Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Saturday, February 28, 2015

ကိုးန၀င်းဖတ်စာ (အရှင်တိလောကာဘိဝံသ) သာကီသွေးဂျာနယ်၊ အတွဲ-၂၊ အမှတ်-၁၇


ကိုးန၀င်းဖတ်စာ (အရှင်တိလောကာဘိဝံသ)
သာကီသွေးဂျာနယ်၊ အတွဲ-၂၊ အမှတ်-၁၇

အပ္ပမာဒေန သမ္ပာဒေထ သီလ, သမာဓိ, ပညာဖြည့်ကျင့်ဖို့ သတိမမေ့ကြနှင့်။
၁။ မတရားမှု မလုပ်ခြင်းသည်လည်း သီလပင်ဖြစ်သည်။
၂။ မတရားမှုဆိုသည်မှာ ကိုယ်,နှုတ်တို့ဖြင့်ပြုသော ကာယကံ, ၀စီကံ ဒုစရိုက်များပင်ဖြစ်သည်။ (၀ါရိတ္တသီလ)
၃။ တာဝန်သိခြင်း, တာဝန်ယူခြင်း, ခေါင်းမရှောင်ခြင်းသည်လည်း သီလပင်ဖြစ်သည်။ (စာရိတ္တသီလ)
၎။ တာဝန်ဆိုသည်မှာ လူသားတိုင်းမဖြစ်မနေလိုက်နာရမည့် ကာလ၊ ဒေသ၊ ပုဂ္ဂလဆိုင်ရာ လူမှုဝတ္တရား လူ့ယဉ် ကျေးမှုများဖြစ်သည်။
၅။ အဆင့်မြင့် တကယ့်ထိုက်တန်သည့် အထွတ်အထိပ်ရောက်ဖို့ တည်တည်ငြိမ်ငြိမ် သမာဓိရှိမှ ဖြစ်နိုင်သည်။
၆။ အဆိုပါသမာဓိအဆင့်ကိုလည်း သတိကြီးစွာထားပြီး မလျှော့သောဇွဲဖြင့် ကြိုးစားဖို့လိုသည်။
၇။ အဆိုပါထိုက်တန်သည့် သီလ၊ သမာဓိအခြေခံခိုင်မာမှ မှန်ကန်သည့် သိမြင်မှု ပညာအဆင့်သို့ ရောက်မည်။
၈။ မှန်ကန်သည့် သိမြင်မှုပညာကိုလည်း အတွေးအခေါ်မှန်ကန်မှု သမ္မာသင်္ကပ္ပဖြင့် ထောက်ကူပေးမှရမည်။
၉။ သီလ, သမာဓိ, ပညာနှင့် ရိုးသားမှု, ကြိုးစားမှုတို့သည် အဆိုကွဲသော်လည်း သဘောမှအတူတူပင်ဖြစ်၍ ဤအင်္ဂါရပ်များပြည့်စုံလျှင် လောကီ၊ လောကုတ္တရာရေးရာအားလုံး မလွဲမသွေ ပြီးပြည့်စုံမည်သာဖြစ်ပေမည်။


မှတ်ချက်- ရိုးသားမှု, ကြိုးစားမှု= သီလ, သမာဓိ, ပညာ = မဂ္ဂင်၈-ပါး။


တပေါင်းလဆန်း-၆ရက်၊ ၁၃၇၆-ခု၊
ဖေဖေါ်ဝါရီလ-၂၃၊ ၂၀၁၅၊ တနင်္လာနေ့။


အရှင်တိလောကာဘိဝံသ (အင်းစိန်)
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်မြို့။

Sunday, February 15, 2015

ယခုလက်ရှိ မြန်မာ့နိုင်ငံအရှေ့မြောက်ပိုင်းလောက်ကိုင်ဒေသတွင် ဖြစ်ပေါ်နေသောတိုက်ပွဲများ၌ အမိမြေအတွက် ရွပ်ရွပ်ချွံချွံ အသက်ပေး၍ တိုက်ပွဲဝင်ခဲ့ကြသော မြန်မာ့အမျိုးချစ် သူရဲကောင်းများအား လေးစားဂုဏ်ယူ ဂုဏ်ပြုသောအနေဖြင့် ထုတ်ပြန်ကြေညာအပ်သော မဘသဗဟို၏ ထုတ်ပြန်ကြေညာချက်လေးပါ။


အမျိုး ဘာသာ သသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို)၏
သဘောထားထုတ်ပြန်ကြေညာချက်

မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း လောက်ကိုင်ဒေသ၌ ဖြစ်ပေါ်နေသော အမိနိုင်ငံတော်အား ကျူးကျော်စော်ကား လာသော မြန်မာ့ရန်သူများကို ရွပ်ရွပ်ချွံချွံတွန်းလှန်ကာကွယ်ကြသော မြန်မာ့မျိုးချစ်သူရဲကောင်း သားကောင်း, သမီးကောင်းများ အသက်စွန့်၍ တိုင်းပြည်အတွက် တာဝန်ကျေပွန်စွာ ထမ်းဆောင်သွားသည်ကို ၀မ်းမြောက် ဂုဏ်ယူပါသည်။

ထိုတရားသောစစ်ပွဲ ဆင်နွှဲရာ၌ စစ်ဘေးဒဏ်ကြောင့် ထိခိုက်နစ်နာ ဆုံးရှုံးမှုများကို ကြားသိရသဖြင့် ထိခိုက်နစ် နာသူများနှင့် ထပ်တူထပ်မျှ စာနာခံစားမိပါသည်။

မိမိတို့၏ ပြည်ထောင်စုဖွား တိုင်းသူပြည်သားများ၏ အန္တရာယ်ကို ကာကွယ်ပေးခြင်း, ကာကွယ်ပေးနေသူများကို စွမ်းနိုင်ရာက အားပေးခြင်း, ကူညီခြင်း, အန္တရာယ်ကျရောက်၍ ထိခိုက်နစ်နာဆုံးရှုံးသူများကို စွမ်းနိုင်ရာက အားပေးခြင်း, ကူညီခြင်း စသည်တို့သည် ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့၏ မိမိမျိုးနွယ်ကောင်း ကျိုးအတွက် ကျင့်ဆောင်ခြင်းဟူသော အလွန်မွန်မြတ်သည့် ဥာတတ္ထစရိယာလမ်းစဉ်ပင် ဖြစ်ပါသည်။

ထို့ကြောင့် တိုင်းပြည်နှင့်လူမျိုးကို ချစ်မြတ်နိုးကြသော ရဟန်း,ရှင်,လူ ပြည်သူတို့ကလည်း အန္တရာယ်ကို ကာကွယ်ပေးနေသူများနှင့် ထိခိုက်နစ်နာဆုံးရှုံးသူများကို စွမ်းနိုင်ရာက အားပေးကူညီကြခြင်းအားဖြင့် အလွန်မွန်မြတ်သည့် ဥာတတ္ထစရိယာလမ်းစဉ်ကို လိုက်ကြပါဟု အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ကြီး (ဗဟို)က တိုက်တွန်းနှိုးဆောင်အပ်ပါသည်။

ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့(ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒါစရိယ

ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။
စာအမှတ်၊ ၀၀၂၅/စီမံ-မဘသ/၂၀၁၅
နေ့စွဲ၊ ၁၃၇၆-ခု၊ တပို့တွဲလပြည့်ကျော် ၁၂-ရက်
(ဖေဖေါ်ဝါရီ-၁၅)၊ တနင်္ဂနွေနေ့

အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို)၏ အနာဂတ် နိုင်ငံ့မျိုးဆက်သစ်များသို့ မေတ္တာရပ်ခံပန်ကြားချက် (စာအမှတ် -၀၀၂၄)


အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို)၏
အနာဂတ် နိုင်ငံ့မျိုးဆက်သစ်များသို့ မေတ္တာရပ်ခံပန်ကြားချက်

