Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Wednesday, April 29, 2015

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒေသအသီးသီး၌ ကျင်းပအပ်သော ကဆုန်လပြည့် ဗုဒ္ဓနေ့အခမ်းအနားသို့ ပေးပို့အပ်သော အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ကြီး (ဗဟို) ဥက္ကဋ္ဌဆရာတော်ဘုရားကြီး၏ သဝဏ်လွှာ



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒေသအသီးသီး၌ ကျင်းပအပ်သော
ကဆုန်လပြည့် ဗုဒ္ဓနေ့အခမ်းအနားသို့ ပေးပို့အပ်သော
အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ကြီး (ဗဟို) ဥက္ကဋ္ဌဆရာတော်ဘုရားကြီး၏
သဝဏ်လွှာ

ယနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၇၇-ခု၊ ကဆုန်လပြည့်၊ ဗုဒ္ဓနေ့ဖြစ်ပါတယ်၊ မြန်မာလ ၁၂-လတွင် ဒုတိယလလည်းဖြစ်ပါတယ်၊ တန်ခူးရေကုန် ကဆုန်ရေခမ်း ဆိုသည့်အတိုင်း ရေများခမ်းခြောက်လောက်အောင် ပူပြင်းသော နွေမွန်းတည့် ကာလဟုလည်းဆိုရမယ်၊ နေ့၏ အလယ်တည့်တည့်အချိန်ကို မွန်းတည့်ချိန် ဟုခေါ် သကဲ့သို့ ဤကဆုန်လပြည့်သည် နွေ ၄-လ၏ အလယ်ဗဟိုချက်မ ဖြစ်သောကြောင့် နွေမွန်းတည့် ဟုဆိုခဲ့ခြင်း ဖြစ်ပါတယ်။
ပူပြင်းခြောက်သွေ့သော အခါသမယဖြစ်၍ ညှိုးခြောက်နေသော မြတ်ဗုဒ္ဓပွင့်တော်မူရာ ပရိဘောဂ စေတီဖြစ်တဲ့ ဗောဓိပင်ကို ရေစင်, ရေအေးများဖြင့် သွန်းလောင်း၍ ဗုဒ္ဓဘာသာဝင်သူတော်စင်တို့က ဝေယျာဝစ္စ ကုသိုလ်ယူသောအနေဖြင့် ညောင်ရေသွန်းပွဲတော် ကျင်းပခြင်းဖြစ်ပါတယ်၊ မြန်မာလူမျိုးတို့သည် နှစ်ဟောင်း ကုန်၍ နှစ်သစ်အစ သင်္ကြန်ကာလမှာလည်း သင်္ကြန်ရေစင်, ရေအေးများ ပက်ဖြန်း၍ နှစ်သစ်ကိုကြိုဆိုခဲ့ပါတယ်၊ ယခုတစ်ဖန် ကဆုန်လပြည့်မှာလည်း ရေစင်, ရေအေးများဖြင့် ညောင်ရေသွန်းကာ ပူပြင်းမှုကို ဖြေဖျောက်ကြ ပြန်ပါတယ်။
ဤကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့ကိုးကွယ်ရာ မြတ်ဗုဒ္ဓ၏ ဗုဒ္ဓဝင်ကြောင်းဆိုင်ရာ-
၁။ နိယတဗျာဒိတ်ပန်း ဆင်မြန်းခဲ့သောနေ့၊
၂။ ဖွားမြင်တော်မူသောနေ့၊
၃။ ဘုရားအဖြစ်သို့ ရောက်သောနေ့, ဘုရားပွင့်သောနေ့၊
၎။ ပရိနိဗ္ဗာန်စံတော်မူသောနေ့ ဟု ၄-မျိုးနှင့် ဆိုင်သောနေ့ဖြစ်ခြင်းကြောင့် ထူးခြားသောနေ့ဖြစ်ပါတယ်၊ မြတ်ဗုဒ္ဓ၏ ဤနောက်ဆုံးဘဝမှာပင် ဖွားမြင်သောနေ့, ဘုရားဖြစ်သောနေ့, ပရိနိဗ္ဗာန်စံသောနေ့ ဟု ထူးခြားချက် နေ့ထူးကြီး ၃-မျိုးနဲ့ ကြုံကြိုက်ခဲ့ပါတယ်၊ ထို့ကြောင့်-
ဗျာဒိတ်တော်ခံ၊ ဖွား, ပွင့်, စံ၊ လေးတန်စုံစေ့ ကဆုန်ပြည့်။
ဟု အကျဉ်းဆောင်ပုဒ်မှတ်သားထားကြရမယ်၊ မြန်မာလူမျိုးများသည် ကံထူးသူများဖြစ်ကြပါတယ်၊ ဒါတင်မက အစကောင်း၍ အနှောင်းသေချာသောသူများဟုလည်း ဆိုရပါမယ်၊ ဘာလို့လည်းဆိုလျှင်-
၁။ မြတ်ဗုဒ္ဓသည် ခရစ်မပေါ်မီ ဘီစီ ၅၈၈-ခု ကဆုန်လပြည့်နေ့၌ ဘုရားအဖြစ်သို့ ရောက်ခဲ့ပါတယ်၊ ဘုရားဖြစ်ပြီးနောက် ၄၉-ရက်မြောက်၊ ၇-ရက်၊ ၇-လီ သတ္တဋ္ဌာန စံပြီးစအချိန် လင်းလွန်းပင်အောက်၌ ထိုင်နေ တော်မူစဉ် မြန်မာပြည်သား တပုဿ, ဘလ္လိက ကုန်သည်ညီနောင်နှစ်ယောက်တို့ ဖူးမြင်ခွင့် ရကြပါတယ်၊ ဒါဟာ မြတ်ဗုဒ္ဓကို ပထမဦးဆုံး လူသားထဲက ကြည်ညိုသဒ္ဓါထက်သန်စွာဖြင့် ဖူးမြင်ခွင့်ရသူများဖြစ်ပါတယ်။
၂။ ဘုရားဖြစ်ပြီးစ ပထမဦးဆုံး ဆွမ်းလှူခွင့် ရသူများမှာလည်း မြန်မာပြည်သား တပုဿ, ဘလ္လိက တို့ပင်ဖြစ်ပါတယ်၊ မြတ်ဗုဒ္ဓဟာလည်း ဘုရားဖြစ်ပြီးစ ပထမဦးဆုံး ဘုန်းပေးသည့်ဆွမ်းမှာ မြန်မာ့ဆွမ်းပင် ဖြစ်ပါတယ်။
၃။ လူသားထဲမှ ပထမဆုံး သရဏဂုံတည်သူများမှာလည်း မြန်မာပြည်သား တပုဿ, ဘလ္လိက တို့ပင် ဖြစ်ပါတယ်။
၎။ မြတ်စွာဘုရားကိုယ်တော်တိုင် ကိုးကွယ်စရာ ဆံတော်ချီးမြှင့်ခံရသူများမှာလည်း မြန်မာပြည်သား တပုဿ, ဘလ္လိက တို့ပင်ဖြစ်ပါတယ်။
၅။ တပုဿ, ဘလ္လိက တို့ယူလာသော ဆံတော်ကို ဥက္ကလာပမင်းကြီးက သိဂုင်္တ္တကုန်းတော်ပေါ်၌ ရွှေတိဂုံစေတီတော် တည်ထားခဲ့သဖြင့် ကမ္ဘာ့မြေပြင်ပေါ်တွင် ပထမဆုံးမြေပေါက်စေတီ တည်ထားခြင်းမှာ လည်း မြန်မာပြည်သားများပင်ဖြစ်ပါတယ်။
ထို့ကြောင့် မြန်မာပြည်သားများသည် အစကောင်းခဲ့သူများဖြစ်ပါတယ်၊ ဒါကို-
ဖူးခွင့်, လှူခွင့်၊ ဆည်းကပ်ခွင့်နှင့်၊ ချီးမြှင့်ဆံတော်၊ စေတီတော်တည်၊ ဤ ငါးလီ၊ မြန်ပြည်ပထမဆုံး။
