Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Thursday, June 19, 2014

Writer သတင်းဋ္ဌာနမှ Paul Mooney နှင့် မင်းဇေယျာဦး တို့၏ မေးမြန်းချက်များကို မ.ဘ.သ (ဗဟို) ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသ မှ ရှင်လင်းဖြေကြားခြင်းမှတ်တမ်းဓာတ်ပုံများ






အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို)မှ ရုံးဦးစီးမှူး ဦးမျိုးအောင်က ဥပဒေပညာရှင် ဦးရဲခေါင်ညွန့်အား တွေ့ဆုံမေးမြန်းခြင်း အခန်း(၃)


မေး။     ။ အခု ဆရာကြီးပြောတဲ့ Burma Laws Act ပုဒ်မ (၁၃) မှာ အမှုသည်များသည်-
(က) ဗုဒ္ဓဘာသာဝင်များဖြစ်ကြလျှင် ဗုဒ္ဓဘာသာတရားဥပဒေ
(ခ) မဟာမေဒင် ဘာသာဝင်များဖြစ်ကြလျှင် မဟာမေဒင်တရားဥပဒေ
(ဂ) ဟိန္ဒူဘာသာဝင်များဖြစ်ကြလျှင် ဟိန္ဒူဘာသာ တရားဥပဒေ…….တို့အရ အဆုံးအဖြတ်ပေးရမည်ဆိုတော့ ဗုဒ္ဓဘာသာဝင်များအနေနှင့် ဘယ်လိုနစ်နာမှာပါလဲ ?
ဖြေ။     ။ မှန်ပါတယ်။ Burma Laws Act မှာ ကိုယ့်ဘာသာနှင့်ဆိုင်တဲ့ ဥပဒေအရအမှုသည် (ဘာသာတူ) အချင်းချင်းကိစ္စမှာ ဆုံးဖြတ်ပေးရမည်ဆိုတော့ အပေါ်ယံကြောကြည့်လိုက်လျှင် အတူတူပဲလို့ ညီမျှတယ်လို့ ထင်စရာပါပဲ။ ဒါပေမဲ့ လက်တွေ့မှာမဟုတ်ဘူး။
ထိုဥပဒေကို ပြဋ္ဌာန်းစဉ်ကအခေါ်အဝေါ်မှာ ဗုဒ္ဓဘာသာ တရားဥပဒေလို့ခေါ်ခဲ့ကြပေမယ့် နောက်ပိုင်းမှာတော့ မြန်မာဓလေ့ထုံးတမ်း ဥပဒေလို့ ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။
အခုလက်ရှိ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ (ယခင်ဗုဒ္ဓဘာသာတရားဥပဒေ)မှာ ဗုဒ္ဓဘာသာဝင် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ ဘယ်သူမဆို ဘယ်ဘာသာဝင်ကိုမဆို လက်မထပ်ရ။ မပေါင်းသင်းရလို့ ပိတ်ပင်ကန့်သတ်ထား ခြင်းမရှိဘူး။ ယခုအထိလဲ မပြဋ္ဌာန်းရသေးဘူး။ ဒီမြန်မာဓလေ့ထုံးတမ်းဥပဒေ(ဗုဒ္ဓ ဘာသာတရားဥပဒေ) ဟာ ရှေးအစဉ်အဆက်ကတည်းက ဓလေ့ထုံးတမ်းအပေါ်မူတည်ပြီး ပေါ်ပေါက်လာတော့ ဒီဥပဒေဟာဓလေ့ထုံး တမ်းဥပဒေ (Cust0mary Law) မျှသာဖြစ်နေတယ်။
အဲဒီတော့ လက်ရှိမြန်မာဓလေ့ထုံးတမ်းဥပဒေမှာ အလွန်အရေးကြီးတဲ့ အားနည်းချက်နှစ်ခု ရှိနေတယ်။ ပထမ အချက်ကတော့ အထက်ကျွန်တော်ပြောခဲ့တဲ့အတိုင်း မြန်မာဗုဒ္ဓဘာသာဝင်အမျိုးသမီးကို အခြားမည်သည့် ဘာသာဝင် မည်သည့်လူမျိုးကမဆို လက်ထက်ပေါင်းသင်းခွင့်ပြုထားတယ်။ (၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင်မိန်းမ များ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေမှာလည်း ဒီအတိုင်း လွပ်လက်စွာ လက်ထပ်ပေါင်းသင်းခွင့် ပြုထားတယ်။) ဘာသာခြားဥပဒေတွေမှာတော့ ခွင့်ပြုမထားဘဲ ပိန်ပင်ကန့်သတ်ထားတယ်။
ဒုတိယအချက်ကတော့ မြန်မာဓလေ့ထုံးတမ်းဥပဒေ (ယခင် ဗုဒ္ဓဘာသာ တရားဥပဒေ)ဟာ အခြားဘာသာဝင် တွေနဲ့ သက်ဆိုင်တဲ့ဥပဒေတွေမှာလို ပြဋ္ဌာန်းဥပဒေ (Statutory Law) အဖြစ်မရောက်ရှိခဲ့ဘူး။ သတ်မှတ်ခြင်း မခံရဘူး။ ဘာသာခြားဥပဒေတွေကတော့ ပြဋ္ဌာန်းဥပဒေအဖြစ် လက်ခံထားရပြီးဖြစ်ပါတယ်။
အဲဒီတော့ ဥပဒေရေးရာကိစ္စမှာ ပြဋ္ဌာန်းဥပဒေ (Statutory Law) နှင့် ဓလေ့ထုံးတမ်းဥပဒေ (Customary Law) တို့ကို သုံးသပ်ဆုံးဖြတ်ရန်ရှိတဲ့ အခွင့်အရေးမှစလို့ ကိစ္စအ၀၀မှာ  ပဋိပက္ခဖြစ်လာရင် ယှဉ်ပြိုင်အငြင်ပွားလာ လျှင် ပြဋ္ဌာန်းဥပဒေတွေဖြစ်တဲ့ (အစ္စလာမ်ဥပဒေ (သို့) မဟာမေဒင်ဥပဒေ)၊ (ဟိန္ဒူဘာသာတရားဥအပဒေ)၊ (ခရစ်ယာန်ထမ်းမြားခြင်းဥပဒေ)တွေက (Statytory Law) ဖြစ်တဲ့အတွက် မြန်မာဓလေ့ထုံးတမ်းဥပဒေ (Customary Law) အပေါ် အပေါ်စီးရပြီး မြန်မာ့ဓလေ့ထုံးတမ်းဥပဒေမှာပါရှိတဲ့ အခွင့်အရေးတွေကို လျစ်လျူရှု ခြင်းခံရလို့ အရှုံးဘ၀ရောက်ရပါတယ်။
အဲဒါကြောင့် မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေကို ဘာသာခြားလူမျိုးတွေက အပိတ်အပင် အဟန့်အတားမရှိ ဘဲ လွယ်ကူလွတ်လပ်စွာ ပေါင်းသင်းရယူခွင့်ရှိနေပြီး အဲဒီ မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးရဲ့အခွင့်အရေးအား လုံးဟာ ဘာသာခြားဥပဒေ (Statutory Law)တွေရဲ့ အပေါ်စီးပြဋ္ဌာန်းချက်တွေအောက်မှာ အတိုင်းမသိ အနစ် နာခံဘ၀ဆိုးနဲ့ ရင်ဆိုင်ကြရတယ်။
