Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Wednesday, August 24, 2016

ယနေ့ သြဂုတ်လ ၂၄-ရက်၊ ၂၀၁၆-ခု ညနေ ၅နာရီ ၅မိနစ် အချိန်၌ အင်အား ၆.၈ ရစ်ခ်ျတာစကေားရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့မှုကြောင့် ပျက်စီးဆုံးရှုံးမှုများအပေါ် ၀ိုင်းဝန်းကူညီ ထိန်းသိမ်းစောင့်ရှောက်ဖို့လိုကြောင်းနှင့် ငလျှင်၏ သဘောသဘာဝအရ ရှေ့ပြေးလှုပ်ပြီး နောက်နောက်လည်း ဆက်လက်လှုပ်ခါတတ်သောကြောင့် ကြိုကြိုတင်တင် သတိထား ဆင်ဆင်ခြင်ခြင် နေကြရန် မြန်မာနိုင်ငံရှိ ရဟန်းရှင်လူ ပြည်သူများအား အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို)မှ အသိပေးကြေညာချက် ထုတ်ပြန်...




Image may contain: text
.

အသိပေးကြေညာချက်

ဝါခေါင်လပြည့်ကျော် ၆-ရက်၊ ၁၃၇၈-ခု၊ သြဂုတ်လ ၂၄-ရက်၊ ၂၀၁၆-ခု၊ ဗုဒ္ဓဟူးနေ့ ညနေ ၅နာရီ ၅မိနစ်ခန့် အချိန်၌ စစ်ကိုင်း၊ မန္တလေး၊ ပုဂံ၊ ပြည်၊ နေပြည်တော်၊ ရန်ကုန်၊ ရခိုင်စသော မြန်မာနိုင်ငံ နေရာများစွာ၌ ငလျင်လှုပ်သွားခြင်းကြောင့် အပျက်အစီးများရှိခဲ့သည်ဟု သိရသည်။. ချောက်မြို့နှင့် ၁၂-မိုင်အကွာကို ဗဟိုပြုပြီး အင်အား ၆.၈ ရစ်ခ်ျတာစကေးအထိ လှုပ်ခတ်ခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာနက သတင်းဌာနများသို့ ပြောကြားခဲ့ပါသည်။
------------------------------------------------------------------
ကနဦးစစ်ဆေးမှုများအရ ပုဂံ၌ဆိုလျှင် မြစေတီနှင့် လောကနန္ဒာ စိန်ဖူးတော်မြေခ၊ ထီးလိုမင်းလိုဘုရား အထက်ပစ္စယံ ပြိုကျ၊ ဓမ္မရံကြီး၊ ဓမ္မရာဇက မုခ်ဦးပြိုကျ၊ စူဠာမဏိ၊ သဗ္ဗညု၊ ဂူပြောက်ငယ်၊ ရွှေလိပ်တူးဘုရား အပါအ၀င် ပုဂံဘုရားပေါင်း ၆၅-ခန့် ပျက်စီးကြောင်းနှင့် ရခိုင်စသော အခြားဒေသများ၌လည်း ဘုရား၊ ပုထိုးများ ထိခိုက်ပျက်စီးသည်ဟု online သတင်းများအရ သိရသည်။ တစ်နိုင်ငံလုံးအတိုင်းအတာအရ စေတီပုထိုးပေါင်း ၁၇၀-ခန့် ထိခိုက်ပျက်စီးသွားသည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန တာဝန်ရှိသူမှ ပြောကြားကြောင်း သိရသည်၊ နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦးကြီးပင် အထိုက်အလျောက် ထိခိုက်ပျက်စီးမှုရှိကြောင်း သိရသည်။
--------------------------------------------------------------
ငလျင်၏ သဘောသည် ရှေ့ပြေးလှုပ်ပြီး၊ နောက်နောက်လည်း ဆက်လက်လှုပ်ခါတတ်သော သဘောရှိခြင်းကြောင့် ကြိုကြိုတင်တင် သတိထား ဆင်ဆင်ခြင်ခြင် နေတတ်ဖို့ လိုကြောင်းနှင့် ပျက်စီးသွားသော ဘုရား ပုထိုးများကို တာဝန်ရှိသူအားလုံး ၀ိုင်းဝန်း ကူညီ စောင့်ရှောက်ထိန်းသိမ်းကြဖို့လိုကြောင်း အားလုံးသော ရဟန်းရှင်လူ ပြည်သူများ၏ကိုယ်စား အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး မဘသ(ဗဟို)အဖွဲ့ကြီးက အကြောင်းကြား အသိပေးကြေညာလိုက်သည်။
စာအမှတ်၊ ၀၀၀၂/စီမံ-မဘသ/၂၀၁၆
နေ့စွဲ၊ ၁၃၇၈-ခု၊ ၀ါခေါင်လပြည့်ကျော် ၆-ရက်
(သြဂုတ်လ ၂၄-ရက်၊ ၂-၁၆) ဗုဒ္ဓဟူးနေ့
ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့(ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။
Arkar--
Arkar