ဟု အတိုကောက် မှတ်ထားကြရပါမယ်။
ယနေ့တိုင်အောင် ထေရဝါဒဗုဒ္ဓသာသနာ ထွန်းကားဆုံးနိုင်ငံမှာလည်း မြန်မာနိုင်ငံပင်ဖြစ်ပါတယ်၊ မြန်မာပြည်သည် ထေရဝါဒဗုဒ္ဓသာသနာ၏ နောက်ဆုံးခံတပ်လည်းဖြစ်ပါတယ်၊ ဒါကြောင့် မြန်မာပြည်သား များကို အစကောင်း၍ အနှောင်းသေချာသူများ ဟုဆိုခဲ့ခြင်းဖြစ်ပါတယ်၊ ဗုဒ္ဓဘာသာဝင်တို့၏ အားထားကိုးကွယ် ရာ ဘုရား, တရား, သံဃာတို့သည် လောကတွင် မည်သည့်ရတနာနှင့်မျှတုနှိုင်းမရသည့် တန်ဖိုးမဖြတ်နိုင်သည့် ရတနာများဖြစ်သည်ကို-
ယံကိဥ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊ သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။
န နော သမံ အတ္ထိ တထာဂတေန၊ ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ။
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
ဟု ပရိတ်ကြီး ရတနသုတ်၌ မြတ်စွာဘုရားဟောကြားထားပါတယ်။
အဖိုးတန်သည့် ရတနာကို ပိုင်ဆိုင်ထားသူဖြစ်ပါလျက် မိမိပိုင် အဖိုးတန်ရတနာ၏ တန်ဖိုးကိုသိဖို့နှင့် မဆုံးရှုံးအောင် ထိန်းသိမ်းဖို့ဟာ အရေးအကြီးဆုံးဖြစ်ပါတယ်၊ တန်ဖိုးရှိတဲ့ ကိုယ်ပိုင်ရတနာကို တန်ဖိုးလည်းမသိ ထိန်းသိမ်းဖို့လည်းမသိသူလောက် ညံ့ဖျင်းသူဘယ်မှာရှိပါ့မလဲ၊ မြန်မာပြည်သားများသည် အခြားသောကမ္ဘာသူ, ကမ္ဘာသားများထက် ကံကောင်းထောက်မ၍ တန်ဖိုးမဖြတ်နိုင်သည့် ဗုဒ္ဓဘာသာကို ကိုးကွယ်ခွင့်ရကြပါတယ်၊ ဒါဟာလည်း ရှေးရှေးသော အနော်ရထာ, ကျန်စစ်သား, ဘုရင့်နောင်, အလောင်းဘုရား, ဗိုလ်ချုပ်အောင်ဆန်း-စသော မြန်မာခေါင်းဆောင်များ၏ ကျေးဇူးကြောင့်ပင်ဖြစ်ပါတယ်။
ယနေ့ ကဆုန်လပြည့် ဗုဒ္ဓနေ့ အခါသမယ ကျင်းပခြင်းဖြင့်-
၁။ မြတ်ဗုဒ္ဓ၏ ဂုဏ်တော်ကျေးဇူးတော်များကို ပွားများခြင်း၊
၂။ ဗုဒ္ဓသာသနာတော်မြတ်ကြီးကို ယနေ့တိုင်အောင် လက်ဆင့်ကမ်းသယ်ဆောင်လာသူတို့၏ ကျေးဇူး ဂုဏ်ကို အမှတ်ရခြင်း၊
၃။ မိမိတို့၏ အမျိုး ဘာသာ သာသနာကို ဆရာဒကာ လက်တွဲညီညာ ထိန်းသိမ်းဖို့ အဓိဋ္ဌာန်ပြုခြင်း၊
စသော အနှစ်သာရများ ရယူဖို့လည်း လိုအပ်ပါတယ်။
ထို့ကြောင့် ယနေ့ ကြွရောက်လာကြသော ပရိတ်သတ်များက မြန်မာပြည်သားများ၏ ကိုယ်ပိုင်ရတနာ ထေရဝါဒဗုဒ္ဓသာသနာတော်ကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ကြပါဟု တိုက်တွန်းစကား ပြောကြားရင်း အောက်ဖော်ပြပါ ဗုဒ္ဓဝင် လင်္ကာများ, အဓိဋ္ဌာန်များကို စုပေါင်းညီညာရွတ်ဆိုပူဇော်ပြီး နှိုးဆော်သံများကဗျာ များကို ဆက်လက်ရွတ်ဆိုကြပါစို့။
၁။ သန္ဓေယူခါ၊ ဆယ်လကြာသော်၊ မဟာသက္ကရာဇ်၊ ခြောက်ဆယ့်ရှစ်ကြုံ၊
ကဆုန်လပြည့်၊ သောကြာနေ့ဝယ်၊ ချမ်းမြေ့စုံစီ၊ လုမ္ဗိနီ၌ မဟီလှိုက်ဆူ၊
ဖွားတော်မူသည်၊ နတ်လူအောင်မြို့လမ်းပါကို…..။
၂။ တောရပ်မြိုင်ပေါ်၊ ခြောက်နှစ်ပျော်၍၊ ခါတော်တစ်ဖုံ၊ ပွင့်ချိန်ကြုံက၊ကဆုန်လပြည့်၊ ဆင်မင်းနေ့ဝယ်၊ မြေ့ပရမေ၊ ပလ္လင်ဗွေထက်၊ ရွှေညောင်တော်ကြီး၊ ဗိတာန်ထီးနှင့်၊ မငြီးကြည်ဖြူ၊ နေတော်မူ၍၊ ရန်မြူခပင်း၊ အမိုက်သင်းကို၊ အရှင်းပယ်ဖျောက်၊ အလင်းပေါက်က၊
ထွန်းတောက်ဘုန်းတော်၊ သောင်းလုံးကျော်သည်၊ သုံးဖော်လူတို့ ငြိမ်းပါကို….။
၃။ တရားနတ်စည်၊ ဆော်ရွမ်းလည်က၊ သုံးမည်ဘုံသိုက်၊ တစ်သောင်းတိုက်ဝယ်၊ ကျွတ်ထိုက်သသူ၊နတ်လူဗြဟ္မာ၊သတ္တဝါကို၊ ခေမာသောင်သို့၊ ဖောင်ကူးတို့ဖြင့်၊ ဆောင်ပို့ပြီးခါ၊ ဝါလေးဆယ့်ငါး၊သက်ကားရှစ်ဆယ်၊ စုံပြည့်ကြွယ်က၊ ရာလေးဆယ့်ရှစ်၊ သက္ကရာဇ်ဝယ်၊ နယ်မလ္လာတိုင်း၊ စံနှိုင်းမယုတ်၊ကုသိနာရုံ၊ အင်ကြင်းစုံ၌၊ ကဆုန်လပြည့်၊ အင်္ဂါနေ့ဝယ်၊ ချမ်းမြေ့နိဗ္ဗူ၊ စံတော်မူသည်၊ ဝှမ်းဆူသောင်းလုံး ကျော်တယ်ကို….။
နှိုးဆော်သံ
ဗုဒ္ဓဘာသာရှင်လူအများက သတိတရားထားသင့်ပြီ။
အခြားဘာသာ တိုးတက်ရေးကို အခြားသူများဆောင်ရွက်သည်။
ဗုဒ္ဓဘာသာတို့တတွေအများက သွေးအေးလို့မနေသင့်ပြီ
သွေးအေးနေရင် သာသနာပျောက်လို့ လူမျိုးပျောက်ဖို့ကြုံလိမ့်မည်။
နှိုးဆော်ပါသည် အကျိုးမျှော်ကာရည်
တို့ဘာသာရေး တို့မျှော်တွေးလို့ တို့အလေးပေးသင့်ပြီ။
တူပြိုင်လှမ်းလို့ချီ၊ အရောက်လှမ်းပါလို့ စုံစုံညီညီ
ကလေးဘဝက မြဲခိုင်ယုံကြည် သက်ဆုံးထိတိုင်ရည်
ရင်ထဲမှာ ဒို့ဘာသာအစစ် ကိန်းဝပ်စေမည်/

