Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Sunday, May 31, 2015

ယခုလက်ရှိ မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသော လှေစီးဒုက္ခသည်အရေးနှင့် ပတ်သတ်၍ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို)၏ သဘောထားထုတ်ပြန်ချက်။


ယခုမကြာမီ မေလ-၂၉ရက်က ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့သို့ ရောက်လာသော လှေစီးဒုက္ခသည် ၇၀၀-ကျော်ကို ကယ်တင်ခဲ့သည်ဟု သိရသည်။ ပေးသင့်ကျွေးသင့်သည်များကို ပေးကျွေး၍ ပြန်လွှတ်လိုက်သည်ဟု လည်း ကြားရသည်။ သို့သော် ဟိုင်းကြီးကျွန်စသော မြန်မာ့ရေပိုင်နက်အတွင်း၌သာ ရှိသေးသည် သောင်သင် နေသေးသည်ဟုလည်း သိရသည်။

ဒုက္ခရောက်နေသူများကို ငဲ့ညှာသနား ကရုဏာစိတ်ထားရမည်မှာ သူတော်မြတ်တို့၏ စိတ်ထားပင်ဖြစ်ပါသည်။ ကရုဏာစိတ်ထားသည် မနောကံဖြစ်ပါသည်။ မနောကံထက်ကျော်လွန်ပြီး ကာယကံ, ၀စီကံမြောက် ကိုယ်ထိ လက်ရောက် သနားစောင့်ရှောက်မှုမျိုးကိုကား ကရုဏာနှင့် ထိုက်တန်သူအတွက်သာ လိုအပ်ပါသည်။

ကရုဏာနှင့်မထိုက်တန်သူများကို မနောကံထက်ကျော်လွန်ပြီး ကာယကံ, ၀စီကံမြောက် ကိုယ်ထိလက်ရောက် သနားစောင့်ရှောက်မိခဲ့ခြင်းကြောင့် အာဖဂန်နစ္စတန်, ပါကစ္စတန်, ဘင်္ဂလားဒေ့ရှ်, အင်ဒိုနီးရှား, မလေးရှား, ဖိလစ်ပိုင်တောင်ပိုင်း, ထိုင်းတောင်ပိုင်း,မြန်မာနိုင်ငံ ရခိုင်ဒေသ စသည်တို့၌ အမျိုး ဘာသာ သာသနာ ပျောက် ဆုံးခဲ့ရဘူးသည်။ တလောက ရခိုင်သို့ခေါ်လာမိသော ဘင်္ဂါလီ ၂၀၀-ကျော်ကိုပင် ပြန်ပို့လို့မရဘဲ ကိုယ့်အတက် နှင့်ကိုယ်စူးနေပြီ၊ မြန်မာပြည်ဒေသအနှံ လူမျိုးရေး ဘာသာရေး ပဋိပက္ခမှန်သမျှ သနားလို့လက်ခံမိသော ဘာသာခြား, လူမျိုးခြားတို့ကြောင့်ပင် တည်ငြိမ်အေးချမ်းမှု ပျက်ပြားနေပေပြီ၊ မြန်မာလူမျိုးများ ကိုယ့်နိုင်ငံမှာ နေထိုင်ရင်း အသက်အိုးအိမ် စည်းစိမ်မလုံခြုံမှုများ ကြုံနေရပေပြီ။ ဝေဠုကဇာတ်၊ သစ္စံကိရဇာတ်-စသော ဇာတ်တော်များ၌လည်း မနောကံထက်ကျော်လွန်ပြီး သနားစောင့်ရှောက်မိခဲ့ခြင်းကြောင့် ဒုက္ခရောက်ရပုံများ ဟောထားသည်။

ြ့မြတ်ဗုဒ္ဓကလည်း ကရုဏာထားသင့်သူများကို ကရုဏာထားဖို့ ကရုဏာနှင့် မထိုက်တန်သူများကိုတော့ ကမ္မဿကာ-သူ့ကံနှင့်သူ ရှိကြပါစေ(ကိုယ်ထိလက်ရောက် သွားမကယ်မိလေနှင့် ကိုယ်ရှူးကကိုယ့်ပြန်ပတ် တတ်သည်)ဟု ခွဲခွဲခြားခြားဟောထားသည်။

ထို့ကြောင့် တာဝန်ရှိသူအားလုံးတို့က အတိုကိုမကြည့်ဘဲ အရှည်ကိုကြည့်ကာ မနောကံဖြင့်သာ ကရုဏာထား ကြပါ။ မြွေပွေး ခါးပိုက်ပိုက်ထားရသလို မဖြစ်အောင် ကရုဏာနှင့် မထိုက်တန်သူများကို သူ့ကံနှင့်သူရှိကြပါစေ ဟု ဥပေက္ခာဗြဟ္မစိုရ်တရားလက်ကိုင်ထား၍ ရောက်ပြီးသူများကိုလည်း အမြန်ဆုံးထွက်သွားနိုင်အောင်၊ မရောက်သေးသူများကိုလည်း မြန်မာနိုင်ငံနယ်နမိတ်ထဲဝင်မလာအောင် လှေစီးဒုက္ခသည်-စသည်အရေးကို မဖြစ်မနေအမြန်ဆုံး ဖြေရှင်းပေးပါဟု အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (မ.ဘ.သ)အဖွဲ့ကြီးက အလေးအနက် သဘောထားထုတ်ပြန်လိုက်သည်။

ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ မဘသအဖွဲ့(ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။

စာအမှတ်၊ ၀၀၃၁/စီမံ-မဘသ/၂၀၁၅
နေ့စွဲ၊ ၁၃၇၇-ခု၊ နယုန်လပြည့်၊
(ဇွန်လ-၁၊၂၀၁၅)၊ တနင်္လာနေ့၊
Arkar

Friday, May 29, 2015

ဒုတိယအကြိမ်မြောက် နှစ်ပတ်လည် (မဘသ-စုံညီ) ညီလာခံ ပင့်/ဖိတ်လွှာ





အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး မဘသအဖွဲ့(ဗဟို)၏ ဖွဲ့စည်းတည်ထောင်ခြင်း (၂)နှစ်ပြည့် အခမ်းအနားနှင့်အတူ နှစ်ပတ်လည် မဘသ ညီလာခံကြီး ကျင်းပပြုလုပ်မည်ဖြစ်ပါ၍ တိုင်းနှင့်ပြည်နယ်အသီးသီးရှိ အမျိုး ဘာသာ သာသနာကို ချစ်မြတ်နိုးကြကုန်သော
၁။ မဘသဦးဆောင်ဆရာတော်များ။
၂။ သီလရှင် ဆရာကြီး ဆရာလေးများ
၃။ ဒါယကာ၊ ဒါယိကာမများ
၎။ အခြားစိတ်ဝင်စားသူမည်သူမဆို
ထိုညီလာခံကြီးသို့ တက်ရောက်အားပေး လေ့လာနိုင်ပါကြောင်း လေးစားစွာ ပင့်လျှောက်/ဖိတ်ကြားအပ်ပါသည်။

မှတ်ချက်။ နယ်ဝေးသံဃာတော်များ (၁၉-၆-၂၀၁၅)နေ့ ညကျိန်းအမီ မိမိတို့ အစီအစဉ်ဖြင့် ကြွတော်မူပါဘုရား။
(၂)ရက်ကျင်းပရာအစည်းအဝေးသို့ မဘသ ဗဟိုဦးဆောင်များ၊ မြို့နယ်/တိုက်နယ် မဘသမှတာဝန်ရှိသူ (၂)ပါးနှင့် လူပုဂ္ဂိုလ်(၁)ဦး၊ ပြည်နယ်/တိုင်းမှ မဘသ(၂၅)ပါးစီ တက်ရောက် ကြရပါမည်။
(၁၉-၆-၂၀၁၅)နေ့ညတွင်လည်း အလွတ်တမ်း ဆွေးနွေးအကြံပြုတင်ပြခြင်းများ ပြုလုပ်သွားပါမည်။
(၄င်းတို့အတွက် အောင်ဆန်းတောရတပ်ဦးကျောင်းတွင် နေထိုင်စားသောက်မှု အားလုံး စီစဉ်ထားရှိပါသည်ဘုရား။)
(Arkar)

အမေရိကန် သံအမတ်နှင့်အဖွဲ့ မဘသဗဟိုသို့ လာရောက်၍ ဆရာတော်ကြီးများနှင့် တွေ့ဆုံဆွေးနွေး






-----------------------------------------
-----------------------------------------
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးမှ သံအမတ်ဖြစ်သူ အမေရိကန် ပြန်ကြားရေး ဌာနမှူးနှင့်အဖွဲ့သည် ၂ဝ၁၅ ခုနှစ် မေလ ၂၈ ရက်နေ့ ကြာ သပတေးနေ့ နေ့လည် ၂ နာရီအချိန် ခန့်က အမျိုး ဘာသာ သာသနာစောင့် ရှောက်ရေးအဖွဲ့ (ဗဟို)ရုံးသို့ လာရောက် ၍ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရ သည်။
မဘသ(ဗဟို)သို့ ရောက်ရှိလာခဲ့ သော အမေရိကန်သံအမတ်နှင့် အဖွဲ့ အား ဗဟိုဥက္ကဋ္ဌဆရာတော်ကြီး ဘဒ္ဒန္တ တိလောကာဘိဝံသ၊ ဗဟိုအတွင်းရေး မှူးချုပ်ဆရာတော် ဘဒ္ဒန္တဝိမလဗုဒ္ဓိ၊ တွဲ ဘက်အတွင်းရေးမှူး ၁ ဆရာတော် ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသ၊ ဗဟိုဦး ဆောင်ဆရာတော် ဒေါက်တာအရှင် သောပါက၊ ဦးဆောင်အဖွဲ့ဝင် ဦးအောင် မြိုင်နှင့်အဖွဲ့မှ တွေ့ဆုံလက်ခံ၍ ဘာသာ ရေးဆိုင်ရာကိစ္စများကို အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့သည်။
မဘသ၏ လုပ်ငန်းစဉ်များကို အမေရိကန်က စိတ်ဝင်စားကြောင်းနှင့် မဘသနှင့်ပတ်သက်၍ မီဒီယာများ၏ ရေးသားဖော်ပြချက်များတွင် အထင် မှားစရာများရှိနေကြောင်း အမေရိကန် သံအမတ်က ပြောကြားခဲ့ရာ ဥက္ကဋ္ဌ ဆရာတော်ကြီးနှင့် အဖွဲ့မှလည်း မဘသသည် အစွန်းရောက် အဖွဲ့အ စည်းမဟုတ်ကြောင်း၊ ဘာသာခြားများ နှင့် ပဋိပက္ခများ ငြိမ်းအေးဆေရန် ဖွဲ့ စည်းဆောင်ရွက်ကြောင်းတို့ကို ရှင်း လင်းဖြေကြားသွားခဲ့ကြောင်း သိရသည်။

credit to KCG
Arkar

Sunday, May 24, 2015

မ.ဘ.သ(ဗဟို)ရုံး၌ ဧရာဝတီတိုင်းဒေသကြီး(၂၆)မြို့နယ်ရှိ (မ.ဘ.သ)များအတွက် လက်တွေ့အသုံးချ အခြေခံဥပဒေသင်တန်းနှင့် မီဒီယာသင်တန်းကျင်းပရန် အစည်းအဝေးကျင်းပ






