Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Sunday, December 28, 2014

ကိုးန၀င်းဖတ်စာ ကောက်နုတ်ချက် (၂)

ကိုးန၀င်းဖတ်စာ ကောက်နုတ်ချက်-

အဆောက်အဦးတစ်ခုအတွက် အမျိုးအစားကွဲပြားသော သစ်,သံ,အုတ်,ကျောက်, အင်္ဂတေစသည်တို့ ကျရာနေရာက ကျရာတာဝန်ကို စုပေါင်းညီညီညွတ်ညွတ် ဆောင်ရွက်ကြခြင်းကြောင့် အများမှီခိုအားထားရာ အဆောက်အဦးတစ်ခု ဖြစ်လာရပါသည်။ သူတစ်မျိုး ငါတစ်ဖုံ ကွဲပြားပြီး လွန် ဆွဲနေလျှင် တိုက်ခိုက်နေလျှင် ဖျံနှစ်ကောင် အဝေမတည့် ငြင်းခုံပြီး သူများကို အားကိုးလိုက်ခြင်းကြောင့် ရရှိမည့် အခွင့်အရေးကောင်းများ လက်လွတ်ဆုံးရှုံးခဲ့ ဖူးသည်ကို သတိကြီးကြီးထားကြပါ။

တစ်ဦးအပြစ် တစ်ဦးပြော၊ တိုက်ခိုက်ရန်ဖြစ်နေခြင်းဖြင့် တိုင်းပြည်နှင့်လူမျိုးပါ ပျက်သုဉ်းသွားမည်ဖြစ်၍ “သမဂ္ဂါနံ တပေါ သုခေါ -ဆိုသည့်အတိုင်း မိမိတို့အချင်း ချင်း စုပေါင်းညီညွတ်စွာ ဆောင်ရွက်ကြခြင်းဖြင့် သုခအဖုံဖုံ ပြည့်စုံသည့် သာယာ လှပသော ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး တည်ဆောက်ကြပါစို့”ဟု ရဟန်းရှင်လူ ပြည်သူအားလုံး အဓိဋ္ဌာန်ပြု အကောင်အထည်ဖော်ကြပါစို့။

No comments:

Post a Comment