Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Saturday, August 29, 2015

နေပြည်တော်၊ တပ်ကုန်းမြို့နယ်ရှိ မဘသဆရာတော်၊ သံဃာတော်များနှင့် လူပုဂ္ဂိုလ်များမှလည်း မဘသရေဘေးအလှူတော်တွင် ပါဝင်လှူဒါန်း



နေပြည်တော်၊ တပ်ကုန်းမြို့နယ်ရှိ မဘသဆရာတော်၊ သံဃာတော်များနှင့် လူပုဂ္ဂိုလ်များမှလည်း မဘသရေဘေးအလှူတော်တွင် အလှူတော်ငွေ ကျပ် (၁၈)သိန်း၊ တစ်ဆယ့်ရှစ်သိန်းကျပ် ပါဝင်လှူဒါန်းခဲ့ပါသည်။
Arkar

Friday, August 28, 2015

Carnival Magic (USA) မြန်မာလူငယ်များ စုပေါင်း၍ ရေဘေးသင့်ပြည်သူများအတွက် မဘသ(ဗဟို)သို့ပါဝင်လှူဒါန်း


Carnival Magic (USA) ရှိ မြန်မာလူငယ်များဖြစ်ကြသည့် ကိုစိုင်းမြင့်ဦး၊ ကိုကြီးသန်း၊ ကိုဝင်း၊ ကိုကျော်စိန်၊ ကိုမြင့်ဦးစိုး၊ ကိုမျိုး၊ ကိုထက်အောင်၊ ကိုဟိန်း၊ မခင်၊ မကြည်ကြည်၊ မနေဇာ၊ အရှည်ကြီးတို့မှ ရေဘေးသင့်ပြည်သူများအတွက် US 740$> မြန်မာငွေ (၉၄၆၄၆၀) ကျပ်အား အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို)ရုံး၊ ဦးမောင်မောင်မြင့် (ရုံးဦးစီးမှူး) ထံ (၂၈.၉.၂၀၁၅) ညနေ၌ လာရောက်လှူဒါန်းခဲ့ပါသည်။
Arkar

Wednesday, August 26, 2015

ပင်လောင်းမြို့ရှိ ဆရာတော်သံဃာတော်များမှလည်း ရေဘေးသင့်ပြည်သူများအတွက် လူဒါန်းငွေ (၁၆၆၈၀၀) ကျပ်အား မဘသ(ဗဟို) ဥက္ကဋ္ဌဆရာတော်ဘုရားကြီးထံ လာရောက်လှူဒါန်း....







ပင်လောင်းမြို့ရှိ ဆရာတော်သံဃာတော်များမှလည်း ရေဘေးသင့်ပြည်သူများအတွက် လူဒါန်းငွေ (၁၆၆၈၀၀) ကျပ်အား မဘသ(ဗဟို) ဥက္ကဋ္ဌဆရာတော်ဘုရားကြီးထံ လာရောက်လှူဒါန်းခဲ့ပါသည်။
Arkar

ရန်ကုန်တိုင်းဒေသကြီး မဘသအဖွဲ့မှ ဆရာတော် ဦးပညိန္ဒ မှလည်း မဘသ(ဗဟို) ရေဘေးအလှူတော်သို့ စုပေါင်းအလှူငွေအဖြစ် ငွေကျပ်-၂၅သိန်း- (နှစ်ဆယ့်ငါးသိန်း) အား (၂၅.၈.၂၀၁၅) အင်္ဂါနေ့ညနေ၌ လာရောက်လှူဒါန်းသွားပါခဲ့သည်။




Arkar

Monday, August 24, 2015

ထေရ၀ါဒ ဓမ္မကွန်ရက်အဖွဲ့မှ ဦးဆောင်၍ ၁၃၇၇-ခု၊ ၀ါခေါင်လပြည့်၊ (၂၀၁၅-ခု၊ သြဂုတ်လ ၃၀-ရက်) တနင်္ဂနွေနေ့၌ ဘာသာရေး၊ လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်းကျင်းပပြုလုပ်သည့် ၅၃-နှစ်မြောက် နိုင်ငံတော်ဘာသာနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သော အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ကြီး (ဗဟို) ဥက္ကဋ္ဌဆရာတော်ကြီး၏ သ၀ဏ်လွှာ.....

