Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Tuesday, December 29, 2015

၂၈-၁၂-၂၀၁၅ ရက်နေ့၌ ကျင်းပပြုလုပ်သည့် မြို့နယ်စုံ လပတ်အစည်းအဝေးကြီး၏ သဘောထားထုတ်ပြန်ကြေညာချက်

၂၈-၁၂-၂၀၁၅ ရက်နေ့၌ ကျင်းပပြုလုပ်သည့် မြို့နယ်စုံ လပတ်အစည်းအဝေးကြီး၏ သဘောထားထုတ်ပြန်ကြေညာချက်
------------------------
---------------------
အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို)မှ ကြီးမှူးကျင်းပသည့် မြို့နယ်စုံ မဘသ လပတ်အစည်းအဝေးပွဲကြီးအား ၂၀၁၅-ခု၊ ဒီဇင်ဘာလ ၂၈-ရက်နေ့ နေ့လယ် ၁း၀၀ အချိန်၌ မဘသ(ဗဟို)ရုံးတည်ရှိရာ အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်ကြီးတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီး ရေဘေးသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များ၊ ရှေ့ဆက်မည့် မူဝါဒလမ်းစဉ်များ၊ အမျိုးစောင့်ဥပဒေနှင့်ပတ်သက်သည့် အသိပညာပေး လုပ်ငန်းစဉ်များ၊ သာသနာပြုစွမ်းရည်မြှင့်တင်ရေး လုပ်ငန်းများ -အစရှိသည်များကို သက်ဆိုင်ရာ ဆရာတော် သံဃာတော်များမှ ပါဝင်ဆွေးနွေးခဲ့ကြပြီး မြို့နယ်စုံ လပတ်အစည်းအဝေးကြီး၏ သဘောထားထုတ်ပြန်ချက်အားထုတ်ပြန်ခဲ့ပါသည်။

တိုင်းပြု ပြည်ပြု သာသနာအကျိုးပြု အလှူငွေအဖြစ် မဘသ(ဗဟို)မှ ကြီးမှူးကျင်းပ ဆောင်ရွက်လျက်ရှိသည့် သာသနာပြု စွမ်းရည်မြှင့်တင်ရေး သင်တန်းအတွက် မြနန်းဆရာတော်မှ အလှူငွေ သိန်း(၅၀)ကျပ်လူဒါန်းခဲ့ပြီး မဇ္ဈိမဂုဏ်ရည် ဆရာတော်မှလည်း အစည်းအဝေးတက်ရောက်သည့် သက်ဆိုင်ရာမြို့နယ်မဘသအဖွဲ့များအား တစ်မြို့နယ်လျှင် အလှူငွေ ကျပ် ၂-သိန်းစီ ပါဝင်လှူဒါန်းခဲ့ပါသည်။

အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို)
မြို့နယ်စုံ လပတ်အစည်းအဝေးကြီး၏
သဘောထားထုတ်ပြန် ကြေညာချက်
-------------------------------
------------------------------
၁။ ထိုင်းနိုင်ငံ လိပ်ကျွန်းတရားစီရင်မှုနှင့်ပတ်သက်၍ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(မဘသ)ဗဟို၏ သဘောထားထုတ်ပြန်ကြေညာချက်နှင့် မေတ္တာရပ်ခံချက်များအတိုင်း ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်းနှင့် လိုအပ်လျှင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။

၂။ အမေရိကန်ပြည်ထောင်စုလွှတ်တော်နှစ်ရပ်မှာ ဆွေးနွေးအတည်ပြုလိုက်သော ဥပဒေကြမ်းပါ မဘသအဖွဲ့အစည်းကြီးအပေါ် ပိတ်ပင်တားမြစ်ချက်များနှင့်ပတ်သက်၍ သမ္မတအိုဘားမား အစိုးရအနေဖြင့် မဘသအဖွဲ့အစည်းကြီး၏ ရပ်တည်ဆောင်ရွက်ချက် ပကတိအရှိတရားများကို သိရှိအောင် စနစ်တကျ လေ့လာရန် တိုက်တွန်းသည်။

