Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)
Sunday, November 30, 2014
ရဟန်း ရှင် လူ အများပြည်သူများ သတိထားကြပါ။ မဘသ (ဗဟို)ရဲ့ သဘောထားထုတ်ပြန်ချက် အတု နဲ့ အစစ်ကို ယှဉ်တွဲပေးလိုက်ပါပြီ။
စာအမှတ် ၀၀၁၆ ဖြင့် သဘောထားထုတ်ပြန်ချက်ပါ စာမှာ ဂျပန် ပန့်-ရော့ခ် အဖွဲ့ Wat Wayhem Orchestra ၏ ခေါင်းဆောင်အဆိုတော်က ဂျပန်စတိတ်ရှိုးပွဲတစ်ခုတွင် သင်္ကန်းဝတ်ဖြင့် သီချင်းဆိုခဲ့ခြင်းအပေါ် ကန့်ကွက်ရှုတ်ချကြောင်းနှင့် လုံးဝလက်မခံနိုင်ကြောင်း ထုတ်ပြန်ချက် ဖြစ်ပါသည်။
ထိုထုတ်ပြန်ချက်၏ စာကိုယ်အား ဖြတ်ညှပ်သဘောဖြင့် အတုပြုလုပ်ပြီး မဘသ(ဗဟို)အဖွဲ့အား ရည်ရွယ်ချက်ရှိရှိဖြင့် ထိုးနှက်တိုက်ခိုက်ခြင်းသာ ဖြစ်ပါသည်။ မဘသ (ဗဟို)၏ သဘောထားထုတ်ပြန်ချက်၊ ညွှန်ကြားချက်၊ သ၀ဏ်လွှာ၊ ဖိတ်ကြားလွှာ ၊ ပင့်ဖိတ်လွှာများကိုလည်း
https://www.facebook.com/centralpatrioticassociation?ref=bookmarks
http://www.patrioticassociation.blogspot.com/
အစရှိသော အင်တာနက်စာမျက်များတွင် အချိန်နဲ့ တပြေးညီ အများပြည်သူများ သိရှိနိုင်စေရန် ဖော်ပြပေးလျှက်ရှိပါသည်။ မဘသ(ဗဟို)အား ထိခိုက်စော်ကားလာမည့် ထုတ်ပြန်ချက်၊ ကြေညာချက် အတုများအားလည်း ဖြေရှင်းချက်များ ဖော်ပြပေးသွားမည် ဖြစ်ပါသည်။ ရဟန်း၊ ရှင်၊ လူ၊ အများပြည်သူများအား အသိပေးအပ်ပါသည်။
Saturday, November 29, 2014
နိုဝင်ဘာ-၂၉၊ ၂၀၁၄ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့၊ မေဃ ၀န်ကျောင်းတိုက်၊ ၀ိသုံဂါမ မဟာသိမ်တော်ကြီးဝယ် သံဃာတော် ၄၀၀-ကျော် တက်ရောက်သည့် သံဃာ့အစည်းအဝေးကြီးက NLD ပါတီဗဟိုပြန်ကြားရေး တာဝန်ခံ ထင်လင်းဦးအား ပတ္တနိက္ကုဇ္ဇနကံ ဆောင်ရွက်လိုက်သည့်အပေါ် မဘသ(ဗဟို)၏ ထုတ်ပြန်ကြေညာချက်
အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို)၏
ထုတ်ပြန်ကြေညာချက် (၀၀၁၇)
၂၀-၁၀-၂၀၁၄-နေ့ ချောင်းဦးမြို့နယ်၊ အနိမ့်(သုံးပန်လှ)ကျေးရွာ၊ ဦးဝိစာရနေ့ အထိမ်းအမှတ်အဖြစ် ချောင်းဦး မြို့နယ် NLDအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် ဟောပြောပွဲတွင် ဗုဒ္ဓဘာသာ၊ သာသနာတော်ကို ထိပါးပုတ်ခတ် စော်ကားသော စကားလုံးများဖြင့် ဟောပြောခဲ့သူ NLDပါတီ ဗဟိုပြန်ကြားရေးတာဝန်ခံ ထင်လင်းဦးအား-
(စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့၊ မေဃ၀န်ကျောင်းတိုက်၊ ၀ိသုံဂါမ မဟာသိမ်တော်ကြီးဝယ် နတ်တော်လဆန်း ၈-ရက်၊ ၁၃၇၆-ခု၊ နိုဝင်ဘာ-၂၉၊၂၀၁၄၊ စနေနေ့ မွန်းလွဲ ၂-နာရီအချိန်၌) သံဃာတော် ၄၀၀-ကျော် တက်ရောက်သည့် သံဃာ့အစည်းအဝေးကြီးက ကန့်ကွက်သူမရှိ တညီတညွတ်တည်း ပတ္တနိက္ကုဇ္ဇနကံ (သံဃာတော်နှင့် ဆရာ၊ ဒကာ ဆက်ဆံရေးအားလုံးဖြတ်တောက်လိုက်မှု) ဆောင်ရွက်လိုက်ကြောင်း သိရပါ သည်။
ထိုကံဆောင်ရွက်ရာ၌-
၁။ သံဃာ့အစည်းအဝေးသို့ တက်ရောက်သည့် သံဃာတော်အားလုံးတို့က ကန့်ကွက်သူမရှိ တညီတညွတ် တည်း ဆောင်ရွက်သည့် သမဂ္ဂကံဖြစ်ခြင်း၊
၂။ ထင်လင်းဦးသည်လည်း ပတ္တနိက္ကုဇ္ဇန (သပိတ်မှောက်)ကံ ပြုထိုက်သည့် ပြစ်ချက်များရှိနေခြင်း၊
တို့ကြောင့် ဓမ္မကံသာ ဖြစ်ပါသည်။ (၀ိ ၄၊ ၂၆၃၊ ၀ိ ဋ္ဌ ၄၊ ၅၁၊ ၅၂)
သံဃာ၏ ဓမ္မကံကို သံဃာက လိုက်နာရမည်ဖြစ်သောကြောင့် မြန်မာနိုင်ငံတစ်ဝန်းလုံးနှင့်တကွ တစ်ကမ္ဘာလုံးရှိ ထေရ၀ါဒသံဃာတော်တိုင်းက လိုက်နာကျင့်သုံးရမည့် သံဃာ့ကံဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
(သပိတ်မှောက်ကံ ပြုခံရသူနှင့် သမ္ဘောဂပြုသူသည် ဒုက္ကဋ်အာပတ်သင့်သည်၊ ၀ိမတိ၊ ဋီ၊ ၂၊ ၂၃၄)
စာအမှတ်၊ ၀၀၁၇/စီမံ-မဘသ/၂၀၁၄
နေ့စွဲ ၊ ၁၃၇၆-ခု၊ နတ်တော်လဆန်း ၉-ရက်၊
(နိုဝင်ဘာ-၃၀)၊ တနင်္ဂနွေနေ့
ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့(ဗဟို)၊
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။
Friday, November 28, 2014
နိုင်ငံ့သစ္စာစောင့်သိသူ (အရှင်တိလောကာဘိဝံသ ၊အင်းစိန်)
နိုင်ငံ့သစ္စာစောင့်သိသူ (အရှင်တိလောကာဘိဝံသ ၊အင်းစိန်)
နိုင်ငံ့သစ္စာဖောက်သူများ (၁)
အရိပ်နေနေ အခက်ချိုးချိုး သားရေပေါ်အိပ် ၊ သားရေနားစား လုပ်နေသူများ သည် တိရိစ္ဆာန်စိတ်မွေး သူများဖြစ်သည်။ နိုင်ငံသစ္စာဖောက်သူများဖြစ်သည်။ မိမိမြန်မာနိုင်ငံမှာနေ၊ မြန်မာ့ရေသောက်၊ မြန်မာ့ဆန်စား၊ မြန်မာ့အရိပ်ခိုနေပါလျက် အခြားနိုင်ငံ၊ အခြားလူမျိုး၊ အခြားဘာသာအတွက် အကျိုးဆောင်နေသူများသည် နိုင်ငံသစ္စာဖောက်ဖျက်သူများဖြစ်သည်။
နိုင်ငံသစ္စာဖောက်သူများကို အားပေးနေသူ၊ ကူညီနေသူ၊ ဖေးမနေသူ၊ စောင့်ရှောက်ပေးနေသူများသည် လည်း ရဟန်းဖြစ်စေ၊ ရှင်ဖြစ်စေ၊ လူဖြစ်စေ၊ နိုင်ငံရေးသမားဖြစ်စေ၊ စီးပွားရေးသမားဖြစ်စေ၊ နိုင်ငံခေါင်းဆောင် ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်ဖြစ်စေ၊ အနုပညာရှင်ဖြစ်စေ၊ ဘယ်သူမဆို နိုင်ငံသစ္စာဖောက်သူများဖြစ် သည်။
ထိုသူများကို ၀ိုင်းပယ်ဖို့၊ အားမပေးဖို့၊ မဲမပေးဖို့ အမျိုး ဘာသာ သာသနာ ချစ်သူတိုင်း နိုင်ငံချစ်သူတိုင်း တာဝန်ရှိသည်၊ တာဝန်ယူကြရမည်၊
နိုင်ငံသစ္စာဖောက်သူများ (၂)
နိုင်ငံရေးသမား နိုင်ငံ့သစ္စာဖောက်များ၊ နိုင်ငံရေးသမား နိုင်ငံ့ခေါင်းဆောင်လုပ်လိုသူများသည် နိုင်ငံ့ သစ္စာစောင့်သိသူ နိုင်ငံသားတိုင်းအပေါ် ကာကွယ်စောင့်ရှောက်ပေးဖို့ လိုအပ်သည်မှန်သော်လည်း နိုင်ငံသားအ မည်ခံ နိုင်ငံ့သစ္စာဖောက်သူများကို အားပေးလျှင် ကူညီလျှင် ယင်းနိုင်ငံရေးသမား၊ နိုင်ငံ့ခေါင်းဆောင်များသည် လည်း နိုင်ငံ့သစ္စာဖောက်များ ဖြစ်သည်။
ယခုအခါမှာ မြန်မာနိုင်ငံရေးခေါင်းဆောင်အမည်ခံ နိုင်ငံရေးသမားအချို့သည် တိုင်းတစ်ပါးသြဇာခံ အထောက်အပံ့ခံ ဘာသာခြားများဘက်က ရပ်တည်ပေးနေကြသည်။ လူမျိုးခြား ဘာသာခြားတို့၏ အပြစ်ကို ရေငုံနှုတ်ပိတ်နေကြသည်။ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာဘက်ကိုသာ အပြစ်ပုံချပေးနေကြသည်။
အဆိုပါ နိုင်ငံရေးသမားများသည် မြန်မာနိုင်ငံသစ္စာဖောက်များဖြစ်နေကြသည်။ သတိပြုမိကြပါစေ။
အပိုင်း (၂) တရားဖြုတ်ပြီး ဓားထုတ်ဖို့မလိုတဲ့ အမျိုးစောင့်ဥပဒေ၊ ဇေတ၀န်လက်ကမ်းစာစဉ် (၂၂) ဒေါက်တာအရှင်သောပါက ( မဘသ ဗဟို ဦးဆောင်ဆရာတော်ဘုရား)
တရားဖြုတ်ပြီး ဓားထုတ်ဖို့မလိုတဲ့ အမျိုးစောင့်ဥပဒေ အပိုင်း (၂)
ဇေတ၀န်လက်ကမ်းစာစဉ် (၂၂)
ဒေါက်တာအရှင်သောပါက ( မဘသ ဗဟို ဦးဆောင်ဆရာတော်ဘုရား)
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
အခြားဘာသာကြီးသုံးခုမှာ မိမိတို့ဘာသာဝင်အချင်းချင်းသာ လက်ထပ်ခွင့်ရှိသည်။ ဘာသာတူရာအချင်း ချင်းလက်ထပ်ယူမှ တရားဝင်သည် အခြားဘာသာဝင်များနှင့်လက်ထပ်လျှင် တရားမ၀င်၊ တရားဝင်ဖြစ်လိုလျှင် သူတို့ဘာသာသို့ (အခြားဘာသာများကို ဆိုလိုသည်) ကူးပြောင်းလိုက်ရပါတယ်။ အဲဒီလိုဥပဒေမျိုးဖြစ်နေတော့ မိမိတို့ဗုဒ္ဓဘာသာဝင် အမျိုးသမီးများက ဘာသာခြားကိုယူလိုက်မယ်ဆိုရင် တရားဝင်ဇနီးမယား ဖြစ်နိုင်ပါ့မလား စဉ်းစားကြည့်ပါ။ လုံးဝတရားဝင်မယားမဖြစ်နိုင်ပါဘူး။ တရားဝင်မယားဖြစ်ချင်ရင် ဘာလုပ်ရမလဲ တွေးကြည့်ပေါ့။ သူတို့ဘာသာထဲကိုပြောင်းလိုက်ရုံမှတစ်ပါးအခြားမရှိဘူး။ အဲဒါဘယ်သူတွေ နစ်နာသွားပါသလဲ။ ပေါင်းသင်းပြီးလို့ ပြဿနာဖြစ်လာတဲ့အခါ ကွာရှင်းမှုလုပ်လိုက်တာနဲ့ တပြိုင်နက် ပိုင်ဆိုင်မှု အမွေဆက်ခံပိုင်ခွင့်ဆိုတာ လုံးဝမရှိပဲ အပျော်မယား အပျက်မယားဘ၀နဲ့ ဇာတ်သိမ်းကာ ကိုယ်တစ်ခုအ၀တ်တထည်နဲ့ ကိုယ့်အိမ်ကိုယ်ပြန်လာခဲ့ရပါတယ်။ အဲဒါ တရားမျှတမှုလား …။
