Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Tuesday, April 5, 2016

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် ဗွီအိုအေ အသံလွှင့်ဌာနနှင့် တွေ့ဆုံမေးမြန်းခန်း၌ ပြောကြားခဲ့သော စကားရပ်အား ပြည်တွင်းပြည်ပ မွတ်ဆလင်အဖွဲ့အစည်းများမှ ရင့်သီးစွာ ဝေဖန်နေမှုအပေါ် မဘသအဖွဲ့(ဗဟို)၏ သဘောထားထုတ်ပြန်ကြေညာချက်


------------------------------------------------------------------
၂၀၁၆-ခုနှစ်၊ ဧပြီလ ၂-ရက်၊ စနေနေ့တွင် ဗွီအိုအေ အသံလွှင့်ဌာနနှင့် တွေ့ဆုံမေးမြန်းခန်း၌ လက်ရှိနိုင်ငံတော်အစိုးရ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ပြောကြားခဲ့သော-
ဧည့်နိုင်ငံသားတွေ အများစုကိုးကွယ်နေတဲ့ အစ္စလာမ်ဘာသာ-ဟူသော စကားရပ်နှင့်ပတ်သက်၍ အစ္စလာမ်ဘာသာဝင်များက ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုအား ရင့်သီးစွာဝေဖန်နေကြသည်ကို တွေ့ရှိနေရသည်။
ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၏ အဆိုပါစကားသည် မြန်မာ့မူရင်းသမိုင်းကြောင်းအရ ဟုတ်တိုင်းမှန်စွာ ပြောကြားခဲ့သော စကားရပ်ပင်ဖြစ်သည်။
ထို့ကြောင့် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး(မဘသ)ဗဟို အဖွဲ့ကြီး၏ သဘောထားဆန္ဒသည်လည်း ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၏ သဘောထားဆန္ဒနှင့် ထပ်တူထပ်မျှပင် ဖြစ်သည်။
ထို့အပြင် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၏ အဆိုပါစကားရပ်ကို ကိုယ်လိုရာစွဲ၍ ဝေဖန်ကန့်ကွက်လျက်ရှိသော ပြည်တွင်းပြည်ပ မွတ်ဆလင်အဖွဲ့အစည်းများ၏လုပ်ရပ်ကို လုံးဝလက်မခံနိုင်ကြောင်းနှင့် ပြင်းထန်စွာ ရှုတ်ချကြောင်းကိုလည်း မဘသ(ဗဟို)အဖွဲ့ကြီးမှ သဘောထားထုတ်ပြန် ကြေညာလိုက်သည်။
စာအမှတ် ၀၀၀၃/စီမံ-မဘသ/၂၀၁၆
နေ့စွဲ၊ ၁၃၇၇-ခု၊ တန်ပေါင်းလပြည့်ကျော် ၁၃-ရက်၊
(ဧပြီ ၅-ရက်၊ ၂၀၁၆)၊ အင်္ဂါနေ့
ဘဒ္ဒန္တ တိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့(ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။
(Arkar)
Arkar

Friday, April 1, 2016

ရွေးကောက်ပွဲကာလအလွန် ပြည်သူ့ဆန္ဒနှင့်အညီ ရွေးကောက်လိုက်သော အစိုးရအဖွဲ့အား ၀မ်းမြောက်ဂုဏ်ယူကြိုဆိုကြောင်းနှင့် ပြည်သူတို့မျှော်မှန်းထားသည့်အတိုင်း တိုင်းပြည်၏လိုအပ်ချက်များကို မြန်မာ့ အမျိုး ဘာသာ သာသနာယဉ်ကျေးမှုနှင့်အညီ အကောင်းဆုံး တိုးတက်မြင့်မားအောင် ဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း သဘောထားထုတ်ပြန်ကြေညာချက်အား မဘသအဖွဲ့ကြီး(ဗဟို)မှ ဧပြီ၊ ၁ရက်နေ့တွင် ထုတ်ပြန်ကြေညာ