ယနေ့ သြဂုတ်လ ၂၄-ရက်၊ ၂၀၁၆-ခု ညနေ ၅နာရီ ၅မိနစ် အချိန်၌ အင်အား ၆.၈ ရစ်ခ်ျတာစကေားရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့မှုကြောင့် ပျက်စီးဆုံးရှုံးမှုများအပေါ် ၀ိုင်းဝန်းကူညီ ထိန်းသိမ်းစောင့်ရှောက်ဖို့လိုကြောင်းနှင့် ငလျှင်၏ သဘောသဘာဝအရ ရှေ့ပြေးလှုပ်ပြီး နောက်နောက်လည်း ဆက်လက်လှုပ်ခါတတ်သောကြောင့် ကြိုကြိုတင်တင် သတိထား ဆင်ဆင်ခြင်ခြင် နေကြရန် မြန်မာနိုင်ငံရှိ ရဟန်းရှင်လူ ပြည်သူများအား အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို)မှ အသိပေးကြေညာချက် ထုတ်ပြန်...




Image may contain: text
.

အသိပေးကြေညာချက်

ဝါခေါင်လပြည့်ကျော် ၆-ရက်၊ ၁၃၇၈-ခု၊ သြဂုတ်လ ၂၄-ရက်၊ ၂၀၁၆-ခု၊ ဗုဒ္ဓဟူးနေ့ ညနေ ၅နာရီ ၅မိနစ်ခန့် အချိန်၌ စစ်ကိုင်း၊ မန္တလေး၊ ပုဂံ၊ ပြည်၊ နေပြည်တော်၊ ရန်ကုန်၊ ရခိုင်စသော မြန်မာနိုင်ငံ နေရာများစွာ၌ ငလျင်လှုပ်သွားခြင်းကြောင့် အပျက်အစီးများရှိခဲ့သည်ဟု သိရသည်။. ချောက်မြို့နှင့် ၁၂-မိုင်အကွာကို ဗဟိုပြုပြီး အင်အား ၆.၈ ရစ်ခ်ျတာစကေးအထိ လှုပ်ခတ်ခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာနက သတင်းဌာနများသို့ ပြောကြားခဲ့ပါသည်။
------------------------------------------------------------------
ကနဦးစစ်ဆေးမှုများအရ ပုဂံ၌ဆိုလျှင် မြစေတီနှင့် လောကနန္ဒာ စိန်ဖူးတော်မြေခ၊ ထီးလိုမင်းလိုဘုရား အထက်ပစ္စယံ ပြိုကျ၊ ဓမ္မရံကြီး၊ ဓမ္မရာဇက မုခ်ဦးပြိုကျ၊ စူဠာမဏိ၊ သဗ္ဗညု၊ ဂူပြောက်ငယ်၊ ရွှေလိပ်တူးဘုရား အပါအ၀င် ပုဂံဘုရားပေါင်း ၆၅-ခန့် ပျက်စီးကြောင်းနှင့် ရခိုင်စသော အခြားဒေသများ၌လည်း ဘုရား၊ ပုထိုးများ ထိခိုက်ပျက်စီးသည်ဟု online သတင်းများအရ သိရသည်။ တစ်နိုင်ငံလုံးအတိုင်းအတာအရ စေတီပုထိုးပေါင်း ၁၇၀-ခန့် ထိခိုက်ပျက်စီးသွားသည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန တာဝန်ရှိသူမှ ပြောကြားကြောင်း သိရသည်၊ နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦးကြီးပင် အထိုက်အလျောက် ထိခိုက်ပျက်စီးမှုရှိကြောင်း သိရသည်။
--------------------------------------------------------------
ငလျင်၏ သဘောသည် ရှေ့ပြေးလှုပ်ပြီး၊ နောက်နောက်လည်း ဆက်လက်လှုပ်ခါတတ်သော သဘောရှိခြင်းကြောင့် ကြိုကြိုတင်တင် သတိထား ဆင်ဆင်ခြင်ခြင် နေတတ်ဖို့ လိုကြောင်းနှင့် ပျက်စီးသွားသော ဘုရား ပုထိုးများကို တာဝန်ရှိသူအားလုံး ၀ိုင်းဝန်း ကူညီ စောင့်ရှောက်ထိန်းသိမ်းကြဖို့လိုကြောင်း အားလုံးသော ရဟန်းရှင်လူ ပြည်သူများ၏ကိုယ်စား အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး မဘသ(ဗဟို)အဖွဲ့ကြီးက အကြောင်းကြား အသိပေးကြေညာလိုက်သည်။
စာအမှတ်၊ ၀၀၀၂/စီမံ-မဘသ/၂၀၁၆
နေ့စွဲ၊ ၁၃၇၈-ခု၊ ၀ါခေါင်လပြည့်ကျော် ၆-ရက်
(သြဂုတ်လ ၂၄-ရက်၊ ၂-၁၆) ဗုဒ္ဓဟူးနေ့
ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့(ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။
Arkar--
Arkar