....................................................................................................
...................................................................................................
(၂၄.၅.၂၀၁၅)ရက်၊ စနေနေ့၊ နေ့လည်(၂း၀၀)နာရီအချိန် မ.ဘ.သ(ဗဟို)ရုံးတွင် ဧရာဝတီတိုင်းဒေသကြီး(၂၆) မြို့နယ်ရှိ(မ.ဘ.သ)များအတွက် လက်တွေ့အသုံးချအခြေခံ ဥပဒေသင်တန်းနှင့် မီဒီယာသင်တန်းကျင်းပရန် အစည်းအဝေးသို့ မ.ဘ.သ(ဗဟို)လုပ်ငန်းစဉ်ဖော်ဆောင်ရေးအဖွဲ့ခွဲ တာဝန်ခံဆရာတော်များထဲမှ အရှင်အင်္ကုရ ကြွရောက်တော်မူပြီး ဥပဒေပညာရှင် ဦးကျော်ဇေယျ၊ ဦးကျော်ကျော်၊ ဦးလှမျိုးမြင့်၊ ဦးစောဝင်း၊ ဒေါ်စန္ဒာဦး၊ ဒေါ်ကြည်ပြာစိုး၊ ဒေါ်နန်းရှုဂေးခလိန်၊ ဒေါ်နှင်းကေသီစိုးတို့ တက်ရောက်ကြ့ပီး နာမည်ကျော် စာရေးဆရာဥပဒေ ပညာရှင်ကြီး ဦးကျော်ဇေယျမှ မ.ဘ.သ(ဗဟို)အတွက် ရေးသားလှူဒါန်းသော လက်တွေ့အခြေခံဥပဒေသင် တန်းသင်ရိုးကို သင်ကြားကြမည့် ဆရာ/ဆရာမများကို ဥပဒေဆိုတာဘာလဲ၊ အသုံးများသော ရာဇသတ်ကြီးများ တရားမှုများ၊ အမျိုးစောင့်ဥပဒေကြမ်း၊ ၁၉၈၂-နိုင်ငံသားဥပဒေတို့ကို ရှင်းလင်းပြောကြားပါသည်၊ မီဒီယာ သင်တန်းများအတွက် သင်ရိုးများကို ကိုဝင်းမော်က သတင်းဓာတ်ပုံရယူပုံ၊ ကိုကျော်နန္ဒကိုက အွန်လိုင်းမီဒီယာ၊ ကိုမိုးအောင်လင်းနိုင်က ဂျာနယ်သတင်းဆောင်းပါးရေးသားပုံတို့ကို အသီးသီးတင်ပြကြပါသည်။ ထို့နောက် အထွေထွေဆွေးနွေးခြင်းများကို စတင်ကြပြီး ဧရာဝတီတိုင်းဒေသကြီးတစ်တိုင်းလုံးအတွင်းရှိ မ.ဘ.သ(၂၆)မြို့ နယ်အတွက် (၂၇.၅.၂၀၁၅) ရက်နေ့မှ (၃၁.၅.၂၀၁၅)ရက်နေ့အထိ ပန်းတနော်မြို့ မြတောင်ကျောင်းတိုက်တွင် ကျင်းပမည့် သာသနာပြုစွမ်းရည်မြင့်သင်တန်းသို့ လက်တွေ့အသုံးချ အခြေခံဥပဒေသင်တန်းတွင် သင်ကြား မည့် ဆရာများအဖြစ် ဦးလှမျိုးမြင့်၊ ဒေါ်စန္ဒာဝင်း၊ ဒေါ်နန်းရှုဂေးခလိန်၊ ဒေါ်ဇာနည်ဝင်းထွန်းတို့က သင်ကြားရန် ဆုံးဖြတ်ကြပြီး မီဒီယာသင်တန်းအတွက် သင်ကြားမည့်ဆရာများအဖြစ် ကိုဝင်းမော်၊ ကိုကျော်နန္ဒကို၊ ကိုမိုး အောင်လင်းနိုင်တို့က သင်ကြားရန် ဆုံးဖြတ်ကြပါသည်။ ဆက်လက်၍ (၂၃.၆.၂၀၁၅)ရက်နေ့မှ (၂၇.၅.၂၀၁၅) ရက်နေ့အထိ မကွေးတိုင်းဒေသကြီးတစ်တိုင်းလုံးအတွက် ပခုက္ကူမြို့၊ ဗောဓိမဏ္ဍိုင်ကျောင်းတိုက်တွင် ကျင်းပ မည့် သာသနာပြုစွမ်းရည်မြင့်သင်တန်းသို့ လက်တွေ့အသုံးချ အခြေခံဥပဒေသင်တန်းတွင် သင်ကြားမည့် ဆရာများအဖြစ် ဦးကျော်ကျော်၊ ဒေါ်ကြည်ပြာစိုး၊ ဒေါ်စန္ဒာဝင်း၊ ဒေါ်နန်းရှုဂေးခလိန်၊ ဒေါ်ဇာနည်ဝင်းထွန်းတို့က သင်ကြားရန် ဆုံးဖြတ်ကြပြီး မီဒီယာသင်တန်းအတွက် သင်ကြားမည့်ဆရာများအဖြစ် ကိုဝင်းမော်၊ ကိုကျော်နန္ဒ ကို၊ ကိုမိုးအောင်လင်းနိုင်တို့က သင်ကြားရန်ဆုံးဖြတ်ကြကာ အစည်းအဝေးကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။
(Arkar)

မဘသ(ဗဟို)ရုံး၌ ခရစ်ယာန်ဘာသာမှ ဗုဒ္ဓဘာသာသို့ လာရောက်ကူးပြောင်း


၂၀၁၅ခုနှစ် မေလ၂၄ရက် တနင်္ဂနွေနေ့ မဘသ(ဗဟို)ရုံးတည်ရှိရာ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ရွာမပရိယတ္တိစာသင်တိုက်၌ ဆရာတော်ဦးပါမောက္ခ ဦးအကုင်္ရတို့၏ ရှေ့မှောက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ် ချောင်းရိုးရွာနေ ခရစ်ယာန်ဘာသာဝင်အဖဦးစိုးထွန်း အမိဒေါ်စိန်ငွေတို့၏ ဒုတိယသမီးမသန္တာထွန်းက မည်သူတစ်ဦးတစ်ယောက်၏ ဖြားယောင်း သွေးဆောင် အကျပ်ကိုင်ခြင်းမရှိဘဲ မိမိ၏ လွတ်လပ်သောဆန္ဒဖြင့် ဗုဒ္ဓဘာသာဝင်တစ်ဦးအဖြစ် လာရောက်ခံယူကူးပြောင်းကြောင်း သာဓုခေါ်ဆိုနိုင်ရန် တင်ပြပေးလိုက်ပါသည်၊
Arkar

Thursday, May 14, 2015

ပြည်ထောင်စုသား မွတ်ဆလင်များ ပြည်လုံးကျွတ်ညီလာခံကျင်းပမည်ဟု သတင်းထွက်ပေါ်နေခြင်းအပေါ် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို)၏ သဘောထားထုတ်ပြန်ကြေညာချက်။



ယခုလောလောဆယ် သတင်းထွက်ပေါ်နေသည်မှာ ပြည်ထောင်စုသားမွတ်ဆလင်များ ပြည်လုံးကျွတ်ညီလာခံ (Union Muslims Nationwide Conference) ကို မေလ (၂၃) မှ (၂၅)အထိ သံလျင်မြို့၌ ကျင်းပမည်ဟု ကြားသိရပါသည်။ ရန်ကုန်မြို့၌လည်း ပြောင်း၍ကျင်းပမည်ဟု သတင်းထွက်နေသည်။
ပြည်ထောင်စုသား မွတ်ဆလင်များ ပြည်လုံးကျွတ်ညီလာခံကဲ့သို့
ပြည်ထောင်စုသား ခရစ်များ ပြည်လုံးကျွတ်ညီလာခံ
ပြည်ထောင်စုသား ဟိန္ဒူများ ပြည်လုံးကျွတ်ညီလာခံ - စသည်တို့ကျင်းပဖို့ရာလည်း အပြိုင်အဆိုင်တောင်းဆိုလာနိုင် သည်။
မူရင်းမြန်မာနိုင်ငံသားများသည်ပင် ဗုဒ္ဓဘာသာများ ပြည်လုံးကျွတ်ညီလာခံ ကျင်းပဖူးခဲ့သည်မရှိပါ။ ယခုအချိန်သည် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ဆတ်ဆတ်ထိမခံ အကဲဆတ်နေသောအချိန်, ထိလွယ်ရှလွယ်ဖြစ်နေသောအချိန်လည်း ဖြစ်နေပါသည်။ ယခုလိုအချိန်အခါမျိုးမှာ ပြည်လုံးကျွတ်ဘာသာရေးညီလာခံကျင်းပခြင်းဟာ ကောင်းကျိုးထက် ဆိုးကျိုးသို့သာ ဦးတည်သွားနိုင်သည်။ ဆန့်ကျင်ကန့်ကွက်မှုများလည်း မလွဲမသွေပေါ်ပေါက်လာနိုင်သည်။ တိုင်းပြည်မတည်မငြိမ်မှုလည်း ဖြစ်သွားနိုင်သည်။ နိုင်ငံ၏အရေးအကြီးဆုံး အကူးအပြောင်းဖြစ်သော ၂၀၁၅ ရွေးကောက်ပွဲကိုပင် ထိခိုက်သွားနိုင်သည်။
ယခုညီလာခံကျင်းပဖို့လုပ်နေသည့် အစ္စလာမ်ဘာသာဝင် မွတ်ဆလင်လူမျိုး အကြမ်းဖက်များကြောင့်ပင် ကမ္ဘာ့နိုင်ငံ အသီးသီး, ဒေသအသီးသီးတို့၌ ငြိမ်းချမ်းမှုပျက်ပြားပြီး အသက်အိုးအိမ်များ စိုးရိမ်နေရသည်။ အမေရိကန်, ပြင်သစ်, ဂျာမနီ, ဗြိတိန် စသောနိုင်ငံများ၌ပင် သူတို့ဝင်ရောက်နှောက်ယှက်ကြသဖြင့် ယင်းနိုင်ငံကြီးများမှ လူပေါင်းသိန်းပေါင်းများစွာ စုဝေး ဆန့်ကျင် ကန့်ကွက်ဆန္ဒပြနေကြသည်။ မြန်မာနိုင်ငံအတွင်းမှာလည်း ဒေသအသီးသီး၌ မုဒိန်းမှု, လည်လှီးသတ်မှု-စသော သူတို့၏ လူသားမဆန် ယုတ်မာမှုများကြောင့် မြန်မာလူမျိုးများပင် အသက်အိုးအိမ်စိုးရိမ်နေကြရသည်။ အထူးအားဖြင့် မြန်မာအမျိုးသမီးများမှာ သူတို့၏မတရားပြုမူမှုကို ဆိုးဆိုးဝါးဝါးခံစားနေကြရသည်။
အဆိုပါ အခြေအနေအရပ်ရပ်တို့ကြောင့် ဗုဒ္ဓဘာသာအများစုရှိသော ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း၌ ပြည် ထောင်စုသား မွတ်ဆလင်များ ပြည်လုံးကျွတ်ညီလာခံ ကျင်းပဖို့ လုံးဝမသင့်ကြောင်း မိမိတို့ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ကြီး (ဗဟို) မှ သဘောထားထုတ်ပြန် ကြေညာလိုက်သည်။


ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့ (ဗဟို)၊
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။

စာအမှတ်၊ ၀၀၃၀/ စီမံ-မဘသ/ ၂၀၁၅
နေ့စွဲ ၊ ၁၃၇၇-ခု၊ ကဆုန်လပြည့်ကျော် ၁၂-ရက်၊
(မေလ - ၁၄၊ ၂၀၁၅)၊ ကြာသပတေးနေ့
arkar

Tuesday, May 12, 2015

တိုင်းပြည်အတွက် မဘသ (အရှင်တိလောကာဘိဝံသ)



တိုင်းပြည်အတွက် မဘသ (အရှင်တိလောကာဘိဝံသ)

          လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ စုပေါင်းနေထိုင်သော နိုင်ငံတစ်ခုအတွင်း၌ နေထိုင်သည့် တိုင်းသူပြည်သားများ အေးချမ်း သာယာစွာ နေထိုင်ဖို့ရာမှာ ညီမျှသောတရားဥပဒေစိုးမိုးရေး အဓိကလိုအပ်သည်။ မြန်မာနိုင်ငံသည် မျိုးနွယ်တူတိုင်းရင်းသားများ စုပေါင်းထူထောင်အတူနေထိုင်ခဲ့သည့် နိုင်ငံဖြစ်သည်။ အမေရိကန်နိုင်ငံကဲ့သို့ နိုင်ငံတကာမှ ရောက်လာသည့် လူမျိုးပေါင်းစုံ၊ နိုင်ငံသားပေါင်းစုံ စုပေါင်းထူထောင်ထားသည့် နိုင်ငံမျိုးမဟုတ်။ သို့သော်လည်း မူလတိုင်းရင်းသား မြန်မာနိုင်ငံသားများသည် ပုဂံ ခေတ်လောက်မှစ၍ တိုင်းတစ်ပါးမှရောက်လာကြသော လူမျိုးခြား၊ ဘာသာခြားများကို ကျောသားရင်သားမခွဲခြားဘဲ တစ်လှေတည်းစီး တစ်ခရီးတည်းသွား သဘောထားကြီးစွာ ဆွေမျိုးရင်းချာပမာ အတူယှဉ်တွဲနေထိုင်ခဲ့ကြသည်။ ဘာပြဿနာမှ မပေါ်ခဲ့၊ အေးချမ်းသာယာသော မြန်မာနိုင်ငံတော်ကြီးဖြစ်ခဲ့ပေသည်။ ဒါဟာလည်း မူလတိုင်းရင်းသား မြန်မာနိုင်ငံသားများ၏ သဘောထားကြီးခြင်း၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဗြဟ္မစိုရ်စိတ်ဓာတ်လက်ကိုင်ထားခြင်း၊ အိမ်သည်ဝတ်ကျေပွန်ခြင်း တို့ကြောင့် ဖြစ်ပါသည်။ ဖိလစ်ဒီဘရစ်တိုငဇင်ကာ၊ ကုလားငပိန်၏ဆရာ တောလိုက်မုဆိုး ကုလားဘိုင်ဆပ် လို တိုင်းခြားသား၊ လူမျိုးခြား၊ ဘာသာခြားများကိုပင် မြန်မာဘုရင်များက မြို့စားရာထူးပေးကာ အလေးထားချီးမြှောက်ခဲ့သည့် သမိုင်းကြောင်း အထင်အရှားရှိခဲ့သည်။
          အဆိုပါဧည့်သည် လူမျိုးခြား၊ ဘာသာခြားသံလျင်စား ငဇင်ကာ၊ ကုလားပိန်နှင့် သူ့ဆရာဘိုင်ဆပ် စသည်တို့က ဧည့်သည်ဝတ်ဖောက်ဖျက်ကာ မြန်မာ့သမီးပျိုများကို ဖျက်ဆီးခြင်း၊ ဘုရားများဖျက်ဆီးခြင်း၊ ဌာပနာများထုတ်ယူခြင်း၊ ဘုရား ခေါင်းလောင်း စသည်တို့ကို အရည်ကျိုဖျက်ဆီးပြီး ကျည်ဆန်လုပ်ခြင်း၊ အရှင့်အပေါ်၊ နိုင်ငံ့အပေါ် သစ္စာဖောက်ခြင်းစသော လူမျိုးရေး၊ ဘာသာရေးစော်ကားခြင်းမှစ၍ လူမျိုးရေးပဋိပက္ခ ဖြစ်လာရသည်။ ထိုပဋိပက္ခသည် အိမ်သည်မြန်မာလူမျိုးများက စတင်ဖန်တီးခဲ့ခြင်း မဟုတ်ပါ။ ထိုစော်ကားမှုကို မြန်မာ့မျိုးချစ်မင်းကောင်းမင်မြတ်များ ဦးဆောင်သည့် တိုင်းရင်းသားများက တွန်းလှန်ဖယ်ရှားခဲ့ရဖူးပြီ။
          ယနေ့မျက်မှောက်ခေတ်မှာလည်း ရခိုင်၊ မောင်တောဒေသ စသည်တို့၌ ဧည့်သည်လူမျိုးခြား၊ ဘာသာခြားဘင်္ဂါလီများက ဧည့်ဝတ်ဖောက်ဖျက်ကာ အိမ်သည်မြန်မာများကို သတ်ဖြတ်နှင်ထုတ်နေကြသည်။ ဗုဒ္ဓဘာသာ ဘုရားကျောင်းကန်များကို ဖျက်ဆီးခြင်း၊ ရဟန်းသံဃာများအပါအ၀င် ဗုဒ္ဓဘာသာဝင်များကို ဗြောင်တစ်မျိုး၊ ကွယ်ရာတစ်ဖုံ သတ်ဖြတ်ညှဉ်းဆဲနှိပ်စက် နေကြလေပြီ။ ကချင်၊ ကယားစသော အစွန်အဖျားဒေသများ၌လည်း ဘုန်းတော်ကြီးများကို ခရစ်ယာန် သူပုန်များက သတ်ဖြတ် ချေမှုန်းနေကြပြီ။ တိုင်းရင်းသားများ၊ ဗုဒ္ဓဘာသာဝင်များ အသတ်ခံရသူများ အသတ်ခံရ၊ ကိုယ်လွတ်ရုန်းပြေးရသူ ပြေးရ ဖြစ်ခဲ့ကြရပါသည်။ မြန်မာမှာရော၊ ကမ္ဘာမှာပါ ဗုဒ္ဓဘာသာဝင်များက အခြားဘာသာ လူမျိုးများအပေါ် မတရားစော်ကား အကြမ်းဖက်ဖူးသည့် သမိုင်းကြောင်းလုံးဝမရှိခဲ့ပါ။
          ရန်ကုန်, မန္တလေးစသော ပြည်တွင်းရှိ အချို့နေရာများမှာပင် လူမျိုးခြား၊ ဘာသာခြားများ ရမ်းကားစော်ကားမှုကြောင့် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများ အသက်အိုးအိမ်လုံခြုံမှု စိုးရိမ်နေကြရပြီ။ ဒီအကြောင်းအရာများ၏ အထောက်အထားများ တာဝန်ရှိသူများထံတွင် အခိုင်အမာရှိနေပါသည်။ အင်္ဂလိပ်အုပ်စိုးခဲ့သည့်အချိန်မှစ၍ မြန်မာနိုင်ငံ၌ ဖြစ်ပေါ်ခဲ့သမျှသော လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတိုင်းသည် တိုင်းရင်းသားများက စတင်ခဲ့တာ တစ်ခုမှမရှိခဲ့ပါ။ လူမျိုးခြား၊ ဘာသာခြားများက ပဋိပက္ခစတင် ဖန်တီးခဲ့ခြင်းများချည်းသာ ဖြစ်ခဲ့ပါသည်။ ဒီအကြောင်းကို မကြာသေးမီက နောက်ဆုံးဖြစ်ပေါ်ခဲ့သော ရခိုင်၊ မိတ္ထီလာ၊ လားရှိုး၊ ဥက္ကံ၊ မန္တလေး ပဋိပက္ခများက သက်သေခံနေပါသည်။ ထိုပဋိပက္ခဖြစ်မှုများ၏ မူလဇစ်မြစ်တိုင်းကို ပြန်လေ့လာလျှင် သိနိုင်ပါသည်။

မဘသအဖွဲ့ကြီး
          မဘသ အဖွဲ့ကြီး၏ မူလဖွဲ့စည်းပုံအခြေခံစည်းမျဉ်း၌- ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း လူမျိုးရေး၊ ဘာသာရေးများ၌ အကြမ်းဖက်မှုပဋိပက္ခများ မဖြစ်ပေါ်စေရန်အသိပညာပေး စည်းရုံးတားဆီးကာကွယ်နိုင်ရေး နိုင်ငံသူ/သား အားလုံး အပြန်အလှန် ချစ်ကြည်လေးစားလျက် စည်းကမ်းတကျ ညီညီညွတ်ညွတ် ငြိမ်းချမ်းစွာနေထိုင်နိုင်ရေး ဟု ဖော်ပြထားပါ သည်။ မဘသအဖွဲ့ကြီးသည်  ထိုအခြေခံစည်းမျဉ်း၌ ဖော်ပြထားသည့်အတိုင်း လူမျိုးရေး၊ ဘာသာရေးများ၌ အကြမ်းဖက်မှု ပဋိပက္ခများ မဖြစ်ပေါ်စေရန်နှင့် ဖြစ်ပေါ်နေသောပဋိပက္ခများလည်း ဓမ္မ၀ိနယနှင့်အညီ တရားဥပဒေအတိုင်း ငြိမ်းငြိမ်းချမ်းချမ်း ပြီးမြောက်စေရန် ဆောင်ရွက်ပြီး ဆောင်ရွက်ဆဲဖြစ်ပါသည်။ ဘာသာခြား၊ လူမျိုးခြားများအပေါ် ဖိနှိပ်ခြင်း၊ ချုပ်ချယ်ခြင်း၊ ဖျက်ဆီးခြင်းလုံးဝမလုပ်ခဲ့ပါ။ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာ စောင့်ရှောက်တတ်ရန်၊ ထိန်းသိမ်းတတ်ရန်၊ အန္တရာယ် ရှောင်ရှားတတ်ရန်သာ ဦးဆောင်လမ်းညွှန်ပေးနေခြင်းဖြစ်ပါသည်။ ဖော်ပြခဲ့သည့် မကြာသေးမီက နောက်ဆုံးဖြစ်ပေါ်ခဲ့သော ရခိုင်၊ မိတ္ထီလာ၊ လားရှိုး၊ ဥက္ကံ၊ မန္တလေး ပဋိပက္ခများတွင် မဘသဆရာတော်များ၏ ၀ိုင်းဝန်းထိန်းသိမ်းပေးခဲ့ခြင်းကြောင့် လူမျိုးခြား၊ ဘာသာခြားများ သေဆုံးမှု၊ ထိခိုက်မှုများ နည်းခဲ့ခြင်းဖြစ်ပါသည်။ မိတ္ထီလာ၊ လားရှိုးစသည်တို့မှာ ဘုန်းတော်ကြီးကျောင်းများမှာ ခေါ်၍ပင် ကျွေးမွေးထိန်းသိမ်းပေးခဲ့ပါသည်။ ထိုအရေးအခင်းတိုင်း၌ လူ့အခွင့်အရေးခေါင်းဆောင်နှင့် နောက်လိုက်များသည် ကိုယ့်မြန်မာများ၏ ဆုံးရှုံးနစ်နာမှုကို စာနာသနားပေးဖို့ နေနေသာသာ လူမျိုးခြား ဘာသာခြားဘက်ကလိုက်ပြီး မြန်မာများက အနိုင်ကျင့်သည်ဟုပင် ပြောရက်ရှာကြသည်။ ကျားကြောက်လို့ အရှင်ကြီးကိုးမှ အရှင်ကြီးက ကျားထက်ဆိုး နေပါသည်။
          ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း နံပါတ် ၁-၌ လူတိုင်းတူညီသောအခွင့်အရေး (တန်းတူအခွင့်အရေး) ရှိရမည် ဟုဆိုထားသော်လည်း မြန်မာဗုဒ္ဓဘာသာဝင်များမှာ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေအခွင့်အရေးကို အခြားဘာသာဝင်များ နှင့် တန်းတူအခွင့်အရေးမရရှာကြ၊ မြန်မာနိုင်ငံရှိ ဟိန္ဒူ၊ ခရစ်ယာန်၊ အစ္စလာမ်ဘာသာဝင်များအတွက် လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေအကာအကွယ် လုံလုံလောက်လောက် အခိုင်အမာရှိကြသည်။ ဘာသာမတူသူနှင့် လက်ထပ်ခွင့်မရှိ၊ သက်ဆိုင်ရာ ဘာသာရေးခေါင်းဆောင်များက လက်ထပ်ပေးမှ တရားဝင်ဖြစ်သည်။ ဘာသာမတူသူနှင့် လက်ထပ်လျှင် တရားဝင်မယားမဖြစ်၊ ဇနီးမယားအခွင့်အရေးလုံးဝမရနိုင်၊ မြန်မာဗုဒ္ဓဘာသာဝင်များအတွက် လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေအကာအကွယ် လုံလုံလောက်လောက် မရှိခဲ့ခြင်းကြောင့် ဘာသာခြား၊ လူမျိုးခြားများနှင့် အိမ်ထောင်ပြုမိသော မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများသည် ခေတ်အဆက်ဆက် အိမ်ထောင်ရေးဆိုင်ရာ လူ့အခွင့်အရေးများ နစ်နာဆုံးရှုံးခဲ့ရရှာသည်။ တရားရေး၊ အုပ်ချုပ်ရေး၊ လူမှုရေးဆိုင်ရာမည်သူကမှ အကူအညီပေးလို့မရ။ သူ့သားမယားဖြစ်နေတော့ သူကြိုက်သလိုနှိပ်စက်ညှဉ်းဆဲ နိုင်ခွင့်ရှိသည်။ လူ့အခွင့်အရေးဆိုတာ လုံးဝမရှိ။ မတရားညှဉ်းဆဲနှိပ်စက်သတ်ဖြတ်သော်လည်း ဘာမှမတတ်နိုင်၊ မိဘဆွေမျိုးများ ကသော်မှ ကူညီဟန့်တားပေးပိုင်ခွင့်မရှိ၊ ဘာသာခြား၊ လူမျိုးခြား လင်ယောက်ျားများ၏ လူမဆန်စွာထင်သလို အနိုင်ကျင့်ခံခဲ့ရ သော မြန်မာဗုဒ္ဓဘာသာဝင်အမျိုးသမီးများ၏ ကိုယ်တွေ့ဖြစ်ရပ်များ အထောက်အထားအခိုင်အမာ ဒုနဲ့ဒေးရှိခဲ့သည်။ ရှိနေသည်။
          ထိုကဲ့သို့ လူ့အခွင့်အရေးဆုံးရှုံးမှုများ သက်သာစေရန် ထိန်းညှိပေးရန် မလွဲမသွေလိုအပ်နေပါသည်။ ထိုလိုအပ်ချက်ကို အာဏာပိုင်အစိုးရမင်းများ၊ နိုင်ငံရေးခေါင်းဆောင်များ စသည်တို့မှာ တာဝန်ရှိသော်လည်း မည်သူကမျှတာဝန်မယူကြ။ ထိုသည့် မြန်မာဗုဒ္ဓဘာသာဝင်များ လူ့အခွင့်အရေးချိုးဖောက်ခံရမှု လိုအပ်ချက်ကွက်လပ်ကို မဘသအဖွဲ့ကြီးက တာဝန်သိသိ အခြား ဘာသာဝင်များနှင့် တန်းတူညီမျှသော အမျိုးစောင့်ဥပဒေဖြစ်ပေါ်ရေးကို တာဝန်ရှိသူများထံ တင်ပြတောင်းဆိုခဲ့ပါသည်။ ထိုတင်ပြ တောင်းဆိုချက်ကို တာဝန်သိသူများက တာဝန်ယူဆောင်ရွက်ပေးနေသော်လည်း တာဝန်မဲ့သူများက ဘာသာခြား၊ လူမျိုးခြား၏ ဖိအားကိုကြောက်မှု ဘယာဂတိ၊ အကူအညီလိုချင်ငဲ့ညှာမှု ဆန္ဒာဂတိ၊ ကိုယ့်နောက်မလိုက်သူ ကိုယ့်ရန်သူသတ်မှတ်ကာ အမုန်းထားမှု ဒေါသာဂတိ၊ တာဝန်မသိမှု မောဟာဂတိတို့ကြောင့် အမျိုးစောင့်ဥပဒေကို ကန့်ကွက်နေကြပါသည်။ တာဝန်မဲ့လေစွ၊ သစ္စာမဲ့လေစွ။
          မြန်မာဗုဒ္ဓဘာသာဝင်များ လူ့အခွင့်အရေးမဆုံးရှုံးစေရန် အခြားဘာသာဝင်များနှင့် တန်းတူညီမျှသော လူ့အခွင့်အရေးရ စေရန် အမျိုးစောင့်ဥပဒေကဲ့သို့သော ဥပဒေအကာအကွယ်ဖြစ်အောင်လုပ်ရမည်မှာ မြန်မာလူမျိုးတိုင်းမှာ တာဝန်ရှိပါသည်။ အထူးအားဖြင့် မြန်မာနိုင်ငံရေးခေါင်းဆောင်များမှာ ပိုမိုတာဝန်ရှိပါသည်။ မြန်မာနိုင်ငံရေးခေါင်းဆောင် အမည်ခံထားသော်လည်း မြန်မာ့အရေးကို အလေးမထားဦးစားမပေးဘဲ လူမျိုးခြား၊ ဘာသာခြား၏ အရေးကိုသာ ဦးစားပေးသူသည် မြန်မာခေါင်းဆောင် မဖြစ်ထိုက်ပါ။ မြန်မာ့မြေပေါ်မှာ လူမျိုးခြား၊ ဘာသာခြားမနေရဟုမဆိုလိုပါ။ ရောမရောက်လျှင် ရောမလိုနေဆိုသလို မြန်မာနိုင်ငံမှာနေလျှင် မြန်မာ့တိုင်းရင်းသားများနှင့် သင့်တင့်အောင်နေဖို့ကိုဆိုလိုခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံမှာ လာရောက် နေထိုင်ပါလျက် အရိပ်နေနေ အခက်ချိုးချိုး ဆိုသလို ဧည့်သည်က အိမ်သည်ကိုအနိုင်ကျင့်ခြင်း၊ နှိပ်စက်သတ်ဖြတ်ခြင်း၊ မုဒိမ်းကျင့်ခြင်း၊ နှင်ထုတ်ခြင်း စသည်လူ့အခွင့်အရေးချိုးဖောက်မှုများကိုတော့ လျစ်လျူရှုပြီး တရားသဖြင့် ကိုယ့်ခြံစည်းရိုး ကိုယ်ကာသူ အိမ်သည်များကို လူ့အခွင့်အရေးချိုးဖောက်သည်ဟု ပြောဆိုနေခြင်းလောက် လူ့အခွင့်အရေးချိုးဖောက်တာ ဘယ်မှာရှိပါ့မလဲ။
          တန်းတူလူ့အခွင့်အရေးရဖို့ အမျိုးစောင့်ဥပဒေဖြစ်ပေါ်စေရန် စတင်ချိန် လွန်ခဲ့သော ၂-နှစ်ကျော်ကပင် အမျိုးစောင့်ဥပဒေ ဟာ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်သည် ဟု လူ့အခွင့်အရေးခေါင်းဆောင်နှင့် နောက်လိုက်များက အမျိုးစောင့်ဥပဒေဆိုတာ ဘာမှန်းမှမသိဘဲ၊ သိအောင်လည်းမလေ့လာဘဲ တရားမဲ့ရမ်းသန်းပြောဆိုခဲ့ခြင်းက သူတို့၏ စိတ်ဓာတ်လုပ်ရပ်များကို ဖော်ပြနေပါ သည်။ ယခုတောင်းဆိုနေသော အမျိုးစောင့်ဥပဒေသည် မြန်မာနိုင်ငံရှိအခြားဘာသာရေးများ၏ လက်ထပ်ထိမ်းမြားခြင်းဥပဒေနှင့် ညီနိုင်သလောက်ညီအောင် တန်းတူအခွင့်အရေးယူခြင်းသာဖြစ်သည်။ ပိုယူတာတစ်ခုမျှ မပါပါ။ တစ်ခုခြင်း နှိုင်းချိန်လေ့လာ နိုင်ပါသည်။ ရမ်းသန်းမပြောသင့်ပါ။ အခြားဘာသာများရတဲ့ အခွင့်အရေးအောက်ပင် နိမ့်နေပါသေးသည်။
          အမျိုးစောင့်ဥပဒေသည် ရွေးကောက်ပွဲအတွက် နိုင်ငံရေးအသုံးချခြင်းလုံးဝမဟုတ်ပါ။ ခုမှလုပ်တာလည်း မဟုတ်ပါ။ လွန်ခဲ့သော ၂-နှစ်ကျော်လောက်က စခဲ့တာပါ။ ဒီဥပဒေဟာ မြန်မာ့နိုင်ငံရေးခေါင်းဆောင်တိုင်း လုပ်ရမည့်အလုပ်ပါ။ မြန်မာ နိုင်ငံသားများအတွက် ပြုလုပ်ပေးသော အမျိုးစောင့်ဥပဒေကိုမှ ကန့်ကွက်ဟန့်တားနှောင့်ယှက်ဖျက်ဆီးသူလောက် မြန်မာနိုင်ငံ တော်ကို သစ္စာဖောက်သူဘယ်မှာရှိနိုင်ပါ့မလဲ။ ၂၀၁၅-ခု ရွေးကောက်ပွဲ၌ မြန်မာနိုင်ငံ၏ နိုင်ငံသစ္စာဖောက်များနှင့် ကိုယ်ကျိုးသာ ကြည့်သူများကို ရှောင်ရှားပြီး နိုင်ငံတော်နှင့် အမျိုး ဘာသာ သာသနာအတွက် အားကိုးလောက်သော နိုင်ငံ့ခေါင်းဆောင် ကိုယ်စားလှယ်များကိုသာ စနစ်တကျရွေးချယ်သွားနိုင်ကြပါစေကြောင်း အသိပေးနှိုးဆော်ရင်း တိုင်းပြည်အတွက် မဘသ ဆောင်းပါးကို အဆုံးသတ်လိုက်ပါသတည်း။
          အမျိုးမစောင့်သူ ကိုယ်ကျိုးရှာသူ ရှောင်သွေလွှဲလို့၊ အားမပေးဘဲ ကင်းအောင်နေ။
          အမျိုးစောင့်သူ အားကိုးလောက်သူ အရှည်တွဲလို့၊ အားပေးအားမြောက် ကူညီလေ။
          အမျိုး ဘာသာ စောင့်ရှောက်ရေးနဲ့၊ အမျိုးစောင့်ဥပဒေဖြစ်ပေါ်ရေးကို ထောက်ခံအားပေးလေ။
          အဲဒါမှ အမျိုး ဘာသာ သာသနာ၊ ရှည်ကြာခိုင်ခံ့ တည်တံ့ မလေ။
          အဲဒါမှ မြန်မာ့အမျိုးသား အကျိုးစီးပွား တိုးတက်မြင့်မား မလေ။

