Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Thursday, October 30, 2014

အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)အဖွဲ့၏ ဒေသအသီးသီးရှိ မဘသအဖွဲ့များသို့ အသိပေးညွှန်ကြားချက် အမှတ် (၆)







အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)အဖွဲ့၏
ဒေသအသီးသီးရှိ မဘသအဖွဲ့များသို့
အသိပေးညွှန်ကြားချက် အမှတ် (၆)

ရက်စွဲ-တန်ဆောင်မုန်းလဆန်း၈-ရက်၊ ၁၃၇၆-ခု၊ (အောက်တိုဘာလ၃၀၊ ၂၀၁၄) ကြာသပတေးနေ့။

အကြောင်းအရာ ။ ။ အသိပေးညွှန်ကြားချက်

ဖ်ာပြပါ အကြောင်းအရာကိစ္စနှင့် ပတ်သက်၍ ယနေ့မြန်မာနိုင်ငံတော် တွင် ဗုဒ္ဓဘာသာဝင်လူဦးရေ များပြားနေချိန်၌ပင် ဘာသာခြား၊ လူမျိုးခြားများ၏ မတရား လွှမ်းမိုးမှုများကြောင့် မြန်မာအမျိုးသမီးများ၏ နစ်နာဆုံးရှုံးမှုကို အကာ အကွယ်မပေးနိုင်သည်က များပါသည်၊ ဒါဟာ အမျိုးစောင့်ဥပဒေတစ်ရပ် ခိုင်ခိုင် မာမာမရှိခဲ့ခြင်း၏ အကျိုးဆက်ပင်ဖြစ်ပါသည်။ ထို့ကြောင့် အခြားဘာသာကြီးများ မှာရှိနေသလို မိမိတို့အတွက်လည်း အမျိုးစောင့်ဥပဒေ အတည်ဖြစ်သွားဖို့ အမြန် ဆုံး လိုအပ်နေပါသည်။
ယခုအခါ မြန်မာပြည်အနှံ့ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှာ လည်း အမျိုးစောင့်ဥပဒေ အမြန်ပြဋ္ဌာန်းပေးရေး လူထုတောင်းဆို ဆန္ဒဖော်ထုတ် ပွဲများ ကျင်းပဖို့ အဆင်သင့်ဖြစ်နေကြောင်း သိရပါသည်။ သို့သော် ယခု ရန်ကုန်၊ မန္တလေး နှစ်ဋ္ဌာန ဆန္ဒထုတ်ဖော်ပွဲများ၌ပင် အမျိုးစောင့်ဥပဒေကို ရဟန်း၊ ရှင်၊ လူ အများအပြား လိုလားနေကြောင်း ထင်ရှားပါသည်။
ထို့ကြောင့် အဆိုပါ ရန်ကုန်၊ မန္တလေး နှစ်ပွဲမျှဖြင့်ပင် လုံလောက် သလောက် ဖြစ်နေ၍ နိုဝင်ဘာလ တစ်လလောက် ခေတ္တစောင့်ကြည့်ဖို့ လိုအပ် ပါသည်။ နိုဝင်ဘာလကုန်သည့်တိုင်အောင် အမျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရေး မပေါ်ပေါက်လျှင် နောက်ပိုင်းကာလများကြမှသာလျှင် ဆန္ဒထုတ်ဖော်ပွဲများ မြန်မာပြည်အနှံ့ ဆက်လက်ပြုလုပ်သွားကြဖို့ အသိပေး ညွှန်ကြားအပ်ပါသည်။

ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့ (ဗဟို)၊
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။

Wednesday, October 22, 2014

မြန်မာနိုင်ငံလုံးဆိုင်ရာ ၀ံသာနုရက္ခိတ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၁၄)

မြန်မာနိုင်ငံလုံးဆိုင်ရာ ၀ံသာနုရက္ခိတ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၁၄)အား ၁၃၇၆ခု၊ သီတင်းကျွတ်လပြည့်ကျော် ၁၄-ရက်၊ ခရစ်နှစ်-၂၀၁၄ခု၊ အောက်တိုဘာ-၂၂ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွာမပရိယတ္တိစာသင်တိုက်၊ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အင်းစိန်ရွာမဆရာတော်ဘုရားကြီး ဘဒ္ဒန္တတိလောကာဘိဝံသ (ဥက္ကဋ္ဌ-မဘသ-ဗဟို)၊ အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒစရိယ၊ ဆရာတော်ကြီးမှ အဖွင့်သြ၀ါဒစကား မိန့်ကြားတော်မူခဲ့ပါသည်။


















Tuesday, October 21, 2014

အမျိုးစောင့်ဥပဒေ ဥပဒေနှင့်အညီ လူထုဆန္ဒတောင်းဆိုပွဲ ပင့်လျှောက်/ဖိတ်ကြားလွှာ

ပင့်လျှောက်/ဖိတ်ကြားလွှာ
စာအမှတ်-၀၀၉၅/စီမံ-မဘသ/၂၀၁၄
၁၃၇၆-ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၃-ရက်၊
အောက်တိုဘာ ၂၁-ရက်၊ ၂၀၁၄၊ အင်္ဂါနေ့
ဆပ်ကပ်/ပေးပို့ခြင်း
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ
(မ.ဘ.သ) အဖွဲ့များနှင့်
အခြားအသင်းအဖွဲ့များအားလုံး
အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို)က ဦးဆောင်၍ ပြည်သူ လူထုဆန္ဒဖြင့် တောင်းဆိုထားသော “ အမျိုးစောင့်ဥပဒေ“ အမြန်ပေါ်ပေါက်နိုင်ရေး အတွက် ဥပဒေနှင့်အညီ လူထုဆန္ဒတောင်းဆိုပွဲကို အောက်တိုဘာလ (၂၅)ရက်၊ (စနေနေ့) နေ့လည် ၁-နာရီတွင် ရွှေတိဂုံစေတီတော်သို့ လှည့်လည်ချီတက် ဆန္ဒဖော်ထုတ် တောင်းဆိုသွားမည် ဖြစ်ပါသည်။
ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ် ကြေးသွန်းဘုရားကြီးရှေ့တွင် စုရပ်လုပ်ကာ ချီတက်၍ တောင်းဆိုခြင်း၊ ဟောပြောခြင်းများ ပြုလုပ်သွားမည် ဖြစ်ပါသဖြင့် အမျိုး ဘာသာ သာသနာကို ချစ်မြတ်နိုးကြကုန်သော ရဟန်း၊ ရှင်၊ လူ၊ ပြည်သူများနှင့် အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များအားလုံး ပူးပေါင်းပါဝင်ကြရန် အထူးသဖြင့် ဖိတ်ကြားအပ်ပါသည်။
ဥက္ကဋ္ဌဆရာတ်ာဘုရားကြီး၏ သြ၀ါဒကိုခံယူ၍
ရုံးဦးစီးမှူး
အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို)
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်မြို့နယ်
ရန်ကုန်တိုင်းဒေသကြီး

