Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Tuesday, January 27, 2015

အမှန်မြင်နိုင်ကြပါစေ (အရှင်တိလောကာဘိဝံသ) အင်းစိန် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို) ဥက္ကဋ္ဌဆရာတော် သာကီင်္သွေးဂျာနယ် အတွဲ(၂)၊ အမှတ် (၁၅) မှ ထုတ်နုတ်တင်ပြသည်။

အမှန်မြင်နိုင်ကြပါစေ
(အရှင်တိလောကာဘိဝံသ) အင်းစိန်
အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို) ဥက္ကဋ္ဌဆရာတော်

သာကီင်္သွေးဂျာနယ် အတွဲ(၂)၊ အမှတ် (၁၅) မှ ထုတ်နုတ်တင်ပြသည်။

အရာဝတ္ထုတိုင်းကို အမှန်အတိုင်းမြင်နိုင်ဖို့ဆိုတာ မိမိမှာ ပကတိ မျက်စိ, ပညာမျက်စိ ကောင်း ကောင်းရှိဖို့လိုသည်။ ပကတိမျက်စိက အဆင်းသဏ္ဌာန်ရူပါရုံကိုသာ အမှန်တိုင်းမြင်နိုင်သည်။ ပညာမျက်စိကား အရာအားလုံးကို ထွင်းဖောက်သိ မြင်နိုင်သည်။ စွမ်းအားကောင်းသည့် ဓာတ်ရောင်ခြည်သည်ပင် လက်ရှိ ပစ္စုန်ပ္ပန်အရာဝတ္ထုကိုသာ ထွင်းဖောက်နိုင်သည်။ ပညာအရောင်သည်ကား အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် အားလုံးကို ထွင်းဖောက်မြင်နိုင်သည်။ ထို့ကြောင့် ပညာသည် တုဘက်မဲ့ အရောင်ဖြစ်သည်ဟု မြတ်ဗုဒ္ဓ ဟောထားသည်။ (သံ-၁၊ ၆)

မိမိက မြင်သူဖြစ်မှသာ ပတ်ဝန်းကျင်ရှိ မြင်သူ/ မမြင်သူများကို ခွဲခြားမြင်နိုင်သည်။ မိမိက မြင်သူ မဟုတ်လျှင် ပတ်ဝန်းကျင်ရှိ မြင်သူ/ မမြင်သူများကို ခွဲခြားမမြင်နိုင်။ (၀ပ္ပထေရဂါထာ-၂၃၃)

မြင်မှ….မြင်, မမြင်ကို မြင်သည်။ မမြင်လျှင်….မြင်, မမြင်ကို မမြင်။

ပကတိမျက်စိသည်ပင် တိမ်သလာ၊ အရောင်ကာမျက်မှန်စသည် တစ်ခုခုခံနေလျှင်, ကွယ်နေလျှင် အရာဝတ္ထုများကို အမှန်အတိုင်းမမြင်နိုင်၊ အစိမ်းရောင်မျက်မှန်တပ်ကြည့်လျှင် မြင်သမျှ အစိမ်းချည်းဖြစ်နေမည်။ အမည်းရောင်မျက်မှန်တပ်ကြည့်လျှင်လည်း မြင်သမျှ အမည်းချည်းဖြစ်နေမည်။ အသိဉာဏ်သည်လည်း တဏှာရာဂ၊ လောဘရမ္မက်၊ ဆန္ဒာဂတိ၊ မလိုမုန်းထား အာဃာတဒေါသာဂတိ၊ စိုးရိမ်ထိတ်လန့် ကြောက်ရွံ့မှု ဘယာဂတိ၊ အမှန်မသိမှု မောဟာဂတိ-ဟူသော တိမ်သလာများ၊ အရောင်ကာမျက်မှန်များ ခုခံကွယ်ကာ ဖုံးလွှမ်းနေလျှင် အသိဉာဏ်များသည်ပင် အမှောက်မှောက်အမှားမှား လွဲသွားတတ်လေသည်။ မကောင်းမှု ဒုစရိုက် ပြစ်မှုများသည်လည်း အဂတိတရားများကြောင့်ပင်ဖြစ်ရသည်။

၁။ ဆန္ဒာဂတိကြောင့် ကာမေသုမိစ္ဆာစာရ, အဘိဇ္ဈာ, မိစ္ဆာဒိဋ္ဌိ ဒုစရိုက်များဖြစ်ပေါ်ရသည်။

၂။ ဒေါသ, ဘယာဂတိတို့ကြောင့် ပါဏာတိပါတ, ဖရုသ၀ါစာ, ဗျာပါဒဒုစရိုက်များ ဖြစ်ပေါ်ရသည်။

၃။ အဆိုပါအဂတိ ၃-ပါးကြောင့်ပင် အဒိန္နာဒါန, မုသာဝါဒ, ပိသုဏ၀ါစာ, သမ္ဖပ္ပလာပ-ဒုစရိုက် များဖြစ်ပေါ်ရသည်။

*ကာမေ, ဘိဇ္ဈာ၊ ဒိဋ္ဌိမှာ၊ ဖြစ်လာ လောဘကြောင့်။
*ပါဏ, ဗျာပါ၊ ဖရုသာ၊ ဖြစ်လာ ဒေါသကြောင့်။
*ပိသု, မုသာ၊ သမ္မပ္ပါ၊ ဒိန္နာ နှစ်ပါးကြောင့်။

ယနေ့တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နေသည့်၊ အန္တရာယ်ပေးနေသည့် အကြမ်းဖက်အစွန်းရောက် ၀ါဒီများ၏ အန္တရာယ်ကို တကယ့်မျိုးချစ်စိတ်ရှိသည့် နိုင်ငံများ၊ နိုင်ငံ့ခေါင်းဆောင်များ၊ ကမ္ဘာ့ခေါင်းဆောင်များက သူ့နည်းသူ့ဟန်ဖြင့် ကာကွယ်မှုတွေပြုလုပ်နေကြပါသည်။ စင်္ကာပူ၊ ဂျပန်၊ ကိုရီးယား-စသော နိုင်ငံများမှာဆိုလျှင် ယခင်ကပင် စနစ်တကျ ကာကွယ်ခဲ့ကြခြင်းကြောင့် သူ့တို့နိုင်ငံတွေမှာ ယခုအချိန်ထိ အန္တရာယ်ကင်းရှင်းစွာဖြင့် အေးအေးဆေးဆေးနေထိုင်ခွင့် ရရှိခဲ့ကြသည်။ အတုယူဖွယ်ကောင်းပေစွ၊ တရုတ်၊ ရရှားတို့လည်း ယနေ့ အချိန်ထိ ကြိုးစားကာကွယ်နေကြသည်။ လူ့အခွင့်အရေးဟု သဘောထားကာ အေးအေးဆေးဆေး နေခဲ့ ကြသော ဂျာမဏီ၊ ပြင်သစ်- စသည်တို့သည် ယခုအချိန်မှာ သိန်း၊သန်းချီသော လူစုလူဝေးဖြင့် မိမိလူမျိုး၊ မိမိနိုင်ငံကိုကာကွယ်ဖို့ တောင်းဆိုနေကြပြီ။ အမေရိကန်၊ အင်္ဂလန်တို့ပင် မိမိလူမျိုးကိုထိလာသောအခါ စစ်အင်အား၊ လက်နက်အင်အားဖြင့်ပင် ခုခံနှိမ်နင်းနေပေပြီ။

မိမိတို့ရဲ့ အမျိုး ဘာသာ သာသနာ ပျောက်ပျက်မည့်အရေးကို အရေးမကြီးပါဟု သတိမထား ပေါ့ပေါ့ဆဆသွေးအေးနေခဲ့ကြသော အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်တောင်ပိုင်း၊ ထိုင်းတောင်ပိုင်း၊ မြန်မာပြည်အနောက်ပိုင်း မောင်းတောစသောဒေသတို့၌ အမျိုး ဘာသာ သာသနာ ပျောက်ကွယ်သွားကြပြီ။ တစ်ချိန်က အဆိုပါအစွန်းရောက် အကြမ်းဖက်ဝါဒီများကြောင့်ပင် ခရုဆိတ် စစ်ပွဲကြီး နှစ်ပေါင်း ၂၀၀-ကျော် ဆင်နွှဲခဲ့ခြင်းကြောင့် လူသားပေါင်း သိန်း၊ သန်းချီ သေဆုံးခဲ့ရဖူးပြီ။

ထို့ကြောင့် ၉၆၉- စသော ဘာသာရေးအဖွဲ့များက-
ဗုဒ္ဓဘာသာရှင်လူများက၊ သတိတရားထားသင့်ပြီ။
အခြားဘာသာတိုးတက်ရေးကို၊ အခြားလူများဆောင်ရွက်သည်။
ဗုဒ္ဓဘာသာတို့တတွေအများက သွေးအေးလို့မနေသင့်ပြီ။
သွေးအေးနေရင်သာသနာပျောက်လို့ လူမျိုးပျောက်ဖို့ကြုံလိမ့်မည်။

စသည်ဖြင့် အိပ်ပျော်နေသော မြန်မာလူမျိုးများကို နှိုးပေးခဲ့သည်။ ဤနှိုးဆော်သံကဗျာ၌ အခြားတစ်စုံ တစ်ဦးကိုမျှ ထိခိုက်နစ်နာစေသည့် စကားလုံးဝေါဟာရ တစ်လုံးတစ်ပါဒမျှ မပါရှိပါဘဲလျက် အသားထဲက လောက်ထွက်နေသည့် ဘာသာခြား၊ လူမျိုးခြားများ၏ အထောက်အပံ့ အကူအညီ အမျိုးမျိုးကိုယူနေသူများက အဂတိတရားတိမ်သလော၊ အရောင်ကာမျက်မှန်- စသည် အခုအခံအကာအကွယ် ရှိနေခြင်းကြောင့် ကိုယ့် လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာ အတွက် ရှေ့တန်းကထွက်၍ ဆောင်ရွက် ပေးနေသော ၉၆၉၊ မဘသ- စသော အမျိုးသားရေးအဖွဲ့၊ ဘာသာရေးအဖွဲ့များကို ရန်ငြိုးဖွဲ့တိုက်ခိုက်နေသည်မှာ အံ့သြစရာ၊ ရင်နာစရာ ကောင်းပေစွ။

အားလုံးသော မြန်မာနိုင်ငံသား ရဟန်း၊ ရှင်၊ လူ၊ ပြည်သူအများကို အသိပေးလိုသည်မှာ မိမိတို့၏ မဘသ အဖွဲ့ကြီးသည် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာအတွက် တစ်တပ်တစ်အား စွမ်းနိုင်သလောက် စောင့်ရှောက်ကာကွယ်ပေးနေခြင်းသာဖြစ်ပါသည်။ ဒီတာဝန်ကိုလည်း မိမိတို့သာမက မိမိ တို့အမျိုး ဘာသာ သာသနာချစ်သူတိုင်း ယူရမည့်တာဝန်သာဖြစ်သည်။ အမှန်ကိုမြင်စေလိုပါသည်။ မိမိတို့ ဘက်က ရပ်ပေးနေသူများကလည်း သူတစ်ပါးကို ထိခိုက်နစ်နာစေသော အပြုအမူအပြာအဆိုများကို သတိ ထားရှောင်ကြဉ် စေလိုပါသည်။ မလွဲမသွေရှောင်ကြဉ်ကြပါဟုလည်း တိုက်တွန်းပါသည်။

သောတာပန်အရိယာများပင် ရံခါအချို့ဒုစရိုက်အမှုလေးများ အမှတ်မဲ့လွန် ကျူးမိတတ်သည့် အကြောင်း ကို ပရိတ်ကြီးရတနာသုတ်၌ မိန့်ဆိုထားသည်။ (ကိဉ္စာပိ သော ကမ္မကရောတိ ပါပကံ၊ ကာယေန ၀ါစာ ဥဒ စေ တသာဝါ)၊ ကိုယ့်တိုင်းပြည်နှင့် ကိုယ့်လူမျိုးကို ထိပါးလာသည့်သူများကို စိတ်လက်မာန်ပါ အလွန်အကျွံပြောဆို မိသည်များ အထိုက်အလျောက်ရှိနိုင်သည်ကို နားလည်ပေးစေချင်ပါသည်။ ဒါဟာလည်း ကိုယ့်တိုင်းပြည်၊ ကိုယ့် လူမျိုးအတွက် ပြောပေးနေခြင်းသာဖြစ်ပါသည်။ ခွေးသည် ခဲနှင့်ပေါက်သူကို မမဲဘဲ ခဲကိုသာသဲသဲမဲမဲ လိုက် ကိုက်သည်။ ခြင်္သေ့သည် အကျိုးဆက်ခဲကို ဂရုမထား၊ အကြောင်းအရင်း ခဲပေါက်သူကိုသာ ဂရုထား ပြီးတုံ့ပြန်တိုက်ခိုက်သည်။ ဒါဟာမှန်ကန်သည့် အမြင်ဖြစ်သည်။ (အဘိ-ဌ၊ ၂၊ ၁၀၅)။ ထို့ကြောင့် တိုင်းပြည် နှင့်လူမျိုးကိုထိပါးကာ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက် လာသူများကို ရှေ့တန်းကထွက်၍ မိမိတို့၏ အမျိုး ဘာသာ သာသနာအတွက် ကာကွယ်စောင့်ရှောက်ပေးနေသူများ၏ လုပ်ရပ်ကို ခြင်္သေ့အမြင်ဖြင့် အမှန်အတိုင်း မြင်နိုင်ကြပါစေကြောင်း တိုက်တွန်းရင်း “အမှန်မြင်နိုင်ကြပါစေ” ဆောင်းပါးကို အဆုံးသတ်အပ်ပါသတည်း။