ကျောင်းသားသပိတ်ဆင်နွှဲရာတွင် ပါဝင်နေကြသော အနာဂတ်မြန်မာ့မျိုး ဆက်သစ်ကျောင်းသား ကျောင်းသူအပေါင်းတို့-
သားတို့သမီးတို့သည် မြန်မာ့အမျိုးသားပညာရေးအတွက် ဇွဲမာန်အပြည့် ဖြင့် ဒီမိုကရေစီနည်းကျ သပိတ်စစ်ကြောင်းဆသ်နွှဲကာ တောင်းဆိုဆန္ဒ ထုတ်ဖော်ခဲ့သည်ဟု ကြားသိရပါသည်။ ကျောင်းသားကျောင်းသူတို့၏ တောင်းဆိုသည့်အတိုင်းလည်း ဒီမိုကရေစီစနစ်နှင့်အညီ တာဝန်ရှိကြသူ တို့၏ လေးပွင့်ဆိုင်စားပွဲဝိုင်း တွေ့ဆုံညှိနှိုင်းပြီး ကျောင်းသားကျောင်းသူ တို့တောင်းဆိုသည့် အချက်များကိုလည်း ပြည့်ပြည့်စုံစုံ ညှိနှိုင်းရယူနိုင်ခဲ့ သည်ဟု သိရသဖြင့် ကျောင်းသားကျောင်းသူတို့၏ သမိုင်းတွင်သည့် အောင်မြင်မှုဟုပင် ဆိုရမည်ဖြစ်ပါသည်။
ပညာရေးစနစ်မကောင်းလျှင်၊ နိမ့်ပါးလျှင် တိုင်းပြည်နှင့်လူမျိုးအတွက် လည်း ရလဒ်မကောင်းနိုင်ပါ။ သို့ဖြစ်၍ မိမိတို့၏ မဘသအဖွဲ့ကြီးကလည်း အဆင့်မီ အမျိုးသားပညာရေးစနစ် ပေါ်ထွန်းရေးအတွက် သားတို့သမီးတို့ နှင့် တစ်သဘောတည်းရှိနေပါသည်။ ဤပညာရေးစနစ်မျိုး ရရှိအောင် လည်း မဘသအဖွဲ့ကြီးအနေဖြင့် တိုင်းပြည်နှင့်လူမျိုးအတွက် ဆက်လက် ၀ိုင်းဝန်းကူညီပေးသွားမည်သာ ဖြစ်ပါသည်။
ယခုကဲ့သို့ပင် ဆွေးနွေးညှိနှိုင်းအဖြေရှာခြင်းဟူသော ဒီမိုကရေစီစံနှုန်းများ ဖြင့် ဆက်လက်၍ ညီညီညွတ်ညွတ် ညှိနှိုင်းတိုင်ပင် လုပ်ဆောင်သွားကြ မည်ဆိုလျှင် တိုင်းပြည်နှင့်လူမျိုးအတွက် အဆင့်မီသော ကောင်းသော ဒီမို ကရေစီပညာရေးစနစ်များ၊ အမျိုးသားပညာရေးစနစ်များ၊ ကောင်းသောရ လဒ်များ ပေါ်ထွက်လာမည်မှာမလွဲပေ။
အဟောင်းပျက်လျှင် ၊ အသစ်ပြင်လော့၊ အမြင်ကျယ်၍၊ ပညာမွေ့လော။
ယနေ့လူငယ်၊ နောင်ဝယ်လူကြီး၊ သင်လည်းတစ်ဦး၊ သားထူးသားမြတ်၊
ဖြစ်အပ်ရာသည်၊ ရှေ့သို့ရည်၍။
ဆိုသော မြန်မာ့လမ်းညွှန် ဆရာကြီးဇော်ဂျီ၏အဆိုအတိုင်း သားတို့သမီး တို့သည် နောင်အနာဂတ်အတွက် လူကြီးလူကောင်းများ တိုင်းပြည်၏ သားသမီးရတနာများ ဖြစ်လာကြမည်ဖြစ်ပေသည်။ ယခုရရှိခဲ့သော အောင်မြင်မှုများကိုပွေ့ပိုက်ကာ မိမိတို့၏ ပညာရေးခ၇ီးအတွက်သာ ရှေးရှု၍ မိဘဆရာသမားများရင်ခွင်မှာ ပြန်လည်ခိုလှုံပြီး အေးအေးချမ်း ချမ်း စာမေးပွဲဖြေဆိုဖို့သာ ကြိုးစားကြပါဟု ရဟန်း၊ ရှင်၊ လူ၊ ပြည်သူအား လုံးတို့၏ကိုယ်စား အမျိုး ဘာသာ သသနာစောင့်ရှောက်ရေးအဖွဲ့ (ဗဟို)က အနာဂတ်မြန်မာ့မျိုးဆက်သစ်များအား တန်ဖိုးထားမြတ်နိုးသော အားဖြင့် လေးလေးနက်နက် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။

ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့ (ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။

စာအမှတ်။ ။ ၀၀၂၄/စီမံ-မဘသ/၂၀၁၅
နေ့စွဲ။ ။ ၁၃၇၆-ခု၊ တပို့တွဲလပြည့်ကျော် ၁၂-ရက်။
(ဖေဖေါ်ဝါရီ-၁၅)၊ တနင်္ဂနွေနေ့။

Saturday, February 14, 2015

Skynet ရုပ်သံလိုင်းမှ စနေနေ့ နေ့လည် ၁း၀၀တွင် ဒုတိအကြိမ်မြောက်လာရောက်တွေ့ဆုံမေးမြန်း








Skynet ရုပ်သံလိုင်းမှ စနေနေ့ နေ့လည် ၁း၀၀တွင် ဒုတိအကြိမ်မြောက်လာရောက်တွေ့ဆုံမေးမြန်းပြီး
မဘသဗဟို ဥက္ကဋ္ဌဆရာတော် အရှင်တိလောကာဘိဝံသနှင့် ဗဟိုဦးဆောင်ဆရာတော်၊ များဖြစ်ကြသည့်  တိပိဋကဆရာတော်ဦးသီလက္ခန္ဓ၊ ဦးပညာဝရ (သိမ်ဇရပ်)၊ မြနန်းဆရာတော် ဦးသဒ္ဓမ္မ၊ ဒေါက်တာအရှင်သောပါက (ဇေတ၀န်)၊ ဟိတဓရဆရာတော် အရှင်ဝိမလာဘိဝံသ နှင့် ဗဟိုအဖွဲ့ဝင် MRTV-4 ဆရာတော် ဦးကဉ္စနောဘာသတို့မှ ကြွရောက်ချီးမြင့်ပြီး မဘသနှင့် 969 ဆိုင်ရာများ သာကီသွေးနှင့် အောင်ဇေယျတုဂျာနယ်ရပ်ဆိုင်ရာများ ရှင်းလင်းမိန့်ကြားတော်မူခဲ့ပါသည်။

ပထမနေ့နှင့်ဒုတိယနေ့ ၂-ရက်စာကို လေးပိုင်းခွဲပြီး 4 ရက်အဖြစ် ပိုင်းခြားတင်ဆက် ထုတ်လွှင့်မည်ဖြစ်ပြီး
ပထမပိုင်းအစီအစဉ်အား ယနေ့ ည 8 နာရီ တွင် စတင်တင်ဆက်ထုတ်လွှင့်မည်ဖြစ်ပါသည်။
(Arkar)

( ၁၁.၂.၂၀၁၅) အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) အရေးပေါ် အထူးအစည်းအဝေးကြီးမှ ထုတ်ပြန်လိုက်သည့် သဘောထားကြေညာချက်


အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို)
အရေးပေါ် အထူးအစည်းအဝေးကြီးမှ ထုတ်ပြန်လိုက်သည့်
သဘောထားကြေညာချက်

(၂.၂.၂၀၁၅)တွင် ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ခဲ့သော ၀ှိုက်ကဒ်ကိုင်ဆောင်သူများအား မဲပေးခွင့်ပြု ခြင်းနှင့်ပတ်သက်၍ (၁၁.၂.၂၀၁၅)တွင်ကျင်းပသော အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို)၏ အရေးပေါ်အထူးအစည်းအဝေးကြီးမှ အောက်ပါအတိုင်း သဘောထားကြေညာချက် ထုတ်ပြန်လိုက်သည်။

