Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Tuesday, June 28, 2016

အမျိုးစောင့်ဥပဒေ၏ မျှတမှု



_________________

ဤအမျိုးစောင့်ဥပဒေ၌--

၁။ ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးများ မည်သူနှင့်လက်မထပ်ရဟု ကန့်သတ်ချုပ်ချယ်ခြင်း မရှိပါ။

၂။ အမျိုးစောင့်ဥပဒေသည် ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးများအတွက် ကန့်သတ်ချုပ်ခြယ်သည့် ဥပဒေမဟုတ်၊ အကာ အကွယ်ပေးသည့် ဥပဒေသာဖြစ်သည်။

၃။ အမျိုးစောင့်ဥပဒေမရှိလျှင် ဘာသာခြားများ၏ ဥပဒေအတိုင်းသာ ဆုံးဖြတ်ခံနေရသောကြောင့် ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးများ အခွင့်အရေး ဆုံးရှုံးနစ်နာခဲ့ရသည်။

၎။ အမျိုးစောင့်ဥပဒေသည် ကိုယ့်ဘာသာ, ကိုယ့်လူမျိုးကို ကာကွယ်ပေးခြင်းသာ ဖြစ်သည်။ အခြားဘာသာ အခြား လူမျိုးများကို နှောက်ယှက်ဟန့်တားခြင်း လုံးဝမရှိ။

၅။ အတင်းအကြပ် ဘာသာကူးပြောင်းခြင်းမျိုး မရှိတော့ဘဲ မိမိတို့ ယုံကြည်ချက်ဖြင့် လွတ်လပ်စွာ ကိုးကွယ်ခွင့် ရှိသည်။

၆။ မြန်မာနိုင်ငံအတွင်း လူဦးရေ ထိန်းညှိပေးခြင်းကြောင့် ဆင်းရဲမွဲတေမှုနှင့် စီးပွားရေးကြပ်တည်းမှုများပါ လျော့ချ နိုင်ပြီး နိုင်ငံတော်လည်း ဖွံ့ဖြိုးတိုးတက်ကာ လူမျိုးရေးဝါးမျို မှုကိုပါ လျော့ကျစေနိုင်လေသည်။

လက်ရှိဗုဒ္ဓဘာသာ အိမ်ထောင်ခန်းဥပဒေသည် ပြဋ္ဌာန်း ဥပဒေမဟုတ်ဘဲ ဓလေ့ထုံးတမ်းဥပဒေသာ ဖြစ်သည်၊ အခြားဘာသာ သုံးခုတို့၏ ဥပဒေသည် ပြဋ္ဌာန်းဥပဒေအဖြစ် လက်ခံထားပြီး သားဖြစ်သည်၊ ဓလေ့ထုံးတမ်းဥပဒေနှင့် ပြဋ္ဌာန်းဥပဒေများ ယှဉ်လာလျှင်၊ အမှုအခင်း များဖြစ်လာလျှင် ပြဋ္ဌာန်းဥပဒေကသာ အသာစီးရနေသည့် သဘောကိုတွေ့နေရသည်။ ထိုသို့ တစ်ဖက်စွန်းသက်သက် မဖြစ်စေဘဲ မျှမျှတတဖြစ်အောင် ပြဋ္ဌာန်းဥပဒေအဖြစ် တောင်းဆိုထားတာဖြစ်ခြင်းကြောင့် ဤအမျိုးစောင့် ဥပဒေသည် တရားမျှတပါကြောင်း သိစေအပ်ပါသည်။
Arkar

Thursday, June 23, 2016

လူမျိုးလိမ် လူမျိုးညာများဖြစ်သည့် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်မှ မွတ်စလင်အသိုင်းအ၀ိုင်း ဟု တရားဝင်သုံးနှုန်းထားမှုအပေါ် မဘသအဖွဲ့(ဗဟို)၏ သဘောထား ထုတ်ပြန်ချက်


သဘောထား ထုတ်ပြန်ချက်
(က) ၂၀၁၆-ခုနှစ်၊ ဇွန်လ ၁၇-ရက်နေ့ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့၌ ကျင်းပခဲ့သော ၃၂-ကြိမ်မြောက် လူ့အခွင့်အရေး ကောင်စီညီလာခံတွင် မြန်မာနိုင်ငံ အစိုးရကိုယ်စားလှယ် ဒေါ်သက်သင်ဇာထွန်းက ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများအရေးနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်မှ မွတ်ဆလင်အသိုင်းအ၀ိုင်းဟု သုံးနှုန်းပြောဆိုရန် တင်သွင်းခဲ့ခြင်းသည်လည်းကောင်း
(ခ)၂၁.၆.၂၀၁၆-ရက်နေ့ထုတ် Tomorrow News Journal ၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျက-ကမ္ဘာ့ကုလသမဂ္ဂမှ ကျင်းပသည့် အစည်းအဝေးများအပါအ၀င် နိုင်ငံတကာအစည်းအဝေးများ၌ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်မှ မွတ်စလင်အသိုင်းအ၀ိုင်း ဆိုသည့် စကားလုံးဝေါဟာရကို တရားဝင်ဆက်လက် အသုံးပြုသွားမည်ဖြစ်ကြောင်းဟု ပြောဆိုခြင်းသည်လည်းကောင်း-
(၁) အခြေခံဥပဒေ ပုဒ်မ ၃၆၄-ကို ချိုးဖောက်ရာရောက်နေပါသည်။
(၂) ဒါတွင်မက ရခိုင်ပြည်နယ်မှ မွတ်ဆလင်အသိုင်းအ၀ိုင်းဟု တိုင်းရင်းသားလူမျိုးသစ်တစ်မျိုးပုံစံ ဖန်တီးပုံဖော်ရာရောက်ခြင်းကြောင့် ၁၉၇၃-ခုနှင့် ၁၉၈၃-ခု သန်းခေါင်စာရင်းများအရ တိုင်းရင်းသား ၁၃၅-မျိုးကိုသာ ခေတ်အဆက်ဆက် အစိုးရအဆက်ဆက် ထုတ်ပြန်ထားသော ပြန်တမ်းများ မှတ်တမ်းများကိုလည်း ချိုးဖောက်ရာ ရောက်နေပါသည်။
(၃) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အမျိုးသားရင်ကြားစေ့ရေး၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် ပြည်ထောင်စုစိတ်ဓာတ်ကို ပျက်စီးစေသဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် အဟန့်အတားဖြစ်စေရုံမက ပြည်ထောင်စုဖွားတိုင်းရင်းသားများအပေါ် သစ္စာမဲ့မှုတစ်ခုလည်း ဖြစ်ပါသည်။
အဆိုပါ အကြောင်းများကြောင့် အထက်ဖော်ပြပါ က,ခ လာ ပြောဆိုရှင်းလင်းချက်များကို လုံးဝ လက်မခံနိုင်ကြောင်း မြန်မာတစ်မျိုးသားလုံး, တိုင်းရင်းသား (၁၃၅)မျိုး၏ သဘောဆန္ဒနှင့် တစ်ထပ်တည်းရှိနေမည်ဖြစ်ကြောင်း၊ အမျိုးသားရေးကို အစဉ်တစ်စိုက် လက်ကိုင်ပြု ကိုင်တွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း၊ တိုင်းပြည်နှင့်လူမျိုး ချစ်သူတိုင်းကလည်း ၀ိုင်းဝန်း ကာကွယ်ပေးကြဖို့လိုကြောင်း ရဟန်းရှင်လူ ပြည်သူ အားလုံး၏ကိုယ်စား မိမိတို့ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး မဘသအဖွဲ့ကြီး(ဗဟို)မှ သဘောထားထုတ်ပြန် ကြေညာလိုက်ပါသည်။
စာအမှတ်၊ ၀၀၀၈/စီမံ-မဘသ/၂၀၁၆
နေ့စွဲ၊ ၁၃၇၈-ခု၊ နယုန်လပြည့်ကျော် ၃-ရက်
(ဇွန်လ ၂၃-ရက်၊ ၂၀၁၆)၊ ကြာသပတေးနေ့
ဦးဆောင်ဆရာတော်များ
မဘသ(ဗဟို)
Arkar