၃။ အင်တာနက်, ဖေ့ဘွတ်စာမျက်နှာများ၌ စေတီပုထိုးများ၊ ရုပ်ပွားတော်များ၊ ဘုရားပုံတော်များနှင့် ဆရာတော် သံဃာတော်များအား ညစ်ညမ်းစွာ ကျူးလွန်စော်ကား ရေးသားနေသော အကောင့်ပိုင်ရှင် များကို မဘသ(ဗဟို) ဥပဒေအထောက်အကူပြုအဖွဲ့မှ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။

၎။ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး (မဘသ) အဖွဲ့ကြီးသည် အမျိုးသားရေး၊ ဘာသာရေး၊ သာသနာရေး-ဟူသော အရေးသုံးပါးကို ဆောင်ရွက်ရန် ဖွဲ့စည်းထားသည့် သီးခြားလွတ်လပ်သည့် အဖွဲ့အစည်းကြီးဖြစ်သည့်အားလျော်စွာ ပြည်ထောင်စုတစ်ဝှမ်းလုံးရှိ မဘသအဖွဲ့အစည်းအသီးသီး၏ ပြည်သူလူထု ယဉ်ကျေးမှုနှင့် စာရိတ္တပညာ မြှင့်တင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။

စာအမှတ်၊ ၀၀၄၇၊ စီမံ-မဘသ၊ ၂၀၁၅
နေ့စွဲ၊ ၁၃၇၇-ခု၊ နတ်တော်လပြည့်ကျော် ၂-ရက်
(ဒီဇင်ဘာ ၂၈-ရက်၊ ၂၀၁၅) တနင်္လာနေ့
ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့(ဗဟို)
အဂ္ဂမဟာပဏ္ဍတ၊ နိုင်ငံတော်သြ၀ါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်
(AK)
Arkar

Friday, December 25, 2015

ထိုင်းနိုင်ငံ ကော့တောင်ကျွန်း(လိပ်ကျွန်း) လူသတ်မှု၌ ဖမ်းဆီခံ မြန်မာလူငယ်နှစ်ဦးအား သေဒဏ်ချမှတ်မှုနှင့်ပတ်သက်၍ မဘသအဖွဲ့(ဗဟို)မှ နတ်တော်လဆန်း ၁၄ရက်၊ (၂၅-၁၂-၂၀၁၅)ရက်နေ့တွင် ဗဟိုရုံးထုတ်ပြန်ချက် စာအမှတ်၀၀၄၆ဖြင့် သဘောထားထုတ်ပြန်ချက် တစ်ရပ် ထုတ်ပြန်ကြေညာ


----------------------------------------------------------
----------------------------------------------------------
သဘောထားထုတ်ပြန်ချက်
ဒီဇင်ဘာ ၂၄-ရက်၊ ၂၀၁၅-ခု၊ ကြာသပတေးနေ၌ ထိုင်းနိုင်ငံ ကော့စမွေတရားရုံးက ကော့တောင်ကျွန်း(လိပ်ကျွန်း) လူသတ်မှုအတွက် မြန်မာနိုင်ငံသား ဇော်လင်းနှင့် ဝေဖြိုး နှစ်ယောက်တို့အား သေဒဏ်ချမှတ်ခဲ့ပါသည်။
ထိုဆုံးဖြတ်ချက်နှင့်ပတ်သက်၍ တရားခံများ၏ မိဘဆွေမျိုးများ စိတ်မကောင်းဖြစ်ရသလို မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံးတို့ကလည်း အထူးပင် ထပ်တူထပ်မျှ ၀မ်းနည်းစိတ်မကောင်းဖြစ်ရပါသည်။