တပို့တွဲလဆန်း-၆-ရက်၊ ၁၃၇၆-ခု
(ဇန်န၀ါရီလ-၂၅၊ ၂၀၁၅)၊ တနင်္ဂနွေနေ့၊

အရှင်တိလောကာဘိဝံသ(အင်းစိန်)
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်မြို့။

Opinion Statement of OPNRR (CENTRE) English version ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ၏ မြန်မာနိုင်ငံအပေါ်မလျော်ညီသည့် လူမျိုးရေး ဘာသာရေး ၀င်ရောက်စွက်ဖက်မှုအပေါ် မဘသ(ဗဟို)၏ စာအမှတ် (၀၀၂၁/၂၀၁၅) ပါ သဘောထားထုတ်ပြန်ချက် အင်္ဂလိပ်ဘာသာပြန်ထွက်ရှိ



Opinion Statement of OPNRR (CENTRE) English version
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ၏ မြန်မာနိုင်ငံအပေါ်မလျော်ညီသည့် လူမျိုးရေး ဘာသာရေး ၀င်ရောက်စွက်ဖက်မှုအပေါ် မဘသ(ဗဟို)၏ စာအမှတ် (၀၀၂၁/၂၀၁၅) ပါ သဘောထားထုတ်ပြန်ချက် အင်္ဂလိပ်ဘာသာပြန်ထွက်ရှိလာပါပြီ။
ရဟန်း, ရှင်လူ, အများပြည်သူများ, ကုလသမဂ္ဂနှင့် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ အပါအ၀င် မြန်မာပြည်၏, လူမျိုးရေး, ဘာသာရေး, ပြည်တွင်းရေး, လူ့အခွင့်အရေးများအား တစ်ဖက်သက်ဖိအားပေး ၀င်ရောက်စွက်ဖက်နေသည့် အစွန်းရောက်ဝါဒီများ သိရှိနိုင်စေရန်ဖြစ်ပါသည်။ မြန်မာလိုပါ ထပ်မံပူးတွဲတင်ပြပေးလိုက်ပါသည်။

Opinion Statement of OPNRR (CENTRE)



The United Nation Special Rapporteur on Human Rights in Myanmar Ms Yanghee Lee at the press conference of Sedona Hotel on January 16th 2015 said that even though there has an argument for the term used Bangalee and Rohingya, she will use the nomenclature as Rohingya when submission report to the UN. If Bangalee is recognized instead of Rohingya, they will lose their citizen rights and others rights as well. As per the UN’s criteria for the minority rights, they will call Rohingya incessantly due to so-calling Rohingya instead of Bangalee internationally.

There was an encouragement for the Myanmar government to follow that Bangalees so called Rohingyas are to be granted citizen rights and to be hung out liberally within the Myanmar State submitted at the 69th Plenary Session of UN General Assembly.

1. There were no nomenclature of the Rohingya in the Myanmar ethnic groups throughout the successive ages of history at all. There also had one firm opinion remark as they were Bangalee trespassers which was proclaimed by the embassy of the England from Burma(Myanmar) in December 23rd 1975 expressed that “ Bangladesh and Burma. He admitted that there were upward of a million Bangalee trespassers in Arakan whom the Burmese had some right to eject”. There were no nomenclatures, terms and ethnics as Rohingyas at all.

2. Myanmar is an independent and sovereign state proclaimed by the United Nation. She also has historical significance which is in succession with her own valuable cultural heritages. There once was a prominent world history that Myanmar honourable UN Secretary General U Thant himself solved and handled the world serious cases without prejudices, which were leading to impending third world war, appreciated by the world. That was an epic event of a responsible and accountable leader.

3. We only Myanmar have the rights to make the decision Myanmar internal affairs ourself. No other country, community and national have rights to meddle and repress those at all.

4. By speaking such a sort of case, it is leading to not only ruinations of Myanmar Kingdom, nationals, historical conventional significance, but also outright meddlesomeness of internal affairs of one’s sovereign state and leading to breach of UN’s fundamental resolutions, opinions and agreements and it is severely affected the bright attributes of the UN.

Nowadays, it should be shameful that UN is pretending and closing his eyes the perilous world where extremist terror groups and states are revolting all over the world. Myanmar needs the UN should be dependable and trustworthy.

Today all over the world, It is clear on the world pages that the powerful countries including Germany, France, America, Britain, China, Russia and around planet are anxious and defending their national securities in their own way due to dangers of extremist terrorists.

We surely convince that powerful and developed countries have the sympathies and empathies in the Myanmar which can not accept those Rohingyas while trying to unite our nations in various angles. We especially encourage that powerful and developed countries to understand and sympathize the difficult Myanmar for those situation.

Due to the said situations, we OPNRR here declare condemnation and rejection statement by representing all Myanmar monks, novices, nationals and ethnics, which is not consistent with the Myanmar’s present rule remarked by Ms Yanghee Lee said so.


Registered No-0021/Simun-Mabatha/2015
January 26th, 2015, Monday
Date : 07th Waxing Day of Tabodwe 1376 ME,

Bhadanta Tilawkar Bivamsa
Chairman, OPNRR (Centre)
AggaMahaPantita,StateAwvadarCariya Ywama Pariyatti Institute, Insein

အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို)၏ သဘောထားထုတ်ပြန်ချက် ( စာအမှတ်/ ၀၀၂၁၊ ၂၀၁၅)


ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ၏ မြန်မာနိုင်ငံအပေါ် မလျော်ညီသည့် လူ့အခွင့်အရေး၊ လူမျိုးရေး၊ ဘာသာရေး ၀င်ရောက်စွက်ဖက်မှုအပေါ် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (ဗဟို)၏ သဘောထားထုတ်ပြန်ချက်အား အများပြည်သူ, ရဟန်း,ရှင်,လူ,အများ သိရှိနိုင်စေရန် ထုတ်ပြန်ကြေညာလိုက်ပါသည်။

အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို)၏ သဘောထားထုတ်ပြန်ချက် ( စာအမှတ်/ ၀၀၂၁၊ ၂၀၁၅)

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီက ဇန်န၀ါရီ-၁၆၊ ၂၀၁၅ခု နေ့ရက်ဝယ် ဆီဒိုးနားဟိုတယ်၌ပြုလုပ်သော သတင်းစာရှင်းလင်ပွဲ၌ ရခိုင်ပြည်နယ်၌ ဘင်္ဂါလီနှင့်ရိုဟင်ဂျာဟူ၍ အသုံးအနှုန်းအငြင်းပွားနေသော်လည်း ကုလသမဂ္ဂထံ အစီအရင်ခံတင်ပြရာတွင် ရိုဟင်ဂျာဟုသာ သုံးစွဲတင်ပြ မည်ဟုလည်းကောင်း၊ ရိုဟင်ဂျာကို ဘင်္ဂါလီဟုသတ်မှတ်ပါက နိုင်ငံသားအခွင့်အရေးအပြင် အခြားအခွင့်အရေး အားလုံး ဆုံးရှုံးသွားမည်ဟုလည်းကောင်း၊ ကုလသမဂ္ဂ လူနည်းစုအခွင့်အရေး စံနှုန်းများအရ နိုင်ငံတကာမှ လည်း ရိုဟင်ဂျာဟုသာ ဆက်လက်ခေါ်ဆိုမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ရိုဟင်ဂျာအမည်ခံဘင်္ဂါလီများကို နိုင်ငံသားအခွင့်အရေးပေးရေးနှင့် နိုင်ငံအတွင်း လွတ်လပ်စွာသွားလာခွင့်ပြု ရေးအတွက် မြန်မာအစိုးရအားတိုက်တွန်းရန် (၆၉)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၌လည်း အဆို တင်သွင်းခဲ့ပါသည်၊

၁။ မြန်မာနိုင်ငံ၏ တိုင်းရင်းသားမျိုးနွယ်စု သမိုင်းစဉ်ဆက်တွင် ရိုဟင်ဂျာဟူသောအမည် လုံးဝမရှိခဲ့ပါ၊ ၁၉၇၅-ခု၊ ဒီဇင်ဘာ-၂၃ရက်စွဲဖြင့် ထုတ်ပြန်သော မြန်မာနိုင်ငံဆိုင်ရာ အင်္ဂလန်သံရုံး၏ သဘောထားမှတ်ချက်တစ်ခုတွင် လည်း Bangladesh and Burma. He admitted that there were upward of a million Bangalee trespassers in Arkan whom the Burmese had some right to eject. ဟု ခိုးဝင်ဘင်္ဂါလီကုလားများအဖြစ် သာ မှတ်ချက်ပြုထားသည့် အထောက်အထားလည်း အခိုင်အလုံရှိနေပါသည်၊ ရိုဟင်ဂျာဟူသော အမည်, အသုံးအနှုန်း, လူမျိုးများ လုံးဝမရှိခဲ့ပါ။

၂။ မြန်မာနိုင်ငံသည် ကုလသမဂ္ဂအသိအမှတ်ပြု တရားဝင်လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင်စိုးသော နိုင်ငံတစ်နိုင်ငံဖြစ်သည်၊ ကိုယ်ပိုင်ယဉ်ကျေးမှုများဖြင့် သမိုင်းအစဉ်အလာကြီး မားသော နိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်၊ တစ်ချိန်က ကမ္ဘာ့စစ်မီးကြီး ဖြစ်လုနီးပါး တကဲကဲအသည်းယားစရာဖြစ်နေသည့် တတိယကမ္ဘာစစ်ကြီးကို ပင် မြန်မာ့ဂုဏ်ဆောင် ကုလသမဂ္ဂအတွင်းဝန်ချုပ် ဦးသန့်ကိုယ်တိုင်ဦးစီးပြီး သမာသမတ်ကျအောင် ကမ္ဘာကပင် လေးစားရသော ဆုံးဖြတ်ကိုင်တွယ်ဖြေ ရှင်းပေးခဲ့ဘူးသည့် သမိုင်းကြောင်းကြီး ကမ္ဘာ့သမိုင်းမှာ အထင်အရှားရှိခဲ့ပါသည်၊ ဒါဟာ တာဝန်ယူ ကိုင်တွယ်ဆုံးဖြတ်သည့် ဦးဆောင်ပုဂ္ဂိုလ်၏ အရည်အသွေးမှတ်ကျောက်ပင် ဖြစ်ခဲ့ပါသည်။

၃။ မြန်မာနိုင်ငံအရေးကို မြန်မာပြည်သူများကသာ ဆုံးဖြတ်ပိုင်ခွင့်ရှိသည်၊ မြန်မာပြည်တွင်းရေးကို အခြားမည် သည့်နိုင်ငံ, မည်သည့်အဖွဲ့အစည်း, မည်သည့်လူမျိုးကမျှ ၀င်ရောက်စွက်ဖက် ဖိအားပေးအကြပ်ကိုင်ခြင်း ပြုလုပ်ခွင့် လုံးဝမရှိပါ။

၎။ ယင်းသို့ပြောကြားခဲ့ခြင်းသည် မြန်မာ့တိုင်းပြည်နှင့်လူမျိုး သမိုင်းအစဉ်အလာကို ဖျက်ဆီးရာရောက်ရုံမက အချုပ်အခြာအာဏာပိုင်သည့် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ပြောင်ပြောင်တင်းတင်း ၀င်ရောက်စွက်ဖက်ရာ ရောက်သဖြင့် ကုလသမဂ္ဂ၏ အခြေခံမူဝါဒများ, သဘောထားများ, ပဋိညာဉ်များကို ချိုးဖောက်ရာလည်းရောက် သည်၊ ကုလသမဂ္ဂအဖွဲ့ကြီး၏ ကြီးမားသည့်ဂုဏ်သိက္ခာများကိုပင် များစွာထိခိုက်စေနိုင်ပါသည်၊

ယနေ့ကမ္ဘာ့ဒေသအသီးသီး၌ ကမ္ဘာကိုအန္တရာယ်ပြုနေသော လူ့အခွင့်အရေးချိုးဖောက်နေသော အစွန်းရောက် အကြမ်းဖက်အဖွဲ့အစည်းများ နိုင်ငံများကိုတော့ မသိကျိုးကျွံ မျက်ကွယ်ပြုနေသည်မှာ ရှက်ဖွယ်ကောင်းလှပါသည်၊ မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂအဖွဲ့ကြီးကို အားကိုးရကျိုးနပ်ချင်လှပါသည်၊
ယနေ့ကမ္ဘာပေါ်မှာ အစွန်းရောက်အကြမ်းဖက်ဝါဒီများ၏ အန္တရာယ်ကို အင်အားကြီးနိုင်ငံများဖြစ်သည့် ဂျာမဏီ, ပြင်သစ်, အမေရိကန်, ဗြိတိန်, တရုတ်, ရရှားအပါအ၀င် တစ်ကမ္ဘာလုံးက စိုးရိမ်တကြီး သူ့နည်းသူ့ဟန်ဖြင့် အမျိုးသားလုံခြုံရေး ကာကွယ်နေကြရသည်ကို ကမ္ဘာ့စာမျက်နှာများ၌ ထင်ထင်ရှားရှားတွေ့နေရပါသည်။

အဖက်ဖက်က ညီညွတ်ရေးတည်ဆောက်နေရသည့် မြန်မာနိုင်ငံအနေဖြင့် ရိုဟင်ဂျာများကို နိုင်ငံသားအဖြစ် လက်မခံနိုင်သည်ကို နိုင်ငံကြီးများ ဖွံ့ဖြိုးပြီးနိုင်ငံများအနေဖြင့် စာနာနားလည်နိုင်လိမ့်မည်ဟု တစ်ထစ်ချယုံ ကြည်မိပါသည်၊ မြန်မာနိုင်ငံအတွက် အခက်အခဲဖြစ်နေသည်ကို နိုင်ငံကြီးများ ဖွံ့ဖြိုးပြီးနိုင်ငံများက နားလည်ပေး ကြပါ၊ ကိုယ်ချင်းစာပေးကြပါဟု အထူးတိုက်တွန်းပါသည်။