ဘဒ္ဒန္တ တိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့ (ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြဝါဒါစရိယ

Sunday, April 26, 2015

မလေရှားနိုင်ငံ၌ ဖြန့်ချိရောင်းချနေသော အရက်ပုလင်းများ၌ မြန်မာနိုင်ငံ၏ အထွဋ်အမြတ်အလေး ထားရာ ရွှေတိဂုံဘုရားပုံကို အသုံးပြုထားခြင်းအပေါ် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို)၏ သဘောထား ထုတ်ပြန်ချက်/ English Version ပါ။

Opinion Statement of OPNRR (CENTRE)

Insult to reverence of one religion or a country is contemptuous on the corresponding religion or country and also breaks the human rights of the said community.

At the present, we found the liquor bottles distributing and selling in Malaysia printing the Shwedagone pagoda’s image which is the most respectful by Myanmar nationals. Most of the people remark the liquor is as rationale of all immoral activities branded with the noble image of Lord Buddhha means that this is the contempt and insult to Myanmar and Buddhists all over the world and also breaking the human rights of Myanmar Buddhist community. Besides it will lead to the situation of gruesome violence.
The said activity must be barred and condemned certainly by the Myanmar’s community or world diplomatic countries or else local responsible personnel who are distributing at the moment. Especially this is the insult to the country’s most respectful pagoda and it must be barred and condemned certainly to express how state’s fourth pivot news agencies, medias and scholars stand the side of our country absolutely as fourth pivot.
Therefore we absolutely declare condemnation and decry statement at all by representing all Myanmar Buddhists, monks, novices and nationals and not to continue production such things of Myanmar’s most respectful pagoda image which is being used on the immoral liquor bottles.

Thursday, April 23, 2015

ကိုးန၀င်းဖတ်စာ (၁) ဘာအရေးကြီးဆုံးလဲ ? သင်ဘာရွေးချယ်မလဲ?

ကိုးန၀င်းဖတ်စာ (၁)
ဘာအရေးကြီးဆုံးလဲ ?
သင်ဘာရွေးချယ်မလဲ?

၁။ အရိယာဖြစ်လိုသူအတွက် သက္ကာယဒိဌိကိုပယ်ဖို့က အရေးကြီးဆုံးဖြစ်သည်၊ သူ့အတွက် ဦးခေါင်းမှာ လောင်နေသည့် မီးကို ငြိမ်းသတ်ဖို့ထက်ပင် သက္ကာယဒိဋ္ဌိပယ်ဖို့ က အရေးကြီးဆုံးဖြစ်သည်။

၂။ တိုက်ပွဲဝင်သူအတွက် တိုက်ပွဲအောင်နိုင်ဖို့က အရေးအကြီးဆုံးဖြစ်သည်။

၃။ မကျန်းမာသူအတွက် ရောဂါပျောက်ဖို့က အရေးအကြီးဆုံးဖြစ်သည်။

၎။ အာဏာရှင်အတွက် အာဏာရဖို့က အရေးကြီးဆုံး ဖြစ်သည်။

၅။ နိုင်ငံရေးလုပ်စားသူအတွက် ရွေးကောက်ပွဲအောင်နိုင်ဖို့နှင့် သမ္မတဖြစ်ဖို့က အရေး ကြီးဆုံးဖြစ်သည်။