တရားစီရင်မှုနှင့်ပတ်သက်၍ မှန်ကန်တိကျသော စီရင်ဆုံးဖြတ်ချက်ဖြစ်ပါက အထူးပြောစရာ မလိုသော်လည်း မဖြစ်သင့် မဖြစ်ထိုက်သော မမှန်မကန် ဆုံးဖြတ်မှုဖြစ်ပါက ကမ္ဘာ့အလယ်တွင် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ စံနှုန်းသမိုင်းကြီးမားသည့် ထိုင်းနိုင်ငံတရားစီရင်မှုအပေါ် သိက္ခာကျစရာ အမည်းစက်တစ်ခု ဖြစ်သွားနိုင်ပါသည်၊ ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကိုလည်း များစွာ ထိခိုက်ပျက်စီးစေနိုင်ပါသည်။

မည်သို့ဆိုစေ မြန်မာနိုင်ငံ အစိုးရအပါအ၀င် တာဝန်ရှိသူအားလုံးတို့ကလည်း အဆိုပါသေဒဏ်ချမှတ်မှုနှင့် ပတ်သက်၍ အကောင်းဆုံးဖြစ်အောင် ‘စွမ်းနိုင်ရာက ပါဝင်ဆောင်ရွက်ပေးကြပါ’ဟု တိုက်တွန်းနှိုးဆော်ပါသည်။

သေဒဏ်ချမှတ်ခံရသူ မြန်မာလူငယ်နှစ်ဦး၏ အနာဂတ်သည် ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်ကြီးနှင့် ထိုင်းနိုင်ငံအစိုးရတို့၏ မေတ္တာဂရုဏာတရား အရှည်မြော်မြင် ဆင်ခြင်တုံတရားတို့အပေါ်၌ အဓိကမူတည်နေသဖြင့် အကောင်းဆုံးဖြစ်အောင် စဉ်းစားဆောင်ရွက်ပေးစေလိုပါသည်။
ထိုင်း မြန်မာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု အရှည်တည်တံ့ ခိုင်မြဲနေစေရန်၊ စိုသောလက်မခြောက်စေဘဲ တွဲလက်များ အစဉ်ခိုင်မြဲနေစေရန် အိမ်နီးချင်းကောင်းပီသစွာ စာနာထောက်ထား သနားညှာတာသောအားဖြင့် “အကောင်းဆုံး ကူညီဆောင်ရွက်ပေးကြပါ” ဟု ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်ကြီးနှင့် ထိုင်းနိုင်ငံအစိုးရတို့အား မြန်မာနိုင်ငံ ရဟန်းရှင်လူ ပြည်သူတို့၏ကိုယ်စား အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး(မဘသ)အဖွဲကြီး(ဗဟို)က မေတ္တာရပ်ခံ ပန်ကြားကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။

စာအမှတ်၊ ၀၀၄၆/စီမံ-မဘသ/၂၀၁၅
နေ့စွဲ၊ ၁၃၇၇-ခုနှစ်၊ နတ်တော်လဆန်း ၁၄-ရက်၊
(ဒီဇင်ဘာလ ၂၅-ရက်၊ ၂၀၁၅)၊ သောကြာနေ့

ဘဒ္ဒန္တ တိလောကာဘိဝံသ
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒါစရိယ
ဥက္ကဋ္ဌ၊ မဘသ(ဗဟို)