ရွေးကောက်ပွဲကာလအလွန် ပြည်သူ့ဆန္ဒနှင့်အညီ ရွေးကောက်လိုက်သော အစိုးရအဖွဲ့အား ၀မ်းမြောက်ဂုဏ်ယူကြိုဆိုကြောင်းနှင့် ပြည်သူတို့မျှော်မှန်းထားသည့်အတိုင်း တိုင်းပြည်၏လိုအပ်ချက်များကို မြန်မာ့ အမျိုး ဘာသာ သာသနာယဉ်ကျေးမှုနှင့်အညီ အကောင်းဆုံး တိုးတက်မြင့်မားအောင် ဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း
သဘောထားထုတ်ပြန်ကြေညာချက်အား မဘသအဖွဲ့ကြီး(ဗဟို)မှ ဧပြီ၊ ၁ရက်နေ့တွင် ထုတ်ပြန်ကြေညာ
သဘောထားထုတ်ပြန်ကြေညာချက်
-----------------------------------------
ရွေးကောက်ပွဲပြီးကာစ နိုဝင်ဘာလ ၁၂-ရက်၊ ကြာသပတေးနေ့ မဘသ(ဗဟို)ထုတ်ပြန်ကြေညာချက် စာအမှတ်(၀၀၄၅)ဖြင့် မဘသအဖွဲ့ကြီးဗဟိုက-
အဆိုပါရွေးကောက်ပွဲကြီး
ငြိမ်းငြိမ်းချမ်းချမ်းပြီးဆုံးသွားသည်ကိုလည်းကောင်း၊
ပြည်သူအများ ကိုယ့်ဆန္ဒအတိုင်းလွတ်လွတ်လပ်လပ် ဆန္ဒမဲပေးပိုင်ခွင့် ရရှိသည်ကိုလည်းကောင်း၊
ပြည်သူ့ဆန္ဒနှင့်အညီ ပွင့်လင်းမြင်သာစွာ နိုင်သင့်နိုင်ထိုက်သူများ အနိုင်ရသွားသည်ကိုလည်းကောင်း၊
ဤကဲ့သို့ အစစအရာရာ အဆင်ပြေ ချောချောမွေ့မွေ့ ပြီးစီးသွားအောင် ဆောင်ရွက်ပေးကြသူ ပုဂ္ဂိုလ်အားလုံးကို လည်းကောင်း မဘသအဖွဲ့ကြီးက ကျေးဇူးတင်စွာဖြင့် ၀မ်းမြောက်ဂုဏ်ယူ ကြိုဆိုလိုက်ပါသည်-
ဟု သဘောထားထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါသည်၊

ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ယခု ၂၀၁၆-ခုနှစ်၊ ဧပြီလ၁-ရက်နေ့မှစ၍ အစိုးရဖွဲ့ခွင့်၊ တိုင်းပြည်အုပ်ချုပ်ခွင့် လွတ်လပ်စွာ ရရှိပြီးဖြစ်သွားပါပြီ၊ ထိုကဲ့သို့ ပြည်သူ့ဆန္ဒနှင့်အညီ ရွေးကောက်လိုက်သော အမျိုးသားဒီမိုကရေစီအဖွဲချုပ် အစိုးရဖွဲ့ခွင့်ရသည်ကိုလည်းကောင်း၊ ထိုကဲ့သို့ အစိုးရဖွဲ့ခွင့်ရအောင် တာဝန်ရှိသူများက ငြိမ်းချမ်းစွာ အာဏာလွှဲပေးသည်ကိုလည်းကောင်း ၀မ်းမြောက်ဝမ်းသာ ဂုဏ်ယူကြိုဆိုပါသည်။
ယခုတက်လာသည့် အစိုးရသစ်သည် ပြည်သူတို့ မျှော်မှန်းလိုလားသည့်အတိုင်း မြန်မာနိုင်ငံတော်ကြီးကို ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ တရားမျှတရေး၊ တိုင်းပြည်ငြိမ်းချမ်းသာယာရေး၊ စာရိတ္တမြင့်မားရေး-စသော တိုင်းပြည်၏လိုအပ်ချက်များကို မြန်မာ့ အမျိုး ဘာသာ သာသနာယဉ်ကျေးမှုနှင့်အညီ အကောင်းဆုံး တိုးတက်မြင့်မားအောင် ဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်၊ ဆောင်ရွက်နိုင်ပါစေကြောင်းလည်း ဆုတောင်းပတ္ထနာ ပြုလိုက်ပါကြောင်း မဘသအဖွဲ့ကြီး(ဗဟို)က သဘောထားထုတ်ပြန်လိုက်သည်။
စာအမှတ် ၀၀၀၂/စီမံ-မဘသ/၂၀၁၆
နေ့စွဲ၊ ၁၃၇၇-ခု၊ တန်ပေါင်းလပြည့်ကျော် ၉-ရက်၊
(ဧပြီ ၁-ရက်၊ ၂၀၁၆)၊ သောကြာနေ့
ဘဒ္ဒန္တ တိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့(ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။
Arkar
Arkar