အရှင်တိလောကာဘိဝံသ (အင်းစိန်)၊
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်မြို့။
ကဆုန်လပြည့်ကျော် ၉-ရက်၊ ၁၃၇၇-ခု၊ 
(မေလ -၁၁၊၂၀၁၅)၊ တနင်္လာနေ့။                                                                   

(၈-၅-၂၀၁၅)နေ့တွင် တောင်ငူ မဘသ အတွင်းရေးမှူး ကျောင်းတိုက်၌ အစ္စလာမ်ဘာသာမှ ဗုဒ္ဓဘာသာသို့ မိသားစုလိုက် ကူးပြောင်းပွဲအခမ်းနားကျင်းပပြုလုပ်





(၈-၅-၂၀၁၅)မနေ့က တောင်ငူ မဘသ အတွင်းရေးမှူး
ကျောင်းတိုက်မှာ အစ္စလာမ်ဘာသာမှ ဗုဒ္ဓဘာသာသို့
မိသားစုလိုက် ကူးပြောင်းပွဲအခမ်းနားလေးကို အကျဉ်း
ချုံးပြီးပြုလုပ်ခဲ့ပါတယ်။
အခမ်းအနားကိုအစဉ်အတိုင်းပြုလုပ်သွားခဲ့ရာ မဘသ
အသိပညာပေးစည်းရုံးရေးဆရာတော်က ဘာသာကူး
ပြောင်းသူတို့ကိုမေးစီစစ်ပါတယ်။
"ဒကာမကြီးတို့ မိသားစုကိုယ်တိုင် ဗုဒ္ဓဘာသာကိုတကယ်
သက်ဝင်ယုံကြည်လို့ ကူးပြောင်းတာလား?
ဒါမှမဟုတ် တစ်ခြားတစ်ဦးတစ်ယောက်.အဖွဲ့စည်းတစ်
ခုခုကဖိအားပေးလို့ ကူးပြောင်းတာလား?"လို့ မေးတော့.....
သူ့ဘဝရဲ့ သက်တမ်းကိုပိုင်းဖြတ်ပြီးတော့ သံသရာအတွက်
ကုသိုလ်ရိက္ခာထုပ် မထုပ်ရသေးတဲ့အကြောင်းကို မိသားစု
အားလုံးက မျက်ရည်များဖြိုင်ဖြိုင်စီးကျကာ ခုလိုပြောခဲ့ပါတယ်.......
"အစ္စလာမ်ဘာသာအရ ဘုရား၅ကြိမ်ရှိမခိုးနိုင်လို့ဥပုသ်
သီလမမြဲဘူးဆိုရင် မစောင့်ရပါဘူး..ဗုဒ္ဓဘာသာမြန်မာ
လူမျိုးများကြတော့ ၅.ပါးသီလယူပြီးပြီဆိုရင် ရေလေး
တော့ သောက်ခွင့်ပြုပါတယ်ဘုရား...သီလလည်းလိုချင်
တယ်...အလှူအတန်းလေးလည်းပြုချင်တယ်.ဘုရား
ကျောင်း ကန်တွေလည်း လွတ်လပ်စွာသွားချင်တယ်..
အသက်တစ်ဝက်ကျိုးလာပြီဆိုတော့ ကုသိုလ်လေးနဲ့ပဲ
နေချင်လို့ပါဘုရား....."
မျက်ရည်တွေစီးကျရင်း ပင့်သက်ရှိုက်သံတွေနဲ့အတူ
မိမိရဲ့ဘဝသေကြီးကို မိမိသားသ္မီးတွေကိုပါ သူလိုမဖြစ်
စေချင်တော့ အသံများပင်တုန်ခါပြီး မိမိရဲ့ခံစားချက်နဲ့
ခံယူချက်ကို ပရိသတ်အလယ်မှာ ဒကာမကြီးခုလိုပြောပြ
တော့ ဆရာတော်သံဃာတော်တွေကော လူပရိသတ်
များပါ ရင်ထဲကကိုယ်စီ ကရုဏာလှိုင်းခတ်သံတို့က အောင်ဇမ္ဗူကျောင်းတိုက်တစ်ခုလုံးပင် ဖုံးလွှမ်းသွားမတတ်
ဖြစ်ခဲ့ကြပါတယ်......
မျက်ရည်လွယ်သောမိမိသည်ပင် မျက်ရည်မကျမိအောင်
သမဏိနြေ္ဒ မနည်းဆယ်ထားရတယ်.....
မိမိရရှိထားတဲ့လူ့ဘဝ၏ အကြောင်းနှင့်အကျိုး.အကောင်း
နှင့်အဆိုးကိုခွဲခြားသိတတ် နိုင်မှသာ လမ်းကြောင်း
အမှန်ကို သိရှိတတ်ကြပါတယ်.....
ဒီမိသားစုဟာ ဗုဒ္ဓဘာသာနဲ့ အစိမ်းကြီးတော့မဟုတ်..ဒီဒကာမကြီးက ရွာစဉ်လှည့်ပြီးဈေးရောင်းကာ သားသ္မီး
များကိုရှာကြွေးနေရတယ်လို့သိရပါတယ်......
အသက်က(၅၆)ရှိပြီဆိုတော့ ကျန်နေသေးတဲ့ လူ့ဘဝ
လက်ကျန်လေးကို အချီးနှီး မကုန်လွန်စေချင်တော့ပဲ
ကုသိုလ်ပြုခွင့်မသာတဲ့ဘာသာကို ကျောခိုင်းစွန့်ခွာကာ
မိမိရဲ့ကျန်နေသေးတဲ့ဘဝလက်ကျန်လေးကို ဗုဒ္ဓသ္မီးတော်
ပီပီနေထိုင်သွားချင်ပုံရပါတယ်....
ဒကာမကြီးတို့ဖြစ်စေချင်တဲ့ဆန္ဒကို အားလုံးဝိုင်းဝန်းပြီး
ဖြည့်ဆည်းပေးသွားကြမှာပါ။
မနေ့ကဒီပွဲကို မဖိတ်လို့မတက်ကြရတဲ့သူများက အနည်း
ငယ်သောအသံလေးများကြားသိခဲ့ရပါတယ်။
ရန်ပုံငွေနည်းသွားမည်ကိုရှေးရှုကာ အခမ်းအနားကို
အကျယ်မချဲ့ပဲ အကျဉ်းချုံးပြီး ECဥက္ကဋ္ဌနဲ့အတွင်းရေး
မှူးလောက်သာဖိတ်ကြားခဲ့ခြင်းဖြစ်ပါတယ်...
သိပ်အရှည်ကြီးပြောပြနေရင်မမှတ်မိပဲဖြစ်နေမည်စိုး၍
တိုတိုနဲ့ပဲပြောရမည်ဆိုလျှင် "မလိုအပ်လို့"မဖိတ်တာပါ..
ဒါလေးကိုနားလည်ပေးစေချင်ပါတယ်....နောက်တစ်ကြိမ်
ဒေါနလမ်းရယ် သရက်မှော်ရယ် ကန်တော်ကြီးတောင်
ဘက်အခြမ်းရယ် ဘာသာကူးပြောင်းပွဲလုပ်တဲ့ အခါကြရင်
စာအိတ်ပေါ်က ရွှေအိုရောင်တောက်ပနေတဲ့ နာမည်
များစွာထဲက နာမည်တစ်ခုဟာ သင့်နာမည်
ဖြစ်နေပါလိမ့်မယ်.........