Monday, October 20, 2014

ဖိတ်ကြားလွှာ

ဖိတ်ကြားလွှာ
အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့က ဦးဆောင် ၍ ပြည်သူလူထုဆန္ဒဖြင့် တောင်းဆိုထားသော
“အမျိုးစောင့်ဥပဒေ” အမြန်ပေါ်ပေါက်နိုင်ရေးအတွက်
ဥပဒေနှင့်အညီ လူထုဆန္ဒတောင်းဆိုပွဲကို
အောက်တိုဘာလ (၂၅) (စနေနေ့) နေ့လည် (၁)နာရီတွင်
ရွှေတိဂုံစေတီတော်သို့ လှည့်လည်ချီတက် တောင်းဆိုသွားမည် ဖြစ်ပါသည်။
ရွှေတိဂုံစေတီ အရှေ့ဘက်မုခ် ကြေးသွန်းဘုရားကြီးရှေ့တွင် စုရပ်လုပ်ကာ ချီတက်၍ တောင်ဆိုခြင်း၊ ဟောပြောခြင်းများ ပြုလုပ်သွားမည် ဖြစ်ပါသဖြင့် အမျိုး ဘာသာ သာသနာကို ချစ်မြတ်နိုးကြသော ရဟန်းရှင်လူ ပြည်သူများ ပူးပေါင်းပါဝင် ကြပါရန် တိုက်တွန်းနှိုးဆောင်အပ်ပါသည်။

Thursday, October 16, 2014

အရှင်တိလောကာဘိဝံသ (အင်းစိန်) ရွာမဆရာတော်ဘုရားကြီး၏ ဗုဒ္ဓအဘိဓမ္မာသိစရာ ဆောင်းပါး (သာကီသွေးဂျာနယ် အတွဲ -၂၊ အမှတ်-၇၊ မှ ထုတ်နုတ်တင်ပြပါသည်)