Tuesday, June 21, 2016

နိုင်ငံ့သစ္စာစောင့်သိသူ ကောက်နုတ်ချက် (အပိုင်း-၄)


Those Disloyal to the Nation (၃) နိုင်ငံ့သစ္စာဖောက်သူများ (၂) (အရှင်တိလောကာဘိဝံသ- နိုင်ငံသစ္စာစောင့်သိသူ ၁+၂ အင်္ဂလိပ်/မြန်မာ ဘာသာပြန် ကောက်နုတ်ချက် အပိုင်း-၄)

Those Disloyal to the Nation (3)
Ashin Tilkabhivamsa (Insein)

Every Myanmar citizen must protect and safeguard the race and religion of Myanmar. If they do not protect or safeguard the race and religion, or take support from any foreign power, they are surely traitors of Myanmar.
The politicans, persons only in title of Myanmar political leaders, also have the duty to protect and safeguard the race and religion ( the teachings of the Buddha) of Myanmar. If they, without performing that duty, help and take side of the national traitors, they are also traitors of Myanmar. It means they damage the race and religion of Myanmar.

နိုင်ငံ့သစ္စာဖောက်သူများ (၃)
အရှင်တိလောကာဘိဝံသ(အင်းစိန်)၊ ဥက္ကဋ္ဌ (မဘသ-ဗဟို)

မြန်မာနိုင်ငံသားတိုင်းသည် မြန်မာနိုင်ငံ၏ အမျိုး ဘာသာ သာသနာကို ကာကွယ်ရမည်၊ စောင့်ရှောက်ရမည်၊ မြန်မာနိုင်ငံ၏ အမျိုး ဘာသာ သာသနာကို မကာကွယ် မစောင့်ရှောက်ဘဲ ဖျက်လိုဖျက်ဆီး လုပ်လျှင်သော်လည်းကောင်း၊ တိုင်းတပါး၏ သြဇာခံ အထောက်အပံ့ခံ ဖြစ်လျှင် သော်လည်းကောင်း မြန်မာ့နိုင်ငံ့သစ္စာဖောက် ဧကန်ဖြစ်မည်။
မြန်မာ့နိုင်ငံရေးခေါင်းဆောင်အမည်ခံ နိုင်ငံရေးသမားများသည် လည်း မြန်မာနိုင်ငံ၏ အမျိုး ဘာသာ သာသနာကို ကာကွယ် စောင့်ရှောက်ဖို့ တာဝန်ရှိသည်၊ မကာကွယ် မစောင့်ရှောက်ဘဲ တိုင်းတပါး၏ သြဇာခံ အထောက်အပံ့ခံ နိုင်ငံ့သစ္စာဖောက်များကို-
အားပေးလျှင် ကူညီလျှင် သူတို့ဖက်က ရပ်တည်ပေးလျှင် မြန်မာ့အမျိုး ဘာသာ သာသနာကို ဖျက်ဆီးရာ ရောက်သည့်အပြင် မြန်မာနိုင်ငံ့ သစ္စာဖောက်လည်း ဧကန်ဖြစ်မည်သာ။
(AK)
Arkar

ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကိစ္စနှင့်ပတ်သက်၍ မဘသအဖွဲ့(ဗဟို)၏ တိုက်တွန်းနှိုးဆော်ချက်



မဘသ(ဗဟို) သုံးနှစ်ပြည့် နှစ်ပတ်လည် စုံညီ, ညီလာခံ ကြီး၏ သဘောထားကြေညာချက်(၈)ရပ်ထဲတွင် နိုင်ငံတော် အစိုးရအနေဖြင့် ခိုးဝင်ဘင်္ဂါလီများကို တားဆီးနိုင်ရန်အတွက် တည်ဆောက်ဆဲ ''ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး''ကို ပြည်သူ လူထုအကူအညီရယူ၍ ဆက်လက်တည်ဆောက်ပေးခြင်း၊ နယ်ခြားဂိတ်များကို စနစ်တကျစစ်ဆေးခြင်းများ ပြုလုပ်ကြရန်အတွက် မဘသအဖွဲ့ကြီးမှ တိုက်တွန်းခဲ့ပါသည်။

အကယ်၍ နိုင်ငံတော် တာဝန်ရှိသူများအနေဖြင့် အဆိုပါကိစ္စ မလုပ်ဆောင်နိုင်ပါက မဘသအဖွဲ့မှနေ၍ ကြိုးစားကူညီဆောင်ရွက်ပေးရန် ရည်မှန်းထားသော်လည်း ''ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး''ကိစ္စအတွက် အစိုးရမှ ဆက်လက်ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း သိရပါသည်။

သမ္မတဦးထင်ကျော်ဦးဆောင်သော အစိုးရသစ်လက်ထက် ဘဏ္ဍာရေး ကော်မရှင် အစည်းအဝေးကို နေပြည်တော်ရှိ သမ္မတ အိမ်တော်၌ ဇွန်လ ၁၅-ရက်နေ့ ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့ပြီး ယင်းအစည်းအဝေး၌ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်း ရိုးကာရန်နိုင်ရန် နိုင်ငံတော်အနေနှင့် ကျပ်ငွေသန်းပေါင်း တစ်သိန်း ခုနှစ်သောင်းနီးပါး အသုံးပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါသည်။

အဆိုပါကိစ္စအတွက် သက်ဆိုင်ရာတာဝန် ရှိသူများ၏ အစီအစဉ်ကို မဘသအဖွဲ့ကြီးအနေဖြင့် ဝမ်းမြောက် ဝမ်းသာ ကြိုဆိုကြောင်း၊ မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာမည့် ခိုးဝင်ဘင်္ဂါလီများကို တားဆီးနိုင်ရန်အတွက် ပြည်သူလူထုအနေဖြင့်လည်း စွမ်းနိုင်သမျှ ပူးပေါင်းပါဝင်ကြရန် လိုအပ်ကြောင်း၊ ထို့အတူ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ကြီးအနေဖြင့် နယ်စပ်ခြံစည်းရိုးကိစ္စအတွက် လိုအပ်လာပါက ပြည်သူလူထု၏ အင်အားနှင့်အတူ ပါဝင်ကူညီဆောင်ရွက်ပေးရန် အဆင်သင့် ရှိနေပါကြောင်း အသိပေးလိုပါသည်။
(မဘသ-ဗဟို)
AK..

