Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Wednesday, December 10, 2014

သတိမှု ဂူမမြင် (အရှင်တိလောကာဘိဝံသ)

သတိမမူ ဂူမမြင်
သတိသည် မရှိမဖြစ် လိုအပ်သောအရာဖြစ်သည်။ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေး၊ ကုသိုလ်ရေး စသည် အရေးအားလုံးအတွက် သတိတရားသည် အသက်သွေးကြောဖြစ်သည်။ ထို့ကြောင့်-
“သတိလက်လွတ်ငှက်တောင်ကျွတ်” ဟုလည်းကောင်း၊
“သတိမမူ ဂူမမြင်”ဟုလည်းကောင်း
“ပမာဒေါမစ္စုနောပဒံ” ဟုလည်းကောင်း စသည်ဖြင့် လောကရေး ဓမ္မရေးတို့၌ ပြောဆိုသုံးနှုန်း ရေးသားကြသည်။ သတိမရှိလျှင် သတိမထားလျှင် သက်ရှိသတ္တ၀ါလည်း သေသွားမည်၊ အသက်ထွက်သွားမည်၊ အဖွဲ့အစည်း စသည်သည်လည်း သေသွားမည်၊ အရေးအရာအားလုံး ပျက်သုဉ်းသွားမည်ဟု ဆိုလိုသည်၊ သတိသည် သက်ရှိ သက်မဲ့ အရေးအရာအားလုံး မပျက်သုဉ်းအောင် ထိန်းကျောင်းပေးနေသည်။ လမ်းညွှန်ပေးနေသည်၊ တပ်လှန့် ပေးနေသည်၊ ကြိုးကိုင်ပေးနေသည်၊

ထို့ကြောင့် မြတ်ဗုဒ္ဓက-
“အပ္ပမာဒေါအမတံပဒံ (သတိသည် မသေကြောင်း မပျက်သုဉ်းကြောင်းတရား)” ဟု ဟောကြားထားသည်။
သတိတရား လက်ကိုင်ထားနေသမျှ မပျက်သုဉ်းနိုင်၊ မဆုတ်ယုတ်နိုင်၊ ရှင်သန်နေမည်၊ တိုးတက်နေမည်၊ အောင်မြင်နေမည်၊ သတိသည် စွမ်းအင်လည်းဖြစ်သည်၊ စွမ်းအားလည်းဖြစ်သည်၊ သတိပိုင်ရှင်သည် သူများကို လွှမ်းမိုးအောင်မြင်နိုင်ခြင်းကြောင့် သတိဗိုလ်ဟု ကျန်းဂန်တို့၌ သုံးနှုန်းသည်။
သတိစွမ်းအား ပြည့်စုံသူသည် ဗိုလ်ဖြစ်နိုင်သည်။ မြစ်၊ ချောင်း၊ အင်း၊ အိုင်မှန်သမျှ သမုဒ္ဒရာသို့သာ သက်ဝင်သကဲ့သို့ ကောင်းမှုမှန်သမျှ သတိ၌ သက်ဝင်ကြသည်။
အင်းစိန်ရွာမဆရာတော်ဘုရားကြီး အရှင်တိလောကာဘိဝံသ၏ နိုင်ငံ့သစ္စာ စောင့်သိသူ (၁+၂) ဆောင်းပါးမှ
ထုတ်နှုတ်တင်ပြပါသည်။

No comments:

Post a Comment