Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Friday, June 6, 2014

(မ.ဘ.သ) ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း အခန်း(၁)

အခန်း(၁)
နိဒါန်း
  1. ၁။ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ် ရွာမပရိယတ္တိစာသင်တိုက်နှင့် အောင် ဆန်းတပ်ဦး တောရမိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာတို့၌ သာသနာတော်နှစ် ၂၅၅၇၊ ကောဇာသက္ကရာဇ် ၁၃၇၅ နယုန်လပြည့်ကျော် (၄)ရက် (၂၇-၆-၂၀၁၃) ကြာသာပတေးနေ့တွင် ကျင်းပသော အင်းစိန် သံဃာ့ညီလာခံကြီးသို့  မြန်မာနိုင်ငံ ဒေသအသီးသီးမှ ကြွရောက်တော်မူလာကြသော သံဃာတော် (၁၃၅၀)ကျော် တို့၏ တညီတညွှတ်တည်း သဘောတူညီ အတည်ပြုချက်ဖြင့် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဆရာတော် သံဃာတော်များဦးဆောင် သည့် ရဟန်း၊ ရှင်၊ လူ၊ ပညာရှင်များ ပူးပေါင်းပါဝင်သည့် အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့ (သာသန၀ံသပါလအဖွဲ့) ကို ဖွဲ့စည်းရခြင်းဖြစ်သည်။

No comments:

Post a Comment