လာပြန်သေးတယ်။ ၁၉၅၄-ခုနှစ်က ပြဋ္ဌာန်းထားတဲ့ ဗုဒ္ဓဘာသာမိန်းမများ ထိမ်းမြားမှုနှင့်အမွေဆက်ခံမှု အက်ဥပဒေရှိပြီးသားဖြစ်လို့ မလိုပါဘူး။ ဘုန်းကြီးတွေက အပိုလုပ်နေတာပါလို့လဲ ပြစ်တင်ကြပြန်သေးတယ်။ တကယ်တော့ ထို ၁၉၅၄-ခုနှစ် ဥပဒေဟာ အိမ်ထောင်ရေးအဆင်မပြေဖြစ်ပြီး ကွာရှင်းကြတဲ့အခါမှာ ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးများ အမွေရပိုင်ခွင့်များ မနစ်နာစေရန်သာ ကာကွယ်မှုပေးနိုင်ပြီး ဗုဒ္ဓဘာသာဝင် အမျိုးသမီးကို ထိထိရောက်ရောက် ကာကွယ်မှုမပေးနိုင်တာ တွေ့ရပါတယ်။ ပြောရရင်တော့ ၁၉၅၄-ဥပဒေဟာ ပစ္စည်းကိုသာ ကာကွယ်နိုင်ပြီး လူကိုလုံးဝကာကွယ်မှု မပေးနိုင်တဲ့ဥပဒေဖြစ်နေတယ် ဆိုတာပါပဲ။
ယနေ့ ပြဿနာမျိုးစုံနဲ့ တွေ့ကြုံနေရတာဟာ အဲဒီ ၁၉၅၄-ဥပဒေရဲ့ အားနည်းမှုတွေကြောင့်လည်း ပါဝင်ပါတယ်။ တစ်ခုပဲလေ့လာလို့ရအောင် တင်ပြပါမယ်။ ၁၉၅၄-ဥပဒေရဲ့ ပုဒ်မ ၅ မှာ “လူပျိုဘော်ဝင်ပြီးသည့် ဗုဒ္ဓဘာသာဝင်မဟုတ်သော ယောက်ျားတစ်ဦးနှင့် အသက် ၁၄ နှစ်အောက်မငယ်သည့် ဗုဒ္ဓဘာသာဝင် မြန်မာ အမျိုးသမီးတစ်ဦးတို့သည် ဤဥပဒေအရ ထိမ်းမြားနိုင်သည်” ဟုဖော်ပြထားတဲ့ အချက်အလက်ကိုကြည့်မယ်ဆိုရင် အသက် (၁၄)နှစ်အရွယ်ရှိပြီးသော ဗုဒ္ဓဘာသာဝင်အမျိုးသမီးလေးကို ဘယ်ဘာသာခြားကမဆို (အသက်အရွယ် ကန့်သတ်ချက်မရှိ) လက်ထပ်ခွင့်ပြုထားတဲ့ဥပဒေဖြစ်နေတယ်ဆိုတာ တွေ့မြင်နိုင်ပါတယ်။ ဗုဒ္ဓဘာသာမိန်းကလေး ကိုတော့ အသက် (၁၄)နှစ်လို့ သတ်မှတ်ပြီး ဘာသာခြားကိုတော့ အသက်ကန့်သတ်ချက်မထားဘူးဆိုကတည်းက တရားမျှမှုရှိပါ့မလား … ။
ဒါဆိုရင် ဒီဥပဒေရှိပြီးသားမို့မလိုပါဘူးလို့ ပြောဆိုဝေဖန်သူများဟာ သူတို့ရဲ့ (၁၄)နှစ်အရွယ်ချစ်သမီးလေး ကို သက်ကြီးရွယ်အို ဘာသာခြားကြီးနဲ့ မပေးစားရမှာစိုးလို့လားဆိုတာကို တွေးမိပါရဲ့ … ရင်လေးမိပါရဲ့ …။
အဲဒီလို နစ်နာမှုမျိုးတွေကို မဖြစ်စေဖို့ တစ်ခြားဘာသာမှာ လုံလောက်တဲ့ ဥပဒေရှိသလိုမျိုး မိမိတို့ရဲ့ဘာသာမှာ ရှိစေချင်တဲ့အတွက် အမျိုးစောင့်ဥပဒေကို တောင်းဆိုနေခြင်း ဖြစ်ပါတယ်။
အမျိုးစောင့် ဥပဒေမှာပါတဲ့ ပြစ်ဒဏ်ပေးရန် တောင်းဆိုမှုကို ဝေဖန်တာလဲ တွေ့ရပါတယ်။ ဒီလိုတောင်းဆိုရခြင်းကလည်း ဘာသာခြားတွေကိုနှိပ်ကွပ်ဖို့၊ ထောင်ဒဏ်များအပြစ်ပေးချင်လို့ မဟုတ်ပါဘူး။ အထူးသဖြင့် ခရစ်ယာန်ဘာသာဝင်များအတွက် ခရစ်ယာန်လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၆၈-မှာ ထောင်ဒဏ် ၁၀-နှစ်အထိ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားပါတယ်။ ဒီအချက်ကိုသိတယ်ဆိုရင် ဘာ့ကြောင့် ထောင်ဒဏ်များချမှတ်ဖို့ တောင်းဆိုတာကို ပုံကြီးချဲ့နေရပါသလဲ။ သူတို့ဘာသာမှာ ရှိသလိုမျိုး ကိုယ့်ဘာသာမှာ ရှိသင့်ကြောင်း တင်ပြတောင်းဆိုခြင်းဟာ လွန်သွားလို့လား … ။ သူတို့ဘာသာ ရှိရင်းစွဲဥပဒေကိုဖြုတ်ပေးရင် ဒီဘက်လည်းလျော့ပေးလိုက်ရုံပေါ့။ ဒါဆိုရင်တော့ မျှတရာရောက်နိုင်ပါတယ်။ အမျိုးစောင့်ဥပဒေဟာ အခြားဘာသာ တွေထက် ပိုပြီးတောင်းဆိုတာမဟုတ်ဘူး။ အခြားဘာသာများမှာရှိသလိုမျိုး ကိုယ့်ဘာသာမှာလည်း ရှိသင့်လို့ တောင်းဆိုလိုက်ခြင်းသာ ဖြစ်ပါတယ်။ သူတို့ဥပဒေများရှိသလိုမျိုး ကိုယ့်မှာလည်းရှိသင့်ကြောင်း တောင်းဆိုတာကို ဘာ့ကြောင့်လူ့အခွင့်အရေး ချိုးဖောက်တယ်လို့ ပြောချင်တာလဲ … ။
တစ်ချို့ အစ္စလာမ်ဘာသာဝင်တွေ ကျင့်သုံးနေတဲ့ ရှရီယာဥပဒေ (Sharia Law) ကို လေ့လာကြည့်တဲ့အခါ -
၁။ မိန်းကလေးများကို မွေးဖွားလာသည်မှစ၍ အသက်အတိုင်းအတာမရှိ လက်ထပ်ရယူနိုင်သည်။
၂။ မုဒိန်းကျင့်သောအမှုသည် မွတ်စလင်ယောက်ျား (၄)ယောက်မြင်မှ အမှုမြောက်သည်။
၃။ အိမ်ထောင်သည်ယောက်ျားသည် မိန်းမအတိုင်းအဆမရှိ မိမိသဘောဖြင့်ယူနိုင်သော်လည်း ငါးယောက် အထိသာယူရန် အကြံပြုထားသည်။
၎။ မွတ်စလင်ဘာသာကို လက်ထပ်ရင် မွတ်စလင်ဘာသာသာဖြစ်ရမည်။ ဘာသာခြားနှင့် လက်ထပ်ခြင်းကို ခွင့်မပြု။
၅။ အစ္စလာမ်ဘာသာကို စော်ကားသော အခြားဘာသာဝင်များကို သေဒဏ်ပေးသည်။
၆။ အစ္စလာမ်ဘာသာက အခြားဘာသာသို့ပြောင်းကာ အစ္စလာမ်ဘာသာအကြောင်း မကောင်းပြောသူကို သေဒဏ်ကျမည်။
ဒါဟာ ရှရီယာဥပဒေရဲ့ တစ်ချို့တစ်ဝက်ပဲဖြစ်ပါတယ်။ အမြည်းသဘောလေး လေ့လာလို့ရအောင် တင်ပြလိုက်တာပါ။
၎င်းရှရီလာဥပဒေကို အီဂျစ်၊ အီရန်နိုင်ငံရှိ မွတ်စလင်အမျိုးသမီးများက အ၀တ်ဗလာဖြင့် ဆန့်ကျင်ဆန္ဒပြ ခဲ့ကြောင်း သတင်းတွေမှာ တွေ့ရပါတယ်။ အဲဒီလိုမတရားတဲ့ ဥပဒေမျိုးကို တစ်ချို့အစ္စလာမ်ဘာသာဝင်တွေက တောင် လက်မခံဘဲကန့်ကွက်ကြတာတွေလည်း တွေ့ရပါတယ်။ အဲဒီလိုမတရားတဲ့ဥပဒေမျိုးကို တစ်ချို့အစ္စလာမ် ဘာသာဝင်တွေကတောင် လက်မခံဘဲ ကန့်ကွက်ကြတာတွေလည်း တွေ့ရပါတယ်။
တစ်ခါ အီရတ်နိုင်ငံ၏ အသစ်ပြင်ဆင်ရေးဆွဲလိုက်သည့် ဥပဒေကြမ်း၌ ရှစ်နှစ်အရွယ်နုနယ်သော မိန်ကလေးများကို လက်ထပ်နိုင်ရုံမျှမက ခင်ပွန်းသည်အလိုကျ အချိန်နှင့် အိမ်ထောင်ရေးသုခခံစားနိုင်ကြောင်းပါ ဥပဒေကြမ်းကို လွှတ်တော်ထဲသို့ တင်သွင်ထားကြောင်း ဖတ်ရှုလိုက်ရပါတယ်။ ယင်းဥပဒေကြမ်းမှာ ကြောက်စရာ ကောင်းတဲ့အချက်က အမျိုးသမီးများ ဆန္ဒမပါသော်လည်း အမျိုးသားများအလိုရှိပါက အတင်းအဓမ္မဆန္ဒဖြည့်တင်း နိုင်ကြောင်းအချက်ပဲ ဖြစ်ပါတယ်။ ဒါတွေဟာ လူ့အခွင့်အရေးနဲ့ ညီပါသလား …။ လူသားချင်းစာနာထောက်ထားမှု ရှိပါသလား …။ စဉ်းစားကြဖို့ပါ။
ဒါတင်မကသေးဘူး။ ၇. ၄. ၂၀၁၄ နေ့ထုတ် ပြန်မြန်မာသတင်းဂျာနယ် သတင်းတစ်ပုဒ်မှာ ပါကစ္စတန် ခရစ်ယာန်စုံတွဲတစ်တွဲဟာ တမန်တော်မိုဟာမက်ကို စော်ကားသည့်စာပို့မှုဖြင့် သေဒဏ်ချမှတ်လိုက်ကြောင်း ဖတ်လိုက်ရပါတယ်။ ( BBC - ၆. ၄. ၁၄ ချယ်ရီ)
ဒီလိုအနေအထားမျိုးတွေကိုရော ဘယ်သူကမတရားတဲ့လုပ်ရပ်ပါလို့ ဝေဖန်ခဲ့ကြသလဲ။ တရားမျှတမှုရော ရှိပါရဲ့လား … ။
ယခု မျိုးစောင့်ဥပဒေတောင်းဆိုမှုတွေထဲမှာ အဲဒီလို တရားမမျှတမှုတွေ မပါပါဘူး။ တစ်ဦးနဲ့တစ်ဦး ကွဲပြားအောင်၊ တစ်ဘာသာနှင့် တစ်ဘာသာ ခြားနားအောင် စည်းခြားတဲ့ဥပဒေမျိုး။ အမျိုးတူတူ မတူတူ၊ ဘာသာ တူတူ မတူတူ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးကို ဖော်ဆောင်ထားခြင်းသာ ဖြစ်ပါတယ်။
မျိုးစောင့်ဥပဒေတောင်းဆိုမှုမှာ ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးများ မည်သူမည်ဝါနှင့် လက်မထပ်ရလို့ ကန့်သတ်ချုပ်ချယ်ခြင်းမရှိပါဘူး။ ဗုဒ္ဓဘာသာဝင်မြန်မာအမျိုးသမီးများအတွက် ကန့်သတ်ချုပ်ချယ်ထားသည့် ဥပဒေ မဟုတ်ဘဲ အကာအကွယ်ပေးသည့် ဥပဒေဖြစ်တယ်ဆိုတာကို နားလည်စေချင်ပါတယ်။ ယုံကြည်ကြစေချင်ပါတယ်။
အကယ်၍ အမျိုးစောင့်ဥပဒေ မရှိဘူးဆိုရင် ဘာသာခြားရဲ့ ဥပဒေအတိုင်းသာ ဆုံးဖြတ်ခြင်းခံရမှာဖြစ်သလို ဗုဒ္ဓဘာသာဝင်မြန်မာအမျိုးသမီးများအတွက် အခွင့်အရေးပေါင်းများစွာတို့ ဆုံးရှုံးနစ်နာကြရမှာပင် ဖြစ်ပါတယ်။
မျိုးစောင့်ဥပဒေဟာ ကိုယ့်လူမျိုး ကိုယ့်ဘာသာကို ကာကွယ်ပေးခြင်းသာဖြစ်ပါတယ်။ အခြားလူမျိုး အခြားဘာသာကို နှောင့်ယှက်ဟန့်တားခြင်းမရှိကြောင်းကိုလည်း သဘောပေါက်ကြစေလိုပါတယ်။
ဖြစ်ပေါ်လာမယ့် အန္တရာယ်တွေကို ကာကွယ်တဲ့နေရာမှာ မိမိအတွက်ရော အများအတွက်ပါ မထိခိုက် မနစ်နာစေပဲနဲ့ ကာကွယ်တဲ့နည်းမျိုးကို သုံးသင့်ပါတယ်။ တိုက်ခိုက်သေကျေပျက်စီးပြီးမှ ရမယ့်ကာကွယ်နည်းက မကောင်းလှပေဘူး။ မဖြစ်ခင်ကြိုတင်ကာကွယ်ခြင်းကို ကျင့်သုံးတဲ့နည်းတွေထဲမှာ ဥပဒေနဲ့ကာကွယ်ခြင်းသည်သာ အကောင်းဆုံးဖြစ်တယ်လို့ ယုံကြည်ပါတယ်။ အမျိုးစောင့်ဥပဒေတောင်းဆိုရခြင်းဟာ ဥပဒေနဲ့အညီ ကာကွယ်နည်း ကို ကျင့်သုံးလိုက်တာပဲ ဖြစ်ပါတယ်။ သတ်ဖို့ဖြတ်ဖို့ အခြားဘာသာကို အနိုင်ကျင့်ဖို့ မဟုတ်ပါဘူး။ အမျိုးစောင့်ဥပဒေ ဟာ ဗုဒ္ဓဘာသာဝင်များအတွက်သာမဟုတ်၊ ဘာသာပေါင်းစုံတို့အတွက် အကျိုးရှိစေမည့် ဥပဒေမျိုးဖြစ်တယ်။ ဖြစ်ပေါ်လျှက်ရှိသော ဘာသာရေး၊ လူမျိုးရေးဆန်သည့် ပဋိပက္ခများကိုပါ ငြိမ်းချမ်းစေမည့် ဥပဒေမျိုးလည်း ဖြစ်ပါတယ်။
