားဝင်ဖြစ်သည်။ မပြောင်းလျှင် တရားဝင်မဖြစ်။
၃။ သူတို့ဘာသာ ထုံနည်းဥပဒေအရမဟုတ်လျှင် တရားဝင်ဇနီးမယားမဟုတ်ရုံမက ပြင်းထန်သောပြစ်ဒဏ်များပင် ခံကြရသည်။
စသည်ဖြင့် သူတို့ဘာသာဆိုင်ရာ အမျိုးစောင့်ဥပဒေများရှိကြသည်။
ဗုဒ္ဓဘာသာ၌ ထိုကဲ့သို့ဥပဒေမျိုးမရှိ၊ မည်သည့် ဘာသာဝင်နှင့်မဆို လက်ထပ်ခွင့်ရှိကြသည်။ ၁၉၅၄-ခုနှစ် လက်ထပ်ထိမ်းမြားခြင်းဥပဒေ ထုတ်ပြန်ခဲ့သော်လည်း ဘာသာ ကာကွယ်မှုဥပဒေ လုံးဝမပါ,ပါ။ ထို့ကြောင့် မြန်မာတိုင်းရင်းသူ/သားများအပါအ၀င် ဗုဒ္ဓဘာသာဝင်များသည် ဘာသာခြားနှင့် လက်ထပ်ထိမ်းမြားမိပါက ယနေ့ အမျိုးစောင့်ဥပဒေ အသက်မ၀င်သေးသည့် အချိန်ကာလတိုင်အောင် နှစ်ပေါင်းများစွာ ဘာသာကိုးကွယ်မှု အခွင့်အရေး၊ လူမျိုး အခွင့်အရေး၊ အိမ်ထောင် အခွင့်အရေး စသည်ဆုံးရှုံးခဲ့ရလေပြီ။
ယခုတော့ မြန်မာအမျိုးသမီး/သားများအနေဖြင့် ဘာသာခြား၊ လူမျိုးခြားများနှင့် အိမ်ထောင်ပြုမိကြသောအခါ မြန်မာ့ အမျိုးစောင့်ဥပဒေ၏ အကာအကွယ်ရရှိမည်ဖြစ်၍ တစ်ဖက်သတ်အနစ်နာခံရမည် မဟုတ်တော့၊ လူငယ်လူရွယ်များသည် ချစ်ရေး၊ ကြိုက်ရေးနှင့် ကြုံတွေ့လာသောအခါ အကျိုးအကြောင်း၊ အဆိုးအကောင်း မမြင်နိုင်ကြဘဲ အလွယ်တကူ အိမ်ထောင်ရေးနယ်ပယ်ထဲသို့ ရောက်သွားမိကြသည်။ (အံ-၂၊ ၄၇၁) နောင်တစ်ချိန် ဒုက္ခရောက်သောအခါကျမှ မရှူနိုင် မကယ်နိုင်ဖြစ်ကြရသည်။ ထိုကဲ့သို့ အချစ်နယ်ကျွံမိကြသူများအတွက် ဤအမျိုးစောင့်ဥပဒေက အထိုက်အလျောက် အကာအကွယ်ပေးနိုင်ပါလိမ့်မည်။
ခြုံတတ်မှ လုံ
အမျိုးစောင့်ဥပဒေက မြန်မာလူမျိုးများအတွက် လုံခြုံအောင် အကာအကွယ်ပေးနိုင်သည်ဆိုသော်လည်း ယူတတ်မှ ရ, ခြုံတတ်မှ လုံ ဆိုသည့်အတိုင်း အချစ်နယ်မကျွံမီ (သို့မဟုတ်) အိမ်ထောင်မပြုမီ ဥပဒေ၏အကာအကွယ် ပါးပါးနပ်နပ် ရအောင်ယူတတ်ဖို့၊ လုံအောင်ခြုံတတ်ဖို့တော့ လိုပါသည်။ မသမာသူလူယုတ်မာများ၏ လှည့်ကွက်ထဲမ၀င်မိဖို့၊ မကျွံမိဖို့ သတိထားရမည် ဖြစ်ပါသည်။ ယနေ့ တစ်ကမ္ဘာလုံးတွင် ဒုက္ခပေးနေကြသော ကမ္ဘာ့အော့ကြောလန် အချို့သော ဘာသာခြား လူမျိုးခြားများသည် သူတို့လူမျိုး၊ သူတို့ဘာသာအတွက် ကြည့်ကြသည်။ ဘယ်သူသေသေ ငတေမာပြီးရော သဘောထား ကြသည်။ သူတို့သည် အခြားလူမျိုး အခြားဘာသာများကို အနုနည်းနှင့် သိမ်းသွင်းလို့ရလျှင်ရ မရလျှင် အကြမ်းနည်းဖြင့် လူမျိုးရော ဘာသာကိုပါ ၀ါးမျိုလေ့ရှိကြသည်။