တတိယညီလာခံ ကျင်းပရေးအဖွဲ့ ဆရာတော်များအစည်းအဝေး (၁၂.၅.၂၀၁၅)







အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ ၏ တတိယအကြိမ် နှစ်ပတ်လည်ညီလာခံကျင်းပရေးအစည်းအဝေးကို (၁၂.၅.၂၀၁၅)တွင် မဘသ(ဗဟို)ရုံးတည်ရှိရာ အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဗဟိုဥက္ကဋ္ဌဆရာတော်ဘုရားကြီး အရှင်တိလောကာဘိဝံသအကြီးအမှူးပြု၍ တတိယညီလာခံ ကျင်းပရေးအဖွဲ့ ဆရာတော်များဖြစ်ကြသည့် မြတောင်ဆရာတော် ဦးကုမာရ၊ ဆရာတော် ဦးပါမောက္ခ၊ ၊ ဦးပညာဝရ (သိမ်ဇရပ်)၊ဆရာတော် ဦးဝိစိတ္တာဘိဝံသ(၀ီရသူ)၊ ဒေါက်တာအရှင်သောပါက (ဇေတ၀န်)၊ ဦးအင်္ကုရ (လားရှိုး)၊ မြနန်းဆရာတော် ဦးသဒ္ဓမ္မ၊ -ဆရာတော်များတက်ရောက် ဆွေးနွေးခဲ့ကြပါသည်။

(၇.၅.၂၀၁၅) ရက်နေ့တွင် မဘသ(ဗဟို) ဥက္ကဋ္ဌဆရာတော်ဘုရားကြီးအား BBC အသံလွှင့်ဋ္ဌာနမှ ဖုန်းဖြင့်ဆက်သွယ် မေးမြန်းထားသည်များကို ဆရာတော်ဘုရားကြီးမှ ပြန်လည်မိန့်ကြားချက်များ