အမျိုးစောင့်ဥပဒေပြဋ္ဌာန်းဖို့မလိုပါဘူး။ ကိုယ့်အသိနဲ့ကိုယ်ထိန်းသိမ်းလိုက်ရင် ရတာပါပဲဆိုတဲ့ ခပ်ပေါ့ပေါ့ပြောတဲ့သူတွေလဲ ရှိပါတယ်။ သူ့ကိုယ်သူ သူတော်ကောင်းလိုလို ပညာရှိကြိးလိုလိုလုပ်ပြီး ဝေဖန်လိုက်တာဖြစ်ပါ တယ်။ အသိတရားနဲ့ကာကွယ်ဖို့ဆိုတာ အပြောလွယ်သလောက် အလုပ်ခက်တယ်ဆိုတာ ထိုဝေဖန်တဲ့ပုဂ္ဂိုလ် သိနိုင်လိမ့်မယ်ထင်ပါတယ်။ အသိတရားနဲ့ကာကွယ်တာဟာ ကောင်းပေမယ့် ဘယ်သူတွေက ကျင့်သုံးနိုင်မှာလဲ။ ရာနှုန်းပြည့်ဆိုတာဘယ်လိုမှ မဖြစ်နိုင်တဲ့ကိစ္စပဲမဟုတ်လား။ တကယ်တမ်း အသိတရားနဲ့သာ လိုက်နာကြမယ်ဆိုရင် မြန်မာနိုင်ငံမှာ ဥပဒေတွေပြဋ္ဌာန်းပေးစရာကို မလိုဘူး။ အချုပ်ထောင်တွေလည်း ထားစရာမလိုတော့ဘူး။
ဗုဒ္ဓဘာသာဝင်တွေသာ မဟုတ်လူသားတိုင်းဟာ မဖြစ်မနေ လိုက်နာစောင့်ထိမ်းရမယ့် လူ့ကျင့်ဝတ်ငါးပါး သီလဆိုတာ ရှိပါတယ်။ အသိတရားနဲ့သာ ကိုယ့်ကိုယ်ကို ထိန်းနိုင်မယ်ဆိုရင် အမျိုးစောင့်ဥပဒေမလိုပါဘူး ဆိုတဲ့ သူတွေကို “ငါးပါးသီလကို ကိုယ့်အသိနဲ့ထိန်းတာ ဘယ်နှစ်ပါးလုံပြီလဲ” လို့ မေးကြည့်ချင်ပါတယ်။
ငါးပါးသီလသာ တကယ်လုံမယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် သတ်စရာ၊ ဖြတ်စရာ၊ အနိုင်ကျင့်နှိပ်စက် စရာအကြောင်းမရှိဘူး။ လူဆိုးသူခိုးဆိုတာလည်း မရှိနိုင်ဘူး။ သူတစ်ပါးသားသမီး အရွယ်မရောက်သေးတဲ့ မိန်းကလေးများကို အဓမ္မပြုကျင့်စရာအကြောင်းကို မရှိဘူးမဟုတ်လား။
အသိတရားနဲ့ ထိန်းနိုင်အောင်လည်း မျိုးဆက်သစ်ရင်သွေးငယ်တွေကို ဘာသာရေးအသိပေးမှုတွေ၊ ယဉ်ကျေးလိမ္မာသင်တန်းတွေနဲ့ အသိပညာပေးတာတွေလုပ်နေပါတယ်။ တစ်ဖက်ကလည်း ဥပဒေနဲ့ ကာကွယ်မှုတွေ ကို လုပ်နေတာပဲဖြစ်ပါတယ်။
အခြားဘာသာများတွင် “ဘာသာမတူလျှင် လက်မထပ်ရ” ဟူသော တားမြစ်ချက် ဥပဒေမျိုးရှိသကဲ့သို့ ဗုဒ္ဓ ဘာသာဝင်အမျိုးသမီးများကိုလည်း မည်သည့်လူမျိုးကမဆို ဗုဒ္ဓဘာသာဝင်ဖြစ်လျှင် လက်ထပ်ထိမ်းမြားရယူခွင့်ရှိ ကြောင်း ပြဋ္ဌာန်းပေးရန် တောင်းဆိုနေခြင်း ဖြစ်ပါတယ်။ ဤသည်မှာ ကိုယ့်ခြံစည်းရိုး ကိုယ်ကာခြင်း၊ ကိုယ့်အမျိုး ကိုယ်စောင့်ရှောက်ခြင်းဖြစ်၍ အထက်ပါ ဘာသာကြီးသုံးခုတို့၏ ဥပဒေအရ အကာအကွယ်ပေးသည့် ပြဋ္ဌာန်းချက်ကို ရဖို့ရန်အတွက် အခြေခံဥပဒေပုဒ်မ ၃၄၇-နှင့်အညီ တန်းတူညီမျှ အခွင့်အရေးရရန် ဗုဒ္ဓဘာသာဝင်တွေက တောင်းဆို တင်ပြခြင်းသာ ဖြစ်ပါတယ်။
ဆိုလိုသည်မှာ အစ္စလာမ်၊ ဟိန္ဒူ၊ ခရစ်ယာန်ဘာသာဝင်များ ရရှိထားပြီးဖြစ်သော အခွင့်အရေးများအတိုင်း မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများလည်း တန်းတူရရှိစေရန် အခြေခံဥပဒေပုဒ်မ ၃၄၇-နှင့်အညီ တောင်းဆိုခြင်း ဖြစ်သောကြောင့် အခြေခံဥပဒေနှင့်ညီသကဲ့သို့ လူ့အခွင့်အရေးနှင့်လည်း ညီညွတ်ပါပေတယ်။
ဗုဒ္ဓ၀ါဒအတိုင်း ဗုဒ္ဓဘာသာဝင်ပီပီ တရားဓမ္မနှင့်မွေ့လျော်ခြင်းဖြင့် နိုင်ငံတွင်းမှာ အေးချမ်းစွာနေထိုင်သွား ကြရမှာပင် ဖြစ်ပါတယ်။ လူမျိုးမတူ ဘာသာမတူပေမယ့် အခြေခံလူ့ကိုယ်ချင်းစာစိတ်သာ ရှိကြမယ်ဆိုရင် အတူတကွယှဉ်တွဲ၍ မနေထိုင်နိုင်စရာအကြောင်း မရှိပါဘူး။
“အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့” ကတောင်းဆိုသော ဤ “အမျိုးစောင့်ဥပဒေ” ဟာလည်း တစ်ပါးသူတစ်ခြားဘာသာဝင်တို့အား ထိုးနှက်တိုက်ခိုက်တဲ့ ဓား မဟုတ်ဘဲ မိမိတို့ထံသို့ စော်ကားထိုးနှက် တိုက်ခိုက်လာလျင် ခုခံကာကွယ်ပေးမည့် ဒိုင်း သာလျှင်ဖြစ်ပါတယ်။ ဓား အဖြစ်နဲ့ ခုတ်ဖို့မဟုတ်။ ဒိုင်း အဖြစ်နဲ့ ကာဖို့သာဖြစ်တယ်ဆိုတဲ့အကြောင်း အသိပေးလိုက်ပါတယ်။
ထို့ကြောင့် တရားဖြုတ်ပြီး ဓားထုတ်စရာမလိုလောက်အောင် ပြီးပြည့်စုံတဲ့ “အမျိုးစောင့်ဥပဒေ” တစ်ရပ် အမြန်ပေါ်ပေါက်ရေးကို ၀ိုင်းဝန်းတောင်းဆို၍ အကောင်အထည်ဖေါ်ဆောင်ကြပါစို့ဟု တိုက်တွန်းနှိုးဆော်လိုက်ရ ပါတယ်။
မေတ္တာဖြင့် -
ဒေါက်တာအရှင်သောပါက
မ.ဘ.သ (ဗဟိုဦးဆောင်)
အပိုင်း (၁) တရားဖြုတ်ပြီး ဓားထုတ်ဖို့မလိုတဲ့ အမျိုးစောင့်ဥပဒေ၊ ဇေတ၀န်လက်ကမ်းစာစဉ် (၂၂) ဒေါက်တာအရှင်သောပါက ( မဘသ ဗဟို ဦးဆောင်ဆရာတော်ဘုရား)
တရားဖြုတ်ပြီး ဓားထုတ်ဖို့မလိုတဲ့ အမျိုးစောင့်ဥပဒေ အပိုင်း (၁)
ဇေတ၀န်လက်ကမ်းစာစဉ် (၂၂)
ဒေါက်တာအရှင်သောပါက ( မဘသ ဗဟို ဦးဆောင်ဆရာတော်ဘုရား)
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
၂၅. ၁၁. ၂၀၁၄ နေ့မှာ မ.ဘ.သ (ဗဟို)က ဦးဆောင်ကျင်းပတဲ့ “အမျိုးစောင့်ဥပဒေ အမြန်ပြဋ္ဌာန်းပေးရေး လူထုတောင်းဆိုပွဲ” ကြီးကို ရွှေတိဂုံစေတီတော်ခြေရင်းဝယ် အောင်မြင်စွာကျင်းပနိုင်ခဲ့ပါတယ်။ မထွက်မနေရ၊ မလာမနေရပုံစံမျိုးနဲ့ စေခိုင်းတာမဟုတ်ဘဲ အမျိုး ဘာသာ သာသနာကို စိတ်ပါဝင်စားသူများ ပါဝင်နိုင်ကြောင်း အွန်လိုင်း စာမျက်နှာကတစ်ဆင့် အသိပေးနှိုးဆော်လိုက်ရုံနဲ့ အမျိုးသားရေးစိတ်ဝင်စားသူများ သောင်းနဲ့ချီပြီး တက်ရောက်လာခဲ့ကြတာ နိုင်ငံလုံးကျော်ရုံမျှမက ကမ္ဘာကပင် သိရှိသွားခဲ့ပါတယ်။ ဒါဟာ သမိုင်းဝင်နေ့တစ်နေ့ပါပဲ။
အမျိုးစောင့်ဥပဒေပေါ်ထွက်လာရေးကို (၁)နှစ်ကျော်ကျော် ဆောင်ရွက်လာခဲ့သော်လည်း ဥပဒေပေါ်ထွက်မှု မရှိသေးပါဘူး။ သို့အတွက်ကြောင့် လူထုတောင်းဆိုပွဲများ ဆက်လက်ဆောင်ရွက်သွားကြဖို့ပါ။ ယခု ရန်ကုန်-မန္တလေး ဆန္ဒထုတ်ဖော်ပွဲနှစ်ပွဲနဲ့ပင် ကမ္ဘာမြည်ဟီးသွားတဲ့အနေအထားမျိုး ဖြစ်နေပါတယ်။ သို့သော်လည်း အမျိုးစောင့် ဥပဒေအကြောင်းကို ခုချိန်ထိ သေချာကျစွာမသိသေးသူများ ရှိနေတာကိုလည်း တွေ့ရပါတယ်။ တစ်ချို့ ကတော့သိပေမယ့် ကန့်လန့်တိုက်တာမျိုးတွေလည်း ရှိတာပေါ့။ တစ်ချို့ကတော့ အရိပ်အမြွက်လောက်သာ သိရှိကြပြီး အကျိုးအပြစ်အနှစ်သာရစတာတွေကို ပြည့်ပြည့်စုံစုံ မသိကြသေးသူများလည်း ရှိနေပါသေးတယ်။ သို့အတွက်ကြောင့် ယခင်ကရှင်းလင်းချက်များရှိနေပေမယ့် အိတ်ဆောင် စာအုပ်ငယ်လေးလုပ်ပြီး ယခုတစ်ဖန်အသိ ပေးရေးသားလိုက်ရပါတယ်။
မြန်မာနိုင်ငံတွင် တိုင်းရင်းသား လူမျိုးပေါင်း (၁၃၅)မျိုးတို့ အတူတကွ ယှဉ်တွဲနေထိုင်လာခဲ့ကြပါတယ်။ ထိုတိုင်းရင်းသားများဟာ ဘာသာအယူဝါဒကြောင့် ပြဿနာတစ်စုံတစ်ရာ မဖြစ်ခဲ့ကြပါပေ။ မိမိတို့ယုံကြည်ရာကို လွတ်လပ်စွာကိုးကွယ်ခွင့်လည်း ရခဲ့ကြပါတယ်။ နိုင်ငံတော်ကလည်း အခြေခံဥပဒေနှင့်အညီ လွတ်လပ်စွာ ကိုးကွယ် ခွင့် ပေးထားပြီးသားဖြစ်ပါတယ်။ သို့သော်လည်း နောက်ပိုင်းကာလများ၌ အခြားနိုင်ငံသားများ၊ ဘာသာခြားများ၊ လူမျိုးခြားများဝင်ရောက်လာကြပြီးနောက်ပိုင်းဝယ် ဘာသာရေးအရသော်လည်းကောင်း၊ လူမျိုးရေးအရသော်လည်း ကောင်း၊ ဘာသာတစ်ခုက အခြားဘာသာတစ်ခုကို သူတို့ရဲ့ဘာသာသို့ အတင်းအကျပ် သွတ်သွင်းခြင်းများ၊ အရွယ် မရောက်သေးသော ဘာသာမတူသည့် မိန်းကလေးငယ်များကို နည်းမျိုးစုံဖြင့် လက်ထပ်ပြီး ဘာသာသွတ်သွင်း ခြင်းများ၊ အဓမ္မပြုကျင့်ခြင်းများ ရှိခဲ့ကြတာကို ခေတ်အဆက်ဆက်မှာ တွေ့မြင်ခဲ့ရပါတယ်။ ထိုအခြေအနေတွေ ကြောင့် ပဋိပက္ခမျိုးစုံတို့ ဖြစ်ပေါ်လာရခြင်းပါပဲ။ ယခုနှစ်ပိုင်းတွေမှာ ပိုပြီးများပြားလာခြင်းနှင့်အတူ တိုင်းပြည်အတွင်း ဆူပူမှုများနှင့် သေကျေပျက်စီးမှုတွေဟာ သိသိသာသာကြီး တိုးပွားလို့နေပါတယ်။
ထိုကဲ့သို့ ဖြစ်ပေါ်လာခဲ့တဲ့ ပြဿနာများကို အခြေခံ၍ မြန်မာနိုင်ငံတွင်းနေထိုင်ကြတဲ့ ဘာသာပေါင်းစုံတို့ ညီညွတ်ပြီးငြိမ်းချမ်းစွာ အတူတကွယှဉ်တွဲနေထိုင်နိုင်ရန် ယုံကြည်ချက်ဖြင့် လွတ်လွတ်လပ်လပ် ကိုးကွယ်နိုင်ရန် အတွက် ဘာသာပေါင်းစုံအတွက် လိုက်နာသင့်တဲ့ဥပဒေတစ်ရပ်ရှိသင့်ကြောင်း ခံယူမိပါတယ်။ ထိုဥပဒေဟာ “အမျိုး စောင့်ဥပဒေ”ပင် ဖြစ်ပါတယ်။
အမျိုးစောင့်ဥပဒေသည် ဗုဒ္ဓဘာသာဝင်အတွက်သာမဟုတ် ဘာသာပေါင်းစုံအတွက် အကျိုးရှိစေမည့် ဥပဒေဖြစ်ပါတယ်။ ဖြစ်ပေါ်လျှက်ရှိသော ဘာသာရေး၊ လူမျိုးရေးဆန်သည့် ပဋိပက္ခများကိုပါ ချုပ်ငြိမ်းသွားစေမည့် ဥပဒေမျိုးပင် ဖြစ်ပါတယ်။
