Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Wednesday, January 6, 2016

၂၀၁၅-ခုနှစ် နှစ်ဟောင်းအကုန် ၂၀၁၆-ခုနှစ် နှစ်သစ် ကူးပြောင်းအခါသမယ၌ မြန်မာနိုင်ငံတော် တစ်ဝှမ်းလုံးရှိ ရဟန်းရှင်လူ ပြည်သူအားလုံးထံသို့ မဘသအဖွဲ့ကြီး(ဗဟို)မှ နှစ်သစ်ကူးပြောင်း အချိန်အခါ ဆုမွန်ကောင်းတောင်းအပ် မင်္ဂလာ သ၀ဏ်လွှာလေးပါ။






ခရစ်နှစ် ၂၀၁၆-ခု၊ ဇန်န၀ါရီလ ၁-ရက်၊ သောကြာနေ့ဝယ် ကျရောက်မည့်
နှစ်သစ်မင်္ဂလာ အခါသမယ၌
မြန်မာနိုင်ငံသူ, နိုင်ငံသား၊ ရဟန်းရှင်လူ. ပြည်သူအားလုံးသို့
ပေးပို့အပ်သော
နှစ်သစ်မင်္ဂလာ နှုတ်ခွန်းဆက် သ၀ဏ်လွှာ

နတ်တော်လပြည့်ကျော် ၅-ရက်၊ ၁၃၇၇-ခု၊ (ဒီဇင်ဘာ ၃၁၊ ၂၀၁၅) ကြာသပတေးနေ့။
အချိန်နှင့် ဒီရေသည် လူကိုမစောင့်-ဆိုသည့်အတိုင်း အချိန်သည် စက္ကန့်, မိနစ်-မလပ် အမြဲတမ်း ပြောင်းလဲနေမည်သာဖြစ်သည်၊ ယနေ့ဟာ တစ်ကမ္ဘာလုံး အများသုံး ခရစ်နှစ် ၂၀၁၅-နှစ်ဟောင်းကုန်ဆုံး၍ မနက်ဖြန် ၂၀၁၆-နှစ်သစ်သို့ ပြောင်းတော့မည်ဖြစ်ပါသည်။
နိုင်ငံတော်၏ စီးပွားရေး, ပညာရေး, လူမှုရေး, နိုင်ငံရေး-စသည် စီမံကိန်းမှန်သမျှ နှစ်ကုန်လျှင် စာရင်းချုပ်ရမြဲ ဖြစ်သည်၊ နှစ်ဟောင်း၏ စီမံကိန်းများမှ အားနည်းချက်, ချို့ယွင်းချက်, လစ်ဟင်းချက်များကို သုံးသပ်ဆင်ခြင်ပြီး နှစ်သစ်မှာ ထိုသို့မဖြစ်အောင် ကြိုတင်ပြင်ဆင်ဖို့ လိုအပ်နေပေပြီ။
အဟောင်းပျက်လျှင် အသစ်ပြင်လော့-ဆိုသည့်အတိုင်း နှစ်ဟောင်းမှ မလိုအပ်သည်များ ဟောင်းနွမ်းနေသည်များကို နှုတ်ပယ်ပြင်ဆင်၍ နှစ်သစ်မှာ လိုအပ်သော, ကောင်းမွန်သော လုပ်ရပ်များ, ခြေလှမ်းများ, စိတ်သစ်လူသစ်, ခွန်အားသစ်များဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွက် ဆက်လက်ချီတက်ဖို့ လိုအပ်နေပေပြီ။
အမိမြန်မာနိုင်ငံတော် တစ်ဝှမ်းလုံးရှိ ၀န်းကျင်အဖြာဖြာ အလွှာအသီးသီးသည် လုပ်ငန်းလုပ်ဆောင်ချက်များ ကွာခြားနိုင်သော်လည်း အမနိုင်ငံတော်၏ ကောင်းကျိုးလိုလားသည့် ဦးတည်ချက်မှာ တူကြရမည်သာ ဖြစ်ပါသည်၊ မတူတာတွေအသာထားပြီး အဆိုပါ နိုင်ငံတော်အတွက် ကောင်းကျိုးလိုလားသည့် ဦးတည်ချက်ကို ညီညီညွတ်ညွတ် လက်တွဲဆောင်ရွက်ကြပါဟု ရဟန်းရှင်လူ ပြည်သူအားလုံး၏ ကိုယ်စား အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ကြီး (မဘသ) ဗဟိုက နှစ်သစ်မင်္ဂလာ နှုတ်ခွန်းဆက် သ၀ဏ်လွှာ ပါးလိုက်ပါသည်။

ဘဒ္ဒန္တတိလောကာလိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့(ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်
(Arkar)