Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Tuesday, June 23, 2015

၂-ကြိမ်မြောက် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ နှစ်ပတ်လည်ညီလာခံကြီးမှ ထုတ်ပြန်လိုက်သည့် အသိပေးညွှန်ကြားချက် (၇)



၂-ကြိမ်မြောက် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ နှစ်ပတ်လည်ညီလာခံကြီးမှ ထုတ်ပြန်လိုက်သည့်
အသိပေးညွှန်ကြားချက် (၇)
*******************************************************
အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို)
အသိပေးညွှန်ကြားချက် (၇)
အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ဝင်များသည် တိုင်းပြည်နှင့် လူမျိုး၊ ဘာသာနှင့်သာသနာ မကွယ်ပျောက်စေရန်အလို့ငှာ အောက်ပါညွှန်ကြားလွှာများကို စွမ်းနိုင်သမျှ လိုက်နာကျင့်သုံးကြဖို့ရန် မေတ္တာရပ်ခံအပ်ပါသည်။

၁။ ယဉ်ကျေးလိမ္မာ လူငယ်လူရွယ်များ ပေါ်ပေါက်လာစေရန် မိမိတို့နေထိုင်ရာဒေသ၌ ဓမ္မစကူးလ်နှင့် ယဉ်ကျေးမှုသင်တန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ကြရမည်။

၂။ အမျိုး ဘာသာ သာသနာကို ဥပဒေဘောင်အတွင်းမှ ကာကွယ်စောင့်ရှောက်နိုင်ရန် ဥပဒေရေးရာသင်တန်းများ ဖွင့်လှစ်ခြင်း၊ အမျိုးသားရေးတရားပွဲများ ကျင်းပခြင်း၊ မဘသအဖွဲ့ဝင်များ မြို့နယ်အလိုက် လစဉ်အစည်းအဝေးများ ကျင်းပခြင်းတို့ကို တတ်စွမ်းသမျှ ဆောင်ရွက်ကြရမည်။

၃။ ဘာသာခြားတို့၏ နှောက်ယှက်မှုကြောင့် ထိခိုက်နစ်နာခဲ့ရသည့် မှုခင်းဖြစ်စဉ်များကိုလည်းကောင်း၊ ဘာသာခြားများ ၀ါးမျိုခံရသည့်အတွက် ဗုဒ္ဓဘာသာဝင်များ နည်းပါးသွားသည့် ကျေးရွာ, ရပ်ကွက်များကိုလည်းကောင်း စနစ်တကျမှတ်တမ်းတင်ကာ မဘသ(ဗဟို)သို့ ပေးပို့ကြရမည်။

၎။ ယနေ့ခေတ်၌ ဘာသာခြား, လူမျိုးခြားများသည် နေရာဒေသအမျိုးမျိုး၌ အနုအကြမ်း နည်းမျိုးစုံဖြင့် ထိုးဖောက်ဝင်ရောက်လျက်ရှိရာ ထိုဘာသာခြား, လူမျိုးခြားများ၏ အန္တရာယ်ကို ဓမ္မ၀ိနယ နှင့်အညီ ကာကွယ်စောင့်ရှောက်ကြရမည်။

၅။ လူမျိုးရေး, ဘာသာရေးနှင့် ပတ်သက်၍ ပဋိပက္ခများ ဖြစ်ပေါ်လာသည့်အခါ ဥပဒေမဲ့ တုံ့ပြန်မှုများ မပြုလုပ်ကြဘဲ သက်ဆိုင်ရာဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေး၍ ခြေမ မကောင်းခြေမ၊ လက်မ မကောင်းလက်မ စနစ်ကိုကျင့်သုံးပြီး ပဋိပက္ခပြေလည်သည့်အထိ ညှိနှိုင်းဆောင်ရွက်ကြရမည်။