ထိုအမျိုးစောင့်ဥပဒေတွင် -
(က) ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊
(ခ) လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ၊
(ဂ) တစ်လင်တစ်မယားစနစ် ဥပဒေ၊
(ဃ) လူဦးရေထိန်းညှိခြင်းဆိုင်ရာ ဥပဒေ ဟူ၍ (၄)မျိုး ပါဝင်ပါတယ်။
အမျိုးစောင့်ဥပဒေ၌ -
၁။ ဗုဒ္ဓဘာသာဝင် မည်သူနှင့်လက်မထပ်ရဟု ကန့်သတ်ချုပ်ချယ်ခြင်း မရှိပါ။
၂။ အမျိုးစောင့်ဥပဒေသည် ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးများအတွက် ကန့်သတ်ချုပ်ချယ်သည့် ဥပဒေမဟုတ်၊ အကာအကွယ်ပေးသည့် ဥပဒေသာဖြစ်ပါတယ်။
၃။ အမျိုးစောင့်ဥပဒေမရှိလျှင် ဘာသာခြားများ၏ ဥပဒေအတိုင်းသာ ဆုံးဖြတ်ခံနေရတဲ့အတွက် ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးများ အခွင့်အရေး ဆုံးရှုံးနစ်နာခဲ့ရပါတယ်။
၎။ အမျိုးစောင့်ဥပဒေသည် ကိုယ့်ဘာသာ ကိုယ့်လူမျိုးကို ကာကွယ်ပေးခြင်းသာဖြစ်တယ်။ အခြားဘာသာ အခြားလူမျိုးများကို နှောက်ယှက်ဟန့်တားခြင်း လုံးဝမရှိ။
၅။ အတင်းအကြပ် ဘာသာကူးပြောင်းခြင်းမျိုး မရှိတော့ဘဲ မိမိတို့ယုံကြည်ချက်ဖြင့် လွတ်လပ်စွာကိုးကွယ်ခွင့် ရှိပါတယ်။
၆။ မြန်မာနိုင်ငံအတွင်း လူဦးရေထိန်းညှိပေးခြင်းကြောင့် ဆင်းရဲမွဲတေမှုနှင့် စီးပွားရေးကြပ်တည်းမှုများပါ လျော့ချနိုင်ပြီး နိုင်ငံတော်လည်း ဖွံ့ဖြိုးတိုးတက်ကာ လူမျိုးရေးဝါမျိုမှုကိုပါ လျော့ကျသွားစေနိုင်ပါတယ်။
၇။ ဘာသာတစ်ခုနှင့်တစ်ခု လူမျိုးတစ်မျိုးနှင့်တစ်မျိုးတို့ ပဋိပက္ခဖြစ်မှုကို အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်မည် ဖြစ်ပါတယ်။
အမျိုးစောင့်ဥပဒေကို တစ်ချို့ကအကြမ်းဖက်တဲ့ဥပဒေအဖြစ်၊ ဘာသာခြားတွေကို နှိပ်ကွပ်တဲ့ဥပဒေအဖြစ် မြင်နေကြပါတယ်။ အချို့ကလည်းပါတီနိုင်ငံရေးအမြင်တွေနဲ့တွေးပြီး လက်ရှိအစိုးရအာဏာတည်မြဲရေးအတွက် ပူးပေါင်းဆောင်ရွက်ပြီး အင်အားကြီးပါတီကြီးတစ်ခုကို (တည့်တည့်ပြောရရင် NLD ပါတီကို) တိုက်ခိုက်နေတာ ဖြစ်တယ်လို့လည်း သုံးသပ်နေကြပြန်ပါတယ်။ ဘယ်သူ့ကိုမှ တိုက်ခိုက်စရာအကြောင်းမရှိဘူး။ မျိုးစောင့်ဥပဒေကို ဝေဖန်လာတဲ့သူကိုတော့ ပြန်လည်တုံ့ပြန်ဖြေရှင်းရတာမျိုးတော့ ရှိမှာပေါ့။
တကယ်တော့ အမျိုးစောင့်ဥပဒေဟာ အကြမ်းဖက်တဲ့ ဥပဒေမဟုတ်ဘူး။ “အကြမ်းဖက်လုပ်ရပ်တွေကို ကာကွယ်တားဆီးပေးမယ့် ဥပဒေ”လို့တော့ ဆိုနိုင်ပါတယ်။ အကြမ်းဖက်သမားတွေကို အားပေးတဲ့သူတွေ၊ သို့မဟုတ် အကြမ်းဖက်သမားတွေရဲ့ ပေးစာကမ်းစာကို စားသုံးနေကြသူတွေကတော့ အမျိုးစောင့်ဥပဒေကို ကန့်ကွက်ကောင်း ကန့်ကွက်ပါလိမ့်မယ်။ အမျိုးစောင့်ဥပဒေပေါ်ထွက်ရေး ဆောင်ရွက်မှုဟာ ပါတီနိုင်ငံရေးနဲ့ လုံးဝ ပတ်သက်မှုမရှိဘဲ အမျိုးသားရေးသက်သက်သာဖြစ်ပါတယ်။ ဒါဟာ အမှန်တရား။ ဒါဟာ ယုံကြည်ချက်။ အမှန်တရားကို ယုံကြည်ချက်နဲ့ ဆောင်ရွက်နေကြတာ ဖြစ်တယ်။
အစောကတင်ပြခဲ့တဲ့ ဥပဒေ (၄)ရပ်ကို သိမ်းကျုံးပြီး “အမျိုးစောင့်ဥပဒေ” လို့ ခေါ်လိုက်တာပါ။ ထိုလေးမျိုးထဲမှာ လက်ထပ်ထိမ်းမြားခြင်းနဲ့ပတ်သက်တဲ့ ပြဿနာတွေက များလွန်းလို့ ဒီဥပဒေတစ်ခုပဲ “အမျိုးစောင့်ဥပဒေ” လို့ မြင်နေကြခြင်း ဖြစ်ပါတယ်။ အမှန်တကယ်လည်း မြန်မာအမျိုးသမီးလေးတွေ လက်ထပ်ထိမ်းမြားမှုနဲ့ ပတ်သက်တဲ့ နစ်နာဆုံးရှုံးမှုတွေ များစွာဖြစ်နေခဲ့တာကို တွေ့မြင်နိုင်ပါတယ်။
ဘာသာတစ်ခုမှ အခြားဘာသာတစ်ခုကို အတင်းအကျပ် ဘာသာကူးပြောင်းမှုများ၊ အရွယ်မရောက်သေး သည့် မိန်းကလေးများကို နည်းမျိုးစုံဖြင့်လက်ထပ်ခြင်းများ။ ဘာသာတူချင်ယောင်ဆောင်ကာ သို့မဟုတ် ဘာသာကူး ပြောင်းမည်ဟုပြောကာ လိမ်လည်လှည့်ဖျားလက်ထပ်ခြင်းများ ဖြစ်ပေါ်လာတတ်သလို အဓမ္မပြုကျင့်ခံရမှုများလည်း ရှိခဲ့ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးများအတွက် လုံခြုံအောင်ကာကွယ်ပေးတဲ့ ဥပဒေမရှိလို့ပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရှိ ဘာသာကြီး (၄)ခုတွင် ထိုဘာသာများ၏ လက်ထပ်ခြင်းနှင့် သက်ဆိုင်သောအိမ်ထောင်ခန်း ဆိုင်ရာဥပဒေများတွင် -
(က) ဗုဒ္ဓဘာသာဝင်များအတွက် မြန်မာဓလေ့ထုံတမ်းဥပဒေ၊
(ခ) ခရစ်ယာန်ဘာသာဝင်များအတွက် ၁၈၇၂-ခုနှစ် ခရစ်ယာန်ဥပဒေ၊
(ဂ) အစ္စလာမ်ဘာသာဝင်များအတွက် ၁၉၅၃-ခုနှစ် အစ္စလာမ်ဥပဒေ၊
(ဃ) ဟိန္ဒူဘာသာဝင်များအတွက် ၁၉၅၅-ခုနှစ် ဟိန္ဒူဥပဒေဟူ၍ ပြဋ္ဌာန်းထားသည်ကို လေ့လာတွေ့ရှိရပါတယ်။
ထိုဥပဒေများကို လေ့လာကြည့်ရာ ဗုဒ္ဓဘာသာဝင်များအတွက် မြန်မာ့ဓလေ့ထုံတမ်းဥပဒေသည် ပြဋ္ဌာန်းဥပဒေမဟုတ်ပဲ ကျန်ဘာသာကြီးသုံးခုက ပြဋ္ဌာန်းဥပဒေဖြစ်နေကြောင်း တွေ့ရပါတယ်။ ဓလေ့ထုံတမ်းဥပဒေဟာလိုက်နာရင်လည်းရ မလိုက်နာရင်လည်းရသည့် ဥပဒေမျိုးဖြစ်ပြီး၊ ပြဋ္ဌာန်းဥပဒေကတော့ မလိုက်နာလို့ကိုမရတဲ့ ဥပဒေမျိုးဖြစ်နေပါတယ်။ ထို့ကြောင့် မြန်မာ့ဓလေ့ထုံတမ်းဥပဒေဟာ ခိုင်မာမှုမရှိသလို အားနည်းချက်တွေများစွာ ရှိကြောင်းလည်း တွေ့ရှိရပါတယ်။ အခြားဘာသာကြီးသုံးခုမှာရှိတဲ့ ပြဋ္ဌာန်းဥပဒေကဲ့သို့ မိမိတို့ ဗုဒ္ဓဘာသာဝင်တွေ အတွက်လည်း တိကျခိုင်မာတဲ့ ဥပဒေမျိုးရှိသင့်တဲ့အတွက်ကြောင့် “အမျိုးစောင့်ဥပဒေ” ကို တောင်းဆိုရခြင်း ဖြစ်ပါတယ်။ ဒါဟာ လွန်ပါသလား …..။
အခြားဘာသာကြီးများကဲ့သို့ တိကျခိုင်မာတဲ့ ဥပဒေမရှိခြင်းကြောင့် (အမျိုးစောင့် ဥပဒေမရှိခြင်းကြောင့်) မြန်မာအမျိုးသမီးများ နစ်နာဆုံးရှုံးမှုများကို အနည်းငယ်တင်ပြရမည်ဆိုလျှင် -
၁။ အခြားဘာသာများ၏ ဥပဒေတွင် ၎င်းတို့ဘာသာဝင်မဟုတ်သူနှင့် လက်ထပ်ထိမ်းမြားလျှင် ဇနီးမယားအဖြစ် ပေါင်းသင်လျှင် တရားဝင်ဇနီးမယားဖြစ်ခွင့်မရှိဟု ပါရှိပါတယ်။ ပစ္စည်းခန်း အမွေခံစားခွင့်နှင့် ပတ်သက်ရင်လည်း ဘာမှခံစားခွင့်မရှိ။ (သို့သော်လည်း ၎င်းတို့သည် ဘာသာမတူသူနှင့် လက်ထပ်နေကြပါတယ်။)
၂။ ဘာသာခြားများက လက်ထပ်ပြီးလျှင် ၎င်းဘာသာသို့နည်းမျိုးစုံဖြင့် မဖြစ်မနေကူးပြောင်းခိုင်းတတ်ကြပါ တယ်။ အကြမ်းဖက်နည်းနဲ့ ကူးပြောင်းစေခိုင်းခြင်းများလည်း ပါဝင်ပါတယ်။
၃။ ဘာသာခြားများသည် ဗုဒ္ဓဘာသာဝင် မိန်းကလေးများကို ဘာသာအတူတူပဲဟုဆိုကာ နည်းမျိုးစုံဖြင့် ဖြားယောင်းလက်ထပ်ကြတာလည်း ရှိပါတယ်။
၎။ ဘာသာခြားယောက်ျားသည် ဗုဒ္ဓဘာသာဝင် မိန်းကလေးကိုချစ်ကြိုက်သည့်အခါ လက်ထပ်ပြီးလျှင် ဗုဒ္ဓ ဘာသာသို့ ကူးပြောင်းမည်ဟုဆိုကာလိမ်လည်လက်ထပ်ခဲ့ကြတယ်။ အမှန်တကယ်လက်ထပ်ပြီးသည့်အခါတွင် ဘာသာခြားများဟာ ဗုဒ္ဓဘာသာသို့ ကူးပြောင်းခြင်းမရှိတော့ဘဲ ဗုဒ္ဓဘာသာ မိန်းကလေးကိုသာ ၎င်းတို့၏ဘာသာသို့ အတင်းအကျပ် ကူးပြောင်းစေခိုင်းခြင်းများကို ပြုလုပ်ကြပါတယ်။
၅။ အသိပညာနည်းသည့် မြန်မာဗုဒ္ဓဘာသာမိန်းကလေးများကို ဘာသာခြားများက မှတ်ပုံတင်အတုလုပ်ပြီး ၎င်းသည် ဗုဒ္ဓဘာသာဝင်ဖြစ်ကြောင်း လိမ်လည်ကာလက်ထပ်တယ်။ နောက်ပိုင်းတွင် ၎င်းဘာသာခြားက ဗုဒ္ဓဘာသာဝင်မဟုတ်ဘဲ မှတ်ပုံတင်အတုပြုလုပ်၍ လိမ်လည်လက်ထပ်လိုက်ခြင်းဖြစ်ကြောင်း သိလိုက်ရတဲ့အခါ နစ်နာမှုများ ဖြစ်ရပါတော့တယ်။
၆။ ဗုဒ္ဓဘာသာမိန်းကလေးနှင့် ချစ်ကြိုက်၍ ဗုဒ္ဓဘာသာမိန်းကလေးတွင် ကိုယ်ဝန်ရှိခဲ့ပြီး ထိုအခါ၎င်းဘာသာခြား မှ ဗုဒ္ဓဘာသာမိန်းကလေးကို ဗုဒ္ဓဘာသာသို့ ကူးပြောင်းလက်ထပ်မည်ဟု ဆိုသည်။ အမှန်တကယ် ဗုဒ္ဓဘာသာသို့ ကူးပြောင်း၍ ဆောင်ရွက်မည်ဆိုသောအခါ မကူးပြောင်းဘဲ ရှောင်ပြေးသွားသဖြင့် ဗုဒ္ဓဘာသာဝင် မိန်းကလေးများ ကိုယ်ဝန်နှင့်ကျန်ရစ်ပြီး နစ်နာမှုများစွာ ရှိခဲ့ကြပါတယ်။
၇။ ဘာသာခြားယောက်ျားလေးသည် ဗုဒ္ဓဘာသာဝင်မိန်းကလေးနှင့် ချစ်ကြိုက်ကြတယ်။ မိမိတို့ဘာသာကို လွတ်လပ်စွာကိုးကွယ်ရန် သဘောတူခဲ့ကြတယ်။ ထို့နောက် ကလေးများမွေးပြီးသည့်အခါ ဘာသာခြားယောက်ျား ဟာ ဗုဒ္ဓဘာသာဝင်မိန်းကလေးနှင့် ၎င်း၏ကလေးများကို မိမိတို့ဘာသာသို့ (ဘာသာခြား၏ဘာသာသို့) သွတ်သွင်းသည်။ မကူးပြောင်းသည့်အခါ မယားအဖြစ်အသိအမှတ် မပြုတော့ဘဲ သီးခြားနေထိုင်ခြင်းမျိုး ပြုလုပ်လာကြပါတယ်။