Arkar

Monday, December 7, 2015

မဘသ(ဗဟို) လပတ်အစည်းအဝေး ပင့်လျှောက်လွှာ

မဘသ(ဗဟို)
လပတ်အစည်းအဝေး ပင့်လျှောက်လွှာ
-----------------------------------------
အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို)၏ လပတ်အစည်းအဝေးပွဲ ကျင်းပပြုလုပ်မည်ဖြစ်ပါ၍ မဘသ(ဗဟို)ဦးဆောင်ဆရာတော်များ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အသီးသီးမှ မဘသဆရာတော်များ အောက်ဖော်ပြပါအစီအစဉ်အတိုင်း ကြွရောက်ကြပါရန် ရိုသေစွာ ပင့်လျှောက်အပ်ပါသည်ဘုရား။
တက်ရောက်ရန် အစီအစဉ်
--------------------------------
၁။ မဘသ ဗဟိုဦးဆောင်ဆရာတော်များအားလုံး
၂။ ပြည်နယ်မဘသအဖွဲ့ -- သင့်လျှော်သည့် ဆရာတော်(၂)ပါး
၃။ တိုင်းဒေသကြီးမဘသအဖွဲ့-- သင့်လျှော်သည့် ဆရာတော်(၂)ပါး
၎။ ခရိုင် မဘသအဖွဲ့-- သင့်လျှော်သည့် ဆရာတော်(၂)ပါး
၅။ မြို့နယ် မဘသအဖွဲ့-- သင့်လျှော်သည့် ဆရာတော်(၂)ပါး
၆။ တိုက်နယ် မဘသအဖွဲ့-- သင့်လျှော်သည့် ဆရာတော်(၂)ပါး
ကျင်းပမည့်အစီအစဉ်
------------------------
နေ့ရက်။ ၁၃၇၇-ခု၊ နတ်တော်လပြည့်ကျော် (၂)ရက်
၂၀၁၅-ခု၊ ဒီဇင်ဘာလ(၂၈)ရက်၊ တနင်္လာနေ့
အချိန်။ နေ့လယ် (၁)နာရီ တိတိ
နေရာ။ ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်မြို့၊ ရန်ကုန်တိုင်းဒေသကြီး။
မဘသအဖွဲ့(ဗဟို)
Arkar

Wednesday, November 18, 2015

သာသနာကွယ်ကြောင်း (အရှင်တိလောကာဘိဝံသ)


“သာသနာကွယ်ကြောင်း”

