Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Thursday, December 11, 2014

ဘာသာရေး သတိပြုစရာ (အရှင်တိလောကာဘိဝံသ)


ဘာသာရေး သတိပြုစရာ

အရာခပ်သိမ်းမှာ သတိမရှိလျှင် သေဆုံးမည်၊ ပျက်သုဉ်းမည်၊ သတိရှိလျှင် မသေဆုံးနိုင်၊ မပျက်သုဉ်းနိုင်၊ ဤ၌ စာရေးသူတင်ပြလိုသည်မှာ ဘာသာရေးသတိရှိဖို့ပင်ဖြစ်သည်။ ဗုဒ္ဓဘာသာခေါင်းဆောင်များ၊ ဗုဒ္ဓဘာသာဝင်များ မိမိတို့ဘာသာရေး၌ သတိမမှုခဲ့ခြင်းကြောင့် တစ်ချိန်က ဗုဒ္ဓဘာသာ လျှမ်းလျှမ်းတောက် အားကောင်းခဲ့သော ထွန်းကားခဲ့သော အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ် စသော နိုင်ငံ တို့၌ ယခုအချိန်မှာ ဗုဒ္ဓဘာသာ အားနည်းချိနဲ့ရုံမက ပျက်သုဉ်းသွားခဲ့ရပြီ၊ ပျောက်ကွယ်သွားခဲ့ရပြီ။

ယခုအချိန်မှာလည်း ဗုဒ္ဓဘာသာအားကောင်းနေသော နိုင်ငံများ၌ပင် တဖြည်းဖြည်း အားနည်လာနေသည်မှာ အထင်အရှားပင်ဖြစ်သည်။
ထို့ကြောင့် ယခုအချိန်ကစ၍ ဗုဒ္ဓဘာသာ ခေါင်းဆောင်များ၊ ဗုဒ္ဓဘာသာဝင်များသည် မိမိတို့ဘာသာရေးအတွက် ကြိုတင် သတိပြုဆင်ခြင်ကာ ပြင်သင့်သည်ကို ပြင်ဖို့၊ ကာသင့်သည်ကို ကာဖို့၊ လုပ်သင့်သည်ကိုလုပ်ဖို့ လိုအပ် နေပေပြီ၊ ဘာသာရေး အန္တရာယ်များကို သတိကြီးကြီးထားဖို့ လိုနေပေပြီ၊ သူများဘာသာကို ရှုတ်ချဖို့၊ တိုက်ခိုက် ဖို့၊ ဖျက်ဆီးဖို့ ဆိုလိုသည်မဟုတ်။

သို့သော် ကိုယ့်အမျိုး ဘာသာ သာသနာ အတွက် သတိအင်အား များများမွေးထားဖို့ လိုနေပေပြီ၊ အခြား ဘာသာဝင်များ၏ အနုနည်း၊ အကြမ်းနည်း၊ မြူဆွယ်နည်း၊ ပုံမှားရိုက်နည်းစသော ပုံစံအမျိုးမျိုး၊ နည်းပရိယာယ် အသွယ်သွယ်တို့ဖြင့် ကိုယ့်အမျိုး ဘာသာကိုဖျက်ဆီးဖို့၊ လွှမ်းမိုးဖို့၊ သိမ်းသွင့်ဖို့ ကြိုးစားနေကြသည့် အန္တရာယ် များကို ဗုဒ္ဓဘာသာဝင်တိုင်းက ကာကွယ်တားဆီးရန် ပြင်ဆင်ကြဖို့လိုနေပြီ၊ သိအောင် မြင်အောင် ကိုယ်တိုင် လည်း ကြိုးစားရမည်၊ ကိုယ့်ဘာသာဝင်များကိုလည်း သိအောင် မြင်အောင် လုပ်ဆောင်ပေးကြဖို့ လိုအပ်နေပေပြီ။ ဗုဒ္ဓဘာသာဝင်တိုင်း မျက်စိကြီးကြီး နားကြီးကြီးဖြင့် မျက်စိဖွင့် နားစွင့်နေကြရမည်။

အင်းစိန်ရွာမဆရာတော်ဘုရားကြီး အရှင်တိလောကာဘိဝံသ၏ နိုင်ငံ့သစ္စာ စောင့်သိသူ (၁+၂) ဆောင်းပါးမှ
ထုတ်နှုတ်တင်ပြပါသည်။


No comments:

Post a Comment