Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Wednesday, March 25, 2015

ပညာရေးဥပဒေထဲက အန္တရာယ်မီးတောက် သို့မဟုတ် NNER နောက်ကွယ်က လက်မည်းကြီး (သီတဂူအရှင်ဒေ၀ိန္ဒာဘိဝံသ)

ပညာရေးဥပဒေထဲက အန္တရာယ်မီးတောက် သို့မဟုတ် NNER နောက်ကွယ်က လက်မည်းကြီး

သီတဂူအရှင်ဒေ၀ိန္ဒာဘိဝံသ

ယနေ့ပညာရေးလောကကို ကြည့်မယ်ဆိုလျှင် နိုင်ငံတကာပညာရေးစနစ်
သည် ပြောင်းလဲလျက်ရှိသည်ကို တွေ့ရပေ သည်။ ထိရောက်မှုရှိသော သင်ယူမှုနည်းစနစ်များ၊ ခေတ်မီသော သင်ထောက်ကူပစ္စည်းများဖြင့် ပညာရေးစနစ်သစ်ကို တီထွင်လျက်ရှိသည်မှာ အားကျစရာကောင်းလှ၏။
“အတုမြင်အတတ်သင်” ဆိုသကဲ့သို့ မြန်မာနိုင်ငံ၏ ပညာရေးစနစ်ကိုလည်း ခေတ်ရေစီးကြောင်းနှင့်အညီ ပြုပြင်ပြောင်းလဲရမည်ဖြစ်၏။ ပြုပြင်ပြောင်းလဲမှုမရှိဘဲ လှေကြီးထိုးရိုးရိုးနည်းဖြင့် သွားနေပါက မြန်မာ့ပညာရေးစနစ်သည် လူညွန့်တုံးသွားပေလိမ့်မည်။
ထို့ကြောင့် လွယ်ကူမြန်ဆန်၍ ထိရောက်မှုရှိသော ပညာရေးဗျူဟာအခင်းအကျင်းကို တည်ဆောက်သင့်လှပါသည်။ ထိုသို့တည်ဆောက်နိုင်ဖို့အတွက် ကျောင်းသား၊ ဆရာ၊ လွှတ်တော်၊ အစိုးရဟူသောမဏ္ဍိုင် (၄)ရပ်သည် (၄)ပွင့်ဆိုင်ညှိနှိုင်း၍ လည်းကောင်း၊ ရဟန်းပညာရှိ၊ လူပညာရှိတို့၏ အကြံဉာဏ်ကိုတောင်းခံ၍လည်းကောင်း အမျိုးသားရေးဝါဒကို မထိခိုက် သော၊ နိုင်ငံတကာအဆင့်မီသော၊ လွယ်ကူမြန်ဆန်၍ ထိရောက်မှုရှိသော ပညာရေးဥပဒေကို ရေးဆွဲသင့်ပေသည်။

NNER ဘာလဲ ဘယ်လဲ

ယခုတော့ မထင်မရှားအဖွဲ့လေးဖြစ်သည့် NNER (ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ယက်) က တစ်နိုင်ငံလုံးနှင့် သက်ဆိုင်သည့် ယင်းအမျိုးသားပညာရေးဥပဒေကြမ်းကို တစ်ဖက်သတ်ရေးဆွဲထားသည်ဆိုတော့ သဘာဝကျပါ၏လော။
ဘုရင်အဇာတသတ်သည် အရှင်ဒေ၀ဒတ်ကို အထင်ကြီးပြီးဆရာတင်လိုက်သောကြောင့် ငရဲအိုးဇောက်ထိုးဆင်းခဲ့ရ ဖူးလေသည်။ ထို့ကြောင့် လူငယ်လူရွယ်များအနေဖြင့် ဆရာတင်မမှားဖို့ လိုအပ်လှပေသည်။
NNER အဖွဲ့သည် “ဘယ်လိုအဖွဲ့လဲ၊ ဘယ်သူဦးဆောင်နေသလဲ၊ ဘယ်သူတွေပါဝင်ဖွဲ့စည်းထားသလဲ” ဆိုသည်ကို ဆန်းစစ်ဖို့လိုပေသည်။ သို့မှသာ သူတို့လုပ်ရပ်ကို အဖြူလား/အမဲလားဆိုသည်ကို ခွဲခြားနိုင်မည်ဖြစ်သည်။
ဤအဖွဲ့သည် “ပညာရေးစနစ်ပြုပြင်ပြောင်းလဲရမည်” ဟု အသံကောင်းဟစ်လျက်ရှိသောကြောင့် “ကြောင်သူတော်” ဟု ထင်စရာရှိ၏။ သို့သော် အသံကောင်းဟစ်တိုင်း ယုံကြည်လို့မဖြစ်ပါ။ ဘာ့ကြောင့်နည်း။ ကြောင်သူတော်ကြွက်သူခိုးများ ရှိနေသောကြောင့်တည်း။
ဂဠုန်ဦးစောသည် “မျိုးချစ်ခေါင်းဆောင်” ဟု အသံကောင်းဟစ်၍ တိုင်းပြည်ကိုသစ္စာဖောက်ခဲ့ဖူးလေသည်။ ထို ဖြစ်ရပ်ကိုလည်း မမေ့သင့်။ ဘာ့ကြောင့်နည်း။ ဦးစောဇာတ်ခင်းနေသည့် ကြောင်သူတော်နိုင်ငံရေးသမားများ မြောက်မြားစွာ ရှိနေသောကြောင့်တည်း။
တချို့နိုင်ငံရေးသမားတို့သည် ဦးစောလိုပေါ်တင်ကြီးမမိုက်ပါ။ နူးနူးညံ့ညံ့ သိမ်သိမ်မွေ့မွေ့နှင့်လှည့်စားတတ်၏။ သူတို့၏လှည့်ကွက်ကို မသိရှာသည့် လူငယ်လူရွယ်များက ထိုသို့သောကုတ်ကမြင်းနိုင်ငံရေးသမားများကို “စင်”ပေါ်တင်ကြ လေသည်။
“ဖွတ်ထွက်မှ တောင်ပို့မှန်သိ” ဆိုသကဲ့သို့ စင်ပေါ်တင်လိုက်တော့မှ “နိုင်ငံရေးစားဖားကြီး” ဖြစ်ကြောင်း သိသွားကြ လေတော့သည်။ ထိုသို့ မဖြစ်ရလေအောင် မဏ္ဍပ်တိုင်တက်၍ အသံကောင်းဟစ်ကြသည့် နိုင်ငံရေးသမားများကို သတိမူ ရပေမည်။