၆။ အမျိုးဖျက်လိုသူအတွက် အမျိုးစောင့်ဥပဒေမဖြစ်ဖို့က အရေးကြီးဆုံးဖြစ်သည်။

၇။ ဘာသာချစ်သူအတွက် ဘာသာရေးစောင့်ရှောက်ထိန်းသိမ်းဖို့က အရေးကြီးဆုံး ဖြစ်သည်။

၈။ အမျိုး ဘာသာ သာသနာဖျက်လိုသူအတွက် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးလုပ်ငန်းပျက်သုဉ်းဖို့က အရေးကြီးဆုံးဖြစ်သည်။

အရှင်တိလောကာဘိဝံသ (အင်းစိန်)

Wednesday, April 22, 2015

မလေရှားနိုင်ငံ၌ ဖြန့်ချိရောင်းချနေသော အရက်ပုလင်းများ၌ မြန်မာနိုင်ငံ၏ အထွဋ်အမြတ်အလေး ထားရာ ရွှေတိဂုံဘုရားပုံကို အသုံးပြုထားခြင်းအပေါ် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို)၏ သဘောထား ထုတ်ပြန်ချက်။


အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို)၏
သဘောထားထုတ်ပြန်ချက်

ဘာသာတစ်ခု, နိုင်ငံတစ်ခု၏ အလေးအမြတ်ထားရာကို ထိပါးပုတ်ခတ် စော်ကားခြင်းသည် သက်ဆိုင်ရာ ဘာသာ, နိုင်ငံကို ပုတ်ခတ်စော်ကားခြင်း၊ သက်ဆိုင်ရာလူ့အဖွဲ့အစည်း၏ လူ့အခွင့်အရေးကို ချိုးဖောက်ခြင်းပင် ဖြစ်ပါသည်။

ယခုအခါ မလေရှားနိုင်ငံ၌ ဖြန့်ချိရောင်းချနေသော အရက်ပုလင်းများ၌ မြန်မာနိုင်ငံ၏ အထွဋ်အမြတ်အလေး ထားရာ ရွှေတိဂုံဘုရားပုံကို အသုံးပြုထားကြောင်း လေ့လာတွေ့ရှိရပါသည်၊ အများက မကောင်းသော အမှု အကျင့် ဒုစရိုက်အားလုံး၏ အရင်းခံဟု လက်ခံထားသော အရက်သေစာပုံရိပ်နှင့် ဗုဒ္ဓဘာသာပုံရိပ်ကို တံဆိပ် လုပ် ထုတ်လုပ်ခြင်းသည် မြန်မာနိုင်ငံကိုလည်းကောင်း ကမ္ဘာအရပ်ရပ်ရှိ ဗုဒ္ဓဘာသာဝင်များကိုလည်းကောင်း ထိပါးပုတ်ခတ်ခြင်း, စော်ကားခြင်း၊ မြန်မာဗုဒ္ဓဘာသာဝင် အသိုင်းအ၀ိုင်း၏ လူ့အခွင့်အရေးကို ချိုးဖောက်ခြင်းပင် ဖြစ်သည်။ ထို့အပြင် မလိုလားအပ်သော ပဋိပက္ခများအထိ ဦးတည်ရောက်သွားစေနိုင်ပါသည်။

အဆိုပါလုပ်ရပ်ကို မြန်မာ့လူ့အသိုင်းအ၀ိုင်းကသော်လည်းကောင်း, ကမ္ဘာ့ယဉ်ကျေးသော နိုင်ငံအသီး သီးကသော်လည်းကောင်, ယခုဖြန့်ချိနေသော ဌာနေဆိုင်ရာ တာဝန်ရှိသူများကသော်လည်းကောင်း သင့်လျော်သလို ၀ိုင်းဝန်းဟန့်တားခြင်း ကန့်ကွက်ခြင်း မလွဲမသွေ ပြုရမည်သာဖြစ်ပါသည်၊ အထူးအားဖြင့် နိုင်ငံ ၏ အထွဋ်အမြတ်ထားရာ စေတီတော် ကို စော်ကားခြင်းဖြစ်၍ နိုင်ငံတော်၏ စတုတ္ထမဏ္ဍိုင်ဖြစ်သည့် သတင်းမီဒီ ယာနှင့် စာပေအသိုင်းအ၀ိုင်းများက စတုတ္ထမဏ္ဍိုင်ပီသကြောင်း နိုင်ငံတော်ဘက်က မည်မျှရပ်တည်ကြောင်း ပြသသောအားဖြင့် မဖြစ်မနေ ၀ိုင်းဝန်းဟန့်တား ကန့်ကွက်ကြရမည်သာ ဖြစ်ပါသည်။

ထို့ကြောင့် အဆိုပါ မြန်မာ့အထွဋ်အမြတ် အလေးထားရာ ရွှေတိဂုံပုံကို ဒုစရိုက်မှုလုပ်ငန်းဆိုင်ရာ အရက်ပုလင်းများ၌ အသုံးပြုကာ ဖြန့်ချိနေခြင်းကို မြန်မာဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူများကိုယ်စား မိမိတို့ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို) မဘသအဖွဲ့ကြီးက လုံးဝ လုံးဝ ကန့်ကွက်ရှုတ်ချပါကြောင်းနှင့် ဆက်လက် ထိုကဲ့သို့ ဖြန့်ချိမှုမပြုပါရန်လည်း အလေးအနက်တိုက်တွန်းကြောင်း သဘောထားထုတ်ပြန် ကြေညာအပ်ပါသည်။

စာအမှတ်။ ။ ၀၀၂၈၊ စီမံ-မဘသ၊၂၀၁၅
နေ့စွဲ။ ။ ၁၃၇၆-ခု၊ ကဆုန်လဆန်း ၅-ရက်၊
(ဧပြီ- ၂၂၊ ၂၀၁၅)၊ ဗုဒ္ဓဟူးနေ့၊
ဘဒ္ဒန္တ တိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့(ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒါစရိယ

Wednesday, April 8, 2015

Those Disloyal to the Nation (1)၊ နိုင်ငံသစ္စာဖောက်သူများ(၁)

Those Disloyal to the Nation (1)

As the saying goes, those who eat the edge of the leather sheet while sleeping on it and break the branches of the tree under which they stay ( take shelter in the shade ) are the same as those who keep animal’s mind and are disloyal to the nation. While living in Myanmar, drinking Myanmar water, eating Myanmar rice and taking shelter of Myanmar, some people serve other people and other religions, and therefore they are national traitors.