၈။ ဘာသာခြားသည် ဗုဒ္ဓဘာသာဝင်မိန်းကလေးနှင့် လက်ထပ်ပြီး သား/သမီးများ မွေးဖွားကြပါတယ်။ ထို့နောက်ပိုင်းတွင် နောက်ထပ်မိန်းမတစ်ယောက်ထပ်ယူပြန်တယ်။ ဗုဒ္ဓဘာသာမိန်းကလေးနှင့် အတူနေစဉ်က အကြွေးတင်ခဲ့တယ်။ ထိုအခါ ဗုဒ္ဓဘာသာမိန်းကလေးက ကွာရှင်းခွင့်တောင်းရာ ဘာသာခြားက သူ့အကြွေးကို ဗုဒ္ဓဘာသာ မိန်းကလေးက ပေးဆပ်လျှင် ကွာရှင်းပေးမည်ဟု အကြပ်ကိုင်သဖြင့် နစ်နာကြရပြန်ပါတယ်။
၉။ ဗုဒ္ဓဘာသာဝင် မိန်းကလေးကို ဘာသာခြားက လက်ထပ်လိုသောအခါ တရားရုံးသို့သွားကြတယ်။ တရားရုံး က လူမျိုးနှင်ဘာသာကိုမေးတဲ့အခါ ဟိန္ဒူ၊ ဗုဒ္ဓဘာသာဟု ဖြေဆိုတယ်။ တရားရုံးက ဟိန္ဒူ၊ ဗုဒ္ဓဘာသာဖြစ်ကြောင်း ကျမ်းကျိန်ပြီး လက်ထပ်ပေးလိုက်တယ်။ နောက်မှ ဟိန္ဒူ၊ ဗုဒ္ဓဘာသာမဟုတ်ဘဲ အစ္စလာမ်ဖြစ်ကြောင်း ဗုဒ္ဓဘာသာမိန်းကလေးက သိလိုက်ရတဲ့အတွက် နစ်နာခဲ့ရပြန်ပါတယ်။
၁၀။ ဗုဒ္ဓဘာသာမိန်းကလေးသည် ဘာသာခြား၏ ဥပဒေအရ တရားဝင်/မ၀င် မသိသောကြောင့် လက်ထပ်ခဲ့ကြ သည်။ လက်ထပ်ပြီးမှတရားမ၀င်မှန်းသိ၍ တရားဝင်ဖြစ်စေရန် ဘာသာခြား၏ဘာသာသို့ ကူးပြောင်းလိုက်ရသည့် အတွက် ဗုဒ္ဓဘာသာကို မစွန့်ချင်ဘဲ စွန့်လွှတ်လိုက်ရပါတယ်။ အဲဒီအတွက် နစ်နာရပြန်ပါတယ်။
၁၁။ ဗုဒ္ဓဘာသာမိန်းကလေးဟာ ဘာသာခြားကိုချစ်ကြိုက်၍ လက်ထပ်ခဲ့တယ်။ ထို့နောက် ဗုဒ္ဓဘာသာဝင် မိန်းကလေးကို ဘာသာခြားက ၎င်း၏ဘာသာသို့ ကူးပြောင်းရန် ဗုဒ္ဓ၏ရုပ်ပုံများအပါအ၀င် ဗုဒ္ဓဘာသာအထိမ်း အမှတ်များကိုခြေဖြင့်နင်းခိုင်းခြင်း စသည်ဖြင့် ယုတ်ညံ့အောင်ပြုလုပ်ပြီး ကူးပြောင်းစေပါတယ်။
၁၂။ ဗုဒ္ဓဘာသာမိန်းကလေးများကို ဘာသာခြားများက အဓမ္မပြုကျင့်ဆောင်ရွက်ပြီး ကိုယ်ဝန်ဖျက်ချခြင်းအပါ အ၀င်သေဆုံးစေသည်အထိ ရက်စက်စွာပြုလုပ်ကြခြင်းကြောင့် နစ်နာကြရပါတယ်။
၁၃။ ဘာသာခြားသည် ဗုဒ္ဓဘာသာဝင်အမျိုးသမီးကို နည်းလမ်းမျိုးစုံဖြင့် လက်ထပ်သည့်တိုင်အောင် နောက်ပိုင်း တွင် ဥစ္စာပစ္စည်းမျိုးစုံ ပေးကမ်းထောက်ပံ့ပြီး ဗုဒ္ဓဘာသာဝင်မိသားစုကို ၎င်းတို့၏ဘာသာသို့ ကူးပြောင်းစေပါတယ်။
၁၄။ မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းပြီးသောဥပဒေများ၌ ဘာသာကူးပြောင်းမှုကို စည်းကမ်းသတ်မှတ်ထားမှု ဥပဒေ မရှိခြင်း၊ အတင်းအကျပ်ဘာသာကူးပြောင်းမှု၊ နည်းလမ်းမျိုးစုံဖြင့် အရွယ်မရောက်သေးသည့် ဗုဒ္ဓဘာသာဝင် မိန်းကလေးများကို လက်ထပ်ပြီး ဘာသာကူးပြောင်းစေမှုများကို စည်းကမ်းသတ်မှတ်အရေးယူသည့် ဥပဒေမျိုး မရှိပေ။ ထိုသို့မရှိခြင်းကြောင့် နစ်နာကြရပါတယ်။
၁၅။ ဘာသာခြားက ဗုဒ္ဓဘာသာမိန်းကလေးကို လူပျိုဟုဆိုကာ လက်ထပ်လိုက်တယ်။ နောက်ပိုင်းမှ ထိုဘာသာခြားမှာ အရင်မိန်းမနှင့်ကလေးရှိကြောင်း သိလိုက်ရတဲ့အတွက် နစ်နာမှုများစွာဖြစ်ခဲ့ကြရပါတယ်။
၁၆။ ဘာသာခြားဟာ ဗုဒ္ဓဘာသာမိန်းကလေးများကို ငွေကြေးဥစ္စာနည်းမျိုးစုံပေးကမ်းထောက်ပံ့၍ လက်ထပ် ပေါင်းသင်းကြသောကြောင့် ပတ်ဝန်းကျင်တွင် ပဋိပက္ခများဖြစ်ပေါ်လာနိုင်ပါတယ်။
၁၇။ ဘာသာခြားက ဗုဒ္ဓဘာသာမိန်းကလေးအားကြိုက်တဲ့ဘာသာကို ကိုးကွယ်ရန်သဘောတူပြီး လက်ထပ်ခဲ့ကြ တယ်။ လက်ထပ်ပြီးနောက် ဗုဒ္ဓဘာသာဝင်အမျိုးသမီးအား ဗုဒ္ဓဘာသာကိုးကွယ်ခွင့်မပေးတော့ဘဲ တင်းကျပ်စွာ တားမြစ်ခြင်း၊ နှိပ်စက်ခြင်းများပြုလုပ်လာကြတယ်။ မိဘထံသို့လည်း ပြန်ခွင့်မပေးဘဲထားခဲ့ကြတယ်။ ထိုအတွက် လည်း များစွာနစ်နာကြရပါတယ်။
၁၈။ ဗုဒ္ဓဘာသာဝင်မိန်းကလေးမိဘများကို ငွေကြေးဥစ္စာများပေးခြင်း။ အတိုးဖြင့်ချေးငှားခြင်းများပြုလုပ်ပြီး ပြန်မပေးနိုင်လောက်တဲ့ အခြေအနေသို့ ရောက်သောအခါ သမီးကိုပေးစားရန် အကြပ်ကိုင်နည်းဖြင့် လက်ထပ်ခြင်း များရှိခြင်းကြောင့် များစွာနစ်နာကြရပါတယ်။
၁၉။ ဗုဒ္ဓဘာသာမိန်းကလေးများကို ဘာသာခြားများက မမှန်မကန်၊ အောက်တန်းကျသော ဆေးပညာနည်းများ ဖြင့် ကျွေးမွေးစီရင်၍ မသမာသောနည်းဖြင့် လက်ထပ်ခဲ့ကြပါတယ်။
၂၀။ ဘာသာခြားများ၏ ဥပဒေတွင် ဗုဒ္ဓဘာသာမိန်းကလေးတို့အတွက် ခံစားခွင့်မရှိခြင်းကြောင့် တွေ့ရပါတယ်။ ထိုအတွက် များစွာနစ်နာပါတယ်။
ထိုအခြေအနေများကြောင့် “အမျိုးစောင့်ဥပဒေ” ပေါ်ပေါက်ရေးကို တောင်းဆိုရခြင်း ဖြစ်ပါတယ်။
လွတ်လပ်ပြီး တရားမျှတဖို့အတွက် တောင်းဆိုနေရခြင်း ဖြစ်ပါတယ်။ ဒါကိုပဲ အမျိုးစောင့်ဥပဒေဟာ တရားမျှတမှု မရှိဘူးလို့ပြောဆိုဝေဖန်သူတွေကလည်း ရှိနေပြန်ပါတယ်။ အဲဒီပုဂ္ဂိုလ်တွေကို မေးကြည့်ချင်ပါတယ်။
Wednesday, November 26, 2014
သာသနာ့ အာဇာနည်
လောကာ၌ အာဇာနည်ယောက်ျား ပေါ်ပေါက်ဖို့မှာ ကြုံတောင့်ကြုံခဲသော အရာဖြစ်သည်။ ထို့ကြောင့် မြတ်စွာဘုရားက-
ဒုလ္လဘော ပုရိသာဇညော (ဇာနည်ယောက်ျား ရှားမှရှား)ဟု ဟောကြားခဲ့ပါသည်။
တွေ့ကြုံဖြစ်ပေါ်ဖို့ ခဲယဉ်းခြင်းကြောင့်ပင် တန်ကြေးရှိသော အာဇာနည်ယောက်ျားဟု ဆိုရသည်။ အာဇာနည်ဆိုသည်မှာလည်း ယောက်ျားအာဇာနည်၊ မိန်းမအာဇာနည်၊ စစ်သားအာဇာနည်၊ သာသနာ့အာဇာ နည် စသည်ဖြင့် သက်ဆိုင်ရာအကြောင်းအရာအလိုက် အမျိုးမျိုးကွဲပြားနိုင်သည်။ ဤ၌ကား သာသနာ့အာဇာ နည်ကို ပြောလိုရင်းဖြစ်သည်။
သာသနာ့အာဇာနည်များ
သာသနာတော်ဆိုင်ရာ၌ သူမတူအောင် ထူးချွန်ပြောင်မြောက်စွာ ဆောင်ရွက်သူများ၊ တက်မြောက်သူ များကို သာသနာ့အာဇာနည်များဟု ခေါ်ဆိုလေ့ရှိကြသည်။ ပိဋကတ်ဆိုင်ရာ အာဂမ၊ သဘာဝတို့ကို ထူးချွန် ပြောင်မြောက်စွာ တက်မြောက်သူများ စာမေးပွဲအောင်သူများကို သာသနာ့အာဇာနည်အဖြစ် ဘွဲ့ထူး၊ ဂုဏ်ထူး များ ပေးအပ်၍ ချီးမြှောက်ပူဇော်လေ့ရှိကြသည်။ တိပိဋကဘွဲ့နှင်းသဘင်၊ မဟာဘွဲ့နှင်းသဘင် စသည်တို့မှာ ထင်ရှားသော သက်သေများဖြစ်သည်။
အချို့ ပုဂ္ဂိုလ်များမှာ ဘွဲ့ထူး၊ ဂုဏ်ထူးမငဲ့ဘဲ သာသနာပြုလုပ်ငန်းများကို ဆောင်ရွက်ကြသည်။ ထူးချွန် ပြောင်မြောက်စွာ စာပေပို့ချကြသည်။ ဟောပြောကြသည်။ ပရိယတ်၊ ပဋိပတ်လုပ်ငန်းများကို ဆောင်ရွက်ကြ သည်။ အားပေးကူညီကြသည်။ ထိုပုဂ္ဂိုလ်များကိုလည်း သာသနာ့ အာဇာနည်များဟု ခေါ်ဆိုင်နိုင်သည်။ ဤဆိုခဲ့ ပြီးသည်ကိုထောက်ရှုလျှင်-
(၁) တက်မြောက်သူ သာသနာ့ အာဇာနည်
(၂) စွမ်းဆောင်နိုင်သူ သာသနာ့အာဇာနည် ခေါ်ဆိုခြင်းက ပို၍သဘာဝကျသည်။
ဂုဏ်နှင့်ဒြပ် မဟပ်သော အာဇာနည်
တက်မြောက်ရုံသက်သက်ဖြင့် ဘွဲ့ထူး၊ ဂုဏ်ထူးများကိုဗန်းပြပြီး အကြည်ညိုခံသက်သက်ဖြစ်သော အမည်ခံ သာသနာ့အာဇာနည်များမှာ ဂုဏ်နှင့်ဒြပ်မဟပ်သော အတွင်ရုဠှီ သာသနာ့ အာဇာနည်မျှသာ ဖြစ်ပေ သည်။
“သကတ္ထကြောင့်၊ ရသောပညတ်၊ သကတ်ပျောက်လျက်၊ မည်မပျက်သည်၊ မှတ်လော့အတွင် ရုဠှီ တည်း” ဟူသော အဆိုအမိန့်အတိုင်း-
သကတ်ပျောက်နေသူများ
နာမည်နှင့် မလိုက်လျောသူများသာ ဖြစ်ပေသည်။
ဘွဲ့ထူး ဂုဏ်ထူး ပေးထားခြင်း၏ ရည်ရွယ်ချက်မှာလည်း သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်ချက်များကို သိမြင်သူများက ပံ့ပိုးကူညီနိုင်ရန် မြင်သာသော ထင်ရှားသော မှတ်တိုင်တစ်ခုအဖြစ် သတ် မှတ်ပေးထားခြင်းဖြစ်သည်။
ထူးခြားသည့် သာသနာ့အာဇာနည်
တက်မြောက်သူလည်းဖြစ်၊ စွမ်းဆောင်နိုင်သူလည်း ဖြစ်ပါမူကား အဘယ်မှာ သာသနာ့အာဇာနည်ဟု မခေါ်နိုင်ဘဲ ရှိပါမည်နည်း။ ထူးခြားသော သာသနာ့အာဇာနည်ဟုသာ ခေါ်ဆိုရပေမည်။ မိမိကိုယ်တိုင်လည်း သာသနာ့အာဇာနည်ဖြစ် သူတစ်ပါးတို့ကိုလည်း သာသနာ့အာဇာနည်ဖြစ်အောင် စွမ်းဆောင်နိုင်သူများမှာ ထူး ခြားသည့် သာသနာ့အာဇာနည်များပင် ဖြစ်သည်။
Friday, November 21, 2014
အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို)၏ ထုတ်ပြန်ကြေညာချက် (၀၀၁၆)
အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို)၏