၁။ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို)က ကျင်းပသော အရေးပေါ်အထူးအစည်းအ ဝေးကြီး၏ ဆုံးဖြတ်ချက်အရ ``(၂.၂.၂၀၁၅)တွင်ကျင်းပသော ပြည်ထောင်စုလွှတ်တော်၏ ၀ှိုက်ကဒ်ကိုင် ဆောင်သူများအား မဲပေးခွင့်ပြုကြောင်း ဆုံးဖြတ်ချက်သည် ၁၃၅-မျိုးသော တိုင်းရင်းသားပြည်သူအားလုံးအနေ ဖြင့် မည်သို့မျှ ခွင့်မလွှတ်နိုင်သော သမိုင်းအမွေဆိုးကြီးကို ဆက်လက်ကျူးလွန်လိုက်ခြင်းဖြစ်သည်´´ ဟု တညီ တညွှတ်တည်း သတ်မှတ်လိုက်သည်။

၂။ ၂၀၀၈-ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁)၊ အပိုဒ်(၄)၌ နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌တည်သည်´´ ဆိုသည့် ပြဋ္ဌာန်းချက်အရ ``နိုင်ငံသား မဟုတ်သော လူမျိုးစုများမှာ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ၀င်ရောက်စွက်ဖက်ခွင့် လုံးဝမရှိစေရေး ဆောင်ရွက်ပေးရန်´´ လေးလေးနက်နက်တိုက်တွန်းလိုက်သည်။

၃။ ထို့ကြောင့် ၂၀၀၈-ခုနှစ်၊ အခြေခံဥပဒေပြင်ဆင်ရေး ဆန္ဒခံယူပွဲမှစ၍ နောင်လာမည့် မည်သည့်ဆန္ဒခံယူ ပွဲ၊ မည်သည့်ရွေးကောက်ပွဲ၌မဆို ``နိုင်ငံတော်၏သစ္စာကို မစောင့်သိသော၊ နိုင်ငံတော်၏အချုပ်အခြားအာဏာ ကို အန္တရာယ်ပြုနိုင်သော မည်သည့်လူမျိုးစုကိုမျှ ယာယီသက်သေခံလက်မှတ် (၀ှိုက်ကဒ်)ဖြင့် မဲပေးခွင့်မပြုရန်´ ပြတ်ပြတ်သားသား တောင်းဆိုလိုက်သည်။

စာအမှတ်၊ ၀၀၂၃/စီမံ-မဘသ/၂၀၁၅
နေ့စွဲ၊ ၁၃၇၆-ခု၊ တပို့တွဲလပြည့်ကျော် ၈ရက်၊
ဖေဖေါ်ဝါရီ-၁၁၊ ဗုဒ္ဓဟူးနေ့
ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသ(ဗဟို)
(နိုင်ငံတော်သြ၀ါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ)
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်

(ARKAR)

Monday, February 9, 2015

လှိုင်မြို့နယ် ၁၃ ရပ်ကွက် ဇေတ၀န်ကျောင်းတိုက်တွင် ပြုလုပ်သည့် ၅၂ နှစ်မြောက် ဗုဒ္ဓဘာသာနေ့ အခမ်းအနားတွင် ဟောပြောခဲ့သော သိမ်ဇရပ်ဆရာတော် ဓမ္မဒူတ အရှင်ပညာဝရ၏ အမျိုးစောင့်ဥပဒေအပေါ် ရှင်းလင်းမိန့်ကြားချက်များအား အမေးအဖြေ ပုံစံဖြင့် တင်ပြထားပါသည်။

လှိုင်မြို့နယ် ၁၃ ရပ်ကွက် ဇေတ၀န်ကျောင်းတိုက်တွင် ပြုလုပ်သည့် ၅၂ နှစ်မြောက် ဗုဒ္ဓဘာသာနေ့ အခမ်းအနားတွင် ဟောပြောခဲ့သော သိမ်ဇရပ်ဆရာတော် ဓမ္မဒူတ အရှင်ပညာဝရ၏ အမျိုးစောင့်ဥပဒေအပေါ် ရှင်းလင်းမိန့်ကြားချက်များအား အမေးအဖြေ ပုံစံဖြင့် တင်ပြထားပါသည်။

မေး။   ခုတလော လူပြောသူပြောများပြီး အငြင်းပွားနေတဲ့ အမျိုးစောင့်ဥပဒေနဲ့ ပတ်သက်ပြီး ရှင်းလင်းမိန့်ကြား ပေးပါဦးဘုရား။

ဖြေ။  လောကမှာအငြင်းပွားနေတဲ့ အမျိုးစောင့်ဥပဒေနဲ့ပတ်သက်ပြီး ဘုန်းကြီးပြောကြားလိုပါတယ်။ ဒီ ဥပဒေနဲ့ပတ်သက်ပြီး ဘုန်းကြီးကိုယ်တိုင် ဥပဒေပညာရှင် ဦးရဲခေါင်ညွန့်ကို ဆရာတော်ကြီးတွေနဲ့ တိုင်ပင်ပြီး (၃) ကြိမ် (၃) ခါတင်ပြပြောဆိုခဲ့ပါတယ်။ အခြားဘာသာတွေကို စော်ကားဖို့အတွက်မဟုတ်ပါ ဘူး။ ကိုယ့်ဘာသာကို ကိုယ်ကာကွယ်ဖို့ဖြစ်ပါတယ်။ အခြားဘာသာတွေမှာလည်း သူတို့ဘာသာကိုကာကွယ်ဖို့အတွက် ပြဋ္ဌာန်း ထားသလို ဘုန်းကြီးတို့ဘာသာကိုလည်း ကာကွယ်ဖို့ဖြစ်ပါတယ်။ ဒါ့ကြောင့် အမျိုးစောင့်ဥပဒေဆိုတာဟာ ဘာသာရေးကိုရည်ရွယ်ပါတယ်။ နိုင်ငံရေးမဟုတ်ပါဘူး။ လူ့အခွင့်အရေး ချိုးဖောက်တာမဟုတ်ပါဘူးလို့ ပြောလိုပါတယ်။ မွတ်စလင်၊ ဟိန္ဒူ၊ ခရစ်ယာန်တွေ သူတို့ဘာသာဝင်တွေကို ကာကွယ်သလို ကာကွယ်တာဖြစ်ပါတယ်။ ဒါကို ဘုန်းကြီးတို့ကျမှ လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုရင် သူတို့ကိုလည်း လူ့အခွင့်အရေး ချိုးဖောက်တာပဲလို့ အော်ကြ ရမှာပါ။  သီတဂူဆရာတော်ကြီးမိန့်ကြားသွားသလို ဗုဒ္ဓဘာသာရဲ့ သက်တမ်းဟာ နှစ်ပေါင်း ၂၀၀၀ ကျော်ခဲ့ပါပြီ။ အခြားဘာသာဝင်တွေရဲ့ သက်တမ်းက နှစ် ၁၀၀၀ ကျော်ပဲရှိပါသေးတယ်။

    အင်္ဂလိပ်လက်ထက်မှာ ကိုယ့်နိုင်ငံ ကိုယ့်တိုင်းပြည်မှာ အဖက်ဖက်က နစ်နာဆုံးရှုံးခဲ့တယ်။ စင်္ကာပူနိုင်ငံက ဒကာတစ်ယောက်က အင်္ဂလိပ်တွေကို မင်းတို့တွေ သွေးခွဲခဲ့လို့ ငါတို့နိုင်ငံမှာ အခုထိ တောင်တန်းနဲ့ ပြည်မ သွေးကွဲခဲ့တာ။ ဒုက္ခရောက်အောင် မင်းတို့လုပ်ခဲ့ကြတာ။ မင်းတို့ကြောင့်  ဗုဒ္ဓဘာသာ အမျိုးသမီးတွေပါ ဒုက္ခရောက်ခဲ့တယ်။ အခြားဘာသာဝင်တွေအတွက် သူတို့ဘာသာကိုကာကွယ်ကြတဲ့ ဥပဒေတွေ ရေးဆွဲ ခဲ့တယ်လို့ ပြောခဲ့ဖူးတယ်။ ဟုတ်တယ်။ အင်္ဂလိပ်လက်ထက်မှ အစ္စလာမ်၊ ခရစ်ယာန်၊ ဟိန္ဒူ ဘာသာဝင်တွေကို ကာကွယ်တဲ့ဥပဒေတွေ ရေးဆွဲခဲ့ပေမယ့် ဘုန်းကြီး တို့အတွက်တော့ မပါခဲ့ဘူး။ ၅၄ ခုနှစ် အမျိုးသမီးအက်ဥပဒေ ရှိခဲ့ပေမယ့် ပစ္စုပ္ပန်အတွက် ဘာမှကာကွယ်မှုကို မပေးတော့ဘူး။ မိန်းကလေးတွေကို ဗုဒ္ဓဘာသာတရားရုံးတွေမှာ လက်ထပ်ရမယ်ဆိုပေမယ့် ဘယ်မိန်းကလေးမှ ဗုဒ္ဓဘာသာတရားရုံးမှာ လက်မထပ်ခဲ့ကြဘူး။ မိန်းကလေးတွေဟာ ဒူးနဲ့မျက်ရည်သုတ်ပြီးတော့ အခြားဘာသာဝင်နောက်ကို ကောက်ကောက်ပါသွားခဲ့တာပါပဲ။