The people who help, support and protect those national traitors, whoever they are – monks, nuns, lay people, politicians, businesspersons, national leaders, Hluttaw representatives or artists, are also national traitors.

All patriots who admire our own nationality and religion has the duty to avoid, reject and not to vote such traitors, and must take this duty.
နိုင်ငံသစ္စာဖောက်သူများ(၁)

အရိပ်နေနေ အခက်ချိုးချိုး၊ သားရေပေါ်အိပ် သားရေနားစားလုပ်သူများသည် တိရစ္ဆာန်စိတ်မွေးသူများဖြစ်သည်။ နိုင်ငံ့သစ္စာဖောက်သူများဖြစ်သည်။ မိမိက မြန်မာနိုင်ငံမှာနေ, မြန်မာ့ရေသောက်, မြန်မာ့ဆန်စား, မြန်မာ့အရိပ်ခိုနေပါ လျက် အခြားနိုင်ငံ၊ အခြားလူမျိုး အခြားဘာသာအတွက် အကျိုးဆောင်နေသူများသည် နိုင်ငံ့သစ္စာဖောက်ဖျက်သူများ ဖြစ်သည်။

နိုင်ငံ့သစ္စာဖောက်သူများကို အားပေးနေသူ ကူညီနေသူ ဖေးမနေသူ စောင့်ရှောက်ပေးနေသူများသည်လည်း ရဟန်း ဖြစ်စေ၊ ရှင်ဖြစ်စေ၊ လူဖြစ်စေ၊ နိုင်ငံရေးသမားဖြစ်စေ၊ စီးပွားရေးသမားဖြစ်စေ၊ နိုင်ငံ့ခေါင်းဆောင်ဖြစ်စေ၊ လွှတ်တော် ကိုယ်စားလှယ်ဖြစ်စေ၊ အနုပညာရှင်ဖြစ်စေ၊ ဘယ်သူမဆို နိုင်ငံ့သစ္စာဖောက်များဖြစ်သည်။

ထိုသူများကို ပိုင်းပယ်ဖို့ အားမပေးဖို့ အမျိုး ဘာသာ သာသနာ ချစ်သူတိုင်း နိုင်ငံချစ်သူတိုင်း တာဝန်ရှိသည်။ တာဝန် ယူကြရမည်။

နိုင်ငံသစ္စာစောင့်သိသူ (အရှင်တိလောကာဘိဝံသ) အင်္ဂလိပ်ဘာသာပြန် Translated by UNWH (SARPY BEIKMAN)

နိုင်ငံသစ္စာစောင့်သိသူ (အရှင်တိလောကာဘိဝံသ)
အင်္ဂလိပ်ဘာသာပြန်
Translated by UNWH (SARPY BEIKMAN)

THE ONE LOYAL TO THE NATION
The One Loyal to the Nation (1)
It must be said that those who appreciate the gratitude of the country where they live and protect it are the ones loyal to the nation. Every citizen has the duty and responsibility to safeguard the sovereignty, the nationality and religion, and the culture of the country where he or she lives, and also the duty to oppose those who cause violation.

မိမိတို့နေထိုင်ရာနိုင်ငံ၏ ကျေးဇူးသစ္စာကို လိုက်နာသူ, စောင့်ထိန်းသူ, ကာကွယ်သူများကို နိုင်ငံ့သစ္စာစောင့်သိသူဟု ဆိုရမည်။ နိုင်ငံသားတိုင်းသည် မိမိနေထိုင်ရာနိုင်ငံ၏ အချုပ်ခြာအာဏာကို၊ အမျိုး ဘာသာ သာသနာကို၊ ယဉ်ကျေးမှု ကို လိုက်နာဖို့, စောင့်ထိန်းဖို့၊ ကာကွယ်ဖို့၊ သစ္စာစောင့်ဖို့ တာဝန်ရှိသည်။ ထိပါးနှောက်ယှက်သူများကိုလည်း တွန်းလှန်အဖို့ တာဝန်ရှိသည်။

Tuesday, April 7, 2015

မျိုးစောင့်ဥပဒေလေးခုတွင် အပါအ၀င်ဖြစ်သော လူဦးရေထိန်းညှိခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ် တော်က အတည့်ပြုလိုက်ပြီး ယင်းဥပဒေထုတ်ပြန်ပြီးပါကလည်း လိုအပ်သည့် ပြည်နယ်၊ တိုင်းများတွင်သာ သမ္မတက အမိန့်စာထုတ်ပြန်မည်ဖြစ်ကြောင်း သတင်းရရှိ