Arkar

ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်လုံးဆိုင်ရာ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (မဘသ)အဖွဲ့ ဆရာတော်၊ သံဃာတော်များမှလည်း ရေဘေးသင့်ပြည်သူများအတွက် ပါဝင်လှူဒါန်း


ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်လုံးဆိုင်ရာ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (မဘသ)အဖွဲ့ ဆရာတော်၊ သံဃာတော်များမှလည်း ရေဘေးသင့်ပြည်သူများအတွက် မဘသ(ဗဟို)ရုံးတည်ရှိရာ အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်( ရန်ကုန်)သို့
(၂၄.၈.၂၀၁၅) မနက် ၁၁း၀၀နာရီအချိန်၌
ငွေကျပ်- ၅-သိန်း၊ ငါးသိန်းကျပ်နှင့်
သင်္ကန်းအစုံ-(၁၅၀)-အား
မဘသ(ဗဟို) ဥက္ကဋ္ဌဆရာတော် အရှင်တိလောကာဘိဝံသထံ ရေဘေးအလှူတော်အဖြစ် လာရောက်လှူဒါန်းခဲ့ပါသည်။
မဘသရေဘေးအလှူ
နတ်လူသာဓု ခေါ်ဆိုနိုင်ပါစေ...

Arkar

Saturday, August 22, 2015

ရေဘေးသင့်ပြည်သူများအတွက် ထားဝယ်လေးမြို့နယ်များဖြစ်ကြသည့် ထားဝယ်၊ သရက်ချောင်း၊ လောင်းလုံမြို့နယ်နှင့် ရေဖြူမြို့နယ်ရှိ မဘသအဖွဲ့ဝင်များမှလည်း အားတက်သရောပါဝင်လှူဒါန်း


ထားဝယ်လေးမြို့နယ်များဖြစ်ကြသည့် ထားဝယ်၊ သရက်ချောင်း၊ လောင်းလုံမြို့နယ်နှင့် ရေဖြူမြို့နယ်ရှိ မဘသအဖွဲ့ဝင်များမှ ရေဘေးသင့်ပြည်သူများ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များအတွက်
ငွေကျပ်(၃၈)သိန်း သုံးဆယ့်ရှစ်သိန်းအပါအ၀င်
ဆန်အိတ်-၂၁-အိတ်၊
ပဲအိတ်-၁အိတ်၊
အ၀တ်အထည်ပီနံအိတ်-၈၈အိတ်နှင့်
မီးဖိုးသောင်သုံးပစ္စည်းအထွေထွေ ဂျပ်ဖာပုံး ၂၄-ဖာတို့အား

မဘသ(ဗဟို)ဥက္ကဋ္ဌဆရာတော်ဘုရားကြီးထံ (၂၂.၈.၂၀၁၅)စနေနေ့ မွန်းလွဲ ၁၁း၀၀ အချိန်၌ လာရောက်ဆပ်ကပ်လှူဒါန်းသွားပါသည်။
ဆက်လက်၍လည်း မဘသ(ဗဟို)ဦးဆောင်သည့် ရေဘေးသင့်ပြည်သူများ ကယ်ဆယ်ရေးအဖွဲ့မှ ထောက်ပံ့ရေးပစ္စည်းများ လိုအပ်နေသည့် နေရာများသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းသွားမည်ဖြစ်ပါသည်။

Arkar

အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ ဗဟိုဥက္ကဌ ဆရာတော်ဘုရားကြီးနှင့် ဗဟိုဦးဆောင်ဆရာတော်များဖြစ်ကြသည့် မြစေတီဆရာတော်ကြီး!ဒေါက်တာအရှင်ကောဝိဒ တို့အားSKY NET ရုပ်သံ မှLIVE INTERVEW ပင့်ဖိတ်ရိုက်ကူး


အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ ဗဟိုဥက္ကဌ ဆရာတော်ဘုရားကြီးနှင့် ဗဟိုဦးဆောင်ဆရာတော်များဖြစ်ကြသည့် မြစေတီဆရာတော်ကြီး!ဒေါက်တာအရှင်ကောဝိဒ တို့အားSKY NET ရုပ်သံ မှLIVE INTERVEW ပင့်ဖိတ်ရိုက်ကူးမှု့ကြောင့် ဗိုလ်တထောင်မြို့နယ် သံလျှက်စွန်း skynet ရုံးချုပ်သို့ ယနေ့ 21.8.2015 သောကြာနေ့ နေ့လည်အချိန်တွင်ကြွရောက် ၍ရှင်းလင်းမိန့်ကြာတော်မူခဲ့ပြီး အမျိုး ဘာသာ သာသနာဆိုင်ရာ ရေးရာများ! လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များ! ဘာသာရေးနှင့်နိုင်ငံရေး အစရှိသည်များအား မေးမြန်းဖြေကြားခဲ့ပါသည်။ အဆိုပါရိုက်ကူးရေးရုပ်သံအား ခန့်မှန်းနေ့ရက် သြဂုတ်လ ၂၃-ရက်နေ့တွင် skynet up to date channel, myanmar national channal, buddha channel တို့၌ထုတ်လွင့် တင်ဆက်သွားမည်ဖြစ်ကြောင်းလည်း အသိပေးအပ်ပါသည်။
Arkar

မဘသ(ဗဟို)ဦးဆောင် လ-ပတ် အထူးအစည်းအဝေး ပင့်လျှောက်လွှာ (၃၁-၈-၂၀၁၅)


အခမ်းအနားအစီအစဉ်
၁၃၇၇-ခု၊ ၀ါခေါင်လပြည့်ကျော်(၁)ရက်၊ (၃၁-၈-၂၀၁၅)၊ တနင်္လာနေ့။
အချိန် = နေ့လည် (၁း၀၀)နာရီ
နေရာ = ရွာမပရိယတ္တိစာသင်တိုက်၊ ရွာမအနောက်ရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

ပင့်လျှောက်လွှာ
၁။ယခုအချိန်အခါ၌ တွေ့ကြုံပြီး၊ တွေ့ကြုံဆဲ ရေဘေးများကြောင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ မလွဲမသွေ လိုအပ်မည်ဖြစ်ပါသည်။ ထိုပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် လိုအပ်ချက်များကို မဘသ အဖွဲ့များမှလည်း စွမ်းနိုင်ရာက စွမ်းနိုင်သလောက် ပါဝင်ကူညီ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၂။ အထူးအားဖြင့် အချို့သောဒေသများ၌ ကျောင်းသူကျောင်းသား များ ပြန်လည်စာသင်ကြားလို့ မရနိုင်လောင်အောင် နေရာအခက်အခဲ ရှိနိုင်ပါသည်။ ထိုလိုအပ်ချက်များအတွက်-

(က) သင့်လျော်သည့် ဘုန်းတော်ကြီးကျောင်းများ၌ဖြစ်စေ၊ ဇရပ်, တန်ဆောင်း-စသော ဘာသာရေးအဆောက်အအုံများ၌ဖြစ်စေ လိုအပ်သလို ယာယီလတ်တလော နေရာပေးနိုင်ရေး၊

(ခ) သောက်ရေအခက်အခဲရှိသော နေရာများ၌ သောက်ရေရရှိရေး၊
-စသည်တို့ကို ကူညီဖြေရှင်းပေနိုင်ရန်-စသော လိုအပ်ချက်များကို ဆွေးနွေးတိုင်ပင် ညှိနှိုင်းလိုပါ၍

ဆရာတော်များကိုယ်တိုင် တစ်ဖက်ပါအစီအစဉ်အတိုင်း ကြွရောက်ဆွေးနွေး အကြံပြုပေးပါရန် လေးစားစွာ ပင့်လျှောက်အပ်ပါသည်။

Arkar

Thursday, August 13, 2015

အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို)၏ သဘောထားထုတ်ပြန်ချက် (၈/၂၀၁၅) (၁၃.၈.၂၀၁၅)