Thursday, August 4, 2016

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား IS အကြမ်းဖက်အဖွဲ့မှ လုပ်ကြံသတ်ဖြတ်ရန် ကြေညာချက်အပေါ် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို)၏ သဘောထားထုတ်ပြန်ချက်




သဘောထားထုတ်ပြန်ချက်

Is အဖွဲ့က လုပ်ကြံသတ်ဖြတ်မည့် လူစာရင်းထဲမှာ နိုင်ငံအချို့၏ ထိပ်တန်းခေါင်းဆောင်များနှင့်အတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပါဝင်နေကြောင်း တရုတ်နိုင်ငံထုတ်သတင်းစာတွင် ပုံနှင့်တကွ ဖော်ပြထားရှိပါသည်။ မလေးရှားနိုင်ငံရဲစခန်းသို့လည်း ယင်းသို့ခြိမ်းခြောက်စာပေးပို့ကြောင်း စင်္ကာပူနိုင်ငံထုတ် The Straits Times သတင်းစာ၌ ဖော်ပြထားရှိပါသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး၏ ရှင်းလင်းချက်များကို (၄.၈.၂၀၁၆) ကြာသပတေးနေ့ထုတ် စံတော်ချိန်၊ ဒီမိုကရေစီတူဒေး-စသော ပြည်တွင်းသတင်းစာများ၌လည်း ဖော်ပြထားသည်။

မည်သို့ဆိုစေ မြန်မာနိုင်ငံသားအပေါ် ကျရောက်လာမည့် အဆိုပါအန္တရာယ်များကို ကာကွယ်တားဆီးရမည့် အရေးမှာ မြန်မာနိုင်ငံသားတိုင်းတွင် တာဝန်ရှိပါသည်။ ထို့ကြောင့် အဆိုပါ အကြမ်းဖက်မှုမျိုးကို လုံးဝ ကန့်ကွက်ရှုတ်ချကြောင်းနှင့် မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာဝင်များကလည်း ၀ိုင်းဝန်းကန့်ကွက် ရှုတ်ချပေးဖို့လိုကြောင်း မြန်မာနိုင်ငံ ရဟန်းရှင်လူ ပြည်သူအားလုံး၏ကိုယ်စား မိမိတို့ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ကြီး မ.ဘ.သ(ဗဟို)မှ သဘောထားထုတ်ပြန်ကြေညာလိုက်သည်။