မျိုးစောင့်ဥပဒေလေးခုတွင် အပါအ၀င်ဖြစ်သော လူဦးရေထိန်းညှိခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ် တော်က အတည့်ပြုလိုက်ပြီး ယင်းဥပဒေထုတ်ပြန်ပြီးပါကလည်း လိုအပ်သည့် ပြည်နယ်၊ တိုင်းများတွင်သာ သမ္မတက အမိန့်စာထုတ်ပြန်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
´´အရမ်းလည်း စိတ်ပူစရာမလိုပါဘူး။ ဒီဥပဒေရဲ့ထူးခြားချက်က တခြားဥပဒေတွေလို အတည်ပြုပြဋ္ဌာန်းပြီးနဲ့ အသက်မ၀င်ဘူး။ လိုအပ်ချက်ရှိတဲ့ ဒေသတွေမှာ သမ္မတက အမိန့်ထုတ်ပြန်ပြဋ္ဌာန်းမှသာ အသက်ဝင်မှာ။ တစ် နိုင်ငံလုံးမဟုတ်ဘူး။ အချိန်ကာလကလည်း သတ်မှတ်ကာလပဲ´´ဟု ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူး ပေါင်းကော်မတီဝင် ဒေါက်တာစိုးမိုးအောင်က ပြောသည်။
ယခင်က မည်သည့်ဥပဒေမျှ မရှိသောကြောင့် ထိန်းကွပ်နိုင်ခြင်းမရှိသဖြင့် လိုအပ်ချိန်တွင် အသုံးပြုနိုင်ရန် လို အပ်ချိန်တွင် အသုံးပြုနိုင်ရန် ယခုဥပဒေကြမ်းကို ရေးဆွဲပြဋ္ဌာန်းရခြင်းဖြစ်ကြောင်း ၄င်းကပြောသည်။
လွှတ်တော်ကအတည်ပြုလိုက်သော အဆိုပါဥပဒေကြမ်းသည် အခြားဒေသများထက် မြန်မာနိုင်ငံအနောက်ပိုင်း ဒေသတွင် ဖြစ်ပွားနေသော လူဦးရေဖောင်းပွမှုဆိုင်ရာကိစ္စရပ်ကို ထိန်းသိမ်းရန် ရည်ရွယ်သည့်သဘောဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့က သုံးသပ်ပြောကြားသည်။
ယင်းဥပဒေကြမ်းနှင့်ပတ်သက်၍ လူ့အခွင့်အရေးဆိုင်ရာ တားဆီးမှုများဖြစ်ပေါ်စေသည်ဆိုသော အကြောင်းပြ ချက်ဖြင့် ကန့်ကွက်မှုများရှိခဲ့သည်။
အတည်ပြုလိုက်သော ဥပဒေကြမ်းအရ မိခင်တစ်ဦးသည် ကလေးတစ်ဦးမွေးဖွားပြီးပါက သုံးနှစ်ကြာမြင့်ပြီးမှသာ ထပ်မံကိုယ်ဝန်ဆောင်ခွင့်ရှိမည်ဖြစ်သည်။
ဥပဒေကြမ်းပါ အချက်အလက်အများစုသည် သားဆက်ခြားခြင်းဆိုင်ရာ အကြောင်းအရာ အများစုကိုသာ ရေး သားထည့်သွင်းထားခြင်းဖြစ်ပြီး သမ္မတကအထူးဒေသအဖြစ် ထုတ်ပြန်ပြဋ္ဌာန်းသောဒေသတွင် အဆိုပါဥပဒေအ ရ ကော်မတီများဖွဲ့စည်းဆောင်ရွက်ရန် ပြဋ္ဌာန်းထားသည်။
ယခုလ၆ရက်တွင်ပြုလုပ်သော ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ အဆိုပါဥပဒေကြမ်း အတည်ပြုလိုက် ပြီး သမ္မတထံပေးပို့ပြီးဖြစ်ကာ သမ္မတသဘောတူလက်ခံပါက မကြာမီကာလအတွင်း ဥပဒေအဖြစ် အတည်ပြု ပြဋ္ဌာန်းထွက်ပေါ်လာမည်ဖြစ်သည်။

Monday, April 6, 2015

မြန်မာသက္ကရာဇ် ၁၃၇၇-ခု၊ မြန်မာနှစ်သစ်ကူး မင်္ဂလာအခါတော်၌ မြန်မာနိုင်ငံသူ၊ နိုင်ငံသား၊ ရဟန်း၊ ရှင်၊ လူ၊ ပြည်သူအားလုံးအတွက် ပေးပို့အပ်သော အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ဗဟို-၏ မြန်မာရိုးရာ အတာသင်္ကြန်နှင့် နှစ်သစ်မင်္ဂလာ သ၀ဏ်လွှာ

မြန်မာသက္ကရာဇ် ၁၃၇၇-ခု၊ မြန်မာနှစ်သစ်ကူး မင်္ဂလာအခါတော်၌ မြန်မာနိုင်ငံသူ၊ နိုင်ငံသား၊ ရဟန်း၊ ရှင်၊ လူ၊ ပြည်သူအားလုံးအတွက် ပေးပို့အပ်သော အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ဗဟို-၏ မြန်မာရိုးရာ အတာသင်္ကြန်နှင့် နှစ်သစ်မင်္ဂလာ သ၀ဏ်လွှာ

၁။       လူမျိုးတိုင်း ဘာသာတိုင်း နိုင်ငံတိုင်၌ သူတို့ဆိုင်ရာနှင့် လျော်ညီသော နှစ်သစ်ကူးပွဲများ ကျင်းပ လေ့ရှိကြသည်။

၂။       မြန်မာနိုင်ငံ၌လည်း ယခုမကြာမီ ရောက်ရှိတော့မည့် နှောင်းတန်းခူးလပြည့်ကျော် ၁၀-ရက်၊ (၁၃-၄-၂၀၁၅)နေ့မှစတင်ကာ နှစ်ဟောင်းကျူး၍ နှစ်သစ်ကူး မြန်မာ့ရိုးရာ သင်္ကြန်အခါပွဲ ကျင်းပပြီး နှစ်သစ်မင်္ဂလာ ကြိုဆိုသည့်အခမ်းအနားများ ကျင်းပတော့မည်ဖြစ်ပါသည်။

၃။       ဗြဟ္မစိုရ်တရား လက်ကိုင်ထားကြသော ရှေးရှေးမြန်မာများသည် နှစ်ဟောင်းမှ အညစ်အကြေးများ နှစ်သစ်သို့ပါမလာစေရန် နောက်ဆုံးပိတ် အိတ်နှင့်လွယ်သည့်အနေဖြင့် နှစ်သစ်မကူးမီ အကူးအပြောင်း ကာလ(ခေါ်) သင်္ကြန်အခါတော်၌ ရွှင်လန်းချမ်းမြေ့စေရန်၊ တစ်ဦးနှင့်တစ်ဦး မေတ္တာထားတက်စေရန်၊ အတု ယူစရာပုံရိပ်ကောင်းများ ကျန်စေရန်၊ ကုသိုလ်တရား တိုးပွားစေရန်- စသောရည်ရွယ်ချက်များဖြင့် နံ့သာရေ ဖြန်းပတ်ခြင်း၊ ရေကြည်သွန်းလောင်းခြင်း၊ ဥပုသ်သီလဆောက်တည်ခြင်း၊ ဘုရာ၊ ကျောင်း၊ ကန်များ၌ ဝေယျာဝစ္စပြုလုပ်ခြင်း၊ သက်ကြီးပူဇော်ပွဲများပြုလုပ်ခြင်း၊ မိဘ၊ ဆရာသမားများကို ကန်တော့ခြင်း၊ စတုဒီ တာကျွေးမွေးခြင်း၊ အဖိုးအဖွားများကို ခေါင်းလျှော်ပေးခြင်း၊ ခြေသည်း၊ လက်သည်းညှပ်ပေးခြင်း-စသည်ဖြင့် အချိန်ကို တန်ဖိုးရှိစွာ၊ အဓိပ္ပါယ်ရှိစွာ နှစ်ဟောင်းကိုကုန်ဆုံးစေကြသည်။ နှစ်သစ်ကိုလည်း ကုသိုလ်ကောင်း မှုများဖြင့် ကြိုဆိုကြသည်။