မေး ။ဆိုလိုတာက ဒီဥပဒေကို မြန်မာအမျိုးသမီးတွေကို ရည်ရွယ်ပြီး ပြဋ္ဌာန်းပေးဖို့ ဆိုလိုတာလား ဘုရား။

ဖြေ။ ဒါကြောင့် အမျိုးသမီးတွေကိုကာကွယ်ဖို့အတွက် ဘုန်းကြီးတွေက  အမျိုးစောင့်ဥပဒေကိုရေးဆွဲ စေကြ တာဖြစ်ပါတယ်။ လူ့အခွင့်အရေးချိုးဖောက်တာ မဟုတ်ပါဘူး။ အခြားဘာသာဝင်တွေကို စော်ကားဖို့ မဟုတ်ပါဘူး။ လူ့အခွင့်အရေးချိုးဖောက်တာဆိုရင် သူတို့ကိုလည်းလူ့အခွင့်အရေး ချိုးဖောက်တာလို့ ပြောရမှာပေါ့။ သူတို့ရဲ့ဥပဒေတွေကိုလည်း ဖျက်သိမ်းပေးပါလို့ပြောရမှာဖြစ်ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်ခြင်းမျိုးမဟုတ်ဘဲ အမျိုးစောင့်ဥပဒေကို အချက်(၄)ချက်နှင့် လွှတ်တော်ကိုတင်ထားပါတယ်။ ဘုန်းကြီးရှင်းလင်းမိန့်ကြားပါတယ်။ အဲဒီ(၄)ချက်မှာ-
    နံပါတ်(၁) က ဘာသာရေးကူးပြောင်းမှု ဥပဒေဖြစ်ပါတယ်။ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ ဘာသာကူးပြောင်းချင်သလား။ ကူးပြောင်းခွင့်ရှိပါတယ်။ ၆လမှ တစ်နှစ်အတွင်း ကူးပြောင်းခွင့်ရှိပါတယ်။  ဘာသာရေးဥပဒေ ဖြစ်ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်တာမဟုတ်ပါဘူး။
    (၂) က မည်သူမဆို မဟာတိုင်းရင်းသား ၁၃၅ မျိုးအပါအ၀င် မြန်မာအမျိုးသမီးတွေကို လက်ထပ်ရင် တရားဝင်ဗုဒ္ဓဘာသာဖြစ်ရမယ်။ အဲဒီဥပဒေတွေဟာ လူ့အခွင့်အရေးချိုးဖောက်တာလား။ ဘုန်းကြီးတို့တွေ လည်း အခြားဘာသာတွေလို မိမိတို့ရနိုင်တဲ့ အခွင့်အရေးကို တောင်းဆိုကြခြင်းပဲ ဖြစ်ပါတယ်။ ကန့်ကွက်မှုတွေ ပေါ်ပေါက်လာတာကတော့ အခုအောင်ဆန်းအစည်းအဝေးကြီးမှာမှမဟုတ်ဘူး။ မှော်ဘီမြို့သံဃာ့အစည်း အဝေးကြီးအပြီးမှာ ဖြစ်ပေါ်လာတာပါ။ ဒါကို ဘုန်းကြီးရှင်းပြပါ့ မယ်။ မှော်ဘီအစည်းအဝေးကြီးမှာ ဧရာဝတီသတင်းဌာနကနေ အင်တာနက်ကိုတင်လိုက်တယ်။ အမျိုးစောင့်ဥပဒေဆိုတာ ဗုဒ္ဓဘာသာမိန်းကလေး ဟာ ဗုဒ္ဓဘာသာဝင် အမျိုးသားကိုသာ လက်ထပ်ရမယ်လို့ တင်လိုက်တယ်။ ဥပဒေထဲမှာ မပါဝင်တဲ့အချက်ပဲ။ အဲဒါ ခုနပြောတဲ့ဥပဒေထဲများ ပါလား။ မပါဘူး။ အဲဒီဧရာဝတီသတင်းဌာနရဲ့ ဖော်ပြချက်ကိုကြည့်ပြီး ပါတီအကြီးအကဲတစ်ဦးကနေပြီး လူ့အခွင့်အရေးချိုးဖောက်တယ်လို့ဆိုပြီး ကန့်ကွက်မှုတွေ ဖြစ်ပေါ်လာခဲ့တယ်။ ခေါင်းဆောင်က ကန့်ကွက်တော့ နောက်လိုက်တွေက ကန့်ကွက်ကြပြန်ရော၊ ကဲ ရှေ့ကခေါင်းဆောင်ကမှားရင် နောက်ကလူတွေကပါ လိုက်မှားတော့တာပေါ့။ အမျိုးစောင့်ဥပဒေကို ဖတ်ပြီးပြီလားဆိုတော့ ဖတ်လည်း မဖတ်ရသေးဘူးတဲ့။ ကဲ ဘယ်လောက်နမော်နမဲ့နိုင်သလဲ။ ခေါင်းဆောင်တစ်ဦးဟာ ဒီလိုနမော်နမဲ့နိုင်သင့် သလား။

မေး ။ ဘုန်းကြီးတွေကဘာသာရေးမလုပ်ဘဲ၊ နိုင်ငံရေးလုပ်နေတာလားဆိုတဲ့ ဝေဖန်မေးခွန်း ထုတ်နေကြတဲ့ အပေါ်မှာ ဆရာတော် သဘောထားကို မိန့်ပါဦးဘုရား….။

ဖြေ။ တော်ဝင်နှင်းဆီခန်းမမှာ ပြုလုပ်ကြတဲ့ပွဲမှာလည်း ဘုန်းကြီးတွေကို လူ့အလုပ် လူလုပ်၊ ခွေးအလုပ် ခွေးလုပ်လို့ပြောလိုက်တယ်။ ရှေ့ကလူကမှားသွားတော့ နောက်လူတွေက အပါယ်ကိုရောက်မယ့် အကြောင်းဖြစ်သွားတယ်။ ပါတီခေါင်းဆောင်ကြီးက ကန့်ကွက်လို့လည်း အမျိုးသမီးတစ်ဦးကလည်း ကန့် ကွက်တယ်။ အမျိုးစောင့်ဥပဒေကို ဖတ်ပြီးပြီလားဆိုတော့ မဖတ်ရသေးဘူးတဲ့။ ကဲဘယ်လိုလုပ် နားမလည်ဘဲ ကန့်ကွက်ကြတာလဲ၊၊ မီဒီယာတွေက သိပ်အရေးကြီးတယ်။ နိုင်ငံတစ်နိုင်ငံကိုသိမ်းချင်ရင် အနောက်နိုင်ငံမှာ မီဒီယာကို သိမ်းပြီးတော့ သူတို့ဖြစ်ချင်သလိုမျိုး ကြေညာခိုင်းတယ်။ ပြီးရောပေါ့။ ဗုဒ္ဓဘာသာမိန်းကလေးတွေကို ကာကွယ်တဲ့ ဥပဒေမရှိတော့ နစ်နာတယ်။ အခွင့်အရေးတွေ ဆုံးရှုံးကြရတယ်။ အမျိုးစောင့်ဥပဒေကို ရေးဆွဲပြီး ကာကွယ်တယ်။ အခုလို ၅၂-နှစ်မြောက် ဗုဒ္ဓဘာသာနေ့မှာ အမျိုးသမီးတွေအတွက် ကာကွယ်တဲ့ဥပဒေကို တင်ပြရတာပါ။  ရှေးဆရာကြီးတွေကလည်း လုပ်နိုင်သလောက်တော့ ဆောင်ရွက်ခဲ့ကြပါတယ်။