NNER ၏ ဘီလူးကကွက်

NNER ၏ ပညာရေးဥပဒေကြမ်းကို လေ့လာသောအခါ အမျိုးသားရေးဝါဒကို ထိခိုက်စေသော၊ တိုင်းပြည်အတွက် အန္တရာယ်အလွန်ကြီးမားသော ရှေ့နောက်ဆန့်ကျင်နေသည့် ဥပဒေ (၂)ခုကို တွေ့ရ၏။ ထို့ကြောင့် NNER သည် မင်းသားက,ကနေသည်မဟုတ်၊ ဘီလူးက, ကနေခြင်းဖြစ်၏။ ဉာဏ်မျက်လုံးဖြင့်ကြည့်မှသာ မြင်နိုင်ပေသည်။
ဥပဒေ (၂)ခုအနက် တစ်ခုမှာ “ပညာရေးမှာ ဘာသာရေးအဖွဲ့အစည်း လွှမ်းမိုးမှုမရှိစေရ” ဆိုသည် ဥပဒေကြမ်းဖြစ်၏။ နောက်တစ်ခုက “အခြားသော ဘာသာရေးအဖွဲ့အစည်းများမှ ဖွင့်လှစ်ထားသော ပညာရေးကျောင်း များကို တရားဝင်အသိအမှတ်ပြုရမည်” ဆိုသည့် ဥပဒေကြမ်းပင်ဖြစ်သည်။ ထိုဥပဒေကြမ်း (၂)ခုကို ရေးဆွဲတင်ပြ လာခြင်းသည် မြန်မာတို့၏ အမျိုးသားရေးဝါဒကို ဖျက်ဆီးလိုသောကြောင့်ဖြစ်ပေသည်။
ရှင်းပြပါဦးအံ့။ ထိုဥပဒေကြမ်း (၂)ခုသည် ရှေ့နောက်ဆန့်ကျင်လျက်ရှိ၏။ “ပညာရေးမှာ ဘာသာရေးအဖွဲ့အစည်း လွှမ်းမိုးမှုမရှိစေရ” ဟူသော ဥပဒေရေးဆွဲပြီးဖြစ်ပါလျက် အဘယ့်ကြောင့် “ဘာသာရေးအဖွဲ့အစည်းတို့မှ ဖွင့်လှစ်ထားသော ပညာရေးကျောင်းများကို တရားဝင်အသိအမှတ်ပြုရမည်” ဟူသော ဥပဒေကိုတောင်းဆိုရသနည်း။ ရှေ့နောက်ဆက်စပ် ကြည့်စေချင်ပါသည်။
“ပညာရေးမှာ ဘာသာရေးအဖွဲ့စည်းများ လွှမ်းမိုးမှုမရှိစေရ”ဟု ဆိုလိုက်သည်နှင့် “ဘာသာရေးအဖွဲ့အစည်းတို့မှ ဖွင့်လှစ်သော ပညာရေးကျောင်းများကို ခွင့်ပြုစရာမလို” ဟူသော အဓိပ္ပါယ်သည် အလိုလိုသက်ရောက်သွားလေတော့သည်။ ဘာ့ကြောင့်နည်း။ ဘာသာရေးအဖွဲ့အစည်းများမှ ဖွင့်လှစ်ထားသောကျောင်းမှန်သမျှ၌ သူတို့၏ ပညာရေးမှာ ဘာသာရေး လွှမ်းမိုးမှုရှိစမြဲ ဖြစ်သောကြောင့်တည်း။
ယခုတော့ “ပညာရေးမှာ ဘာသာရေးအဖွဲ့အစည်း လွှမ်းမိုးမှုမရှိစေရ” ဟုလည်း ဆိုသေး၊ “ဘာသာရေးအဖွဲ့အစည်း တို့မှ ဖွင့်လှစ်ထားသော ပညာရေးကျောင်းကိုလည်း တရားဝင်အသိအမှတ်ပြုရမည်” ဟုလည်း ဆိုပြန်သောကြောင့် ဤဥပဒေကြမ်း (၂)ခုသည် ရှေ့သွားနောက်လိုက် မညီပါ။
ယင်းအချက်ကို ကြည့်လျှင်ပင် NNER ၏နောက်ကွယ် မာယာထောင်ချောက်ကို ရိပ်မိနိုင်ပါသည်။ ထိုမာယာထောင် ချောက်ကား အခြားမဟုတ်၊ တိုင်းတစ်ပါးသား ဘာသာခြားတို့ ထိုးဖောက်လို့ရသည့် “မရဏတံခါး”ကို ဖွင့်ပေးလိုက်ခြင်းပင် တည်း။
ဂုတ်သွေးစုပ်မည့် NNER
NNER အဖွဲ့ခေါင်းဆောင် ဒေါက်တာသိန်းလွင်သည် ဗုဒ္ဓဘာသာကိုဝေဖန်ပုတ်ခတ်စော်ကားနေသလို အမျိုးသားရေး ၀ါဒီများကိုလည်း အစွန်းရောက်နိုင်ငံရေးသမားဟု စွပ်စွဲပုတ်ခတ်လျက်ရှိကြောင်းကိုလည်းကောင်း၊ တိုင်ပြည်နှင့် လူမျိုးကိုဂုတ် သွေးစုပ်နေသည့် ကိုယ်ကျိုးရှာ နိုင်ငံရေးသမားဖြစ်ကြောင်းကိုလည်းကောင်း သူ့အကြောင်း ခရေစေ့တွင်းကျသိသူက ဆိုပါသည်။
ထို့ကြောင့် NNER ၏ နောက်ကွယ်က လှည့်ကွက်ကိုမြင်အောင်ကြည့်တတ်ဖို့ လိုအပ်လှပေသည်။ တကယ်တော့ NNER အဖွဲ့ထဲတွင် ဒေါက်တာသိန်းလွင်တို့ကဲ့သို့ ဗုဒ္ဓဘာသာ၏ အရှိန်အ၀ါကြီးမားမှုကို မလိုလားသူများ၊ ဘာသာခြား နိုင်ငံရေးသမားများ၊ မိမစစ် ဖမစစ်နိုင်ငံသားများ မင်းမူလျက်ရှိကြောင်း သိရပေသည်။
NNER ၏ ပညာရေးဥပဒေကြမ်းကို လက်ခံလိုက်လျှင် တိုင်းပြည်နှင့် လူမျိုးသည် အန္တရာယ်ချောက်ကမ်းပါးထဲ ထိုးကျသွားနိုင်ပါသည်။ မြွေပွေးကို ငါးရှဥ့်အထင်ဖြင့် ဖမ်းလိုက်သောကြောင့် မြွေးပွေးအကိုက်ခံ၍ အသက်ဆုံးရှုံးခဲ့ရဖူးလေ သည်။ NNER သည် ငါးရှဥ့်မဟုတ်အဆိပ်ပြင်းသည့် မြွေပွေးဖြစ်၏။ ထို့ကြောင့် NNER ကို သံပုံးတီး၍ နှင်ထုတ်သင့်ပါသည်။
ဤအရေးသည်ကား ပါတီအရေးနှင့်မဆိုင်၊ ရာထူးအာဏာနှင့်မဆိုင်ပါ။ တစ်မျိုးသားလုံးနှင့် သက်ဆိုင်သည့် အမျိုးသားရေးဖြစ်၏။ မိမိသည် ယခုအချိန်မှာ ဘုန်းကြီးတစ်ပါးဖြစ်နေသော်လည်း တချိန်ကကျောင်းသားဖြစ်ခဲ့ဖူးပါ၏။ ထို့ကြောင့် “ငါနှင့်မဆိုင်” ဟု မျက်နှာမလွှဲလိုပါ။
ဆိုရေးရှိက ဆိုအပ်လှ၏ ဆိုသည့်အတိုင်းအန္တရာယ်စက်ကွင်းက လွတ်ကင်းဖို့အတွက် ယခုလို တင်ပြရခြင်းဖြစ်ပါ သည်။ တကယ်တော့ ကျောင်းသားပညာရေးသည် တစ်မျိုးသားလုံးနှင့် သက်ဆိုင်သည့် မဟာအရေးတော်ပုံပင်ဖြစ်သည် မဟုတ်ပါလော။
အခြားဘာသာရေးအဖွဲ့အစည်းတို့မှ ဖွင့်လှစ်သည့်ပညာရေးကျောင်း
ဥပဒေတစ်ခု အတည်ပြုတော့မည်ဆိုလျှင် စနစ်တကျဆန်းစစ်ရမည်။ ထိုသို့မဟုတ်ပါက ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်သလို ဖြစ်သွားပေမည်။ “အခြားသော ဘာသာရေးအဖွဲ့အစည်းများမှ ဖွင့်လှစ်ထားသောပညာရေးကျောင်း များကို နိုင်ငံတော်အစိုးရက တရားဝင်အသိအမှတ်ပြုရမည်” ဟူသော ဥပဒေကြမ်းသည် စဉ်းစားကြည့်လေ ထိတ်လန့်စရာ ကောင်းလေပင်တည်း။
ယင်းဥပဒေကြမ်းသည် ဗုဒ္ဓဘာသာမှအပ အခြားသောဘာသာများ ထိုးဖောက်ခွင့်ရစေဖို့အတွက် တောင်းဆိုထားခြင်း ပင်ဖြစ်ပါသည်။ အထူးအားဖြင့် မွတ်စလင်ဘာသာရေးအဖွဲ့အစည်းများမှ ဖွင့်လှစ်ထားသော အာရဗီစာသင်ကျောင်းများကို တရားဝင်အသိအမှတ်ပြုခိုင်းသလိုပင် ဖြစ်နေပေတော့သည်။ ထို့ကြောင့် ဤဥပဒေကြမ်းသည် အမျိုးသားရေးအတွက် အန္တရာယ်အကြီးမားဆုံး ဥပဒေဟုဆိုရပေမည်။

ဇာတ်တူသား စားချင်သည့် NNER

ဤဥပဒေကိုကြည့်လျှင် NNER ၏ ဇာတ်ရုပ်သည် ဇတ်တူသားစားနေသည့် ခွေးအဖြစ်ကြောင်း သိသာထင်ရှားလှ ပေသည်။ ဘာ့ကြောင့်နည်း။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို ဖျက်ဆီးမည့်ဥပဒေကို တင်ပြနေသောကြောင့်တည်း။ ပြောတော့ “ပညာရေးဥပဒေ” တဲ့။ လုပ်တော့ “အာရဗီစာသင်ကျောင်းဖွင့်ခွင့် ဥပဒေ” ဖြစ်နေပါလား ဟရို့။ ကြောင်ကြာကြာ ရေမငုတ်နိုင်ပါဘူး။ ဇာတိဆိုတာ ပေါ်လာစမြဲပါ။
သေချာဆန်းစစ်လိုက်သောအခါ NNER ၏ဇာတ်ရုပ်သည် သွားဖြဲပြီးပြနေကြောင်း ပေါ်လွင်လှ၏။ သွားဖြဲပြတိုင်း ပြုံးတယ်လို့မထင်လိုက်ပါနဲ့ဦး။ ခွေးအ သွားဖြဲပြီဆိုရင်တော့ ခြေဦးတည့်ရာ ပြေးရလေတော့၏။ ယခုလည်း NNER သွားဖြဲပြနေခြင်းသည် အမျိုး ဘာသာ သာသနာကို ကိုက်ဖြတ်လိုသောကြောင့်တည်း

