Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Monday, December 15, 2014

ကိုးန၀င်းဖတ်စာ (မဘသ ဆိုင်ရာသိစရာ)

ကိုးန၀င်းဖတ်စာ (မဘသ ဆိုင်ရာသိစရာ)

မဘသခေါ် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့သည်-

၁။ ကိုယ့်ခြံစည်းရိုး ကိုယ်လုံအောင်ကာခြင်းမျိုးလို မြန်မာတိုင်းရင်းသားများ၏ အမျိုး ဘာသာ သာသနာကို စောင့်ရှောက်ပေးခြင်းသာဖြစ်သည်၊

၂။ အခြားသူတို့၏ အမျိုး ဘာသာ သာသနာကို ဖျက်ဆီးခြင်းသဘောမျိုး လုံးဝမပါပါ၊

၃။ ကိုယ့်ခြံစည်းရိုး ကိုယ်ကာခြင်းကို သူများခြံစည်းရိုးဖျက်သည်ဟု မဆိုနိုင်ပါ၊

၎။ ကိုယ့်မှာခြံစည်းရိုးမလုံလျှင် အမျိုး ဘာသာ သာသနာဖျက်မည့် အန္တရာယ်များ အလွယ်တကူ ၀င်ရောက် လွှမ်းမိုးသွားမည်၊

၅။ ကိုယ့်မှာခြံစည်းရိုးမလုံလျှင် သို့မဟုတ် လုံးဝမရှိလျှင် မိမိတို့၏ အမျိုး ဘာသာ သာသနာ ပျက်သုဉ်းမည့်ဘေး နှင့် ကြုံရမည်သာဖြစ်သည်၊

၆။ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးလုပ်ငန်းသည် အမျိုး ဘာသာ ချစ်သူတိုင်း၏ တာဝန်သာဖြစ် သည်၊

၇။ တာဝန်ရှိသူ တာဝန်မဲ့လျှင် သက်ဆိုင်သူအားလုံး ဒုက္ခရောက်မည်၊

၈။ မည်သည့်နိုင်ငံ, လူမျိုး, ဘာသာဝင်မဆို ကိုယ့်အမျိုး ဘာသာ သာသနာကို မလွှဲမသွေ စောင့်ရှောက်ရမည် သာဖြစ်သည်၊

၉။ နိုင်ငံသားဖြစ်ပါလျက် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးကို တာဝန်မယူလျှင် သို့မဟုတ် တာဝန်ယူ သည်ကို နှောက်ယှက်လျှင် နိုင်ငံ့သစ္စာဖောက်သာ ဖြစ်မည်၊

စည်း တွင်းမှာနေ ကင်းကွေလိမ့်ရန်ဘေး
ကမ်း ကိုကျော် ချော်ကာကျ များလိမ့်ရန်ဘေး၊ (ရွှေကျင်ဆရာတော်)

ကျား ဆိုးမ၀င် စည်းရိုးပြင်လော့၊ ဆင်ခြင်သတိ၊ အစောင့်ရှိလော့၊
ကျား ၏ပရိယာယ် အလွန်ကြွယ်သည်၊ အဆွယ်ကောင်းနှင့် အခြောက်နှင့်
ကျား ဆိုးမလာ၊ တာဒဆီးရာဝယ်၊ ပညာလုပ်အား၊ မှန်တရားသည်၊
ပြည့်အားစစ်စစ်၊ ပြည့်အနှစ်ဟု၊ ပြည်ချစ်စိတ်နှင့် အမြင်နှင့်။ (ဆရာဇော်ဂျီ)

နတ်တော်လပြည့်ကျော် ၄-ရက်၊ ၁၃၇၆-ခု၊
(ဒီဇင်ဘာ ၁၀၊ ၂၀၁၄)၊ ဗုဒ္ဓဟူးနေ့။

အရှင်တိလောကာဘိဝံသ (အင်းစိန်)
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်မြို့။

No comments:

Post a Comment