    အမျိုးစောင့်ဥပဒေဆိုတာ ဘာသာရေးပဲ။ နိုင်ငံရေးလုပ်တာ မဟုတ်ဘူး။ အမျိုးသားရေးဖြစ်ပါတယ်။ မိန်းကလေးတွေကို ကာကွယ်ပေးထားတယ်။ အမျိုးသားတွေကို ကန့်သတ်ထားတယ်။ ဗုဒ္ဓဘာသာဝင် ယောက်ျားလေးတစ်ဦးရဲ့ အရည်အသွေးကို မြှင့်ပေးတယ်။ မိန်းကလေးတွေ ဘာသာခြားကို ယူလို့မရဘူးလား၊ ဘာသာခြားကို ယူချင်ရင်လည်း မိန်းကလေးတွေ ယူနိုင်တယ်။ အဲသလို ယူဖို့ ဘာသာပြောင်းတော့မယ်ဆိုရင် ဆရာဘုန်းကြီးတွေ၊ မိဘတွေ၊ လူကြီးသူမ၊ မိတ်ဆွေအပေါင်းအသင်းရောင်းရင်းတွေက ဆုံးမနားချပြု ပြင်ပေးကြတယ်။ ဒါဆိုရင် နားလည်သဘောပေါက်ပြီး လမ်းမှားကနေ မရှောင်လွဲနိုင်ဘူးလား။ ဘာသာမပြောင်း ဖြစ်တော့ဘူး။ တကယ့်လို့ယူပြီးလက်ထက်ပြီးကာမှ ဘာသာပြောင်းဖို့ခက်သွားပြီ သူတို့ဘာသာထဲကိုလိုက် ၀င်ရတော့မယ်။ မ၀င်ရင်လည်း ဒုက္ခအမျိုးမျိုးရောက်အောင်လို့ နှိပ်စက်ကလူ ပြုတော့မယ်၊ ရက်စက်ရိုင်းစိုင်း တော့မယ်။
    ဘုန်းကြီး ဂျာနယ်ထဲမှာဖတ်လိုက်ရတယ်။ ဘာသာမပြောင်းရင် မသေမချင်းနှိပ် စက်မယ်လို့ပြောထားတယ်။ ခုနက ဘုန်းကြီး၊ သံဃာ၊ မိဘဆရာတွေ ဆိုဆုံးမလို့ အသိပညာဝင်ပြီး ဘာသာမပြောင်း တော့ဘူးဆိုလျှင် သူ့ဘ၀မကောင်းဘူးလား။ သူ့ဘ၀ကောင်းသွားတော့ သံသရာလည်းကောင်းမွန်သွားပြီ။ ဘ၀သံသရာကြီးထဲမှာ ဗုဒ္ဓဘာသာရဲ့အပြင် ဖန်ဆင်းရှင်ဝါဒဆိုတာ မိစ္ဆာဒိဋ္ဌိအယူဝါဒကြီး ဖြစ်တာကြောင့် မိန်းကလေးအတွက် သံသရာလည်းမကောင်းတော့ဘူး။ အခုတော့ မယူခင်တည်းက ကိုယ်ပိုင်ဉာဏ်ပညာဖြင့် ဆင်ခြင်ဖို့အတွက် အမျိုးစောင့်ဥပဒေက အကာအကွယ်ပေးထားတော့ ဒီဘ၀မှာရော သံသရာအတွက်ပါ ကောင်းမွန်သွားပါပြီ။ သူတို့ဘာသာထဲကို ရောက်ပြီးမှ ဒုက္ခရောက်နေလို့ လာကယ်ပါဘုရားဆိုရင် ဘုန်းကြီး တို့ကိုတောင် တရားစွဲခံရဦးမယ်။ ဥပဒေကြောင်းနဲ့ ရင်ဆိုင်ရတော့မယ်။
မေး။ မျိုးစောင့်ဥပဒေ ရေးဆွဲမှုနဲ့ ပတ်သက်ပြီးမသိသေးတဲ့ သူတွေအတွက် အဓိကကျတဲ့ အချက်တစ်ချို့ကို ရှင်းလင်းမိန့်ဆိုပေးစေချင်ပါတယ် ဘုရား….။
ဖြေ။ ဘုန်းကြီးရဲ့ “ဘ၀လမ်းခွဲ” တရားခွေထဲမှာ ဟောကြားထားတာကို နာကြားမိကြပါလိမ့်မယ်။ မုံရွာမြို့၊ အလုံမြို့နယ်က မစုစုလတ် ဘာဖြစ်သွားသလဲ။ မပေါင်းနိုင်တဲ့အတွက် အသတ်ခံလိုက်ရတယ်။ ကိုယ့်ဘာသာ ကိုလည်း စွန့်လိုက်ရတယ်။ အမျိုးစောင့်ဥပဒေရှိလာတော့ စဉ်းစားပိုင်ခွင့် ရှိလာတယ် ။ တွေးခေါ်အကြံဉာဏ်ယူ ခွင့်တွေ ရှိလာတယ်။ မိန်းကလေးတွေအတွက် ဆရာတော်ကြီး ဦးဝဇီရဗုဒ္ဓိရဲ့ သြ၀ါဒစကားရှိပါတယ်။ ကံဆုံးရင် ဉာဏ်တုံးတတ် တယ်တဲ့။ သူ့ကံကဆုံးရင် သူ့ဉာဏ်တုံးပြီး သူ့နောက်လိုက်သွားတတ်တဲ့ အကြောင်းပေါ့။ ဒါကြောင့်ကံမဆုံးရအောင်၊ ဉာဏ်မတုံးသွားရအောင် မျိုးစောင့်ဥပဒေကို ရေးဆွဲစောင့်ရှောက်ကာကွယ်ပေး ရတာပါ။
    လွှတ်တော်မှာတင်ပြထားတဲ့ တောင်းဆိုချက် ၄-ခုထဲက နံပါတ်(၃)က တစ်လင်တစ်မယားစနစ်ပါပဲ။ ကာမေသုမိစ္ဆာစာရကံကို စောင့်ထိန်းထားခြင်းဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တိုင်းအတွက် ဒါဟာလည်း တား မြစ်ချက်ဖြစ်ပါတယ်။ ၅၅၀ နိပါတ်တော်ထဲမှာပါတယ်။ ဘုရင်ကြီးက မိဖုရားကိုမေးတယ် မိန်းကလေးတွေ အတွက် အဆင်းရဲဆုံးဒုက္ခဟာ ဘာလဲလို့မေးတဲ့အခါ လင်တူနေရခြင်းဟာ စိတ်အဆင်းရဲဆုံး ဒုက္ခပါဘုရားလို့ မိဖုရားကြီးက ပြန်ဖြေကြားတယ်။ ဒါ့ကြောင့် ဘုရင်ကြီးက ငါ့သမီးဟာ တစ်လင်တစ်မယားစနစ်သာ ပြုရမယ်လို့ အမိန့်ချမှတ်ခဲ့ပါတယ်။
    အမျိုးစောင့်ဥပဒေကို မိန်းကလေးတွေက ကန့်ကွက်ကြတာများတယ်။ ပညာရှင်တွေပါပဲ ကန့်ကွက်ကြ သူတွေက ….။ စင်ကာပူနိုင်ငံက ဒါယိကာမတစ်ဦးက  ဘုန်းကြီးရဲ့တရားခွေကို ဟိုမှာဖွင့်နာချင်လို့ ယူသွား ကြတယ်။ စင်ကာပူနိုင်ငံမှာ ဘုန်းကြီးတို့မျိုးစောင့်ဥပဒေကို ဝေဖန်ကြသတဲ့။ အဲဒီတော့ သူကပြောတယ်တဲ့၊ အမျိုးစောင့်ဥပဒေကို ဟင်္သာတမိုးကောင်းဆရာတော်ကြီး၊ ရွာမဆရာတော်ကြီး၊ သီတဂူဆရာတော်ကြီး၊ ဘယ်ကိစ္စကိုမှ ၀င်မပါဖူးတဲ့ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ယောဆရာတော်ကြီးတွေက ဦးဆောင်ပြီး စီစဉ်နေတာတောင်မှ လက်မခံနိုင်ဘူးဆိုရင်တော့ ဦးနှောက်ခပ်ချာချာဖြစ်လိမ့်မယ်လို့ ပြန်ပြောတယ်။ တစ်လင် တစ်မယားစနစ်ကလည်း အရေးကြီးတယ်။
    နံပါတ်(၄)က ကလေးမွေးဖွားမှုကို ထိန်းချုပ်ထားမှုဖြစ်ပါတယ်။ စင်္ကာပူနိုင်ငံက  ဥပဒေနဲ့ဘုန်းကြီး တို့နိုင်ငံက ဥပဒေအတော်ဆင်တူပါတယ်။စင်္ကာပူနိုင်ငံကတော့ လက်ထပ်ရုံနဲ့ ပိုင်းခြားထားတယ်။ ဘုန်းကြီး တော့ဆီမှာတော့ လုပ်ပိုင်ခွင့် လွတ်လပ်ခွင့်တွေကို ပေးထားတယ်။ ဘုန်းကြီးတို့ ဥပဒေက လူ့ အခွင့်အရေးချိုးဖောက် တယ်ဆိုရင် စင်္ကာပူနိုင်ငံဥပဒေကလည်း လူ့အခွင့်အရေး ချိုးဖောက်တာ ပဲပေါ့။ ဆော်ဒီမှာ ဘာသာခြားကိုယူရင် သေဒဏ်ပေးတယ်။ အီရန်နိုင်ငံမှာ ဘာသာခြားကိုယူရင် အမျိုးသမီးဖြစ်က ကြိမ်ဒဏ်၊ အမျိုးသားဖြစ်ပါ က သေဒဏ်ပေးတယ်။ ဘာသာရေးပြင်းထန်တဲ့ နိုင်ငံတွေပေါ့။