စာအမှတ် ၀၀၁၂၊ စီမံ-မဘသ၊ ၂၀၁၆
နေ့စွဲ ၁၃၇၈-ခု၊ ၀ါခေါင်လဆန်း ၁-ရက်
သြဂုတ်လ ၄-ရက်၊ ၂၀၁၆၊ ကြာသပတေးနေ့

ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့(ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်

(Arkar)

Arkar

၂၀၁၆-ခုနှစ်ရေဘေးအတွက် မဘသ(ဗဟို)၏ သဘောထားထုတ်ပြန်ကြေညာချက်


ယခုလက်ရှိ၂၀၁၆-ခုနှစ် အတွင်း ကျွန်တော်တို့ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ ရေဘေးဒုက္ခများနှင့်ပတ်သက်ပြီးတော့ မဘသ(ဗဟို)မှ ယမန်နှစ်ကအတိုင်း ရေဘေးသင့်ပြည်သူများထံ ကိုယ်တိုင်ကိုယ်ကျဖြစ်စေ သက်ဆိုင်ရာမြို့နယ် မဘသများမှဖြစ်စေ ကူညီကယ်ဆယ်ရေး လုပ်ငန်းများအား တာဝန်သိသူ စေတနာရှင်များနှင့် ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ပါတယ်။

ပြီးခဲ့သည့် ၂၀၁၅-ခုနှစ်၌လည်း ရေဘေးသင့်ပြည်သူများအား အလှူငွေမျာ၊ ဆန်/ဆီ အစားအသာက်ပစ္စည်းများ ၊ အ၀တ်အထည်နှင့် ကျောင်းသုံးပစ္စည်းများ အပါအ၀င် ငွေကျပ်သိန်း၂၀၀၀၀(သိန်းနှစ်ထောင်ကျော်)အား ရေဘေးသင့်ရာ နေရာဒေသအထိတိုင် ကိုယ်တိုင်ကိုယ်ကျ သွားရောက် ကူညီကယ်ဆယ်ပေး နိုင်ခဲု့ပါတယ်။

ယခု ၂၀၁၆-ခုနှစ်မှာလည်း အလားတူပဲ ရေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ဖို့အတွက် မဘသအဖွဲ့ဝင်များမှ ဆက်လက်လုပ်ဆောင်နေပါတယ်။ ဆက်လက်ပြီးတော့လည်း တာဝန်သိစေတနာရှင်အလှူရှင်များနှင့် ပါဝင်လှူဒါန်းသူများကိုလည်း မဘသ(ဗဟို)မှဦးဆောင်ပြီး ဖိတ်ခေါ်ပါတယ်။

နောက်ပီး ဒီနှစ်မှာလည်း ရေဘေးသင့်ပြည်သူများနဲ့ ရေဘေးဒုက္ခများအတွက် မဘသ(ဗဟို)မှ နှိုးဆော်တိုက်တွန်းတဲ့အနေနဲ့ သဘောထားကြေညာချက် ထပ်မံ ထုတ်ပြန်ထားပါတယ်။ ထုတ်ပြန်ချက်အပြည့်အစုံကို အောက်မှာ ရေးသားဖော်ပြထားပါသည်။



သဘောထားထုတ်ပြန်ချက်

ယခုလောလောဆယ် မြန်မာပြည်အထက်ပိုင်းဒေသများနှင့် အလယ်ပိုင်းဒေသများ၌ ရေဘေးဒုက္ခများနှင့် တွေ့ကြုံနေကြရသည်၊ ထိုကဲ့သို့ ရေဘေးဒုက္ခရောက်နေသူများကို သက်ဆိုင်ရာ ဒေသအသီးသီးရှိ မဘသအဖွဲ့ဝင် ရဟန်းရှင်လူများသည် ကိုယ်ပိုင် တနိုင်တပိုင်ဖြစ်စေ၊ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ဖြစ်စေ စွမ်းနိုင်သလောက် ကူညီထောက်ပံ့ကြပါဟု နှိုးဆော်တိုက်တွန်းပါသည်။ ဒုက္ခရောက်နေသူများကို လက်ရှိကူညီ ကယ်တင်ပေးနေသူများကိုလည်း အထူးကျေးဇူးတင် ဂုဏ်ယူဝမ်းမြောက်ပါသည်။
မကြာမီ မြန်မာပြည်အောက်ပိုင်းဒေသများ၌လည်း အထက်ပိုင်းဒေသမှ ရေများစီးဆင်းလာခြင်း၊ မုန်တိုင်းများ ဖြစ်ပေါ်နေခြင်း၊ ရေတက်ရက်ဖြစ်ခြင်းတို့ကြောင့် ရေကြီးရေလျှံ-စသော အန္တရာယ်များ ကြုံလာနိုင်ပါသည်။ လုပ်သင့်လုပ်ထိုက်သည့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားခြင်းသည် ကြုံတွေရမည့် အခြေအနေအရပ်ရပ်ကို အောင်အောင်မြင်မြင် ကျော်လွှားနိုင်ကြောင်း ပုဗ္ဗေစ ကတပုညတာ မင်္ဂလာပင် ဖြစ်သည်။