ဗုဒ္ဓသာသနာကွယ်ခြင်းအကြောင်းနှင့် ပတ်သက်၍ သာကီသွေးဂျာနယ် (အတွဲ-၃၊ အမှတ်-၁ ပထမ၀ါဆိုလပြည့်နေ့ အတွက်ထုတ်) ၌ အနှိုင်းမဲ့သာသနာပြု ကုသိုလ်ယူကြပါစို့ ဆောင်းပါးနှင့် ကိုးန၀င်းဖတ်စာတို့တွင် စာရေးသူတင်ပြခဲ့ပါသည်။ အဆိုပါ သာသနာကွယ်ကြောင်း သမိုင်းအထောက်အထားများကို ဘ၀င်မကျသူအချို့တို့က သာသနာကွယ်ခြင်းသည် လူမျိုးခြား၊ ဘာသာခြားတို့ကြောင့်မဟုတ်၊ သာသနာ့ဝန်ထမ်း ရဟန်းများကြောင့်သာဖြစ်သည်ဟု ဘုရားဟောထားကြောင်း ထောက်ပြဝေဖန်ကြသည်။ အဆိုပါထောက်ပြဝေဖန်မှုကို သူ့အမြင်၊ သူ့ရည်ရွယ်ချက်ဖြင့်သာ တိုင်းတာလျှင် လက်ခံရမလိုလို ဖြစ်ပါသည်။ မြင်သိမှုမှန်သမျှ ရှုမြင်သူ၏ မြင်အားပါဝါအပေါ်မှာသာ မူတည်ပါသည်။ တစ်ထွာ၊ တစ်မိုက်လောက်သာ မြင်အား ပါဝါဖြင့် ရှုမြင်လျှင် တစ်ထွာတစ်မိုက်လောက်သာမြင်မည်။ တစ်လံ၊ တစ်ဖာလုံ၊ တစ်မိုင် စသည်မြင်အားမြင့်ပါဝါဖြင့် ရှုမြင်လျှင် တစ်လံ၊ တစ်ဖာလုံ၊ တစ်မိုင်စသည့် အတိုင်းအတာအထိ မြင်နိုင်မည်။
သာသနာကွယ်ကြောင်းများ
သာသနာကွယ်ကြောင်းများကို အင်္ဂုတ္တရနိကာယ် ပဉ္စကနိပါတ် (အံ-၂၊ ၁၅၅-၆-၇)၌ ဟောထားသည်။ ထိုအကြောင်း များကို ၀ိသုဒ္ဓါရုံဆရာတော်ဘုရားကြီးက -
အင်္ဂုတ္ထိုရ်လာ၊ သာသနာကွယ်ကြောင်း၊ တရားပေါင်းကား -
ရဟန်းများတို့၊ တရားမနာ၊ စာပေမသင်၊ နှုတ်တွင်မဆောင်၊ သိအောင်မပြု၊ ဓမ္မာနုဓမ္မတ်၊ ပဋိပတ်ကွာ၊ ဤငါးဖြာတည်း။
ထ၀ါထို့ပြင်၊ စာသင်ပယ်လျော၊ ကျယ်မဟောကြ၊ ကျယ်မချနှင့်၊ ကျယ်စွာ့မအံ၊ မကြံမစည်၊ ဤငါးမည်တည်း။
ဝါတစ်နည်းမှာ၊ အက္ခရာပုဒ်ပျက်၊ လေ့ကျက်သင်ကြ၊ ဒုဗ္ဗစ-မူ၊ စာချသူရှား၊ လာဘ်များအောင်ဖန်၊ ခိုက်ရန်ဖြစ်ပွား၊ ဤငါးပါးသည်၊ ဘုရားသာသနာကွယ်ကြောင်းတည်း - ဟု ဆိဒ္ဒပိဓာနနီကျမ်း၌ မိန့်ဆိုထားသည်။
အဆိုပါမိန့်ဆိုချက်များကိုကြည့်လျှင် သာသနာကွယ်ခြင်းအကြောင်းများမှာ သာသနာ့ဝန်ထမ်း ရဟန်းများနှင့်သာ ဆိုင်သည်ဟု ထင်မှတ်စရာရှိသည်။ သာသနာမကွယ်အောင်၊ တည်တံ့အောင်၊ ပြန့်ပွားအောင်ဆောင်ရွက်ရာမှာ သာသနာ့ ၀န်ထမ်း ရဟန်းများသည် အဓိကအခန်းကဏ္ဍမှ ပါဝင်သည်။
