Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Monday, March 7, 2016

မြန်မာနိုင်ငံတစ်ဝှမ်း ဖြစ်ပေါ်လျက်ရှိသည့် မီးဘေးအန္တရာယ်များအား ကြိုတင် စီမံကာကွယ်နိုင်ရန်နှင့် မဘသအဖွဲ့အစည်းများမှလည်း စွမ်းနိုင်သည့်နေရာမှ ကူညီဆောင်ရွက်ပေးကြရန် အသိပေး ထုတ်ပြန်ကြေညာချက်အား မဘသ(ဗဟို)မှ (၆.၃.၂၀၁၆) နေ့စွဲဖြင့် ထုတ်ပြန်ကြေညာ.....



အသိပေး ထုတ်ပြန်ကြေညာချက်

ယခု ၂၀၁၆-ခု၊ နှစ်ဆန်းပိုင်းမှစ၍ မြန်မာနိုင်ငံဒေသအတော်များများ၌ မီးလောင်မှုများ မကြာမကြာ ဖြစ်ပေါ်နေပါသည်၊ ယခုနွေရာသီ ပူပြင်းချိန်ရောက်လာသည့်အခါမှာလည်း မီးဘေးများ ဖြစ်ပေါ်နိုင်ပါသည်၊ သူခိုး၊ ဓားပြဘေးကြောင့် ပစ္စည်းတစ်ချို့သာ ဆုံးရှုံးနိုင်သော်လည်း မီးဘေးနှင့်တွေ့ကြုံလျှင်ကား အ၀တ်စုတ်ပင် ကျန်မည်မဟုတ်ပါ၊ မီးဘေးရှောင် မလောင်ခင် တား-ဟူသောအဆိုအရ တာဝန်ရှိသူအားလုံး မီးဘေးကြိုတင်ကာကွယ်ရေး နည်းလမ်းများကို အမျိုးသားကာကွယ်ရေးစီမံချက်ဖြင့် ဘက်ပေါင်းစုံမှ စနစ်တကျ ကြိုတင်စီမံကာကွယ်ထားကြဖို့၊ အသိပညာပေးလုပ်ငန်းများ ထိထိရောက်ရောက် ဆောင်ရွက်ကြဖို့ မလွဲမသွေ လိုအပ်သည်၊

မီဘေးကာကွယ်နည်းများတွင် ဓမ္မလမ်းကြောင်းဖြင့် ကာကွယ်နည်းကိုလည်း အသိပေးညွှန်ကြားလိုပါသည်၊ ထိုဓမ္မနည်းလမ်းများတွင် ၀ဋ္ဋသုတ်ပရိတ်သည် မီးဘေးကင်းနိုင်သောကြောင့် မြန်မာနိုင်ငံတစ်ဝှမ်း ဒေသအသီးသီး၌ ၀ဋ္ဋသုတ်ပရိတ်တော်အပါအ၀င် ပရိတ်တော်၊ ဂုဏ်တော်၊ မေတ္တာတော်တို့ကို-

၁။ ဆရာတော် သံဃာတော်များ ပင့်ဆောင်၍ ရွတ်ဖတ်စေခြင်း၊
၂။ ရဟန်းရှင်လူ မည်သူမဆို အသီးသီးသော်လည်းကောင်း၊ စုပေါင်းရွတ်ဆိုသည့် ပရိတ်ပွဲများ ကျင်းပ၍သော်လည်းကောင်း ရွတ်ဖတ်ကြခြင်း-စသည်တို့ဖြင့် မီးဘေးကာကွယ်ကြပါဟု တိုက်တွန်းလိုပါသည်။

မဘသအဖွဲ့များက ဦးစီး၍လည်း ဒေသအလိုက် ပရိတ်ပွဲများ စီမံဆောင်ရွက်ပေးကြပါဟု အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး မဘသအဖွဲ့ကြီး(ဗဟို)က အသိပေးကြေညာလိုက်သည်၊

စာအမှတ်၊ ၀၀၀၁/စီမံ-မဘသ/၂၀၁၆
နေ့စွဲ၊ ၁၃၇၇-ခု၊ တပို့တွဲလပြည့်ကျော် ၁၂-ရက်
(မတ်လ ၆-ရက်၊ ၂၀၁၆)၊ တနင်္ဂနွေနေ့

ဘဒ္ဒန္တ တိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့(ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်၊
Arkar