ထုတ်ပြန်ကြေညာချက် (၀၀၁၆)
ဂျပန် ပန့်-ရောခ်အဖွဲ့ Wat Wayhem Orchestra ၏ ခေါင်းဆောင်အဆိုတော် ဂျပန်စတိတ်ရှိုးပွဲတစ်ခုတွင် သင်္ကန်းဝတ်ဖြင့် သီချင်းဆိုခဲ့သည်၊ ထိုအကြောင်းကို http://www.khaosodenglish.com/, http:// bangkok.coconuts.co/2014/11/13/thais-rage-over-monk-robe-worn-japanese-band-japan တို့၌ တွေ့ရှိရသည်။
“ထေရ၀ါဒ ဗုဒ္ဓဘာသာ ရဟန်းသာမဏေများသည် အဆိုပါ အပြုအမူမျိုး မပြုလုပ် ရ”ဟု မြတ်ဗုဒ္ဓ ပညတ်ထားချက်ရှိသည်။
သို့ဖြစ်၍ အဆိုပါ ရောခ့်အဖွဲ့၏ အပြုအမူသည်-
၁။ ထေရ၀ါဒ ဗုဒ္ဓဘာသာ ရဟန်းသာမဏေများ ကျင့်ဝတ်နှင့် ဆန့်ကျင်သော အပြုအမူမျိုးဖြစ်သည်။
၂။ ကမ္ဘာ့ဘာသာကြီးတစ်ခုဖြစ်သည့် ထေရ၀ါဒ ဗုဒ္ဓဘာသာကို စော်ကား ရာရောက်သည်၊
၃။ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ သီရိလင်္ကာ ဟူသော ပင်မထေရ၀ါဒ ဗုဒ္ဓ ဘာသာ၅-နိုင်ငံ၏ သမိုင်းအစဉ်အလာ ကြီးမားသော ဘာသာတရား၊ ယဉ်ကျေးမှု အစဉ်အလာများကို မထီမဲ့မြင် ပြုရာရောက်သည်။
၎။ ထေရာဝါဒ ဗုဒ္ဓဘာသာဝင် ကမ္ဘာ့လူဦးရေ သန်းရာပေါင်းများစွာနှင့် ၄င်းတို့၏ ယုံကြည်မှု အခွင့်အရေးကို စော်ကားရာရောက်သည်။
ထို့ကြောင့်
ထိုသို့သော အပြုအမူမျိုးကို မြန်မာနိုင်ငံအပါအ၀င် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် အားလုံးတို့က ကန့်ကွက်ရှုတ်ချကြောင်းနှင့် လုံးဝလက်မခံနိုင်ကြောင်း ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် အားလုံးတို့၏ကိုယ်စား မြန်မာနိုင်ငံ မဘသအဖွဲ့ကြီးက ထုတ်ပြန်ကြေညာလိုက်သည်။
စာအမှတ်၊ ၀၀၁၆/စီမံ-မဘသ၊ ၂၀၁၄
နေ့စွဲ၊ ၁၈၇၆-ခု၊ တန်ဆောင်မုန်းလကွယ်
(နိုဝင်ဘာ-၂၁)၊ သောကြာနေ့
ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့(ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။
Wednesday, November 19, 2014
အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ နိုဝင်ဘာလ အစည်းအဝေး ဆုံးဖြတ်ချက်များ နှင့် ပုံရိပ်များ
အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ နိုဝင်ဘာလ အစည်းအဝေး ဆုံးဖြတ်ချက်များ
သာသနာတော်နှစ် ၂၅၅၈-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၆-ခုနှစ်၊ တန်ဆောင်မုန်း လပြည့်ကျော် ၁၂ရက်၊ ခရစ်နှစ် ၂၀၁၄-ခုနှစ်၊ နိုဝင်ဘာလ ၁၈ရက်၊ အင်္ဂါနေ့၊ နေ့လယ် ၁နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့၊ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို)ရုံး (ရွာမပရိယတ္တိစာသင်တိုက်၊ ဂန္တ၀င်ကျောင်းဆောင်ကြီးအောက်ထပ်၌ ကျင်းပအပ်သော အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) လပတ်အစည်းအဝေး (တတိယအကြိမ် ၊ နိုဝင်ဘာလ အစည်းအဝေး)ကို ကျင်းပတော်မူကြသည်။ မဘသအဖွဲ့ (ဗဟို)၏ ဗဟိုဦးဆောင်အဖွဲ့ဝင်များ၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ ကြွရောက်တော် မှုကြရာ ဥက္ကဋ္ဌဆရာတော်ကြီး၊ အထွေထွေအတွင်းရေးမှူးဆရာတော်ကြီး၊ တွဲဘက်အတွင်းရေးမှူး (၁)ဆရာတော်၊ တွဲဘက်အတွင်းရေးမှူး (၂) ဆရာတော်၊ တွဲဘက်အတွင်းရေးမှူး (၃) ဆရာတော်တို့ အပါအ၀င် ဆရာတော် (၅၀)ကျော်၊ လူပုဂ္ဂိုလ် ၄၀ကျော် တက်ရောက်ကြသည်။
မဘသအဖွဲ့(ဗဟို) နိုဝင်ဘာလ လပတ်အစည်းအဝေးက အောက်ပါဆုံးဖြတ်ချက် ၇-ချက်တို့ကို ဆုံးဖြတ်တော်မူကြသည်။
၁။ ရတနာသုံးပါးနှင့် သာသနာတော်အပေါ် စော်ကားနေသူ ဦးထင်လင်းဦး ကို မြန်မာနိုင်ငံလုံးဆိုင်ရာ ၀ံသာနုရက္ခိတအဖွဲ့က တရားဥပဒေနှင့်အညီ ဆောင် ရွက်၍ ရတနာသုံးပါးနှင့် သာသနာတော်ကို ကာကွယ်စောင့်ရှောက်ပေး ရန် မြန်မာနိုင်ငံလုံးဆိုင်ရာ ၀ံသာနုရက္ခိတအဖွဲ့အား တာဝန်ပေးရန်၊
၂။ အမျိုးစောင့်ဥပဒေ အမြန်ပေါ်ပေါက်ရေး လူထုဆန္ဒတောင်းဆိုပွဲများကို ဒီဇင်ဘာလမှစ၍ အမျိုးစောင့်ဥပဒေ မပေါ်ပေါက်မချင်း၊ အမျိုးစောင့်ဥပဒေ မရမချင်း ဆက်လက်တောင်းဆိုသွားကြရန်၊
၃။ တိုင်းပြုပြည်ပြု သာသနာပြု အောင်ဇေယျတုဂျာနယ်ကို ပိုင်ရှင်ဖြစ်သူမိသားစု က မဘသအဖွဲ့(ဗဟို)အား ၁၅-၁၁-၂၀၁၄နေ့တုန်းက လှူဒါန်းပြီးဖြစ်ကြောင်း ဂုဏ်ပြုမှတ်တမ်းတင်၍ တိုင်းပြုပြည်ပြု သာသနာပြု သာသနာပြု အောင်ဇေယျတု ဂျာနယ်ကို မဘသအဖွဲ့ (ဗဟို)က ဆက်လက်ဆောင်ရွက် ထုတ်ဝေသွားကြရန်၊
၎။ ယဉ်ကျေးလိမ္မာ ဗုဒ္ဓဓမ္မသင်တန်း (ပထမအဆင့်၊ ဒုတိယအဆင့်)အတွက် မင်္ဂလာဒုံမြို့၊ဇေတ၀န် ဓမ္မာရုံကျောင်းတိုက်၌ ဆရာဖြစ်သင်တန်းများ ဖွင့် လှစ်ဆောင်ရွက်သွားရန်၊
၅။ မြန်မာနိုင်ငံလုံးဆိုင်ရာ ၀ံသာနုရက္ခိတအဖွဲ့အား လမ်းညွှန်ကြီးကြပ်ပေးတော်မူ ရန် အလို့ငှာ လမ်းညွှန်ကြီးကြပ်ရေးအဖွဲ့ကို အောက်ပါဆရာတော်များဖြင့် ဖွဲ့စည်း ကြောင်းကြေညာချက်ထုတ်ပြန်ပေးရန်၊
(၁။ ဆရာတော်အရှင်ကုမာရ (ပန်းတနော်)၊ ၂။ ဆရာတော်အရှင်သီလက္ခန္ဓာဘိဝံ သ (ရန်ကုန်)၊ ၃။ ဆရာတော်အရှင်ပညာဝရ (သိမ်ဇရပ်)၊ ၄။ ဒေါက်တာ အရှင်ကောဝိဒ (မဇ္ဈိမဂုဏ်ရည်၊ ရန်ကုန်)၊ ၇။ အရှင်ဒေ၀ိန္ဒာလင်္ကာရာဘိဝံသ (စစ်ကိုင်း)၊ ၈။ အရှင်ဝိမလာ (မော်လမြိုင်)၊ ၉။ အရှင်သဒ္ဓမ (မုတ္တမ)၊ ၁၀။ အရှင်စန္ဒေဘာသ (ရမည်းသင်း)၊ စုစုပေါင်း ၁၀ပါးတို့ဖြင့် လမ်းညွှန်ကြီးကြပ်ရေး အဖွဲ့ ဖွဲ့စည်းထားပြီးဖြစ်ကြောင်း ကြေညာလိုက်သည်။)
၆။ အမျိုးပျောက်မှာ စိုးကြောက်စရာ သမိုင်းသင်ခန်းစာ မှတ်တမ်းစာအုပ်များကို မြို့နယ်မဘသအဖွဲ့၊ မဘသ(ဗဟို)အဖွဲ့တို့ ပူးပေါင်းရေးသားထုတ်ဝေကြရန်၊ (သက်ဆိုင်ရာမြို့နယ် မဘသအဖွဲ့က မူကြမ်းနှင့်ဓာတ်ပုံ အထောက်အထားများ ရရှိအောင် ပြုစုရန်၊ မဘသ(ဗဟို)အဖွဲ့က အချောသတ်မူရရှိအောင် တည်းဖြတ်၍ ထုတ်ဝေဖြန့်ချီရန်၊)
၇။ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့၊ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို)ရုံး(ရွာမပရိယတ္တိစာသင်တိုက်၊ ဂန္တ ၀င်ကျောင်းဆောင်တော်ကြီးအောက်ထပ်) ၌အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို) လပတ်အစည်းအဝေး (စတုတ္ထအကြိမ်၊ ဒီဇင်ဘာလအစည်းအဝေး)ကို သာသနာတော်နှစ် ၂၅၅၈-ခုနှစ်၊ ကောဇာသက္က ရာဇ် ၁၃၇၆-ခုနှစ်၊ ပြာသိုလဆန်း ၃ရက်၊ ခရစ်နှစ် ၂၀၁၄-ခုနှစ်၊ ဒီဇင်ဘာလ ၂၃-ရက်၊ အင်္ဂါနေ့၊ နေ့လယ် ၁-နာရီအချိန်တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာပေးရန် ဆုံးဖြတ်တော်မူကြပါသည်။
ဦးအောင်မြိုင် (မှတ်တမ်းဋ္ဌာန) ၁၉-၁၁-၂၀၁၄
Monday, November 17, 2014
အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေအဖွဲ့ အမျိုးစောင့်ဥပဒေအကြောင်း သိကောင်းစရာ (အကျဉ်းချုပ်)
အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေအဖွဲ့
အမျိုးစောင့်ဥပဒေအကြောင်း သိကောင်းစရာ
အမျိုးစောင့်ဥပဒေ
          အမျိုးစောင့်ဥပဒေဆိုသည်မှာ အများပြည်သူ နားလည်လွယ်စေရန် ခေါ်ဆိုထားခြင်းဖြစ်ပါသည်။ ဥပဒေ အနေဖြင့် ရေးဆွဲပြဋ္ဌာန်းရာ၌
          (က)    ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ
          (ခ)      လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ
          (ဂ)      တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ
          (ဃ)    လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေတို့ကို ပြဋ္ဌာန်းရန်ဖြစ်ပါသည်။
ဘာသာကြီးလေးမျိုး၏ ဥပဒေများ
          ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင် တိုင်းရင်းသား (၁၃၅)မျိုးနှင့် အခြားနိုင်ငံများမှ နည်းမျိုးစုံဖြင့် ရောက်ရှိလာသည့် လူမျိုး/ဘာသာခြားများ နေထိုင်လျှက်ရှိကြသည်။ လူမျိုး/ဘာသာ မတူကြသည့်အတွက် ကိုးကွယ်သည့်ဘာသာများအလိုက် လိုက်နာရမည့်ဥပဒေများကို ပြဋ္ဌာန်းထားရာ ထိုဥပဒေများအား အောက်ပါ အတိုင်း တွေ့ရှိရပါမည်-