အဆိုပါအခြေအနေအရပ်ရပ်တို့ကြောင့် မြန်မာ့လက်ရှိဥပဒေနှင့် မကိုက်ညီသည့် မစ္စယန်ဟီးလီ၏ အဆိုပါပြော ဆိုချက်ကိုလည်း လုံးဝလက်မခံကြောင်း ပယ်ချကြောင်း မြန်မာနိုင်ငံ တိုင်းရင်းသား, ရဟန်း, ရှင်, လူ, ပြည်သူ အားလုံး၏ကိုယ်စား မဘသအဖွဲ့ကြီးက သဘောထားထုတ်ပြန်ကြေ ညာအပ်ပါသည်။

စာအမှတ်၊ ၀၀၂၁/ စီမံ-မဘသ/ ၂၀၁၅
နေ့စွဲ၊ ၁၃၇၆-ခု၊ တပို့တွဲလဆန်း-၇ရက်၊
(ဇန်န၀ါရီလ-၂၆)၊ တနင်္လာနေ့။

ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့(ဗဟို)၊
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒါစရိယ၊
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။

Wednesday, January 21, 2015

စိတ်ဝမ်းမကွဲလက်တွဲကြစို့ (အရှင်တိလောကာဘိဝံသ) အင်းစိန်။

စိတ်ဝမ်းမကွဲလက်တွဲကြစို့
ညီညီညာညာ စီတန်းထားသောအရာသည် ကြည့်လို့ကောင်းသည်။ ကြည်နူးဖွယ်ရာအမြင်လှသည်။ မညီမညာ ဖြစ်နေပါက အမြင်မလှ၊ စိတ်ရှုတ်စရာဖြစ်သည်။ ဘယ်အရာမဆို ညီညွတ်မှ အောင်မြင်မှု ပြည့်စုံမှု-စသည့် သုခအဖုံဖုံ ရရှိခံစားရမည်ဖြစ်ပါသည်။ ချည်မျှင်လေးများသည်ပင် စုပေါင်းကျစ်လိုက်သောအခါ အင်အားကြီးမား သည့် ဆင်ကြီးကိုပင် မလွတ်အောင် ခိုင်ခိုင်မြဲမြဲချည်နှောင်ထားနိုင်သည်။ ဒါကိုပင် ညီညွတ်မှုသည် အောင်မြင် ကြောင်းဟု မြတ်ဗုဒ္ဓဟောကြားထားသည်။ (သုခါ သဃဿ၊ သာမဂ္ဂီ၊ သမဂ္ဂါနံ တပေါ သုခေါ၊ ဓမ္မပဒ ၄၂)
ရှေးအခါက အဘိုးအိုတစ်ယောက်သည် သားသမီးများကိုခေါ်ကာ ထင်းစည်းကိုပေး၍ တစ်ယောက်စီ အစည်း လိုက်ကျိုးအောင် ချိုးခိုင်းသည်။ မည်သူမျှ ကျိုးအောင်မချိုးနိုင်ကြ။ ထင်းစည်းပြည်၍ တစ်ချောင်းစီချိုးခိုင်းသော အခါ လူတိုင်းထင်းချောင်းလေးများကို အလွယ်တကူချိုးနိုင်သွားကြသည်။ ဤသင်ခန်းစာယူ၍ အချင်းချင်းကွဲ ပြားနေလျှင် သူများအလွယ်တကူ ချိုးနှိပ်ခံရမည်။ အနိုင်ကျင့်ခံရမည်။ စုပေါင်းညီညွတ်နေလျှင် မည်သူကမျှ မိမိကိုမလွှမ်းမိုး မစော်ကားနိုင်။ ဤပုံပြင်ကလေးကား မြန်မာရှေးရိုးစဉ်လာ ညီညွတ်ခြင်းသည် အောင်မြင် ကြောင်း နမူနာယူစရာ ပုံပြင်ကလေးဖြစ်ခဲ့သည်။ ရှေးမြန်မာများသည် ဤနမူနာအတိုင်း လိုက်နာကျင့်သုံးခဲ့ခြင်း ကြောင့် အရှေ့တောင်အာရှတလွှား မြန်မာများတန်ခိုးထွားခဲ့သည်။ ရှေးစာတန်းလေးတစ်ခုကိုလည်း ဖော်ပြလိုပါ သည်။
ဇွန်ပန်းရုံအနီး၊ လှည်းဘီးနွံထဲ ကျွံနေသည်။
လေးလွန်း၍ မတွန်းနိုင်ဘူးလား။
ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်။ (ရှေး)
ယနေ့ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး အဘက်ဘက်က ကြီးပွားတိုးတက် ပြည့်စုံကုံလုံသည့် သုခဘုံကြီးဖြစ် အောင် တည်ဆောက်လိုလျှင် ညီညွတ်ကြရမည်။ အမြင်အယူအဆများ ယူထားသည့်တာဝန်များ နေရာဋ္ဌာန များ အမျိုးမျိုးအဖုံဖုံ ကွဲပြားနိုင်သော်လည်း တိုင်းပြည်နှင့်လူမျိုးအတွက် ကောင်းစေလိုသော စေတနာများမှာ တော့ တူညီကြမည်ဖြစ်ပါလိမ့်မည်။ မတူတာတွေအသာထား တူတာတွေစုပေါင်း၍ လုပ်ကြဖို့အချိန်တန်နေပြီ။ သူတစ်မျိုးငါတစ်ဖုံ၊ ငြင်းခုံတိုက်ခိုက် ကွဲပြားနေလျှင် “နွားကွဲလျှင် ကျားဆွဲခံရမည်၊ မျက်ဖြူဆိုက်လေ ဆရာ ကြိုက်လေဖြစ်သွားမည်။ ကိုယ့်တိုင်းပြည် ကိုယ်ဖျက်သလို ဖြစ်သွားမည်ကို သတိကြီးကြီးထားကြရမည်။
          နိုင်ငံရေးခရီး၊ အုပ်ချုပ်ရေးခရီး၊ စီးပွားရေး၊ ပညာရေး၊ အမျိုးသားရေး- စသည် စွမ်းနိုင်ရာက ကိုယ့်ဦး တည်ချက်ဖြင့် ကိုယ့်ပန်းတိုင် ကိုယ်သွားနေကြသည်မှာ ၀မ်းသာစရာပင်ဖြစ်သည်။ ကိုယ်ခိုင်းသလိုမလုပ်သူ၊ ကိုယ်နှင့်မပူးပေါင်းသူ၊ ကိုယ့်နောက်ကမလိုက်သူများကို ရန်သူဟုသဘောမထားသင့်ပါ။ ကိုယ့်လမ်းကိုယ် လျှောက်ဖို့တော့ လိုအပ်ပါသည်။ သူများကို မနင်းသင့်၊ ခလုတ်မတိုက်သင့်ပါ။ ကိုယ့်စွမ်းနိုင်သည့် သင့်လျော် သည့်လမ်းမှ အသီးသီးသွားနေကြသော်လည်း တိုင်းပြည်နှင့် လူမျိုး ဘာသာ သာသနာအတွက် ဦးတည်ချက် များကား တူရမည်ဖြစ်ပါသည်။
          ရွှေတိဂုံဘုရားသို့သွားကြရာဝယ် ကိုယ်နှင့်အသင့်တော်ဆုံးလမ်းမှ သွားနေကြသော်လည်း ရွှေတိဂုံ ဘုရားပန်းတိုင်များကား တူညီကြသည်သာဖြစ်ပါသည်။ ရွှေတိဂုံရောက်ဖို့သာ အရေးကြီးပါသည်။
          ယနေ့မြန်မာ့တိုင်းရင်းသား အတော်များများသည်-
          ၁။ အသိပညာဗဟုသုတ ပြည့်ဝမှုစွမ်းရည် ဉာဏဗလ၊
         ၂။ ကိုယ်ခန္ဓာ ကျန်းမာသန်စွမ်းမှုစွမ်းရည် ကာယဗလ၊
         ၃။ ရှောင်ကြဉ်စရာ, လိုက်နာကျင့်သုံးစရာ ကိုယ်ကျင့်သီလ ပြည့်စုံမှုစွမ်းရည် စာရိတ္တဗလ၊
          ၄။ ကောင်းကျိုးရအောင် လမ်းညွှန်ပဲ့ကိုင် ကူညီနိုင်သော မိတ်ကောင်းဆွေကောင်း ပြည့်စုံမှုစွမ်းရည် မိတ္တဗလ၊        
          ၅။ သုံးစွဲစရာ ပစ္စည်းဥစ္စာ ဓနငွေကြေးပြည့်စုံမှုစွမ်းရည် ဘောဂဗလ၊
            ဤသည့်ဗလ ၅-တန် အားလုံးလောက်နီးပါး ပျက်စီးယိုယွင်းနေကြသည်။ ဗလ ၅-တန် ကိုယ်ခံစွမ်းအားမပြည့်စုံဘဲ တိုင်းပြည်ကြီးပွားတိုးတက်အောင် လုပ်နိုင်မည်မဟုတ်ပေ။ ချို့ယွင်းပျက်စီးနေသော ကိုယ်ခံစွမ်းအားများ ဖြည့်တင်းပေးဖို့မှာ အစိုးရမင်းများ၊ နိုင်ငံရေးခေါင်းဆောင်များ၊ ဘာသာရေးခေါင်းဆောင်များ၊ ပညာရှင်များ၊ မီဒီယာနှင့်တကွ စာနယ်ဇင်းများ- စသည်အားလုံးမှာ တာဝန်ရှိသည်။ တာဝန်ရှိသူအားလုံးလိုလို ကိုယ်ကျိုးသာဦးတည်ချက်ထားပြီး အချင်းချင်းငြင်းခုံ၊ တိုက်ခိုက်၊ သူပြုတ်ကိုယ်ပြုတ် ရန်ဖြစ်နေလျှင် မညီမညွတ်ကွဲပြားနေလျှင် ဤမြန်မာနိုင်ငံတော်ကြီး မည်သည့်နည်းနှင့်မျှ တိုးတက်စည်ကား ကြီးပွားမည်မဟုတ်။မညီမညွှတ် အချင်းချင်းခိုက်ရန်ဖြစ်ပွား ကွဲပြားနေခြင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့ဖူး သည်များမှာ ဘုရားဟောဒေသနာများနှင့်တကွ ကမ္ဘာ့သမိုင်း၊ မြန်မာ့သမိုင်း ထုံးဟောင်းသက်သေများ အထင် အရှားရှိခဲ့ဖူးသည်။
            အချင်းချင်းရနိုင်သလောက် ညီညီညွတ်ညွတ် စုပေါင်းလက်တွဲကာ လုပ်ကြဖို့လိုနေပေပြီ။ လတ်တလော မဖြစ်နိုင်သေးတာတွေကို အသာထားပြီး ရနိုင်သလောက်စုစည်းလုပ်ဖို့  လိုနေပေပြီ၊ အလှမ်းကျယ် အလယ်လတ် နေတတ်ပါသည်။ ဖြစ်ချင်တာ၊ ဖြစ်သင့်တာ၊ ဖြစ်နိုင်တာ ၃-မျိုးတွင် ဖြစ်ချင်တာကို ဦးစားမပေးဘဲ ဖြစ်သင့်တာများထဲမှ ဖြစ်နိုင်တာကိုအရင်လုပ်၊ ပြီးမှလိုအပ်သည်ကို ဖြည့်စွက်လုပ်ရမည်ကို သတိပြုပါ၊ မဖြစ်နိုင်သေးသည့် စိတ်ကူးယဉ် အိမ်မက်များကို ခေတ္တထားပါ။ မိမိတို့၏ မဘသအဖွဲ့ကြီးသည် လိုအပ်နေသည့် ကွက်လပ်ဖြစ်သော အမျိုးသားရေး၊ ဘာသာရေးများကို စွမ်းနိုင်သလောက် ကူညီဆောင်ရွက်ပေးနေခြင်းသာဖြစ်ပါသည်။ ဘာသာ၊ လူမျိုး၊ ပါတီ-စသည် အခြားမည်သူ့ကိုမျှ တိုက်ခိုက်ရန်၊ ဖျက်ဆီးရန်မရည်ရွယ်ပါ။ မိမိတို့၏ အမျိုး ဘာသာ သာသနာဝင်များ မိမိကိုယ်ကိုမိမိ ကာကွယ်စောင့်ရှောက်ထိန်းသိမ်းနိုင်ရန် တိုက်တွန်းနှိုးဆော်ပေးနေခြင်း၊ ဦးဆောင်ပေးနေခြင်းသာ ဖြစ်သည်။
            မိမိတို့၏ မဘသ အဖွဲ့ဝင်များကလည်း အမြင်မတူသူများ၏ မဟုတ်မမှန် လုပ်ကြံတိုက်ခိုက်ထိုးနှက်မှု လောကဓံ များကို မြတ်ဗုဒ္ဓ နည်းညွှန်သည့် တရားနည်းလမ်းအရ အရှိကိုအရှိအတိုင်း အမှန်ကိုအမှန်အတိုင်း ပြန်လည် တုန့်ပြန်ဖြေရှင်းဖို့တော့ လိုအပ်ပါသည်။ တုန့်ပြန်ရန်မလိုသည်များကိုတော့ သူတော်ကောင်းစိတ်ဓာတ်ဖြင့် သည်းခံ ခွင့်လွတ်ပေးကြပါ။ မဘသအဖွဲ့ဝင်ဖြစ်စေ၊ အခြားသူဖြစ်စေ မတရားပြစ်မှုများ ကျူးလွန်ပါက ကိုယ့်အပြစ်ကိုယ်ခံ ရမည်သာ ဖြစ်သည်။ မဘသအဖွဲ့ဝင်ဖြစ်စေ၊ မည်သည့်အဖွဲ့ဖြစ်စေ၊ တစ်ဦးတစ်ယောက်ဖြစ်စေ မတရား မှုပြုလုပ်ပါက တရား ဥပဒေအတိုင်း ဆုံးဖြတ်ခံရမည်သာဖြစ်သည်။
            ဒါကြောင့်မို့ သူ့အပြစ်ပြော၊ ကိုယ့်အပြစ်ပြော မနေကြတော့ဘဲ အရေးကြီးပြီမို့ သွေးနည်းကြစို့၊ စုပေါင်း လက်တွဲကြစို့၊ တွဲလက်တွေခိုင်မြဲစို့ ဟုတိုက်တွန်းရင်း စိတ်ဝမ်းမကွဲ လက်တွဲကြစို့ ဆောင်းပါးကို အဆုံးသတ်အပ်ပါ သတည်း။
ပြာသိုလပြည့်ကျော် ၄ ရက်၊ ၁၃၇၆-ခု၊
(ဇန်န၀ါရီလ- ၈၊ ၂၀၁၅)၊ ကြာသပတေးနေ့။
အရှင်တိလောကာဘိဝံသ(အင်းစိန်)
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်မြို့။