အဆိုပါဝါးမျိုမှုများကြောင့် ကမ္ဘာအရပ်ရပ်၌ ဗုဒ္ဓဘာသာပျောက်ကွယ်ခဲ့ရချည်းသာများသည်။ သူတို့သည် အခြားလူ မျိုး၊ အခြားဘာသာများကို မျိုးမပွားရန်၊ မျိုးတုံးရန် နည်းအမျိုးမျိုးဖြင့် လုပ်လေ့ရှိကြသည်။ မုန့်ပဲသရေစာများ၌ လည်းကောင်း၊ ကွမ်းစားဆေးများ၌လည်းကောင်း၊ စသည် စသည်ဖြင့် အန္တရာယ်ပေးကြသည်ဟု ကြားသိရသည်။ သူတို့၏ မျိုးရိုးဗီဇပွားများ အောင်လည်း နည်းအမျိုးမျိုးဖြင့် ကြံဆောင်ကြသည်။ သူတို့ဘာသာဝင် သူဋ္ဌေးကြီးများ၊ အဖွဲ့အစည်းကြီးများကလည်း လိုသလောက် ပံ့ပိုးကူညီပေးနေကြသည်။
သူတို့သည် ရသည့်နည်းဖြင့် မြေကိုယူကြသည်။ လူကိုယူကြသည်။ မြန်မာအမျိုးသမီးများကို ရင်းနှီးအောင်လုပ်၍ တစ်မျိုး၊ ငွေကြေးကူညီထောက်ပံ့၍တစ်ဖုံ၊ လုပ်ငန်းကူညီထောက်ပံ့၍တသွယ်၊ အလုပ်အကိုင် ရာထူးခန့်၍တစ်နည်း စသည်စသည်ဖြင့် အမျိုးမျိုးသိမ်းသွင်းကြသည်။ သူတို့ခွင်ထဲရောက်သည်နှင့် တစ်ပြိုင်နက် လူကိုမရသည့်တိုင်အောင် ကိုယ်ဝန်မျိုးစေ့တော့ ပေးလိုက်ကြသည်။ စီးပွါးရေးနွမ်းပါး၊ အသိဉာဏ်နည်းပါးသည့် အမျိုးသမီးတော်တော်များများ သူတို့လက်တွင်း ရောက်သွားကြရသည်။ ကျောင်းသူငယ်လေးများကို ကျောင်းစရိတ်ထောက်ပံ့ပေး၍လည်း သိမ်းသွင်းကြ သည်။ စီးပွားရေးနွမ်းပါး၊ အသိဉာဏ်နည်းပါးသည့် အမျိုးသမီးများကိုမဆိုထားဘိ ဆရာဝန်အမျိုးသမီးများ၊ ပညာတတ်အမျိုး သမီးများ၊ ၀န်ကြီး၊ ဗိုလ်ချုပ် စသောဂုဏ်သရေရှိ သားသမီးများသည်ပင် သူတို့လက်တွင်းကျရောက်နေကြသည်မှာ ဒုနှင့်ဒေးပင် ဖြစ်သည်။
နိုင်ငံတော်ဘာသာ ဥပဒေကဲ့သို့ မဖြစ်စေရန်
၁၉၆၁-ခုနှစ်၊ သြဂုတ်လ ၂၆-ရက်၊ ၀ါခေါင်လပြည့်နေ့၌ ပြည်သူ့လွှတ်တော်၊ လူမျိုးစုလွှတ်တော် ၂-ရပ်စုံညီအစည်း အဝေး၌ ထောက်ခံမဲ ၃၂၄-မဲ၊ ကန့်ကွက်မဲ ၂၈-မဲဖြင့် သမ္မတကြီးလက်မှတ်ရေးထိုးလျှက် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ အဖြစ် သတ်မှတ်ခဲ့ဖူးပါသည်။ သို့သော် ၁၉၆၂-ခုနှစ် အာဏာသိမ်းတော်လှန်ရေးကောင်စီက နိုင်ငံတော်ဘာသာဥပဒေကို