၆။ မိမိတို့နေထိုင်ရာဒေသ၌ မည်သည့်ပဋိပက္ခပဲဖြစ်ဖြစ် စနစ်တကျ လေ့လာစုံစမ်း၍ Website, blog, Facebook-စသော လူမှုကွန်ယက်တို့မှတစ်ဆင့် အချိန်နှင့်တပြေးညီ အသိပေးဆောင်ရွက်ကြရ မည်။

၇။ အမျိုးသားရေး လက္ခဏာများ မကွယ်ပျောက်စေရန် အစိုးရစာသင်ကျောင်းများ၌ မွတ်စလင်ကျောင်းသူများ ဘူရ်ခါခြုံဝတ်ဆင်ခြင်း၊ မွတ်စလင်ဘာသာဝင်များ၏ အစ်နေ့များ၌ အပြစ်မဲ့ တိရစ္ဆာန်များကို ရက်စက်စွာသတ်ဖြတ်ခြင်းတို့ကို နိုင်ငံတော်အစိုးရအနေဖြင့် ခွင့်မပြုစေရန် အလေးအနက် တောင်းဆိုကြရမည်။

၈။ အမျိုး ဘာသာ သာသနာ မကွယ်ပျောက်စေရန်အလို့ငှာ ယုံကြည်စိတ်ချ အားကိုးရသော လွှတ်တော်ကိုယ်စားလှယ် အမတ်လောင်းများ ရွေးချယ်နိုင်အောင် ပြည်သူလူထုအား လမ်းညွှန်ပြရမည်။

၉။ လူထုအကျိုးစီးပွားကို ဆောင်ရွက်မှသာလျှင် လူထု၏ယုံကြည်မှုကို ရရှိမည်ဖြစ်ရကား ပညာရေး, ကျန်းမာရေး, လူမှုရေး ပရဟိတအလုပ်များကို တတ်စွမ်းသမျှ လုပ်ကိုင်ဆောင်ရွက်ကြရမည်။

၁၀။ ယနေ့ခေတ်၌ ရှင်သာမဏေ ကိုရင်လေးများ တဖြည်းဖြည်းနှင့် လျော့နည်းနေသည့်အတွက် ရပ်ရွာရှိကလေးသူငယ်များကို ကိုရင်ဝတ်ပေး၍ အခြေခံစာပေများ သင်ကြားပေးခြင်း၊ ပရိယတ္တိစာသင်တိုက်ကြီးများသို့ ပို့ဆောင်ပေးခြင်းတို့ဖြင့် ပရိယတ္တိသာသနာတော်ကြီး မဆုတ်မယုတ်အောင် ကြိုးစားအားထုတ်ကြရမည်။

ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့(ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။

ဘဒ္ဒန္တ၀ိမလဗုဒ္ဓိ
အတွင်းရေးမှူး၊ မဘသအဖွဲ့(ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ ပဓာနနာယက
မြစေတီ(ရဲကျောင်း) ပရိယတ္တိစာသင်တိုက်၊ မော်လမြိုင်

စာအမှတ်၊ ၀၀၀၇/စီမံ-မဘသ/၂၀၁၅
ရက်စွဲ၊ သာသနာ-၂၅၅၉၊ ကောဇာသက္ကရာဇ် ၁၃၇၇-ခုနှစ်၊ ပထမ၀ါဆိုလဆန်း (၅)ရက်
၂၀၁၅-ခုနှစ်၊ ဇွန်လ (၂၁)ရက်၊ တနင်္ဂနွေနေ့

အာကာ ( ဗဟိုရုံးတာဝန်ခံ)

Wednesday, June 10, 2015

နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၌ ကျင်းပအပ်သော အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (မဘသ) မြို့နယ်လုံးဆိုင်ရာ မဘသစတင်ဖွဲ့စည်းခြင်းနှင့် သြ၀ါဒခံယူပွဲ အစည်းအဝေးပွဲအခမ်းအနားသို့ ပေးပို့အပ်သော မဘသအဖွဲ့(ဗဟို) ဥက္ကဋ္ဌဆရာတော်ကြီး၏ သ၀ဏ်လွှာ