သာသနာ့ဝန်ထမ်းရဟန်းတော်များ ပရိယတ္တိ၊ ပဋိပတ္တိသာသနာ့လုပ်ငန်းများ လုပ်နိုင်ဖို့ရန်မှာလည်း စား၊ ၀တ်၊ နေရေး၊ ကျန်းမာရေးအတွက် ပြည့်စုံဖို့လိုသည်။ ရေ၊ မီး၊ မင်း - စသော ဘေးအန္တရာယ်များ ကင်းရှင်းဖို့၊ ငြိမ်းချမ်းသာယာဖို့ လိုအပ်သည်။ သီရိလင်္ကာနိုင်ငံ ဗြာဟ္မဏတိဿသူပုန်ဘေးကြီး ကြုံကြိုက်သောအခါ သာသနာ့ဝန်ထမ်း ရဟန်းတော်များ အငတ်ငတ်အပြတ်ပြတ် တိမ်းရှောင်နေကြရသည်။ သာသနာ့လုပ်ငန်းများ မလုပ်နိုင်၍ အချို့ပိဋကတ်တော်များ ပျောက် ဆုံးကုန်သည်။ အိန္ဒိယနိုင်ငံ၌လည်း လူမျိုးခြား၊ ဘာသာခြား၊ အစ္စလာမ် မြင်းစီးသူပုန်တပ်များက ဗုဒ္ဓဘာသာ ရဟန်းတော် များကို ထောင်သောင်းမက သတ်ပစ်ကြသည်။ သာသနာပြုဌာန နာလန္ဒာတက္ကသိုလ်ကြီးအပါအ၀င် ဘုန်းတော်ကြီးကျောင်း များကို မီးရှို့ဖျက်ဆီးပစ်လိုက်ကြသည်။ ပိဋကတ်တိုက်များကို မီးရှို့ပစ်လိုက်ကြသည်။ ရဟန်းတော်များ သာသနာ့အလုပ် အေးအေးဆေးဆေးလုပ်ဖို့နေနေသာသာ အသက်ဘေးလွတ်အောင် ပုန်းကွယ်၊ ရှောင်တိမ်းထွက်ပြေးကြရသည်။
အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ ပါလနိုင်ငံတော်ကြီးဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား စသော ဗုဒ္ဓဘာသာနိုင်ငံများ ၌လည်း လူမျိုးခြား၊ ဘာသာခြားအာဏာရှင်များ၏ ဗုဒ္ဓဘာသာရဟန်းရှင်လူများကို ရက်ရက်စက်စက် လူမျိုးတုံးသတ်ဖြတ် ဖျက်ဆီးမှုကြောင့် သာသနာ့ဝန်ထမ်း ရဟန်းတော်များ မည်သည့်သာသနာပြုလုပ်ငန်းများကိုမျှ မလုပ်နိုင်တော့ သာသနာ ကွယ်မည်သာဖြစ်သည်။ ယခုလောလောဆယ်မှာပင် အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်၌ နည်းအမျိုးမျိုးဖြင့် နှိပ်စက်ဖျက်ဆီး ခံနေရသဖြင့် ခရစ်ယာန်ဘာသာနှင့် ခရစ်ယာန်ဘာသာဝင်များ၊ လူ့အခွင့်အရေးများ၊ ဒီမိုကရေစီစံနှုန်းများ ပျောက်ကွယ်မည့် အရေး စိုးရိမ်နေရလေပြီ။ ထိုင်းတောင်ပိုင်းအပါအ၀င် မြန်မာ့နယ်စွန်နယ်ဖျားများ၌လည်း လူမျိုးခြား၊ ဘာသာခြား သူပုန်များ က ဆွမ်းခံထွက်သောရဟန်းတော်များကို ပစ်သတ်ခြင်း၊ နေရာများကိုဖျက်ဆီးခြင်း စသည်တို့ကြောင့် ရဟန်းတော်များ သာသနာ့တာဝန်ကို လုပ်ခွင့်မရရှာကြ။ သာသနာပြုလုပ်ငန်းလုပ်ရာ၌ သာသနာ့ဝန်ထမ်း ရဟန်းတော်များသက်သက်ဖြင့် မလုံလောက်ပါ။