Tuesday, January 20, 2015

တန်းတူညီမျှမှုကိုတန်ဖိုးထား လေးစားခြင်း သာကီသွေးဂျာနယ် အတွဲ(၂)၊ အမှတ် (၁၄)၊ စာမျက်နှာ (၄၂) ဥာဏိန္ဒ (ရေနံချောင်း)

တန်းတူညီမျှမှုကိုတန်ဖိုးထား လေးစားခြင်း

သာကီသွေးဂျာနယ် အတွဲ(၂)၊ အမှတ် (၁၄)၊ စာမျက်နှာ (၄၂)

ဥာဏိန္ဒ (ရေနံချောင်း) 

 
၂ဝ၁၄-ခုနှစ် ဒီဇင်ဘာလ ၂၆-ရက်နေ့၊ နေ့လယ် ၁၂-နာရီမှာ ကျိုတိုတက္ကသိုလ် က Center For Southeast Asian Studies,Kyoto University ကJ S P S Research Fellow Takahiro Kojima, (Ph.d) က အမျိုးစောင့်ဥပဒေနဲ့ ပတ်သက်ပြီး သူ့တပည့်မတစ်ယောက် ဝိဇ္ဇာဘွဲ့အတွက် စာတမ်းပြုစုဖို့ သိချင်တာလေးတွေမေးပါရစေဆိုပြီး မဘသ(ဗဟို)ရုံးကို ရောက်လာပါတယ်။


နိဟွန်းဂျင်ဒေ့(စ်)ကား။ ဝါတာကုရှိဝ က ရာတေးဒိုဆန်ဒန်ယုခန်ရှားဒေ့စ်။ ဘာညာတွေ နဲ့ မိတ်ဆက်ပြီးတော့မှ သူကမြန်မာစကား ကောင်းကောင်းတတ်ကြောင်းသိရတော့ ကိုယ် ပြောခဲ့တဲ့ တော့ကျိုး တော့ကျိုး ဂျပန်စကားအ တွက်ရှက်တက်တက်ဖြစ်မိခဲ့ပါတယ်။
သူက ကျိုတိုတက္ကသိုလ်မှာ မြန်မာစာနဲ့ မြန်မာစကားသင်ပေးနေတဲ့ ဆရာကိုး။ ဒီတော့ မြန်မာလိုပဲ ဆက်ပြောကြပါတယ်။
သူက အဓိကသူကိုင်ထားတဲ့ သတင်း ယုံကြည်မှုကို အဓိကထားမေးပါတယ်။ အဲဒါက တော့ ၁၉၅၄-ဥပဒေရှိနေရက်နဲ့ ဘာဖြစ်လို့ ဒီအမျိုးစောင့်ဥပဒေကို ထပ်လုပ်ရတာလဲဆို တာပါ။ခက်တာက ဒီဂျပန်အမျိုးသားမပြောနဲ့ ၁၉၅၄ 'ဗုဒ္ဓဘာသာမြန်မာမိန်းမများ အထူး ထိမ်းမြားမှု ဥပဒေ'ဆိုတာကို ဒီနေ့မဘသကို လက်သီးလက်မောင်းတန်းဆန့်ကျင်ပြီး '၅၄ ဥပဒေဟာ ဘာညာသာရကာနဲ့ ညွှန်းညွှန်း
ပြောနေကြတဲ့ မြန်မာ့နိုင်ငံရေးဥသျှောင်တွေ တောင် ရေရေရာရာ မသိကြပါဘူး။