ကရုဏာနှင့်မတန်‬၊ ဥပေက္ခာနှင့်သာတန်သူ သာကီသွေးအတွဲ-၂ ၊အမှတ်-၂၄ ပါ ‪‎အရှင်တိလောကာဘိဝံသ‬ ၏ဆောင်းပါး


မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာတို့သည် မြင့်မြတ်သူတို့၏ စိတ်ထား ဗြဟ္မစိုရ်တရားများဖြစ်ကြသည်၊ သို့သော် စာရေးသူ ဤဆောင်း ပါး၌ တင်ပြလိုရင်းကား ကရုဏာနှင့် ဥပေက္ခာ ၂-ပါးအကြောင်းကိုသာ သင့်လျော်ရုံ တင်ပြပါမည်။ ဒုက္ခရောက်နေသူများကို သနားခြင်း၊ ကူညီ ဖေးမပေးခြင်းစသည်တို့သည် ကရုဏာဖြစ်သည်။ မနောကံဖြင့် သနား ငဲ့ညှာလိုစိတ်၊ ကူညီဖေးမလိုစိတ်ကား ဒုက္ခရောက်နေသူအားလုံးအပေါ် မှာ ထားရမည်ဆိုသည်မှာ မြင့်မြတ်သူတို့၏ စိတ်ထားပင်ဖြစ်၍ အထူး ပြောစရာမလိုပေ။ ကာယကံ၊ ဝစီကံမြောက် ကူညီစောင့်ရှောက် ဖေးမ ပေးမှုအတွက်ကား စနစ်တကျရှိဖို့လိုသည်။ စနစ်မကျလျှင် ကိုယ့်ရှူး ကိုယ့်ပြန်ပတ်၊ ကိုယ့်အတတ်က ကိုယ့်ပြန်စူး ဆိုသလို မိမိလုပ်ရပ်ကြောင့် ပင် မိမိဒုက္ခပြန်ရောက်ရသည်။
ကျေးဇူးမသိတတ်သူ၊ ကျေးဇူးကန်းသူ သူယုတ်မာကို သနားစောင့် ရှောက် ကယ်တင်ခဲ့ဖူးသူများ ဒုက္ခရောက်ခဲ့ရသည့် သာဓကများ မြောက် များစွာရှိခဲ့ဖူးသည်။ မကြာမီက အွန်လိုင်းများတွင် ဟိုးလေးတကျော် ပြန့်နှံ့ခဲ့သည့် ဆရာဝန်မလေးတစ်ယောက်၏ ဖြစ်ရပ်ကိုကြည့်ပါ။ သနား စောင့်ရှောက်တတ်သည့် ဆရာဝန်မလေးသည် ကိုယ်ဝန်ကြောင့်ဒုက္ခ ရောက်နေသော မိန်းကလေးတစ်ယောက်ကို ကာယအား၊ Óဏအား၊ ဓနအား စသည်တို့ဖြင့် သူ့ကိုဒုက္ခအတွင်းမှကယ်တင်ပေးခဲ့သည်။ ဒုက္ခ အတွင်းမှ လွတ်မြောက်ခဲ့သူ အဆိုပါမိန်းကလေးကပင် သူ့ကျေးဇူးရှင် ဆရာဝန်မလေးကို ကျေးစွပ်တော့သည်။ ကျေးဇူးရှင်ဆရာဝန်မလေး၏ လင်ယောက်ျားကို မယားကြီးငုတ်တုတ်နှင့် လင်လုတော့သည်။ ကျေးဇူး ရှင်ဆရာဝန်မလေးခမျာ လောကဓံကို မခံနိုင်လွန်း၍ကိုယ့်ကိုယ်ကို သတ်သေသွားရှာသည်။ ထိုင်းနိုင်ငံ၌ ကျားများကို သနားစောင့်ရှောက် ပေးနေသော ဆရာတော်ကြီးကို သူ့ကျားများကပင် ပြန်ကိုက်သည်။