မြတ်စွာဘုရား ဘုရားဖြစ်ပြီးစ အဋ္ဌမသတ္တာဟ ဗောဓိပင်အောင် သီတင်းသုံးစဉ်အခါက မာရ်နတ်မင်းက -
အရှင်ဘုရား၊ အရှင်ဘုရား၏ ရည်ရွယ်ချက်အတိုင်း ဘုရားဖြစ်ပြီးပါပြီ၊ ပရိနိဗ္ဗာန်စံဖို့ အချိန်တန်ပါပြီ-ဟု လျှောက်ထား သောအခါ မြတ်စွာဘုရားက -
ဟယ် မာရ်နတ်၊ ငါဘုရားသည် သတ္တ၀ါတွေကယ်တင်ဖို့ ဘုရားဆုပန်လာတာဖြစ်သည်။ ငါဘုရား၏တပည့် အမျိုးသာရဟန်းတော်၊ အမျိုသမီးရဟန်းတော်-ဟူသော သာသနာ့ဝန်ထမ်း ၂-မျိုးနှင့် သာသနာတော်ကို ကူညီအားပေးသူ ဒါယကာ၊ ဒါယိကာမတို့အပါအ၀င် ပရိသတ် ၄-ပါးတို့ အရည်အချင်း ပြည့်ပြည့်၀၀ သာသနာမပြုနိုင်သေးသ၍ ငါဘုရား ပရိနိဗ္ဗာန်မစံသေး - စသည်ဖြင့် မိန့်ကြားတော်မူခဲ့သည်။ (ဒီ-၂၊ ၈၇၊ ဒီ-ဋ္ဌ၊ ၂၊ ၁၄၅) အဆိုပါမိန့်ကြားချက်ကိုကြည့်လျှင် သာသနာ မကွယ်အောင် သာသနာပြုရာမှာ  ဆရာဘက်က ၂-မျိုး၊ ဒကာဘက်က ၂-မျိုးဟူသော ပရိသတ် ၄-ပါး ၀ိုင်းဝန်းသာသနာပြုဖို့ လိုအပ်ကြောင်းထင်ရှားသည်။ အဆိုပါ သာသနာပြုဖော်ပြုဖက် တာဝန်ကိုယ်စီမယူနိုင်လျှင် သို့မဟုတ် တာဝန်မယူနိုင်အောင် အိန္ဒိယ - စသောနိုင်ငံမှာ တွေ့ကြုံခဲ့သော သာသနာဖျက်မည့် ဘေးရန်များတွေ့ကြုံလျှင် ဘယ်နည်းနဲ့မျှ သာသနာမကွယ် အောင် စောင့်ရှောက်နိုင်မည်မဟုတ်သည်ကို သမိုင်းအထောက်အထားများအရ အထင်အရှားသိနိုင်သည်။ (သာဂါရာ အနဂါရာ စ၊ ဥဘော အညောည နိဿိတာ၊ အာရာဓယန္တိ သဒ္ဓမ္မံ၊ ယောဂက္ခေမံ အနုတ္တရံ၊ ဣတိဝုတ်)
ဗုဒ္ဓသာသနာတော် ဖြတ်သန်းခဲ့သော ၂၅၀၀-ကျော်ကာလအတွင်းမှာ နိမ့်တုံမြင့်တုံ ငှက်ခါးပျံသလို တိုးတက်လိုက်၊ ဆုတ်ယုတ်လိုက် ဖြတ်သန်းခဲ့သည်မှာ သာသနာ့ဝန်ထမ်း ရဟန်းတော်တွေချည်းသက်သက်မဟုတ်၊ သာသနာတော်ကို အားပေးစောင့်ရှောက်သူ၊ သာသနာ့အန္တရာယ်ကာကွယ်ပေးသူ မင်းကောင်း၊ မင်းမြတ်များအပေါ်မှာလည်း မူတည်သည်။ သိုဟန်ဘွားလက်ထက်က ရဟန်းတော်များ အသတ်ခံရခြင်း၊ သန်လျင်စား ငစင်ကာ လက်ထက်က ဘုရားဌာပနာဖောက်၊ ကြေးဘုရား၊ ကြေးခေါင်းလောင်းများ အရည်ကြို ကျည်ဆံလုပ်စသည်ဖြင့် သာသနာဖျက်ခဲ့ခြင်းကြောင့် သာသနာဆုတ်ယုတ် ခဲ့ရသည်။ အနော်ရထာ၊ ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရားစသော မြန်မာ့ခေါင်းဆောင်များသည် -