'၅၄ ဥပဒေ'ဟာ မြန်မာအမျိုးသမီးတွေ အတွက် ဘဝလုံခြုံမှုအပြည့်အဝပေးပါတယ်။ ဥသျှောင်တွေရော သူတို့နောက်လိုက် အသုံးလုံး သင်တန်းဆင်းကာစ စာသိပ်မဖတ် တတ်ကြ သေးတဲ့ ဖေတော့ မောင်တော့ စာရေးဆရာဆို တဲ့ ပုလုကွေးလေး စာရေး ဆရာလေးတွေရော '၅၄ ဥပဒေကို ရေရေရာရာမသိ၊ တင်ပြအ တည်ပြုပေးစေခဲ့တဲ့ တရားသူကြီးချုပ် ဦးသိမ်းမောင်ကိုလည်း ကြားမှမကြားဖူး။ ဒီဥပဒေနဲ့ ဆုံးဖြတ်တဲ့ ၁၉၆ဝ-၆၁ခုက ခရစ်ယာန်တရုတ် ဦးစိန်နဲ့ ဇနီး(ဒုတိယ) မြန်မာဗုဒ္ဓဘာသာ ဒေါ် ကြည်ရဲ့အမှုမှာ ဒေါ်ကြည်ကိုလက်ထပ်ခဲ့စဉ်က ဗုဒ္ဓဘာသာမြန်မာ့ဓလေ့ထုံးစံနဲ့အညီ လက် ထပ်ခဲ့တာဖြစ်လို့ (လက်ထပ်ခဲ့စဉ်က ခရစ်ယာန် ဘုရားကျောင်းမှာ ဒါမှမဟုတ် နောက်တစ်မျိုး နေကာရ်ဖတ်ပြီး လက်ထပ်ခဲ့ရင် ဒီဥပဒေနဲ့ အ ကျုံးမဝင်တော့ပါဘူး။) ဒေါ်ကြည်ဟာ မယား ငယ်မဟုတ် မယားပြိုင်သာဖြစ်တဲ့အတွက် ခ ရစ်ယာန်တရုတ်မယားကြီးနှင့် တန်းတူအခွင့်အ ရေးရစေလို့ စီရင်ချက်ချခဲ့ပါတယ်။
ဒီမှာ ဒီကိစ္စကို တချို့ဂျာနယ်ရဲ့ ဥပဒေဆို တဲ့အခန်းမှာ ဥပဒေကျွမ်းကျင်တဲ့အနေနဲ့ရေး တဲ့ စာရေးဆရာတချို့က ဗိုလ်ချုပ်ကြီးနေဝင်း ဟာ 'မယားငယ်' ယူချင်တာနဲ့ 'မယားပြိုင်' ဆိုတဲ့ စကားကို ခပ်ညံ့ညံ့ ဥပဒေပညာရှင်တွေကို အ ပြင်ခိုင်းခဲ့ပါတယ်လို့  ရေးခဲ့တာကို ခပ်ညံ့ညံ့ အယ်ဒီတာတွေက ထည့်ပေးခဲ့တာ ဖတ်ခဲ့ရပါ တယ်။ အာဃာတကို ရှေ့တမ်းတင်ပြီး သမိုင်း အမှားကို ပြည်သူ့ဆီကို တင်ပြရဲတဲ့ ဂျာနယ်တွေ သိပ်တော်ကြပါတယ်။
အဲဒီတုန်းက အဲဒီအမှုစီရင်ချက်ကြောင့် မြန်မာတစ်နိုင်ငံလုံး အုန်းအုန်းကျွတ်ကျွတ်နဲ့ Boom ဖြစ်ခဲ့ပါတယ်။ ၁၉၆ဝ-၆၁ ကနော်။ (ဒေါ်ခင်မေသန်း မသေသေးလို့ ဗိုလ်ချုပ်ကြီး နေဝင်း သူ့ရဲ့ငယ်ချစ် ရတနာနတ်မယ်ဆိုတဲ့ စီအိုင်အေ အေးဂျင့်ကို ယူဖို့မကြိုးစားရသေးပါ)။
ဘာကြောင့် Boom ဖြစ်တာလဲ။ 'မယား ပြိုင်'ဆိုတဲ့စကားလုံးကြောင့်ပါ။ ၅၄ ဥပဒေက နိုင်ငံခြားသား ဒါမှမဟုတ် ဘာသာခြားက 'မြန် မာ့ဓလေ့ထုံးစံနဲ့အညီ လက်ထပ်ခဲ့တဲ့ ဗုဒ္ဓဘာ သာမြန်မာအမျိုးသမီးများအတွက် အမွေဆက် ခံခွင့်'မှာ မယားငယ်မရှိစေရဆိုတာမျိုးပေါ့။ တ ရားဝင် မယားသာဖြစ်ရမယ်၊ ဘာ,ဘာသာနဲ့ လက်ထပ်ထပ်၊ ဘယ်နိုင်ငံခြားသားနဲ့ လက်ထပ် ထပ်ပေါ့။ 'မယားငယ်'မဟုတ်မှ အမွေရမှာမို့ 'မယားပြိုင်'လို့ တရားရုံးက အမည်တပ်ပေး လိုက်တာကိုး။ ဒီတော့ ဗုဒ္ဓဘာသာ မြန်မာအန် ကယ်ကြီးများလဲ Lover တွေKeeping တွေ
Lesser wife တွေထားရင် မယားငယ်ပေး ပေး တယ်ဆိုလို့ မရတော့ဘူး။ အဲဒီူLover လေးက ဒီဥပဒေကိုသိလို့ တရားစွဲရင် 'မယားပြိုင်'အဖြစ် နဲ့ အိမ်ကြီးရှင်မတွေ တိုက်ကြီးရှင်မတွေ ကား ကြီးရှင်မတွေနဲ့ တန်းတူအခွင့်အရေးပေးရတော့ မှာဆိုတော့ကြီး ရှင်မတွေက မကျေနပ်ကြလို့ မြန်မာအင်္ဂလိပ်သတင်းစာတွေမှာကို 'တောင် နန်းစံ'တို့ 'မဟေသီ'တို့ဆိုတဲ့ ကလောင်နာမည် တွေနဲ့ အမျိုးသမီးတွေ ပွတ်လောထအောင် ရေးခဲ့ကြတာကိုး။ အဲလို Boom ဖြစ်ခဲ့တာပါ။
၅၄ ဥပဒေကိုညွှန်းတဲ့ ကချလာတွေ ဒီ လောက်အထိရောသိကြလို့လား။ အမွေအ တွက် တစ်ခုတည်းရည်ညွှန်းတဲ့ ဥပဒေပါ။ ဒါက လည်း အသက်က (၁၄)နှစ်ပြည့်ပြီး မိန်းက လေးတို့၊ ဗုဒ္ဓဘာသာမြန်မာ့ဓလေ့ထုံးစံနှင့်အညီ လက်ထပ်ခဲ့သောတို့ဆိုတဲ့ ဥပဒေပါစကားရပ် တွေဟာ မြန်မာအမျိုးသမီးတွေကို လုံးဝလုံခြုံ မှုမပေးနိုင်ဘူးဆိုတာ ထင်ရှားနေပါတယ်။
ဒါကို ရှင်းပြတော့Takahiro Kojima Sam က ခေါင်းငြိမ့်နားထောင်ပါတယ်။ သူ့မှတ် စုစာအုပ်မှာ ရေးမှတ်ပါတယ်။ တခြား သူသိ ချင်တာတွေ မေးမြန်းပြီးတော့ ညနေငါးနာရီ လောက်မှ ပြန်သွားပါတယ်။
အဲ ဒီဇင်ဘာ ၃ဝ-ရက်နေ့မှာ သူကဖုန်း ဆက်ပါတယ်။ သူမရှင်းတာလေးတွေ မေးခွင့် ပြုပါဦးတဲ့။ နေ့လယ် ၁၂-နာရီလောက်မှာ ဖုန်း ဆက်ပါတယ်။ ညနေ (၃)နာရီလောက် လာခွင့် ပြုပါတဲ့။ သူဖုန်းဆက်တဲ့အခါမှာ မ.ဘ.သ (ဗဟို)ရုံးမှာ ဒေါက်တာအရှင်စန္ဒောဘာသ (သီ ရိရတနာကျောင်း၊ မင်္ဂလာဒုံ)ဒေါက်တာအရှင် ပညာနန္ဒ (ရွှေပြည်စိုးကျောင်း မင်္ဂလာဒုံ)နဲ့ အ ရှင်ပါမောက္ခ (မကွေးကျောင်း)တို့ ရှိတော်မူနေ ခဲ့ကြပါတယ်။
မစ္စတာTakahiro Kojima ရောက်လာ တော့ ဆရာတော်သုံးပါးကို ရိုရိုသေသေ ရှိခိုး ကန်တော့ပြီး မေးလျှောက်ခွင့်တောင်းပါတယ်။ 'အခု ဥပဒေမူကြမ်းမှာ ဗုဒ္ဓဘာသာ မြန်မာအ မျိုးသမီးဟာ ဘယ်ဘာသာခြားနဲ့မဆို အသက် (၁၈)နှစ်ပြည့်ပြီးရင် လက်ထပ်ခွင့်ရှိပါတယ်လို့ ဆိုပါတယ်'တဲ့။ 'ဒီတော့'တဲ့ (သူ စာအုပ်နှစ်အုပ် ထုတ်ပါတယ်။ တစ်အုပ်က အစ္စလာမ်ဥပဒေ စာအုပ်။ တစ်အုပ်က ခရစ်ယာန်ဥပဒေစာအုပ် ပါ)။ 'ဒီဥပဒေတွေမှာ'တဲ့ 'အစ္စလာမ်ဟာလဲ အစ္စလာမ်ဘာသာဝင်ကိုသာ လက်ထပ်ခွင့်ပေး ထားပါတယ်'တဲ့ ။ 'ခရစ်ယာန်ဟာလဲ ခရစ် ယာန်ဘာသာဝင်ကိုသာ လက်ထပ်ခွင့်ပေး ထားပါတယ်'တဲ့။
'ဒီလိုဆိုရင် အခုဥပဒေမူကြမ်းကို အ တည်ပြုပြီးရင် အဲဒီအစ္စလာမ်ဘာသာနဲ့ ခရစ် ယာန်ဘာသာတွေကရော ဗုဒ္ဓဘာသာဥပဒေ လိုပဲ ဘာသာမတူသူနဲ့ တရားဝင်လက်ထပ်ခွင့် ပေးဖို့ (လျှော့ပေါ့) ပြုပြင်ပြောင်းလဲတဲ့ ဥပဒေ (ပြင်ဆင်တဲ့ဥပဒေ) ပြုလုပ်ကြမှာလား'တဲ့။
'ဟာ-မဆိုင်ပါဘူး သူတို့ဥပဒေကတော့ ရှိမြဲအတိုင်းပေါ့'ဆိုတော့ သူကပြောပါတယ်။
'ဒါဆို ဗုဒ္ဓဘာသာ ဥပဒေက ရှုံးနေတာ ပေါ့'တဲ့။ 'ဘယ်မှာ တန်းတူညီမျှရှိပါ့မလဲ'တဲ့ ။'ဗုဒ္ဓဘာသာနိုင်ငံမှာ ဗုဒ္ဓဘာသာက အလျှော့ ပေးတဲ့ဥပဒေကို ရေးဆွဲတာကို ဘာဖြစ်လို့ ဒီဥပ ဒေ မကောင်းဘူးလို့၊ တခြားဘာသာတွေကို စော်ကားရာရောက်တယ်လို့ သတင်းတွေဖြစ် နေရတာလဲ'တဲ့။
'မြန်မာဗုဒ္ဓဘာသာဝင်တွေက ဒီဥပဒေက ပျော့ပျောင်းလို့မကျေနပ် ကြတာမဟုတ်ဘဲ ဒီဥပဒေဖြစ်ပေါ်လာမှာကို မကျေနပ်ဘူးဆို တာ စဉ်းစားလို့မရပါဘူး'တဲ့။
'တန်းတူညီမျှမှုကို တန်ဖိုးထားလေးစား တယ်ဆိုရင် သူတို့ တခြားဘာသာရဲ့ ဥပဒေ တွေကိုလည်း ပြင်ဆင်ပေးသင့်ပါတယ်'တဲ့။
ကဲ စာရှုသူတို့ရေ၊ သူ့တပည့် ဝိဇ္ဇာဘွဲ့ယူ ဖို့ စာတမ်းပြုစုဖို့လာတဲ့ ဂျပန်ဆရာကတော့ 'အမျိုးစောင့်ဥပဒေ'ဆိုတဲ့ ခေါင်းစဉ်လေးတင် ဖတ်ပြီး ဝေဖန်တာမဟုတ်ပါဘူး။ အစ္စလာမ်ဥ ပဒေစာအုပ်ကြီးရော ခရစ်ယာန်ဥပဒေစာအုပ် တွေရော ရှာဖွေဝယ်ယူ ဖတ်ရှုပြီးမှ နှိုင်းယှဉ်သုံး သပ်တာပါ။
'ဗုဒ္ဓဘာသာဥပဒေက ရှုံးနေတယ်'တဲ့။ 'ဗုဒ္ဓဘာသာဥပဒေက ပျော့ပျောင်းတယ်'တဲ့။ 'ဗုဒ္ဓဘာသာဥပဒေလိုပဲ အခြားဘာသာဥပဒေ တွေက လျှော့ပေါ့ပြင်ဆင်ပေးမှာလား'တဲ့။
ကဲဗျာ 'အမျိုးစောင့်ဥပဒေ'ကို မရှိသင့် ပါဘူး၊ ဘာဘာညာညာ ကွိကွိကွကွနဲ့ တိတိကျ ကျမလေ့လာဘဲ ပြောဆိုအပြစ်တင်နေကြတဲ့ ဗုဒ္ဓဘာသာအမည်ခံ နိုင်ငံရေးဂယောင်ခြောက် ခြားတွေ၊ မေတ္တာဟာ ဘာဟာ ညာဟာနဲ့ အ မုန်းစကား ဝရုန်းသုန်းကားတွေ ပြောဟောနေ ကြတဲ့သူတွေရော အဲဒီဂျပန်နဲ့ ယှဉ်လိုက်ရင် ဘယ်လောက်ရှက်စရာ ကောင်းလိုက်မလဲဗျာ ဟင်။ ဟီရိသြတ္တပ္ပဆိုတာ လောကပါလတရား တဲ့ဗျ။ အရှက်ဖြင့်ရှိမှ အကြောက်ဖြင့်ရှိမှလို့ ရှေးလူကြီးတွေပြောကြတာ သိပ်မှန်တာပေါ့ ဗျာ။ လောကကြီး မပျက်စီးဖို့ အရှက်အကြောက် ရှိရတာကိုးဗျ။ ခုတော့မရှက်မကြောက် ထင် ရာစွတ်ပြော၊ စွတ်ရေး၊ တစ်ဦးတစ်ယောက်အ တွက် အရှက်မရှိရေးကြ ပြောကြတာတွေဟာ
လောကကြီးပျက်စီးဖို့ လမ်းစပေါ့ဗျာ။
ဂျပန်ကြီးလို အစ္စလာမ်ဥပဒေစာအုပ်တို့ ခရစ်ယာန်ဥပဒေစာအုပ်တို့ကို ဖတ်ကြည့်ကြ လား။ အဲလေ ရှိမှန်းတောင်မသိ၊ မြင်တောင်မှ မမြင်ဖူးပါဘူးဆိုပြီး ဂုဏ်ယူနေကြမယ်ထင်ပါ ရဲ့။
'သိသားပဲ. အဲဒီဥပဒေတွေ ဘာဖြစ်လဲ ပြောချင်တာပြောမှာပေါ့။ ဗိုလ်ချုပ်အောင်ဆန်း က ပြောခဲ့တယ်လေ နိုင်ငံရေးက ညစ်ပတ်တာ မဟုတ်ပါဘူး။ နိုင်ငံရေးသမားတွေက ညစ်ပတ် တာပါလို့ ဗိုလ်ချုပ်စကား မမှားအောင် လက် တွေ့ လုပ်ဆောင်ပြနေတာလေ။ ဘာရှက်ရမှာ လဲ။ ဗိုလ်ချုပ်ကိုချစ်လို့၊ ဗိုလ်ချုပ်ကိုရိုသေလို့၊ ဗိုလ် ချုပ်ကိုကြည်ညိုလို့၊ ဗိုလ်ချုပ်ပြောတာ မမှား အောင် အနစ်နာခံလုပ်ပေးနေတာပါနော်'လို့ များလည်း ဂုဏ်ယူနေကြမလားဘဲ။
သမိုင်းကြောင်းတလျှောက် မျှော်ကြည့် လိုက်ရင် ပုဂံမင်းလက်ထက် ကတည်းက မြို့ဝန် ဘိုင်ဆတ်တို့၊ မြို့ဝန်စာရေး မောင်ပိန်တို့တတွေ ဗုဒ္ဓဘာသာ
မြန်မာမိန်းကလေးတွေကို အပျို အအိုမရွေး ဗလက္ကာယလုပ်ဖျက်ဆီးခဲ့ကြတာ။ အမရပူရက ဘုရင့်ကောင်းမှုတော် ဘုရားကြီး က ဌာပနာဖြစ်တဲ့ ရွှေကိုယ်လေး၊
ငွေကိုယ် လေးတွေ ကျောက်သံပတ္တမြားတွေကို မွတ်စ လင်တွေနေတဲ့ ရပ်ကွက်ကနေ မြေအောက်ဥမင်လှိုင်ခေါင်းတူးပြီး ခိုးယူခဲ့တာ။ ၁၉၃ဝ-ခု၊ ၁၉၃၈-ခု၊ ၁၉၄၂-ခု၊ ၁၉၈၈-ခု ကုလားမြန်မာအရေးခင်းတွေ၊ ကုလားရခိုင်အ ရေးတွေကိုကြည့်ရင် အခု နောက်ဆုံးဖြစ်ခဲ့တဲ့ အရေးအခင်းတွေ၊ ဖြစ်ဆဲ အရေးကိစ္စပြဿနာ တွေကိုကြည့်ရင် သူတို့က ပြဿနာမဖြစ်ဖြစ် အောင်စခဲ့လို့ ဖြစ်ခဲ့ရတာတွေချည်း တွေ့နိုင် ပါရက်နဲ့ မေတ္တာထားဖို့၊ ဘာဖို့ ပေါက်ကရလေး ထောင် ပြောင်ပြောင်လိမ်နေကြတာတွေ ရှက်ကြဖို့တော့ ကောင်းပါပြီနော်။
ကြည့်ပါဦးဗျာ။ နိုင်ငံခြားကလာတဲ့လူက ဘာသာပေါင်းစုံရဲ့ ဥပဒေပေါင်းစုံကို လေ့လာ ပြီးမှပြောတာ 'ဗုဒ္ဓဘာသာဥပဒေက ရှုံးခွင့်ပေး ထားတာပဲ၊ အမျိုးသမီးအခွင့်အရေး ဘာမှမဆုံး ရှုံးပါဘူးတဲ့' အမျိုးသမီးတွေအတွက် အကာအ ကွယ်ရတာပေါ့'တဲ့ 'သူတို့ဂျပန်မှာ (အထူးသဖြင့်) မွတ်စလင်နဲ့ ယူတယ်ဆိုတာ သူမသိပါဘူးတဲ့ (မကြားဖူးပါဘူးလို့ ပြောတာ)။
လေဒီဒိုင်ယာနာ ဘာ့ကြောင့် သေတာ လဲ၊ ဘယ်လိုသေတာလဲ `ဥာဏ်နဲ့စဉ်းစားရင် အဖြေပေါ်ပါတယ်။ အင်္ဂလန်နဲ့ ပြင်သစ်ဟာ ဒီမိုကရေစီချန်ပီယံ
နိုင်ငံကြီးတွေပါ။ အခုလည်း 5-Network အစီအစဉ်တစ်ခုက ဒိုင်ယာနာ အကြောင်း ရုပ်ရှင်လာလို့ပါ။ ကြည့်ကြည့်ပါ လား။ တာရပ်(စ်)ဘူ(လ်)ဘာတို့ ပရင့်ဆက် အင် ဖိုတိုဂပ်ဖာတို့၊ ဆဲဗင်းနိုက်အင် ဂျပန်တို့ ကြည့်ဖူးရက်သားနဲ့ အမျိုးသားရေးဝါဒီတွေကို ရှုတ်ချဟောပြောနေကြတာ ရှက်ဖို့ကောင်းပါ တယ်။ အမေရိကားမှာ ကေ-ကေ-ကေ ဆိုတဲ့ ကေသုံးလုံးအဖွဲ့ရှိခဲ့တာရော ဟောပြောရေး ဆရာ/ဆရာမကြီးတွေ ပညာတတ်ကြီးတွေပဲ သိကြမှာပါ။ ခုရော အမေရိကားမှာ ဘယ်လို ပြဿနာတွေဖြစ်နေလဲ။ သိကြပါရက်နဲ့။
'တန်းတူညီမျှမှုကို တကယ်တန်ဖိုးထား လေးစားတာ'မဟုတ်ဘဲ တစ်ဦးတစ်ယောက်အ တွက်နဲ့ တိုင်းပြည်ပျက်ချင် ပျက်ရောဆိုပြီး အရှည်မကြည့်ကြတာကတော့ မူမှန်စိတ်မ ဟုတ်လို့ပဲလို့ ပြောရမှာပါ။ မြန်မာစကား ရှိပါရော။ 'နောက်တစ်လံ ပြန်ကြည့်၊ ရှေ့တစ် ခေါ် မျှော်ကြည့်တဲ့'။ အခုတော့ နောက်တစ်လံ မက နောက်ကြောင်းပြန်ရော့ဟလို့ (လက်ညှိုး က သူများထိုးပြီး) ဖန်တီးနေကြတယ်ဆိုတာ သိပ်မြင်သာပါတယ်။ ရှေ့တစ်ခေါ် ဝေးလို့မျက် မွှေးတော်မော်လို့တောင် မကြည့်ကြတာ အင်း တိုင်းပြည်ကောင်းစားရေးလား ငို့ဘ ငါဖို့လား ထင်ရှားလှပါတယ်။ ဒီလိုလူတွေ နောက်က လိုက်ရင်တော့ မှားခြင်းကြီးမှားကြပါလိမ့်မယ်။
'တန်းတူညီမျှမှုကို တန်းဖိုးထားလေးစား ခြင်း'ဆိုတာ ဥပမာဗျာ အိမ်တစ်အိမ်ကို သွား လည်တယ်ဆိုပါစို့။ အဲဒီအိမ်မှာ မြေစိုက်မြေကြီး ပေါ်မှာ အမှိုက်တွေ၊ ဆေးလိပ်တိုတွေ၊ တံတွေး ကွက်တွေရှိနေမယ်ဆိုရင် သွားလည်တဲ့ဧည့် သည်က ဆေးလိပ်တိုပစ်ချင်ပစ်၊ တံထွေးထွေး ချင်ထွေး၊ နှပ်ညှစ်ချင်ညှစ် လုပ်လို့ရတာပေါ့။ ဒါပေမယ့် ပါကေးခင်း ပြောင်လက်နေအောင်ဲ တိုက်ချွတ်ထားတယ်ဆိုရင် အမှိုက်လည်း ပစ်လို့ မရ။ ဆေးလိပ်တိုမပြောနဲ့ ဆေးလိပ်ပြာတောင် အကျခံလို့မဖြစ်ဖူးလေ။ ကိုယ်က ပါကေးခင်းနဲ့ နေလို့ အကျင့်ပါနေလို့ မြေစိုက်အိမ်မှာကို အ မှိုက်မချတာက ကိုယ့်တန်ဖိုးပါ။ ပါကေးခင်း အိမ်ကိုသွားပြီး ကိုယ်ကမြေစိုက်အိမ်မှာ နေချင် သလိုနေတာနဲ့ အမှိုက်ပစ်၊ ဆေးလိပ်တိုပစ် ဆိုရင်တော့ ကိုယ်ကကို တန်ဖိုးမရှိတာပါ။
ဒီတော့ ဘယ်ဟာက တန်းတူညီမျှမှုကို တန်ဖိုးထားတာ လေးစာတာလဲ။ ဘယ်လိုတန်း တူတာလဲ၊ ဘယ်လိုညီမျှတာလဲ၊ လူသတ်သမား နဲ့ ဒုက္ခိတ တန်းတူညီမျှတယ်ဆိုပြီး အတူထား လို့ရမလား။ မုဒိမ်းသမားနဲ့ အလှမယ်တန်းတူ ညီမျှတယ်ဆိုပြီး တန်ဖိုးထား လေးလေးစားစား ဆက်ဆံကြပါဆိုပြီး အခန်းတစ်ခန်းထဲ အတူ ထားလို့ရမလား။
စကားလုံးတွေ ရုပ်ဝတ္ထုတွေပေါ်မှာ အ ဖြေရှာတဲ့ တက္ကဗေဒဟာ နေရာတကာမှာ မ မှန်နိုင်ပါဘူး။ကျိုတိုတက္ကသိုလ်က တာကဟီရို ကိုဂျီမား စံ ပြောသလို ဗုဒ္ဓဘာသာဝင်တွေရဲ့ ဥပဒေက ပျော့ပြောင်းတယ်။
အမျိုးသမီးတွေရဲ့ အခွင့်အ ရေးတွေကို ဘာအကြောင်းနဲ့မှ မပိတ်ပင်ဘူး။ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေ မဆုံးရှုံးရ အောင် အကာအကွယ်ပေးတယ်။ ဒါလေးပါပဲ။ ဒါကို ဘာဖြစ်လို့ အမျိုးသမီးပညာတတ်ကြီးများ က မကျေနပ်ကြတာလဲ။ တစ်လင်တစ်မယား ကိုပဲ မကျေနပ်ကြတာဆိုလည်း ဟောလီးဝုဒ်ရုပ် ရှင်မင်းသမီး အယ်လစ်ဇ်ဘက်တေလာလို တစ် ယောက်မကောင်း တစ်ယောက်ပြောင်းလို့ရပါ တယ်။ အမေရိကမှာလည်း တစ်လင်တစ်မ ယားစနစ်ပါပဲ။ ကွဲပါ၊ ထပ်ယူပါ။ ကွာပါ၊ ထပ်ယူ ပါ။ ယူနိုင်ပါတယ်။ အဲဒီအတွက် မပူပါနဲ့။ 'တာ ကာဟီရို ကိုဂျိမား မေးတာလေးကို မြန်မာနိုင်ငံ ရဲ့ နိုင်ငံရေးဥသျှောင်တွေနဲ့ မေတ္တာ ဘာညာ သာရကာ စာရေးဆရာများကို ထပ်ပြီးအသိ ပေးပါရစေ။
'ဗုဒ္ဓဘာသာလိုပဲ အစ္စလာမ်ဘာသာတို့ ခရစ်ယာန်ဘာသာတို့က သူတို့ဥပဒေကို ပျော့ ပြောင်းအောင် ပြင်ဆင်ပြုပြင် ပြောင်းလဲပေးမှာ လား'တဲ့။
ရှက်တတ်ကြမှ အားလုံးငြိမ်းချမ်းမှာပါ။
ဥာဏိန္ဒ(ရေနံချောင်း)