ပြည်ပက ပိတ်နေချိန်မှာ ပြည်တွင်းမှာဖွင့်ရမည်ဆိုပါလား။


မွတ်စလင်လက်အောက်ခံ အာရဗီစာသင်ကျောင်းနှင့်ပတ်သက်ပြီး နိုင်ငံတကာမှာ စိုးရိမ်မှုရေချိန်မြင့်တက်လျက်ရှိ၏။ ထို့ကြောင့် ကမ္ဘာ့အနှံ့အပြား ဖွင့်လှစ်ထားသော အာရဗီစာသင်ကျောင်းများကို နိုင်ငံတိုင်းနီးပါးလောက်က သတိထား စောင့်ကြည့်လျက် ရှိကြပါသည်။ ဘာ့ကြောင့်နည်း။ တာလီဘန်စသည့်အကြမ်းဖက်သမားများသည် အာရဗီစာသင်ကျောင်း ထွက်များဖြစ်သောကြောင့်တည်း
ထိုအကြောင်းကို ကောင်းကောင်းရိပ်မိသည့် ဗြိတိန်နိုင်ငံမှာတော့ အာရဗီစာသင်ကျောင်းများကိုပိတ်ပေးဖို့ တောင်းဆိုနေကြ၏။ တကယ်တော့ဗြိတိန်နိုင်ငံသည် လူ့အခွင့်အရေးကို တစာစာအော်နေသည့် ဒီမိုကရေစီနိုင်ငံကြီးပင်ဖြစ် ပါသည်။ သို့သော်အာရဗီစာသင်ကျောင်းများကိုတော့ ပိတ်ပင်ဖို့ကြိုးစားနေ၏။ ဘာ့ကြောင့်နည်း။ အမျိုးသားရေးအန္တရာယ် ကျရောက်မည်စိုးသောကြောင့်တည်း။
ပါးနပ်သောနိုင်ငံများက အာရဗီစာသင်ကျောင်းများကို ပိတ်ပေးဖို့တောင်းဆိုနေချိန်၌ NNER က ဘာသာရေးအဖွဲ့ အစည်းများ၏ ပညာရေးကျောင်းများ၊ အာရဗီစာသင်ကျောင်းများကို တရားဝင်အသိအမှတ်ပြုဖို့တောင်းဆိုနေ၏။ ယင်းသို့ တောင်းဆိုခြင်းသည် အမျိုးသားရေးအန္တရာယ်ကို လက်ယပ်ခေါ်နေခြင်းပင်ဖြစ်သည်
ဆင်ခြေရာကိုတွေ့လျှင် ဆင်ကောင်ကြီးကိုရှာစရာမလိုသကဲ့သို့ ဤတောင်းဆိုချက်ကိုကြည့်လျှင်ပင် NNER ၏ အကွက်ကျကျ စီမံထားသည့်နောက်ကွယ်က လက်မည်းကြီးကို ရှာစရာမလိုတော့ပါ။

အပြည်ပြည်ဆိုင်ရာ အာရဗီကျောင်းကိုဖွင့်ခိုင်းနေပါလား..?

ပညာရေးဥပဒေကြမ်းထဲ၌ “ဘာသာရေးကိုသာ သီးသန့်သင်ပေးသောကျောင်းများ ဤဥပဒေနှင့်သက်ဆိုင်ခြင်း မရှိစေရ” ဟူသော ဥပဒေပါရှိရကား “ဘာသာရေးသီးသန့်သင်ပေးသော အာရဗီကျောင်းများကို တရားဝင်အသိအမှတ်ပြုစရာ မလိုပါ။ စိုးရိမ်စရာ မရှိပါဘူး” ဟု ဆိုငြားအံ့။
ယင်းဥပဒေကြောင့် “ဘာသာရပ်မျိုးစုံ သင်ကြားပေးသော အပြည်ပြည်ဆိုင်ရာ အာရဗီကျောင်းတော်ကြီး” များကို ဖွင့်ခိုင်းသလိုပင် ဖြစ်နေပေတော့သည်။ ထို့ကြောင့် NNER သည် နောက်ကျောဓားနဲ့ထိုးမည့်သူကို အဖေခေါ်ချင်သည့်အဖွဲ့ ဖြစ်ပါသည်။
ဥပဒေဆိုသည်မှာ ခက်ခဲနက်နဲလှ၏။ ဉာဏ်စေစားနိုင်မှ တော်ကာကျပေသည်။ သူတို့၏ ဉာဏ်နီဉာဏ်နက်ကား ကြောက်စရာအလွန်ကောင်း၏။ ဘာသာခြားများကား ကုလသမဂ္ဂကိုတောင် အိတ်ကပ်ထဲထည့်ထားနိုင်သည် မဟုတ်ပါ လော။

မင်းသားခေါင်းစွပ်ထားသည့် ဘီလူး.....

အနှစ်ချုပ်ပြောရမည်ဆိုလျှင် NNER သည် ဘာသာခြားများအတွက် အတားအဆီးသဖွယ်ဖြစ်နေသော အမျိုးသား ရေးဝါဒကို တစ်စစီပြိုကွဲအောင်၊ အစဉ်အလာ ကြီးမားသော ဗုဒ္ဓဘာသာကို အမြစ်ပြုတ်အောင်၊ အခြားသောဘာသာရေးအဖွဲ့ အစည်းများ ထိုးဖောက်ခွင့်ရအောင်၊ မွတ်စလင်အဖွဲ့အစည်းတို့မှ ဖွင့်လှစ်၍နေသော ဘာသာရပ်မျိုးစုံ သင်ကြာပေးနိုင်သည့် ဘာသာရပ်မျိုးစုံ သင်ကြားပေးနိုင်သည့် အာရဗီစာသင်ကျောင်းများ မှိုလိုပေါက်အောင် မလှိမ့်တပတ် ဖန်တီးနေသောကြောင့် မင်းသားခေါင်းစွပ်ထားသည့် ဘီလူးကြီးပင်တည်း။
ဘီလူးကို အသက်ရှင်ခွင့်ပေးလျှင် တိုင်းပြည်နှင့်လူမျိုး၊ ဘာသာနှင့် သာသနာသည် အစအနရှာလို့မရအောင် မျိုးတုံးသွားနိုင်ပေသည်။ ထို့ကြောင့် NNER အဖွဲ့ကို ကျူပင်ခုတ် ကျူငုတ်ပါမကျန်ဆိုသကဲ့သို့ မြေလှန်စနစ်ဖြင့် တူးဖြိုပစ်ရပေမည်။
တကယ်စင်စစ်ကား အမျိုးသားပညာရေးဥပဒေကြမ်းကို NNER မပါဘဲကျောင်းသား၊ ဆရာ၊ လွှတ်တော်၊ အစိုးရ ဟူသော မဏ္ဍိုင် ၄-ခုမှ လေးပွင့်ဆိုင် တွေ့ဆုံညှိနှိုင်း၍လည်းကောင်း၊ အမျိုး ဘာသာ သာသနာကို ချစ်မြတ်နိုးကြကုန်သော လူပညာရှိ၊ ရဟန်းပညာရှိတို့၏ အကြံဉာဏ်ကိုယူ၍လည်းကောင်း၊ မြန်မာ့လူနေမှုစနစ်နှင့် ကိုက်ညီသော၊ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သော ပညာရေးဥပဒေကို ရေးဆွဲပြဋ္ဌာန်းခြင်းသည်သာ အကောင်းဆုံးစနစ်ဖြစ်ကြောင်း စေတနာရှေ့ထား၍ တင်ပြလိုက်ရပါသည်။

သီတဂူ အရှင်ဒေ၀ိန္ဒာဘိဝံသ


8 comments:

  1. များပြားလှတဲ့နည်းမျိုးစုံအကြင့်သီလပြက်ပြားနေသူတွေအဖွဲ့ကြီးတစ်ဖွဲ့ကိုဘာကြောင့်
    စုပေါင်းပါဝင်ထောက်ခံနေတာလဲဆိုတာစဉ်းစားကြည့်ပါ။
    ဒီလိုနည်းမျိုးစုံအကြင့်သီလပြက်ပြားနေသူတွေတော်တော်ကိုများနေတာကြောင့်အ
    ကြင့်သီလပြက်ပြားနေသူတွေစုပေါင်းပါဝင်နေထောက်ခံနေတဲ့အဖွဲ့ကြီးကမတော်တဆ
    နိုင်ခြေရှိပါတယ်။
    အကြင့်သီလမှန်ကန်သူတို့သာသနာတော်ကိုစောင့်ရှောက်တဲ့အနေနှင့်ကောင်းမှု့
    တွေလုပ်နေရာကအချိန်ပေးပြီးမဲပေးကြပါလို့မေတ္တာရပ်ခံအပ်ပါသည်။
    စာလုံးများများတင်မရလို့ဖြတ်ထားခြင်းဖြစ်သည်။သာသနာအတွက်
    gooddevas blog တွင်ကြည့်ပါ။