          (က)    ဗုဒ္ဓဘာသာဝင်များအတွက် မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေ
          (ခ)      ဟိန္ဒူဘာသာဝင်များအတွက် ၁၉၅၅-ခုနှစ် ဟိန္ဒူဥပဒေ
          (ဂ)      ခရစ်ယာန်များအတွက် ၁၈၇၂-ခုနှစ် ခရစ်ယာန်ဥပဒေ
          (ဃ)    အစ္စလာမ်များအတွက် ၁၉၅၃ခုနှစ် အစ္စလာမ်ဥပဒေ
          မြန်မာ့ဓလေ့ထုံးတမ်းတွင် လက်ထပ်ထိမ်းမြားမှုပြုရာ၌ ဘာသာရေးနှင့် မသက်ဆိုင်ပါ။ အဘယ်ကြောင့် ဆိုသော်-
          (က)    သံဃာတော်များသည် လက်ထပ်ပေးခွင့်မရှိပါ။
          (ခ)      သံဃာတော်များသည် ကွာရှင်းပြတ်စဲပေးခွင့်မရှိပါ။
          (ဂ)      သံဃာတော်များကို မင်္ဂလာဦးဆွမ်းကပ်ခြင်းသည် လက်ထပ်ပေးခြင်းမဟုတ်ပါ။ မင်္ဂလာဦး အလှူသာ ဖြစ်ပါသည်။
          (ဃ)    ဗုဒ္ဓဘာသာတွင် မိမိဘာသာဝင်ကို အခြားမည်သည့် ဘာသာဝင်နှင့် လက်မထပ်ရဟု တားမြစ် ထားသည့် ဥပဒေလည်းမရှိပါ။
ဟိန္ဒူ /ခရစ်ယာန်/ အစ္စလာမ်ဘာသာဝင်များတို့အတွက် ဘာသာရေးဥပဒေမှာ ပြဋ္ဌန်းဥပဒေများ ဖြစ်ပါသည်။
ပြဋ္ဌာန်းဥပဒေ ဖြစ်သည့်အတွက်-
(က)    “ပြဋ္ဌာန်းဥပဒေ““ ဖြစ်၍ ၄င်းတို့ဘာသာဝင်တိုင်း လိုက်နာရသည်။
(ခ)      သက်ဆိုင်ရာ ဘာသာများ၏ ဘာသာရေးခေါင်းဆောင်သည် ၄င်းတို့ဘာသာဝင်များ၏ အိမ်ထောင်ခန်း တွင် တိုက်ရိုက်ပါဝင်သည့် ဘာသာရေးခေါင်းဆောင်က လက်ထပ်ပေးမှ တရားဝင်သည်။
(ဂ)      ဘာသာမတူလျင် လက်ထပ်ခွင့်မရှိပါ။
(ဃ)    ဘာသာမတူဘဲ လက်ထပ်လျှင် အိမ်ထောင်ခန်းသည် တရားမ၀င်ဟု ၄င်းဘာသာ၏ ဥပဒေတွင် ပြဋ္ဌာန်း ထားသည်။
(င)      ဗုဒ္ဓဘာသာဝင်တစ်ဦးသည် ကျန်(၃)ဘာသာနှင့် လက်ထပ်လျှင် ၄င်းတို့၏ဘာသာသို့ ကူးပြောင်းပြီး လက်ထပ်မှ တရားဝင်သည်ဟု ၄င်းတို့၏ ဥပဒေများက ပြဋ္ဌာန်းထားသည်။
          ဗုဒ္ဓဘာသာတို့၏ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေသည် ပြဋ္ဌာန်းဥပဒေမဟုတ်သည့် ဟိန္ဒူ၊ခရစ်ယာန်၊ အစ္စ လာမ်ဘာသာဝင်တို့၏ ဥပဒေများနှင့် နှိုင်းယှဉ်ပါက နိမ့်ကျနေပြီး တရားတဘောင်ဖြစ်ပါက ရှုံးနိမ့်ရပေ သည်။ ဤသို့ဖြစ်ရခြင်းမှာ ပြဋ္ဌာန်းဥပဒေသည် ဓလေ့ထုံးတမ်းဥပဒေကို လွှမ်းမိုးနိုင်၍ ဖြစ်ပါသည်။
          ထို့ကြောင့် မြန်မာနိုင်ငံတွင် ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ နေထိုင်နိုင်ရန်မှာ ဘာသာပေါင်းစုံ လိုက်နာရ မည့် ဘုံသဘောတူညီချက် (သို့) အမျိုးစောင့်ဥပဒေ ဟုခေါ်သည့် တိုင်းရင်းသား (၁၃၅)မျိုးအပါအ၀င် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံတို့ အတူယှဉ်တွဲ နေထိုင်နိုင်သည့် စည်းကမ်းသတ်မှတ်ထားသောဥပဒေ (သို့) အမျိုးစောင့်ဥပဒေသည် အလွန်အရေးကြီးနေပါသည်။
အမျိုးစောင့်ဥပဒေ ပြဋ္ဌာန်းခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ
၁။       လက်ထပ်ထိမ်မြားပြီးနောက် ဖြစ်ပေါ်လာနိုင်သော ပြဿနာများကို  လွယ်ကူလျင်မြန်စွာ ဖြေရှင်းပေး နိုင်ပါမည်။
၂။       ဘာသာတစ်ခုနှင့်တစ်ခု ဥပဒေမညီမျှမှုကြောင့် ဖြစ်ပေါ်လာနိုင်သော ပြဿနာများကို ကြိုတင်တားဆီး ပြီးသား ဖြစ်ပါစေမည်။
၃။       အမျိုးသမီးများ မတရားအနိုင်အထက်ပြုမူခြင်း၊ လှည့်ဖြားသိမ်းပိုက်ခြင်း၊ အဓမ္မဘာသာကူးပြောင်း စေခြင်း၊ အစရှိသော လူ့အခွင့်အရေး ချိုးဖောက်ခြင်းနှင့် အမျိုးသမီးအခွင့်အရေး ချိုးဖောက်ခံရခြင်းတို့ ကို ကာကွယ်ပေးနိုင်မည်။
၎။       နိုင်ငံအတွင်း ဘာသာရေး၊ လူမှုရေး၊ လွှမ်းမိုးလိုမှုများကြောင့် ဖြစ်ပေါ်လာနိုင်သော ပဋိပက္ခများကို ကြိုတင်ကာကွယ်တားဆီးနိုင်ပါမည်။
၅။       နိုင်ငံ၏အနာဂတ်တွက် မျှတလုံလောက်သော လူနေမှုဘ၀နှင့် ကိုယ်ကျင့်စာရတ္တကောင်းမွန်သော အလေ့အထများ ဖြစ်ပေါ်လာစေရန် အကျိုးကျေးဇူးပြုပါလိမ့်မည်။
Thursday, November 13, 2014
အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို)၏ သဘောထားထုတ်ပြန်ချက်။ နိုဝင်ဘာ-၁၃၊ ၂၀၁၄
အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို)၏
သဘောထားထုတ်ပြန်ချက်
(၁၂. ၁၁.၁၄)နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိနေတဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေး မှူးချုပ် မစ္စတာ ဘက်ကီမွန်က-
၁။ ဘင်္ဂလီတွေကို ရိုဟင်ဂျာလို့ပဲ ဆက်လက်ခေါ်ဝေါ်သုံးစွဲမည် ဟုလည်းကောင်း၊
၂။ ရိုဟင်ဂျာများကို ၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေအတိုင်း အသိမှတ်ပြု လက်ခံပေးသင့် တယ် ဟုလည်းကောင်း
The Voice ဂျာနယ်ကို ပြောကြားခဲ့ပါသည်။
အဆိုပါပြောကြားချက်သည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဗြောင်ကျကျ ၀င်ရောက် စွက်ဖက်ခြင်းပင် ဖြစ်ပါသည်။ မြန်မာနိုင်ငံအရေးသည် မြန်မာနိုင်ငံသား သို့မဟုတ် ပင်ရင်းဒေသ ရခိုင်သားတို့သာ အသိဆုံးဖြစ်ပါသည်၊ သမ္မတကြီးဦးသိန်းစိန်နှင့်တ ကွ မြန်မာနိုင်ငံသူ/သား တိုင်းရင်းသားအားလုံးတို့က မြန်မာနိုင်ငံမှာ ရိုဟင်ဂျာရှိကြောင်း သမိုင်းအထောက်အထား မရှိပါဟု ပြောနေပါလျက် အခြားသူများပြောသော စကားကို သာ တစ်ဖက်သတ်ယုံကြည် ပြောကြားနေခြင်းသည် မသင့်လျော်သောအရာသာ ဖြစ်ပါ သည်။
ကုလသမ္မဂ အထွေထွေအတွင်းရေးမှူးချုပ် ရိုဟင်ဂျာဟု သုံးနှုန်းပြောဆိုခြင်း သည် မြန်မာပြည်သူ/သားများနှင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းများအကြား နားလည်မှု လွဲမှားစေနိုင်ယုံသာမက လူမျိုးရေးပဋိပက္ခများ ဖြစ်ပေါ်လာစေနိုင်ပါသည်။
ထို့ကြောင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း၏ အထက်ဖော်ပြပါ ပြောကြားချက်ကို လုံးဝလက်မခံနိုင်ကြောင်း ရဟန်း၊ ရှင်၊ လူ၊ ပြည်သူ အားလုံးတို့၏ကိုယ်စား မိမိတို့၏ မဘသအဖွဲ့ကြီးက သဘောထားထုတ်ပြန်အပ်ပါသည်။
ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ မဘသအဖွဲ့(ဗဟို)၊
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။
စာအမှတ်၊ ၀၀၁၅/ စီမံ-မဘသ/၂၀၁၄
နေ့စွဲ၊ ၁၃၇၆-ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၇-ရက်
(နိုဝင်ဘာ-၁၃)၊ ကြာသပတေးနေ့
Tuesday, November 11, 2014
စပ်ကြားချိန်ခါ မရေရာ (အရှင်တိလောကာဘိဝံသ) သာကီသွေးဂျာနယ် အတွဲ (၂)၊ အမှတ် (၁၀)၊ စာမျက်နှာ (၆)မှ ထုတ်နုတ်ဖော်ပြပါသည်။
စပ်ကြားချိန်ခါ မရေရာ
အရှင်တိလောကာဘိဝံသ (အင်းစိန်)
တန်ဆောင်မုန်းလသည် မိုးဥတုအဆုံးနှင့် ဆောင်းဥတုအစ စပ်ကြားကာလဖြစ်သည်။ လဆန်းပိုင်း၌ မိုးဥတု ကုန်ဆုံး၍ လဆုတ်ပိုင်း၌ ဆောင်းဥတုစတင်သည်။ အပြောင်းအလဲ စပ်ကြားကာလအချိန်သည် မရေရာ မသေချာသော ကာလဖြစ်တက်သည်။ ရာသီဥတုပြောင်းလဲချိန်၌ အပြောင်းအလဲကို သတိမထားဘဲ စနစ် တကျမနေတက်လျှင် အအေးပတ်ခြင်း၊ နှာစေး၊ ချောင်းဆိုးစသည်ဖြင့် ကျန်းမာရေးထိခိုက်တက်သည်။ ၀န်ထမ်းများလည်း တာဝန်ချိန်ကုန်ဆုံးခါနီးနှင့် စတင်ကြားကာလများ၌ အချိန်များ၊ လုပ်အားများ ကို ဖြုန်းတီးပစ်တက်ကြသည်။ အလုပ်ပြီးအောင်လုပ်ဖို့ထက် အချိန်ကုန်ဖို့သာ မျှော်နေ သည်။ တောမီး လောင် တောကြောင်လက်ခမောင်းခက် ဆိုသလို ကိုယ်ကျိုးရှာ နိုင်ငံရေး သမားများလည်း အပြောင်းအလဲစပ်ကြားကာလ၌ တိုင်းပြည်နှင့်ဆိုင်သည့် အနှစ်သာရများကို ကိုယ်ကျိုးအတွက် သုံးပစ်တက်ကြသည်။ ဤသို့စသည်ဖြင့် တာဝန်မဲ့မှုများကြောင့် ဆိုင်ရာ ဆိုင်ရာ ဆုံးရှုံးနစ်နာမှုများ ရှိတက်ကြသည်။ ယနေ့ မြန်မာ့ဖြစ်ရပ်မြင်ကွင်းများသည်လည်း ဤအတိုင်းဖြစ်နေကြ သည်။ အုပ်ချုပ်သူများ၊ နိုင်ငံရေးသမားများ၊ ၀န်ထမ်းများ စသည် တာဝန်ရှိသူအားလုံး တာဝန်မဲ့မှုကြောင့် တိုင်း ပြည်အတွက် အဖက်ဖက်က နစ်နာဆုံးရှုံးခဲ့ရသည်။ ကျွဲနှစ်ကောင်ခက်ရာမှာ မြေစာပင်ကြားကကြေ ဆိုသလို အချိန်ကာလ ၂-ခု၊ အင်အား ၂-ခုစသည်စပ်ကြားတွင် မြေစာပင်များ မကြေအောင် တာဝန်ရှိသူတို့ သတိထားဖို့ လိုအပ်ပါသည်။ ပြည်သူအတွက်ပြောပြီး ကိုယ့်အတွက်သာလုပ်နေလျှင် မြေစာပင်ပြည်သူများ မှုန့်မှုန့်ညက် ညက်ကြေမွသွားကြမည်မှာ မလွှဲပေ။