အဲဒီဘာသာကြီး(၃)ရပ်ကို ကျွန်တော်တိုမြန်မာနိုင်ငံတော်ရဲ့ ပြဋ္ဌာန်းဥပဒေအဖြစ် တရားဝင်လက်ခံထားတဲ့ အတွက် လူ့အခွင့်အရေးကြေညာစာတမ်းနှင့် မကိုက်ညီပါလို့ လူ့အခွင့်အရေးသမားတွေက မပြောတော့ဘူး လား? ထိုဘာသာကြီး(၃)ရပ်မှာ သက်ဆိုင်ရာဘာသာအလိုက် တူညီသောဘာသာဝင် အချင်းချင်းကိုသာ လက် ထပ်ထိမ်းမြားခြင်းပြုရန် ပြဋ္ဌာန်းထားသည့်အတိုင်း ကျွန်တော်တို့ဗုဒ္ဓဘာသာဝင် အမျိုးသမီးကိုယူမည့်သူအား ဗုဒ္ဓ ဘာသာဝင် ဖြစ်ရမည်ဟု ပြဋ္ဌာန်းပေးပါရန် နိုင်ငံတော်အစိုးရသို့ တင်ပြ၍အကောင်ထည်ဖော် ဆောင်ရွက်နေ သည့်ကိစ္စမှာ ဘယ်ဘာသာဝင်ကိုမျှနစ်နာစေရန် လုပ်ဆောင်သည့် ကိစ္စမဟုတ်ကြောင်း ထင်ရှားလျက်ရှိပါ တယ်။
ဗုဒ္ဓဘာသာဝင် ကိုယ့်လူမျိုး အမျိုးသမီးများကို မည်သည့်လူမျိုးကမဆို ဗုဒ္ဓဘာသာဝင်ဖြစ်လျှင် လက်ထပ်ထိမ်း မြားရယူခွင့်ရှိကြောင်း ပြဋ္ဌာန်းပေးရန်ဆောင်ရွက်နေခြင်းသည် ကိုယ့်ခြံစည်းရိုးကိုယ်ကာခြင်း၊ ကိုယ့်အမျိုးကို စောင့်ရှောက်ခြင်းဖြစ်၍ အထက်ပါဘာသာကြီး(၃)ရပ်တို့က ဥပဒေအရ အကာအကွယ်ပေးသည့်အတိုင်း တန်းတူညီမျှ အကာအကွယ်ပေးသည့် ပြဋ္ဌာန်းချက်ကိုပြဖို့လိုတဲ့အတွက် အခြေခံပုဒ်မ ၃၄၇နှင့်အညီ တန်းတူညီ မျှ အကာအကွယ်ပေးသည့်  ပြဋ္ဌာန်းချက်ကိုရဖို့လိုတဲ့အတွက် အခြေခံပုဒ်မ ၃၄၇နှင့်အညီ တန်းတူညီမျှအခွင့် အရေးရရန် ဗုဒ္ဓဘာသာဝင်တွေဘက်က တောင်းဆိုတင်ပြခြင်းသာဖြစ်ပါတယ်။ ဆိုလိုရင်းကတော့ အစ္စလာမ်၊ ဟိန္ဒူ၊ ခရစ်ယာန်ဘာသာဝင်များ ရရှိထားပြီးဖြစ်သော အခွင့်အရေးအတိုင်း မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများ လည်း တန်းတူရရှိစေရန် အခြေခံပုဒ်မ ၃၄၇နှင့်အညီ တောင်းဆိုခဲ့ခြင်းသာ ဖြစ်ပါတယ်။
အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့မှ တင်ပြတောင်းဆိုသော ဥပဒေတို့မှာ တစ်ပါးသူ တစ်ခြားဘာ သာဝင်တို့အား ထိုးနှက်တိုက်ခိုက်သည့်ပုံစံ (Sword) ဓာလက်နက်ကဲ့သို့မဟုတ်ဘဲ မိမိတို့ထံသို့ စော်ကားထိုး နှက်တိုက်ခိုက်လာလျှင် ခုခံကာကွယ်သည့်  (Shield) ဒိုင်းသာလျှင်ဖြစ်ပါတယ်။
နောက်တစ်ဆက်တည်းပြောလိုတာက နိုင်ငံတော်အစိုးရက စတင်အရေးယူဆောင်ရွက်နေတဲ့ကိစ္စက ဗုဒ္ဓဘာ သာနဲ့ စတင်အရေးယူဆောင်ရွက်နေတဲ့ကိစ္စက ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့   ကိစ္စဖြစ်ပါတယ်။
ယနေ့တည်ဆဲအခြေခံဥပဒေပုဒ်မ ၃၆၁တွင် ဗုဒ္ဓဘာသာသာသနာတော်ကို နိုင်ငံတော်၏ နိုင်ငံသားအများဆုံး ကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသနှင့်ပြည့်စုံသည့် ဘာသာသာသနာဖြစ်သည်ဟု နိုင်ငံတော်က အသိအ မှတ်ပြုသည် ဟူ၍လည်းကောင်း၊ ပုဒ်မ ၃၆၀ (၁)၌ ဘာသာ သာသနာနှင့်စပ်လျဉ်း၍ လွတ်လပ်သော အခွင့် အရေးများကို ပေးထားသော်လည်း အများပြည်သူအကျိုးကိစ္စနှင့် ပြုပြင်ရေးကိစ္စတို့အတွက် နိုင်ငံတော်၏ ဥပဒေ ပြုပြင်ခြင်းကို မတားမြစ်ရ ဟူ၍လည်းကောင်း အထင်အရှားပါရှိပြီးဖြစ်ပါတယ်။
အခြေခံဥပဒေအရ သာမန်အသိအမှတ်ပြုခံရသော အထက်ပါ ဘာသာကြီးသုံးရပ်နှင့်မတူ ဗုဒ္ဓဘာသာသာသနာ ကို ပိုမိုထူးခြားစွာ နိုင်ငံသားအများဆုံး ကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသည့်ဘာသာ သာသနာဖြစ်ပါလျက် ဗုဒ္ဓဘာသာဝင်တို့၏ ရသင့်ရထိုက်သော အကာအကွယ်ကိုမှ ယနေ့တိုင် မရရှိခဲ့သေးပါ၍ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က မျိုးစောင့်ဥပဒေကြမ်းသည် လူမျိုးခြား ဘာသာခြားများနှင့် လက်ထပ် ထိမ်းမြားထားသော မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများ၏ အကျိုးစီးပွားကို ကာကွယ်ပေးမည်ဖြစ်ကြောင်း ကို လွှတ်တော်သို့ ပေးပို့ခဲ့သည့်စာတွင် ဖော်ပြထားခြင်းကပင် နိုင်ငံနှင့်လူမျိုးအပေါ်၌လည်းကောင်း၊ အခြေခံဥပဒေ အရလည်းကောင်း၊ သစ္စာရှိစွာ၊ တာဝန်ကျေစွာလုပ်ဆောင်နေခြင်းဖြစ်ကြောင်းမှာ အလွန်ထင်ရှားလျက်ရှိပါ သည်။
အထက်တွင်ဖော်ပြခဲ့ပြီးသော အမှတ် (၁)၊ (၂)၊ (၃)ဘာသာကြီးများ၏ လက်ထပ်ခွင့်၌ အကာအကွယ်ပေးထား သော ကန့်သတ်ချက်ကိုမှု မည်သည့်လူ့အခွင့်အရေးဆိုင်ရာတို့မှ ယနေ့အချိန်ထိ လုံးဝကန့်ကွက်ခြင်းမရှိဘဲ အမှတ်စဉ် (၄) ဖြစ်သည့်  ကျွန်ုပ်တို့ဘာသာဝင်တို့နှင့်သာ သက်ဆိုင်သောလက်ထပ်ခွင့်ကိုမှ ကန့်ကွက်မည်ဆို
ပါက တရားမျှတရဲ့လား?