    ReplyDelete
  2. (စာ-၁) = အကြင့်ပြက်သီလပျက်အုပ်စုတွေဆိုတာက
    တဏှာအတွက်နှင့်အခါခါအမျိုးမစောင့်နှိင်သူတွေ(တိုးတိုးတိပ်တိပ်ဆိုမသိခြင်
    ယောင်ဆောင်နေလို့ရသေးသည်)
    နိုင်ငံခြားမှာပြဌာန်းထားတဲ့နီးစပ်ရင်အမျိုးစောင့်စရာမလိုခွေးနှင့်တောင်ဖြစ်လို့
    ရတဲ့တဏှာပထမ၊သီလနောက်ဆုံးဒါလူ့အခွင့်အရေးလုပ်ခြင်ရာလုပ်လို့ရတယ်ဆိုတဲ့
    ဥပဒေမျိုးကိုသဘောကြနေသူတွေလက်တွေ့ကြင့်သုံးနေသူတွေ၊
    သူတို့ရဲ့ ကွန်မြူနစ်ဖခင်ကြီးလိုရက်ရက်စက်စက်လူကိုခေါင်းဖြတ်၊မတားပဲဝိုင်းအုံ
    အားပေးကြည့်ရှုကြသူတွေ(1988ဆူပူခေါင်းဖြတ်မှု့များကိုကြည့်ပါ)။
    သာသနာတော်ကိုစော်ကားပုတ်ခတ်နေသူတွေ၊နိမ့်ကြညိုးနွမ်းအောင်ပြည်
    တွင်းပြည်ပမီဒီယာများနှင့်ပူပေါင်းလုပ်ဆောင်နေသူတွေ
    ဆေးသုံးနေတဲ့အနုပညာသမားတွေဖေါ်ချွတ်အကြင့်ပြက်ပြမှအနုပညာ
    လို့ထင်နေသူတွေ၊ညစ်ညမ်းကားရိုက်ခြင်သူတွေ၊ညစ်ညမ်းစာပေပန်းချီရေးဆွဲခြင်
    သူတွေပြည့်တံဆာ၊ကာမလုပ်ငန်းတွေနှင့်တိုက်ရိုက်(သို့)သွယ်ဝိုက်တဲ့နည်းတွေနှင့်
    ဆက်စပ်နေသူတွေ၊ဘာသာရေးကတားမြစ်ထားတဲ့မူးယစ်ဆေးဝါးသေရည်သေရက်
    တွေကိုစီးပွားရေးအရ(သို့)ဘာသာရေးပြက်ပြားစေရန်(သို့)လူညွန့်တုံးစေရန်ရည်ရွယ်
    ချက်ရှိရှိရောင်းချနေသူတွေ၊
    စတဲ့စတဲ့မဆုံးနှိင်တဲ့များပြားလှတဲ့သူတွေဖြစ်တယ်ဒီလိုအကြင့်သီလပြက်ပြားနေ
    သူတွေဟာသူတို့ရဲ့ကွန်မြူနစ်ဖခင်ကြီးနှင့်အကြိမ်ကြိမ်ခါခါအမျိုးမစောင့်သူတွေပြန်လည်
    ပေါ်ထွက်လာချိန်ကစပြီးတရိပ်ရိပ်တိုးပွားလာခဲ့တယ်။
    တူရာစုတယ်ဆိုတဲ့သဘောတရားရှိပါတယ်သူတော်ကောင်းကသူတော်ကောင်းနှင့်
    ပဲပေါင်းပြီးလူမိုက်လူမိုက်တွေနှင့်ပဲပေါင်းပါတယ်
    များပြားလှတဲ့နည်းမျိုးစုံအကြင့်သီလပြက်ပြားနေသူတွေအဖွဲ့ကြီးတစ်ဖွဲ့ကိုဘာကြောင့်
    စုပေါင်းပါဝင်ထောက်ခံနေတာလဲဆိုတာစဉ်းစားကြည့်ပါ။
    ဒီလိုနည်းမျိုးစုံအကြင့်သီလပြက်ပြားနေသူတွေတော်တော်ကိုများနေတာကြောင့်အ
    ကြင့်သီလပြက်ပြားနေသူတွေစုပေါင်းပါဝင်နေထောက်ခံနေတဲ့အဖွဲ့ကြီးကမတော်တဆ
    နိုင်ခြေရှိပါတယ်။
    အကြင့်သီလမှန်ကန်သူတို့သာသနာတော်ကိုစောင့်ရှောက်တဲ့အနေနှင့်ကောင်းမှု့
    တွေလုပ်နေရာကအချိန်ပေးပြီးမဲပေးကြပါလို့မေတ္တာရပ်ခံအပ်ပါသည်။
    စာလုံးများများတင်မရလို့ဖြတ်ထားခြင်းဖြစ်သည်။သာသနာအတွက်
    gooddevas blog တွင်ကြည့်ပါ။

    ReplyDelete
  3. +++အတုယူမှားခြင်း+++
    လူငယ်တွေညံ့ရတာလူကြီးတွေအသုံးမကြလို့ဆိုပြီးစာပေဟောပြောပွဲတစ်ခုမှာခေါင်း
    ဖြတ်လူသတ်ထားတဲ့ကွန်မြူနစ်ကိုလေးစားတဲ့စာရေးဆရာကပြောသွားတာကိုအနည်း
    ငယ်ထောက်ခံပါတယ်။သူတို့စကားအခွန်းတစ်ရာမှာတစ်ခွန်းတော့မှန်တတ်ပါတယ်
    ဘာဖြစ်လို့လည်းဆိုတော့တစ်ချို့လူငယ်တွေညံ့ရုံမကဆရာတော်ကြီးတွေက
    သံဃာတော်များ ကျောင်းသားများ စာမေးပွဲများရှိလို့ခေတ္တနားပြီးမှဆန္ဒပြရန်တောင်း
    ပန်သော်လည်းနားမထောင်ပဲသူများပညာရေးကိုဂရုမစိုက်အတင်းဆန္ဒပြတဲ့ကွန်မြူနစ်
    ပုံစံယုတ်မာရိုင်းစိုင်းကြမ်းတမ်းမှု့တွေကဘယ်ညံ့ဖြင်းတဲ့သူတွေကိုအတုယူလို့ဖြစ်ရတာ
    လဲဆိုတာအဲဒီလူငယ်တွေကိုင်ထားတဲ့ပုံတွေအလံတွေနှဖူးစီးတွေကိုကြည့်ရုံနှင့်
    သိနှိင်ပါသည်။
    သူများပညာရေးအထူးသဖြင့်သာသနာတော်ရဲ့ပညာရေးကိုဂရုမစိုက်သူတွေဟာ
    ပညာရေးအတွက်လုပ်နေတယ်ဆိုတာသူများထောက်ခံမှု့ရအောင်လိမ်နေတယ်ဆိုတာ
    ထင်ရှားပါတယ်။
    ကွန်မြူနစ်ပါတီစတင်တည်ထောင်ပြီးကွန်မြူနစ်မီးမွှေးခဲ့သူခေါင်းဖြတ်လူသတ်
    မှု့ကြူးလွန်တာကိုတရားတယ်လို့ပြောကြတယ်။တော်တော်ကြောက်စရာကောင်းတဲ့စိတ်
    ဓါတ်တွေပါ။လူငယ်တိုင်းသူ့ကိုအတုယူရမယ်လို့ပြောကြတယ်။
    ဒီလိုအတုယူမှားတဲ့အကြိုးဆက်တွေအနေနှင့် 1988 မှာသူတို့ကိုလေးစားတဲ့
    တဲ့ဆူပူသောင်းကြန်းသူတွေကသူတို့မတဲ့သူတွေကိုအကွက်ဆင်ပြီး ကွန်မြူနစ်ဖြုတ်ထုတ်
    သတ်ပုံစံခေါင်းဖြတ်ပွဲကြီးတွေကြင်းပခဲ့ကြသည်။ကမ္ဘာသိပါ။
    တောထဲမှာလည်းသူတို့ကိုလေးစားအတုယူတဲ့ကြောင်းသားတွေအခြင်းခြင်းကွန်မြူနစ်
    ဖြုတ်ထုတ်သတ်ပုံစံရက်ရက်စက်စက်လူသတ်ပွဲကြီးတွေဆင်နွှဲခဲ့ကြသည်။
    သူတို့ကိုလေးစားသူတွေရဲ့စိတ်ထဲမှာလိုအပ်လာရင်ခေါင်းဖြတ်ရမယ်ဆိုတဲ့ကြမ်းကြုပ်
    တဲ့စိတ်တွေကိန်းအောင်းနေကြသည်။နိုင်ငံတကာထောက်ခံမှု့ရန်သာဟန်ဆောင်နေကြခြင်း
    ဖြစ်သည်။
    တစ်ချို့မြန်မာတွေစိတ်ဓါတ်ရေးရာမှာတော်တော်နိမ့်ကြနေတာတွေဟာစံပြ မှားမှုကြောင့်ဖြစ်ရသည်။
    အကြင့်သီလနှင့်ပြည့်စုံသည့်မဘသကိုပင်ဝေဖန်ရဲတဲ့လူမိုက်တွေထွက်ပေါ်လာတာဟာ
    ဘယ်အခါခါမျိုးမစောင့်သူကိုကိုအမှီပြုအတုယူမှားလို့ဖြစ်ရတာလဲဆိုတာစဉ်းစားကြည့်ပါ။
    တစ်ချို့လူငယ်တွေမဘသကိုပင်ဝေဖန်ပြီးအမျိုးမစောင့်သာသနာဖျက်တွေဖြစ်ကုန်ရတဲ့
    နောက်အကောင်းဆုံးဥပမာတစ်ခုကအကြိမ်ကြိမ်ခါခါအမျိုးမစောင့်သူတွေကိုအတုယူမှားလို့
    ဖြစ်ပါတယ်။ငရဲပြည်လူစည်အုံးမည်ဖြစ်သည်
    အသုံးမကြတဲ့လူကြီးတွေထက်အများကြီးတော်တဲ့အမျိုးစောင့်ပြီးနိုင်ငံနှင့်သာသနာ
    အတွက်အလုပ်လုပ်နေတဲ့လူငယ်တွေလည်းအများကြီးပါ
    တစ်ချို့လူတွေပေါ်ထွက်လာခြင်းဟာသာသနာကိုထိခိုက်စေတဲ့အကြောင်းတရား
    များဖြစ်သည်။
    သူတို့ပေါ်လာတဲ့အခါသာသနာသမိုင်းတစ်လျှောက်ဘယ်အခါနှင့်မှမတူသည့်
    သာသနာညွှိုးနွမ်းမှု့တွေသူတို့ကိုအတုယူမှားအကြောင်းပြုပြီးပေါ်ထွက်လာကြသည်
    ဝိနည်းတရားတော်များနှင့်ဆန့်ကြင်ကာအမှားမှားအယွင်းယွင်းအပြောင်းပြောင်း
    အပြန်ပြန်သစ်ပင်ကိုပင်မသတ်ရသည့်သင်္ကန်းဝတ်တစ်ချို့ကခေါင်းဖြတ်လူသတ်ထားသော
    ကွန်မြူနစ်ကိုအလေးပြုပြနေကြသည်။
    တစ်ခန်းတည်းတွင်ဘုရားစေတီပုံတော်များနှင့်တန်းတူ(သို့)အထက်တွင်ထားကာ
    လူပုံကွန်မြူနစ်ပါတီတည်ထောင်သူပုံ အခါခါအမျိုးမစောင့်သည့်မိန်းမပုံတို့ကိုနာမ်နှိမ်
    သဘောအောက်လမ်းနည်းသုံးသေချာချိတ်ဆွဲနေကြသည်။
    ကွန်မြူနစ်ဝါဒ ၊အခါခါအမျိုးမစောင့်သောလူပုဂ္ဂိုလ်တစ်ချို့ကသာသနာထက်ကြီး
    မြတ်သယောင်သေချာ သာသနာညွှိုးနွမ်းစေရန်ဖန်တည်းပုံဖေါ်နေကြသည်။