ဗုဒ္ဓအဘိဓမ္မာသိစရာ
သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့အကြောင်းယမန်နှစ်၁၃၇၅ (၁၉. ၁၀. ၂၀၁၃) ခုသာကီသွေး၊ အတွဲ ၁၊ အမှတ် ၇ ၌ရေးခဲ့ပြီ။ယခုအပတ်မှာတော့ လက်တွေ့ကျင့်သုံးစရာဗုဒ္ဓအဘိဓမ္မာ ကိုသာဆောင်းပါး စာ မျက်နှာရသလောက် တင်ပြပါမည်။ ယနေ့တိုင်အောင် မြန်မာတို့သုံးစွဲနေသောစာအုပ်များအစ၌ အညွှန်းပြ သည့် မာတိကာဟူသော ဝေါဟာရမှာ လွန်ခဲ့သောနှစ်ပေါင်း ၂၅၉၆ က မြတ်ဗုဒ္ဓဟောကြားခဲ့သည့် အဘိ ဓမ္မာဒေသနာမှ ယူငင်သုံးစွဲထားခြင်းဖြစ်သည်။ ထိုမာတိကာများမှ ပထမဆုံးဟောကြားသည့်တရား ၃-မျိုးစု ထဲမှ သင့်တင့်ရုံမျှ တင်ပြပါမည်။ ယင်းတို့မှာ -
          ၁။ ကုသိုလ်တရားများ၊ ၂။ အကုသိုလ်တရားများ၊       ၃။ (ထိုနှစ်မျိုးမှ ကြွင်းကျန်သည့်) အခြားသောတရားများတို့ဖြစ်သည်။ ကုသိုလ်ကိုကောင်းမှု, အကုသိုလ်ကိုမကောင်းမှု ဟုလည်းပြောလေ့ ရှိကြသည်။ ကုသိုလ်ဆိုတာဘာလဲကုသိုလ်ဟုတ်,မဟုတ် ဘာစံ, ဘာပေတံနှင့် တိုင်းတာမလဲဆိုလျှင် ကောင်းကျိုးရလဒ်ဖြစ်ပေါ်စေနိုင်သည့် အပြစ်ကင်းသောလုပ်ရပ်များကိုကုသိုလ်ဟုအဘိဓမ္မာအဖွင့် ကျမ်းဂန်များ၌ဆိုသည်။ (အန ၀ဇ္ဇ သုခ၀ိပါကလက္ခဏာ ကုသလာ၊ အဘိ၊ ဋ္ဌ၊ ၁၊ ၈၂)
လုပ်ရပ်ကို ပါဠိဝေါဟာရဖြင့် ကမ္မ, မြန်မာဝေါဟာရဖြင့် ကံဟုခေါ်သည်။ ကောင်းသောလုပ်ရပ်ကိုကုသိုလ် ကံ, မကောင်းသောလုပ်ရပ်ကိုအကုသိုလ်ကံ ဟုခေါ်ရ မည်။ ကုသိုလ်၏ဆန့်ကျင်ဘက် အကုသိုလ်သည် အပြစ်မကင်းသောလုပ်ရပ်သာ ဖြစ်မည်။ ဆင်းရဲဒုက္ခ အကျိုးမကောင်းကျိုးသာ ဖြစ်ပေါ်စေ မည်။ အောင်မြင်သူ၊ ကြီးပွားချမ်းသာသူများကို ကံကောင်းသူဟုဆိုရာ၌ လုပ်သင့်လုပ်ထိုက် သည့်ကောင်းသောလုပ်ရပ်များကို ကြိုတင် ပြုလုပ်ထားသောအကြောင်းကံကောင်း သူများဟုတင်စားပြောဆိုထားခြင်း ဖြစ်သည်။
          ကံကိုစေတနာဟုလည်း မြတ်ဗုဒ္ဓဟောထားသည်။ (စေတနာဟံ ဘိက္ခဝေ ကမ္မံ ၀ဒါမိ၊ မ-၃၊ ၂၅၁၊ အဘိ-၄၊ ၂၉၀၊)စေတနာ၏ လှုံ့ဆော်မှုကြောင့် ကိုယ်, နှုတ်, စိတ်တို့ဖြင့် လက်တွေ့လုပ်ဆောင်လာသောအခါ ကာယကံ, ၀စီကံ, မနောကံဟုအမည်ရလာသည်။ မကောင်းသောအကုသိုလ်စေတနာ၏ လှုံ့ဆော်မှုကြောင့် အမှန်မသိမှု မောဟ, လိုချင်တပ်မက်မှု လောဘ, စိတ်ဆိုးမှု၊ ရန်လိုမှု၊ အလိုမကျမှု ဒေါသရေသောက်မြစ်များ ဖြစ်ပေါ်ပေါက်ရောက်လာသည်။ ယင်သည့် မောဟ၊ လောဘ၊ ဒေါသရေသောက်မြစ်များမှတစ်ဆင့် မကောင်းမှုလုပ်ရန် မရှက်ကြောက်မှု, မာနကြီးမှု, ကိုယ့်ထက်သာမနာလိုမှု စသည့် စိတ်ယုတ်မာအပင်များပေါက်လာမည်။ ထိုမှတဆင့် သတ်မှု, ခိုးမှုစသည့် လွန်ကြူးမှုလုပ်ရပ် ကာယ, ၀စီ, မနောဒုစရိုက်ကံပင်စည်, အကိုင်း, အခက်, အရွက်, အပွင့်, အပွင်, အသီးကောင်းမှုကံများဖြစ်ထွန်းပေါ်ပေါက်လာကြသည်။
ရှေးကောင်းမှုကံ
          ကြီးပွားချမ်းသာဖို့အရေးမှာရှေးကောင်းမှုကံပါဖို့လိုသည်။ ရှေးကပြုခဲ့သောကောင်းမှုရှိခြင်းသည် ကြီးပွားချမ်းသာကြောင်းမင်္ဂလာဖြစ်သည်။ (ပုဗ္ဗေ စ ကတပုညတာ … ဧတံမင်္ဂလမုတ္တမံ) ဤ၌ ရှေး၌ပြုခဲ့သောကောင်းမှုဆိုရာမှာပုဗ္ဗေ (ရှေး) ဟုသာဆိုသည်။ရှေးကို ဘ၀ဖြင့်သတ်မှတ်ချက်မပြ၊ စက္ကန့်ဖြစ်စေ, မိနစ်ဖြစ်စေ, နာရီ, နေ့, ရက်, လ, နှစ်, ဘ၀ စသည်လွန်ပြီးမှန်သမျှ ရှေးပင်ဖြစ်သည်။အတတ်ပညာဗဟုသုတမှန်သမျှ ယခုဘ၀မှာပင် ကြိုတင် လေ့လာဆည်းပူးထားရသည်ချည်းသာဖြစ်သည်။ (ရှေးကတင်ကြိုပြုခဲ့ဖူးသည့် ကောင်းမှုအထူးရှိပါစေ၊ ဒဂုန်ဦးထွန်းမြင့်)ဘယ်အရာမဆို ကြိုတင်ပြုလုပ်ထားမှ အဆင်သင့်ဖြစ်မည်။ အချို့ကကံကို အတိတ်ဘ၀ကပြုခဲ့သော ကံဟုထင်မှတ်ကာတို့ကကံခေသူများဖြစ်သည်။ ကံမရှိဉာဏ်ရှိတိုင်းမွဲ၊ ကံမပါတော့ လုပ်လည်းရမှာမဟုတ်ပါဘူး၊ လှုပ်လေ မြုပ်လေဖြစ်လိမ့်မည် စသည်ဖြင့် လူပျင်းစကားပြောနေကြသည်။ ယုတ်စွအဆုံးအလေး, အပေါ့စွန့်ဖို့ပင် လက်ရှိနေမြဲထိုင်မှု၊ အိပ်မှုဣရိယာပုဒ်ဖြင့် အဆင်သင့်စွန့်လို့ရမည်မဟုတ်။ သင့်လျော်ရာသွားပြီးစွန့်ရသည်။ ကံဆိုသည်မှာ ကြိုတင်လုပ်မှု မှန်သမျှကိုဆိုလိုသည်။ စောင့်နေရုံနှင့် ကံကအလိုအလျောက်ရောက်လာမည်မဟုတ်။ သွားမှရောက်မည်။ ကြည့်မှမြင်မည်။ တကယ်လုပ်မှအဟုတ်ဖြစ်မည်။