Arkar

Monday, June 20, 2016

နိုင်ငံ့သစ္စာစောင့်သိသူ ကောက်နုတ်ချက် (အပိုင်း-၃)

Those Disloyal to the Nation (2) နိုင်ငံ့သစ္စာဖောက်သူများ (၂) (အရှင်တိလောကာဘိဝံသ- နိုင်ငံသစ္စာစောင့်သိသူ ၁+၂ အင်္ဂလိပ်/မြန်မာ ဘာသာပြန် ကောက်နုတ်ချက် အပိုင်း-၃)

Those Disloyal to the Nation (2)

The politicians and those who want to be national leaders must protect and safeguard every citizen loyal to the nation. If they help and support national traitors, those politicians and national leaders are also national traitors.
Now some politicians, so-called Myanmar political leaders, favour those professing different religions and taking order from foreign powers. They are keeping silent or shutting their mouths about the faults of those, only putting the blame on our own race and religion.
Those politicians are traitors of Myanmar. Beware of it!
_______________________________________________

နိုင်ငံ့သစ္စာဖောက်သူများ (၁)

နိုင်ငံရေးသမား, နိုင်ငံ့ခေါင်းဆောင်လုပ်လိုသူများသည် နိုင်ငံ့သစ္စာစောင့်သိသူ နိုင်ငံသားတိုင်းအပေါ် ကာကွယ်စောင့်ရှောက် ပေးဖို့ လိုအပ်သည်မှတ်သော်လည်း နိုင်ငံခြားသားအမည်ခံ နိုင်ငံ့သစ္စာဖောက်သူများကို အားပေးလျှင်, ကူညီလျှင် ယင်းနိုင်ငံရေးသမား နိုင်ငံ့ခေါင်းဆောင်များသည်လည်း နိုင်ငံ့သစ္စာဖောက်များဖြစ်သည်။
ယခုအခါမှာ မြန်မာ့နိုင်ငံရေးခေါင်းဆောင်အမည်ခံ နိုင်ငံရေးသမားအချို့သည် တိုင်းတပါးသြဇာခံ အထောက်အပံ့ခံ ဘာသာခြား များဘက်က ရပ်တည်ပေးနေကြသည်၊ လူမျိုးခြား ဘာသာခြားတို့၏ အပြစ်ကို ရေငုံနှုတ်ပိတ်နေကြသည်၊ ကိုယ့်လူမျိုး ကိုယ့်ဘာသာ ဘက်ကိုသာ အပြစ်ပုံချပေးနေကြသည်။
အဆိုပါ နိုင်ငံရေးသမားများသည် မြန်မာနိုင်ငံ့သစ္စာဖောက်များ ဖြစ်နေကြသည်၊ သတိပြုမိကြပါစေ။
Arkar

Thursday, June 16, 2016

Those Disloyal to the Nation (1) နိုင်ငံ့သစ္စာဖောက်သူများ (၁) (အရှင်တိလောကာဘိဝံသ- နိုင်ငံသစ္စာစောင့်သိသူ ၁+၂ ကော်နုတ်ချက် အပိုင်း-၂)

  Those Disloyal to the Nation (1)
As the saying goes, those who eat the edge of the leather sheet while sleeping on it and break the branches of the tree under which they stay (take shelter in the shade) are the same as those who keep animal’s mind and ars disloyal to the nation. While living in Myanmar, drinking Myanmar water, eating Myanmar rice and taking shelter of Myanmar, some people serve other people and other religions, and therefore they are national traitors.
The people who help, support and protect those national traitors, whoever they are-monks, nuns, lay people, politicians. Businesspersons, national leaders, Hluttaw representatives or artists, are also national traitors.
All patriots who admire our own nationality and religion has the duty to avoid, reject and not to vote such traitors, and must take this duty.

နိုင်ငံသစ္စာဖောက်သူများ (၁)

အရိပ်နေနေ အခက်ချိုးချိုး၊ သားရေပေါ်အိပ် သားရေနားစား လုပ်သူများသည် တိရစ္ဆာန်စိတ်မွေးသူများဖြစ် သည်၊ နိုင်ငံ့သစ္စာ ဖောက်သူများဖြစ်သည်၊ မိမိက မြန်မာနိုင်ငံ မှာနေ, မြန်မာ့ရေသောက်, မြန်မာ့ဆန်စား, မြန်မာ့အရိပ်ခိုနေပါလျက် အခြားနိုင်ငံ, အခြားလူမျိုး အခြားဘာသာအတွက် အကျိုးဆောင်နေသူများသည် နိုင်ငံ့သစ္စာဖောက်ဖျက်သူများဖြစ်သည်။

နိုင်ငံသစ္စာဖောက်သူများကို အားပေးနေသူ, ကူညီနေသူ, ဖေးမနေသူ, စောင့်ရှောက်ပေးနေသူများသည်လည်း ရဟန်းဖြစ်စေ၊ ရှင်ဖြစ်စေ၊ လူဖြစ်စေ၊ နိုင်ငံရေးသမားဖြစ်စေ၊ စီးပွားရေးသမားဖြစ်စေ၊ နိုင်ငံခေါင်းဆောင်ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်ဖြစ်စေ၊ အနုပညာရှင်ဖြစ်စေ၊ ဘယ်သူမဆို နိုင်ငံ့သစ္စာဖောက်သူများဖြစ်သည်။

ထိုသူများကို ဝိုင်းပယ်ဖို့, အားမပေးဖို့, မဲမပေးဖို့ အမျိုး ဘာသာ သာသနာ ချစ်သူတိုင်း, နိုင်ငံချစ်သူတိုင်း တာဝန်ရှိသည်၊ တာဝန်ယူကြရမည်။
Arkar

မဘသ(ဗဟို) ဥက္ကဋ္ဌဆရာတော်ကြီး၏ နိုင်ငံ့သစ္စာစောင့်သိသူ (၁+၂) စာအုပ်မှ အင်္ဂလိပ်/မြန်မာ ဘာသာပြန် ကောက်နုတ်ချက် (၁)



The One Loyal to the Nation (1)
 
It must be said that those who appreciate the gratitude of the country where they live and protect it are the ones loyal to the nation. Every citizen has the duty and responsibility to safeguard the sovereignty, the nationality and religion, and the culture of the country where he or she lives, and also the duty to oppose those who cause violation.
________________________________________________
နိုင်ငံသစ္စာစောင့်သိသူ (၁)
 
မိမိနေထိုင်ရာနိုင်ငံ၏ ကျေးဇူးသစ္စာကို လိုက်နာသူ, စောင့်ထိန်းသူ ကာကွယ်သူများကို နိုင်ငံ့သစ္စာစောင့်သိသူဟု ဆိုရမည်။ နိုင်ငံသားတိုင်းသည် မိမိနေထိုင်ရာနိုင်ငံ၏ အချုပ်အခြားအာဏာကို၊ အမျိုး ဘာသာ သာသနာ ကို၊ ယဉ်ကျေးမှုကို လိုက်နာဖို့ စောင့်ထိန်းဖို့ ကာကွယ်ဖို့၊ သစ္စာစောင့်ဖို့ တာဝန်ရှိသည်၊ ထိပါးနှောက်ယှက်သူများကိုလည်း တွန်းလှန်ဖို့ တာဝန်ရှိသည်။

