Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Wednesday, November 19, 2014

အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ နိုဝင်ဘာလ အစည်းအဝေး ဆုံးဖြတ်ချက်များ နှင့် ပုံရိပ်များ

































အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ နိုဝင်ဘာလ အစည်းအဝေး ဆုံးဖြတ်ချက်များ

သာသနာတော်နှစ် ၂၅၅၈-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၆-ခုနှစ်၊ တန်ဆောင်မုန်း လပြည့်ကျော် ၁၂ရက်၊ ခရစ်နှစ် ၂၀၁၄-ခုနှစ်၊ နိုဝင်ဘာလ ၁၈ရက်၊ အင်္ဂါနေ့၊ နေ့လယ် ၁နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့၊ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို)ရုံး (ရွာမပရိယတ္တိစာသင်တိုက်၊ ဂန္တ၀င်ကျောင်းဆောင်ကြီးအောက်ထပ်၌ ကျင်းပအပ်သော အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) လပတ်အစည်းအဝေး (တတိယအကြိမ် ၊ နိုဝင်ဘာလ အစည်းအဝေး)ကို ကျင်းပတော်မူကြသည်။ မဘသအဖွဲ့ (ဗဟို)၏ ဗဟိုဦးဆောင်အဖွဲ့ဝင်များ၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ ကြွရောက်တော် မှုကြရာ ဥက္ကဋ္ဌဆရာတော်ကြီး၊ အထွေထွေအတွင်းရေးမှူးဆရာတော်ကြီး၊ တွဲဘက်အတွင်းရေးမှူး (၁)ဆရာတော်၊ တွဲဘက်အတွင်းရေးမှူး (၂) ဆရာတော်၊ တွဲဘက်အတွင်းရေးမှူး (၃) ဆရာတော်တို့ အပါအ၀င် ဆရာတော် (၅၀)ကျော်၊ လူပုဂ္ဂိုလ် ၄၀ကျော် တက်ရောက်ကြသည်။

မဘသအဖွဲ့(ဗဟို) နိုဝင်ဘာလ လပတ်အစည်းအဝေးက အောက်ပါဆုံးဖြတ်ချက် ၇-ချက်တို့ကို ဆုံးဖြတ်တော်မူကြသည်။

၁။ ရတနာသုံးပါးနှင့် သာသနာတော်အပေါ် စော်ကားနေသူ ဦးထင်လင်းဦး ကို မြန်မာနိုင်ငံလုံးဆိုင်ရာ ၀ံသာနုရက္ခိတအဖွဲ့က တရားဥပဒေနှင့်အညီ ဆောင် ရွက်၍ ရတနာသုံးပါးနှင့် သာသနာတော်ကို ကာကွယ်စောင့်ရှောက်ပေး ရန် မြန်မာနိုင်ငံလုံးဆိုင်ရာ ၀ံသာနုရက္ခိတအဖွဲ့အား တာဝန်ပေးရန်၊
၂။ အမျိုးစောင့်ဥပဒေ အမြန်ပေါ်ပေါက်ရေး လူထုဆန္ဒတောင်းဆိုပွဲများကို ဒီဇင်ဘာလမှစ၍ အမျိုးစောင့်ဥပဒေ မပေါ်ပေါက်မချင်း၊ အမျိုးစောင့်ဥပဒေ မရမချင်း ဆက်လက်တောင်းဆိုသွားကြရန်၊
၃။ တိုင်းပြုပြည်ပြု သာသနာပြု အောင်ဇေယျတုဂျာနယ်ကို ပိုင်ရှင်ဖြစ်သူမိသားစု က မဘသအဖွဲ့(ဗဟို)အား ၁၅-၁၁-၂၀၁၄နေ့တုန်းက လှူဒါန်းပြီးဖြစ်ကြောင်း ဂုဏ်ပြုမှတ်တမ်းတင်၍ တိုင်းပြုပြည်ပြု သာသနာပြု သာသနာပြု အောင်ဇေယျတု ဂျာနယ်ကို မဘသအဖွဲ့ (ဗဟို)က ဆက်လက်ဆောင်ရွက် ထုတ်ဝေသွားကြရန်၊
၎။ ယဉ်ကျေးလိမ္မာ ဗုဒ္ဓဓမ္မသင်တန်း (ပထမအဆင့်၊ ဒုတိယအဆင့်)အတွက် မင်္ဂလာဒုံမြို့၊ဇေတ၀န် ဓမ္မာရုံကျောင်းတိုက်၌ ဆရာဖြစ်သင်တန်းများ ဖွင့် လှစ်ဆောင်ရွက်သွားရန်၊
၅။ မြန်မာနိုင်ငံလုံးဆိုင်ရာ ၀ံသာနုရက္ခိတအဖွဲ့အား လမ်းညွှန်ကြီးကြပ်ပေးတော်မူ ရန် အလို့ငှာ လမ်းညွှန်ကြီးကြပ်ရေးအဖွဲ့ကို အောက်ပါဆရာတော်များဖြင့် ဖွဲ့စည်း ကြောင်းကြေညာချက်ထုတ်ပြန်ပေးရန်၊

(၁။ ဆရာတော်အရှင်ကုမာရ (ပန်းတနော်)၊ ၂။ ဆရာတော်အရှင်သီလက္ခန္ဓာဘိဝံ သ (ရန်ကုန်)၊ ၃။ ဆရာတော်အရှင်ပညာဝရ (သိမ်ဇရပ်)၊ ၄။ ဒေါက်တာ အရှင်ကောဝိဒ (မဇ္ဈိမဂုဏ်ရည်၊ ရန်ကုန်)၊ ၇။ အရှင်ဒေ၀ိန္ဒာလင်္ကာရာဘိဝံသ (စစ်ကိုင်း)၊ ၈။ အရှင်ဝိမလာ (မော်လမြိုင်)၊ ၉။ အရှင်သဒ္ဓမ (မုတ္တမ)၊ ၁၀။ အရှင်စန္ဒေဘာသ (ရမည်းသင်း)၊ စုစုပေါင်း ၁၀ပါးတို့ဖြင့် လမ်းညွှန်ကြီးကြပ်ရေး အဖွဲ့ ဖွဲ့စည်းထားပြီးဖြစ်ကြောင်း ကြေညာလိုက်သည်။)

၆။ အမျိုးပျောက်မှာ စိုးကြောက်စရာ သမိုင်းသင်ခန်းစာ မှတ်တမ်းစာအုပ်များကို မြို့နယ်မဘသအဖွဲ့၊ မဘသ(ဗဟို)အဖွဲ့တို့ ပူးပေါင်းရေးသားထုတ်ဝေကြရန်၊ (သက်ဆိုင်ရာမြို့နယ် မဘသအဖွဲ့က မူကြမ်းနှင့်ဓာတ်ပုံ အထောက်အထားများ ရရှိအောင် ပြုစုရန်၊ မဘသ(ဗဟို)အဖွဲ့က အချောသတ်မူရရှိအောင် တည်းဖြတ်၍ ထုတ်ဝေဖြန့်ချီရန်၊)
၇။ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့၊ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို)ရုံး(ရွာမပရိယတ္တိစာသင်တိုက်၊ ဂန္တ ၀င်ကျောင်းဆောင်တော်ကြီးအောက်ထပ်) ၌အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို) လပတ်အစည်းအဝေး (စတုတ္ထအကြိမ်၊ ဒီဇင်ဘာလအစည်းအဝေး)ကို သာသနာတော်နှစ် ၂၅၅၈-ခုနှစ်၊ ကောဇာသက္က ရာဇ် ၁၃၇၆-ခုနှစ်၊ ပြာသိုလဆန်း ၃ရက်၊ ခရစ်နှစ် ၂၀၁၄-ခုနှစ်၊ ဒီဇင်ဘာလ ၂၃-ရက်၊ အင်္ဂါနေ့၊ နေ့လယ် ၁-နာရီအချိန်တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာပေးရန် ဆုံးဖြတ်တော်မူကြပါသည်။
ဦးအောင်မြိုင် (မှတ်တမ်းဋ္ဌာန) ၁၉-၁၁-၂၀၁၄

No comments:

Post a Comment