    စာရေးသူခန့်မှန်းချက်အရအသုံးမကြတဲ့လူကြီးတွေကိုအားကျအတုယူပြီးမျိုးမစောင့်
    သာသနာမစောင့်သူလူငယ်များအများအပြားပေါ်ထွက်လာနှိင်သည်
    နောက်ပေါက်မိဆာသံတွေကိုဘာမှမပြောပဲရှေးယခင်တည်းကရိုးရာအစဉ်လာ
    မပျက်ရွတ်ဖတ်ခဲ့ကြတဲ့တရားသံကိုနားညီးတယ်ဆိုတဲ့သီလပြက်သူသာသနာဖျက်
    လူမိုက်တွေပေါ်ထွက်လာလိမ့်မည်
    တရားသံများရပ်တံ့သွားအောင်နည်းမျိုးစုံသုံးလာကြလိမ့်မည်။
    တစ်ခန်းတည်းတွင်သာသနာကိုနာမ်နှိမ်သည့်သဘောအောက်လမ်းနည်းသုံးကာ
    ကွန်မြူနစ်ပုံမိန်းမပုံတို့ကိုဘုရားပုံတော်များအထက်တွင်သေချာချိတ်ဆွဲလာကြလိမ့်မည်။
    ဘယ်မိဆာတွေကဒီလိုလုပ်နေကြသလဲဆိုတာသေချာမှတ်တမ်းတင်ထားကြပါ။
    သူတို့ကိုကျဉ် boycott ရမည်။

    ဒီပွဲကအမျိုးစောင့်ပြီးသီလအမှန်ရှိသူတွေတိုင်းပြည်ကိုအေးခြမ်းသာယာစေခြင်သူ
    တွေအဖွဲ့နှင့်ဘာသာရေးကိုအသုံးချပြီးကွန်မြူနစ်ကိုသာသနာထက်ကြီးမြတ်သယောင်
    ပုံဖေါ်ဝါဒဖြန့်နေသူတွေနည်းမျိုးစုံသီလပြက်သူတွေစုပေါင်းပါဝင်နေတဲ့အုပ်စုရဲ့ပြိုင်ပွဲပါ။

    ReplyDelete
  4. +++ကွန်မြူနစ်အရိပ်မဲများ+++
    မိဆာဒိဌိကားလ်မာ့စ် carl marxxx ကဘာသာရေးတွေဟာမူးယစ်ဆေးပဲလို့ပြောပြီး
    သာသနာတော်ကိုမိုက်ရိုင်းစွာစော်ကားခဲ့သည်။
    မိဆာဒိဌိကားလ်မာ့စ်ကိုဆရာတင်ပြီးကွန်မြူနစ်ဝါဒကိုယုံကြည်သက်ဝင်ကာကွန်မြူနစ်
    ပါတီကိုစတင်ထူထောင်ပေးသူကိုကွန်မြူနစ်လို့မခေါ်ရင်ဘယ်လိုခေါ်ရမည်။
    သူ့ကိုလေးစားအတုယူတဲ့နောက်လိုက်တွေကိုရောဘယ်လိုခေါ်ရမည်။
    သာသနာတော်ကိုယုံကြည်သက်ဝင်သူတွေဟာဘာသာရေးတွေဟာမူးယစ်ဆေးပဲ
    လို့ပြောခဲ့သူမိဆာဒိဌိတွေရဲ့နောက်လိုက်ကွန်မြူနစ်တွေကိုလုံးဝမလေးစားပါ။
    စာရေးသူတို့ဆိုလျှင်သာသနာအဆုံးအမကြောင့်သူတော်ကောင်းနှင့်သူ
    ယုတ်တို့ကိုခွဲခြားနှိင်ပြီးမိဆာဒိဌိကွန်မြူနစ်ဆိုလျှင်မလေးစားအထင်မကြီးသည့်
    အပြင်ရွံပင်ရွံပါသည်
    မိဆာကြီးကားလ်မာ့စ်ကိုကိုးကွယ်ကြတဲ့ရိုင်းစိုင်းတဲ့ကွန်မြူနစ်နောက်လိုက်
    တွေကြောင့်ကမ္ဘာမှာစံချိန်တင်လောက်အောင်အပြစ်မဲ့သူတွေသေကြသည် ယာဉ်ကျေးမှု့ဘာသာရေးတွေအဖျက်ခံရသည်။
    ကွန်မြူနစ်ဝါဒကနာဇီဖက်ဆစ်ဝါဒနှစ်ခုပေါင်းထက်ပင်လူအသေပြောက်အဆ
    များစွာဖြစ်စေခဲ့သည်။
    ကွန်မြူနစ်ကိုလေးစားတဲ့အကြင့်သီလပြက်ပေါင်းချပ်အဖွဲ့ကြီးရဲ့နိုင်ငံရေးမှာ
    ဘာသာရေးမရောရဆိုတဲ့ပြောဆိုချက်ကအုပ်ချုပ်ရေးပိုင်းကလူတွေဘာသာရေး
    ဖေါ်မပြရတဲ့မိဆာဒိဌိကွန်မြူနစ်ပုံစံဖြစ်နေတာကိုသတိထားကြည့်ပါ။
    အမေရိကန်မှာဆိုသမတလောင်းတွေမဲဆွယ်တဲ့အခါဘာသာရေးကိုထည့်
    ပြောကြသည်။
    အမျိုးဘာသာသာသနာအတွက်ဆိုတာမျိုးဖြစ်သည်။
    အမေရိကန်ဒေါ်လာမှာဆိုရင် In God We Trust ဘုရားသခင်ကိုယုံကြည်သည်
    လို့ပင်ရေးထားသည်။အချို့တရားရုံးများရဲကားများမှာလည်းရေးထားကြသည်။
    ဥပမာအနေနှင့်မြန်မာ့ငွေစက္ကူပေါ်မှာရတနာသုံးပါးကိုယုံကြည်ပါသည်ဟု(သို့)
    ဘုရားစေတီပုံတော်ရိုက်နှိပ်ထားသလိုနှင့်အတူတူပင်ဖြစ်သည်။
    ဖန်ဆင်းရှင်ကိုမယုံသူတွေအများအပြားရှိနေတဲ့ဒီမိုကရေစီချန်ပီယံလို့တင်စားခံ
    ရတဲ့အမေရိကန်တောင်ဒီလိုရေးထားကြရင်စာရေးသူတို့မြန်မာပြည်မှာနိုင်ငံတော်အ
    ဆင့်ကသာသနာရေးလုပ်နေတာဘာမှဝေဖန်စရာမလိုပါ။
    သူတော်ကောင်းတို့ကောင်းမှု့တွေလုပ်တိုင်းအကြင့်ပြက်အုပ်စုကဘာသာရေးကို
    အသုံးချပြီးမဲဆွယ်သည်ဟုပြောဆိုရေးသားကြသည်။အကြင့်ပြက်အုပ်စုကိုယ်တိုင်က
    တော့ဘာသာရေးကိုရောပညာရေးအလှုတွေကိုပါအမှန်တကယ်အသုံးချပြီးတစ်ခန်း
    တည်းဘုရားစင်ထက်မြင့်သောနေရာမှာကွန်မြူနစ်ပုံအခါခါမျိုးမစောင့်မိန်းမပုံတို့ကို
    ဝါဒဖြန့်ချိတ်ဆွဲကြော်ညာကာမဲဆွယ်နေကြသည်။
    ဒီလိုသာသနာညိုးနွမ်းစေသည့်မဲဆွယ်မှု့များကိုကိုအကြင့်ပျက်မီဒီယာများ
    မြင်နေကြသော်လည်းထောက်မပြကြပါ။
    ကွန်မြူနစ်တို့နာမည်ပြက်ပြီးတိုးမပေါက်သည့်ယနေ့ခေတ်မျက်စိရှေ့မှာပင်
    မဟာအမှားကြီးများဘက်လိုက်မှု့များရှိနေလျှင်ကွန်မြူနစ်တို့ကြီးစိုးခဲ့သောတော်
    လှန်ရေးခေတ်ကဘာသာရေးရှိသူများကိုအကွက်ဆင်ခြောက်ချပြီးသတ်ပြစ်ချင်း
    ဘာသာရေးရှိသောကွန်မြူနစ်ကိုမုံးတီးသူကယ်တင်ရှင်တို့ကိုပြောင်းပြန်သမိုင်းတ
    ရားခံများအသွင်ပုံဖေါ်ရေးသားခြင်းများရှိခဲ့မှာသေချာသည်။