          ကံ, ဉာဏ်, ၀ီရိယ၊ ပြည့်စုံမှ၊ မုချကြီးပွားမည်၊ ဆိုရာ၌ ဉာဏ်ပါသည့် ကံ, ၀ီရိယများဖြစ်၍အပြစ်ကင်းသည့် ကောင်းမှုကံ, အပြစ်ကင်းသောဝီရိယများဟု သိရမည်။ ၀ီရိယဆိုသည်မှာ ကြိုးစားအားထုတ်မှု၊ မလျှော့သောဇွဲနပဲကြီးမှု၊ မိမိလက်ရှိအမူအကျင့်ဆိုးကိုမကောင်းကောင်းအောင် ပြောင်းလဲစွမ်းဆောင်နိုင်မှု၊ ကောင်းသည်ထက် ကောင်းအောင်နည်းစနစ်ကျကျ ပြင်ဆင်နိုင်မှု စသည်တို့ကိုဆိုလိုသည်။ (၀ီရာနံ ကမ္မံ ၀ီရိယံ၊ ၀ိဓိနာ နယေနဥပါယေနဤရယိတဗ္ဗံ ပ၀တ္တယိတဗ္ဗံဝီရိယံ)
          လူ့ဘ၀ရောက်လာခြင်းသည်ပင် အတိတ်ဘ၀က ကံကောင်းခဲ့ခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် အတိတ်ဘ၀ကံမပါဟု ပြောနိုင်ပါမည်လော။ ဒီဘ၀မှာ အချိန်တိုင်းကုသိုလ်, ပညာ, ဥစ္စာ ဤ (၃)ခု၊ (၁)ခု ဖြစ်စေ၊ (၂)ခု-(၃)ခုလုံးဖြစ်စေရအောင်ကြိုးစားနေလျှင် ကံကောင်းသူ ကြီးပွားချမ်းသာသူဖြစ်မည်မှာမြေကြီးလက်ခတ် မလွဲပေ။ကုသိုလ်ဆိုသည်မှာကောင်းကျိုးပြုနိုင်သည့် အပြစ်ကင်းသောလုပ်ရပ်များဟုဆိုခဲ့ပြီးဖြစ်သည်။ ပညာဆိုတာမှာလည်းတတ်သင့်၊ သိသင့်သောအသိပညာဗဟုသုတများကိုဆိုလိုသည်။
          ၁။ အလေးအနက်ထားမှု၊ ၂။ အထွဋ်အထိပ်ရောက်မှု ဟူသောအဓိပတိပစ္စည်း၏ အဓိပ္ပါယ် (၂)မျိုးအတိုင်းမိမိလုပ်ရပ်အပေါ်မှာအလေးအနက်ထားကြိုးစားလျှင် သက်ဆိုင်ရာနယ်ပယ်၌ မလွဲမသွေ ထိပ်ဆုံးရောက်မည်။ အထွဋ်အထိပ်ရောက်မည်။ ဆန် ဟောက်စတန် (၁၇၉၃-၁၈၆၃) သည် ကျောင်းသင်ပညာရေးတစ်နှစ်လောက်သာသင်ခဲ့ရသော်လည်းနောက်ပိုင်း၌ စာပေဗဟုသုတလေ့လာဆည်းပူးကာပညာရေး, စီးပွါးရေး, စစ်ရေး, ဥပဒေစသည် အရည်အချင်းပြည့်ဝကာ အမေရိကန်နိုင်ငံ၌ ပြည်နယ်သမ္မတ, ဘုရင်ခံ, တန်နက်စီဥပဒေပြုလွှတ်တော် အမတ်ဖြစ်ခဲ့ပြီးအမေရိကန်နိုင်ငံ၏ သမ္မတကြီးရာထူးကိုပင် လျာထားခြင်းကိုလည်းခံခဲ့ရသည်။ ကမ္ဘာကျော်ဟာသသရုပ်ဆောင် ချာလီချက်ပလင်သည် ဆင်းရဲမွဲတေသူဘ၀မှ သန်းကြွယ်သူဋ္ဌေးကြီးအဆင့်ရောက်အောင် ကြိုးစား ခြင်းဖြင့် အောင်မြင်ခဲ့သည်။ ထိုသူများမှာအဓိပတိပစ္စည်းသဘောအတိုင်း ဤဘ၀မှာပင် အလေးအနက်ထား၍ ကြိုတင်ကြိုးစားအားထုတ်ခြင်းကြောင့် အထွဋ်အထိပ်ရောက် အောင်မြင်သူ, ကြီးပွားသူများဖြစ်ကြသည်။ ပုဗ္ဗေစကတပုညတာမင်္ဂလာနှင့် ပြည့်စုံသူများ၊ ကံကောင်းသူများဟုဆိုရမည်။
          လုံ့လနှင့်ဇွဲ၊ ဒွိစုံတွဲလျက်၊ ခိုင်မြဲစိတ်ဓာတ်၊ တည်ကိန်းဝပ်၍၊ ဖျတ်လတ်ဉာဏ်၊ အဆင်ခြင်လည်း၊ စုံလင်မချို့၊ လူ့အဖို့ကား၊ မြင်းမိုရ်ထိပ်ဖျား၊ တက်ရငြားလည်း၊ မဖြစ်စကား၊ သူမကြားတည်း။ (ကပ္ပပြဿနာ)
          မဟာဓနသူဋ္ဌေးသားမှာတော့ အတိတ်ဘ၀က ကံကောင်းခဲ့လို့ လူ့ဘ၀ရောက်ရုံမကကုဋေ (၈၀) ကြွယ်ဝ သောဗာရာဏသီသူဋ္ဌေးသားလည်း ဖြစ်ခဲ့သည်။ သို့သော်ယခုဘ၀၌ ကြိုတင်ပြင်ဆင်ပြုလုပ်မှု ဘာတစ်ခုမှမလုပ်ခဲ့ ခြင်းကြောင့် ကံကောင်းထောက်ပံ့မှုလုံးဝမရဘဲ ကံဆိုးစွာအငတ်ငတ်အပြတ်ပြတ် သူတောင်းစားဘ၀ဖြင့် အဆုံးသတ်သွားရသည်။ အို … စာရှုသူသင်လည်းယခုကပင်ကြိုတင်၍ ကံကောင်းအောင်ကြိုးစားလျှင် ကြီးပွားချမ်းသာတိုးတက်အောင်မြင်သူ၊ အထွဋ်အထိပ်ရောက်သူတကယ်လုပ်လျှင် အဟုတ်ဖြစ်နိုင်ကြောင်းတိုက်တွန်းရင်းဗုဒ္ဓအဘိဓမ္မာသိစရာဆောင်းပါးကိုအဆုံးသတ်အပ်ပါသတည်း။
သီတင်းကျွတ်လဆန်း ၁-ရက်၊ ၁၃၇၆-ခု၊                                                              အရှင်တိလောကာဘိဝံသ (အင်းစိန်)
(စက်တင်ဘာ ၂၄၊ ၂၀၁၄) ဗုဒ္ဓဟူးနေ့။                                                                ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်မြို့။