ယမန်နှစ် ၂၀၁၅-ခုနှစ် ရေဘေးဒုက္ခတုန်းကလည်း မဘသအဖွဲ့ဝင်များ၊ တာဝန်သိသူ စေတနာရှင်များတို့၏ ၀ိုင်းဝန်းကူညီမှုကြောင့် ဒုက္ခသည်များ၏ လိုအပ်ချက်များကို ထိုက်သင့်သလျောက် ဖြည့်ဆည်းပေးနိုင်ခဲ့ပါ သည်။

ထို့အတူ ယခုနှစ်မှာလည်း-

(က) သက်ဆိုင်ရာဒေသအသီးသီးရှိ မဘသအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် အန္တရာယ်မကြုံမီ ကြိုတင်ပြင်ဆင်ခြင်း၊ အန္တရာယ်ကြုံနေသူများကိုလည်း ၀ိုင်းဝန်းကူညီထောက်ပံ့ခြင်းတို့ကို ပြုလုပ်ထားသင့်ပါကြောင်း၊

(ခ) စေတနာရှင်များကလည်း ဒုက္ခရောက်နေသူများထံ ကိုယ်တိုင်သွား၍ဖြစ်စေ၊ မဘသ(ဗဟို)နှင်တကွ သက်ဆိုင်ရာဒေအသီးသီးရှိ မဘသများနှင့် ဆက်သွယ်၍ဖြစ်စေ တာဝန်ယူဆောင်ရွက်နေကြသောသူများ နှင့် ဆက်သွယ်၍ဖြစ်စေ လှူဒါန်းနိုင်ပါကြောင်း

အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး မဘသအဖွဲ့(ဗဟို)မှ သဘောထားထုတ်ပြန်ကြေညာလိုက်သည်။

စာအမှတ်၊ ၀၀၁၁/စီမံ-မဘသ/၂၀၁၆
နေ့စွဲ ၁၃၇၈-ခု၊ ၀ါဆိုလပြည့်ကျော် ၁၄-ရက်၊
သြဂုတ်လ ၂-ရက်၊ ၂၀၁၆)၊ အင်္ဂါနေ့
ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့(ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။

Arkar

ဇူလိုင်လ ၁၄ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ပြင်သစ်နိုင်ငံ Niceမြို့ အကြမ်းဖက်တိုက်ခိုက်မှုအား ကန့်ကွက်ရှုတ်ချကြောင်းနှင့် ၎င်း အကြမ်းဖက်မှု၌ ထိခိုက်သေဆုံးမှုများအား ၎င်း တို့၏ မိသားစုမျာနှင့်ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါကြောင်း သဘောထားထုတ်ပြန်ချက်တစ်ရပ်အား ကြေညာ




18.july 2016
သဘောထားထုတ်ပြန်ချက်

ဇူလိုင် ၁၄၊ ၂၀၁၆-ခု၊ကြာသပတေးနေ့ည ပြင်သစ်နိုင်ငံ Nice မြို့တွင် Bastille day (အမျိုးသားနေ့ပွဲတော်) ကျင်းပပြုလုပ်နေသည့် လူအုပ်အတွင်းသို့ အသက် ၃၁-နှစ်အရွယ် တူနီးရှားနွယ်ဖွား ပြင်သစ်နိုင်ငံသား Mohamed Lahouaiej Bouhlel ဆိုသူက ထရပ်ကားကို ရည်ရွယ်ချက်ရှိရှိ အရှိန်ပြင်းပြင်း မောင်းနှင်တိုက်ခိုက်ခဲ့သည်။