နိုင်ငံတော်အစိုးရများမှ တရားဝင်ခွင့်ပြုထားခြင်း မရှိတော့ပါ။ အမျိုးစောင့်ဥပဒေလည်း ထိုကဲ့သို့မဖြစ်စေရန် အထူးသတိပြုဖို့ လိုအပ်သည်။ အမျိုးစောင့်ဥပဒေ လွှတ်တော်သို့တင်သွင်းရာ၌ မထောက်ခံသူ ကန့်ကွက်သူများ ၂၀၁၅ ရွေးကောက်ပွဲ၌ အနိုင်ရသွားပါက မြန်မာ့အမျိုးစောင့်ဥပဒေကို ဧကန်မုချ ဖျက်ပစ်ကြမည်မှာ မလွဲပေ။ ထို့ကြောင့် အမျိုးစောင့်ဥပဒေ ဖျက်မည့်သူများကို ရှောင်ကွင်း၍ အမျိုးစောင့်ဥပဒေကာကွယ်မည့်သူများကိုသာ ကိုယ်စားလှယ်အဖြစ် ရွေးချယ်ကြရန်လည်း အဓိကလိုအပ်ပါသည်။
ယခုပေါ်ပေါက်ခဲ့သော အမျိုးစောင့်ဥပဒေမျိုး နောင်မည်သည့်နည်းနှင့်မျှ ပေါ်ပေါက်ဖို့မလွယ်ကူပေ။ အမျိုးစောင့် ဥပဒေမရှိလျှင် အင်ဒိုနီးရှား၊ မလေးရှားစသည့် နိုင်ငံတို့ကဲ့သို့ ဗုဒ္ဓဘာသာမြန်မာပြည်မှာ မကြာမီပျောက်ကွယ်သွားတော့မည်။ မြန်မာပြည်မှာ ဗုဒ္ဓဘာသာမပျောက်ကွယ်နိုင်ပါဟု ထင်မနေကြနှင့်၊ သွေးအေးနေလျှင် သာသနာပျောက်လို့ လူမျိုးပျောက်ဖို့ ကြုံလိမ့်မည် ဆိုသည့်အတိုင်း သွေးအေးမနေသင့်ကြတော့ပြီ။
အို … မြန်မာလူမျိုးများတို့ -
၁။ တိုင်းပြည်နှင့် လူမျိုးအတွက် အကောင်းဆုံးပြုပြင်ပြောင်းလဲပေးနိုင်မည့်သူများ၊ ပါတီများ မြောက်မြားစွာရှိနေ ပါသည်။
၂။ ပြည်သူလူထုအတွက်ပြောပြီး ခဲခဲယဉ်းယဉ်းရထားသော အမျိုးစောင့်ဥပဒေဖျက်မည့်သူများ၊ ဘာသာခြား၊ လူမျိုးခြားများအတွက် လုပ်ပေးနေသူ ဒေါ်လာစားများ၊ တိုင်းပြည်နှင့်လူမျိုးဖျက်ဖို့ ဘာသာခြား၊ လူမျိုးခြားများက ဘွဲ့ထူး၊ ဂုဏ်ထူးအပေးခံရသူများ၊ အာဏာမရမီကပင် အာဏာရှင်လုပ်ရပ်လုပ်နေသူများကို သိထားမြင်ထားဖို့ လိုနေပေပြီ။ ထိုသူ များကို ရှောင်ရှားဖို့၊ ကိုယ်စားလှယ်မရွေးဖို့ အရေးတကြီးလိုနေပေပြီ။
ရရှိထားသောအခွင့်အရေးဖြစ်သည့် အမျိုးစောင့်ဥပဒေကို လက်မလွတ်ရန် ကာကွယ်ဖို့လိုအပ်သလို ထိုအမျိုးစောင့် ဥပဒေခြုံစောင်ဖြင့် လုံအောင်ခြုံတတ်ဖို့ အရေးကြီးကြောင်းတင်ပြရင်း ခြုံတတ်မှ လုံ ဟူသော ဆောင်းပါးကို အဆုံးသတ် အပ်ပါသတည်း။ ။
ဝါခေါင်လပြည့်ကျော် ၈-ရက်၊ ၁၃၇၇-ခု၊ အရှင်တိလောကာဘိဝံသ (အင်းစိန်)
(စက်တင်ဘာလ -၇၊ ၂၀၁၅)၊ တနင်္လာနေ့။ ရွာမပရိယတ္တိစာသင်တိုက်၊အင်းစိန်မြို့။