Arkar

Wednesday, June 8, 2016

ခေါင်းဆောင် (အရှင်တိလောကာဘိဝံသ)

 
ခေါင်းဆောင
______________
(အရှင်တိလောကာဘိဝံသ)
ဥက္ကဋ္ဌ၊ မဘသ(ဗဟို)
- - - - - - - - - - -
သာကီသွေးဂျာနယ် အတွဲ(၃)၊ အမှတ်(၂၃)မှ ဖော်ပြပါသည်။
ခေါင်းဆောင်ဆိုသည်မှာ မိမိဦးဆောင်ရမည့် အသိုက်အဝန်းအစုအဖွဲ့အတွက် ဦးဆောင်ဦးရွက်ပြုနိုင်သည့် ပုဂ္ဂိုလ်ကို ဆိုလိုသည်။ မိသားစု ခေါင်းဆောင်၊ ကျေးရွာခေါင်းဆောင်၊ မြို့နယ်၊ ခရိုင်၊ ပြည်နယ်နှင့်တိုင်း ခေါင်းဆောင်၊ နိုင်ငံ့ခေါင်းဆောင်၊ ကမ္ဘာ့ခေါင်းဆောင်စသည်ဖြင့် ခေါင်းဆောင်အမျိုးမျိုးရှိနိုင်သည်။ မည်သည့်ခေါင်းဆောင်မဆို မိမိတာဝန်ယူ ဦးဆောင်ရမည့် အသိုက်အဝန်း၏အကျိုးကို ပထမဦးစားပေးရမည်။ ကျန်သောအစုအဖွဲ့များအတွက်ကား သင့်လျော်ရုံမျှ မကင်းရာမကင်းကြောင်း ဒုတိယဦးစားပေးအနေဖြင့် ဦးဆောင်နိုင်သလောက် ဦးဆောင်ပေးဖို့ လိုအပ်သည်။
မိသားစုခေါင်းဆောင်သည် မိမိ,မိသားစု၏ လိုအပ်ချက်အရေးအရာမှန်သမျှ မလွဲမသွေ တာဝန်ယူရမည်သာဖြစ်ပါသည်။ တာဝန်ယူဆိုရာမှာ ကိုယ်ကိုယ်တိုင် တာဝန်ယူသင့်တာ တာဝန်ယူရမည်။ ညွှန်ကြားသင့်တာ၊ စေခိုင်းသင့်တာ၊ လွှဲသင့်တာစ သည်တို့ကိုလည်း လိုအပ်သလိုစီမံရမည်။ တာဝန်ယူရမည့် လိုအပ်ချက်ဆိုသည်မှာလည်း မိမိ,မိသားစုအပေါ် ကျရောက်ဆဲ၊ ကျရောက်လတ္တံ့သော အန္တရာယ်များကိုလည်း ကာကွယ်ပေးဖို့ လိုအပ်သည်။ မိမိ,မိသားစု ကြီးပွားအောင်၊ ချမ်းသာအောင်၊ အောင်မြင်အောင်၊ ပြည့်စုံအောင်၊ အဆင်ပြေအောင် စသည်တို့ကိုလည်း ဆောင်ရွက်ပေးဖို့ လိုအပ်သည်။ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး စသည် ပြည့်စုံအောင် ဆောင်ရွက်ပေးဖို့လည်း လိုအပ်သည်။ မိမိ,မိသားစု မကောင်းကျိုးပျောက်၊ ကောင်းကျိုးရောက် အောင် ဆောင်ရွက်ပေးဖို့ တာဝန်ယူရမည်ဟု ဆိုလိုသည်။
ခေါင်းဆောင်တိုင်းသည် မိမိတာဝန်ယူရမည့် သက်ဆိုင်ရာ အစုအဖွဲ့အသိုက်အဝန်း၏ တာဝန်ကို ဦးစားမပေးဘဲ အခြားအစုအဖွဲ့ အသိုက်အဝန်း၏ တာဝန်ကိုသာ ဦးစားပေးမည်ဆိုလျှင်-
လုပ်သင့်တာကို မလုပ်၊ မလုပ်သင့်တာကို လုပ်သူသည် လူ့ဗာလဖြစ်သည်၊
ဟု အင်္ဂုတ္တရနိကာယ် ဧကနိပါတ် ဗာလဝဂ် (အံ-၁၊ ၈၂)၌ မြတ်ဗုဒ္ဓ ဟောကြားထားသည်။ ထိုသူမျိုးကို လောက၌ မယောင်ရာဆီလူး၊ တလွဲ ဆံပင်ကောင်း၊ အဖေကျော် ပထွေးမျှော်သူ၊ အမေကျော် မိထွေးမျှော်သူ ဟု ဆိုလေ့ရှိသည်။ အမေရိကန်ခေါင်းဆောင် သမ္မတသည် အမေရိကန် နိုင်ငံ၊ အမေရိကန်လူမျိုးအကျိုးက ပထမဦးစားပေး၊ အခြားနိုင်ငံ၊ အခြား လူမျိုးအကျိုးက ဒုတိယဦးစားပေး ဆောင်ရွက်လေ့ရှိသည်။ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီ၊ ရုရှားစသော အခြားအခြားသော မည်သည့်ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်မဆို မိမိနိုင်ငံ၊ မိမိလူမျိုးအကျိုးကိုသာ ပထမဦးစားပေးရိုး ထုံးစံရှိကြသည်။ ဤကဲ့သို့ မိမိအမျိုးသားရေးကို ပထမဦးစားပေးခြင်း သည် ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့၏ လမ်းစဉ် Óတတ္ထစရိယာ (မိမိဆွေမျိုးအကျိုးကို ဦးစားပေးကျင့်ဆောင်ခြင်း) ပင်ဖြစ်ပါသည်။
ဘုရားအလောင်းစသော သူတော်ကောင်းများသည် မျောက်ဘဝ ဖြစ်စဉ်က မျောက်တို့၏ အမျိုးသားအရေး၊ ကျီးဘဝဖြစ်စဉ်က ကျီးတို့၏ အမျိုးသားရေး၊ ခွေးဘဝဖြစ်စဉ်က ခွေးတို့၏ အမျိုးသားရေးအကျိုးကို သက်စွန့်ဆံဖျား ကြိုးစားကျင့်ကြံဆောင်ရွက်တော်မူခဲ့ကြကြောင်း ဇာတ် တော်များ၌ အထင်အရှားရှိခဲ့သည်။ ဆွေမျိုးတွေကို ပြင်ပမထားနဲ့၊ သင်္ဂ ဟတရားနဲ့၊ ချီးမြှောက်လေ ဆိုသော Óတကာနဉ္စသင်္ဂဟ မင်္ဂလာဖြစ် အောင် မင်္ဂလာလုပ်ငန်း လုပ်ဆောင်ခြင်းလည်းဖြစ်သည်။