    ReplyDelete
  5. === ဗုဒ္ဓဘာသာ၊သာသနာရောင်ဝါနေသို့လင်းစေသော် ===

    ==လူပြက်များတောင်းပန်ခြင်းနှင့်သက်ဆိုင်ကာ==

    သူယုတ်များကလူပြက်တစ်ချို့ဘုန်းကြီးတွေကိုတောင်းပန်သည့်

    သာသနာ့အောင်ပွဲသီတင်းကိုအပူလောင်သလိုခံစားရကာမဖေါ်

    ပြနှိင်ကြပါ

    အမိယုတ်သောသားနှုတ်အာကြမ်းသည်၊အဖယုတ်သောသား

    ကိုယ်အမူအရာကြမ်းသည်ဟုပညာရှိတို့မိန့်ဆိုကြသည်။

    ဘုရားကိုသာမန်လူလိုသဘောထားပြီးသူတို့ပုံတွေနှင့်အဆင့်

    တူထားဝါဒဖြန့်နေတဲ့သူယုတ်တွေ

    ဘုန်းကြီးကိုဆွမ်းမလောင်းနှင့်ဆိုတဲ့သူယုတ်တွေ၊ဘုန်းကြီး

    ကိုအကြမ်းဖက်လို့စွပ်စွဲတဲ့သူယုတ်တွေ

    ကဗ္ဘာကနှာခေါင်းရှုံ့နေကြတဲ့မိထွေးရဲ့ရည်းစားဦးအုပ်စုတွေ

    ဝင်ရလွယ်စေရန်နိုင်ငံတော်၏ခြံစည်းရိုးဥပဒေတို့ကိုချိုးဖြက်

    ပေးခြင်နေသူသူယုတ်တွေ

    နှုတ်နှင့်ရောကိုယ်အမှုရာနှင့်ပါသာသနာတော်ကိုစော်ကား

    နေသူတွေ

    ဘာသာတရားရှိတဲ့မိဘအရင်းကိုပြစ်ပယ်ပြီးသူယုတ်တွေ

    အမေ၊အဖေလို့ခေါ်နေတာဘယ်သူတွေဆိုတာသိကြမှာပါ

    မိဘကသင်ခဲ့လို့ဒီလိုယုတ်ကုန်ကြတာဖြစ်သည်။

    အတုမြင်အတတ်သင်ပေါ့

    စိတ်ထားတူလို့တူရာ စု ကြတာပါ။

    လူကခွင့်လွှတ်ပေမည့်သဘာဝတရားကခွင့်လွှတ်မည်မဟုတ်

    တစ်ဖွဲ့လုံးငရဲပြည်ရောက်မှဝါဒဆက်ဖြန့်ကြပေါ့


    =ဘုရားရှင်ကိုသာမန်လူလိုသဘောထားလာစေရန်သာမန်လူ

    မျှပင်ကိုယ်ကြင့်သီလမရှိသောသူတို့ပုံကိုဘုရားပုံနှင့်အဆင့်တူ

    ထားဝါဒဖြန့်နေမှု့များအားတားမြစ်ပေးတော်မူကြပါ။=

    =လူကိုပြောင်းပြန်ဦးညွှတ်အရိုအသေပေးနေသောသင်္ကန်းဝတ်

    တစ်ချို့အားတားမြစ်ပေးတော်မူကြပါ။=

    =ကောသလအိပ်မက်အရလောကတွင်သူယုတ်တို့ကြီးစိုးလာပြီ

    ဖြစ်သည်။သူတော်ကောင်းတို့အားတိုက်ခိုက်မှု့များပြုလုပ်လာကြ

    လိမ့်မည်။=

    =ရဟန်းတော်များစည်းလုံးညီညွတ်တော်မူကြပါ။=

    =ရဟန်းတော်တို့အားစိတ်ကြွဆေးများခပ်ကာအင်တာနက်ပေါ်

    တင်ပြီးသာသနာတော်ကိုညှိုးနွမ်းအောင်ပြုလာကြလိမ့်မည်=

    အခြားယုတ်ညံ့သောနည်းများနှင့်လည်းအကွက်ဆင်နှိင်သည်။

    ==ဥပမာအမေရိကန်အမတ်လောင်းတွေ၊ဥရောပအမတ်တွေက

    ပြည်သူ့ကောင်းကျိုးအတွက်ရဲရဲဝင့်ဝင့်အမှန်ကိုပြောဆိုကြသည်။

    သူယုတ်တို့ကလည်းထုံးစံအတိုင်းအကြမ်းဖက်နည်းတွေသုံးတုန့်

    ပြန်ကြသည်။

    အဲဒီအမတ်တွေကိုအကြမ်းဖက်လို့မရေးတဲ့အပြင်စဉ်းစားဥာဏ်

    ရှိသောလူထုကထောက်ခံကြသည်။

    သူတို့လိုအမှန်ကိုထောက်ပြသည့်ဘုန်းကြီးကိုမိထွေးရည်းစား

    ဦးသူတို့ပထွေးကိုထိလို့မချိအောင်နာသူတွေကအကြမ်းဖက်

    လို့ဝိုင်းစွတ်စွဲကြတာအားလုံးသိမှာပါ။==

    ==သူယုတ်တွေရဲ့နိုင်ငံရေးကစားကွက်ဆိုတာရှင်းပါတယ်==

    ==မှတ်ချက်==

    =သာသနာ့အောင်ပွဲကိုမရှု့စိမ့်နှိင်သောသူယုတ်တို့အကြောင်း

    ပြပြီးဤစာသားများကိုဖြက်ချရန်ဖိအားပေးခြင်းမပြုနှိင်စေရန်

    အတွက်အခြားဘာသာလူမျိုးတို့အမည်ကိုသုံးစွဲထားခြင်းမရှိပါ။=


    သာသနာအတွက်ကြည့်ရန်==

    https://www.facebook.com/GoodDevas-518589061638026/


    https://www.gooddevas.blogspot.com/

    ReplyDelete
  6. ==အလိမ်ခံခဲ့ရသောဗုဒ္ဓဘာသာဝင်တို့ငရဲတွင်းကလွတ်ရန်ပြောင်းလဲချိန်တန်ပြီ==
    ==ဟိုဒင်းကိုဟိုဒင်းလို့မခေါ်နှိင်ဟိုဒင်းတို့အတွက်အကဲပိုသူကိုသဲပိုဟုသာခေါ်ပါမည်==
    ==မိန်းမပုံကိုဘုရားနှင့်အဆင့်တူထားဝါဒဖြန့်ခြင်း၊သင်္ကန်းဝတ်တချို့ကလူကိုပြောင်းပြန်
    အရိုအသေပေးနေခြင်းအားဖြင့်အဆိုးရွားဆုံးသာသနာညှိုးနွမ်းစေမှု့များဖြစ်နေခြင်းတို့ကို
    တားမြစ်ပေးရန်စာရေးသူကတရားဝင်တောင်းဆိုပြီးနောက်နေ့မှာဘဲမဟာပထဝီမြေကြီးဟာ
    ပြင်းထန်စွာတုန်လှုပ်သွားခဲ့သည်==