Arkar

Sunday, September 6, 2015

ဘာသာပေါင်းစုံမှ ခေါင်းဆောင်များပါဝင်သည့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးပွဲကျင်းပသွားရန် မဘသ(ဗဟို)စီစဉ်ထား


မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် ဘာသာပေါင်းစုံနှင့် လူမျိုးပေါင်းစုံ ငြိမ်းငြိမ်းချမ်း ချမ်း ချစ်ကြည်ရင်းနှီးစွာနေထိုင်နိုင်ရေးအတွက် ဘာသာပေါင်းစုံမှ ခေါင်းဆောင်များပါဝင်သည့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးတစ်ရပ် ဖိတ်ခေါ်ကျင်းပသွားရန် စီစဉ်ထားကြောင်း မဘသ(ဗဟို)ဥက္ကဋ္ဌ ဆရာတော်ဘုရားကြီး အရှင်တိလောကာဘိဝံသမှ မိန့်ကြားလိုက်သည်။
မြန်မာနိုင်ငံမှာ ဟိန္ဒူ၊ ဗုဒ္ဓ၊ ခရစ်ယာန်၊ အစ္စလာမ် အစရှိသည့် ဘာသာကြီး ၄ ရပ်အ ပါအဝင် ဘာသာပေါင်းစုံ မှီတင်းနေထိုင်သော နိုင်ငံဖြစ်သည့်အလျောက် မလိုလားအပ်သည့် ဘာသာရေး၊ လူမျိုးရေးပြဿနာအချို့ ဖြစ်ပွားခဲ့ဖူးပြီး ဘာသာတစ်ခုနှင့် တစ်ခုကြား အထင်အ မြင်လွဲမှားမှုများ၊ သံသယများ၊ စိုးရိမ်ပူပန်မှုများလည်း ရှိနေကြသည်။ အဆိုပါအခြေအနေများ ကြောင့် မြန်မာနိုင်ငံအတွင်း နေထိုင်ကြသည့် ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံတို့ ချစ်ကြည်ငြိမ်း ချမ်းစွာ လက်တွဲနေထိုင်သွားရန်အတွက် သက်ဆိုင်ရာ ဘာသာရေးခေါင်းဆောင်များ တွေ့ဆုံညှိနှိုင်း အဖြေရှာကြရန် လိုအပ်လာသောကြောင့် ဘာသာပေါင်းစုံမှ ခေါင်းဆောင်များ ပါဝင်သည့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးအား အခါအားလျော်စွာ ကျင်းပသွားရန် မဘသ(ဗဟို)မှ စီစဉ်ထားခြင်းဖြစ်သည်။