အဆိုပါတိုက်ခိုက်မှုကြောင့် ကလေးသူငယ်များ အပါအ၀င် အပြစ်မဲ့ပြည်သူ ၈၄-ဦး သေဆုံးပြီး ၂၀၂-ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဇူလိုင် ၁၅၊ ၂၀၁၆-ခု၊ သောကြာနေ့ထုတ် The New York Times သတင်းစာ၌ ဖော်ပြထားသည်။

(၁) ထိုအဖြစ်အပျက်၌ သေဆုံးသွားသူ၊ ထိခိုက်ဒဏ်ရာရရှိသူများ၏ နစ်နာဆုံးရှုံးမှုများကို ၄င်းတို့၏ မိသားစုများနှင့် ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲရပါကြောင်း၊

(၂) အဆိုပါ ရက်စက်ယုတ်မာမှုကို ကိုယ်တိုင်လုပ်ဆောင်သူ၊ ပါဝင်ပတ်သက်သူများသည် ယဉ်ကျေးသော လူ့အဖွဲ့အစည်း၏ လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ရာရောက်သဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပါကြောင်း၊


တကမ္ဘာလုံးရှိ ယဉ်ကျေးသော လူ့အခွင့်အရေးမြတ်နိုးသူများနှင့်တကွ မြန်မာနိုင်ငံရှိ ရဟန်းရှင်လူ ပြည်သူများ၏ကိုယ်စား မိမိတို့ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး မဘသအဖွဲ့ကြီး(ဗဟို)က သဘောထားထုတ်ပြန်လိုက်သည်။

ဥက္ကဋ္ဌဆရာတော်(ကိုယ်စား)
ဒေါက်တာအရှင်သောပါက
ဗဟိုဦးဆောင်ဆရာတော်
မဘသ(ဗဟို)

စာအမှတ်၊ ၀၀၁၀/စီမံ-မဘသ/၂၀၁၆
နေ့စွဲ၊ ၁၃၇၈-ခု၊ ၀ါဆိုလဆန်း ၁၄-ရက်
(ဇူလိုင်လ ၁၈-ရက်၊ ၂၀၁၆)၊ တနင်္လာနေ့

Arkar

မဘသဗဟို၏ ဦးတည်ချက် ရည်ရွယ်ချက် လုပ်ငန်းစဉ်များအတိုင်း ဆက်လက်လုပ်ဆောင်သွားကြရန်နှင့် လုပ်ဆောင်ပီး/ဆောက်ရွက်ဆဲ လုပ်ငန်းစဉ်များအားလည်း ရဟန်းရှင်လူ အများပြည်သူ သိရှိနားလည်နိုင်စေရန် ဟောပြောဖြန့်ချိသွားရန် အသိပေးညွှန်ကြားချက် အမှတ်စဉ်( ၁၄ ) အားထုတ်ပြန်ကြေညာ



အသိပေးညွှန်ကြားချက်
အမှတ်စဉ်(၁၄)

မဘသအဖွဲ့ကြီးသည် မြန်မာနိုင်ငံ၏ တိုင်းပြည်နှင့်လူမျိုး ဘာသာ သာသနာအကျိုးကို စွမ်းနိုင်သလောက် ဆောင်ရွက်ပေးရန် ဖွဲ့စည်းထားသော အမျိုးသားရေး, ဘာသာရေး, သာသနာရေးအဖွဲ့သာဖြစ်သည်။

မဘသ၏ ဦးတည်ချက်, ရည်ရွယ်ချက်, လုပ်ငန်းစဉ်များတွင်-

၁။ တိုင်းပြည်၌ ဖြစ်ပေါ်လာတတ်သော ရေဘေး, မီးဘေး, လေဘေးစသော သဘာဝဘေးဒဏ်သင့် တိုင်းသူ ပြည်သားများအတွက် လိုအပ်သည့် ကူညီပံ့ပိုးမှုများ၊