နိုင်ငံတိုင်း၌ ဥပဒေပြုခွင့် အချုပ်အခြာအာဏာကို လူ့အခွင့်အရေး ကြေညာစာတမ်းက လွှမ်းမိုးနိုင်ပါသလား? ချုပ်ချယ်နိုင်ပါသလား? ယင်းကိစ္စနှင့်ပတ်သတ်၍ ကုလသမဂ္ဂအဖွဲ့ဝင်ပဋိဥာဉ်စာချုပ် အပိုဒ် -၂၏ အပိုဒ်ငယ်-၇မှာ--- ယခုလက်ရှိ ပဋိဥာဉ်စာချုပ်တွင်ပါရှိသည့် အချက်များကြောင့် ကုလသမဂ္ဂအဖွဲ့ဝင်များမှာ နိုင်ငံတစ်နိုင်ငံ ၏ ပြည်တွင်းစီရင်ပိုင်ခွင့် အာဏာအတွင်း၌သာ သက်ရောက်သည့်ကိစ္စများတွင် ၀င်ရောက်စွက်ဖက်ရန် အခွင့် အာဏာမရှိစေရ။ သို့မဟုတ် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှာ အဆိုပါကိစ္စများကို ယခုလက်ရှိစာချုပ်အရ ဆုံး ဖြတ်ရန်တင်သွင်းရမည့်တာဝန်မရှိစေရ ဟူ၍ဖြစ်ပါတယ်။ သည့်အပြင် အထူးအရေးကြီးသောအချက်မှာ ထိုကြေ ညာစာတမ်း အပိုဒ်-၂၉၊ အပိုဒ်ငယ်-၂တွင် မိမိ၏လူ့အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကိုသုံးစွဲရာတွင် ကိုယ့် ကျင့်တရားအပြင် ရပ်ရွာအေးချမ်းသာယာရေးနှင့် အများပြည်သူအကျိုးစီးပွားဖြစ်ထွန်းရေးတို့အတွက် တရား   မျှတစွာကျင့်ဆောင်ရန် အလို့ငှာလည်းကောင်း ဥပဒေပြဋ္ဌာန်းထားသည့် ချုပ်ချယ်မှုများဖြင့်သာ ကန့်သက်ခြင်းခံ ရမည် ဟူ၍ ပြဋ္ဌာန်းပါရှိပါသဖြင့် လူ့အခွင့်အရေး ကြေညာစာတမ်းပါ အခွင့်အရေးများသည် နိုင်ငံတစ်နိုင်ငံ၏ ဥပဒေပြဋ္ဌာန်းသည့် ချုပ်ချယ်မှုဘောင်အတွင်း၌သာ ရပ်တည်ခွင့်ရှိပါသည်။
ထိုကဲ့သို့ အထက်ဖော်ပြပါ အကြောင်းအချက်များက ယခု အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ကြီးမှ အတည်ပြုဆုံးဖြတ်လိုက်သည့် ဗုဒ္ဓဘာသာဝင်အမျိုးသမီးကို လက်ထပ်ပေါင်းသင်းလိုသည့် လူတိုင်းသည် ဗုဒ္ဓ ဘာသာဝင် ယောက်ျားဖြစ်ရမည်ဆိုသော စည်းကမ်းသတ်မှတ်ချက်မှာ လူ့အခွင့်အရေးကြေညာစာတမ်းနှင့် မကိုက်ညီပါဟု တိုက်ခိုက်ပြောဆိုမှုများသည် တရားဝင်ဖို့လည်း အကြောင်းမရှိ၊ မှန်ကန်မျှတမှုလည်းမရှိကြောင်း ထင်ရှားပါတယ်။
၎င်းအပြင် အထူးတင်ပြလိုသည့် အချက်ကတော့ အထက်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ပြည် ထောင်စုတရားသူကြီးချုပ်မှ ညွှန်ကြားချက်အမှတ် ၁/၂၀ အပိုဒ် ၈ တွင် လက်ထပ်ထိမ်းမြားခြင်းသည် လက်ထပ်ထိမ်းမြားသူများ၏ ကိုးကွယ်သည့်ဘာသာအပေါ် အခြေခံခြင်းဖြစ်သဖြင့် ဟူ၍ လူမျိုးတိုင်း၏ လက်ထပ်ထိမ်းမြားခြင်းကိစ္စသည်-
လူမှုရေးကိစ္စ၊လူ့အခွင့်အရေးကိစ္စ သီးသန့်မဟုတ်ဘဲ ဘာသာရေး သာသနာရေးဆိုင်ရာ ကိစ္စတို့အပေါ်အခြေခံ ကြောင်း အငြင်းမပွားနိုင်ပါသောကြောင့်  Human Right Watch လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့မှ တင်ပြချက်များသည် အခြေအမြစ်လည်းမရှိ၊ မှန်ကန်ခြင်းလည်းမရှိပါလို့ ဖြေကြားလိုက်ပါတယ်။

Thursday, June 12, 2014

အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို)မှ ရုံးဦးစီးမှူး ဦးမျိုးအောင်က ဥပဒေပညာရှင် ဦးရဲခေါင်ညွန့်အား တွေ့ဆုံမေးမြန်းခြင်း အခန်း(၂)


ဖြေ။     ။ ခင်ဗျား အခုမေးတာကို ကျွန်တော်သိပ်ကြိုက်သွားပြီ။ အလွန်ကောင်းတဲ့ မေးခွန်းပါ။ အဲဒီပုဒ်မနဲ့ ပတ်သက်လို့မပြောခင် အဲဒီပုဒ်မ ၃၄၈ရဲ့အပေါ်မှာ ၃၄၇ ကိုပဲဖတ်ကြည့်ပါဦး။
ပုဒ်မ ၃၄၇မှာ နိုင်ငံတော်သည် မည်သူကိုမဆိုဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေးရရှိစေရမည်။ ထို့ အပြင် ဥပဒေ၏အကာအကွယ်ကိုလည်း တန်းတူညီမျှ ရယူပိုင်ခွင့်ပေးရမည်ဟူ၍လည်း ထက်ရှားစွာပြထားသည် ကို သိကြပါသလား ?
အဲဒီတော့ နိုင်ငံတော်အနေနဲ့ ပုဒ်မ ၃၄၈ပါ ပြဋ္ဌာန်းချက်ကို လိုက်နာရမည့်ကိစ္စမှာ ပုဒ်မ ၃၇၄ပါ မည်သူကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေးရရှိစေရမည် ဆိုတဲ့ ပြဋ္ဌာန်းချက်ကို မျက်ကွယ်ပြုလို့မရပါဘူး။
ပုဒ်မ ၃၄၈ က တားမြစ်တဲ့ကိစ္စအတွက် ပြဋ္ဌာန်းချက်မျှသာဖြစ်ပြီး အခွင့်အရေး (Right) ကို တိုက်ရိုက်ရည်ညွှန်း တာက ပုဒ်မ ၃၄၇ ဖြစ်လို့ အခွင့်အရေး(Right)ကို အဓိကထားပြောမယ်ဆိုရင် ပုဒ်မ ၃၄၇ကိုပိုပြီး အလေးထား ရမှာဖြစ်ပါတယ်။
ယနေ့ပြည်ထောင်စု မြန်မာနိုင်ငံတော်ဥပဒေ၏ အတွဲ ၁တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော် အက်ဥပဒေမှာ-
          ဗြိတိသျှသည်  မြန်မာနိုင်ငံကိုသိမ်းယူပြီး ၁၈၉၈ခုနှစ်တွင် မြန်မာနိုင်ငံတရားဥပဒေများ အက်ဥပဒေ (The Burma Laws Act) ပုဒ်မ၁၃ကို အောက်ပါအတိုင်း ပြဋ္ဌာန်း၍ အိမ်ထောင်ရေးအမှုကိစ္စတို့ကို ကိုးကွယ် သည့်ဘာသာအလိုက် ခွဲခြားစီရင်စေခဲ့သည်။
ထိုမြန်မာနိုင်ငံတရာဥပဒေများ ပုဒ်မ ၁၃အရမှာ-
၁။       မြန်မာနိုင်ငံတရားရုံးများတွင် အမွေဆက်ခံရေး၊ အမွေခွဲဝေရေး၊ ထိမ်းမြားရေး သို့မဟုတ် မျိုးနွယ်ရေး၊ ဘာသာရေးဆိုင်ရာအစဉ်အလာ သို့မဟုတ် အဖွဲ့အစည်းတစ်စုံတစ်ရာတို့နှင့် ပတ်သက်သည့် မည်သည့်ပြဿ နာကိုမဆို အဆုံးအဖြတ်ပေးရန်ရှိလျှင်
(က) အမှုသည်များသည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြလျှင် ဗုဒ္ဓဘာသာ တရားဥပဒေ
(ခ) အမှုသည်များသည် မဟာမေဒင်ဘာသာဝင်များဖြစ်ကြလျှင် မဟာမေဒင် တရာဥပဒေ
(ဂ) အမှုသည်များသည် ဟိန္ဒူဘာသာဝင်များဖြစ်ကြလျှင် ဟိန္ဒူဘာသာ တရားဥပဒေတို့အရ အဆုံးအဖြတ်ပေး ရမည်ဟူ၍ ဖြစ်ပါသည်။
ထို့ကြောင့်......
(၁) ဟိန္ဒူဘာသာဝင်သည် ဟိန္ဒူ ဘာသာဝင်အချင်းချင်း
(၂) အစ္စလာမ်ဘာသာဝင်သည် အစ္စလာမ် ဘာသာဝင်အချင်ချင်း
(၃) ခရစ်ယာန်ဘာသာဝင်သည် ခရစ်ယာန်ဘာသာဝင်အချင်းချင်းတို့သာ လက်ထပ်ခွင့်ရှိကြောင်း (ခရစ်ယာန် ဘာသာကမှု ဘာသာခြားနှင့်လက်ထပ်လျှင် ခရစ်ယာန်ဘုရားရှိခိုးကျောင်း၌သာ ယင်းတို့ထုံးစံနှင့်အညီ လက်ထပ်ရမည်ဖြစ်ကြောင်း) ယနေ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် လက်ရှိတည်ဆဲပြဋ္ဌာန်း အက်ဥပဒေ အဖြစ လက်ခံပြဋ္ဌာန်းထားရှိလို့
          လူ့အခွင့်အရေးဘက်က ပြောနေတဲ့ပုဒ်မ ၃၄၈က အထက်ပါကိစ္စမှာ လူမျိုး၊ဇာတိ၊ ကိုးကွယ်ရာဘာသာ ကိုအကြောင်းပြု၍ ခွဲခြားမှုမရှိစေရဆိုတာကို ဘာမှမပြောတော့ဘူးလား?