၎။       အဆိုပါ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအစဉ်အလာကောင်းကို မြန်မာလူမျိုးတိုင်း တန်ဖိုးထားလေးစား၍ ထိန်းသိမ်းသောအားဖြင့် အနှစ်သာရရှိရှိ အကောင်းဆုံး အကူးအပြောင်းမျိုးဖြစ်အောင် လိုက်နာကြပါဟု တိုက်တွန်းနှိုးဆော်အပ်ပါသည်။

၅။       ပြီးခဲ့သည့် ၂၀၁၅-ခု၊ မတ်လ ၃၁-ရက်နေ့၌ ပြုလုပ်ခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင် ရေး လုပ်ငန်းကော်မတီနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့တို့၏ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး၊ ငြိမ်းချမ်းရေး သဘောတူစာချုပ်မှုကြမ်းကို နှစ်ဖက်သဘောတူ ညှိနှိုင်းပြုစု ရေးဆွဲပြီးကြောင်း အတည်ပြုချက် ထွက်ပေါ်လာခြင်းသည်လည်း မြန်မာ့နှစ်သစ်ကူးအတွက် ကောင်းသော အကူးအပြောင်းလည်းဖြစ်ရုံမက မြန်မာ့ပြည်ထောင်စုအတွက် အကောင်းဆုံးနှစ်သစ်ကူးလက်ဆောင်လည်း ဖြစ်ကြောင်း၊ ပြည်ထောင်စုသား အားလုံးက ၀မ်းမြောက်ဝမ်းသာ လက်ခံကြိုဆိုရမည်သာဖြစ်ကြောင်း အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး(မဘသ) ဗဟိုအဖွဲ့ကြီးက နှစ်သစ်သ၀ဏ်လွှာ ပါးအပ်ပါသတည်း။

ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့(ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။









Sunday, April 5, 2015

မိုးကောင်းဆရာတော် ဦးသုဓမ္မာစာရဘိဝံသ၏ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ နှစ်ပတ်လည်ညီလာခံကြီးတွင် ပြောကြားခဲ့သော သြ၀ါဒ မိန့်ခွန်းကောက်နုတ်ချက်။

မိုးကောင်းဆရာတော် ဦးသုဓမ္မာစာရဘိဝံသ၏ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ နှစ်ပတ်လည်ညီလာခံကြီးတွင် ပြောကြားခဲ့သော သြ၀ါဒ မိန့်ခွန်းကောက်နုတ်ချက်။

(စီစဉ်ရေးသားသူ.. အာကာ)

တပည့်တော်တို့ကမ္ဘာပေါ်မှာ တစ်နေ့ကိုလူဦးရေ တစ်သန်းကျော်လောက်မွေးဖွားပြီး တစ်သန်းကျော်လောက် သေနေပါတယ်။ ကိုယ့်အမျိုး ကိုယ့်ဘာသာ ကိုယ့်သာသနာအတွက် ကြိုးစားအားထုတ်မယ့် ပုဂ္ဂိုလ်တစ်ယောက် မွေးဖွားလာမှသာ လူတစ်ယောက်မွေးလာတယ်လို့ ခေါ်ဆိုနိုင်ပါတယ်။ သာမန်လူလို့ပဲ သူ့အတ္တ၊ ကိုယ့်အတ္တနဲ့ မွေးလာရင်တော့ ဒါဟာ အကျိုးမဟုတ်ပါဘူး။ အမျိုးတို့ရဲ့ဂုဏ်သိက္ခာ တိုးပွားအောင်လုပ်မယ့် ပုဂ္ဂိုလ်ကတစ်မျိုး တစ်နည်းပြောရရင် တာဝန်ကျောအောင်လုပ်မယ့်ပုဂ္ဂိုလ်နဲ့ မလုပ်တဲ့ပုဂ္ဂိုလ်ဆိုတာရှိတယ်။ တပည့်တော်တို့ရဲ့ (မ.ဘ.သ)အဖွဲ့ကြီးဟာ တာဝန်ကျေတဲ့ပုဂ္ဂိုလ်တွေလို့ ပြောလို့ရပါတယ်။ တပည့်တော်တို့မြန်မာလူမျိုးတွေ ကမ္ဘာ နဲ့ချီပြီး ကြီးပွားချမ်းသာလာရင် ကျေနပ်ပါပြီ။ တပည့်တော်တို့အမျိုးအတွက် စောင့်ရှောက်မယ့် ပုဂ္ဂိုလ်ပေါ်လာရင် ပဲကျေနပ်ပါပြီ။
ဥပမာ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေဟာ စီးနိုင်တဲ့လှေတစ်စီးရှိတယ်။ ပန်းတိုင်ရောက်အောင် လှေစီးပြီးသွားနေ ကြရတယ်။ ဒါပေမယ့် တပည့်တော်တို့စီးနေတဲ့လှေကြီးဟာ ရေမလုံပါဘူး။ ရေတွေက ဟိုက၀င် ဒီက၀င်နဲ့ ရေကမလုံပါဘူး။ အဲ့ဒါကြောင့်(မ.ဘ.သ)အဖွဲ့ကြီးက ဒီရေပေါက်တွေကို ပိတ်ပေးပါ။ ဒါပေမယ့် ပိတ်နေတဲ့ကြား ထဲက ပိတ်တဲ့ပုဂ္ဂိုလ်အပြစ်ပြောခံရတာတစ်မျိုး၊ ပိတ်မယ့်သူမရှိရင်လည်း ဒီလှေကြီးက အကုန်နစ်သွားမှာ။ ဒါကြောင့် ဘယ်သူကပဲအပြစ်ပြောခံနေပါစေဘုရား ပိတ်သာပိတ်ပေးပါ။ တပည့်တော်တို့ရဲ့အိမ်နီးချင်း ထိုင်း ဖြစ် ချင်တိုင်းဖြစ်နေပါတယ်။
ဘင်္ဂလားဒေ့ရှ်ရဲ့ မြေဧရိယာဟာ ရှမ်းပြည်လောက်တောင်မကျယ်ပါဘူး။ အိန္ဒိယကခွဲထုတ်တုန်းက လူကဘယ် လောက်မှမရှိပါဘူး။ အခုဆို သန်း(၁၆၀)။ တပည့်တော်တို့ဆီမှာသာ အဲ့ဒီလိုပွားနေရင် ဘယ်ပြေးရမှန်းမသိဘူး။ လူကိုမုန်းတီးစရာ ဘာမှမရှိဘူး သူတို့ရဲ့ဝါဒတွေကိုမကြိုက်တာပါ။