၂။ ယဉ်ကျေးမှု, အသိပညာ အတတ်ပညာ တိုးတက်စေမှုစသော သင်တန်းများ ပို့ချသင်ကြားပေးမှုများ၊
စသော တိုင်းပြည်အတွက် လိုအပ်သည့် အကျိုးပြုလုပ်ငန်းများကို စွမ်းနိုင်သလောက် ဓမ္မဝိနယနှင့်အညီ ဆောင်ရွက်ပြီး, ဆောင်ရွက်ဆဲ ဖြစ်ရုံမက ဆက်လက်ပြီးတော့လည်း ဆောင်ရွက်ကြရန်၊


၃။ မိမိတို့ မဘသအဖွဲ့အစည်းအသီးသီး၏ တိုင်းပြု ပြည်ပြု သာသနာပြု ပရဟိတလုပ်ငန်းများ, ကယ်ဆယ်ရေးလုပ်ငန်းများ, ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်မှုအဆင့်ဆင့်ကို အများသိရှိနားလည်နိုင်ဖို့, ကြည်ညိုသဒ္ဓါပွားနိုင်ဖို့, သတင်းများ စဉ်ဆက်မပြတ် ဟောပြောရေးသား ဖြန့်ချိကြရန်၊

ထို့အပြင်-

၎။ ထိလွယ်, ရှလွယ်သည့် ဘာသာရေး, လူမျိုးရေးနှင့် သက်ဆိုင်သည့် ပဋိပက္ခများ၌ သွေးထိုးလှုံ့ဆော်မှုများ, လုပ်ကြံဖန်တီးမှုများ ရှိလာနိုင်သည်ကို အထူးသတိထားရှောင်ရှားကြရန်၊

မြန်မာပြည်တစ်ဝှမ်းရှိ မဘသအဖွဲ့များအား အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး မဘသအဖွဲ့ကြီး(ဗဟို)မှ အသိပေးညွှန်ကြားလိုက်သည်။

စာအမှတ် ၊ ဝဝ၁၄/ စီမံ-မဘသ/ ၂ဝ၁၆
နေ့စွဲ ၁၃၇၈ခု ဝါဆိုလဆန်း ၁၃ရက်
ဇူလိုင်လ ၁၇ ရက် ၂၀၁၆ တနင်္ဂနွေနေ့

ဘဒ္ဒန္တ တိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့ (ဗဟို)၊
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြဝါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။

Arkar

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ မဘသမလိုအပ်တော့ပါဘူးဟု ပြောကြားချက်အပေါ်မဘသ(ဗဟို)၏ ၂၀၁၆-ဇူလိုင်လအတွင်း နှစ်ကြိမ်မြောက်ပြုလုပ်သည့် လပတ်အထူးအစည်းအဝေးကြီး၏ အသိပေးညွှန်ကြားချက်





အသိပေးညွှန်ကြားချက်
အမှတ်စဉ်(၁၂)


၁။ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး(မဘသ)အဖွဲ့ကြီးသည် (၁၃၅)မျိုးသော တိုင်းရင်းသားတို့၏ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအလုပ်များကို ဆောင်ရွက်ရန် ဖွဲ့စည်းထားသော အဖွဲ့ကြီးဖြစ်ပါသည်။ ယင်းမဘသအဖွဲ့ကြီးနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် စင်္ကာပူနှင့်ရန်ကုန် လေဆိပ်တို့၌ ''မဘသ မလိုအပ်တော့ပါဘူး'' ဟုပြောကြားခဲ့သည်။

၂။ အဆိုပါပြောကြားချက်နှင့်ပတ်သက်၍ မဘသ (ဗဟို)ဦးဆောင်ဆရာတော်များသည် (၇.၇.၂ဝ၁၆)နေ့တွင် အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်၌ အထူးအစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပါသည်။ ယင်းအစည်းအဝေးကြီးမှ ဦးဖြိုးမင်း သိန်းစကားနှင့်ပတ်သက်၍ တာဝန်ယူဖြေရှင်းပေးပါရန် နိုင်ငံတော်သမ္မတ, နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ထံ မေတ္တာ ရပ်ခံလွှာပေးပို့ခဲ့ပါသည်။