    ဗုဒ္ဓဘာသာဝင်မှန်လျှင်ကံကံ၏အကျိုးကိုယုံသည်။အရာအားလုံးသည်ကျိုးကြောင်းဆက်စပ်
    ဖြစ်ပေါ်နေသည်။
    သာသနာနှင့်ငလျှင်လှုပ်ခြင်းသည်ဘုရားပွင့်တော်မူချိန်မှစကာအဆက်အစပ်ရှိခဲ့သည်
    ==ဒါဟာသက်ဆိုင်သူအားလုံးကိုသတိပေးခြင်းဖြစ်သည်==
    သဲပိုကိုဝန်းရံပံ့ပိုးဝါဒဖြန့်ပေးနေသူတွေကသင်္ကန်းကိုအသုံးချကာလူကိုပြောင်းပြန်ဦးညွှတ်
    အရိုအသေပေးနေပုံကိုဝါဒဖြန့်ခဲ့ကြသည်။
    သဲပိုပုံကိုလည်းဘုရားနှင့်အဆင့်တူထားယုတ်မာစွာဝါဒဖြန့်ပေးကြသည်။
    ဗွီဒီယိုကားတစ်ကားထဲတွင်နှင့်အခြားနေရာများတွင်တွေ့နှိင်သည်။
    သက်သေအနေနှင့်ပြီးခဲ့သောအာဇာနည်နေ့မှာသင်္ကန်းဝတ်တချို့လူကိုပြောင်းပြန်
    ဦးညွှတ်အရိုအသေပေးနေတာကိုတွေ့နှိင်သည်။
    ဘာသာမဲ့နှင့်ဘာသာခြားတို့ကိုသင်္ကန်းဝတ်တချို့ဦးညွှတ်အရိုအသေပေးနေကြသည်။
    ကင်မရာရှုထောင့်ကြောင့်ထင်ရောင်ထင်မှားဖြစ်စေသည်ဟုအရင်အတိုင်းလိမ်မရနှိင်ပါ။
    အောက်ပါလိပ်စာကို ၁၀ ဆယ်စက်ကန့်သာကြည့်ပါ။ဖျက်မချမီအမြန် download ဆွဲထားကြပါ
    https://www.youtube.com/watch?v=lpLqAscL9t0&t=174
    အခြားအထိမ်းမှတ်ပွဲများတွင်လည်းတွေ့နှိင်သည်။ ဒီလုပ်ရပ်တွေကိုမည်သူမှမတားပါ။
    ==သင်္ကန်းဝတ်မှအရိုအသေပေးရသည်မှာဘုရားနှင့်တရားသာရှိသည်==
    လူကိုဘုရားတရားနှင့်တန်းတူထားကာဒေဝဒတ်လိုစင်ပြိုင်ထောင်ဝါဒဖြန့်ခဲ့ကြသည်
    ထိုဆိုးရွားသောပုံရိပ်များကတကဗ္ဘာလုံးသို့ပြန့်သွားခဲ့ပြီဖြစ်သည်
    ဒီလိုမတန်မရာတွေလုပ်နေသူတွေကြောင့်တိုင်းပြည်ခိုက်လာပြီးရေဘေးလေဘေးမီးဘေး
    ငလျှင်ဘေးစသည့်သဘာဝကပ်ဘေးများမကြုံဖူးအောင်ကြရောက်လာခဲ့သည်။
    ထူးခြားမြင့်မြတ်လှသောရုပ်ပုံတော်အသီးသီးမှမျက်ရည်ကြနိမိတ်ပြသော်လည်းအသိမဝင်
    ကြပဲမဟာအမှားကြီးများကြူးလွန်နေကြသည်
    ဒီလိုအဆိုးဆုံးသာသနာညှိုးနွမ်းမှု့ဖြစ်စေတာသဲပိုနှင့်အဖွဲ့ကိုဝန်းရံပံ့ပိုးပေးနေသူတွေကြောင့်ဖြစ်သည်။
    သဲပိုဒါတွေကိုမြင်သော်လည်းမတားပါ။ဒါတွေအတွက်သဲပိုမှာတာဝန်အရှိဆုံးဖြစ်သည်။
    သာသနာကိုညှိုးနွမ်းစေပြီဟေ့ဆိုပြေးကြည့်စရာမလိုငပွကြီးကသဲပိုနှင့်ဝန်းရံပံ့ပိုးပေးနေသူအပေါင်း
    ပါများအဖွဲ့ကသာဖြစ်နေသည်။
    သဲပိုကိုယ်တိုင်ကလည်းဟိုဒင်းတို့အတွက်အကဲပိုကာဟိုဒင်းကိုဟိုဒင်းလို့မခေါ်နှိင်အစဉ်အလာ
    အတိုင်းဟိုဒင်းလို့ခေါ်နေကြသည့်(ရဟန်းရှင်)လူမိဖပြည်သူတို့အားမိဖမသင်ခဲ့လို့ဆိုပြီးကံကြီးထိုက်
    အောင်မိုက်ရိုင်းခဲ့သည်။
    ==ဒီအဖွဲ့နှင့်ဝန်းရံပံ့ပိုးပေးနေသူတွေအားလုံးကံကြီးထိုက်နေပြီဖြစ်သည်==
    ဒီလိုကဗ္ဘာသိသာသနာညှိုးနွမ်းစေတာကကဗ္ဘာသိပြန်တောင်းပန်မှငရဲလျှော့ခံရမှာဖြစ်သည်
    သူတို့မှာသာအမှန်မြင်စိတ်အနည်းငယ်ကျန်သေးယင်လူပြက်တွေတောင်းပန်သလိုဝန်ချ
    တောင်းပန်မှာဖြစ်သည်
    ==သင်္ကန်းကိုအသုံးခြတာခြင်းအတူတူလူပြက်ကလေးတွေကြတောင်းပန်ရပြီးသူတို့ထက်
    ဆိုးအောင်သာသနာကိုညှိုးနွမ်းစေသူတွေကိုလွှတ်ထားလျှင်မတရားရာရောက်နေမည်==
    ==မိန်းမပုံကိုဘုရားနှင့်အဆင့်တူထားဝါဒဖြန့်ခြင်း၊သင်္ကန်းဝတ်တချို့ကလူကိုပြောင်းပြန်
    အရိုအသေပေးနေခြင်းအားဖြင့်အဆိုးရွားဆုံးသာသနာညှိုးနွမ်းစေမှု့များဖြစ်နေခြင်းတို့ကို
    တားမြစ်ပေးရန်စာရေးသူကတရားဝင်တောင်းဆိုပြီးနောက်နေ့မှာဘဲမဟာပထဝီမြေကြီးဟာ
    ပြင်းထန်စွာတုန်လှုပ်သွားခဲ့သည်==
    ==ဒါဟာသက်ဆိုင်သူအားလုံးကိုသတိပေးခြင်းဖြစ်သည်==
    ဗုဒ္ဓဘာသာဝင်အများစုဟာဘယ်လောက်ထိဆိုးဆိုးရွားရွားအလိမ်ခံခဲ့ရဆိုလျှင်ဘုရားတရား
    ကို လူ နှင့်တန်းတူထားသည်ကိုလက်ခံနှိင်သည်ထိမှားယွင်းလာကြသည်။
    ==ဒီလိုမှားနေသူတွေရဲ့ရွေးခြယ်မှု့ဟာလည်းအမှားကြီးတွေဖြစ်ခဲ့သည်==
    အပိုင်း၂ သို့ဆက်ဖတ်ရန် -->