ကိုးန၀င်းဖတ်စာ (အရှင်တိလောကာဘိဝံသ) မဘသဗဟိုဥက္ကဋ္ဌဆရာတော်။ သာကီသွေးဂျာနယ် အတွဲ၂၊ အမှတ် (၁၄)

ကိုးန၀င်းဖတ်စာ (အရှင်တိလောကာဘိဝံသ)
မဘသဗဟိုဥက္ကဋ္ဌဆရာတော်
----------------------------
သာကီသွေးဂျာနယ် အတွဲ၂၊ အမှတ် (၁၄)
၁။သံဃ-ဟူသောဝေါဟာရသည် အစုအပေါင်း၊ အဖွဲ့အစည်းကိုဆိုလိုသည်။
(ဘိက္ခုသံဃဟူသောအဖွဲ့အစည်းကား သီလ၊ သမာဓိ၊ ပညာ၊ သိက္ခာ သာလွန်ဂုဏ်ကြီးသော အဖွဲ့အစည်းကြီး ဖြစ်သည်။
-----
၂။ သက်ရှိသက်မဲ့ အဖွဲ့အစည်းမှန်သမျှ ညီညာမှ ချမ်းမြေ့သာယာမည်၊ ခိုင်မာတောင့်တင်းမည်။
----
၃။ နိုင်ငံဟူသည်မှာလည်း ဒေသတစ်ခုအတွင်း မှီတင်းနေထိုင်ကြသည့် လူမျိုးစု အစုအပေါင်းပင်ဖြစ်သည်။
----
၎။ နိုင်ငံသားအားလုံး ညီညွတ်နေလျှင် ဘေးရန်မှန်သမျှ ကြံကြံခံနိုင်သော အင်အားကောင်းသည့်နိုင်ငံဖြစ်မည်။
----
၅။ ညီညွတ်သော မြန်မာ့လူ့အဖွဲ့အစည်းကြီးသည် ဧကန်မုချ ကြီးပွားတိုးတက်မည်။ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာ သုခ ခံစားရမည်မှာမလွဲပေ။ (သုခါ သံဃဿ သာမဂ္ဂီ)
---
၆။ မြန်မာပြည်ကြီး ပြည့်စုံကြွယ်ဝ ချမ်းသာကြဖို့ဆိုလျှင် မြန်မာ့လူ့အဖွဲ့အစည်း ညီညွတ်အောင် ကျင့်ဆောင်ကြ ရမည်။ (သမဂ္ဂါနံ တပေါ သုခေါ)
----
၇။ ညီညွတ်အောင်ကျင့်ဆောင်ပုံများကို မြတ်ဗုဒ္ဓက
(က) သူတစ်ပါးထောက်ပြဝေဖန် အကြံပေးမှုကို လက်မခံသည့် ခေါင်းမာမှုကို ရှောက်ကြဉ်ရမည်၊ ပြန်လည်ရှင်းပြရမည်။
(ခ) အချင်းချင်းပြောဆိုခွင့်ပေးရမည်၊ အချင်းချင်းဖေးမကူညီ ထောက်ကူပေးရမည်။ ( ပါတိမောက်ဒုဗ္ဗစသိက္ခာပုဒ်၊ ၀ိ ၁၊ ၂၇၁)
----
၈။ သက်ဆိုင်သူအားလုံး ညီညွတ်ရေးကို ရှေးဦးစွာတည်ဆောက်ကြရမည်။ အာဏာမလွတ်ရေး၊ အာဏာရရေး စသော အတ္တကျိုးများကို ရှောင်ရှားရမည်။
----
၉။ မြန်မာ့လူ့အဖွဲ့အစည်းများ၏ ယခုအချိန်မှာ ယို့ယွင်းပျက်စီးနေသော စိတ်ဓာတ်များ၊ စာရိတ္တများ၊ ဇွဲလုံ့လ၀ီရီယများ စသည်တို့ကို စွမ်းနိုင်သလောက် လမ်းညွှန်ပေးရမည်။ ထိန်းကျောင်းပေးရမည်၊ ဦးဆောင်ပေးရမည်။
----
ပြာသိုလပြည့်ကျော် ၄-ရက်၊ ၁၃၇၆-ခု
(ဇန်န၀ါရီလ ၈-ရက်၊ ၂၀၁၅) ကြာသပတေးနေ့။
အရှင်တိလောကာဘိဝံသ (အင်းစိန်)
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်မြို့။
-------
-------

Monday, January 19, 2015

အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ဥက္ကဋ္ဌဆရာတော်ဘုရားကြီး၏ ဆုံးမစာ

အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို)
ဥက္ကဋ္ဌဆရာတော်ဘုရားကြီး၏ ဆုံးမစာ

----------------------------------------------
----------------------------------------------

လူ့အသိုက်အ၀န်းများထဲတွင်ပါဝင်သော မိဘလည်းမိဘအလျောက် သားသမီးလည်း သားသမီးအလျောက် တာဝန်သိရမည်၊ တာဝန်ယူရမည်၊ ကျေပွန်ရမည်၊ သားသမီးတိုင်း သည် စောင့်လေမျိုးနွယ် တာဝန်ကျေပွန်ကြရမည်သာဖြစ်သည်၊ နိုင်ငံသားသမီးများဖြစ် သည့် နိုင်ငံသားများလည်း စောင့်လေမျိုးနွယ် ၀တ္တရားကို မလွဲမသွေ တာဝန်ယူရမည် သာဖြစ်သည်၊ ကားဒရိုင်ဘာ, သင်္ဘောမာလိန်မှူး, လေယာဉ်မှူး စသည် တာဝန်ရှိသူ တစ်ဦးတစ်ယောက် တာဝန်မဲ့မှုကြောင့် ကျန်သူအားလုံး ဒုက္ခရောက်သွားရသလို နိုင်ငံ သား၏ စောင့်လေမျိုးနွယ်ဟူသော တာဝန်မဲ့မှုကြောင့် နိုင်ငံသားအားလုံး မျိုးနွယ်စု အားလုံး ပျက်သုဉ်းသွားရမည်၊ ဒုက္ခရောက်ရမည်သာဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ (ရှမ်း/မြောက်-မဘသရုံး)၌ ကျင်းပအပ်သော အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (မဘသ)အဖွဲ့ ၁၆-မြို့နယ် (မဘသ) စုံညီအစည်းအဝေးပွဲ အခမ်းအနားသို့ ပေးပို့အပ်သော မဘသအဖွဲ့ (ဗဟို) ဥက္ကဋ္ဌ ဆရာတော်ကြီး၏ သ၀ဏ်လွှာ။




Sunday, January 18, 2015

အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ဥက္ကဋ္ဌဆရာတော် ဘုရားကြီး ဖြစ်တော်မှုတော် အရှင်တိလောကာဘိဝံသထံ The Myanmar Post ဂျာနယ်မှ အမျိုး ဘာသာ သာသနာနှင့်ပတ်သတ်၍ လာရောက်မေးမြန်း လျှောက်ထားချက်များကို Myanmar Post ဂျာနယ်ပါအတိုင်း အပြည့်အစုံ ဖော်ပြပေးလိုက်ပါသည်။



“မပါဝင်ချင်တဲ့သူကို အတင်းမခေါ်ပါဘူး၊ ပါဝင်ချင်တဲ့သူကိုပဲ လက်တွဲခေါ်ပြီးတော့၊ ဘယ်လူမျိုး၊ ဘယ်ပုဂ္ဂိုလ် မဆို လက်တွဲခေါ်ဖို့အဆင်သင့်ပါပဲ”

အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို)ဥက္ကဋ္ဌ အင်းစိန်ရွာမဆရာတော်ကြီး ဘဒ္ဒန္တတိလောကာ ဘိဝံသထံ လျှောက်ထားခြင်း

ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၃-ရက်က သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ရဲ့ စီမံအုပ်ချုပ်ရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌအဖြစ်သာ တာဝန် ထမ်းဆောင်နေပြီး အခြားဘာသာရေးအသင်းအဖွဲ့၊ လူမှုရေးအဖွဲ့၊ နိုင်ငံရေးအဖွဲ့တွေမှာမ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခြင်းမရှိဘူးဆိုတဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။ အဲဒီကြေညာချက်နဲ့ပတ် သတ်လို့ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးဗဟိုအဖွဲ့ (မဘသ)ရဲ့ ဥက္ကဋ္ဌတာဝန်ကိုယူထားတဲ့ အင်းစိန် ရွာမဆရာတော်ကြီး ဘဒ္ဒန္တတိလောကာဘိဝံသကို မြန်မာပို့စ်က သွားရောက်လျှောက်ထား မေးမြန်းခဲ့ပါတယ်။
--------------------------------------
-----------------------------------------------------------------------------------------
မေး။ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့မှာ သီတဂူဆရာတော်ကြီးက ဒုတိယဥက္ကဋ္ဌတာဝန်ယူ ထားယ်ဆိုတာ ဟုတ်ပါသလားဘုရား။