မေး ။ဆရာတော်နေကောင်းပါတယ်နော်။ ဆရာတော်ကျန်းမာရေးဘယ်လိုနေပါသေးလဲ။ရာသီဥတုသိပ် လည်း ပြင်းထန်တယ်ပြောလို့ပါ။
ဖြေ ။ရာသီဥတုကတော် အတော်လေးပြင်းထန်နေပါတယ်။ ဒီလိုပဲ သင့်တော်အောင်နေထိုင်ရတာပေါ့ ဒကာကြီးရာ။
မေး။ တင်ပါ့ဘုရား။ ဟိုတပည့်တော်လျှောက်ချင်တာကတော့လေ နိုင်ငံတကာဘာသာရေးလွတ် လပ်ခွင့်နဲ့ဆိုင်တဲ့ US သံအမတ်ကြီးတို့ ဆရာတော်ဆီကိုလာတယ်လို့ပြောပါတယ်။ အဓိကသူတို့ ဘာတွေများဆွေး နွေးသွားပါလည်းဘုရား။
ဖြေ။ အဓိကကတော့ သူတို့အမေရိကန်နိုင်ငံရဲ့ အုပ်ချုပ်ပုံတွေ၊ အခြေအနေတွေကို ပြောပြတယ်။ ဒါတွေ ကတော့ ဆရာတော်တို့ကလည်း သဘောပေါက်တယ်၊ နိုင်ငံတကာကလည်းသိတယ်၊ ဒီပြင့် အဓိကမေး လိုတာမေးပါဆိုတော့ သူတို့က အဓိကဒီမှာ ဘာသာမတူသူတွေ တစ်ဖက်သတ်ခွဲခြားဆက်ဆံမှုခံရတယ်လို့ ပြောနေတယ်။ နိုင်ငံတကာမှာလည်း အဲ့ဒီလိုသတင်းတွေကြားနေတယ်၊ အဲ့တာကို မဖြစ်သင့်ဘူးဆိုတဲ့ အကြောင်းပြောတော့ ဆရာတော်တို့က ဒီမြန်မာနိုင်ငံက ခုတင်မဟုတ်ပါဘူး သမိုင်းအစဉ်အဆက် ပုဂံခေတ် ကနေစပြီးတော့ မြန်မာနိုင်ငံသူ,နိုင်ငံသားတွေဟာ ဘယ်နိုင်ငံ, ဘယ်ဘာသာ, ဘယ်လူမျိုးခြားပဲ လာလာ ကျောသားရင်သားမခွဲခြားပဲ တစ်လှေတည်းစီး တစ်ခရီးတည်းသွား ဆွေမျိုးအရင်းအခြာတွေလို နေထိုင်ခဲ့တာပါ၊ အဲ့တော့ ဘာမှပြဿနာမဖြစ်ခဲ့ပါဘူး၊ မြန်မာနိုင်ငံသားတွေဟာ ဧည့်ဝတ်ကျေပွန်ခဲ့ပါတယ် ၊ တစ်ခုတော့ရှိတယ် ကုန်းဘောင်ခေတ်ဦးပိုင်းလောက်က ဖီးလစ်ဒီပရစ်တို ငဇင်ကာဆိုတဲ့ သံလျင်စား က မြန်မာဘုရားတွေဖျက်တယ်၊ ဋ္ဌာပနာတွေကိုဖောက်တယ်၊ ခေါင်းလောင်းတွေကို အရည်ကျို ပြီးတော့ ကျည်ဆံလုပ်တယ်၊ ဘာသာရေးစော်ကားမှုတွေလုပ်တယ်၊ အဲ့တော့ ဒီဘာသာရေးစော်ကားမှုတွေ၊ လူမျိုးရေးစော်ကားမှုတွေကြောင့် မျိုးချစ်ဘုရင်တွေကနေ ဦးဆောင်ပြီးတော့ တိုင်းရင်းသားတွေကနေ တော်လှန်ခဲ့ဘူးတာတော့၇ှိပါတယ်။ ဒါက မြန်မာနိုင်ငံသားတွေက အိမ်သည်ဝတ်ချိုးဖောက်တာမဟုတ်ဘူး၊ ဧည့်သည်က ဧည့်သည်လိုမနေခြင်းကြောင့် ဖြစ်ခဲ့တာပါ၊ ခုလက်တလော အခြေအနေမှာလည်းပဲ ဒီရခိုင်ဒေ သ၊ မောင်းတောဒေသမှာ ဧည့်သည်ဘင်္ဂါလီတွေက အိမ်သည် မြန်မာအမျိုးသားတွေ၊ ရခိုင်တွေကို သတ် ဖြတ်ပြီးတော့၊ ညှင်းဆဲပြီးတော့၊ မောင်းထုတ်လိုက်ပြီးတော့ အိမ်သည်တွေက အသက်လုပြီးတော့ပြေးရ တာ၊ အသတ်ခံနေရတာတွေလည်း မြောက်များစွာရှိပါတယ်၊ ဒါလည်းပဲ မြန်မာလူမျိုးတွေက စတင်ခဲ့တာ မဟုတ်ပါဘူ၊ အင်္ဂလိပ်ခေတ်ကနေစပြီးတော့ ဒီယနေ့ခေတ်အထိအောင် မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတိုင်းမှာ မြန်မာလူမျိုးတွေက သို့မဟုတ် ဗုဒ္ဓဘာသာတွေက စတင်ပြီးတော့ ဖန်တီးခဲ့တာတစ်ခုမှ မရှိပါဘူး၊ အဲ့ဒီဖြစ်ပေါ်ခဲ့တဲ့ပြဿနာတွေ၊ ဒီနောက်ဆုံးဖြစ်ပေါ်ခဲ့တဲ့ ပြဿနာတွေကို ကြည့်မယ်ဆိုရင် ရခိုင်မှာတစ်ခုဖြစ်ခဲ့တယ်၊ မိတ္ထီလာမှာဖြစ်တယ်၊ လားရှိုးမှာဖြစ်တယ်၊ ဥက္ကံမှာဖြစ်တယ်၊ နောက်ဆုံး မန္တလေးမှာဖြစ်တဲ့ ပြဿနာတွေကိုလည်းပဲ ပြဿနာဖြစ်ခြင်းရဲ့အရင်းခံမှာ အားလုံးမှတ်တမ်း တွေရှိပါတယ်၊ မြန်မာလူမျိုးတွေ၊ ဗုဒ္ဓဘာသာလူမျိုးတွေကစတာ တစ်ခုမှမရှိပါဘူး၊ တစ်ဖက်သားက ကျူးလွန်စော်ကားလာလို့ စတင်ဖြစ်ရတာပါ၊ အဲ့ဒီဖြစ်တဲ့ပြဿနာတွေမှာလည်း ဒီမဘသ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးဆရာတော်ကြီးတွေ ဦးဆောင်ပြီးတော့ ထိန်းသိမ်းပေးလို့ ဒီလောက်အနည်း အကျဉ်းပြီးခဲ့တာ၊ တစ်ဖက်သား လူမျိုးခြား၊ ဘာသာခြားတွေ အသေအပျောက်နည်းအောင် ထိန်းသိမ်းပေး ရုံမကဘူး၊ တစ်ချို့ မိထ္တီလာတို့ လားရှိုးတို့မှာဆိုရင် ဆရာတော်၊ သံဃာတော်တွေကပဲ ကျောင်းထဲခေါ်ပြီး အဲဒီလူမျိုးခြား၊ ဘာသာခြားတွေကို သူတို့အသက်အိုးအိမ်တွေကိုထိန်းသိမ်းပေးတယ်၊ ကျွေးမွေးပေးထား တာတောင်ရှိပါတယ်လို့၊ အဲဒီတော့ ဖြစ်ပေါ်သမျှ ပြဿနာတိုင်းဟာ ဒီမြန်မာနိုင်ငံသားတွေ အိမ်သည်တွေ က စတာမဟုတ်ပါဘူးလို့၊ ဘာသာခြား၊ လူမျိုးခြားတွေကပဲ စတာဖြစ်ခဲ့ပါတယ်လို့ ဆရာတော်ဒီလိုပဲ တစ်ချက်ခြင်း ရှင်းပြတယ်၊ အဲဒီဖြစ်တဲ့ပြဿနာတိုင်းမှာလည်း အထောက်အထားတွေများစွာရှိတယ်လို့ ဆရာတော်ပြောလိုက်တယ်လေ..။
မေး ။ တင်ပါ။ ဆရာတော် အဲ့ဒီသံတမန်က ဘာကိစ္စ လာစုံစမ်းတာလည်း.. ဆရာတော်တို့ပြောဆိုချက် တွေကိုရော သူဘယ်လောက်ထိ သဘောပေါက်ပါလည်းဘုရား။
ဖြေ ။ သူကအားလုံး ဒီဟာတွေကို တပည့်တော်တို့ သဘောပေါက်ပါတယ်တဲ့၊ အခုလိုကြားသိရတာ အပြင်ကကြားသိရတာတွေနဲ့ သိပ်မတူဘူးပေါ့လေ၊ အဲ့တော့ ဒီလိုအဖြစ်မှန်တွေကို အမေရိကန်လိုနိုင်ငံကြီး တွေကလည်း ၀ိုင်းဝန်းပြီးတော့ အကူအညီပေးသင့်ပါတယ်လို့ သတင်းအမှန်ကို နားလည်ပေးသင့်ပါတယ် လို့ ပြောလိုက်ပါတယ်၊
မေး ။ မှန်ပါ့၊ တစ်ချို့ပြောနေတာကလေ ဆရာတော် သူတို့လာတာကလေ လွှတ်တော်မှာခုပြောနေကြ တဲ့ ဒီ..အမျိုးစောင့်ဥပဒေနဲ့ပတ်သက်လို့လည်း ဒါဟာ လူ့အခွင့်အရေးနဲ့ဆိုင်တယ်ဆိုပြီး သူတို့ကထောက်ပြ ပြောဆိုနေတာကို ရော ဆရာတော်ဘုရား။
ဖြေ ။ အဲ့တာတွေကိုလည်းပြောတယ်။ ဒီအမျိုးစောင့်ဥပဒေနဲ့ပတ်သတ်ပြီးတော့လည်း ဒီမှာ လူ့အခွင့်အ ရေး ချိုးဖောက်ခံနေရတယ်၊ ဘာသာခြား လူမျိုးခြားတွေက သူတို့ကို ခွဲခြားဆက်ဆံခံနေရတယ်ဆိုတဲ့ သဘောမျိုးကို လွှတ်တော်မှာဝေဖန်နေတယ်၊ ပြင်ပနိုင်ငံတွေမှာလည်း ဒီလိုတွေ ပြောနေတယ်၊ အဲ့တာနဲ့ ပတ်သက်လို့လည်း ဆရာတော် အထူးသဖြင့်ပြောလိုတာက ဒီမြန်မာနိုင်ငံမှာ ဘာသာကြီး(၃)ခုမှာ ဗုဒ္ဓဘာ သာမှတစ်ပါးသော ဟိန္ဒူ၊ ခရစ်ယာန်၊ အစ္စလာမ်ဆိုပြီး ဘာသာကြီးလေးခုရှိပါတယ်။ အဲတော့ ဟိန္ဒူ၊ ခရစ်ယာန်၊ အစ္စလာမ်ဆိုတဲ့ ဘာသာတွေမှာ သူတို့ဘာသာဝင်မဟုတ်တဲ့ ပုဂ္ဂိုလ်တွေနဲ့ လက်ထပ်ခွင့်မပေး ပါဘူး၊ လက်ထပ်ရင်လည်းပဲ တရားမ၀င်ပါဘူး၊ သူတို့ဘာသာကိုဝင်မှ တရားဝင်တယ်၊ သူတို့ဘာသာရေး ခေါင်းဆောင်က လက်ထပ်ပေးမှ တရားဝင်တယ်လို့ သတ်မှတ်ထားတာရှိတယ်၊ အဲ့ဒီလိုမဟုတ်ပဲနဲ့ တစ်ချို့ ခရစ်ယာန်ရော၊ အစ္စလာမ်ရော အဲ့ဘာသာတွေမှာ သူတို့ဘာသာမဟုတ်ပဲနဲ့ ဒီဘက်ဘာသာနဲ့ အတင်း လက်ထပ်တာရှိရင် ပြစ်ဒဏ်တွေ သတ်မှတ်ထားတာ မြောက်များစွာရှိပါတယ်၊ သူတို့ဘာသာတွေမှာ တိတိ ကျကျသတ်မှတ်ထားတာရှိတယ်၊ မြန်မာနိုင်ငံဗုဒ္ဓဘာသာဝင်တွေမှာ အဲ့လို ခေတ်အဆက်ဆက်က၊ နဂို တုန်းက မြန်မာလူမျိုးတွေရဲ့ သဘောထားအရ သိပ်ပြီးတော့ ဘာမှပြဿနာမဖြစ်ခဲ့ခြင်းကြောင့် ဒီလို အိမ်ထောင်ခန်းနဲ့ပြဿနာတွေ မရှိခဲ့ခြင်းကြောင့် ဥပဒေတွေ၊ ဒီဘာသာခြားနဲ့ လက်ထပ်ထိမ်းမြားခြင်းဆိုင် ရာမှာ ဘာမှကန့်သတ်ခြင်းမရှိခဲ့ပါဘူး။ ဒါပေမဲ့ အခု အမျိုးစောင့်ဥပဒေဆိုတာက ခုနကပြောခဲ့တဲ့ ဟိန္ဒူ၊ ခရစ်ယာန်၊ အစ္စလာမ်ဆိုတဲ့ ဘာသာတွေမှာ ရှိနေတဲ့ ဥပဒေတွေလို တန်းတူညီမျှ ရနိုင်သလောက်ရအောင်၊ ဒါတောင်မှပဲ ခုလက်ရှိဆွဲထားတဲ့ အမျိုးစောင့်ဥပဒေဟာ သူတို့ဥပဒေတွေနဲ့စာရင် နိမ့်ပါသေးတယ်လို့၊ သူတို့ဥပဒေတွေနဲ့ တန်းတူဖြစ်အောင် လုပ်ပေးတာပါ၊ ဒီ နိုင်ငံတကာရဲ့ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာ တမ်းမှာ နံပါတ်-၁က လူတိုင်းလူတိုင်းဟာ တန်းတူညီမျှတဲ့ အခွင့်အရေးရှိရမယ်လို့ပြောတယ်၊ အဲ့တော့ သူတို့ဘာသာတွေမှာ ဒီလိုတွေရှိပြီးတော့ ဗုဒ္ဓဘာသာမှာမရှိခြင်းကြောင့် ဗုဒ္ဓဘာသာတွေမှာ အဘက်ဘက် က ခေတ်အဆက်ဆက်က တရားရုံးအဆင့်ဆင့်မှာ နစ်နာခဲ့ရတာတွေ မြောက်များစွာရှိပါတယ်၊ အရင်တုန်း က ခြံစည်းရိုးမရှိလို့ ကျန်တဲ့ ၀င်ချင်သလိုဝင် စော်ကားချင်သလိုစော်ကားလို့ရခဲ့တယ်၊ ခုအဲ့ဒီလိုမဖြစ် အောင်ဆိုပြီး သူတို့နဲ့ တန်းတူညီမျှအခွင့်အရေးရအောင် ကိုယ့်ခြံစည်းရိုးကိုယ်ကာပေးတာပါ၊ သူများကို ဘာမှ ချုပ်ခြယ်တာမရှိဘူး၊ တကယ့်ကိုလွတ်လပ်ပါတယ်၊ အမျိုးစောင့်ဥပဒေနဲ့ပတ်သက်ပြီးတော့ တစ်ချက် ခြင်း ဘယ်အချက်ကို ဆွေးနွေးမလဲ ဆွေးနွေးလို့ရပါတယ်၊ သူတို့ထက်ပိုပြီးတော့ ယူတာဘာမှမရှိပါဘူးလို့ ဆရာတော်ပြောတော့ ဒါလည်းပဲ သူတို့က လက်ခံပါတယ်၊ တစ်ခုပြောတာ သူတို့က ဒီအမျိုးစောင့်ဥပဒေနဲ့ ပတ်သက်ပြီးတော့ ဘာသာရေးအသုံးချပြီးတော့ ရွေးကောက်ပွဲမှာလုပ်ဖို့ ဒါကိုစိုးရိမ်တယ်ဆိုတဲ့အကြောင်း သူပြောတယ်၊ ပြောတော့ဆရာတော်က ဒီအမျိုးစောင့်ဥပဒေက ခုမှလုပ်တာမဟုတ်ပါဘူးလို့၊ ပြီးခဲ့တဲ့ ၂-နှစ် ကျော်ကတည်းကလုပ်ခဲ့တာပါလို့၊ အဲ့တုန်းကမပီပြင်ခဲ့လို့ ခုမှ သူတို့လုပ်မယ်လို့ ရှိနေတာပဲ ရှိတာပါ။ ဒါတောင်မှ အကောင်အထည်မဖော်သေးပါဘူးလို့၊ ရွေးကောက်ပွဲနဲ့လည်း ဘာမှမဆိုင်ဘူး၊ ခုဥပဒေဟာ မြန်မာနိုင်ငံသားအတွက် လုပ်ပေးတဲ့ ဥပဒေဖြစ်နေတဲ့အတွက်ကြောင့် ခုလက်ရှိ ဘယ်နိုင်ငံသားမဆို ဒီနိုင်ငံ မှာရှိတဲ့ လူတိုင်း၊ ပါတီတိုင်းကရော၊ လူတိုင်းကရော လက်ခံရမယ့်ဥပဒေဖြစ်နေတာ..၊ သူတို့ကလက်မခံနိုင် တာကို ဆရာတော်တို့က ဒါကို နားမလည်နိုင်ဘူးလို့ ဒါပဲပြောတယ်လေ၊ အဲ့တာကို ဘာသာရေးနဲ့ ရွေးကောက်ပွဲအသုံးချတာ လုံးဝမဟုတ်ပါဘူး၊ လက်ရှိ ထောက်ပြလို့လည်းရပါတယ်၊ ဆွေးနွေးလို့လည်း ရပါတယ်ဆိုတော့ ဒါလည်းပဲ သူတို့လက်ခံသွားပါတယ်။
မေး ။ တင်ပါ့၊ ခုတစ်ခုရှိတာက နိုင်ငံတကာမျက်နှာစာမှာပြောနေတာက နိုင်ငံရေးနဲ့ ဘာသာရေးနဲ့မှာ ရောထွေးမှုမရှိရဘူးလို့ ပြောကြတယ်၊ အများလည်းလက်ခံတယ်၊ တစ်ချို့ကပြောနေတာက ဒီတက်တဲ့ အစိုးရတွေဟာ ဘာသာရေးခေါင်းဆောင်တွေအသုံးပြုပြီးတော့ အမျိုးသားရေးဝါဒတွေ ဖြန့်နေကြတယ်၊ မဲဆွယ်မှုတစ်ခုတည်းမဟုတ်ဘူးပေါ့လေ လူတွေကိုလှုံဆော်ကြတယ်၊ အဲဒီကနေတစ်ဆင့် မုန်းတီးမှု တွေပွားနိုင်မလားဆိုပြီးတော့ ထောက်ပြမှုတွေရှိတယ်၊ အဲဒီကိစ္စတွေရော ဆွေးနွေးပါလားဘုရား၊
ဖြေ ။ အဲ့တာတွေလည်း ဆွေးနွေးတယ်လေ၊ ခုနက ဆရာတော်တို့ပြောတဲ့ ဒီဘာသာရေးနဲ့ပတ်သက်တဲ့ လှုံတော်တာတွေ ဘာမှမရှိပါဘူး၊ ဒါပေမဲ့ ကိုယ့်အမျိုး ကိုယ့်ဘာသာ ကိုယ့်သာသနာ စောင့်ရှောက်တတ် အောင် လမ်းညွှန်ပေးတယ်၊ ထိန်းသိမ်းပေးဖို့ ဒါကိုနေတတ်ထိုင်တတ်အောင် လုပ်ပေးပါတယ်ဆိုတဲ့ သဘောကို ဒါကိုသာပြောနေတာပါ၊ သူတို့ဒီ မြန်မာနိုင်ငံမှာမထားသင်ဘူးလို့လည်း ပြောလို့မရဘူး၊ သူတို့ ဘာသာကိုဖျက်ဆီးဖို့လည်းမဟုတ်ဘူး၊ ဘယ်သူ့မှပုတ်ခတ်တာလည်းမဟုတ်ဘူး၊ ကိုယ့်ဘာသာကို စောင့်စည်းဖို့ပြောနေတာကို ဒကာကြီးတို့လည်း အသိပဲလေ၊ ကိုယ့်ဘာသာ ကိုယ့်လူမျိုးကို စောင့်ထိန်းဖို့ ဆိုတာ ကိုယ့်နိုင်ငံသားက ပြောခွင့်မရှိဘူးလား.. ?၊ ဒကာကြီးရော..ခု ဆရာတော်မေးပါတယ်… ?၊
မေး။ တင်ပါဘုရား၊.. တစ်ချို့ကပြောနေကြတာလေ.. ဒီလိုပါ ၊ ဘာသာရေးအရ ကိုယ့်ဘာသာ သူ့ဘာသာ အယူဝါဒရှိတယ်၊ အရင်တုန်းက ဟို ၉၆၉-တို့လို အဖွဲ့အစည်းတွေပေါ်လာတယ်ပေါ့၊ အခုကြ တော့လည်း ဒီသာသနာရေးဆိုင်ရာ မဘသ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့တွေ ပေါ်လာ တယ်၊ နောက်နဂိုကလည်း အစိုးရနဲ့ပတ်သက်တဲ့ မဟနဆိုတဲ့ အဖွဲ့အစည်းတွေရှိတယ်၊ အဲဒီတော့ သံဃာ တွေဟာ တစ်သံတည်းထွက်သင့်သလား.. ဒါမှမဟုတ် ဒီလိုလုပ်တဲ့အခါမှ ဥပဒေနဲ့အညီ သူတို့ အစိုးရက ကန့်သတ်သင့်သလား အဲ့လိုဟာတွေလည်း တစ်ချို့မေးခွန်းထုတ်တယ်ဘုရား..၊အဲ့ဒီကိစ္စတွေရော သူတို့ စိတ်ဝင်စားလားဘုရား။
ဖြေ ။ အဲ့တာတွေတော့ သူတို့ သီးခြားသက်သက်မမေးပါဘူး၊ ဒါတွေနဲ့ပတ်သက်ပြီးတော့လည်း အချိန် မရွေးလာဆွေးနွေးလို့ရပါတယ်၊ ဒီက ဘာသာရေးနဲ့ပတ်သက်ပြီးတော့ ဆရာတော်ကပြောတယ်လေ၊ မြန်မာလူမျိုးတွေ အစဉ်အဆက်က ဘယ်သူ၊ ဘယ်လူမျိုး၊ ဘယ်ဘာသာလာလာ လက်ခံပါတယ်၊ ဒီက ဘာသာရေး လူမျိုးရေးပဋိပက္ခတွေမှာလည်း မြန်မာဗုဒ္ဓဘာသာလူမျိုးတွေက စတင်တာမရှိပါဘူးဆို တာလည်း ဆရာတော်ပြောတယ်၊ ဒီမှာလည်း လာဆွေးနွေးလို့ရတယ်၊ ဘေးမှာဖြစ်နေတာတွေကတော့ သူတို့ ထင်သလို လွှင့်နေတာ၊ ယခုလက်ရှိ ကမ္ဘာမှာ ဒကာကြီးတို့လည်း အသိပဲလေ၊ ကမ္ဘာမှာ ဘာသာရေး၊ လူမျိုးရေး အစွန်းရောက်တွေ၊ အကြမ်းဖက်သမားတွေ ဖြစ်နေတယ်ဆိုတာ ဗုဒ္ဓဘာသာကနေ စတယ်ဆိုတာ ဒကာကြီးတို့ ကြားဘူးလား….. ?၊ ဆရာတော်မေးတာကို ဒကာကြီး ပြန်ဖြေပါဦး၊
မေး ။ တင်ပါ့ဘုရား..။ ဗုဒ္ဓဘာသာကစတဲ့ အကြမ်းဖက်မှုတော့ မရှိပါဘူးဘုရား။
ဖြေ ။ အေး.. အဲဒီဥစ္စာကို နမူနာယူဖို့တော့ လိုအပ်တယ်ပေါ့။ ဒီမှာလည်းပဲ ဗုဒ္ဓဘာသာကစတဲ့ မြန်မာလူမျိုးတွေကစတာမရှိဘူး သို့သော် တစ်ခုရှိတာက သူများကလွန်ကျူးလာတဲ့အခါမှာ တစ်ချို့ဒေသ တွေမှာ စိတ်လက်မာန်ပါ ပြန်ပြီးတော့ တွန်းလှန်တာတွေတော့ ရှိပါလိမ့်မယ်၊ အဲ့တာတွေကိုလည်းပဲ တာဝန်ရှိတဲ့ ဆရာတော်, သံဃာတော်တွေရော. ကိုးခြောက်ကိုးတို့ မဘသတို့ဦးစီးတဲ့ သံဃာ့အဖွဲ့အ စည်းတွေကနေ တက်နိုင်သလောက်ထိန်းသိန်းပေးပါတယ်၊ ခုနပြောခဲ့ပြီး မိတ္ထီလာတို့, လားရှိုးတို့မှာ ပြဿနာဖြစ်တုန်းက ဘုန်းကြီးတွေကိုယ်တိုင်၊ ဆရာတော်တွေကိုယ်တိုင် လူမျိုးခြားတွေ အသတ်မခံရ အောင်ဆိုပြီးတော့ ကျောင်းထဲခေါ်ပြီး ကျွေးမွေးထားတာကို ရှိခဲ့တယ်၊
မေး ။ တင်ပါ့ဘုရာ။ ဟို တပည့်တော်နောက်ဆုံးသိချင်တာကတော့လေ မြန်မာနိုင်ငံမှာ ခုနိုင်ငံတကာက ဝေဖန်သလို ဒီအမြင်အမျိုးမျိုးရှိနေတယ်၊ တဖက်ကလည်းပဲ အစိုးရကနေဦးစီးပြီးတော့ ဒီဘာသာပေါင်းစုံ ချစ်ကြည်ရေးတို့ တစ်ယောက်နဲ့တစ်ယောက်နားလည်ရေးတို့၊ အဖွဲ့အစည်းတစ်ခုနဲ့တစ်ခု ပိုပြီးတော့.. ဒီ အာဃာသ, ဒေါသတွေကင်းရှင်းရေး လုပ်နေတာတွေ ကြားရတယ်၊ အဲ့တာတွေကရော ထိရောက်မှု ရှိလားဘုရား..။
ဖြေ ။ ဒါတွေက တကယ်လုပ်ရင် တကယ်ဖြစ်ပါတယ်၊ တကယ့်စေတနာအမှန်နဲ့သာ လုပ်ရင် ရှိပါတယ်၊ များသောအားဖြင့် အခု တစ်ချို့က ဘာသာပေါင်းစုံညီညွတ်ရေးဆိုတဲ့ အစည်းအဝေးပွဲတွေလုပ်တာကို ဆရာတော်တို့ကြုံကြပါတယ်၊ ကြုံကြတဲ့အခါမှာ သူတို့ခေါ်ဖိတ်တဲ့အခါမှာလည်းသွားတယ်၊ သွားတဲ့အခါမှာ လည်း ဒီကသွားချင်တဲ့ ပုဂ္ဂိုလ်တိုင်းသွားလို့မရဘူး၊ ပြောချင်တဲ့စကားတိုင်းလည်းပြောလို့မရဘူး၊ သူတို့ပြော ချင်တာကို နားထောင်ပြီးတော့ ပြန်လာရတယ်၊ ဒီကပြောချင်တာကို အနည်းအကျဉ်းလောက်ပဲရှိတာကို ဆရာတော်တို့ခုလက်တွေ့ ခံစားရတာများတယ်၊ ဆရာတော်တို့ရဲ့ ဒီအဖွဲ့အစည်းတွေ၊ ဒီ အဖွဲ့အစည်းတွေ ကိုခြောက်ကိုးတို့၊ မဘသတို့၊ သံဃနာယက အဖွဲ့တွေရော၊ ကျောင်းတိုက်တွေရော ဘယ်ဘာသာလာလာ၊ ဘယ်လူမျိုးလာလာ ဆရာတော်တို့က လက်ခံပြီးတော့ ဖြေရှင်းပြီးတော့ ပြောပြလို့ရတယ်၊ အဲ့တာကို ဒကာကြီးတို့ အနေနဲ့လည်း နားလည်ပေးစေချင်တယ်၊ ဘေးမှာပြောနေတာမဟုတ်ပါဘူး၊ လက်တွေ့လာကြည့်ပါ၊ လက်တွေ့ကို ထောက်ပြပါ၊ အဲ့တာကိုပဲ နောက်ဆုံးပြောလိုပါတယ်၊ ဒါပါပဲ ဆရာတော်ပြောလိုတာကတော့။ ကောင်းပြီ။
မေး။ တင်ပါ့ဘုရား ဆရာတော်ဦးတင်ပါတယ်ဘုရား။
https://youtu.be/BvX8K_hA-tI