    ဒီဥပဒေကို စတင်ရေးဆွဲချိန်က ဘုန်းကြီးညလုံးပေါက်ကျိန်းလို့ မရတဲ့ရက်တွေ ဖြစ်ခဲ့တယ်။ အိပ်မပျော်ဘူး။ ကိုယ်တွေရဲ့ဥပဒေဟာ တကယ်ကာကွယ်တာကောဖြစ်ရဲ့လား။ လူတွေအတွက် အကျိုးရှိမှ ရှိပါ့မလား။ လူတွေ လက်ခံမှ လက်ခံနိုင်ပါ့မလား တွေးပြီးအိပ်မရတာပါ။ အခုတရားဝင်ယောက်ျားတွေကို ကန့်သတ်ပေးပြီး မလိုက်နာရင် ထောင်ဒဏ် ၁၀ နှစ်၊ ယောက်ျားပိုင်ပစ္စည်းအားလုံး အမျိုးသမီးအား ပေးရ မယ်ဆိုတော့ မြန်မာမိန်းကလေးတွေကို ကာကွယ်ပေးပြီးသား ဖြစ်သွားပါတယ်။

    ထိုင်းနိုင်ငံမှာ ပြည်နယ်သုံးခု အစ္စလာမ်လက်ထဲကို ရောက်သွားပြီတဲ့။ ဘုန်းကြီးတို့မြန်မာနိုင်ငံမှာလည်း အမျိုးစောင့်ဥပဒေကိုမပြဋ္ဌာန်းရင် ရခိုင်နဲ့ မွန်ပြည်နယ်ဟာ တိုင်းတပါးသား ဘာသာခြားလက်ထဲ ရောက်သွား နိုင်တယ်။ သူတို့ရဲ့စီမံကိန်းက လူမျိုးသားဖောက်စနစ် ဖြစ်တယ်။ လူကိုယူမယ် သားသမီးတွေမွေးမယ်၊ နိုင်ငံသားလုပ်မယ်၊ မှတ်ပုံတင်ယူမယ်၊ မောင်းတောမြို့မှာရှိတဲ့ အိမ်ထောင်စုတစ်စုဟာ လူ(၈၀) ဦးရှိတယ်။ ထရံတွေနဲ့ကာထားပြီး အပေါက်တွေကို မမြင်ရအောင်လို့ နွားချေးတွေနဲ့ ပိတ်လိမ်းကျံထားတယ်။ ဇနီးက တစ်ဒါဇင်လောက် ယူထားတယ်။ ကလေးတွေက ဗမာဖြစ်ပြီး ဗမာစကားမပြောတတ်ကြဘူး။ စာမသင်ပေးဘူး၊ စာမတတ်ဘူး။ ဘ၀တွေက သိပ်နစ်နာတယ်။ မွေးချင်တိုင်းမွေးပြီး လမ်းဘေးကိုရောက် ပညာမဲ့တွေ၊ အသိဉာဏ်မဲ့တွေဖြစ်လာ တယ်။ နိုင်ငံတိုးတက်မှုနှောင့်နှေးလာတယ်။ နိုင်ငံတစ်နိုင်ငံတိုးတက်ကြီးပွားဖို့အတွက် ပညာရှင်တွေ အများကြီးမွေးဖွားပေးဖို့လိုပါတယ်။ ပညာတတ်တွေ ပေါများလာမှ နိုင်ငံတော်ကြီး တိုးတတ် ထွန်းကားလာနိုင်မှာ ဖြစ်ပါတယ်။ အနာဂတ်နိုင်ငံတော်ကြီး တိုးတက်ကြီးပွားဖို့အတွက် စိတ်ထင်သလောက် ကလေးတွေ မွေးဖွားနေမယ်ဆိုရင် နှောင့်နှေးနေမယ်။ ဒါကြောင့် နိုင်ငံသားကောင်းတွေ ပေါ်ထွက်လာဖို့အတွက် သားသမီးမွေးဖွားမှုကို ထိန်းချုပ်ဖို့ ဥပဒေပြဋ္ဌာန်းနိုင်အောင် စီစဉ်ရတာဖြစ်ပါတယ်။

    မွေးချင်တိုင်းမွေးနေရင်အမှိုက်တွေများလာပါလိမ့်မယ်။ဒါကြောင့်ဘယ်နှယောက် ရယ်လို့တော့ မဟုတ်ဘူး ထိန်းချုပ်ဖို့ ဥပဒေကို လွှတ်တော်ကို တင်ရတာပါ။