Wednesday, October 15, 2014

အင်းစိန်ရွာမဆရာတော် အရှင်တိလောကာဘိဝံသ ၏ ၀ါကျွတ်ပြီမို့ ပြောင်းကြစို့ ဆိုတဲ့ ဆောင်းပါးလေးပါ။ သာကီသွေးဂျာနယ် အတွဲ (၂)၊ အမှတ်-၈ စာမျက်နှာနံပါတ် (၆-၇)မှ ကူးယူဖော်ပြပေးထားတာပါ။ ပြုပြင်သင့်တာတွေ ပြုပြင်နိုင်အောင်၊ ပြောင်းလဲသင့်တာတွေ ပြောင်းလဲနိုင်အောင်၊ ပျက်အစဉ် ပြင်ခဏဆိုသည့်အတိုင်း မပြင်ပဲနေရင် အစဉ်အမြဲ ပျက်နေမည်ဖြစ်ကြောင်းကို ဆောင်းပါးတစ်ပုဒ်အနေနဲ့ ဆရာတော်ဘုရားကြီးမှ ရေးသားဖော်ပြပေးထားတာဖြစ်ပါတယ်။


ဝါကျွတ်ပြီမို့ ပြောင်းကြစို့
မြတ်ဗုဒ္ဓသားတော် ရဟန်းသံဃာတော်များ ဤကျောင်းတိုက်မှာ ၀ါတွင်း(၃)လနေပါမည်ဟု နှုတ်ဖြင့်ရွတ်ဆိုခြင်းကြောင့် ၀ါဆိုခြင်းဟု ဝေါဟာရ ဖြစ်လာသည်။ ပါဠိလိုဝါသ မြန်မာလို နေခြင်း၊ ၀ါသမှ ၀ါနှင့် ဆိုခြင်းမှ ဆိုကိုယူ၍ ၀ါဆိုဟု ခေါ်ခြင်းဖြစ်သည်။ ၀ါဆိုလပြည့်ကျော် ၁-ရက်နေ့မှ သီတင်း ကျွတ်လပြည့်အထိ ၃-လကို ၀ါတွင်းကာလဟု မှတ်ရမည်။ သီတင်းကျွတ်လပြည့်ကျော် ၁-ရက်နေ့မှစ၍ ၀ါလကင်းလွတ် သီတင်းကျွတ်ဟု ဆိုသည်။ ဤအချိန်သည် အပြောင်းအလဲကာလ ဖြစ်သည်။ မိုးမှ ဆောင်းသို့ပြောင်းခြင်း၊ မိုးလေ၀သ အုံ့မှိုင်းကာလမှ ပွင့်လင်းရာသီသို့ ပြောင်းခြင်း၊ စွတ်စိုကာလမှ ခြောက်သွေ့ကာလသို့ပြောင်းခြင်း စသည်ဖြင့် အပြောင်း အလဲပေါင်းများစွာရှိသည်။
အချိန်သည် လူကိုမစောင့် ဆိုသည့်အတိုင်း အချိန်သည် မည်သူ့မျက်နှာမှ ငဲ့ညှာထောက်ထားပြီး စောင့်နေမည်မဟုတ်။ အချိန်ကျလျှင် ပြောင်း သွားမည်သာဖြစ်သည်။ ခေတ်ကာလအချိန်အခါ ပြောင်းသွားသောအခါ အခြေအနေအရပ်ရပ်လည်း ပြောင်းသွားမည်သာဖြစ်သည်။ အဟောင်းအဟောင်း တို့သည် အသစ်အသစ် ပြောင်းကြမည်သာဖြစ်သည်။ ပြောင်းသောအခါ အဆိုးဘက်ပြောင်းလျှင် အရှုံးပေါ်မည်။ အကောင်းဘက်ပြောင်းမှ အမြတ် ထွက်မည်။ အရာရာတိုင်းမှာ လူသာပဓာန ဖြစ်သည်။ လူက ပိုင်စိုးသည်။ ကောင်းအောင်လည်း လူကလုပ်နိုင်သည်။ မကောင်းအောင်လည်း လူကပင်လုပ် သည်။ လူတော်လူကောင်း နည်းပါးပြီး လူဖျင်း လူညံ့ လူဆိုးများ ပေါများသည့် အချိန်အခါနေရာဒေသကို ရည်ရွယ်၍ ကလိယုဂ်ဆုပ်ကပ် ဟုဆိုသည်။ တစ်ချို့က ကလိယုဂ်ဆုတ်ကပ်ဖြစ်၍ အဆိုးဘက်သာပြောင်းမှာပဲဟု ခေတ်ကာလအပေါ်မှာ အပြစ်ပုံချနေကြသည်။ ထိုအဆိုသည် လူဖျင်းလူညံ့များ၏ အဆိုသာဖြစ်သည်။
လူသာပဓာန ဆိုသည့်အတိုင်း လူကမလုပ်နိုင်သော အရာဟူ၍မရှိ၊ လူဖျင်းလူညံ့ကတော့ ဘာတစ်ခုမှ စွမ်းဆောင်နိုင်မည်မဟုတ်။ ကိုယ်ကျိုး ရှာသမားလည်း သူ့အတွက်သာလုပ်ရင်း ပတ်ဝန်းကျင်ဒုက္ခရောက်သောအခါ သူပါရောပြီး ဒုက္ခရောက်သွားရရှာသည်။ ဘုရားအလောင်းတော်တို့သည်- ငါဟာ ဒုက္ခမှလွှတ်မြောက်အောင်၊ စွမ်းနိုင်သူဖြစ်လျက်၊ ငါ့အတွက်သာမကြည့်သင့်၊ အားလုံး ဒုက္ခမှ လွှတ်မြောက်အောင် ကယ်တင်မည်။ (ဗုဒ္ဓ၀ံသ) ဟုဆုံးဖြတ်ကာ မရမနေ ကြိုးစားကြသည်။ ထို့ကြောင်း မိမိအပါအ၀င် ကျွတ်ထိုက်သူ သတ္တ၀ါအားလုံး ဒုက္ခမှ လွှတ်မြောက်ရသည်။ ယင်းသည်ထုံးစံကို စံနမှုနာယူရမည်။ စွမ်းရည်ပြည့်ဝသော အာဇာနည်လူသားသည် ဘာမဆိုမလုပ်နိုင်သည့် အရာဟူ၍မရှိ။
ကလိယုဂ်ဆုပ်ကပ် ဟုပြောနေကြသော ယနေ့မျက်မှောက်ကမ္ဘာ လောကကြီးမှာပင်- အချို့သောနိုင်ငံများသည် ကြီးပွားတိုးတက်ကြသည်။ အချို့နိုင်ငံများကတော့ ဆင်းရဲမွဲတေကာ ငရဲဘုံတမျှ အစာဆင်းရဲ၊ အနေဆင်းရဲ၊ ဒုက္ခခံစား နေကြရရှာသည်။
ဒါကိုကြည့်ခြင်းအားဖြင့် ခေတ်ကြောင့်လော လူကြောင့်လောဆိုသည်ကို ဆုံးဖြတ်နိုင်ပါလိမ့်မည်။ အချိန်သည် သူ့ဟာသူ ပြောင်းလဲနေမည် သာဖြစ်သည်။ ထိုပြောင်းလဲမှုကို အရှုံးနှင့်ပြောင်းလဲမည်လော၊ အမြတ်နှင့်ပြောင်းလဲမည်လောဟု ဆုံးဖြတ်ရမှာက လူသားများသာ ဖြစ်သည်။ ဇာတ်တော် ၌- လူဖျင်း လူညံ့များကို အချိန်က၀ါးမျိုသွားသည်။ လူစွမ်းကောင်းကတော့ အချိန်ကို အနိုင်ယူဝါးမျိုလိုက်သည်။ (ဇာ၊ ၁၊ ၆၈) (အဆိုပါဇာတ်တော်စကားကို အဋ္ဌကထာဆရာက အချိန်ကာလ၀ါးမျိုနိုင်သူအရ ရဟန္တာကို ရည်ရွယ်၍ ဖွင့်ခြင်းသည် ဥက္ကဋ္ဌနိဒ္ဒေသ နည်းဖြင့် ဖွင့်ပြခြင်းဖြစ်သည်။
အချိန်ကို အလဟဿမဖြစ်စေဘဲ စနစ်တကျ ကောင်းကျိုးရအောင် အသုံးချနိုင်သူမှန်သမျှ အနိုင်ရနေမည်သာဖြစ်သည်။ (သဗ္ဗတ္ထပရာဇီတာ၊ မင်္ဂလသုတ်)၊ ယနေ့ကမ္ဘာမှာ ကြီးပွားတိုးတက်နေသော ပုဂ္ဂိုလ်များ နိုင်ငံများတိုင်းသည် အချိန်ကိုအနိုင်ရအောင် လူတော်လူကောင်းများ ဦးဆောင်ခဲ့ခြင်း ကြောင့်ဖြစ်သည်။
ယခု ၀ါလကင်းလွတ် သီတင်းကျွတ်ပြီမို့ မြန်မာနိုင်ငံ၌ လလိုအပ်တာတွေပြောင်းလဲဖို့ မလွဲမသွေ အချိန်တန်နေပြီ။ “နိုင်ငံရေး လုပ်တယ်ဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်တာ”ဟု ဆရာကြီး ဒဂုန်တာရာပြောခဲ့သလို မြန်မာနိုင်ငံ၌ တာဝန်ရှိသူအချင်းချင်း တစ်ဦးနှင့်တစ်ဦး အပြစ်ဖို့ရန်ဖြစ် နေမည့်အစား သဘောထားကြီးစွာဖြင့် ရန်သူကို မိတ်ဆွေအဖြစ် လက်တွဲနိုင်အောင် ယုံကြည်မှုတည်ဆောက်ပေးကြဖို့ နားလည်ပေးကြဖို့ ပထမဆုံး ကြိုးစားရမည် ဖြစ်ပါသည်။ တစ်ဖက်နှင့် တစ်ဖက်မလျှော့လျှင်တော့ ပြတ်သွားမည်။ ပျက်သွားမည်။ ဆုံးရှုံးသွားမည်။ နိုင်ငံအတွက် လုပ်တာမှန်သမျှ နိုင်ငံ ရေးပင်ဖြစ်သည်၊ လုပ်သူမှန်သမျှလည်း နိုင်ငံရေးသမားများပင် ဖြစ်သည်ဆိုသည်ကို ဘယ်သူငြင်းနိုင်မလဲ. ရဟန် ရှင်လူ မည်သူမဆို မိမိ နိုင်ငံ၏အရေးကို သိထားရမည်။ စွမ်းနိုင်ရာက ပါဝင်ရမည်။ နိုင်ငံသားဖြစ်ပါလျက် နိုင်ငံ၏အရေးကို ကိုယ်နှင့်မဆိုင်သလိုနေလျှင် တာဝန်မဲ့သူသာဖြစ်သည်။ တာဝန်ရှိသူ တာဝန်မဲ့လျှင် ကားဒရိုင်ဘာ တာဝန်မဲ့ရာ၌ ကားတစ်စီးလုံးဒုက္ခရောက်ရသကဲ့သို့ ဖြစ်မည်။ ဒီမိုကရေစီသဘောအရ သူ့အမြင်ကိုယ့်အမြင် ကွဲပြားခွင့်ရှိ သော်လည်း ဦးတည်ချက်မှာ မြန်မာနိုင်ငံ၏ တိုင်းပြည်နှင့်လူမျိုး ကောင်းစားရေး ဦးတည်ချက်ကိုတော့ လုံးဝမမေ့သင့်ပေ။ တိုင်းပြည်နှင့်လူမျိုးအတွက် ကောင်းစားဖို့ လုပ်ရာမှာ-
၁။ လုပ်ချင်တာ ၂။ လုပ်သင့်တာ ၃။ လုပ်နိုင်တာ
၃-မျိုးတွင် လုပ်ချင်တာထက် လုပ်သင့်တာကို ဦးစားပေးရမည်။ လုပ်သင့်တာတွေထဲမှာလည်း လုပ်နိုင်သလောက်ကိုသာ ပထမ ဦးစားပေးရ မည်။ နောင် အသားကျသွားသောအခါ လုပ်သင့်တာတွေ ဆက်လက်လုပ်သွားရမှာသာ ဖြစ်သည်။ ကိုယ်လုပ်ချင်တာ တစ်ခုတည်းကို စွဲကိုင်ထားလျှင် ဒီမိုကရေစီဆိုသော်လည်း ဒမိုကရေစီမဖြစ်နိုင်ပါ။ အချိန်ကာလတစ်ခုကိုတော့ စိတ်ရှည်ရှည်ထားပြီး စောင့်ရမှာဖြစ်သည်။ ““ခုအပင်စိုက် ခုအသီးစားလို့မရ” ဆိုတဲ့သဘောကို မမေ့သင့်ပေ။ ယနေ့ မြန်မာနိုင်ငံ၌ လိုအပ်ချက်တွေ၊ ပြင်သင့်တာတွေ၊ ပြောင်းသင့်တာတွေကို မြန်မာနိုင်ငံသားများပင် ပြောင်းရမည် ဖြစ်သည်။ သူများအားကိုးနေ၍ ရမည်မဟုတ်။ ကိုယ့်လိုအပ်ချက်ပြင်ဖို့ဆိုတာ ကိုယ်ကိုယ်တိုင်သာ ပြင်ရမည်ဖြစ်သည်။ ဤအကြောင်းကို ဆရာကြီးဇော်ဂျီ က မင့်အိမ် ကဗျာဖြင့် လမ်းညွှန်ခဲ့သည်။