၁။ ၂၀၁၅-ခု၊ သြဂုတ်လ ၁၂-ရက်နေ့ ရေဘေးကယ်ဆယ်ရေးမှအပြန် ကျောင်းကုန်းမြို့နယ်၌ ကားမတော်တဆ တိမ်းမှောက်ပြီး ဆရာတော် ၂-ပါး(ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် မဘသဒုတိယဥက္ကဋ္ဌ ဦးပညာဒီပါလင်္ကာရ၊ ဦတိလောက-ဗုဒ္ဓတက္ကသိုလ်)နှင့် လူပုဂ္ဂိုလ် ၃-ဦး (ဒေါက်တာနေမျိုးအောင်၊ ဓမ္မစကူလ်းဆရာမ ဒေါ်အေးမြတ်သူ, ဒေါ်လှလှရီ) တို့ ပျံလွန်/သေဆုံးသွားကြောင်း ကြားသိရသဖြင့် လွန်စွာစိတ်မကောင်းဖြစ်ရပါသည်၊ ဒါတွင်မက မကြာမီက ပြည်, မုံရွာနယ်-စသည့် ဒေသအသီးသီး၌ ရေဘေးကယ်ဆယ်သွားရင်း အသက်ပေးသွားသူများအတွက်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများ, မိသားစုဝင်များနှင့် ထပ်တူထပ်မျှ ၀မ်းနည်းပူဆွေးရပါသည်။

၂။ တစ်နိုင်ငံလုံးရှိ မဘသအဖွဲ့ဝင်များ ဦးဆောင်၍ ကုသိုလ်ရှင်များက ရေဘေးဒုက္ခသည်များထံ ကိုယ်တိုင်သွားရောက်၍လည်းကောင်း၊ မဘသအဖွဲ့ကြီး(ဗဟို)သို့ ပို့ဆောင်ပြီး ဗဟိုအစီအစဉ်ဖြင့် လိုအပ်သည့် ဒေသများသို့ ပို့ဆောင်၍ လည်းကောင်း ရေဘေးဒုက္ခသည်များကို ကူညီပေးနေပါသည်။
မဘသအဖွဲ့ကြီး(ဗဟို)သို့ စေတနာရှင်များ လှူဒါန်းထားပြီးသော ပမာဏမှာ-
ကျပ်ငွေ-၅၇၁၇၄၄၅၀-ကျပ် (ကျပ်သိန်း ငါးရားခုနစ်ဆယ့်တစ်သိန်းကျော်)
ဆန်, ခေါက်ဆွဲ, အ၀တ်အစား, အသုံးအဆောင်, ရေသန့်-စသော ပစ္စည်းမျိုးစုံတို့ ဖြစ်ပါသည်။
မဘသအဖွဲ့ကြီး(ဗဟို)မှ လှူဒါန်းပြီး ပမာဏမှာလည်း
ကျပ်ငွေ ၂၆၁၀၀၀၀၀-ကျပ် (ကျပ်သိန်း နှစ်ရာခြောက်ဆယ့်တစ်သိန်း)
ဆန်အိတ်-၅၀၀၊ အခြားသောပစ္စည်းမျိုးစုံတို့ ဖြစ်ပါသည်။
အရံ ဆန်အိတ် ၁၀၀၀-အပါအ၀င် ကျန်ငွေနှင့်ပစ္စည်းများကိုလည်း လိုအပ်သလို ဆက်လက်လှူဒါန်းနေပါသည်၊ ထပ်မံရောက်ရှိလာမည့် အလှူငွေနှင့် ပစ္စည်းများကိုလည်း ပြန်လည်ထူထောင်ရေး ကာလတိုင်အောင် စဉ်ဆက်မပျက် ထောက်ပံ့ကူညီနေဦးမည် ဖြစ်ပါသည်။