ဖြေ။ ဟုတ်ပါတယ်။ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ကို ဖွဲ့ကာစကတည်းက ဆရာတော်အချို့ က သီတဂူဆရာတော်ထံ သွားရောက်လျှောက်ထားတာလေ၊ သီတဂူဆရာတော်ထံ သွားလျှောက်တာ၊ သူက အလုပ်များလို့ အင်းစိန်ရွာမဆရာတော်ကြီးကို ဦးဆောင်ခိုင်းလိုက်ဆိုပြီး မိန့်တယ်။ အဲတာနဲ့ သွားလျှောက်တဲ့ ဆရာတော်တွေကလည်း သူခိုင်းတဲ့အတိုင်း ဆရာတော်က ဥက္ကဋ္ဌတာဝန်ယူခဲ့ပါတယ်။ မဘသစတင်ဖွဲ့စည်းတဲ့ အချိန်မှာလည်း သူကိုယ်တိုင်တက်ရောက်ပြီးတော့ သြ၀ါဒတွေပေးတယ်၊ ညွှန်ကြားချက်တွေလည်းပေးတယ်၊ လမ်းညွှန်မှုတွေပေးတယ်၊ သူကိုယ်တိုင်လည်း ဒုဥက္ကဋ္ဌရာထူးကို လက်မှတ်ထိုးပြီး ယူထားတယ်။ ဆက်လက်ပြီး တော့လည်း ဖွဲ့စည်းပြီးတဲ့အချိန်ကစပြီး အခုအချိန်ထိအောင် သူညွှန်ကြားတာနဲ့ ဆရာတော်တို့နဲ့ ကွဲလွဲချက် ဘာတစ်ခုမှမရှိဘူး။ အယူအဆ ကွဲလွဲမှုလည်းမရှိဘူး။ ဆက်လက်ပြီးတော့လည်း သူကတော့အလုပ်များတော့ ဆက်သွယ်ရုံပဲရှိတယ်။
နောက်ဒီလုပ်ငန်းတွေကို ဆက်မလုပ်တော့ဘူး။ ဒီအဖွဲ့တို့က နှုတ်ထွက်တယ်ဆိုတာလည်း ဆရာတော်တို့ကို အကြောင်းကြားတာမရှိဘူး၊ သူမလုပ်တော့ပါဘူးဆိုတဲ့ သဘောမျိုးပြောတာမရှိဘူး။ အခုသူ့ရဲ့ကြေညာချက် ထွက်လာတဲ့အခါကြတော့ ဆရာတော်တို့ မဘသနဲ့မပတ်သတ်ဘူးလို့ တိုက်ရိုက်တော့မပြောထားဘူး၊ ဒါပေမဲ့ အခြားအဖွဲ့အစည်းတွေမှာ ပါဝင်ခြင်းမရှိဘူးလို့ သူတို့ရဲ့ သီတဂူအုပ်ချုပ်ရေးအဖွဲ့ကနေပြီးတော့ ကြေညာတာ လေ၊ အဲတော့ ဆရာတော်တို့က သီတဂူဆရာတော် မဘသအဖွဲ့နဲ့ အကြောင်းအကျိုးမညီညွတ်လို့ တာဝန်မယူ သည့်တိုင်အောင် ဆက်လက်ပြီး သူနဲ့ညှိနှိုင်းတိုင်းပင်ဆောင်ရွက်သွားဖို့ ရှိပါတယ်။ သီတဂူဆရာတော်က နှုတ် ထွက်တယ်လို့လည်း မပြောပါဘူး၊ အခုလက်ရှိ သီတဂူဆရာတော်ရဲ့ ကြေညာချက်ထုတ်ရတဲ့ အရင်းအမြစ် အခြေအနေကိုတော့ ဆရာတော်တို့က တိတိကျကျ ဂဃနဏ မသိရဘူး၊ ဆရာတော်တို့ဆီကို အကြောင်းကြား ပြီး နှုတ်ထွက်တာတော့ မရှိခြင်းကြောင့် ဆရာတော်တို့ကလည်း သူ့ကိုဦးထိပ်ထားလုပ်တယ်။ ဒီမှာ တာဝန်မယူ သည့်တိုင်အောင် သူ့ကို ဆက်လက်ညှိနှိုင်းတိုင်ပင် ဆောင်ရွက်သွားဖို့ရှိပါတယ်။
-----------------------------------------------------------------------------------------
မေး။ သီတဂူဆရာတော်ကြီးက မဘသအဖွဲ့မှာတာဝန်ယူဖို့ လက်ခံထားတာမရှိသေးဘူးလို့ ပြောနေတာရှိပါ တယ်။ တာဝန်ပေးဖို့ လာလျှောက်တာတော့ရှိတယ်လို့ ပြောနေတဲ့အပေါ် ဥက္ကဋ္ဌဖြစ်တဲ့ ဆရာတော်က ဘယ်လို မှတ်ချက်ပြုချင်ပါသလဲဘုရား၊

ဖြေ။ ပထမစတင်ဖွဲ့စည်းကတည်းက ဒုဥက္ကဋ္ဌတာဝန်ကို သီတဂူဆရာတော်က တာဝန်ယူထားတယ်၊ သီတဂူ ဆရာတော်ကိုယ်တိုင် လက်မှတ်ရေးထိုးပြီးတော့ ဒုဥက္ကဋ္ဌတာဝန်ကိုယူတာပါ။ ဒါပဲလေ၊ ယူထားတယ်ဆိုတာ အမှန်ပဲလေ၊ သူလက်မှတ်ထိုးယူထားတာလေ၊ သူလက်မှတ်ထိုးယူထားတာလည်း ဆရာတော်တို့ဆီမှာရှိတယ်။
-----------------------------------------------------------------------------------------
မေး။ သီတဂူဆရာတော်ကြီးက အခုလိုကြေညာချက်ထုတ်တဲ့အပေါ် ဘယ်လိုမှတ်ချက်ပြုချင်ပါသလဲဘုရား။

ဖြေ။ အဲဟာကတော့ သူ့ရဲ့ဆုံးဖြတ်ချက်ကို ဆရာတော်တို့က ဘယ်သိမလည်း၊ ခုနက ပြောလိုက်သလိုပဲ၊ သူရဲ့ လက်တလောအခြေအနေအရ ကြေညာချက်ထုတ်ရတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။
-----------------------------------------------------------------------------------------
မေး။ တင်ပါ့ဘုရား။ ဆရာတော်တို့နဲ့ သီတဂူဆရာတော်ကြီးတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ အချက်တစ်ချက် လောက် ဥပမာအနေဖြင့် မိန့်ကြားပေးပါဘုရား။

ဖြေ။ များသောအားဖြင့် သူနဲ့တွေ့တိုင်း တွေ့တိုင်းမှာ များသောအားဖြင့်အားပေးတယ်၊ လိုအပ်တာကိုလည်း တင်ပြပေးတယ်။ သီတဂူဆရာတော်ကတော့ မအားတာများတော့ လက်တလော ဆရာတော်တို့အဖွဲ့မှာတော့ လာမလုပ်နိုင်ဘူးပေါ့။ လိုအပ်ရင်တော့ ဖုန်းဆက်ပြီးအကြောင်းကြားတာကို ဆရာတော်တို့က ဆောင်ရွက်နိုင်သ လောက် ဆောင်ရွက်ပေးပါတယ်။
-----------------------------------------------------------------------------------------
မေး။ ဆရာတော်တို့ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ရဲ့ လက်ရှိတာဝန်ယူမှု လုပ်ဆောင်မှုများ ကို မိန့်ကြားပေးပါဘုရား။

ဖြေ။ ဥက္ကဋ္ဌကို ဆရာတော်က တာဝန်ယူတယ်၊ ဒုဥက္ကဋ္ဌက ၃-ပါးရှိတယ်။ သီတဂူဆရာတော်ရယ်၊ ဇွဲကပင်ဆရာ တော်ရယ်၊ မကွေးဆရာတော်ရယ် ၃-ပါးတာဝန်ယူထားပါတယ်။ အကျိုးဆောင်တာဝန်ကိုလည်း ၃-ပါး၊ ၄-ပါးရှိပါ တယ်။
-----------------------------------------------------------------------------------------
မေး။ ဆရာတော်တို့က အမျိုး ဘာသာ သာသနာအတွက် လုပ်ဆောင်နေပါတယ်။ ဒါပေမဲ့ အဖွဲ့ဝင်အချို့က တရားစီရင်ရေးမဏ္ဍိုင်အပေါ် ၀င်ရောက်စွက်ဖက်မှုရှိတယ်လို့ ဝေဖန်နေပါတယ်။ ဒါကိုဆရာတော်ဘုရားက ဘယ်လိုထိန်းသိမ်း သြ၀ါဒပေးဖို့ရှိပါသလဲဘုရား။

ဖြေ။ တရာစီရင်ရေးအပေါ်တို့ကို ၀င်ရောက်စွက်ဖက်မှုမရှိပါဘူး။ တရားရုံးတွေမှာ သက်ဆိုင်ရာပုဂ္ဂိုလ် တာဝန်ရှိ တဲ့သူတွေကို သွားအားပေးတာရှိပါတယ်။ သူတို့စွပ်စွဲသလို ၀င်ရောက်စွက်ဖက်တာ ဘာမှမရှိပါဘူး။
-----------------------------------------------------------------------------------------
မေး။ မဘသအဖွဲ့ကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (မဟန)ကလည်း အသိအမှတ်ပြုလိုက်ပြီ၊ ဒါအပြင် နိုင်ငံတော်သမ္မတကလည်း အမျိုးစောင့်ဥပဒေပြဋ္ဌာန်းပေးဖို့ လက်မှတ်ရေးထိုးပေးလိုက်ပြီ ဖြစ်တဲ့အတွက် ဆရာ တော်တို့က အမျိုး ဘာသာ သာသနာအတွက် ဆက်လက်ဆောင်ရွက်မဲ့ ရည်မှန်းချက်ကို ပြည်သူအားလုံး သိရအာင် မိန့်ကြားပေးပါဘုရား။

ဖြေ။ ဆရာတော်တို့အဖွဲ့က နိုင်ငံရေးရည်ရွယ်ချက်လည်းမရှိဘူး၊ တို့နိုင်ငံအတွင်းက ပါတီတို့ အစိုးရတို့ကိုလည်း တိုက်ခိုက်ဖို့ဆန္ဒမရှိဘူး၊ ဘာသာခြား, လူမျိုးခြားကိုလည်း တိုက်ခိုက်ဖို့ရည်ရွယ်ချက်မရှိဘူး။ ကိုယ့်လူမျိုး ကိုယ့် ဘာသာ ကိုယ့်သာသနာအတွက် လိုအပ်တဲ့ဘက်ကနေ လမ်းညွှန်ပေးတယ် စောင့်ရှောက်ပေးတယ်ဆိုတဲ့ နည်းလမ်းညွှန်ပေးတယ်။ ကူညီပေးတယ် အဲဒီသဘောပဲရှိတယ်။ သူများကို သွားတိုက်ခိုက်တာလည်း မရှိဘူး၊ သူများတွေအမြင်မှာတော့ တစ်မျိုးမြင်လိမ့်မယ်၊ ဆရာတော်တို့ရည်ရွယ်ချက်က ဘယ်သူမှတိုက်ခိုက်ဖို့မဟုတ် ဘူး၊ ကိုယ့်ဘာသာ ကိုယ့်သာသနာအတွက် ထိုက်သင့်သလောက် ကူညီပေးဖို့ပဲဖြစ်တယ်၊ ဆရာတော်တို့အဖွဲ့ က ဆရာတော်တွေ၊ သံဃာတော်တွေ လူပုဂ္ဂိုလ်တွေ စုပေါင်းပြီးတော့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်တယ်။ ဘာသာအဖွဲ့အစည်းဆိုတာ ဘာမှမှတ်ပုံတင်စရာလည်း မလိုတဲ့အဖွဲ့အစည်းပါ။ အဲဒီအတွက် သံဃာ့စည်းမျဉ်းနဲ့ လည်း မညီစရာအကြောင်းမရှိဘူး။ ဆရာတော်, သံဃာတော်တွေကိုလည်း ဦးထိပ်ထားပြီးလုပ်တာမှန်တယ်၊ မပါဝင်ချင်တဲ့သူကို အတင်းမခေါ်ပါဘူး။ ပါဝင်ချင်တဲ့သူကိုပဲ လက်တွဲခေါ်ပြီးတော့ ဘယ်လူမျိုး ဘယ်ပုဂ္ဂိုလ်မဆို လက်တွဲခေါ်ဖို့ အဆင်သင့်ပါပဲ။ ကိုယ့်ရဲ့ အမျိုး ဘာသာ သာသနာအတွက် အခုအချိန်မှာ လိုအပ်နေတဲ့ဘက်က တစ်ထောင့်တစ်နေရာက ဖြည့်ဆည်းပေးတဲ့သဘောပါပဲ။
-----------------------------------------------------------------------------------------
မေး။ နောက်ဆုံးမှာကြားချင်တာ မိန့်ကြားပေးပါဘုရား။

ဖြေ။ ဘယ်သူ့ကိုမှ လက်မတွဲနိုင်စရာအကြောင်းမရှိဘူး။ တိုင်းပြည်နှင့် လူမျိုးအတွက်ကို လက်တွဲပြီးလုပ်ဖို့ လည်းရှိတယ်။ ဆရာတော်တို့က နိုင်ငံရေးအတွက် ၀င်လုပ်တာလည်းမဟုတ်ဘူး။ အာဏာရရေးအတွက်လည်း ၀င်လုပ်တာလည်းမဟုတ်ဘူး၊ ဘယ်သူမဆို ကိုယ့်အပေါ်တိုက်ခိုက်လာတဲ့ ပုဂ္ဂိုလ်တွေကိုလည်း သည်းခံခွင့်လွတ်ပါတယ်။
-----------------------------------------------------------------------------------------
(Arkar)