ဧကနိပါတ် ဝေဠုကဇာတ်၌ ရသေ့လေးတစ်ပါးသည်ြေ>ွမတစ် ကောင်ကို သနားသဖြင့် ကျွေးမွေးစောင့်ရှောက်ထားသည်။ ဆရာသမား များကြေ>ွမနှင့် အရောတဝင်မနေသင့်ကြောင်း၊ အသက်အန္တရာယ်ဖြစ်နိုင် ကြောင်း ပြောဆိုသော်လည်းြေ>ွမကို ချစ်ခင်သနားသဖြင့် ဆရာသမား များစကားကို မလိုက်နာခဲ့၊ြေ>ွမကို သနားလှသဖြင့် ဝါးဆစ်ဗူးထဲထည့်ကာ ပိတ်ပိတ်ထားသည်။ နေ့စဉ်အစာထုတ်ကျွေးသည်၊ ၂-ရက် ၃-ရက် ခရီး လွန်နေသဖြင့် ပြန်ရောက်ပြီး အစာကျွေးဖို့ ဝါးဆစ်ဗူးဖွင့်လိုက်သောအခါ အစာမစားရ၍ စိတ်တိုနေသေြာေ>ွမက ရသေ့လက်ကို ကိုက်လိုက်ခြင်း ကြောင့် ထိုနေရာမှာပင် ရသေ့အသက်ဆုံးခဲ့ဖူးသည်။ (ဇာ၊ ဋ္ဌ၊ ၁၊ ၂၆၃)
ဧကနိပါတ် သစ္စံကိရဇာတ်၌ ဘုရားအလောင်း ရသေ့ကြီးသည် အဟုန်ပြင်းပြင်းဖြင့် ရေအယဉ်ကြော မျောလာသော သစ်တုံးလှေစီး ဒုက္ခသည် ဒုဋ္ဌကုမာရမင်းသားကို သနားသဖြင့် ဒုက္ခတွင်းမှ ကယ်တင် ပေးခဲ့သည်။ အဆိုပါမင်းသားနှင့်အတူြေ>ွမတစ်ကောင်၊ြ<ွကက်တစ် ကောင်၊ ကြက်တူရွေးတစ်ကောင်တို့လည်း သစ်တုံးပေါ်ပါလာကြသည်။ အဆိုပါမင်းသားကြေ>ွမ၊ြ<ွကက်၊ ကြက်တူရွေးတို့ကို သူနှင့်တန်းတူထား၍ ပြုစုစောင့်ရှောက်ပေးတာကို သဘောမကျ၊ ရသေ့ကြီးအပေါ် အငြိုးထား ခဲ့သည်။ နောင်သောအခါ ရေမျောကမ်းတင် လူဆိုးလူမိုက် လူယုတ်မာ အဆိုပါမင်းသားသည် အသက်သခင်ကျေးဇူးရှင် ရသေ့ကြီးကို ရိုက်နှက် ပုတ်ခတ်သတ်ဖြတ်ခိုင်းသည်။ သတ်ပုတ် ညှင်းဆဲခံနေရသော အဆိုပါ ရသေ့ကြီးသည် မိမိဒုက္ခကို ပဓာနမထား မှတ်သားဖွယ်စကားကို ဤသို့ မိန့်ကြားသည်-
ရေမျောလာသော သက်မဲ့ထင်းချောင်းကို ဆယ်တင်ရခြင်းက ကောင်းမြတ်သေးသည်။ အဘယ့်ကြောင့်ဆိုသော် အဆိုပါထင်းချောင်းသည် ချက်၊ ပြုတ်၊ ဖုတ်၊ ကင်ခြင်း၊ မီးလှုံခြင်းစသော အကျိုးများဖြစ်ထွန်းစေနိုင်သည်။ လူယုတ်မာကို ကယ်တင်ခြင်းကား ကောင်းကျိုးတစ်စုံတစ်ရာ မရှိရုံမက ဆိုးကျိုးပင်ဖြစ်စေသေးသည်-ဟုပညာရှင်များ မိန့်ကြားသည့်စကားသည် အလွန်မှန် လှပေသည်၊ (ဇာ၊ ဋ္ဌ၊ ၁၊ ၃၄၁)