၃။ (က) အဆိုပါအသက်စွန့် ပေးဆပ်သွားသော မဘသဆရာတော်များကို သာသနာ့အာဇာနည်အဖြစ် လည်းကောင်း၊ လူပုဂ္ဂိုလ်များကို မြန်မာ့သူရဲကောင်းအဖြစ်လည်းကောင်း မဘသအဖွဲ့ကြီး(ဗဟို)က မှတ်တမ်းတင် ဂုဏ်ယူပါကြောင်းနှင့်
(ခ) မဘသဦးဆောင်သည့် ရေဘေးကယ်ဆယ်ရေးအဖွဲ့များ၏ ကုသိုလ်အစုစု အဖို့ဘာဂ၊ အခြားကုသိုလ်ရှင်များ၏ ကုသိုလ်အစုစု အဖို့ဘာဂတို့ကို လူအရပ်ရပ် နတ်အထွေထွေ ဗြဟ္မာမကြွင်း အားလုံးသော သတ္တ၀ါဝေနေယျတို့အား အမျှပေးဝေလိုက်ပါကြောင်း အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး မဘသအဖွဲ့ကြီး(ဗဟို)မှ သဘောထားထုတ်ပြန် ကြေညာလိုက်ပါသည်။


စာအမှတ်၊ ၀၀၃၈/ စီမံ-မဘသ/၂၀၁၅
နေ့စွဲ၊ ၁၃၇၇-ခု၊ ဒုတိယ၀ါဆိုလပြည့်ကျော် (၁၃)ရက်
(သြဂုတ်လ ၁၃-ရက်၊ ၂၀၁၅)၊ ကြာသပတေးနေ့၊
ဘဒ္ဒန္တ တိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့(ဗဟို)၊
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။

Arkar

Wednesday, August 12, 2015

မဘသ ဗဟိုဦးဆောင်မှုဖြင့် မင်းပြားမြို့နယ်ရှိရေဘေးသင့်ပြည်သူများသို့ ဗဟိုဦးဆောင်ဆရာတော်များနှင့် လူပုဂ္ဂိုလ်များမှကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်း

မဘသ ဗဟိုရဲ့ဦးဆောင်မှုဖြင့် မင်းပြားမြို့နယ် အတွင်းရေဘေးသင့်ပြည်သူများအတွက်လှူဒါန်းသော ပစ္စည်းများကို ကျေးရွာ နှစ်ရွာသို့သာကိုယ်တိုင်သွားခဲ့ကြပြီး
ကျန်ရေဘေးသင့်ခံကျေးရွာများအတွက် မင်းပြားမြို့ ဓမ္မိကာရုံကျောင်းတွင်ဖွင့်လှစ်ထားသော ထောက်ပံ့ရေးအဖွဲ့သို့အပ်နံခဲ့ပါတယ်။
၎င်းတို့အဖွဲက ကျေးရွာများအစုံရောက်ရှိရေးအတွက်မျှတအောင် စီမံနေကြောင်းသိရှိရပါတယ်။
မြို့နယ်အတွင်း ကျန်ဒေသများအတွက် ဆန် ဆီ ပဲ အဝတ်ကြီးသေး ဆိုက်စုံ ငါးသေတ္တာ မုန့်ခြောက်နှင့်မုန်မျိုးစုံ မီးခြစ် ဓာတ်မီး အအေးဗူး ရေသန့်ဗူးများ များစွာ လှူဒါန်းပေးထားခဲ့ပါတယ်။
ထူထောင်ရေးအတွက် ငွေကျပ် သိန်းငါးဆယ် တိတိ (၅၀၀၀၀၀၀) ပေးလှူခဲ့ပါသည်။
ထို့အပြင် မင်းပြားမြို့နယ်အတွင်း ရေဘေးကြောင့် သေဆုံးခဲ့ရသူ ၁၆ ဦးအတွက် တစ်ဦးလျှင် တစ်သိန်းကျပ် ပေါင်း ၁၆ သိန်းကျပ်ကိုလည်း လှူဒါန်းခဲ့ပါသည်။
မင်းပြားခရီးစဉ် လှူဒါန်းမှုအတွက် ဝမ်းမြောက်နုမော် သာဓု ခေါ်နိုင်ကြပါစေ
ညနေ ၆နာရီမှာတော့ မင်ပြားမှ မြောက်ဦးမြို့သို့ ဆက်လက် ထွက်ခွာမည်ဖြစ်ပါသည်။
Arkar