          ကျွန်တော်တို့မြန်မာနိုင်ငံက လူ့အခွင့်အရေး ကြေညာစာတမ်း မပေါ်ပေါက်ခင်က၊ နောက်ပြီးကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့အစည်း မဖွဲ့စည်းခင်ကပင် လူမျိုးရေး၊ ဘာသာရေး၊ လက်ထပ်ထိမ်းမြားခြင်း၊ အမွေဆက်ခံ ခြင်းကိစ္စတို့မှာ သက်ဆိုင်ရာလူမျိုးအလိုက် ဘာသာအလိုက် ခွဲခြားပြဋ္ဌာန်းချက်တွေရှိပြီး ဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံတော်ဥပဒေတွင် အဲဒီလိုခွဲခြားပြဋ္ဌာန်းခွင့်ပြုထားတာရှိနေုပြီးဖြစ်တော့ အဲဒီကိစ္စကို လူ့အခွင့်အရေး ဘက်တော်သားတွေက ဘာမှမပြောကြတော့ဘူးလား ? မသိရှိကြတော့ဘူးလား ?

အမျိုး ဘာသာ သာသနာ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေး ဖိတ်ခေါ်စာမူပြိုင်ပွဲ ဆုချီးမြင့်ပွဲ အခမ်းအနား






အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (ဗဟို)မှ တင်ပြလာသောဥပဒေတို့နှင့် ပတ်သက်၍ လူ့အခွင့်အ ရေး စောင့်ကြည့်လေ့လာရေးအဖွဲ့နှင့် နားလည်သိရှိလိုသူများအတွက် ပြန်ကြားချက် ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (ဗဟို)မှ ရုံးဦးစီးမှူး ဦးမျိုးအောင်က ဥပဒေပညာရှင် ဦးရဲခေါင်ညွန့်အား တွေ့ဆုံမေးမြန်းခြင်း အပိုင်း (၁)


မေး။ ၂၆-၃-၂၀၁၄ နေ့ထုတ် စံတော်ချိန် နေ့စင်သတင်းစာမှာ လွှတ်တော်တွင်သုံးသပ်နေဆဲ မျိုးစောင့်ဥပဒေ အဆိုပြချက်များ လက်ရှိဖွဲ့စည်းပုံနှင့်မညီကြောင်း အိတ်ခ်ျအာရ်ဗလျူဝေဖန်
ဗန်ကောက်၊ မတ်၂၅
လွှတ်တော်တွင် သုံးသပ်နေဆဲဖြစ်သော အမျိုးစောင့်ဥပဒေကြမ်း အဆိုပြုချက်များသည် လက်ရှိကျင့်သုံးဆဲ ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်လည်း ကိုက်ညီမှုမရှိကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ အိတ်ခ်ျအာရ်ဒဗလျူက မတ် ၁၂ရက်နေ့တွင် ဝေဖန်ခဲ့ပြီး ယင်းအဆိုပြုချက်များ ရုပ်သိမ်းပေးရန် သမ္မတနှင့် လွှတ်တော်နာယကတို့ကို တိုက်တွန်းခဲ့ကြောင်း သိရသည်။
ကန့်သက်ထား
လက်ရှိသုံးသပ်နေဆဲ မျိုးစောင်ဥပဒေကြမ်း အဆိုပြုချက်များသည် ဘာသာရေးလွတ်လပ်ခွင့်နှင့် အမျိုးသမီးများ ၏ အခွင့်အရေးများကို ကန့်သတ်ထားပြီး ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းပါ လူလူချင်း  ခွဲခြားဆက်ဆံမှု တားမြစ်ရေး ပြဋ္ဌာန်းချက်ကိုလည်း ချိုးဖောက်ရာရောက်သည့် အဆိုပြုချက်များဖြစ်ကြောင်း အိတ်ခ်ျအာရ်ဒဗလျူ က ပြောကြားခဲ့သည်။
ချိုးဖောက်
မျိုးစောင့်ဥပဒေကြမ်း အဆိုပြုချက်များသည် မြန်မာနိုင်ငံအပါအ၀င် လက်မှတ်ရေးထိုးထားသော လူလူချင်းခွဲ ခြားဆက်ဆံမှုပုံစံမှန်သမျှ တိုက်ဖျက်ရေး ကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက် အပိုဒ်-၁၆ကိုလည်း ချိုးဖောက်ရာရောက် ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ဝေဖန်ခဲ့သည်။
ဆန့်ကျင်
ထို့အပြင် လက်ရှိကျင့်သုံးဆဲ ဖွဲ့စည်းပုံအခြေခံ ဥပဒေအပိုဒ်-၃၄၈ပါ နိုင်ငံတော်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူးဋ္ဌာနန္တရ၊ အဆင့်အတန်း ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာတို့ကို အကြောင်းပြု၍ ခွဲခြားမှုမရှိစေရဟူ၍ ဖော်ပြထားရာ မျိုးစောင့်ဥပဒေကြမ်း အဆိုပြုချက်များသည် ယင်းပြဋ္ဌာန်းချက်နှင့်လည်း ဆန့်ကျင်နေကြောင်း အိတ်ခ်ျအာရ်ဒဗလျူက ပြောကြားသည်… လို့ဖော်ပြထားပါတယ်။ ဒီကိစ္စနဲ့ပတ်သတ်လို့ ဘီဘီစီတို့ ဗီအိုအေတို့ ကလည်း ထုတ်လွှင့်တယ်လို့ သိရပါတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ ဆရာကြီး ဦးရဲခေါင်ညွှန့်က ဘယ်လိုအ ကြောင်းပြန် ဖြေရှင်းလိုပါသလဲ ?
ဖြေ ။ အိတ်ခ်ျအာဒဗလျူက ဝေဖန်သုံးသပ်ထားတဲ့ကိစ္စမှာ အချက်နှစ်ချက်အပေါ်မှာ အခြေခံထားပါတယ်။
(၁) လူ့အခွင့်အရေးနှင့်ဆန့်ကျင်ပြီး ၂၀၀၈ အခြေခံဥပဒေနှင့်လည်း မကိုက်ညီကြောင်း
(၂) မြန်မာနိုင်ငံပါဝင်လက်မှတ်ရေးထိုးထားတဲ့ လူလူချင်း ခွဲခြားဆက်ဆံမှုပုံစံမှန်သမျှ တိုက်ဖျက်ရေးကွန်ဗင်း ရှင်းပါ ပြဋ္ဌာန်းချက် အပိုဒ်-၁၆ ကိုလည်း ချိုးဖောက်ရာရောက်ကြောင်းတို့ကို အခြေခံပြီး ကန့်ကွက်လာတာကို တွေ့ရပါတယ်။
ပြောရမယ်ဆိုရင်တော့ အရင်းအမြစ်ကိုစပြီး ပြောရပါလိမ့်မယ်။လူ့အခွင့်အရေးကြေညာစာတမ်းကို ဖတ်ကြည့်မယ်ဆိုရင် အခွင့်အရေးဟူသော အကြောင်းတွေကိုသာ အမျိုးမျိုးရေးထားတယ်။ လူဆိုတဲ့ စကားရပ် နဲ့ ဝေါဟာရကို လုံးဝဖော်ပြရှင်းလင်းထားခြင်း (Define) လုပ်ထားတာ (လုံးဝ)မရှိပါဘူး။ ဆိုလိုတာက (Defination) လုံးဝမရှိပါဘူး။ ဒီလိုပြောလိုက်တော့ လူဆိုတာကိုတောင်မသိဘူးလားလို့ ပြန်မေးချင်မေးမယ်။ အဲ့ဒါကတော့ အားလုံးသိတဲ့အတိုင်းပါပဲ။ အထူးရှင်းပြစရာမလိုတော့ပါဘူး။ လူယောက်ျားနှင့် လူမိန်းမပေါင်း သင်းရာမှ လူကလေးမွေးဖွားလာပြီး အဲ့ဒီလူကလေးအသက်ရှင်ရာမှ တစ်စတစ်စကြီးပြင်းလာပြီး သေဆုံးချိန်ထိ သူ့ကိုအားလုံးက လူဆိုတာ သိကြပါတယ်။
ဒါပေမဲ့ အဲ့ဒီလူလေးကို ကြည့်မယ်ဆိုရင် သူ့အသက်အလိုက်၊ အလုပ်အကိုင်အလိုက် အဆင့်အဆင့် ကွဲပြားခြားနားလာပါတယ်။ မွေးကင်းစကလေးအရွယ်ကလည်းလူပဲ။ လေးဖက်သွားရာကလေ မတ်တပ်ရပ်ပြေး နိုင်တဲ့ အရွယ်ကလည်းလူပဲ။ မူလတန်းကျောင်းသားဘ၀ကလည်း လူပဲ။ အလားတူ အလယ်တန်း၊ အထက် တန်း ရောက်တဲ့ကျောင်းသားအရွယ်ကလည်း လူပဲ။အဲဒီလူက ကိုရင်ဘ၀၊ ဘုန်းကြီးဘ၀ ရောက်သွားရင်ရော လူပဲမဟုတ်လား။ စစ်သားဘ၀၊ ၀န်ထမ်းဘ၀မှာရောက်နေတဲ့ သူတွေကရော လူတွေပဲမဟုတ်လား။ စိတ်မနှံ၊ ရူးသွပ်သူတွေလည်း လူပဲမဟုတ်လား?