“မကောင်း မင့်အိမ်၊ ကောင်း မင့်အိမ်တည်။
မင်းအိမ် ရွှဲစို၊ အမိုးယိုသော်၊
မငြိုသင့်ပါ၊ မင်း တက်ဖာပေါ့၊
အကာ အခင်း၊ ပျက်ပြိုယွင်းသော်၊
မငြင်းစေချင်၊ မင်းဆက်ပြင်ပေါ့၊
အခွင်အနဲ့ အရွဲ့အစောင်း၊
မကောင်း မပြေ၊ ဟောင်းထွေထွေကို၊
အခြေနှင့် မျှ၊ ဥာဏ်ဖြင့်ဆ၍၊
လုံးလသက်သွင်း သစ်စေမင်း။”
ပြင်သင့်တာ မပြင်၊ ပြောင်းသင့်တာ မပြောင်းရင်တော့ ဘာမှဖြစ်လာမည်မဟုတ်။ “ပျက် အစဉ်၊ ပြင် ခဏ” ဆိုသည့်အတိုင်း မပြင်ဘဲထားရင် အစဉ်အမြဲ ပျက်နေမည်သာဖြစ်သည်။ ပြင်လိုက်ရင် ခဏချင်းပင် ပြောင်းလဲသွားမည်။ ၀ါလကင်းလွတ် သီတင်းကျွတ် ဆိုသောစကားက ပြင်ဖို့၊ ပြောင်းဖို့ အချိန်တန်ပြီဟု တပ်လှန့်နေသည်ကို တာဝန်ရှိသူတိုင်း သတိမှုသင့်ကြပြီ။ ငါ့စိတ်ကြိုက်သာ ဖြစ်ရမည်ဆိုလျှင် ဒီမိုကရေစီ ပြောနေသော်လည်း ပြောတဲ့သူ ကိုယ်တိုင်က အပြောနှင့်အလုပ် မညီတော့ပါ။ ထို့ကြောင့် ပြင်သင့်တာတွေ၊ ပြောင်းသင့်တာတွေ ပြောင်းဖို့အချိန်တန်နေပြီဟု တိုက်တွန်းရင်း ”၀ါကျွတ်ပြီမို့ ပြောင်းကြစို့” ဆောင်းပါးကို အဆုံးသတ် အပ်ပါသတည်း။