Friday, May 1, 2015

ထူးလှလူသား ဗုဒ္ဓဘုရား အရှင်တိလောကာဘိဝံသ (အင်းစိန်)

ထူးလှလူသား ဗုဒ္ဓဘုရား
အရှင်တိလောကာဘိဝံသ (အင်းစိန်)

        ယနေ့ ကမ္ဘာပေါ်၌ ဘာသာအသီးသီး၏ ဘုရားများရှိကြသည်။ ဗုဒ္ဓဘာသာမှ အခြားသောဘာသာကြီးများဖြစ်သည့် ဟိန္ဒူဘုရား ဗြဟ္မာ + ဗိဿနိုး + သီဝ၊ ခရစ်ယာန်ဘုရား ဂေါဒ်၊ အစ္စလာမ်ဘုရား အလ္လာဟ် စသော ဘုရားများသည် လူသား များ မဟုတ်ကြ။ တန်ခိုးရှင်၊ ဖန်ဆင်းရှင်ဟု သတ်မှတ်ထားသော လက်တွေ့မမြင်အပ် သည့် အရာများဖြစ်ကြသည်။ ယင်းတန်ခိုးရှင်၊ ဖန်ဆင်းရှင် နတ်ဘုရားများ၏ ကိုယ်စား တမန်တော်များ၊ ကိုယ်စားလှယ်တော်များ လူသားများဖြစ်သည့် ယေရှု၊ မိဟာမက်တို့က သူတို့ ဘုရားရှင်များ၏၀ါဒများ၊ တရားတော်များကို တစ်ဆင့်ဟောကြားကြသည်။ ထိုဘာသာဝင်များသည် သူတို့၏ဘုရားကို လက်တွေ့မြင်ကြရသည်မဟုတ်။ တစ်ဆင့် ကြားဖြင့်သာသိပြီး ကိုးကွယ်ကြသည်။ သူတို့ဘုရား ဘယ်နေရာမှာနေ၍ ဘယ်ပုံစံဖြစ် သည်ဟု အတိအကျမပြောနိုင်ကြ။
        သူတို့ပြောသည့် ဘုရားများက ဤကမ္ဘာလောကကြီးနှင့် သတ္တ၀ါများကို ဖန်ဆင်းသည်ဟု ဆိုထားသော်လည်း ဤကမ္ဘာလောကကြီးသည် လွန်ခဲ့သော နှစ်သန်းပေါင်း ၄၅၀၀ နှင့် ၅၀၀၀ အတွင်း ဖြစ်တည်ခဲ့သည်ဟု သိပ္ပံပညာရှင်များက မိန့် ဆိုကြသည်။ ကမ္ဘာလောကကြီး ဖြစ်တည်ပြီးနောက်ပိုင်းကျမှ သက်ရှိသတ္တ၀ါတွေလည်း ဖြစ်တည်လာကြသည်။
(စိစစ်ဝေဖန် မြန်မာ့သမိုင်းမှန်၊ စာ-၁)
ထိုတွင် -
        ဟိန္ဒူဘာသာဝင်တို့၏ ဘုရား ဗြဟ္မာ + ဗိဿနိုး + သီဝ သည်  ဘီစီ ၃၅၀၀ ခန့်က ပေါ်ခဲ့သဖြင့် ယခုအချိန်မှာ နှစ်ပေါင်း ၅၅၁၅-နှစ်မျှသာ ရှိသေးသည်။ ခရစ်ယာန် ဘာသာဝင်တို့၏ဘုရား ဂေါ့ဒ်သည် အေဒီ ၀၁-က ပေါ်ခဲ့သဖြင့် ယခုအချိန်မှာ နှစ်ပေါင်း ၂၀၁၅-နှစ်မျှသာ ရှိသေးသည်။ အစ္စလာမ်ဘာသာဝင်တို့၏ဘုရား အလ္လာဟ်သည် အေဒီ ၆၂၂-က ပေါ်ခဲ့သဖြင့် ယခုအချိန်နှစ်ပေါင်း ၁၃၉၃-နှစ်မျှသာ ရှိသေးသည်။
(အာရှတိုက် ပထ၀ီဘာသာရေး မြေပုံသမိုင်း)
        အဆိုပါ ဘာသာဝင်များ၏ ကမ္ဘာနှင့် သတ္တ၀ါများကို ဘုရားရှင်က ဖန်ဆင်းသည် ဟူသောစကားသည် ယုတ္တိမတန်သော ရမ်းတုတ်လုပ်ကြံထားသော စကားများ ဖြစ်ကြောင်း ထင်ရှားသည်။
        ဗုဒ္ဓဘုရားရှင်သည် ခရစ်မပေါ်မီ ဘီစီ ၆၂၃-နှစ်က မွေးဖွားခဲ့ပြီး ဘီစီ ၅၈၈-တွင် ဘုရားအဖြစ်သို့ ရောက်ခဲ့သည်။ ဘုရားဖြစ်ပြီ ၂-လခန့်အကြာ ဓမ္မစကြာတရားဦး ဟောခဲ့ချိန်မှစ၍ ဗုဒ္ဓ၀ါဒစတင်ပေါ်ပေါက်ခဲ့သည်။ ဗုဒ္ဓဘုရားရှင်သည် အမှန်တကယ်ရှိခဲ့ သော လူသားစစ်စစ်ဖြစ်ကြောင်း သမိုင်းကြောင်း၊ ရာဇ၀င်ကြောင်းနှင့် သိပ္ပံပညာရှင်များ ၏ လေ့လာတွေ့ရှိ ထောက်ခံချက်အရ အတိအကျထင်ရှားရှိခဲ့သည်။ မြတ်ဗုဒ္ဓသည် လူသားဆိုသော်လည်း သာမန်လူသားတော့ မဟုတ်ပါ။ လေးအသင်္ချေနှင့် ကမ္ဘာ တစ်သိန်းကာလကြာအောင် ဆည်းပူးခဲ့သော ပါရမီရှင်လည်းဖြစ်သည်။ ဒီဘ၀မှာလည်း စိတ်ဓါတ်အညစ်အကြေး ကိလေသာအားလုံးကို အရဟတ္တမဂ်ဥာဏ်ဖြင့် အမြစ်ပြတ် ပယ်ရှင်းနိုင်သော အရဟံဂုဏ်ရှင်ဖြစ်ခြင်း၊ သိစရာမှန်သမျှအားလုံးကို သိမြင်နိုင်သည့် သဗ္ဗညုတဥာဏ်ရရှိသော သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင်ဖြစ်ခြင်း၊ အသိဥာဏ်ဝိဇ္ဇာ၊ အကျင့်စရဏ နှင့် ပြည့်စုံသော ၀ိဇ္ဇာစရဏသမ္ပန္နဂုဏ်ရှင် ဖြစ်ခြင်း စသောအများလေးစားလောက် သည့် အရည်အချင်းကြောင့် ထူးခြားလူသားဗုဒ္ဓဘုရားဟု ခေါ်နိုင်ခြင်း ဖြစ်သည်။