အဲ့ဒီလူ့အခွင့်အရေး ကြေညာစာတမ်းမှာ အထက်က ကျွန်တော်ပြောခဲ့တဲ့ကိစ္စကို ဘာမှဖော်ပြမထားဘဲ လူခမ်သိမ်း၊ လူတိုင်းသည် ဆိုသည့် စကားလုံးတွေသာ တွင်တွင်သုံးထားတဲ့အတွက် လူ့အခွင့်အရေးပါကိစ္စနှင့် ပတ်သက်၍ ပြောရမယ်ဆိုရင် ကလေးပေါက်စလည်း လူပါပဲ။ လူငယ်လူရွယ်တွေလည်း လူပဲ။ စစ်သား ကျောင်းသားတွေလည်း လူပဲ။ ဘုန်းကြီး၊ ရဟန်း၊ သီလရှင်တွေလည်း လူပဲမို့ အဲဒီပုဂ္ဂိုလ်အသီးသီးတွေက အခွင့်အရေးအားလုံး၊ လွတ်လပ်ခွင့်အားလုံးတို့ကို တူညီစွာပိုင်ဆိုင်ခံစားခွင့်ရှိတဲ့သဘောကို အဲဒီ ကြေညာ စာတမ်းမှာ ဖော်ပြထားတယ်။ အပိုဒ်-၂၁ကိုဖတ်ကြည့်ရင်
(၁) လူတိုင်းတွင် မိမိနိုင်ငံအုပ်ချုပ်ရေး၌ ကိုယ်တိုင်ဖြစ်စေ၊ လွတ်လပ်စွာရွေးချယ်လိုက်သည့် ကိုယ်စားလှယ်များ မှ တစ်ဆင့်ဖြစ်စေ ပါဝင်ဆောင်ရွက်နိုင်ခွင့်ရှိသည်။
(၂) လူတိုင်းတွင် မိမိနိုင်ငံရှိ ပြည်သူ့ဝန်ထမ်းအဖွဲ့၌ ၀င်ရောက်နိုင်ရန် တူညီသည့်အခွင့်အရေးရှိသည်။
          ယခုဖော်ပြတဲ့အပိုဒ်-၂၁ (၁) အချက်အရဆိုလျှင် ကလေးပေါက်စရော၊ ဘုန်းကြီးရဟန်းသီလရှင်ရော စိတ်မနှံ့ရူးသွပ်သူရော မဲပေးပိုင်ခွင့်၊ ကိုယ်တိုင်အရွေးခံနှိင်ခွင့်ပေးရမယ်လို့ အဓိပ္ပာယ်ရောက်နေပါတယ်။ အဲဒီလို ဆိုရင် လူ့အခွင့်အရေးသမားတွေအနေနဲ့ ဒီကိစ္စကို ဘယ်လိုဖြေမလဲ? ဒါကိုကြည့်ချင်းအားဖြင့် လူ့အခွင့်အရေး ကြေညာစာတမ်းမှာ ဘယ်ဟာကိုမှ လူလို့ပြောရမလဲ ?အဲ့ဒါကြောင့် လူ့အခွင့်အရေးကြေညာစာတမ်းဟာ မသေချာ မရေရာဘဲ ကိုယ့်ရှူးကိုယ်ပတ် ထွေးလုံးရစ်ပတ်နေပြီး လက်တွေ့ကျင့်သုံးလက်ခံလို့မရနိုင်ဘူးဆိုတာ အလွန်ထင်ရှားနေပါတယ်။ အဲ့ဒီကိစ္စကို လူ့အခွင့်အရေးသမားတွေနဲ့ ယခု Human Right Watch က ဘယ်လို ပြန်ဖြေရှင်းမလဲ။ အဖြေကိုသိလိုပါတယ်။ သူတို့တင်ပြတဲ့ လူ့အခွင့်အရေးကြေညာစာတမ်းအရဆိုရင် ဘာသာ သာသနာ အရေးမှာ လုပ်ဆောင်နေတဲ့ ဘုန်းကြီး၊ ရဟန်း၊ မယ်သီလရင်၊ ရူးသွပ်သူတို့ဟာ ၀င်ရောက်မဲပေးခွင့်၊ ၀င်ရောက်အရွေးခံခွင့်တို့ကို ခွင့်ပြုရမလိုဖြစ်နေပြီ။ အလားတူပင် ကလေးသူငယ်လူမမယ်များကိုလည်း ဒီအခွင့်အရေးကို ပေးရမလိုဖြစ်နေပြီ။ အဲဒီလိုဆိုရင် အခြေခံဥပဒေကြီးတစ်ခုလုံးကို ဖျက်ပစ်ရတော့မလား ?
          လူအခွင့်အရေးသမားများ ကြည့်လည်းပြောကြပါ။ အမှန်ကတော့ လူ့အဖွဲ့အစည်းမှာ အထက်က ကျွန်တော်ပြောခဲ့တဲ့ အသက်အရွယ်အပိုင်းအခြား၊ ကိုယ့်ရဲ့ဘ၀မှာ အဆင့်ဆင့်ပြောင်းလဲနေတဲ့ အနေအထား အလျောက် လူ့အဖွဲ့အစည်းမှာ ရပ်တည်တဲ့အနေအထားလျောက်သာ အခွင့်အရေး (Right)ရရှိနိုင်မည်ဖြစ်ပါ တယ်။ (Opportunity) ဆိုတဲ့အခွင့်အလမ်းသာ တူညီမယ်ဆိုရင် တူနိုင်ပါတယ်။
          Equal Right ဆိုတဲ့ တူညီတဲ့ အခွင့်အရေးမရနိုင်ပါဘူး။ ဒါကြောင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ- ၃၆၉ ကိုကြည့်ပါ။
          ၃၆၉။  ။ (က) နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ဖြစ်စေ ဥပဒေနှင်ဖြစ်စေ၊ သက်ဆိုင် ရာဥပဒေများနှင့် ဖြစ်စေ မဆန့်ကျင်လျှင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ် တော် သို့မဟုတ် ပြည်နယ်လွှတ်တော် တစ်ရပ်ရပ်တွင် ရွေးကောက်တင်မြှောက်ခွင့်နှင့် ရွေးကောက်တင် မြှောက်ခံပိုင်ခွင့်ရှိသည်လို့ ဆိုထားပါတယ်။
          အဲဒီအခြေခံဥပဒေပြဋ္ဌာန်းချက်အရဆိုရင် လူတိုင်းဟာ နိုင်ငံသားတိုင်းဖြစ်စေကာမှု ဤအဖွဲ့အစည်းပုံ အခြေခံဥပဒေနှင့်ဖြစ်စေ၊ သက်ဆိုင်ရာဥပဒေများဖြင့်ဖြစ်စေ မဆန့်ကျင်မှသာ ရွေးချယ်တင်မြောက်ခွင့်၊ ရွေးကောက်ပွဲမှာ ဆန္ဒမဲထည့်ပိုင်ခွင့်ရှိတယ်ဆိုတာ အလွန်ထင်ရှားနေပါတယ်။
          အဲ့ဒီအခွင့်အရေးနဲ့ပတ်သက်လို့ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ်-၂၁ (၁) မှာကတော့ ဒီလို မဟုတ်ပါဘူး လူတိုင်းတွင် မိမိနိုင်ငံ၏ အုပ်ချုပ်ရေး၌ ကိုယ်တိုင်ဖြစ်စေ၊ လွတ်လပ်စွာရွေးချယ်လိုက်သည့် ကိုယ်စားလှယ်များမှဖြစ်စေ ပါဝင်ဆောင်ရွက်နိုင်ခွင့်ရှိသည်လို့ ဆိုထားပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ ကန့်သတ်ချက်ကို မျက်ကွယ်ပြုထားပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ လူတိုင်းကို အခွင့်အရေးမပေး ထားပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေမျာပါတဲ့ ပြဋ္ဌာန်းချက်များနှင့်ဖြစ်စေ မဆန့်ကျင်မှသာ မဲပေးပိုင်ခွင့် အရွေးခံပိုင်ခွင့်ကိုပေးထားတော့ လူ့အခွင့်အရေးကြေညာစာတမ်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တို့ ဟာ လုံးဝမကိုက်ညီတော့ပါဘူး။ ဒါဟာအလွန်အရေးကြီးပါတယ်။ အဲဒီတော့ လူ့အခွင့်အရေး ကြေညာစာတမ်း ကပဲမှန်သလား? အဲဒီစာတမ်းကိုပဲ လိုက်နာရမလား ? ဒါမှမဟုတ် ကျွန်တော်တို့အခြေခံဥပဒေကပဲ မှားနေ သလား၊ ဖျက်ပစ်ရမှာလား။ အဲဒါကိုပဲ ခင်ဗျားတို့စဉ်းစားကြပါတော့။