အရှင်တိလောကာဘိဝံသ (အင်းစိန်)
ရွာမပရိယတ္တစာသင်တိုက်၊ အင်းစိန်မြို့။
သီတင်းကျွတ်လပြည့်ကျော် ၁-ရက်၊ ၁၃၇၆-ခု၊
(အောက်တိုဘာ ၉၊ ၂၀၁၄) ကြာသပတေးနေ့။

Tuesday, October 7, 2014

၁၃၇၆-ခုနှစ်၊ သီတင်းကျွတ်လဆန်း(၁၄)ရက်၊ အင်္ဂါနေ့၊ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့၊ မဘသ(ဗဟို) ၀န်ထမ်းများစုပေါင်းပြီး ရွာမဆရာတော်ဘုရားကြီးအား ပူဇော်ကန်တော့ပွဲ ကျင်းပ။





၁၃၇၆-ခုနှစ်၊ သီတင်းကျွတ်လဆန်း(၁၄)ရက်၊ အင်္ဂါနေ့မှာ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့၊ မဘသ(ဗဟို) ၀န်ထမ်းများစုပေါင်းပြီး
ရွာမဆရာတော်ဘုရားကြီးအား ပူဇော်ကန်တော့ပွဲ ကျင်းပခဲ့ပါတယ်။
သီတင်းကျွတ်ပူဇာအဖြစ် ကန်တော့ခဲ့ကြတဲ့ မဘသ၀န်ထမ်းများကို
“သီတင်းကျွတ်ပြီမို့ ပြောင်းကြစို့” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆရာတော်ဘုရားကြီးက
အဖိုးတန် သြ၀ါဒစကား မိန့်ကြားပေးတော်မူခဲ့ပါတယ်။
ဝါတွင်းကာလမှ သီတင်းကျွတ်သွားတဲ့အချိန် အပြောင်းအလဲတစ်ခုမှာ ၀န်ထမ်းများအနေနဲ့လည်း ပိုကောင်းတဲ့ အပြောင်းအလဲတစ်ခုဆီကို ချီတက်ရင်း
အမျိုး ဘာသာ သာသနာအတွက် စွမ်းနိုင်တဲ့ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ် မြတ်တွေဖြစ်ဖို့ ကြိုးစားသွားရမယ့်အကြောင်း ဆရာတော်ဘုရားကြီးက ဆုံးမသွားတော်မူခဲ့တာပါ။
ဒီလိုဆုံးမတဲ့နေရာမှာ ဆရာဇော်ဂျီရဲ့ ကဗျာတစ်ပုဒ်ကို ကိုးကားရှင်းပြရင်းနဲ့ မိန့်ကြားတော်မူသွားခဲ့တဲ့အတွက် မဘသ၀န်ထမ်းများအားလုံး သာဓုအနုမောဒနာ ခေါ်ခဲ့ကြရပါတယ်။

မင်းအိမ်ရွှဲစို အမိုးယိုသော်
မညိုသင့်ပါ မင်းတက်ဖာပေါ့။
အကာအခင်း ပျက်ပြိုယွင်းသော်
မငြင်းစေချင် မင်းဆက်ပြင်ပေါ့။
အခွင်အနဲ့ အရွဲ့အစောင်း
မကောင်းမပြေ ဟေင်းထွေထွေကို
အခြေနှင့်မျှ ဥာဏ်ဖြင့်ဆ၍
လုံ့လသက်သွင်း သစ်စေမင်း။
ဆိုတဲ့ ဆရာဇော်ဂျီရဲ့ တိုက်တွန်းကဗျာလေးကို ရွတ်ဆိုကိုးကားပြီး သြ၀ါဒပေးတော်မူခဲ့တဲ့
ဆရာတော်ကြီးရဲ့ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ကို
ရုံးဝန်ထမ်းများအားလုံး ခြေတော်စုံဦးခိုက်ပြီး ရှိခိုးကန်တော့လိုက်ရပါသည်
ဆရာတော်အရှင်မြတ်ကြီးဘုရား။ ။

Friday, October 3, 2014

မဘသ(ဗဟို) စာအမှတ်-၁၄/စီမံ-မဘသ/၂၀၁၄ သဘောထားထုတ်ပြန်ချက် ( English Version)

ORGANIZATION FOR THE PROTECTION OF NATIONAL RACE AND RELIGION (OPNRR) CENTRE
REPUBLIC OF THE UNION OF MYANMAR
Office : Ywama Pariyatti Monastery Institute, Bayint Naung Road, Insein Township, Yangon Region,
Ph:09-250044612
Opinion Statement of OPNRR (CENTRE)

1. Superior merciful Lord Buddha preached that :
(A) Between on the way of Jetavana and sarwitti region, not to persecute and torture sentient being while the children were beating a snake, it can not be pleased as every sentient being wants delightful bliss.(Ku-1, 89-Danda Sutta)
(B) This is mischief by killing and offering bovines, goats and sheep in sacrifice. This misdeed is abstained by noble-minded people. It gives much refinement and benefit by offering in sacrifice unless persecution and torture the sentient being. Such a sort of offering in sacrifice is honoured by noble-minded people.(Sam-1,76-Yana Sutta)
(C) The noble-minded person never persecutes and kills others.(Di-2, 42-so on)
(D) Whichever any sentient beings must not be killed.(Those Pitaka Pali)

2. Not only Buddha but also other gods do not want to persecute and kill other.
3.In the world we are living, there are enormous sentient being inhabitants including human and must be kept compassion and give help each other. It should not be required and should not be had at all that one creature persecutes and kills on other one.
4. There have criminal acts in many country including Myanmar not only the human being, but for the animals are not to be persecuted and be killed. There also have preventive societies which is animal rights to prevent them.
5. We are grateful and indebted to bovines because they always struggle arduously by their body for the people’s food provisions.
Therefore we declare our opinion statement of persecution and killing to those bovines are not granted by the Organization for the Protection of National Race and Religion Centre (OPNRR-Centre) in any reasons and this case is to be carried out necessary precaution by the officials prudently.