ဗဟိုဥက္ကဋ္ဌဆရာတော်ကြီးက 'မြန်မာနိုင်ငံဟာ ဘာသာကြီး ၄ ရပ်အပါအဝင် ဘာသာ ပေါင်းစုံ မှီတင်းနေထိုင်ကြတဲ့ နိုင်ငံဖြစ်သည့်အလျောက် ဘာသာတစ်ခုနဲ့ တစ်ခုကြား အထင် အမြင်လွဲမှားမှုတွေ၊ သံသယပွားမှုတွေ ရှိနေတာကို ဆရာတော်တို့ တွေ့ရပါတယ်။ ဒီနိုင်ငံအတွင်း မှာ နေထိုင်တဲ့ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံတို့ ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်နိုင်ဖို့ဟာ မလွဲမသွေ လိုအပ်ပါတယ်။ ဒါကြောင့် မဘသ(ဗဟို)အနေနဲ့ ဘာသာပေါင်းစုံက ခေါင်းဆောင်တွေပါဝင် တဲ့ တွေ့ဆုံညှိနှိုင်းအစည်းအဝေးပွဲ ကျင်းပဖို့ ဆရာတော်တို့ စီစဉ်ထားတာဖြစ်ပါတယ်။ ဆွေးနွေး ပွဲကို အခါအားလျော်စွာ ကျင်းပဖို့ရှိနေပြီး ဒါဟာလည်း ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ ပဋိပက္ခတွေမဖြစ်ဘဲ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်စေချင်တဲ့ မဘသရဲ့ စေတနာကြောင့်ပါ'ဟု ၂ဝ၁၅ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့က မိန့်ကြားသွားခဲ့သည်။
မဘသ(ဗဟို)အနေဖြင့် ဘာသာပေါင်းစုံ တွေ့ဆုံဆွေးနွေးပွဲနှင့်ပတ်သက်၍ သက်ဆိုင်ရာ ဘာသာရေးခေါင်းဆောင်များ၊ အဖွဲ့အစည်းများကို ဆက်သွယ်သွားရန် စီစဉ်ထားပြီး
ဆွေးနွေး ပွဲနှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များကို မကြာမီရက်ပိုင်းများအတွင်း ကြေငြာသွား နိုင်ရန် မျှော်လင့်ထားကြောင်း ဗဟိုရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
Arkar

အမျိုးစောင့်ဥပဒေအောင်ပွဲများ၊ ကြိုဆိုထောက်ခံပွဲများ၊ ကျေးဇူးတင်ထိုက်သူများအား ကျေးဇူးတင်ဂုဏ်ပြုပွဲများ ပြုလုပ်ရာတွင် စနစိတကျ သေသေ၀ပ်ဝပ် မိမိ သူတစ်ပါး ၂-ဦးသား ထိခိုက်နစ်နာမှုမရှိစေရန် မဘသအဖွဲ့ကြီး(ဗဟို)မှ အသိပေးညွှန်ကြားချက် အမှတ်(၈) အားထုတ်ပြန်

“မ.ဘ.သ(ဗဟို)၏အသိပေးညွှန်ကြားချက်(၈)”
*************************************
ဟိန္ဒူ၊ ဗုဒ္ဓ၊ ခရစ်ယာန်၊ အစ္စလာမ်-အပါအဝင် ဘာသာပေါင်းစုံ မှီတင်းနေထိုင်ခဲ့သော မြန်မာနိုင်ငံ၌ မြန်မာ့တိုင်းရင်းသူ တိုင်းရင်းသားများအတွက် အိမ်ထောင်ခန်းဆိုင်ရာ စနစ်တကျ လုံလောက်သည့် ဥပဒေအကာအကွယ် မရှိခဲ့ခြင်းကြောင့် အိမ်ထောင်ခန်းဆိုင်ရာပဋိပက္ခများ ဖြစ်ပေါ်လာသောအခါတိုင်း ခေတ်အဆက်ဆက်မြန်မာ့တိုင်းရင်းသူ တိုင်းရင်းသားများ နစ်နာဆုံးရှုံးခဲ့ရပါသည်၊ ထို့ကြောင့် မြန်မာနိုင်ငံ အတွင်း၌ လူမျိုးရေး ဘာသာရေး ပဋိပက္ခများ မကြာမကြာ ဖြစ်ပေါ်ခဲ့ရပါသည်။