          အမှန်ကတော့ (၁) လူ့အခွင့်အရေးကြေညာစာတမ်းကို မိမိတို့နိုင်ငံ သက်ဆိုင်ရာဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့်အညီသာ လိုက်နာကျင့်သုံးရန် ထုတ်ပြန်သော ကြေညာချက်မျှသာဖြစ်ပါတယ်။ Force Law ဥပဒေကဲ့သို့ အာဏာမရှိတဲ့အတွက် တသဝေမတိမ်းလိုက်နာရန် မလိုပါဘူး။
အခန်း (၁၉)၊ အပိုဒ်-၁။            ယခုလက်မှတ်ရေးထိုးထားကြသောနိုင်ငံများသည် မိမိတို့၏ သက်ဆိုင်ရာဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ လိုက်နာကျင့်သုံးသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ လက်ခံအတည်ပြုရ မယ်လို့ ဖော်ပြထားပြီးဖြစ်ပါတယ်။ အဲဒီ ပဋိဥာဉ်စာချုပ်ကို လက်ခံရာမှာပင် ကိုယ့်ဖွဲ့စည့်ပုံ အခြေခံဥပဒေနဲ့ကိုက် ညီမှ လက်ခံရမည်ဖြစ်ပါသည်။
          အခြေခံဥပဒေမှာ နိုင်ငံသားတို့၏ အခွင့်အရေး(Right) ကိုပုဒ်မ ၃၆၉မှာ ပြဋ္ဌာန်းထားပြီး အခွင့်အလမ်း ဖြစ်တဲ့ (Opportunity) ကို ပုဒ်မ၃၄၉မှာ ခွဲခြားပြီးသတ်မှတ်ထားပါတယ်။ အဲဒါကို လူ့အခွင့်အရေးစောင့်ကြည့် ရေးက သိဟန်လည်းမတူပါဘူး။ သိတယ်ဆိုလျှင်လည်း ယခုလို Blind မျက်စိမှတ်ပြီး ကိုယ်လိုရာဆွဲမပြောသင့် ပါဘူး။

Wednesday, June 11, 2014

အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့မှ တောင်းဆိုသည့် အမျိုးစောင့်ဥပဒေဆိုင်ရာ သိကောင်းစရာ ရှင်းလင်းချက်များ


အခြား(၃)ဘာသာ၏ ဥပဒေကိုလေ့လာခြင်း
ဟိန္ဒူ/ခရစ်ယာန်/အစ္စလာမ်ဘာသာဝင်တို့အတွက် ပြဋ္ဌာန်းသောဥပဒေများသည် -
(က)ပြဋ္ဌာန်းဥပဒေဖြစ်၍ ၎င်းတို့ဘာသာဝင်တိုင်း လိုက်နာရသည်။
(ခ)ဘာသာရေးခေါင်းဆောင်သည် ၎င်းတို့ဘာသာဝင်များ၏ အိမ်ထောင်ခန်းတွင် တိုက်ရိုက်ပါဝင်သည့် ဘာသာ ရေးခေါင်းဆောင်က လက်ထပ်ပေးမှတရားဝင်သည်။
(ဂ)ဘာသာမတူလျှင် လက်ထပ်ခွင့်မရှိ။
(ဃ)ဘာသာမတူဘဲလက်ထက်လျှင် အိမ်ထောင်ခန်းသည်တရားမ၀င်ဟု ၎င်းဘာသာ၏ဥပဒေတွင် ပြဋ္ဌာန်းထား သည်။
(င)ဗုဒ္ဓဘာသာဝင်တစ်ဦးသည် ကျန်(၃)ဘာသာနှင့်လက်ထပ်လျှင် ၎င်းတို့၏ဘာသာကို ကူးပြောင်းပြီးလက်ထပ် မှ တရားဝင်သည်ဟု ၎င်းတို့၏ဥပဒေများက ပြဋ္ဌာန်းထားသည်။
ဗုဒ္ဓဘာသာတို့၏ ဓလေ့ထုံးတမ်းဥပဒေနှင့် အခြားဘာသာတို့၏ ပြဋ္ဌာန်းဥပဒေများကို နှိုင်းယှဉ်လေ့လာခြင်း
ဥပမာ(၁) ခရစ်ယာန်အမျိုးသမီးနှင့် ဗုဒ္ဓဘာသာယောက်ျားလေးတို့ လက်ထပ်ကြသည့် ပထမရက်တွင် တိပိဋက ဆရာတော်ကြီးကို မင်္ဂလာဦးဆွမ်းကပ်သည်။ နောက်ရက်တွင် ခရစ်ယာန်ဘုရားကျောင်းတွင် သင်းအုပ်ဆရာနှင့် ခရစ်ယာန်ဥပဒေအတိုင်းလက်ထပ်သည်။ ထိုမင်္ဂလာပွဲသည် မည်သည့်ဥပဒေနှင့် လက်ထပ်ခြင်းဖြစ်ပါသလဲ။
(က) မြန်မာဓလေ့ထုံးတမ်းတွင် သံဃာတော်များသည် လက်ထပ်ပေးခွင့်မရှိ။ဆွမ်းကပ်ခြင်းသည် လက်ထပ်ခြင်း မဟုတ်။
(ခ) ၁၈၇၂ ခု၊ ခရစ်ယာန်ဥပဒေတွင် သင်းအုပ်ဆရာနှင့်မှတ်ပုံတင်၍ ထုံးပုံကျ လက်ထပ်မှတရားဝင်သည်ဟု ပြဋ္ဌာန်းထားသည်။ ဤလက်ထပ်ပွဲကိုလေ့လာလျှင် ဗုဒ္ဓဘာသာတွင် ကာကွယ်ပေးသည့်ဥပဒေမရှိသဖြင့် ခရစ် ယာန်ဥပဒေဖြင့် လက်ထပ်ခြင်းသာဖြစ်သည်။ ဗုဒ္ဓဘာသာဝင်ယောက်ျားလေးသည် ခရစ်ယာန်တို့၏မှတ်တမ်း တွင် လက်မှတ်ရေးထိုး၍ ခရစ်ယာန်ဘာသာဝင်တစ်ဦးအနေဖြင့် အသိအမှတ်ပြုခံခဲ့ရသည်။
ဥပမာ(၂) မြန်မာနိုင်ငံမှ ထင်ရှားသောဗုဒ္ဓဘာသာဝင်အမျိုးသမီးတစ်ဦးသည် နိုင်ငံခြားတွင်ခရစ်ယာန်ဘာသာဝင် နှင့် လက်ထပ်သည်။ သင်းအုပ်ဆရာနှင့် ခရစ်ယာန်ဥပဒေအရ လက်ထပ်ခြင်းဖြစ်၍ ၎င်းသည်ပင်လျှင် ခ၇စ် ယာန်မှတ်တမ်းဝင်သွားပေသည်။ ဤသို့ဖြစ်ရခြင်းမှာ ဗုဒ္ဓဘာသာဘက်မှ ကာကွယ်သည့်ဥပဒေ မရှိခြင်းကြောင့် ဖြစ်သည်။
ဥပမာ(၃) ရုပ်ရှင်မင်းသားကြီး ၀င်းဦးသည် ဗုဒ္ဓဘာသာဝင်ဖြစ်ပြီး အိမ်ထောင်မရှိ၊ (၅)နှစ်သားယောက်ျားလေးကို မှတ်ပုံတင်စာချုပ်ဖြင့်မွေးစားသည်။ ထိုအချိန်ရုပ်ရှင်မင်းသားကြီး ဦးဝင်းဦးသည် နိုင်ငံခြားသို့သွားလိုသဖြင့် ရန်ကုန်မြို့၊ ယုဒသန်ဘုရားကျောင်းတွင် ခရစ်ယာန်ဘာသာသို့ ကူးပြောင်းသည်။နိုင်ငံခြားသို့ သာသနာပြုအနေ ဖြင့် ထွက်သွားခဲ့သည်။ နိုင်ငံခြားမှပြန်လာပြီး (၁၉၈၈) ခုနှစ်တွင် ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန်ခဲ့သည်။ ၎င်း ကွယ်လွန်သည့်အခါ သေတမ်းစာတစ်စောင်ကျန်ခဲ့သည်။ ထိုသေတမ်းစာတွင် ၎င်းပိုင်ဆိုင်သောပစ္စည်းများကို ဒေါ်အိုင်းရင်းတင်လှကိုပေးခဲ့သည်။ ဗုဒ္ဓဘာသာဝင်ဖြစ်စဉ်က မွေးစားသားနှင့် ခရစ်ယာန်ဘာသာဝင်ဖြစ်စဉ်က ဒေါ်အိုင်းရင်းတင်လှတို့ ပစ္စည်းရပိုင်ခွင့်အမှုဖြစ်ကြသည်။ ရုပ်ရှင်မင်းသားကြီးဦးဝင်းဦးသည် ခရစ်ယာန်ဘာသာ ၀င်ဖြစ်စဉ် ကွယ်လွန်သဖြင့် ခရစ်ယာန်ဘာသာအရ သေတမ်းစာအတည်ဖြစ်သဖြင့် မွေးစားသားရှုံးခဲ့သည်။ ဤ ဖြစ်ရပ်ကိုလေ့လာလျှင် ဗုဒ္ဓဘာသာဝင်အတွက် ကာကွယ်သည့်ဥပဒေ မရှိ၍ဖြစ်ရပေသည်။ သို့ဖြစ်ပေရာ ဗုဒ္ဓဘာ သာနှင့် ကျန်ဘာသာကြီး(၃)မျိုးတို့ ဥပဒေချင်းအငြင်းပွားလျှင် ဗုဒ္ဓဘာသာတို့၏ မြန်မာဓလေ့ထုံးတမ်းဥပဒေ သည် ပြဋ္ဌာန်းဥပဒေ မဟုတ်၍ ကျန်ဘာသာ(၃)ခုနှင့်နှိုင်းယှဉ်လျှင် ရှုံးနိမ့်ကြပေသည်။ ဤသို့ဖြစ်ရခြင်းမှာ ပြဋ္ဌာန်း ဥပဒေသည် ဓလေ့ထုံးတမ်းဥပဒေကို လွှမ်းမိုးနိုင်၍ဖြစ်သည်။
ထို့ကြောင့် မြန်မာနိုင်ငံတွင် ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာနေထိုင်နိုင်ရန်မှာ ဘာသာပေါင်းစုံလိုက်နာရမည့် ဘုံ သဘောတူညီချက်၊ ဘုံလမ်းကြောင်း(သို့) အမျိုးစောင့်ဥပဒေဟုခေါ်သည့် တိုင်းရင်းသား(၁၃၅)မျိုးအပါအ၀င် ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံတို့ အတူယှဉ်တွဲနေထိုင်နိုင်သည့် စည်းကမ်းသတ်မှတ်ထားသော ဥပဒေပေါ်ထွန်း ရေးသည် အလွန်အရေးကြီးနေပေသည်။
သို့ဖြစ်ပါ၍ အမျိုးစောင့်ဥပဒေပေါ်ထွန်းရေးသည် မြန်မာနိုင်ငံအတွင်းနေထိုင်ကြသည့် တိုင်းရင်းသားများအားလုံး နှင့် ဘာသာပေါင်းစုံတို့မှ ကြိုးပမ်းအားထုတ်ရန်လိုအပ်နေသော ဥပဒေဖြစ်ပါသည်။ထိုဥပဒေများတွင်
(က) ဘာသာကူးပြောင်းခြင်းဆိုင်ရာဥပဒေ
(ခ) လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာဥပဒေ
(ဂ) တစ်လင်တစ်မယားစနစ်
(ဃ) လူဦးရေထိမ်းညှိခြင်းဆိုင်ရာ ဥပဒေတို့ ဖြစ်ပါသည်။
သို့ဖြစ်ပေရာ အဆိုပါဥပဒေများသည် ကျန်ဘာသာများ၏ ဥပဒေများနှင့် ဆန့်ကျင်မှုမရှိဘဲ ငြိမ်းချမ်းအေးချမ်းစေ မည့် ဥပဒေမျိုးဖြစ်၍ မျက်စိမှတ်ပြီးမကန့်ကွက်ဘဲ သေချာစွာလေ့လာပြီးမှသာ မိမိ၏အသိဥာဏ်ဖြင့် စဉ်းစားဝေဖန်၍ ဥပဒေပေါ်ထွန်းရေး ၀ိုင်းဝန်းကြိုးပန်းကြပါ။
အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့မှ တောင်းဆိုသည့် အမျိုးစောင့်ဥပဒေဆိုင်ရာ သိကောင်းစရာ ရှင်းလင်းချက်များ
တင်ပြသူ- ဦးအေးပိုင် (မ.ဘ.သ(ဗဟို)ဥပဒေအကြံပေး)
နိဒါန်း
၁။ အမျိုးစောင့်ဥပဒေဆိုသည်မှာ တိုင်းရင်းသား (၁၃၅)မျိုးလုံးနှင့် မြန်မာနိုင်ငံအတွင်းနေထိုင်ကြသည့် လူမျိုး ပေါင်းစုံတို့အတွက် ပဋိပက္ခကိုလျော့နည်းစေပြီး ငြိမ်းချမ်းစွာနေထိုင်နိုင်ရေးကို ရည်ရွယ်သည့်ဥပဒေဖြစ်ပါသည်။
ဥပဒေလိုအပ်ရသည့်အကြောင်းအရင်းအချို့
၂။ မြန်မာနိုင်ငံတွင် တိုင်းရင်းသားပေါင်းစုံ ဘာသာပေါင်းစုံတို့ ရှေးယခင်နှစ်ပေါင်းများစွာက အတူနေထိုင်ခဲ့ကြ သော်လည်း လူမျိုးရေး၊ ဘာသာရေးကြောင့် ကြီးမားသောပြသနာမရှိခဲ့ပါ။ မိသားစုသဖွယ် တစ်ဦးနှင့်တစ်ဦး၊ တစ်အိမ်နှင့်တစ်အိမ် ကူးလူးဆက်ဆံခဲ့ကြသည်။ လူမျိုး ဘာသာဟူ၍ အစွဲအလန်းကြီးစွာမရှိခဲ့ကြပါ။ သို့ရာတွင် ယခုနောက်ပိုင်းများတွင် မြန်မာနိုင်ငံအနှံအပြား၌ ဖြစ်ပေါ်လာသောပြဿနာများကို အောက်ပါအတိုင်းလေ့လာ တွေ့ရှိနိုင်ရပါသည်။
(က) ဘာသာတစ်ခုမှ အခြားဘာသာဝင်များကို မိမိဘာသာသို့ အတင်းအကြပ် သွတ်သွင်းကူးပြောင်းစေခြင်း၊
(ခ) ဘာသာမတူသည့် မိန်းကလေးများကို နည်းမျိုးစုံဖြင့် ဖျားယောင်းသွေးဆောင်ခြင်းဖြင့် လက်ထပ်၍ မိမိဘာ သာသို့ အတင်းအကြပ်သွပ်သွင်းခြင်း၊
(ဂ) ဘာသာမတူသည့် အရွယ်မရောက်သေးသော မိန်းကလေးများကို နည်းမျိုးစုံဖြင့် လက်ထပ်ယူကာ မိမိဘာ သာသို့ အတင်းအကြပ်သွတ်သွင်းခြင်း၊
(ဃ) ဘာသာမတူသည့် မိန်းကလေးများကို လက်ထပ်သည့်အခါ မိန်းခလေးမိဘ၏ ရိုးရာဓလေ့ကို အလေးမ ထား၊ မိန်းခလေးမိဘ၏ သဘောတူခွင့်ပြုချက်မယူဘဲ မိမိအလိုရှိသည့်အတိုင်း မင်္ဂလာပွဲပြုလုပ်ခြင်း၊
(င)ဘာသာမတူသည့် မိန်းကလေးများကို အရွယ်မရောက်မှီကပင် အဓ္ဓမပြုကျင့်ခြင်းများ၊ ရက်စက်စွာသတ်ဖြတ် ခြင်းများကို ပြုလုပ်နေကြခြင်း၊
(စ) ဘာသာမတူသည့် မိန်းကလေးများကို မသမာသောနည်းလမ်းများကို အသုံးပြု၍လည်းကောင်း၊ ယုတ်ညံ သောဆေးဝါးများတိုက်ကျွေး၍လည်းကောင်း၊ ကာမရယူလက်ထပ်ခြင်း၊ ဘာသာသို့သွတ်သွင်းခြင်း၊
(ဆ) ဘာသာမတူသည့် မိန်းကလေးများကို အခြားဘာသာသို့သွတ်သွင်းသည့်အခါ မိန်းကလေး၏ မူလဘာသာ အထိမ်းအမှတ် အမှတ်အသားများကို ဓလေ့ထုံးစံမတူညီ၍ ပြဿနာဖြစ်ရခြင်း၊
(ဈ) လူဦးရေတိုးပွားရေးကို အလေးထားဆောင်ရွက်ပြီး နယ်မြေသိမ်းပိုက်ခဲ့သဖြင့် ဖြစ်ပေါ်ခဲ့သော သမိုင်း ကြောင်းများအရ မကျေနပ်မှုများဖြစ်ရခြင်း၊