Registered No-0014/Simun-Mabatha/2014                        Bahdanta Tilawkar Biwonsa
Date : 9th Waxing of Thadingyut 1376 ME,                          Chairman, OPNRR (Centre)
02nd October 2014,    Thursday                                              Agga Maha Pantita, State Awvadar Cariya
                                                                                                     Ywama Pariyatti Institute, Insein                                                                                                                                                                                                                                                                                                                                     

                                                                                                              
                                                                                                                                                                         
                                  

Thursday, October 2, 2014

အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို)၏ သဘောထားထုတ်ပြန်ချက် (စာအမှတ်-၁၄/၂၀၁၄) စီမံ-မဘသ

                      အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို)၏
                                         သဘောထားထုတ်ပြန်ချက်


၁။ မဟာဂရုဏာရှင် မြတ်ဗုဒ္ဓသည်-
(က) သာဝတ္တိနှင့် ဇေတ၀န်အကြား ကလေးများ မြွေကို တုတ်ဖြင့်ရိုက်နှက်နေသည်ကို မြင်ရာ၌ သတ္တ၀ါတိုင်း ချမ်းသာသုခကို လိုလားသည်ဖြစ်၍ သူများကို ညှဉ်းဆဲနှိပ်စက်ခြင်းဖြင့် ချမ်းသာသုခမရနိုင် ဟုလည်းကောင်း၊ (ခု-၁၊ ၈၉-ဒဏ္ဍသုတ်)
(ခ) နွား၊ ဆိတ်၊ သိုး သတ္တ၀ါတို့ကိုသတ်၍ ယဇ်ပူဇော်ခြင်းသည် အကျိုးမဲ့သာဖြစ်သည်။ ထိုယဇ်ပူဇော်မှုကို သူတော်ကောင်းများ ရှောင်ကြဉ်ကြသည်၊ သက်ရှိသတ္တ၀ါကို ညှဉ်းဆဲမှုမပါသည့် ယဇ်ပူဇော်မှုသည်သာ မွန်မြတ်သည်၊ အကျိုးများသည်၊ ထိုယဇ်ပူဇော်မှုမျိုးကိုသာ သူတော်ကောင်းတို့ ချီးမွမ်းကြသည် ဟုလည်းကောင်း၊ (သံ-၁၊ ၇၆-ယညသုတ်)
(ဂ) သူတော်ကောင်းသည် သူတစ်ပါးကို သတ်ဖြတ်ညှဉ်းဆဲမှုမပြု ဟုလည်းကောင်း၊ (ဒီ-၂၊ ၄၂-စသည်)
(ဃ) သက်ရှိသတ္တ၀ါမှန်သမျှ မည်သည့်သတ္တ၀ါမျှ မသတ်ရ ဟုလည်းကောင်း၊ (ထိုထို ပိဋကတ်ပါဠိ တော်)
မိန့်ကြားထားသည်။
၂။ ဗုဒ္ဓသာမက အခြားသော မည်သည့်ဘုရားကမှလည်း သူတစ်ပါးအား သတ်ဖြတ်ညှဉ်းဆဲ နှိပ်စက်ခြင်းကို လိုလားမည်မဟုတ်ပါ။
၃။ ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာလောကကြီး၌ လူသားအပါအ၀င် သက်ရှိသတ္တ၀ါများစွာ မှီတင်းနေထိုင် ကြသည်ဖြစ်၍ အချင်းချင်း ငဲ့ညှာသနား ဖေးမကူညီကြရမည်သာ ဖြစ်သည်၊ သက်ရှိသတ္တ၀ါတစ်ဦးက သက်ရှိသတ္တ၀ါတစ်ဦးအပေါ် ညှဉ်းဆဲသတ်ဖြတ် နှိပ်စက်ခြင်းသည် ကမ္ဘာလောကကြီးအတွက် လုံးဝ မလိုလားအပ်သော မရှိသင့်သော အရာပင်ဖြစ်သည်။
၎။ လူသားသတ္တ၀ါကို မဆိုထားနှင့် တိရိစ္ဆာန်များကို ညှဉ်းဆဲသတ်ဖြတ် နှိပ်စက်ခြင်းမပြုရန် တားမြစ်ထား သော ရဲဥပဒေ မြန်မာနိုင်ငံအပါအ၀င် နိုင်ငံအတော်များများ၌ရှိသည်။ တိရစ္ဆာန်အခွင့်အရေး ကာကွယ် စောင့်ရှောက်သည့် လူမှုအဖွဲ့အစည်းများလည်းရှိသည်။
၅။ ကျွဲ၊ နွားများသည် လူသားများ စားနပ်ရိက္ခာအတွက် ဆင်းရဲပင်ပန်းစွာ ခန္ဓာကိုယ်ဖြင့်ရင်း၍ ရုန်းကန်လုပ် ကျွေးပေးနေသော ကျေးဇူးရှင်များလည်းဖြစ်သည်။
ထို့ကြောင့် မည်သည့်အကြောင်းဖြင့်ဖြစ်စေ ကျွဲ၊ နွားများ ညှဉ်းဆဲသတ်ဖြတ် နှိပ်စက်ခြင်းကို အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ကြီး (ဗဟို)က သဘောမတူကြောင်းနှင့် တာဝန်ရှိသူများက လိုအပ်သလို ထိန်းထိန်းသိမ်းသိမ်း တာဝန်ယူဆောင်ရွက်ပေးပါရန် သဘောထားထုတ်ပြန်လိုက်သည်။

စာအမှတ် ၊ ၀၀၁၄/စီမံ-မဘသ/၂၀၁၄
နေ့စွဲ ၊ ၁၃၇၆-ခု၊ သီတင်းကျွတ်လဆန်း ၉-ရက်
(အောက်တိုဘာ-၂)၊ ကြာသပတေးနေ့
ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့ (ဗဟို)၊
အဂ္ဂမဟာမဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။