    ReplyDelete
  7. -->>အပိုင်း၂
    ==ဒီလိုမှားနေသူတွေရဲ့ရွေးခြယ်မှု့ဟာလည်းအမှားကြီးတွေဖြစ်ခဲ့သည်==
    နိုင်ငံရေးကိုအများစုစိတ်မဝင်စားကြဟုမီဒီယာများပြောဆိုနေချိန်တွင်
    အများစုမှာငရဲသွားရမည့်အနုပညာသမားတစ်ချို့နှင့်လူကိုပြောင်းပြန်အရိုသေပေးနေသော
    သင်္ကန်းဝတ်တစ်ချို့၏ဝါဒဖြန့်မှု့များကြောင့်ရွေးခြယ်မှု့မှားကုန်ကြခြင်းဖြစ်သည်
    ဘုရားဟောမှသူတော်ကောင်းကိုတံထွေးနှင့်ဝိုင်းထွေးသောတိုင်းပြည်ထက်ဆိုးနေသည်။
    စာရေးသူတို့နိုင်ငံမှာတန်ခိုးကြီးဘုရားများနှင့်သူတော်ကောင်းပုဂ္ဂိုလ်အချို့ကြောင့်သာခံ
    သာနေခြင်းဖြစ်သည်
    စာရေးသူဒီမဟာအမှားတွေကိုသက်သေနှင့်တကွထောက်ပြတော့သိပ်ကိုနောက်ကြသွားပြီ
    ဖြစ်သည်။သာသနာထွန်းကာသောနိုင်ငံမှာအခြေအနေဒီလောက်ဆိုးလိမ့်မည်မထင်ခဲ့ပါ
    ဗုဒ္ဓဘာသာဝင်အချို့ကောင်းကောင်းအလိမ်ခံခဲ့ရပြီဖြစ်သည်။
    သင်္ကန်းဝတ်တချို့မဟာအမှားကြီးကြူးလွန်ကာလူကိုဦးညွှတ်အရိုသေပေးနေတာကိုဘယ်သူမှမတား
    တော့သင်္ကန်းဝတ်ကပင်အရိုသေပေးရသည့်ဒီလူနှင့်နောက်လိုက်တွေကိုပြောင်းပြန်ဘုရားတရားနီးနီး
    အမှတ်မှားလာပြီးဗုဒ္ဓဘာသာဝင်အချို့တို့အရွေးမှားခဲ့ကြသည်
    ဒီမဟာအမှားတွေကိုစာရေးသူထက်အရေးအသားတော်သည့်ပညာရှိသူတော်ကောင်းတို့
    မှထောက်ပြတည့်မတ်သာသနာပြုပေးစေခြင်သည်။
    ဒီလိုမတန်မရာမဟာအမှားတွေကြောင့်သဘာဝကပ်ဘေးများဆိုးရွားစွာကြရောက်လာခဲ့
    သည်။
    ---လူကိုပြောင်းပြန်ဦးညွှတ်အရိုသေပေးသောသင်္ကန်းဝတ်တချို့နှင့်ဒီ ဝါဒဖြန့်ပုံရိပ်တွေကို
    ကြည့်ပြီးအရွေးမှားခဲ့သူဗုဒ္ဓဘာသာဝင်အချို့တို့---
    ဒီလူတွေကိုသင်တို့ကိုယ်တိုင် အလိမ်ခံရပြီးထောက်ခံခဲ့တာဖြစ်သည်
    သင်တို့ဒီလိုအဆိုးဆုံးသာသနာညှိုးနွမ်းစေတာတွေကိုသိမြင်လာပြီးနောက်မှာ
    သာသနာ့ဂုဏ်ကိုပြန်တင်ပေးဖို့ရာသင်တို့မှာလုံးဝတာဝန်ရှိသည်
    သင်တို့ကိုယ်တိုင်ရောသင်တို့ထောက်ခံခဲ့သည့်လူတွေကိုပါသာသနာတော်ကိုတောင်းပန်
    စေခြင်းအားဖြင့်သာသနာ့ဂုဏ်တက်စေပြီးသံသရာမှာအပြစ်ပေါ့မည်ဖြစ်သည်
    လက်ရှိဘဝတွင်လည်းမီးဘေးလေဘေးရေဘေးငလျှင်ဘေးအစရှိသောကပ်ဘေးတို့ကို
    သက်သာလျှော့ပါးစေမည်
    ==ဒီမဟာအမှားတွေကိုစာရေးသူသက်သေနှင့်တကွထောက်ပြပြီးနောက်မတောင်းပန်ရင်
    သဲပိုအဖွဲ့နှင့်ဝန်းရံပံ့ပိုးပေးနေသူအပေါင်းပါများဟာအမှားကြူးလွန်ပြီးဘယ်တော့မှနောင်တမရ
    သည့်အဆိုးဆုံးလူမိုက်တွေဆိုတာသက်သေပြနေတာဖြစ်သည်==
    အမျိုးဘာသာသာသနာကိုအသက်ပေးကာကွယ်မည့်သူများဘယ်ရောက်နေကြပါသနည်း
    အသက်ပေးစရာမလိုပါစာရေးသူလို သူတို့ရဲ့မဟာအမှားတွေကိုဖေါ်ထုတ်ထောက်ပြသာသနာ
    ပြုပေးရုံသာဖြစ်သည်။
    စာရေးသူမှန်းထားသလိုလူလိမ်သူယုတ်အဖွဲ့နှင့်နောက်လိုက်တွေကိုယ့်ကိုယ်ကိုအထင်ကြီး
    လာပြီးဘာသာရေးရှိသူတွေကိုနည်းလမ်းပေါင်းစုံနှင့်တိုက်ခိုက်မှု့တွေစတင်နေပါပြီ။
    အင်တာနက်ပေါ်မှာလည်းအလုပ်မရှိအကိုင်မရှိအားနေကြတဲ့အကြင့်ပြက်အဖွဲ့ကိုဝန်းရံပံ့ပိုးပေး
    နေသူတွေရဲ့အသံတွေသာကြီးစိုးနေပြီးသာသနာအတွက်အချိန်ပေးနေရတဲ့သူတော်ကောင်း
    တွေအသံဟာအလွန်နည်းနေပါသည်။
    လူမှု့ကွန်ယက်တွေမှာအဆိုးဆုံးသာသနာညှိုးနွမ်းမှု့ဖြစ်စေခဲ့သည့်ငရဲကိုသွားကြရမည့်အကြင့်
    ပြက်အဖွဲ့ကိုထောက်ခံသည့်ထောင်ချီတဲ့လူတွေဟာဘာသာရေးအမှန်တကယ်ရှိသူတွေကိုဝိုင်း
    ဝန်းတိုက်ခိုက်နေကြတာကိုတွေ့နေရသည်။
    လူများတိုင်းအမှန်တရားမဟုတ်တာထင်ရှားနေသည်။
    ==လူများတိုင်းအမှန်သာဆိုစာရေးသူတို့ဗုဒ္ဓအဆုံးအမကိုခံယူလိုက်နာခဲ့မည်မဟုတ်ပါ==
    ==သဲပိုကိုသာမျက်စိမှိတ်ထောက်ခံခဲ့မည်ဖြစ်သည်==
    သူတော်ကောင်းတို့အင်တာနက်ပေါ်မှာလည်းသူယုတ်တွေသာသနာကိုနိမ့်ကြအောင်လုပ်
    ဆောင်နေကြတာကိုစာရေးသူလိုသက်သေနှင့်တကွဖေါ်ထုတ်ထောက်ပြပြီးသာသနာပြုနှိင်ပါသည်
    အမျိုးဘာသာသာသနာကောင်းကျိုးဆောင်ရွက်နေသောဤဘလော့ကိုသာသနာ့ဘက်တော်သား
    သူတော်ကောင်းများရောသာသနာတော်ကိုပါးပါးလှီးဖြက်ဆီးနေသည့်သာသနာ့ရန်သူများပါသတိထား
    လာကြည့်သည်ကိုစာရေးသူသိထားပါသည်။သာသနာအတွက်လက်ဆင့်ကမ်းပေးကြပါ
    ==အလိမ်ခံခဲ့ရသောဗုဒ္ဓဘာသာဝင်တို့ငရဲတွင်းကလွတ်ရန်ပြောင်းလဲချိန်တန်ပြီ==

    ReplyDelete
  8. ဗကပကိုလေးစားသောနောက်လိုက်တွေပြန်လည်ခေါင်းထောင်လာချိန်မှစကာ
    သင်္ကန်းဝတ်အချို့ဗကပကိုမှားယွင်းစွာအလေးပြုနေတာတွေ
    သာသနာပြုသူတော်စင်ဘိုးတော်ပုံတွေကိုရဟန်းတော်များပုံနှင့်တတန်းတည်း
    မထားသော်လည်း ဗကပ ပုံကိုရဟန်းတော်ပုံနှင့်တတန်းတည်းထားတာတွေကို
    စိတ်မကောင်းဖွယ်တွေ့လာရသည်
    အထူးသဖြင့်မဘသကိုတိုက်ခိုက်နေသောဗကပနောက်လိုက်များနှင့်နီးစပ်သော
    ပညာဒါနကျောင်းပရဟိတလုပ်ငန်းများတွင်ဗကပပုံကိုရဟန်းပုံနှင့်အဆင့်တူထား
    ဝါဒဖြန့်သည်ကိုတွေ့မြင်နှိင်သည်
    မည်သည့်ဘာသာရေးကမှဘာသာရေးသည်မူးယစ်ဆေးဆိုသည့်မိဆာအယူရှိ
    ဗကပများကိုမလေးစားရုံမကသာသနာ့ရန်သူအဖြစ်သတ်မှတ်ကြသည်
    ဗကပနောက်လိုက်များကသင်္ကန်းဝတ်အချို့နှင့်ဗုဒ္ဓဘာသာဝင်များဗကပကိုလေး
    စားလာစေရန်သမိုင်းမှန်ကိုဖုံးဖိဝါဒဖြန့်နေကြသည်။
    ဗကပကိုအရိုသေပေးလေးစားသောသင်္ကန်းဝတ်အချို့ဖြစ်လာစေရန်ဝါဒဖြန့်ပြီး
    သင်းခွဲရန်ကြံနေကြသည်
    ကွန်မြူနစ်ဘယ်သူဆိုသည်နှင့်သူတို့ခရစ်ယာန်တွေကိုဘယ်လိုထိုးဖောက်သည်
    သည်ဆိုသည်ကိုအင်တာနက်လိပ်စာများနှင့်တကွဖေါ်ပြပေးလိုက်ပါသည်
    ဗုဒ္ဓဘာသာကိုလည်းသူတို့အလွတ်ပေးမည်မဟုတ်ပါ
    ဗကပ ဘယ်သူဆိုတာမသိသေးသောရဟန်းတော်များအားထပ်ဆင့်တင်ပြ
    လျှောက်ထားပေးပါရန်
    သာသနာအတွက်ဆောင်ရွက်နေသောဤနေရာတွင်စာလုံးများများနှင့်ဖေါ်ပြပါက
    အနှောက်အရှက်ပေးသလိုဖြစ်မည်စိုးသောကြောင့်အောက်ပါအင်တာနက်လိပ်စာ
    မှမှတ်ချက်ပေး(comment)နေရာတွင်ထပ်ဆင့်ကြည့်နှိင်ပါသည်

    http://www.oppositeyes.info/2016/07/blog-post_15.html?showComment=1468432484680#c8547083619855774597

    http://www.oppositeyes.info/2016/07/blog-post_15.html

    =ဗုဒ္ဓဘာသာဝင်တို့အမှန်ကိုသိပြီးစည်းလုံးကြပါ=

    ReplyDelete