ကြွက်လိုပွားပြီး ကျီးလိုအော်၊

အားကောင်းသော်အပိုင်စီး၊

တယူသန် တရားသေ၀ါဒဖြစ်ပါတယ်။

အဲဒီလိုဝါဒကြီး ကမ္ဘာမှာရှိတယ်နော်။ ကြွက်များ အထီးအမတစ်စုံရှိရင် တစ်နှစ်ကိုတစ်သန်းလောက်ဖြစ်ပါတယ်။ ဘယ်ကဘယ်လိုထွက်မှန်းမသိပါဘူး။ ကျီးဆိုရင် သူ့သားသမီးတစ်ကောင်ထိရင် အကုန်ဝိုင်းအော်တာ။ သူများ သားသမီးသာ ၀ိုင်းနှိပ်စက်တာ။ အခုဆိုရင် ထိုင်းနိုင်ငံတောင်ပိုင်း ဒုက္ခရောက်၊ ဖိလစ်ပိုင်ဒုက္ခရောက်နေပါတယ်။ နောက်ဆုံးနဂါးကြီးတောင် ဒုက္ခရောက်နေပါတယ်။ နဂါးကြီးတောင် အမြီးပြတ်မယ့်ကိန်းရှိနေတယ်။ ဒါနဲ့များ ပြောသေးတယ်။ လူများစုက လူနည်းစုကိုအနိုင်ကျင့်တယ်တဲ့။ ပြောင်းပြန်ကြီးတွေပြောနေပြန်ပါပြီ။ သူတို့တစ် အိမ်ထောင်ကို လူဦးရေ(၈၀)လောက်ရှိတယ်။ မြန်မာလူမျိုးတွေဟာ မဇ္ဈိမပဋိပဒါသမားတွေပါ။ အကြမ်းဖက်တွေ လည်းမဟုတ်ပါဘူး။ လူမုန်းတီးရေးမပါပါဘူး။ ကြွက်လိုပွားတဲ့ ၀ါဒကိုစွန့်ပါ။ ကျီးလိုဝိုင်းအော်တဲ့ ၀ါဒကိုစွန့်ပါ။ ကြီးရင်အပိုင်စီးတယ်ဆိုတဲ့ ၀ါဒကြီးကိုစွန့်ပါ။ အတုကိုတော့အစစ်ထင်တယ်။ အစစ်ကိုတော့အတုထင်တယ်။ အဲဒါကိုနှိပ်နှင်းနိုင်တာလည်း (မ.ဘ.သ)ပဲရှိတယ်။ ဒါဟာသွေးသားထဲက အန္တရာယ်ပဲ။ တောထဲကဆူးက နင်းမှ စူးတာ၊ ခန္ဓာကိုယ်ထဲက သွေးပုပ်သားပုပ်ဟာ ထားလို့လည်းမဖြစ်၊ ဖော်ထုတ်လို့လည်းခက်ပါတယ်။ သိသူနှင့် မသိသူ၊ ကြိုးစားသူနှင့် မကြိုးစားသူ အမျိုး ဘာသာ သာသနာကို လုံးဝလစ်လျူရှုနေနိုင်သူကို လွတ်အောင် ရှောင်ကြပါ။ မဘသအဖွဲ့ကြီးပေါ်လာတာဟာ အမျိုး ဘာသာ သာသနာကို စောင့်ရှောက်ဖို့ပါ။ ဒီတစ်ဖက်စွန်းနဲ့ မငြိစေနဲ့။
တာဝန်ရှိတာကို သိရမယ်။ တာဝန်ရှိတယ်ဆိုတာကို သိအောင်လည်းကြိုးစားရမယ်။ ဘုရား(၂)မျိုးရှိတယ်။ ဓမ္မာကာယဘုရား ရူပကာယဘုရားပါ။ ရူပကာယဘုရားက ပရိနိဗ္ဗာန်စံသွားပေမယ့် ဓမ္မကာယဘုရားက ဘယ် တော့မှ ပျောက်ပျက်မသွားဘူး။ ဓမ္မခန္ဓာပေါင်း(၈၄၀၀၀) ဓမ္မကာယဘုရားဟာ လူတွေရဲ့နှစ်လုံးသားမှာ တည်ရှိ နေသ၍ သာသနာဘယ်တော့မှမကွယ်ဘူး။ မဘသအဖွဲ့အစည်းကြီးက ပထမဆုံးအနေနဲ့ နံပါတ်(၁) မျိုးချစ်စိတ် ဓာတ်ပေါ်လာအောင် လုပ်ဆောင်ပေးပါဘုရား။ နံပါတ်(၂) ကလေးတွေရဲ့နှစ်လုံးသားမှာ ဓမ္မကာယဘုရား တည်ပေးကြပါ.လို့ပြောကြားရင်း တပည့်တော်ရဲ့သြ၀ါဒကို နိဂုံးချုပ်အပ်ပါတယ်ဘုရား…။

Wednesday, April 1, 2015

အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ ရန်ကုန်တိုင်းဒေသကြီး မဘသဖွဲ့စည်းခြင်းအခမ်းအနား ဧပြီ-၃ရက်၊ ၂၀၁၅ခုနှစ်


အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့
ရန်ကုန်တိုင်းဒေသကြီး မဘသဖွဲ့စည်းခြင်းအခမ်းအနား
(ရွာမပရိယတ္တိစာသင်တိုက်-အင်းစိန်)
ဧြ့ပီ-၃ရက်၊ ၂၀၁၅ခုနှစ်
မဘသဗဟိုမှဦးဆောင်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်မဘသပေါင်းစုံ ပါဝင်စေလျက် တိုင်းဒေသကြီးဆိုင်ရာ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းခြင်းအခမ်းအနားကို ကျင်းပပြုလုပ်မည်ဖြစ်ပါ၍ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် မဘသ-နှင့် အတွင်းရေးမှူးဆရာတော်များ ကြိုတင်ရွေးချယ်ထားသော တိုင်းမဘသ ကိုစားလှယ်ဆရာတော် (၂)ပါးတို့ မဖြစ်မနေ တက်ရောက်ပေးကြပါရန် ရိုသေစွာ ပင့်လျှောက်အပ်ပါသည်ဘုရား။
အမျိုး ဘာသာ သာသနာကို စိတ်ပါဝင်စားသူများလည်း မည်သူမဆို တက်ရောက်နိုင်ပါသည်။