၃။ ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ ဇူလိုင် ၉-ရက်ကကျင်းပသည့် မိတ်ဆုံညစာစားပွဲ အခမ်းအနားတွင် ဦးဖြိုးမင်း သိန်း၏ ပြောကြားချက်နှင့်ပတ်သက်၍ မီဒီယာများ၏ မေးမြန်းချက်ကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ''တကယ်တော့ ဒီမိုကရေစီမှာ လွတ်လပ်စွာ သဘောထားကွဲလွဲပိုင်ခွင့်ရှိပါတယ်၊ သူရဲ့အယူအဆတစ်ခုကို ထုတ်ဖော်ပြောဆိုတာဖြစ်လို့ ဒါနဲ့ပတ်သက်ပြီးတော့ သီးခြား သဘောထားမှတ်ချက်ပေးစရာ မရှိပါဘူး''ဟု ပြောကြားခဲ့ပါသည်။
၎။ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၏ စကားအရ ''မဘသ မလိုအပ်တော့ပါဘူး''ဟူသော ဦးဖြိုးမင်းသိန်း၏ စကားသည် သူ၏ ''သဘောထားမှတ်ချက်'' သာဖြစ်ပြီး နိုင်ငံတော်အစိုးရ၏ ''သဘောထားမူဝါဒ''မဟုတ်ကြောင်း သိရှိရသည်။ ထို့ကြောင့် ဦးဖြိုးမင်းသိန်း၏ စကားနှင့်ပတ်သက်ပြီး အလေးဂရုပြုစရာမလိုတော့ဘဲ ဒီမိုကရေစီသဘော တရားအရ သူ၏ လွတ်လပ်စွာပြောဆိုခြင်းမျှ ဖြစ်သည်ဟုသာ မှတ်ယူရမည်ဖြစ်သည်။

၅။ မဘသအဖွဲ့ကြီးသည် သံဃာတော်အရှင်သူမြတ်များသာ သီးသန့်ဖွဲ့စည်းထားသည့် ''သံဃအဖွဲ့အစည်း'' မဟုတ်ပါ၊ အမျိုးသားရေး, ဘာသာရေး, သာသနာရေးဆိုင်ရာ လိုအပ်သည်များကို ဆောင်ရွက်နိုင်ရန် ရဟန်းပုဂ္ဂိုလ်, လူပုဂ္ဂိုလ်များ စိတ်တူကိုယ်တူ စုပေါင်းဖွဲ့စည်းထားသည့် ''သာသနာပြုအဖွဲ့အစည်းကြီး''ဖြစ်သည်။

၆။ မြန်မာပြည်တဝှမ်းရှိ ''မဘသအဖွဲ့များ''အနေဖြင့် ''လောကအေးချမ်း မဘသ မေတ္တာလွှမ်း'' ဟူသော ဆောင်ပုဒ် နှင့်အညီ ရဟန်းရှင်လူ ပြည်သူများ နှလုံးစိတ်ဝမ်း အေးချမ်းကြစေရန်အတွက် ဆန္ဒဖော်ထုတ်ခြင်း, ဆန္ဒ္ဒဖော်ထုတ်ရန် စည်းရုံးတိုက်တွန်းခြင်းများ မပြုလုပ်ကြရန်နှင့် မိမိတို့၏ အမျိုး ဘာသာ သာသနာပြု လုပ်ငန်းများကို မေတ္တာရှေ့ထားပြီး အေးအေးချမ်းချမ်း ဆက်လက်ဆောင်ရွက်ကြဖို့ရန် အသိပေးညွှန်ကြားလိုက်သည်။

ဥက္ကဋ္ဌဆရာတော် (ကိုယ်စား)
ဘဒ္ဒန္တ သီလက္ခန္ဓာဘိဝံသ
ရွှေရတုတိပိဋကဆရာတော်
မဘသ(ဗဟို)

စာအမှတ် ၊ ဝဝ၁၂/ စီမံ-မဘသ/ ၂ဝ၁၆
နေ့စွဲ ၊ ၁၃၇၈-ခု၊ ဝါဆိုလဆန်း (၈)ရက်
(ဇူလိုင်လ ၁၂-ရက်၊ ၂ဝ၁၆)၊အင်္ဂါနေ့၊

Arkar