ထိုကဲ့သို့ ပဋိပက္ခများ မဖြစ်စေရန်နှင့် မြန်မာ့တိုင်းရင်းသူတိုင်းရင်းသားများ နစ်နာဆုံးရှုံးမှုမရှိစေရန် အခြားဘာသာများ၌ ဥပဒေအကာအကွယ်ရှိသည့်နည်းတူ မြန်မာ့တိုင်းရင်းသူတိုင်းရင်းသားများအတွက် လုံလောက်သည့် ဥပဒေအကာအကွယ် မရှိမဖြစ် လိုအပ်သောကြောင့် မြန်မာနိုင်ငံ အမျိုး ဘာသာ သာသနာ ချစ်မြတ်နိုးသည့် ရဟန်းရှင်လူ ပြည်သူများက အမျိုးစောင့်ဥပဒေ ပြဋ္ဌာန်းပေးရန် သက်ဆိုင်ရာတာဝန်ရှိသူများထံ တိုက်တွန်းတောင်းဆိုခဲ့ပါသည်၊ ထိုတိုက်တွန်းတောင်းဆိုချက်အရ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုလွှတ်တာ် ၃-ရပ်လုံးက အများစုမဲဆန္ဒဖြင့် ပြဋ္ဌာန်းပေးလိုက်သော အမျိုးစောင့်ဥပဒေကို နိုင်ငံတော် သမ္မတကြီးကလည်း လက်မှတ်ရေးထိုး အတည်ပြုပေးလိုက်ပါသည်။
ယခုအခါ ရဟန်းရှင်လူ ပြည်သူအများလိုလားသည့် အမျိုးစောင့်ဥပဒေ ပေါ်ပေါက်လာပြီဖြစ်ပါ၍ ထိုအမျိုး စောင့်ဥပဒေ အောင်ပွဲများ ကြိုဆိုထောက်ခံပွဲများ ကျေးဇူးတင်ထိုက်သူများကို ကျေးဇူးတင်ဂုဏ်ပြုပွဲများ မလွဲမသွေ လုပ်ကြရမည်ဖြစ်ပါသည်၊ အဆိုပါပွဲများ ကျင်းပပြုလုပ်သောအခါ-

၁။ အရပ်ထဲ လှည့်လည်၍ လမ်းလျှောက်ခြင်း၊ ကြွေးကြော်ခြင်း-စသည်တို့သည် ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်နိုင်သောကြောင့် အခမ်းအနားကျင်းပမည့်နေရာ၌ စည်းကမ်းတကျ ထိထိရောက်ရောက် ပီပီပြင်ပြင် အနှစ်သာရရှိရှိ ကျင်းပခြင်းသည်သာ အကောင်းဆုံးနည်းလမ်းဖြစ်သည်။

၂။ မလွှဲသာလို့ အပြင်ဘက်ထွက်လျှင်လည်း တာဝန်ရှိသူများ၏ ခွင့်ပြုချက်နှင့်အညီ စနစ်တကျ သေသေဝပ်ဝပ် မိမိသူတစ်ပါး ၂-ဦးသား ထိခိုက်နစ်နာမှုမရှိအောင် ကျင်းပဖို့လည်း လိုပါသည်။
အခမ်းအနားကျင်းပသူများ ထိုကဲ့သို့ဖြစ်အောင် ကျင်းပကြပါဟု အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ကြီး(ဗဟို)က အသိပေးညွှန်ကြားလိုက်သည်။

ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မ.ဘ.သအဖွဲ့(ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြဝါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။Arkar