Thursday, January 15, 2015

အမျိုး ဘာသာ သာသနာဆိုင်ရာ မှတ်စုမှတ်ရာများ အပိုင်း (၂) (၁.၁၆.၂၀၁၅)

အမျိုး ဘာသာ သာသနာဆိုင်ရာ မှတ်စုမှတ်ရာများ အပိုင်း (၂)
( အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို)

မဟာအရှုံး
မင်းနန်း(မော်ကွန်း)၏ ထေရ၀ါဒ အသိအမြင် ဆောင်းပါးမှ

ဗုဒ္ဓဘာသာဝင်အမျိုးသား၊ အမျိုးသမီးများအနေဖြင့် မိမိနှင့် လူမျိုးဘာသာတူသူနှင့် အိမ်ထောင် ပြုမှသာ မိမိ၏အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်ရာရောက်ပါ၏။ အမျိုးဂုဏ်၊ ဇာတိဂုဏ် ကိုထိန်းသိမ်းရာ ရောက်ပါ၏။
လူမျိုးခြား၊ ဘာသာခြားနှင့်အိမ်ထောင်ဖက်ပြုသူ အမျိုးသား၊အမျိုးသမီးများသည် များသော အားဖြင့် မိမိကိုးကွယ်ရာဘာသာတရားကို စွန့်လွှတ်ရလေ့ရှိပါ၏။ အိမ်ထောင်ဖက် တစ်ယောက် ရဖို့အတွက် မိမိ၏ကိုးကွယ်ရာဘာသာကို စွန့်လွှတ်ရခြင်းမှာ ကြီးမားသော “မဟာအရှုံး” သာဖြစ်ပါ၏။
-- -----------------------------------------------------------------------------
------------------------------------------------------------------------------
မြန်မာပီသစေချင်

(နတ်မောက် မောင်သာရ)
ဓမ္မရတနာ အမှတ်စဉ် (၆၃)၂၀၀၂

မြန်မာဆိုသည့် ဂုဏ်သိက္ခာ
ထိန်းသိမ်းကြစမ်းပါ။
ရင်မှကပြား မွေးဖွားရေး
ရှောင်ရှားကြစို့လေး။
အရှက်မရှိ သူမြူဆွယ်
ယုံဖို့ စဉ်းစားကွယ်။
ဘာသာခြားကို ယူသူများ
ပူပင်သောကပွား။
မိဘဆွေမျိုး ဂုဏ်သိက္ခာ
ထောက်သင့် လှပေရာ။
နောင်တချိန်မှာ ရင်မှသွေး
မြန်မာ ပီသရေး။
နောင်တချိန်မှာ ရင်မှသွေး
ကပြား ကင်းစင်ရေး။
-- -----------------------------------------------------------------------------
------------------------------------------------------------------------------
ဘာသာသွေး
(မန္တလေးမြို့၊ ငြိမ်းချမ်းရွှေပြည်အေးကျောင်းပဓာနနာယက ဆရာတော်သီတဂူ အရှင်ပညာနန္ဒ၊ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးဖို့ စောင့်ရှောက်တတ်ဖို့ ကာကွယ်တတ်ဖို့ မျိုးချစ်စိတ်ဓာတ် ရှင်သန်စေဖို့အတွက် ဟောကြားတော်မူသော တရားတော်မှ စာပုဒ်ကို ကောက်နုတ် ဖော်ပြခြင်း ဖြစ်ပါသည်)

ကိုယ့်ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ ဘာသာခြားနဲ့ သွေးချင်းမရောနှောမိစေဖို့ ကာကွယ်ကြ၊ စောင့်ရှောက်ကြရမယ်၊ သူတို့နည်းဗျူဟာငါးမျိုးကို သတိထား ကာကွယ်ကြရမယ်။ ဒီလို ကာကွယ် ဖို့အတွက် ငါးမျိုးက
တစ်နံပါတ်- ကိုယ့်ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ရဲ့ ငွေအသပြာကို ကာကွယ်ကြ၊ စောင့်ကြရမယ်။
နှစ်နံပါတ်- ကိုယ့်ဗုဒ္ဓဘာသာ မြန်မာလူမျိုးမေကညာတို့ကို ကာကွယ်ကြ၊ စောင့်ရှောက်ကြရ မယ်။
သုံးနံပါတ်- ကိုယ့်ဗုဒ္ဓဘာသာ မြန်မာနိုင်ငံကြီးရဲ့မြေ ပထဗျာကြီးကိုလည်း ကာကွယ်ကြ၊ စောင့် ရှောက်ကြရမယ်။
လေးနံပါတ်- ကိုယ့်ဗုဒ္ဓဘာသာ ရွှေမြန်မာနိုင်ငံကြီးကိုလည်း ကာကွယ်ကြ၊ စောင့်ရှောက် ကြရမယ်။
ငါးနံပါတ်- ကိုယ့်ဗုဒ္ဓဘာသာ ပြည်အာဏာကြီးကိုလည်း၊ အခြားဘာသာလက်ထဲ မရောက်ရ လေအောင် ကာကွယ်ကြ၊ စောင့်ရှောက်ကြပါ ပရိသတ်။
-- -----------------------------------------------------------------------------
------------------------------------------------------------------------------
ဗုဒ္ဓဘာသာတို့ရဲ့ နှလုံးသား
ရွှေအောင်လံ အမှတ်(၈၈) မှ
မင်းနန်း(မော်ကျွန်း)၏ ဘာသာရေးဆောင်းပါးအညွှန်း-မှ-

အမျိုးဘာသာ သာသနာကို ၀ါးမျိုခံရမည့် အိမ်ထောင်ပြုမှုမျိုးကို (၀ါ) ကိုယ့်ဘာသာ သွေးရဲရင့် နေတာကို အခြားဘာသာနဲ့ ရောနှောမိလို့၊ သွေးချင်းရောလို့ သားယောက်ျားလေးမွေးဖွားလာသော်မှ ရှင်မပြုနိုင်တော့တဲ့ အိမ်ထောင်ပြုမှုမျိုးကို (၀ါ) ကိုယ့်ဘုန်းကြီးကြွလာတာတောင်မှ ရှိမခိုးနိုင်တော့တဲ့ လင်ယူမှုမျိုးကို ဘယ်တော့မှ မပြုလေရ၊ ခြင်္သေ့စိတ် ခြင်္သေ့မြက်မစားသကဲ့သို့ ကိုယ့်အမျိုး ကိုယ့် ဘာသာ ကိုယ့်သာသနာ အရောမခံမိစေဖို့၊ ဗုဒ္ဓဘာသာတို့ရဲ့နှလုံးသားတွေ ထလော့မြန်မာ ရွှေ မြန်မာတို့၊ ကိုယ့်အမျိုးကိုယ့်ဘာသာကို ကာကွယ်ကြမယ်ဆိုရင် အမြဲမပြတ်သတိချပ်ကာ မှတ်မှတ် သားသား နေထိုင်နိုင်ကြကုန်ရာသတည်း။
ဗုဒ္ဓဘာသာဝင်တိုင်း အမျိုးဘာသာ သာသနာသွေး ပူနွေးနီဆွေးလျက်၊ မိမိတို့၏ ဘာသာဝင်အမျိုးကောင်းသမီးများ၊ လူမျိုးခြား၊ ဘာသာခြားတို့နှင့် သွေးမရောမိစေရန် ၀ိုင်းဝန်းကာကွယ်စောင့်ရှောက်ကြရပေမည်။
-- -----------------------------------------------------------------------------
------------------------------------------------------------------------------
ကျေးဇူးဆပ်ပါ သာသနာ
(ဦးရွှေအောင်)

ကျွန်တော်တို့သည် မိမိတို့၏ ဘာသာကိုမြတ်နိုးကြ၏။ ကမ္ဘာပေါ်ရှိ အခြားလူမျိုးတို့၏ ဘာသာ များကိုလည်း ဗြဟ္မစိုရ် မျက်စိဖြင့် ကြည့်၍ မြတ်နိုးသည်ပင် ဖြစ်၏။ သို့ရာတွင် ကတညုတ မျက်စိဖြင့် ကြည့်ပါက ကျွန်တော်တို့၏ ဘာသာက အခြားလူမျိုးတို့၏ ဘာသာထက် ကျွန်တော်တို့အပေါ် ပို၍ ကျေးဇူးများ၏။
ထို့ကြောင့် ကျွန်တော်တို့သည် အခြားလူမျိုးများ၏ ဘာသာများအပေါ်ထက် ကျွန်တော်တို့၏ ဘာသာအပေါ်ပို၍ ကျေးဇူးဆပ်ရ၏။ ဤသို့ကျေးဇူးဆပ်ခြင်းကို စရဏကျမ်းများက ဗြဟ္မယညဟူ၍ ဆို၏။ ဗြဟ္မယညဟူသည်မှာ ကြီးမြတ်သော ပူဇော်ခြင်းဖြင့် ပူဇော်အပ်သော မိမိတို့၏ စာပေများဟူ၍ ဖြစ်၏။
အလားတူပင် ကျွန်တော်တို့သည် ဗြဟ္မစိုရ်မျက်စိဖြင့် ကြည့်၍ အခြားလူမိျုးများ၏ ဘာသာ သာသနာကို လေးစာသည်ပင် ဖြစ်၏။ သို့ရာတွင် ကတညုတ မျက်စိဖြင့် ကြည့်သောအခါ ကျွန်တော် တို့၏ သာသနာက ကျွန်တော်တို့အပေါ် ပို၍ ကျေးဇူးများ၏။
ထို့ကြောင့် ကျွန်တော်တို့သည် ကျွန်တော်တို့၏ သာသနာအပေါ် ပို၍ ကျေးဇူးဆပ်ရ၏။ ထိုသို့ ကျေးဇူးဆပ်ခြင်းကို စရဏကျမ်းများက ဒေ၀ယည ဟူ၍ဆို၏။ ဒေ၀ယည၏ အနက်မှာ ကြီးမြတ်သော ပူဇော်ခြင်းခြင့် ပူဇော်အပ်သော ဘုရားဟူ၍ ဖြစ်၏။
သို့ရာတွင် ကျွန်တော်တို့ဘုရားကား အခြားသူများ၏ ဘုရားနှင့် မတူ။ ထို့ကြောင့် ကျွန်တော် တို့၏ သာသနာသည်လည်း အခြားသူများ၏ သာသနာနှင့်မတူချေ။ ဤသည်မှာ ကတညုတအမြင်များ လောကကို ကြည့်သောအခါ မြင်ရသောအမြင်များ ဖြစ်၏။
ဤအမြင်မျိုးဖြင့်သာ ကျွန်တော်တို့သည် ကျွန်တော်တို့၏ အမျိုး ဘာသာ သာသနာကို တိုး တက်သည်ထက် တိုးတက်အောင်၊ သန့်ရှင်းသည်ထက် သန့်ရှင်းအောင်၊ ပြန့်ပွားသည် ထက် ပြန့်ပွားအောင် အားထုတ်အပ်ပါ၏။
-- -----------------------------------------------------------------------------
------------------------------------------------------------------------------
ဓမ္မစက် အာဏာစက်
(မင်းကွန်းဆရာတော်ဘုရားကြီး)

မဟာသန္တိသုခ ပြည်တွင်းပြည်ပ သာသနာပြု မဂ္ဂဇင်းမှ မှူးသမိန်၏ “အိပ်မက်တစ်ခုကို အကောင်အထည်ဖော်ကြည့်ခြင်း” ဆောင်းပါးမှ
ဒကာကြီး။ ကြီးကျယ်တဲ့ သာသနာ ပြုလုပ်ငန်းလုပ်တာမှာ “မင်း” မပါလို့ ဖြစ်ကိုမဖြစ်ဘူး။ တို့ဘုရားသခင် ပရိနိဗ္ဗာန်စံဝင်တော်မူပြီး သင်္ဂါယနာမတင်လို့ မဖြစ်တော့ဘူးဆိုတာကို ဘုရား သား တော် မထေရ်ကြီးတွေက ဆုံးဖြတ်လိုက်တဲ့အခါ တိုင်းပြည်အုပ်ချုပ်မင်းလုပ်သူကို အကောင် အထည်ဖေါ်ပေးဖို့ သွားပြီး အကူအညီတောင်းရပါတယ်။ ပထမသင်္ဂါယနာတင်တာကအစ မြန်မာ နိုင်ငံမှာလုပ်တဲ့ ဆဋ္ဌသင်္ဂါယနာ တင်တာအထိ ရှေးမင်းကောင်းမင်းမြတ်တွေ ဦးစီးလုပ်ခဲ့လို့ အောင် မြင်တာပ။
ဘုန်းကြီးကိုယ်တိုင်လည်း သံဃာမဟာနာယကအဖွဲ့က တာဝန်ပေးလို့ မန္တလေး၊ ရန်ကုန် ပရိယတ္တိ သာသနာ့ တက္ကသိုလ်ကြီးတွေ ဆောက်ပေးတဲ့ ကိစ္စမှာ “မင်း” ကို အားကိုးပြီး ဆောင်ရွက် ခဲ့ရပါတယ်။ ဘုရားဟော ဒေသနာတော်မှာလာတဲ့ “ရာဇ ပဓာနံ” ဆိုသည့်အတိုင်း ဒကာကြီးတို့ ကျင့်သုံးကြပေတော့။
-- -----------------------------------------------------------------------------
------------------------------------------------------------------------------
သာသနာပြုစိတ်ဓာတ်ကို အရင်းခံ၍ ရယူမှုကို ရှေ့တန်းမတင်ပဲ ပေးဆပ်လို မှုဖြင့် တာဝန်ထမ်းဆောင်ကြရမည်။
( အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ - ဗဟို )