မှတ်သားဖွယ်ရာ ဆောင်ပုဒ်ကဗျာ
ရေမျောဆယ်တင်၊ ထင်းချောင်းပင်၊ သုံးဝင်ကျိုးရ ကောင်းမြတ်လှ။
ရောမျောဆယ်ထား၊ လူယုတ်ကား၊ ပြစ်မှားကျေးစွပ် မမွန်မြတ်။
မန်လည်ဆရာတော်ဘုရားကြီးကလည်း မဃဒေဝလင်္ကာ၌-
ရေမျောထင်းချောင်း၊ ဆယ်သော်ကောင်း၏၊ အကြောင်းမညှာ၊ ပညာမဲ့ထ၊ လူ့ဗာလကို၊ မ-စကယ်မိ၊ အပြစ်ရှိခဲ့၊ မသိကျေးဇူး၊ ထိမ်မြူးဖျောက်ချေ၊ ကြက်သောက်ရေသို့၊ ပျောက်ကြေဆုံးဘိ၊ ကျိုးမရှိတည့်။ (မဃဒေဝ၊ ပိုဒ်၊ ၂ဝ၉)
ဟုမိန့်ဆိုထားသည်။ ဧကနိပါတ် သဉ္ဇီဝဇာတ် (ဇာ၊ ဋ္ဌ၊ ၁၊ ၅၃၇)၌ ကျားသေကို မိမိမန္တန်အတတ်ဖြင့် အသက်သွင်းမိသော သဉ္ဇီဝသတို့သား သည် သူအသက်သွင်းသောကျားက သူ့ကိုပြန်ကိုက်သဖြင့် သေဆုံးသွားရ သည်။ မိမိအတတ် ကိုယ့်ပြန်သတ်၏ ဟု မန်လည်ဆရာတော်ဘုရားကြီး မိန့်ဆိုသည်၊ (မဃဒေဝ၊ ပိုဒ်ရေ၊ ၂၄၄)
မြန်မာသမိုင်းစဉ်ဆက်၌ သနားသဖြင့် ကယ်တင်ထားမိသော ဘာသာခြား၊ လူမျိုးခြား ရောမျောကမ်းတင် ပျဉ်ချပ်လှေစီး ဒုက္ခသည် ဗျတ်ဝိ, ဗျတ္တ ကုလားညီနောင်နှစ်ယောက်က ဆရာဘုန်းကြီးကျောင်းကို ဇောက်ထိုးမိုးမျှော် မှောက်ပစ်ခြင်း၊ မြို့ဝန်သမီးကို ကြာခိုခြင်း စသည်တို့ ဖြင့် ကျေးဇူးကန်းကြသည်။ ဗျတ်ဝိ အသတ်ခံရသည်။ ပုဂံသို့ ထွက်ပြေး သွားသော ဗျတ္တသည်လည်း ပေးအပ်သောတာဝန် ကျေပွန်အောင် မထမ်းဆောင်ခြင်းကြောင့် အသတ်ခံရသည်။ တောင်ငူမင်း မြှောက်စား ၍ မြို့စားပေးခဲ့သော ငဇင်ကာက ဘုရားဖျက်၊ ဌာပနာဖောက်၊ ကျည်ဆံ လုပ်ရန် ခေါင်းလောင်းအရည်ကျို ဖျက်ဆီးခြင်း-စသည် ပြုလုပ်ကာ ကျေးဇူးကန်းခဲ့သည်။ ကုန်းဘောင် ပုဂံမင်း မြှောက်စားခဲ့သော ကုလား ဘိုင်ဆတ်နှင့် သူ့တပည့် ငပိန်တို့သည်လည်း တံတားဆောက်ရန် အ ကြောင်းပြချက်ဖြင့် အင်းဝရှိ ဘကြီးတော်မင်းတရားကြီး၏ နန်းတော်ကြီး ကို ဖြိုဖျက်ပြီး ကောင်းသောသစ်တို့ကို နိုင်ငံခြားထုတ်ရောင်း၍ အြ<ွကင်း အကျန်သစ်များဖြင့်သာ ဦးပိန်အမည်တပ်ကာ တံတားဆောက်ပေးခဲ့ သည်။ ဘိုင်ဆတ်နှင့်ငပိန် ဆရာတပည့်နှစ်ယောက်တို့သည် အမျိုးသမီး များ၊ မြေများကို မတရားသိမ်းပိုက်ခြင်းစသော အမျိုး ဘာသာ သာသနာ ကို ဖျက်ဆီးကာ ကျေးဇူးကန်းခဲ့ကြသည်။ (ဘာသာခြား လူမျိုးခြားဟု စာရေးသူ သုံးနှုန်းခဲ့သူများ၏ ဘာသာ လူမျိုးကို စာရှုသူများသိနိုင်ပါလိမ့်မည်။)
အာဖဂန်နစ္စတန်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ရခိုင်ဒေသ၊ ထိုင်း တောင်ပိုင်း၊ ဖိလစ်ပိုင်တောင်ပိုင်း စသည်တို့၌လည်း အိမ်သည်တို့က သနားငဲ့ညှာပြီး လက်ခံမိခဲ့ကြသော ဒုက္ခသည် ဘာသာခြား၊ လူမျိုးခြား များသည် သူတို့အင်အားကောင်းလာသောအခါ အိမ်ရှင်နိုင်ငံသားတို့၏ အမျိုး ဘာသာ သာသနာကို ဖျက်ဆီးကာ ကျေးဇူးကန်းကြသည်။ မကြာ မီကဖြစ်ပေါ်ခဲ့သော ရခိုင်၊ မိတ္ထီလာ၊ ဥက္ကံ၊ လားရှိုး၊ မန္တလေးစသော ပဋိပက္ခများ အဓိကရုဏ်းများစသည့် အားလုံးတို့သည် ဘာသာခြား၊ လူမျိုးခြားတို၏ လူမဆန်စွာ ယုတ်မာမှုများချည်းကြောင့် ဖြစ်ကြရသည်။ ခုလောလောဆယ် ရန်ကုန်မှာဖြစ်ခဲ့သော သင်္ကန်းကျွန်းမှ မြန်မာအမျိုး သားလေး မောင်အောင်ဆန်း ဝိုင်းရိုက်ခံရမှု၊ ဒလမှ ရေကန်ပြဿနာမှု စသည်တို့သည်လည်း မြန်မာများ၏ သဘောကောင်းစွာလက်ခံမိခဲ့ကြ သော လူမျိုးခြား၊ ဘာသာခြားများ၏ ယုတ်မာစွာ ကျေးဇူးတုံ့ပြန်ဆပ်ခြင်း များပင်ဖြစ်ပါသည်။
ကရုဏာ၊ စေတနာနှင့် မထိုက်တန်သူများကို မနောကံထက်ကျော် လွန်ပြီး ကာယကံ၊ ဝစီကံထိအောင် သနားစောင့်ရှောက်မိလျှင် ကိုယ်မွေး တဲ့မျောက်က ကိုယ့်ပြန်ခြောက်ခံရမည်သာဖြစ်သည်။ ထို့ကြောင့် မြတ် ဗုဒ္ဓက-
၁။ ကရုဏာနှင့် တန်သူများကို ဒုက္ခာ မုစ္စန္တု- ဆင်းရဲဒုက္ခမှ လွတ်မြောက်ကြပါစေ၊ (မနောကံသာမက ကာယကံ၊ ဝစီကံမြောက် ထိထိရောက်ရောက် ကယ်တင်စောင့်ရှောက်ကြပါလေ) ဟုလည်း ကောင်း၊