          မြန်မာနှင့် ကမ္ဘာ့သမိုင်းခေတ်တစ်လျှောက် အမြှော်အမြင်ကြီးမားသည့်မင်းများ ပြောင်းလဲချိန်၌ ချော မွေ့ခဲ့သော်လည်း မင်းဆိုးမင်းညစ် အပြောင်းအလဲများ၌ မြေစာပင်ပြည်သူများ အသက်အိုးအိမ် စည်းစိမ်ပျက်စီး ဆုံးရှုံးခဲ့ရသည်။ စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ စားဝတ်နေရေး၊ ကျန်းမာရေးစသည် အဖက်ဖက်က ဆုံးရှုံးကာ ဒုက္ခပင်လယ်ဝေခဲ့ကြရသည်။ ယဉ်ကျေးမှုအမွေအနှစ်များ၊ ကိုယ်ကျင့်တရားများ ပျင်ယွင်းခြင်းက ပို၍နစ်နာ သည်။  စီးပွားရေးပျက်ယွင်းလျှင် ၁၀-စုနှစ်လောက်ဖြင့် ပြန်လည်ထူထောင်နိုင်သည်။ ပညာရေး၊ ယဉ်ကျေးမှု အမွေအနှစ်များ၊ ကိုယ်ကျင့်တရားများ ပျက်ယွင်းရာ၌ကား နှစ်ပေါင်းရာစုချီ၍ ထူထောင်ပြုပြင်ရလောက်အောင် ခက်ခဲသည်။ ဘယ်သူသေသေ ငတေမာပြီးရော စိတ်ထားရှိသူ အတ္တသမားများကြောင့် ယနေ့မြန်မာနိုင်ငံတွင် ယဉ်ကျေးမှုများ၊ အကျင့်စာရိတ္တများနှင့်တကွ စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ စားဝတ်နေရေးစသည် အဖက် ဖက်က ပျက်စီးယိုယွင်းခဲ့ရပါသည်။ (စပ်ကြားချိန်ခါ၊ မရေရာ၊ မြေစာ ကြားကကြေ)
          အနာဂတ်ကောင်းကို ဖန်တီးနိုင်သည့် အာဇာနည်များကား တာဝန်ကျေပွန်အောင် အားသွန်ခွန်စိုက် ပေးဆပ်ကြသည်။ သူတို့သည် အစကောင်း၍ အနှောင်းသေချာအောင် တာဝန်ယူကြသည်။ သို့မဟုတ် စ၊ လယ်၊ အဆုံး ၃-ပါးလုံး ကောင်းအောင်ဖန်တီးကြသည်။ မြတ်ဗုဒ္ဓသည် ဘုရားဖြစ်ချိန်မှစ၍ ဘ၀တစ်လျှောက်လုံး ၂၄-နာရီရှိသည့် နေ့စဉ်နေ့တိုင်း တစ်နေ့လျှင် ၂၂-နာ၇ီကျော်ကျော် နေ့မအားညမနား သတ္တ၀ါများအတွက် တာဝန်ကျေပွန်အောင် ဆောင်ရွက်သွားသည်။ ပရိနိဗ္ဗာန်စံဝင်ခါနီး နောက်ဆုံးချိန်မှာပင် ဟန္ဒ ဒါနိ ဘိက္ခဝေ စသည်ဖြင့်-
          ချစ်သား ချစ်သမီးတို့ ငါဘုရား၊ နောက်ဆုံးမှာကြားခဲ့ပါတယ်။ ရုပ်နာမ်ဓမ္မ သင်္ခါရတရားမှန်သမျှသည် ပျက်စီးရမည်သာဖြစ်၍ သီလ(ကိုယ်နှုတ်စောင့်စည်းမှု)၊ သမာဓိ(စိတ်ဓာတ်တည်ကြည်မှု)၊ ပညာ (အမှတ်တရား ထိုးထွင်းသိမြင်မှု) သိက္ခာ ၃-ရပ်ကို သတိမလင့် ဖြည့်ကျင့်ကြပါလေ-ဟုမှာကြားပြီး ဘ၀အဆုံးသတ်သွားသည်။
          အနော်ရထာ၊ ကျန်စစ်မင်း၊ ဘုရင့်နောင်၊ အလောင်းဘုရား၊ ဗိုလ်ချုပ်အောင်ဆန်း စသော အာဇာနည် ခေါင်းဆောင်များလည်း စပ်ကြားကာလ ပျက်စီးယိုယွင်းသွားခဲ့သော နိုင်ငံတော်ကို အေးချမ်းအောင် သာယာဝ ပြောအောင် သေတစ်ပန် သက်တစ်ဆုံး နိုင်ငံ့အကျိုးဆောင်ရွက်သွားခဲ့ခြင်းကြောင့် နောင်လာနောင်သားများ မေ့မဆုံးအောင် သမိုင်းကောင်းထွန်းပြောင် ခဲ့ကြသည်။
          ဘ၀တန်ကြေးသိသိ လူဖြစ်ရကျိုးနပ်အောင် လုပ်ဆောင်သွားသူများလည်း ရရှိဘ၀တာဝန်ကျေပွန်ခြင်း ကြောင့် လက်ရှိဘ၀အဆုံးသတ်သောအခါ လူ၊နတ်၊ နိဗ္ဗာန် ၃-တန်ဋ္ဌာန ဘ၀ကောင်းသို့ ရောက်ကြရမည်။ သံသရာခရီးသည်များလည်း ပန်းခင်းသော သံသရာလမ်းဖြစ်မည်။ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး စသည်အရေးအရာတိုင်း တိုးတက်မည်၊ အောင်မြင်မည်၊ သာယာမည်၊ ငြိမ်းချမ်းမည်၊ ကြီးပွားမည်မှာ မလွဲပေ။
          အိမ်ကို မီးလောင်ရာ၌ အိမ်ရှိလူအားလုံး အမြန်ဆုံး မီးလေးလွှတ်အောင် သို့မဟုတ် လက်ရှိတွေ့ကြုံဆဲ အန္တရာယ်လွတ်အောင် တက်ညီလက်ညီ နိုင်ရာတာဝန်ယူရမည့် အချိန်သာဖြစ်သည်။ အပြစ်ပြောနေရမည့် တွတ်ကတ်နေရမည့် အချိန်မဟုတ်။ လှေစီးပြီး စုပေါင်းခရီးသွားရာမှာလည်း ရေလည်ခေါင်တွင် အန္တရာယ်ဖြစ် လောက်အောင် လှေပေါက်လှေကွဲရာ ကိုယ်နှင့်မဆိုင် ကိုယ့်တာဝန်မဟုတ်သလို တာဝန်မဲ့နေလျှင်သော်လည်း ကောင်း လှေနစ်ပြီး အားလုံးဒုက္ခရောက်ကြရမည်။ ကိုယ်နိုင်ရာဘက်က လိုအပ်သလို ၀ိုင်းဝန်းတာဝန်ယူကြမည် ဆိုလျှင် အန္တရာယ်သက်သာနိုင်သလောက် သက်သာမည်။
          မြန်မာနိုင်ငံအတွက် တာဝန်ရှိသူများဖြစ်ကြသည့် အာဏာပိုင်များ၊ နိုင်ငံရေးသမားများ၊ ဓနရှင်များ၊ ပညာရှင်များ၊ အနုပညာရှင်များ၊ ဘာသာရေးခေါင်းဆောင်များ၊ မီဒီယာများ၊ စာနယ်ဇင်းများ စသည် စသည်တို့ သည် တိုင်းပြုပြည်ပြု ပုဂ္ဂိုလ်များဖြစ်သည်။ စုပေါင်းညီညာစွာ ကိုယ်နိုင်တဲ့ဘက်က၀င်ရောက်ပြီး တိုင်းပြည်နှင့် လူမျိုးအကျိုးကို ဆောင်ရွက်ဖို့လိုနေကြပြီ။ အချင်းချင်းလက်ညှိုးထိုးနေရမည့်အချိန်၊ ငြင်းခုံနေရမည့်အချိန် ရန်ဖြစ်နေရမည့်အချိန်၊ တွတ်ကပ်နေရမည့်အချိန် မဟုတ်တော့ပေ။ အချင်းချင်းတွတ်ကပ်နေလျှင် တိုင်းပြည် ရောလူမျိုးပါ ဆုံးရှုံးသွားမည်။ ယနေ့မြန်မာပြည်၌လည်း အာဏာရှင်ခေတ် ဒီမိုကရေစီခေတ် စပ်ကြားအချိန် အန္တရာယ်အမျိုးမျိုး ကြုံနေချိန်ဝယ် တာဝန်ရှိသူအားလုံး ကိုယ်ကျိုးထက် တိုင်းပြည်အကျိုးကို ဦးစားပေးကြပါ။ ဆရာကြီးဒဂုန်တာရာ၏ နိုင်ငံရေးလုပ်တယ်ဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်တာပဲ ဟူသောစကားကို လက်တွေ့အကောင်အထည် ဖော်နိုင် မဖော်နိုင်မှာ ယနေ့တာဝန်ရှိနေ ကြသော နိုင်ငံရေးခေါင်းဆောင်များ၏ အရည်အချင်းက မှတ်ကျောက်တင်ပါလိမ့်မည်။ ယနေ့တာဝန်ရှိ သူခေါင်းဆောင်များ၏ အရည်အချင်းစမ်းသပ်ပွဲ လည်း ဖြစ်ပါလိမ့်မည်။
          စတုတ္ထမဏ္ဍိုင် စာနယ်ဇင်း မီဒီယာများက ပို၍အရေးကြီးပါသည်။ သူတို့၏ လက်နက်သည် အထက် မြက်ဆုံးလည်းဖြစ်ပါသည်။ အဏုမြူကဲ့သို့လည်းကောင်း၊ ပျက်အောင် ၂-မျိုးလုံးစွမ်းနိုင် သည်။ ပြည်သူလူထု အားလုံး၏ စိတ်နှစ်လုံးထဲသို့ အမြန်ဆုံးရောက်စေနိုင်ပါသည်။ စတုတ္ထမဏ္ဍိုင်များကို အထူးတိုက်တွန်းတောင်းပန်လိုသည်မှာ ဆူလွယ်နပ်လွယ် အများအကြိုက် ဈေးကွက်ဝင်အမြတ်ရ ကိုယ် ကျိုးဖြစ် သဘောမျိုးဆောင်လျှင် စတုတ္ထမဏ္ဍိုင်ဟု ခေါ်ဆိုနိုင်ပါမည်လား။ မဏ္ဍိုင်ဆိုသည်မှာ တိုင်ပြည်နှင့် လူမျိုးအတွက် မယိမ်းမယိုင် ကျောက်စာတိုင်ကဲ့သို့ တည့်မတ်ရမည်။ မှန်ကန်ရမည်။
  ယနေ့မြန်မာနိုင်ငံတွင် စွမ်းဆောင်နိုင်သူ လူကြီးများကလည်း မိမိ မိသားစု စားဝတ်နေရေး လုံလောက် နေရုံဖြင့် အလုပ်မလုပ်ဘဲနေကြသည်။ လုပ်ငန်းဝင်နေကြသည့် လူလတ်ပိုင်းများကလည်း သက်တောင့်သက်သာ ၀န်ထမ်းအလုပ်ကိုသာ အားကိုးနေကြသည်။ ပညာသင်ကြားရမည့်အရွယ် လူငယ် ပိုင်းများကလည်း ချစ်ခန်း ကြိုက်ခန်းဖြင့်လည်းကောင်း အပျော်အပါး အလောင်းကစား စသည်ဖြင့် လည်းကောင်း ပညာမသင်ဘဲ အချန်ဖြုန်းနေကြသည်။ လူငယ် လူလတ် လူကြီး အရွယ်အသီးသီးတို့သည် တိုင်းပြည်နှင့်လူမျိုး တိုးတက်ကြီး ပွားရေး အခွင့်အလမ်းများ၊ အရည်အသွေးများ၊ လူ့အရင်းအမြစ်များ အနှစ်သာရများကို ဖြုန်းတီးပစ်နေကြသည်။ ထိုဆုံးရှုံးမှုများ မဖြစ်အောင် စတုတ္တမဏ္ဍိုင်တာဝန်ရှိသူများက လမ်းညွှန်ပေးကြပါ။
      ဒါတွင်မက အသိပညာ တိုးတက်ဖွံ့ဖြိုးမှုစွမ်းရည် ဥာဏဗလ၊ ကိုယ်ကျင့်တရား တိုးတက်ဖွံ့ဖြိုးမှုစွမ်းရည် စာရိတ္တဗလ၊ စားဝတ်နေမှု ကျန်းမာမှုအတွက် စီးပွားဥစ္စာပြည့်စုံကြွယ်ဝအောင် သမ္မာအာဇီဝကျကျ ကြိုးစား ရှာဖွေစုဆောင်းထားနိုင်မှုစွမ်းရည် ဘောဂဗလနှင့် ကာယ၊ မိတ္တဗလဟူသော ဗလ ၅-တန် ပြည့်စုံနိုင်သည့် လမ်းညွှန်မှုများပြုပေးကြပါ။ နွားကွဲလျှင် ကျားဆွဲမည် ညီညာမှ ပြည်သာနိုင် မည်ဖြစ်၍ အချင်းချင်း ညီညွတ်အောင် လမ်းပြပေးကြပါဟု တိုက်တွန်းရင်း စပ်ကြားချိန်ခါ မရေရာ ဟူသော ဆောင်းပါးကို အဆုံး သတ်အပ်ပါသတည်း။
အရှင်တိလောကာဘိဝံသ (အင်းစိန်)
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်မြို့။
တန်ဆောင်မုန်းလဆန်း ၁၄-ရက်၊ ၁၃၇၆-ခု၊
(နိုဝင်ဘာလ-၅၊ ၂၀၁၄)၊ ဗုဒ္ဓဟူးနေ့။