-------------------------
နိုင်ငံသား
----------
နိုင်ငံတိုင်း၌ ရှေးအစဉ်အဆက်ကပင် မူရင်းနေထိုင်လာခဲ့ကြသော သူများသည် တိုင်းရင်းသားများဖြစ်သည်။ အိမ်သည်-လည်းဖြစ်သည်။ နောက်မှ အခြားကဝင်ရောက်လာကြသောသူများသည် ဧည့်သည်များ ဖြစ်သည်။ ဧည့်သည်,သည် ဧည့်သည်တာဝန်ကျေဖို့လိုသည်။ အိမ်သည်, သည်လည်း အိမ်သည်တာဝန်ကျေဖို့လိုသည်။ လူတိုင်း တာဝန်ကိုယ်စီရှိ သည့်အားလျော်စွာ မိမိတို့ဆိုင်ရာတာဝန် ကျေပွန်လျှင် ယဉ်ကျေးသော လူစားမျိုးဖြစ်သည်။ သူ့ဆိုင်ရာဆိုင်ရာ တာဝန်ကိုယ်စီ ကျေပွန်ဖို့လိုသည်။ ကိုယ်စီတာဝန်ကျေပွန်လျှင် ငြိမ်းချမ်းသော လူ့ဝန်းကျင်ကြီးဖြစ်မည်။
ဧည့်သည်များသည် ဧည့်ဝတ္တရားလည်း ကျေပွန်ရုံမက-
၁။ ရောမရောက်လျှင် ရောမလိုကျင့်ဆိုသည့်အတိုင်း မိမိရောက် ရာဒေသ လူ့အသိုက်အဝန်းနှင့် လိုက်လျောညီထွေဖြစ်အောင် နေထိုင်နိုင် ခြင်း၊
၂။ မိမိရောက်ရှိရာ အိမ်သည်နိုင်ငံ၏ ကျေးဇူးသစ္စာကို စောင့်သိ ခြင်း၊
၃။ မိမိရောက်ရှိ နေထိုင်ရာနိုင်ငံ၏ နိုင်ငံသားဖြစ်ခွင့်ဥပဒေနှင့် ကိုက်ညီခြင်း-စသော အချက်အလက်များနှင့် ညီညွတ်ပါက သက်ဆိုင်ရာ နိုင်ငံ၏ နိုင်ငံသားဖြစ်ခွင့် ရှိမည်သာဖြစ်ပါသည်။ သို့သော် မူရင်းတိုင်းရင်း သားတော့ မဟုတ်ပါ။ ဧည့်နိုင်ငံသားသာဖြစ်ပါသည်။ နိုင်ငံသားဖြစ်ခွင့်ရှိ လျှင် သက်ဆိုင်ရာနိုင်ငံ၏ နိုင်ငံသားအခွင့်အရေး ရရှိနိုင်ပါသည်။
သက်ဆိုင်ရာနိုင်ငံ၏ မြေပေါ်မှာနေ၊ ရေကိုသောက်၊ အစာကိုစား၊ အရိပ်ကို ခိုလှုံခွင့်ပေးထားပါလျက် အရိပ်နေနေ အခက်ချိုးချိုး ဆိုသည့်အ တိုင်း ဧည့်သည်က အိမ်သည်ကိုစော်ကားရုံမက တိုင်းရင်းသားမဟုတ်ဘဲ လျက် တိုင်းရင်းသားလုပ်လို့လုပ် စသည်ဖြင့် မလိမ့်တစ်ပတ် ကလိမ်က ကျစ်လုပ်ပြီး နဂိုမူရင်းမရှိသည့် အမည်နာမသုံးပြီး ရိုဟင်ဂျာစသော လူမျိုးအသစ် ဖန်တီးသူများကို မည်သည့်နိုင်ငံကမျှ လက်ခံနိုင်မည် မဟုတ်ပါ။
မြန်မာ့ခေါင်းဆောင
အနော်ရထာ၊ ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရား၊ ဗိုလ်ချုပ်အောင်ဆန်းစသော မြန်မာ့ခေါင်းဆောင်များသည် မြန်မာနိုင်ငံ၊ မြန်မာလူမျိုးတို့၏ အကျိုးကိုသာ ပဓာနထားဆောင်ရွက်ကြသည်။ မြန်မာ့ ခေါင်းဆောင်တိုင်းသည် ကိုယ့်အားကိုယ်ကိုး၍ ကိုယ့်အမျိုး ဘာသာ သာသနာကိုသာ အဓိကထားဆောင်ရွက်ကြသည်။ ခေါင်းဆောင်နှင့်တ ကွ မြန်မာလူမျိုးတိုင်းသည်လည်း မိမိနိုင်ငံသို့ ရောက်ရှိနေကြသည့် နိုင်ငံ့သစ္စာကို စောင့်သိပြီး အိမ်သည်နိုင်ငံသားများနှင့် ဆွေမျိုးရင်းချာပမာ ချစ်ကြည်ရင်းနှီးစွာနေထိုင်ကြသည့် လူမျိုးခြား၊ ဘာသာခြားများကိုလည်း ကောင်း၊ ဧည့်နိုင်ငံသားများကိုလည်းကောင်း ကျောသားရင်သားမခွဲခြား ဘဲ တန်းတူထား အခွင့်အရေးပေးကြသည်ချည်းသာဖြစ်သည်။
နိုင်ငံ့သစ္စာကိုလည်း မစောင့်သိ၊ အိမ်သည်နိုင်ငံသားများကိုလည်း စော်ကား၊ သားရေပေါ်အိပ် သားရေနားစား ဆိုသလို မြန်မာ့ရေကို သောက် မြန်မာ့မြေပေါ်မှာနေပါလျက် မြန်မာ့မြေကိုသိမ်း လူကိုယူ ဘာ သာကို ဖျက်ဆီးနေကြသည့် အမျိုး ဘာသာ သာသနာကို ဖျက်ဆီးခဲ့ကြ သော ရေမျောကမ်းတင် ဗျတ်ဝိ၊ ဗျတ္တ၊ ငဇင်ကာ၊ သိုဟန်ဘွား၊ အမရပူရ မြို့ဝန် ကုလားဘိုင်ဆပ်၊ ကုလားငပိန်စသည်တို့ကိုတော့ သူတို့ကျူးလွန် သည့် အပြစ်အားလျော်စွာ တာဝန်သိသူ၊ တာဝန်ရှိသူ မြန်မာ့ခေါင်း ဆောင်များက သုတ်သင်ရှင်းလင်း ဖယ်ရှားခဲ့ဖူးပါသည်။ ဒါဟာလည်း ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံမဆို မိမိနိုင်ငံနှင့် လူမျိုး ဘာသာ သာသနာကို စော်ကားသူများအတွက် ပေးဆပ်ပေးလေ့ရှိသော လက်ဆောင်ပင်ဖြစ်ပါ သည်။ တရားသောလုပ်ရပ်လည်းဖြစ်ပါသည်။ သြစတြေးလျဝန်ကြီးချုပ် ဂျူလီယာဂျေးလက်က ဧည့်သည် အစ္စလာမ်ဘာသာဝင်များကို ဒီနိုင်ငံမှာ နေလျှင် ဒီနိုင်ငံရဲ့ ယဉ်ကျေးမှုနှင့် ဥပဒေကို လိုက်နာပါ။ မလိုက်နာနိုင် လျှင် ကြိုက်တဲ့နိုင်ငံကို ထွက်သွားနိုင်သည်။ သင်တို့ကို ကျွန်မတို့က ခေါ် ထားတာလည်း မဟုတ်။ သင်တို့ဘာသာသင်တို့ လာနေခြင်းသာဖြစ် သည်။ သင်တို့နှင့် ကိုက်ညီအောင် ဒီနိုင်ငံရဲ့ဥပဒေကို ပြင်ပေးဖို့ မလိုအပ် ဟု စသည်ဖြင့် ပြောခဲ့သည့်စကားကို မြန်မာ့ခေါင်းဆောင်များ စံနမူနာ ယူသင့်သည်။
ယနေ့ မြန်မာ့ခေါင်းဆောင်အချို့တို့သည် မြန်မာ့ခေါင်းဆောင်အ မည်ခံယူထားပါလျက် မြန်မာ့ အမျိုး ဘာသာ သာသနာအရေးထက် ကမ္ဘာ့အရေး၊ လူမျိုးခြား၊ ဘာသာခြားအရေးအရာများကိုသာ ရှေ့တန်း တင်ပြီး လူ့အခွင့်အရေးအကြောင်းသာ အတွင်တွင်ပြောနေကြသည်။ သာဓကပြရလျှင် မြန်မာလူမျိုးများ မတရားခံရသည့် ရခိုင် မသီတာထွေး အသတ်ခံရသည့် အရေးအခင်း၊ မိတ္ထီလာ ဦးသောဘိတ အသတ်ခံရ သည့် အရေးအခင်း၊ ဥက္ကံ၊ လားရှိုး စသော အရေးအခင်းများနှင့် မလေး ရှား၊ အင်ဒိုနီးရှား၊ ထိုင်းနိုင်ငံစသည်တို့၌ မြန်မာလူမျိုးများ အသတ်ခံရ၊ အနှိပ်စက်ခံရသည့် ကိစ္စတိုင်း၌ မြန်မာ့အမျိုးသားရေးဘက်က ရပ်တည် ပေးမှု လုံးဝမရှိခဲ့ပါ။
သို့သော် မြန်မာအမျိုးသားများ အနည်းငယ်သာရှိပြီး ဘင်္ဂါလီကု လားများ အများအပြားရှိသည့် ဘူးသီးတောင်၊ မောင်းတောဒေသ စသည်တို့၌ အရေးအခင်းများဖြစ်သောအခါ အများစု မြန်မာလူမျိုးများ က အနည်းစုလူမျိုးခြားများကို အနိုင်ကျင့်သည်ဟု ပြောင်းပြန်ပြောသည် ကို ကြည့်ခြင်းအားဖြင့် အဆိုပါခေါင်းဆောင်သည် ဘယ်ဘက်က ရပ် တည်နေကြောင်း၊ ဘယ်သူ့အရေးကို ဦးစားပေးနေကြောင်း သိနိုင်ပါ သည်။ မြန်မာလူမျိုး အများစုနေထိုင်သည့် ဒေသများမှာဆိုလျှင်တော့ ပြောစရာပင်ရှိတော့မည်မဟုတ်ပါ။
ယခုလောလောဆယ် မြန်မာပြည်ဒေသအသီးသီး ရေဘေး၊ မီး ဘေးစသည် ကြုံသောအခါ မြန်မာလူမျိုးများအတွက် သနားငဲ့ညှာကူညီ ဖေးမမှု မရှိခဲ့ပါ။ ဘင်္ဂါလီများ ကိုယ့်ဟာကိုယ် ဖန်တီးသည့် ဒုက္ခသည် စခန်း မီးလောင်ရာ၌ကား နာရီပိုင်းပင်မဆိုင်း အလိုတော်ရိ နိုင်ငံ့သစ္စာ ဖောက်များ သွားရောက်ကူညီကြသည်။ ဒါကိုကြည့်ခြင်းအားဖြင့် မိမိ အားကိုးတကြီး ရွေးချယ်ထားသူများသည် တကယ်အားကိုးရာရောက် ပါရဲ့လား။
ပါတီဝင်လွှတ်တော်ကိုယ်စားလှယ် အားလုံးကိုပင် ဘာသာခြား လူမျိုးခြားထံ အပ်နှံပြီးတပည့်ခံခိုင်းခြင်း၊ လွှတ်တော်တစ်ခုလုံးကိုပင် ဘာသာခြား၊ လူမျိုးခြားများကို ညွှန်ကြားခိုင်းခြင်း၊ မိမိကိုယ်တိုင်ပင် ဘာသာခြား၊ လူမျိုးခြား အကြံÓဏ်ယူပြီး လုပ်ကိုင်ဆောင်ရွက်နေခြင်း၊ အစားအသောက်ကိုပင် မြန်မာ့အစားအသောက်ထက် လူမျိုးခြားအစား အသောက်ကိုသာ ဦးစားပေးစားသောက်ခြင်း စသည်တို့ကို ကြည့်ခြင်း အားဖြင့် မြန်မာ့ခေါင်းဆောင်နှင့် ထိုက်တန်/မထိုက်တန် စဉ်းစားဖို့လို ကြောင်း တင်ပြရင်း ခေါင်းဆောင် ဟူသော ဆောင်းပါးကို အဆုံးသတ် အပ်ပါသတည်း။
ကဆုန်လဆုတ် ၂-ရက်၊ ၁၃၇၈-ခု၊
(မေလ ၂၃၊ ၂ဝ၁၆) တနင်္လာနေ့။
အရှင်တိလောကာဘိဝံသ (အင်းစိန်)
ရွာမပရိယတ္တိစာသင်တိုက်။
Arkar