၂။ ကရုဏာနှင့်မတန် ဥပေက္ခာနှင့်သာ တန်သူများကိုတော့ ကမ္မဿကာ- သူ့ကံနှင့်သူသာရှိကြပါစေ၊ (မနောကံထက်ကျော်လွန်ပြီး ကာယကံ၊ ဝစီကံမြောက် ကိုယ်ထိလက်ရောက် သွားမကယ်တင်မိကြ လေနှင့်)ဟုလည်းကောင်း ကရုဏာနှင့်တန်သူ၊ ဥပေက္ခာနှင့်တန်သူ အသီး သီးခွဲခြားဟောထားသည်။
ဘုရားဟောဒေသနာများကို သူ့နေရာနှင့်သူ သင့်တော်အောင် သုံးတတ်လျှင် ကောင်းကျိုးမြောက်များစွာ ရနိုင်သည်။ သုံးတတ်လျှင်ဆေး မသုံးတတ်လျှင်ဘေးဆိုသလို စနစ်တကျ မသုံးတတ်လျှင် ဒီဘဝမှာလည်း ဒုက္ခရောက်နိုင်သည်။ သံသရာတစ်လျှောက်လည်း ခေါင်းဖော်နိုင်မည် မဟုတ်။ ထို့ကြောင့်-
ဗုဒ္ဓဒေသနာတော်များကို စနစ်တကျ အသုံးမချတတ်သူသည် မြတ်ဗုဒ္ဓကိုလည်း စွပ်စွဲ ပုတ်ခတ်မည်။ ကိုယ့်မြှုပ်သတ်ဖို့တွင်းကို ကိုယ်တူးသလိုဖြစ်သွားမည်။ မကောင်းမှု အကု သိုလ်များစွာတို့လည်း ပွားများလာမည်ဟု (ဝိ၊ ၂၊ ၁၇၇၊ မ၊ ၁၊ ၁၈၅) မြတ်ဗုဒ္ဓဟောထားသည်။ အချို့က မေတ္တာတရားနှင့် နိုင်ငံတော်စသော စကားများကိုပင်ဟော ကြား၍ အမျိုး ဘာသာ သာသနာ ဖျက်ဆီးနေကြသည်။ အဆိုပါ မြတ် ဗုဒ္ဓဒေသနာ အမြင်ဖြင့်ကြည့်လျှင် အဆိုပါသာသနာဖျက်များသည် သူတို့ ၏ အမြင်အတွေးက သူတို့ကို ပြန်သတ်နေကြသည်။ သဒ္ဓါမဲ့မွဲ၊ ပညာကဲ က၊ စဉ်းလဲကောက်ကျစ်၊ ဆေးကြောင့်ဖြစ်ထ၊ ကုမရသို့-ဆိုသည့်အတိုင်း ဝန်လေးလှပေစွ၊ သနားစရာကောင်းပေစွ။
အဆိပ်ပင်ရေလောင်းပေးလျှင် သူများတွေ အဆိပ်သင့်ဖို့၊ ဒုက္ခ ရောက်ဖို့ ပြုလုပ်ပေးသလိုသာဖြစ်မည်။ ထို့ကြောင့် အဆိပ်ပင်ရေ လောင်း၊ သူခိုးလက်ဓားရိုးကမ်း၊ ဓားပြအားပေး မဖြစ်စေရန် ကာယကံ၊ ဝစီကံမြောက် ကရုဏာနှင့်မတန်သူများကို မနောကံဖြင့်သာ ကရုဏာ ထား၍ ဥပေက္ခာဗြဟ္မစိုရ် လက်ကိုင်ထားပြီး မြင့်မြတ်သော စိတ်ဓာတ်မွေး ကြပါဟု တိုက်တွန်းရင်း ကရုဏာနှင့်မတန်၊ ဥပေက္ခာနှင့်သာတန်သူ ဟူသော ဆောင်းပါးကို အဆုံးသတ်အပ်ပါသတည်း။
နယုန်လပြည့်ကျော် ၇-ရက်၊ ၁၃၇၇-ခု၊ #အရှင်တိလောကာဘိဝံသ (အင်းစိန်)
(ဇွန်လ- ၈၊ ၂ဝ၁၅)၊ တနင်္လာနေ့။ ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်မြို့။