(ည) ဘာသာမတူသည့် လူမျိုးခြား၊ ဘာသာခြားများနှင့် ခွဲခြားဆက်ဆံကာ အစားအသောက်မှအစ ခွဲခြားနေ ထိုင်စားသောက်ခြင်း၊ မြန်မာနိုင်ငံတော်အလံအား အလေးမပြုခြင်းအပါအ၀င် နိုင်ငံတော်၏ဥပဒေကို လေးစားမှု အားနည်းခြင်း။
၃။ မြန်မာနိုင်ငံတွင် လူမျိုး၊ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာနေထိုင်နိုင်ရန်အတွက် အောက်ပါအတိုင်းဆောင်ရွက် သင့်သည်ကို တွေ့ရှိရပါသည်။
(က)လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံလိုက်နာရမည့် ဘာသာကူးပြောင်းခြင်းနှင့် လက်ထပ်ထိမ်းများခြင်း ဥပဒေပြ ဋ္ဌာန်းနိုင်ရန် လိုအပ်ခြင်း၊
 (ဘာသာကူးပြောင်းမှုကို ဘာသာပေါင်းစုံ စည်းကမ်းသတ်မှတ်၍ ဘုံသဘောတူညီချက်ပြုလုပ်ကာ ဥပဒေပြ ဋ္ဌာန်းခြင်း၊ လက်ထပ်ထိမ်းမြားရာတွင် ဘာသာမတူလျှင် လက်ထပ် ထိမ်းမြားခြင်းမပြုဘဲ ဘာသာတူအောင် ဆောင်ရွက်ပြီးမှ လက်ထပ်စေလိုခြင်းကို ဥပဒေပြဋ္ဌာန်းပေးရန် လိုအပ်ပါ သည်။)
(ခ) တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးရန်လိုအပ်ခြင်း၊
(ယောက်ျားတစ်ဦးသည် ဇနီးမယားများများယူလျှင် အိမ်ထောင်ရေးပြဿနာများ၊ ပစ္စည်းခန်းပြဿနာများ ဖြစ်ပေါ်ကြသည်။ထို့ကြောင့်မိန်းမတစ်ဦးထက်ပိုယူလျှင် လုံလောက်သော စီးပွးရေးရရှိရမည်ဖြစ်ပြီး ပထမ အိမ်ထောင်ရှင်အမျိုးသမီး၏ သဘောတူညီချက်ရှိရန် လိုအပ်ပါ သည်။
(ဂ) လူဦးရေထိန်းညှိခြင်းပြုလုပ်ရန်လိုအပ်ခြင်း၊
(ကမ္ဘာ့နိုင်ငံတွင် လူဦးရေအဆမတန်တိုးပွားနေ၍ နေထိုင်မှု၊ စားသောက်မှုကိစ္စများတွင် အခက်အခဲကြီးစွာ တွေ့ကြုံနေကြရပြီး တရုတ်နိုင်ငံတွင် တစ်အိမ်ထောင်လျှင် ကလေး(၁)ဦးစနစ်ကျင့်သုံးသည်။ ပိုယူလျှင်နိုင်ငံ တော်ကို အခွန်များများပေးသွင်းရသည်။ ထိုကဲ့သို့ပင်မြန်မာနိုင်ငံတွင်လည်း ကလေးမွေးဖွားမှုကို ကန့်သတ်ရန် လိုအပ်ပြီး ဇနီးတစ်ဦးတည်းရှိလျှင် ကလေးပိုယူနိုင်သည်ကိုပါ ထည့်သွင်းသတ်မှတ်၍ ဥပဒေပြဋ္ဌာန်းရန်လိုအပ်ပါ သည်။
၎။ မိမိမူလကတည်းက သဘောတူလျှင် မူလဘာသာ၏ ဥပဒေဖြင့်သာ ဆုံးဖြတ်ရန်ဖြစ်ပါသည်။
(က) ဗုဒ္ဓဘာသာဝင်များအတွက် မြန်မာဓလေ့ထုံးတမ်းဥပဒေ
(ခ) ဟိန္ဓူဘာသာဝင်များအတွက် ၁၉၅၅  ခုနှစ်ဟိန္ဒူဥပဒေ
(ဂ) ခရစ်ယာန်ဘာသာဝင်များအတွက် ၁၈၇၂ ခုနှစ် ခရစ်ယာန်ဥပဒေ
(ဃ) အစ္စလာမ်ဘာသာဝင်များအတွက် ၁၉၅၃ ခုနှစ် အစ္စလာမ်ဥပဒေ
ဘာသာမတူသူနှင့် လက်ထပ်လိုလျှင်
၅။ ဘာသာမတူသူနှင့် လက်ထပ်လိုလျှင်
(က) ဘာသာတူအောင် ဦးစွာဆောင်ရွက်ရမည်။
(ခ) ဘာသာကူးပြောင်းလိုလျှင် လွတ်လပ်သော အသက်အရွယ်ဖြစ်သည့် အသက်(၁၈)နှစ်၊ မိဘသဘောမတူ လျှင်အသက် (၂၀)ဖြစ်ရန်လိုသည်။
(ဂ) ဘာသာကူးပြောင်းခြင်းကို သက်မှတ်သည့် စည်းကမ်းချက်အတိုင်း ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရမည်။
(ဃ) လက်ထပ်ထိမ်းမြားခြင်းကို သက်ဆိုင်ရာ ဘာသာများ၏ ဓလေ့ထုံးစံအတိုင်း ဆောင်ရွက်ရန်ဖြစ်သည်။
(င) ဟန်ဆောင်ဘာသာကူးပြောင်းခြင်းပြုလုပ်လျှင် ထိရောက်စွာ အရေးယူရန်ဖြစ်သည်။
ပြစ်ဒဏ်သတ်မှတ်ခြင်း
၆။ ပြဋ္ဌာန်းဥပဒေကို ချိုးဖောက်လျှင်
(က) ရဲအရေးယူပိုင်သော အမှုသတ်မှတ်၍ ရဲစခန်း၌ အမှုဖွင့်တိုင်ကြားရန်၊
(ခ) အာမခံမပေးနိုင်သော ပြစ်ဒဏ်သတ်မှတ်ရန်၊
(ဂ) ပြစ်မှုကျူးလွန်သူကို ထောင်ဒဏ်အနည်းဆုံး(၅)နှစ်မှ (၁၀)နှစ်ထိ သတ်မှတ်ရန်၊
(ဃ) ပြစ်မှုကျူးလွန်သည့် အဆောက်အဦးကို(လိုအပ်လျှင်) နိုင်ငံတော်ပိုင်သိမ်းရန်၊
(င) အားပေးကူညီသူများကို ထိရောက်စွာအရေးယူရန်၊
နိဂုံး
၇။ ထိုဥပဒေသည် မြန်မာနိုင်ငံအတွင်းရှိ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံအတွက် ငြိမ်းချမ်း၊ အေးချမ်းရန် လိုအပ် နေသော ဥပဒေဖြစ်ပါသည်။ ဘာသာအသီးသီး၏ ပြဋ္ဌာန်းပြီးဥပဒေများနှင့် မဆန့်ကျင်ပါ။ အထူးသဖြင့် ဗုဒ္ဓ ဘာသာဝင်များအတွက် ပြဋ္ဌာန်းဥပဒေမရှိသေးပေရာ ဘာသာပေါင်းစုံ လိုက်နာရေးအတွက် လိုအပ်နေသော ဥပဒေကို ပြဋ္ဌာန်းရန်တောင်းဆိုခြင်းသာ ဖြစ်ပါသည်။ မည်သည့် လူ့အခွင့်အရေးကိုမျှ ချိုးဖောက်ခြင်းမရှိပါ။
ဘာသာမတူလျှင် လက်မထပ်ရန်မဟုတ်ဘဲ၊ ဘာသာတူပြီးမှသာ လက်ထပ်ရန်တောင်းရခြင်း ဖြစ်ပါသည်။ သို့ဖြစ်၍ မြန်မာနိုင်ငံအတွင်းနေထိုင်ကြသည့် တိုင်းရင်းသား(၁၃၅)မျိုးနှင့် ဘာသာပေါင်းစုံအတွက် ငြိမ်းချမ်း၊ အေးချမ်းရေးလိုအပ်နေသော ဘုံသဘောတူညီချက် အနေဖြင့် လိုက်နာရမည့်ဥပဒေများသာဖြစ်ပါ၍ ထိုဥပဒေ အမြန်ဆုံးပေါ်ထွန်းရေး ၀ိုင်းဝန်းပါဝင်ဆောင်ရွက်သင့်ကြောင်း တိုက်တွန်းလိုက်ရပါသည်။
ဦးအေးပိုင် (မဘသ(ဗဟို) ဥပဒေအကြံပေး)