        တွေးခေါ်ပညာရှင်ကြီးဖြစ်သည့် ကာလီဒါသ၊ တဂိုး၊ ပလေတိုး၊ အိုင်းစတိုင်း၊ အက်ဒီဆင်၊ ရှိတ်စပီးယား စသည်တို့သည် သာမန်လူသားထက် ထူးခြားသည့်လူသား များဖြစ်သည်။ သို့သော် သူတို့သည် ရာဂ၊ ဒေါသ၊ မောဟ စိတ်ဓါတ်ကိလေသာ မကင်း ကြသူများဖြစ်ကြသည်။ မြတ်ဗုဒ္ဓသည် သာမန်လူသားထက် ထူးခြားသူဖြစ်ရုံမက ထူးခြားသည့်လူသားထက် ထူးခြားသော လူသားဖြစ်ပါသည်။ ဒါကိုရည်ရွယ်၍ ပရိတ်ကြီး ဓဇဂ္ဂသုတ်တော် ၌ -

        သိကြားစသော နတ်မင်းများသည် အရှိန်အ၀ါကြီးသူ တန်ခိုးရှင်များဖြစ်သော် လည်း သူတို့မှာ ရာဂ၊ ဒေါသ၊ မောဟ မကင်းသောသူများဖြစ်၍ သူတို့၏အလံများကို ကြည့်သောနတ်များသည် ကြောက်စိတ်ကင်းပျောက်သူ၊ မပျောက်သူ နှစ်မျိုးနှစ်စား ဖြစ်ကြသည်။ ကြောက်လန့်စိတ်များ ကင်းပျောက်မှု မသေချာကြပေ။  မြတ်ဗုဒ္ဓသည် ကား ရာဂ၊ ဒေါသ၊ မောဟ လုံးဝကင်းစင်ပြီးသူဖြစ်၍ ရတနာမြတ်သုံးပါ၏ ဂုဏ်တော်များ ကို အောက်မေ့ပွားများသူများမှာ ကြောက်လန့်စိတ်များ တကယ်ပြေပျောက်နိုင်သည် ဟု ဟောကြားထားသည်။

        ဗုဒ္ဓဘုရားဆိုတာ သာမန်ပုဂ္ဂိုလ်တစ်ဦးပါ။ ဒါကြောင့် အရမ်းကြီး အလေးအမြတ်ထား ကိုးကွယ်စရာမလိုပါဘူး ဟု အချို့က ပြောကြားသည်။ ထိုသူတို့ သည် သူတို့ကိုယ်တိုင်က ဗုဒ္ဓဘာသာအမည်ခံသော်လည်း ထေရ၀ါဒဗုဒ္ဓဘာသာ အစစ်ဟု မဆိုနိုင်ပါ။

လက်တွေ့ဆန် ယုတ္တိတန်သော မြတ်ဗုဒ္ဓ

        မြတ်ဗုဒ္ဓ၏၀ါဒမှာ လက်တွေ့ကျသော ယုတ္တိရသော ၀ါဒဖြစ်သည်။ အကြောင်း ကြောင့် အကျိုးဖြစ်ရသည်။ အရာဝတ္ထုတိုင်း အကြောင်းရှိလို့ အကျိုးဖြစ်ရသည်။ အကြောင်းမဲ့ဖြစ်သည်လည်းမဟုတ်၊ ဖန်ဆင်းရှင်ကြောင့်ဖြစ်ရသည်လည်း မဟုတ်၊ သက်မဲ့ သြကာသလောကကြီးသည် အပူအအေးဟူသော တေဇောဓာတ်ဥတုကြောင့် ဖြစ်ရသည်။ သက်ရှိသတ္တ၀ါများသည်  ကံ၊ စိတ်၊ ဥတု၊ အာဟာရကြောင့် ဖြစ်ရသည်။ သူများဖန်ဆင်း၍ဖြစ်ရသည်မဟုတ်၊ မိမိသည်သာလျှင် မိမိအားကိုးရာဖြစ်သည်။ ငါဘုရားသည် လမ်းညွှန်သူသာဖြစ်သည်။ တကယ်လုပ်ရမှာက သင်တို့တာဝန်သာ ဖြစ်ပါသည်။ သင်တို့တကယ်လုပ်လျှင် တကယ်အဟုတ်ဖြစ်မည်။ ကောင်းတာလုပ်လျှင် ကောင်းကျိုးရမည်။ မကောင်းတာလုပ်လျှင် မကောင်းကျိုးသာရမည်ဟု ဟောထားခဲ့ သည်။
        ဓမ္မစကြာ၊ အနတ္တလက္ခဏသုတ်၊ ပဋိစ္စသမုပ္ပါဒ်၊ ပဋ္ဌာန်း စသော မြတ်ဗုဒ္ဓ ဒေသနာတော်များသည် အကြောင်းအကျိုးကွင်းဆက်ကို ဖော်ပြသော ဒေသနာများ ဖြစ်သည်။ မြတ်ဗုဒ္ဓဒေသနာတော်များသည် ဗုဒ္ဓဘာသာဝင် တစ်စုအတွက်သာ ကွက်၍ဟောထားသောဒေသနာတော်များမဟုတ်၊ သတ္တဝါတိုင်းအတွက် ဟောထား သော ဒေသနာများဖြစ်သည်။ ဗုဒ္ဓဝါဒသည် ကျောသားရင်သားမခွဲခြားဘဲ
၁။ သတ္တဝါတိုင်းအတွက် မကောင်းကျိုးမဖြစ်ရန်၊ ကောင်းကျိုးဖြစ်ရန် အကျိုးလိုလားသော မေတ္တာ၊
၂။     ဆင်းရဲဒုက္ခရောက်နေသူ၊ မပြည့်ဝသူများကို သနားငဲ့ညာ ကူညီဖေးမ လိုသော ကရုဏာ၊
၃။     ချမ်းသာကြွယ်ဝသူ၊ ပြည့်စုံသူများကို ဝမ်းမြောက်ဝမ်းသာလက်ခံကြိုဆို လိုသော မုဒိတာ၊
၎။     ရန်သူ၊ မိတ်ဆွေ မည်သူ့ကိုမဆို တသားတည်းထားနိုင်သော၊ ခွင့်လွှတ် နိုင်သော ဥပေက္ခာ ဟူသော မြင့်မြတ်သောစိတ်ဓာတ် ဗြဟ္မစိုရ်တရား လက်ကိုင်ထား သော ဝါဒဖြစ်သည်။
ယင်းသည် မြင့်မြတ်သော ဗြဟ္ခစိုရ်စိတ်ဓာတ်လက်ကိုင်ထားပြီး ပြောဆို၊ ပြုမူသူ၏ လုပ်ရပ်မှန်သမျှသည် သွားရာနောက်က အရိပ်ပါသကဲ့သို့ ကောင်းကျိုးချမ်းသာ ဧကန်ဖြစ်စေမည်သာဖြစ်သည်။
(ဓမ္မပဒဂါထာ-၂)
        ဗုဒ္ဓဝါဒ၌ သူ့လူ ကိုယ်လူ၊ သူ့ဘက်သား ကိုယ့်ဘက်သား မည်သူ့ကိုမဆို သတ်ဖြတ်ညှင်းဆဲလျှင် ပါဏာတိပါတာ အကုသိုလ်ကံဒုစရိုက် မလွဲမသွေဖြစ်မည်သာ ဖြစ်သည်။ ထို့အတူ အဒိန္နာဒါန စသော ဒုစရိုက်မှုများသည်လည်း မည်သူ့ကိုမျှ လွတ်လပ်ခွင့်ပြုမည်မဟုတ်၊ ဒုစရိုက်မှု ကျူးလွန်ဖောက်ဖျက်သူမှန်သမျှ လှည်းရုန်းသော နွားနောက်က လှည်းဘီးထပ်ချပ်မကွာပါသကဲ့သို့ ဆင်းရဲဒုက္ခဧကန်ရမည်သာ ဖြစ်သည်။
                                                                                (ဓမ္မပဒဂါထာ-၁)
        သတ္တ၀ါများကို လည်လှီးသတ်ရမည်၊ ဘာသာမတူသူများကို သတ်ဖြတ်ချေမှုန်း လျှင် အပြစ်မရှိ၊ ကုသိုလ်ပင်ရသည်ဟု ယူဆသောဘုရားများ၊ ဘာသာဝင်များကား ဗြဟ္မာစိုရ်စိတ်ဓာတ်၊ လူသားစိတ်ဓာတ်ကင်းသူများသာ ဖြစ်ပေစွ။
        မြတ်ဗုဒ္ဓသည် လောကီရေး၊ လောကုတ္တရာရေး၊ ကြီးပွါးချမ်းသာရေး၊ ငြိမ်းချမ်းသာ ယာရေး၊ တရားမျှတရေး၊ ပေါင်းသင်းဆက်ဆံရေး- စသည်တို့ကိုလည်း အိမ်ထောင်ခန်း၊ မီးဖွားခန်းပါမကျန် ဟောကြားလမ်းညွှန်ထားသည်။ ပေါင်းသင်းဆက်ဆံရေးအတွက် သိင်္ဂါလသုတ်၌- မိဘနှင့် သား၊ မယားနှင့် လင်၊ အရှင်နှင့် ကျွန်၊ ထေရ်မွန်ဒကာ၊ မိတ်သဟာနှင့်၊ ဆရာတပည့်-ဟု ပတ်ဝန်းကျင် ၆-မျိုးခွဲခြား၍ တာဝန်ကိုယ်စီ လိုက်နာ သောအားဖြင့် တရားမျှတရေးဖြစ်အောင် ဟောကြားခဲ့သည်။ မင်္ဂလသုတ်၌ ကြီးပွား ကြောင်းတရားများကိုလည်း ဟောကြားထားသည်။ အင်္ဂုလိမာလသုတ်၌ ကလေးမီးဖွား ခန်းအတွက်ပါ ဟောကြားထားသည်။ ဤသို့စသည်ဖြင့် လက်တွေ့ဆန် ယုတ္တိတန်သော ဒေသနာများကို ဟောကြားနိုင်သည့် မြတ်ဗုဒ္ဓသည် သာမန်လူသားထက် ထူးခြားသော လူသားများထက်ပင် ပိုမိုထူးခြားလွန်ကဲသော လူသားဖြစ်သဖြင့် ဗုဒ္ဓ၀ါဒသည် ကမ္ဘာတွင် အကောင်းဆုံး ဘာသာဖြစ်ကြောင်း ပညာရှင်များ သတ်မှတ်ခြင်းခံရသည်။ ဗုဒ္ဓ၀ါဒကို လိုက်နာကျင့်သုံးသူများလည်း ကံထူးသူများဖြစ်၍ ထိုအကောင်းဆုံးဘာသာကို ထိန်းသိမ်းဖို့လိုကြောင်း ဖော်ပြရင်း ထူးလှလူသားဗုဒ္ဓဘုရား ဟူသော ဆောင်းပါးကို အဆုံးသတ်အပ်ပါသတည်း။

ကဆုန်လဆန်း ၁၀-ရက်၊ ၁၃၇၇-ခု                                               အရှင်တိလောကာဘိဝံသ
(ဧပြီလ-၂၇၊ ၂၀၁၅)၊ တနင်္လာနေ့။                                                ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်မြို့။