Tuesday, June 7, 2016

မြ၀တီနေ့စဉ် သတင်းစာ၏ မဘသ-၃နှစ်ပြည့် နှစ်ပတ်လည် စုံညီ ညီလာခံကြီး သတင်းဖော်ပြချက် အပြည့်အစုံ (ဇွန်လ ၅-ရက်)

 
 
အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို)၏
 သုံးနှစ်ပြည့် နှစ်ပတ်လည် စုံညီ ညီလာခံကြီး အောင်မြင်စွာ ကျင်းပပြီးစီး
ရန်ကုန် ဇွန်၅
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အောင်ဆန်းတောရတပ်ဦးကျောင်းတိုက် မိုးကုတ်ဝိပဿနာဓမ္မရိပ်သာ၌ ယနေ့နံနက် ၈-နာရီတွင်ကျင်းပသော အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို)၏ သုံးနှစ်ပြည့် နှစ်ပတ်လည် စုံညီ ညီလာခံကြီးသည် အောင်မြင်စွာ ပြီးစီးခဲ့ကြောင်း သိရသည်။
ဒုတိယနေ့အဖြစ်ကျင်းပသည့် ယနေ့ညီလာခံကြီးသို့ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို)မှ ဥက္ကဋ္ဌဆရာတော်အမှူးပြုသော တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့မှ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ဝင် သံဃာတော်အရှင်သူမြတ်များ၊ ထေရ၀ါဒဗုဒ္ဓဘာသာဝင် လာအို၊ သီရိလင်္ကာ၊ ကမ္ဘောဒီးယား၊ ထိုင်းနှင့် နိပေါနိုင်ငံမှ သံဃာ့ကိုယ်စားလှယ်များနှင့် ကမ္ဘာ့ထေရ၀ါဒတက္ကသိုလ်မှ သံဃာတော် အရှင်သူမြတ်များ၊ သီလရှင်ဆရာကြီး၊ ဆရာလေးများနှင့် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အသင်းအဖွဲ့များမှ လူပုဂ္ဂိုလ်များအပါအ၀င် အင်အား ၅၇၀၀ခန့် တက်ရောက်ကြသည်။
 ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ကြပြီး အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို)ဥက္ကဋ္ဌ နိုင်ငံတော်သြ၀ါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ အင်းစိန်ရွာမပရိယတ္တိ ပဓာနနာယက ဘဒ္ဒန္တတိလောကာဘိဝံသက တက်ရောက်ကြည်ညိုကြသော သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်အပေါင်းတို့အား သြ၀ါဒစကားမိန့်ကြားသည်။ ထို့နောက် လာအို၊ ကမ္ဘောဒီးယား၊ သီရိလင်္ကာ၊ ထိုင်းနှင့် နီပေါနိုင်ငံတို့မှ ဗုဒ္ဓဘာသာ သံဃာ့ကိုယ်စားလှယ်အသီးသီးက အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ကြီး၏ ညီလာခံအား ကြိုဆိုထောက်ခံကြောင်း လျှောက်ထားကြသည်။
ဆက်လက်၍ ကမ္ဘာ့ထေရ၀ါဒ ရဟန်းတော်များအဖွဲ့မှပေးပို့သော သ၀ဏ်လွှာအား ဖတ်ကြားတင်သွင်းသည်။ဆက်လက်၍ ရှေ့လုပ်ငန်းစဉ်များအား ဖတ်ကြားတင်ပြခြင်း၊ သုံးနှစ်ပြည့်ညီလာခံကြီး၏ ကြေညာစာတမ်းအားဖတ်ကြားခြင်းနှင့် ညီလာခံမော်ကွန်းမှတ်တမ်းလွှာအား ဖတ်ကြားတင်သွင်းခြင်းတို့ ဆောင်ရွက်သည်။ ထို့နောက် နိုင်ငံငါးနိုင်ငံမှ ဆရာတော်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ပြီး အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို)အတွင်းရေးမှူး ဆရာတော်က နိဂုံးချုပ်စကားမိန့်ကြားကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားအား အောင်မြင်စွာ ရုပ်သိမ်းလိုက်ကြောင်းသိရသည်။
ထို့အတူ ယမန်နေ့ကကျင်းပခဲ့သည့် ပထမနေ့ညီလာခံတွင်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ဝင် သံဃာတော်အပါး တစ်ထောင်ကျော်နှင့် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အသင်းအဖွဲ့များ တက်ရောက်ကြောင်း သတင်းရရှိသည်။
Arkar
Arkar

Sunday, June 5, 2016

အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို) (၃)နှစ်ပြည့် နှစ်ပတ်လည် စုံညီ ညီလာခံကြီး သဘောထားကြေညာချက်


အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို)
(၃)နှစ်ပြည့် နှစ်ပတ်လည် စုံညီ ညီလာခံကြီး
သဘောထားကြေညာချက်
၁။ နိုင်ငံအသီးသီး၌ အမျိုးသားရေးလက္ခဏာတို့သည် သူ့နိုင်ငံနှင့်သူ ရှိနေသကဲ့သို့ မြန်မာနိုင်ငံ၌လည်း ဗုဒ္ဓ ဘာသာသည် အမျိုးသားရေး သင်္ကေတ အမျိုးသားရေး လက္ခဏာပင် ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရ အနေဖြင့် မင်းမြတ်အနော်ရထာကဲ့သို့ “ နိုင်ငံသားအများစု ကိုးကွယ်သော ဗုဒ္ဓဘာသာကို” အထူးစောင့်ရှောက်ပေးရန် တိုက်တွန်းသည်။
၂။ ဘင်္ဂါလီလူမျိုးများသည် ရခိုင်ပြည်နယ်သို့ တရားမ၀င်အခြေချနေထိုင်ပြီး “တိုင်းရင်းသားအခွင့်အရေး” ရအောင်ယူပြီး ရိုဟင်ဂျာလူမျိုးဟု အမည်ခံနိုင်ရန် နည်းမျိုးစုံဖြင့် ကြံစည်အားထုတ်လျက်ရှိသည်။ နိုင်ငံတော် အစိုးရအနေဖြင့် “ရိုဟင်ဂျာလူမျိုး”မရှိကြောင်း တရားဝင် ကြေညာချက်ထုတ်ပြီး အမျိုးသား လုံခြုံရေးအတွက် “ ၁၉၈၂-ခု နိုင်ငံသားဥပဒေ”ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် တိုက်တွန်းသည်။
၃။ ခိုးဝင်နိုင်ငံခြားသားများ တစ်နေ့တစ်ခြား များပြားလျက်ရှိသောကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်လုံခြုံရေးအတွက် အထောက်အထားမဲ့ ၀င်ရောက်နေထိုင်လျက်ရှိသော နိုင်ငံခြားသားများကို စနစ်တကျ စီစစ်ဖော်ထုတ်ပေးရန် တိုက်တွန်းသည်။
၎။မြန်မာနိုင်ငံသို့ တရားမ၀င် ၀င်ရောက်လျက်ရှိသော နိုင်ငံခြားသားများကြောင့် လူမျိုးရေး ဘာသာရေး ပြဿနာများ ကြီးထွားလျက်ရှိသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ခိုးဝင်ဘင်္ဂါလီများကို တားဆီးနိုင်ရန်အတွက် တည်ဆောက်ဆဲ “ဘင်္ဂလားဒေ့ရှ် နယ်စပခြံစည်းရိုး”ကို (ပြည်သူလူထု အကူအညီရယူ၍) ဆက်လက်တည်ဆောက်ပေးခြင်း၊ နယ်ခြားဂိတ်များကို စနစ်တကျ စစ်ဆေးခြင်းများပြုလုပ်ကြရန် တိုက်တွန်းသည်။
၅။မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ (PDP)ဥက္ကဋ္ဌ ဦးနေမျိုးဝေသည် ဖေ့စ်ဘွတ်ခ်အကောင့်တုဖြင့် လုပ်ကြံခံရသည်မှာ ထင်ရှားကြောင်း၊ ၄င်းအားလုပ်ကြံသူကိုလည်း အရေးယူထားပြီုးဖြစ်ကြောင်း သိရသော်လည်း ပြစ်မှုတစ်စုံတရာ ကျူးလွန်ခြင်းမရှိသော ဦးနေမျိုးဝေအား ပြန်လွှတ်ပေးခြင်း၊ အာမခံပေးခြင်းများကို မတွေ့ရှိရပါ။ ထိုအပြုအမူသည် တရားဥပဒေစိုးမိုးရေးကို အလေးထားသော ဒီမိုကရေစီ အစိုးရသစ်ပုံရိပ်ကို ထိခိုက်စေပါသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရတာဝန်ရှိသူများအနေဖြင့် ထိုသို့သော တရားမဲ့ပြုကျင့်မှုများကို ရောက်ကြဉ်ရန်နှင့် ဦးနေမျိုးဝေအမှုအား ပြန်လည်စီစစ်ကာ တရားဥပဒေစိုးမိုးရေး သရုပ်သကန် ပေါ်လွင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် လေးနက်စွာ တိုက်တွန်းလိုက်သည်။
၆။ မြန်မာနိုင်ငံအစသည် “ပုဂံ” ဖြစ်သောကြောင့် “ပုဂံအလှ”သည် “မြန်မာအလှ”ပင်ဖြစ်သည်။ 7Day သတင်းမီဒီယာသည် ပုဂံဘုရားများနှင့် အိမ်သာခွက်ကို ယှဉ်တွဲဖော်ပြခဲ့ခြင်းမှာ “ပုဂံအလှ”ကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေသကဲ့သို့ဖြစ်သည်။ ထို့ကြောင့် သတင်းမီဒီယာများအနေဖြင့် အမျိုးဂုဏ် ဇာတိဂုဏ်နှင့် မြန်မာ့ယဉ်ကျေးမှုကို ဖျက်လိုဖျက်ဆီး မပြုလုပ်ကြရန် မေတ္တာရပ်ခံသည်။
၇။ပြည်သူလူထုကျန်းမာရေးနှင့် အမျိုးသားအကျိုးစီးပွားကို ဆိုးဝါးစွာ ထိခိုက်စေနိုင်သေ “ အရက်သေစာ, မူးယစ်ဆေးဝါး”နှင့် ဓာတုပစ္စည်း ဆိုးဆေးများပါဝင်နေသော “အစားအစာ” တို့ကို အထူးစီမံကိန်းတစ်ရပ် အနေဖြင့် တားဆီးနှိမ်နှင်းပေးရန် တိုက်တွန်းသည်။
၈။ မြန်မာတိုင်းရင်းသားလူမျိုးများသည် ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ဓလေ့ထုံးတမ်းတို့ ဖြင့် အသီးသီးမြင့်မားသော လူမျိုးများ ဖြစ်သည်။ ထို့ကြောင့် မိမိတို့၏ အမျိုးဂုဏ် ဇာတိဂုဏ်ထိမ်းသိမ်းသော အားဖြင့် အမျိုး ဘာသာ သာသနာနှင့် မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းကို ထိခိုက်စေသော ဧည့်ခံခြင်း၊ ဖျော်ဖြေခြင်း၊ ၀တ်စားဆင်ယင်ခြင်းတို့ကို မပြုလုပ်ကြဖို့ရန် တိုက်တွန်းသည်။
အတွင်းရေးမှူး၊ မဘသအဖွဲ့(ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ ပဓာန နာယက
မြစေတီ(ရဲကျောင်း) ပရိယတ္တိစာသင်တိုက်၊ မော်လမြိုင်

ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ၊  မဘသအဖွဲ့(ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။

စာအမှတ်၊ ၀၀၁၁/စီမံ-မဘသ/၂၀၁၆
သာသနာ-၂၅၆၀၊ ကောဇာသက္ကရာဇ်- ၁၃၇၈-ခုနှစ်၊ ကဆုန်လကွယ် (၁၅)ရက်
၂၀၁၆-ခုနှစ်၊ ဇွန်လ(၅)ရက်၊ တနင်္ဂနွေနေ့
 
Arkar

(၃)နှစ်ပြည့် မဘသ နှစ်ပတ်လည် စုံညီ ညီလာခံကြီး၏ အသိပေးညွှန်ကြားချက် အမှတ် (၁၁)



အသိပေးညွှန်ကြားချက် (၁၁)
မဘသ၏ ရှေ့ဆက်လုပ်ငန်းစဉ်များ
၁။ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့၏ လုပ်ငန်းစဉ် ၇-ရပ်ကို ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်ကြရမည်။ အထူးသဖြင့် ယဉ်ကျေးမှုနှင့် စာရိတ္တပညာမြှင့်တင်ရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာ၌ ယဉ်ကျေးလိမ္မာနှင့် ဓမ္မစကူလ်းသင်တန်းများ ထွန်းကားပြန့်ပွားစေရေးအတွက် အလေးထား ဆောင်ရွက်ကြရမည်။
၂။အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ၀န်ထမ်းဌာန တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်း၍ ဥပဒေဘောင်အတွင်းမှ ဓမ္မ၀ိနယနှင့်အညီ ပူးပေါင်းဆောင်ရွက်ကြရ မည်။
၃။ အမျိုးသားရေးကို အခြေခံသည့် သာသနာပြုလုပ်ငန်းများ ဆောင်ရွက်သကဲ့သို့ ပရဟိတလုပ်ငန်းများကို လည်း ပူးတွဲဆောင်ရွက်ကြရမည်။
၎။နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် မြန်မာတစ်မျိုးသားလုံး၏ အသက်အိုးအိမ်စည်းစိမ် ဘ၀လုံခြုံရေး ဘာသာ သာသနာတော် လုံခြုံရေးတို့အတွက် အသက်သွေးကြောတမျှ အရေးကြီးသော အမျိုးစောင့်ဥပဒေ ၄-ရပ်နှင့် အခြားသော အမျိုးသားလုံခြုံရေးဥပဒေများကို သတိ ၀ီရိယကြီးစွာ ကာကွယ်စောင့်ရှောက်ကြရ မည်။
၅။မြန်မာပြည်တစ်ဝှမ်းလုံးရှိ မဘသအဖွဲ့အစည်းပေါင်း ၃၀၀-ခန့်သည် အဖွဲ့အစည်းကို ကိုယ်စားပြုသည့် facebook အကောင့်တစ်ခုစီဖွင့်လှစ်၍ မဘသအကောင့်ချင်းချိတ်ဆက်ကာ အမျိုး ဘာသာ သာသနာအရေး သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ သိရှိစေရေး၊ သတင်းအချက်အလက် မှန်ကုန်စေရေးနှင့် အချိန်မီ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ခေတ်စနစ်နှင့်အညီ ဆောင်ရွက်ကြရမည်။
၆။မိမိအရပ်ဒေသနှင့်သက်ဆိုင်သော အရေးကိစ္စများဖြစ်ပေါ်ရာ၌ လွတ်လပ်ပွင့်လင်းစွာ သဘောထား ကြေညာချက်များ ထုတ်ပြန်ကြရမည်။ တစ်နိုင်ငံလုံး တစ်မျိုးသားလုံးနှင့်ဆိုင်သော အရေးအရာများ၌ မဘသ(ဗဟို)၏ အကူအညီနှင့် အကြံအဥာဏ်ကိုရယူပြီးမှ ထုတ်ပြန်ကြရမည်။
ဘဒ္ဒန္တ ၀ိမလဗုဒ္ဓိ
အတွင်းရေးမှူး၊ မဘသအဖွဲ့(ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ ပဓာန နာယက
မြစေတီ(ရဲကျောင်း) ပရိယတ္တိစာသင်တိုက်၊ မော်လမြိုင်

ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ၊  မဘသအဖွဲ့(ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။

စာအမှတ်၊ ၀၀၁၁/စီမံ-မဘသ/၂၀၁၆
သာသနာ-၂၅၆၀၊ ကောဇာသက္ကရာဇ်- ၁၃၇၈-ခုနှစ်၊ ကဆုန်လကွယ် (၁၅)ရက်
၂၀၁၆-ခုနှစ်၊ ဇွန်လ(၅)ရက်၊ တနင်္ဂနွေနေ့
Arkar