မေး။  အရှင်ဘုရား နောက်ဆုံးမိန့်ချင်တာရှိရင် ကြားနာပါရစေ ဘုရား…..။
   
ဖြေ။ အမျိုးစောင့်ဥပဒေဟာ ကိုယ်နဲ့မဆိုင်ဘူးလို့တော့ မပြောကြပါနဲ့။ အင်းစိန်မှာဟောတဲ့ အီစွတ်ပုံပြင်လို ဖြစ်နေတတ်ပါတယ်။ ကြွက်ပေါလို့ အိမ်လှေကားမှာ ကြွက်ထောင်တဲ့အခါ ကြက်ကနေ ကြွက် ထောင်ချောက်ကိုတွေ့သွားပြီး ၀က်နဲ့နွားကို သွားပြောပြတော့ ကျုပ်တို့နဲ့ဘာဆိုင်လဲ၊ ကိုကြက်နဲ့လည်း ဘာဆိုင်လဲ၊ ကြွက်ထောင်တဲ့ ဥစ္စာ အနေသာကြီးပါ။ ကိုယ်တွေနဲ့မဆိုင်ပါဘူးလို့ ပြောကြလို့ ကိုကြက်က စိတ်မကြည်မသာနဲ့ ပြန်သွားတယ်။ ညကျတော့ မှောင်နေတော့ မြွေက ကြွက်ထောင်ချောက်ကို သွားဆွဲမိတော့ မိသွားတယ်။ အဲဒါကို အိမ်ရှင်က ဆင်းကြည့်တော့ မိနေတဲ့မြွေကကိုက်လို့ သေသွားပါရော။ အဲဒီမှာ အိမ်ရှင်ရဲ့ အသုဘကို ကြက်မွေး မီးရှို့ ကြက်သားနဲ့ သက်ပျောက်ဆွမ်းကပ်တယ်။ သုံးရက်ကြာတော့ ကျွေးစရာ မရှိလို့ ၀က်နဲ့ကျွေးမွေး၊ ခုနှစ်ရက်လည်တော့ နွားက အမဲသားဟင်းဖြစ်သွားတဲ့ အီစွတ်ပုံပြင်လိုပါပဲ။
    ကိုယ်နဲ့အမျိုးစောင့်ဥပဒေဟာ ဘာမှမဆိုင်ဘူးလို့ မထင်ကြပါနဲ့။ တကယ်တော့ အမျိုးစောင့်ဥပဒေ ဆိုတာ တစ်မျိုးသားလုံးနဲ့ဆိုင်ပါတယ်။ အကုန်လုံးနဲ့ သက်ဆိုင်ပါတယ်။ ပါတီတိုင်းနဲ့လည်းဆိုင်ပါတယ်။ အမျိုး ကိုချစ်တဲ့လူတိုင်းနဲ့ ဆိုင်ပါတယ်။ အခုနိုင်ငံတော်ဘာသာနေ့ ဟောပြောပြီးရင် လှိုင်မြို့နယ်မှာ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ကို ဖွဲ့စည်းမယ်။ မြန်မာနိုင်ငံမှာရှိတဲ့ အရပ်ဒေသတိုင်းမှာ ဘုန်းကြီး တို့အဖွဲ့တွေစုပေါင်းပြီး တညီတညွတ်တည်း လွှတ်တော်မှာ တင်ပြတောင်းဆိုလိုက်ရင် အမျိုးစောင့်ဥပဒေကြီး ပေါ်ပေါက်လာမှာဖြစ်ပါတယ်။ အမျိုးကိုချစ်ကြတဲ့လူတိုင်း ပါဝင်ဆင်နွဲကြရမယ့် အမျိုးသားရေးတာဝန်ကြီး တစ်ရပ်အဖြစ် ဆောင်ရွက်သွားကြမယ်ဆိုရင် သာဓုသုံးကြိမ် ခေါ်ဆိုပေးကြဖို့ ဖြစ်ပါတယ်။
    သာဓု……. သာဓု……. သာဓု…….

Sunday, February 8, 2015

မဘသကိုအလွဲသုံးစားလုပ်ပြီး ပုတ်ခတ်ရေးသားထားတာတွေ့လို့ မဘသတာဝန်ရှိသူတွေထံ မေးမြန်းလျှောက်ထားပြီး တာဝန်ရှိသူ ဆရာတော်၊ သံဃာတော်များ၏ ပြန်လည်မိန့်ကြားချက်များကို ဖော်ပြပေးလိုက်ပါသည်။



မဘသကိုအလွဲသုံးစားလုပ်ပြီး ပုတ်ခတ်ရေးသားထားတာတွေ့လို့ မဘသတာဝန်ရှိသူတွေထံ မေးမြန်းလျှောက်ထားပြီး တာဝန်ရှိသူ ဆရာတော်၊ သံဃာတော်များ၏ ပြန်လည်မိန့်ကြားချက်များကို ဖော်ပြပေးလိုက်ပါသည်။


ဖြေကြားရာတွင် ......
အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ဗဟိုမှ ကျောင်းသားများသပိတ်မှောက် ဆန္ဒပြခြင်းနှင့်ပတ်သက်၍ ပါဝင်ပတ်သက် ကန့်ကွက်ခြင်းမရှိကြောင်း၊ ထို့နောက် ၀ှိုက်ကဒ်ကိုင်ဆောင်သူများ မဲပေးခွင့်ကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူထံ လက်မခံနိုင်ကြောင်းနှင့် အမြန်ဆုံးပြေလည်အောင် ဖြေရှင်းပေးရန် ဆွေးနွေးတင်ပြထားပြီးသားဖြစ်ကြောင်း၊ ယခုလာမည့် ၁၁ရက်နေ့ နေ့လည်-၁နာ၇ီတွင် ကျင်းပမည့် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့၏ ဗဟိုဦးဆောင်ဆရာတော်များ၏ လပတ်အစည်းအဝေးတွင်လည်း -၀ှိုက်ကဒ်ကိုင်ဆောင်ထားသူများ မဲပေးခွင့်ကို အဓိကထားဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ယခုလို အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ (ဗဟို)၏ နာမည်အား ထင်ယောင်ထင်မှားဖြင့် အလွဲသုံးစား သုံးနှုန်းပြုမှုကိုလည်း ရှုတ်ချကြောင်း၊ စာရေးသူမှ မဘသတာဝန်ရှိသူထံအား မေးမြန်းထားသည်များ အများပြည်သူများ သိရှိနိုင်စေရန် ဖော်ပြပေးလိုက်ပါသည်။


Wednesday, February 4, 2015

အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) အထူးအစည်းအဝေးပင့်လျှောက်ခြင်း (၂/၂၀၁၅)



အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို)
အထူးအစည်းအဝေးပင့်လျှောက်ခြင်း (၂/၂၀၁၅)
(ဗဟိုဦးဆောင်ဆရာတော်များ)
မြန်မာနိုင်ငံ၌ ယခုလတ်တလော ဖြစ်ပေါ်နေသော အမျိုးသားရေး, ဘာသာရေး, သာသနာရေးများနှင့်ပတ်သက်၍ လိုအပ်သည်များကို ညှိနှိုင်းတိုင်ပင် ဆွေးနွေးစရာများရှိနေပါ၍ မဘသအဖွဲ့ (ဗဟို) အထူးအစည်းအဝေး ပြုလုပ်မည်ဖြစ်ပါသောကြောင့် ကိုယ်တိုင်ကြွရောက်ချီးမြင့်ပေးပါရန် ရိုသေလေးစားစွာ ပင့်လျှောက်အပ်ပါသည်။
နေ့ရက်။ ။ တပို့တွဲလပြည့်ကျော် ၈-ရက်၊ ၁၃၇၆-ခု၊ ဖေဖေါ်ဝါရီ ၁၁၊ ၂၀၁၅၊ ဗုဒ္ဓဟူးနေ့
အချိန်။ ။ နေ့လည် ၁-နာရီ
နေရာ။ ။ ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။

Monday, February 2, 2015

ဖေဖော်ဝါရီ ၁၃-ရက်၊ ၂၀၁၅ခုနှစ်တွင်ကျရောက်မည့် ဗိုလ်ချုပ်ရာပြည့်မွေးနေ့ပွဲအား ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် မြန်မာနိုင်ငံသူနိုင်ငံသား ရဟန်း ရှင် လူ ပြည်သူ အားလုံး အနှစ်သာရရှိရိ ပါဝင်ဆင်နွဲကြရန်၊ မြင့်မြတ်သော ဗိုလ်ချုပ်စိတ်ဓာတ်၊ အာဇာနည်စိတ်ဓာတ်၊ အောင်ဆန်းစိတ်ဓာတ်မျိုး မဖြစ်မနေ မွေးမြူကြရန်၊ တစ်သက်မှာ တစ်ခါကြုံခဲရသည့် ဗိုလ်ချုပ်ရာပြည့်မွေးနေ့ပွဲအား မဖြစ်မနေ ပါဝင်ဆင်နွဲကြရန်၊ ဗိုလ်ချုပ်၏ ကျေးဇူးဂုဏ်ကို သိမြင်တက်စေရန်နှင့် ကျေးဇူးဆပ်ရန် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) မှတိုက်တွန်း ထုတ်ပြန် ကြေညာချက်လေးပဲ ဖြစ်ပါတယ်။ ထိုကြေညာချက်အား အောက်တွင် အပြည့်အစုံဖော်ပြပေးလိုက်ပါသည်။


(Arkar)

အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ (ဗဟို)၏
ထုတ်ပြန်ကြေညာချက်

မြန်မာ့သားကောင်းစတုတ္ထ မြန်မာနိုင်ငံဗိသုကာကြီးဗိုလ်ချုပ်အောင်ဆန်းသည် လွန်ခဲ့သည့် ၁၉၁၅-ခု၊ ဖေဖော်ဝါရီ ၁၃-ရက်နေ့၌ နတ်မောက်မြို့တွင် ဖွားမြင်ခဲ့သည်။
ယခုလာမည့် ၂၀၁၅-ခု၊ ဖေဖေါ်ဝါရီ (၁၃)ရက်နေ့ဆိုလျှင် ဗိုလ်ချုပ်အောင်ဆန်းဖွားမြင်ခဲ့သည်မှာ နှစ်တစ်ရာပြည့်မြောက်ခဲ့ပေပြီ။
တိုက်တိုက်ဆိုင်ဆိုင်ပင် တတိယမြန်မာနိုင်ငံတော်ကိုတည်ထောင်ခဲ့သူအလောင်းဘုရားမင်းတရားကြီးဦးအောင်ဇေယျ နှစ်-၃၀၀ပြည်နှင့်လည်းသွားကြုံကြိုက်နေပါသည်။
မကြာမီ မြန်မာသက္ကရာဇ် ၁၃၇၉-ခုနှစ်မှာပထမမြန်မာနိုင်ငံတော်ကိုတည်ထောင်ခဲ့သူအနော်ရထာဘုရင် မင်းမြတ်၏ နှစ် ၁၀၀၀-ပြည့်တော့မည်လည်း ဖြစ်ပါသည်။
ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးအတွက် ဗိုလ်ချုပ်အောင်ဆန်းလို နိုင်ငံသားကောင်းများ မြန်မာ့သားကောင်းများ မျိုးချစ်သူရဲကောင်းပုဂ္ဂိုလ်ကြီးများတိုင်းပြုပြည်ပြု သာသနာပြုပုဂ္ဂိုလ်ကြီးများ ဖြစ်ထွန်းပေါ်ပေါက်စေလိုသောရည်သန်ချက်ဖြင့် ဖေဖော်ဝါရီ ၁၃-ရက်နေ့ကို မြန်မာ့ကလေးများနေ့ဟုသတ်မှတ်ခဲ့သဖြင့် မြန်မာ့ကလေးများနေ့ လည်းဖြစ်သည်။
အထူးအားဖြင့် ဗိုလ်ချုပ်အောင်ဆန်းသည် ယနေ့မြန်မာနိုင်ငံသူ, နိုင်ငံသား, ရဟန်း, ရှင်, လူအားလုံး၏ တိုင်းပြည်နှင့်လူမျိုး, ဘာသာသာသနာအတွက် ဘယ်သောအခါမျှ မမေ့ထိုက်သူ နိုင်ငံ့ကျေးဇူးရှင်တစ်ဦးလည်းဖြစ် ပါသည်။
အစိတ်စိတ်အမွှာမွှာဖြစ်နေသည့် မြန်မာနိုင်ငံတော်ကိုတစ်စုတည်း ပြည်ထောင်စုမြန်မာနိုင်ငံတော်ဖြစ်အောင် ဦးဆောင်တည်ဆောက်နိုင်ခဲ့သူဖြစ်၍ ယနေ့မြန်မာနိုင်ငံဗိသုကာကြီးဟုဆိုခဲ့ခြင်းဖြစ်ပါသည်။
ကျေးဇူးရှိခဲ့ဖူးသူ၏ ကျေးဇူးဂုဏ်ကိုသိရှိနားလည်ခြင်း, သိသည့်အတိုင်းကျေးဇူးတုံ့ပြန်ဆပ်ခြင်းများသည် ကြီးပွါးချမ်းသာကြောင်းကတညုတ ကတဝေဒီမင်္ဂလာပင် ဖြစ်ပါသည်။
ကျေးဇူးဆပ်ရာ၌ အနှစ်သာရရှရှိကျေးဇူးဆပ်မှ အနှစ်သာရရှိရှိကျေးဇူးဆပ်ခြင်းဖြစ်မည်။
အနှစ်သာရရှိရှိကျေးဇူးဆပ်ရာ၌ -
၁။ ရဟန်းရှင်လူပြည်သူအားလုံးဗိုလ်ချုပ်အောင်ဆန်း၏ ကျေးဇူးဂုဏ်တို့ကိုစွမ်းနိုင်ရာကနေဖော်ထုတ်ကျေးဇူးဆပ်ကြဖို့၊
၂။ ကိုယ်ကျိုးမဖက် တိုင်းပြည်နှင့်လူမျိုးအကျိုးကိုသယ်ပိုးလိုသောအောင်ဆန်းစိတ်ဓါတ်မဖြစ်မနေမွေးမြူ ပျိုးထောင်ကြဖို့၊
၃။ ယခုမကြာမီ ဖေဖော်ဝါရီ ၁၃-ရက် ၂၀၁၅ နေ့၌ ကျရောက်တော့မည့် ရာပြည့်ဗိုလ်ချုပ်မွေးနေ့အတွက် ပါတီစွဲ, ဂိုဏ်းဂဏစွဲမထားကြဘဲစွမ်းနိုင်ရာကသမိုင်းကျန်သည့်မှတ်တိုင်များဖြစ်အောင် ပါဝင်ဆောင်ရွက်ကြဖို့၊
၎။ ရှေးသူတော်သူမြတ်များ၏ သမိုင်းတာဝန်ကို ကျေပွန်အောင်ဆက်လက်ထမ်းဆောင်သူများကို“တထာဂတ” ဟူသောဝေါဟာရက ညွှန်ပြနေသလို မြန်မာ့သမိုင်းကောင်းများကိုခေါင်းမရှောင်ပဲကျေပွန်အောင် ထမ်းဆောင်မည့် အနာဂတ်မျိုးဆက်သစ်များဖြစ်အောင် ပြုစုပျိုးထောင်ပေးခြင်းဖြင့် ဗိုလ်ချုပ်ကိုကျေးဇူးဆပ်ကြဖို့၊
၅။ ဗိုလ်ချုပ်ရာပြည့်မွေးနေ့မှာတင်မဟုတ်ဘဲအနာဂတ်မှာလည်းအမြဲတမ်းအောင်ဆန်းစိတ်ဓါတ်မွေးပြီးအောင်ဆန်းလုပ်ရပ်လုပ်ပြခြင်းဖြင့် ဗိုလ်ချုပ်ကိုကျေးဇူးဆပ်ကြဖို့၊
ဘသအဖွဲ့ကြီးကလေးလေးနက်နက် အထူးတိုက်တွန်းနှိုးဆော်အပ်ပါသည်။
မဘသအဖွဲ့ကြီးကဦးဆောင်ပြီးဗိုလ်ချုပ်ကိုကျေးဇူးဆပ်သောအနေဖြင့် မြန်မာနိုင်ငံရဟန်း,ရှင်,လူ,ပြည်သူအားလုံး၏ ကုသိုလ်အဖြစ် နတ်မောက်မြို့ ဗိုလ်ချုပ်နေအိမ်၌ သမိုင်းကျောက်စာတိုင် စိုက်ထူနိုင်ရန် ကျပ်ငွေ သိန်း၁၀၀ မတည်လှူဒါန်းခဲ့ခြင်း၊ ကျေးဇူးဆပ်နည်းများကိုညွှန်ပြပေးခြင်းများလည်း ပြုလုပ်ပေးနေပါသည်။
တစ်သက်မှာတစ်ခါ ကြုံရခဲသည့် ဗိုလ်ချုပ်ရာပြည့်မွေးနေ့ပွဲကိုယနေ့မြန်မာနိုင်ငံသူနိုင်ငံသားရဟန်း, ရှင်, လူအားလုံးတို့က အနှစ်သာရရှိရှိရာပြည့်ပွဲများပြုလုပ်၍ ကျေးဇူးရှင်ကိုကျေးဇူးဆပ်ကြပါဟုအထူးတိုက်တွန်းနှိုးဆော် အပ်ပါသည်။

ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့ (ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်

စာအမှတ်၊ ၀၀၂၂/ စီမံ-မဘသ/၂၀၁၅
နေ့စွဲ၊ ၁၃၇၆-ခု၊ တပို့တွဲလဆန်း ၁၄-ရက်၊
(ဖေဖော်ဝါရီ - ၂၊ ၂၀၁၅)၊ တနင်္လာနေ့