တိုင်းပြည်နှင့် လူမျိုး၊ ဘာသာ၊ သာသနာအပေါ်မှာ ကျရောက်လာမည့် အန္တရာယ်များကို တွန်းလှန်ဖယ်ရှား၍ အမျိုး ဘာသာ သာသနာတော်ကို စောင့်ရှောက်သွားမည် - ဟု နန်းတက်အခမ်းအနားတို့၌ အဓိဋ္ဌာန်ပြုသွားကြသည်။ အဓိဋ္ဌာန် အတိုင်းလည်း အမျိုး ဘာသာ သာသနာအကျိုးကို သက်စွန့်ဆံဖျားကြိုးပမ်းသွားကြသည်။ ထို့ကြောင့် အဆိုပါမင်းကောင်း မင်းမြတ်များလက်ထက်၌ ဗုဒ္ဓသာသနာတော်ကြီး စည်ပင်ပြန့်ပွားခဲ့သည်။ ဒါကိုရည်ရွယ်၍ -
တိုင်းပြည်အုပ်ချုပ်ကြသူ အစိုးရမင်းများဟူသော သမ္မုတိနတ်တို့သည် အမျိုး ဘာသာ သာသနာကို အမြဲမပြတ် စောင့်ရှောက်ကြပါ။ (သာသနမ္ပိ စ လောကဉ္စ၊ ဒေ၀ါ ရက္ခန္တု သဗ္ဗဒါ) ဟုလည်းကောင်း၊
ရှေးမင်းကောင်းမင်းမြတ်များကဲ့သို့ အစိုးရမင်းများသည် တိုင်းသူပြည်သား လူအများကို မိမိရင်ဝယ်သားကဲ့သို့ တရားနှင့်အညီ စောင့်ရှောက်ကြပါစေသတည်း -
(ယထာ ရက္ခိံသု ပေါရာဏာ၊ သုရာဇာနော တထေ၀ိမံ။ ရာဇာ ရက္ခတု ဓမ္မေန၊ အတ္တနောဝ ပဇံ ပဇံ။) ဟုလည်းကောင်း ကျမ်းဂန်တို့၌ တိုက်တွန်းနှိုးဆော်ထားခြင်းဖြစ်သည်။
ယခုလောလောဆယ်မှာပင် တချို့က မဘသဘုန်းကြီးများကို ဆွမ်းမလောင်းဟု ပြောနေခြင်း၊ ကျောက်ပန်းတောင်း မြို့၌ ကထိန်ခင်းဖို့လျာထား-ထားပြီးသောကျောင်းအတွက် ကထိန်ကိုပင်ဖျက်သိမ်းပစ်လိုက်ခြင်း စသည်တို့သည်လည်း သာသနာ့အန္တရာယ်ကြုံနေရခြင်းပင် ဖြစ်သည်။ မြန်မာ့အနာဂတ်ဗုဒ္ဓသာသနာအတွက် ရင်လေးဖွယ်ကောင်းပေစွ။
ဆိုခဲ့ပြီးသော အကြောင်းအရာများကိုကြည့်လျှင် ဗုဒ္ဓသာသနာကွယ်ပျောက်ခြင်းသည် ရဟန်းတော်များ သက်သက် ကြောင့်သာမဟုတ်ပါ။ ရဟန်းတော်များ သာသနာပြုလုပ်ငန်း အေးအေးချမ်းချမ်းလုပ်နိုင်ရန် ကူညီစောင့်ရှောက်ပေးမည့် ဒကာ၊ ဒကာမများ၊ သာသနာ့ဒါယကာ မင်းကောင်းမင်းမြတ်များလည်း လိုအပ်သည်။ အမျိုး ဘာသာ သာသနာဖျက်မည့် အန္တရာယ်များကင်းရှင်းဖို့လည်း လိုအပ်သည်။ အစိုးရမင်းများက သာသနာ့အန္တရာယ်ကို မကာကွယ်ပေးရင်သော်လည်း ကောင်း၊ ဒကာ၊ ဒကာမများက ကူညီအားမပေးလျှင်သော်လည်းကောင်း သာသနာ့ဝန်ထမ်း ရဟန်းတော်များ ပရိယတ္တိ၊ ပဋိပတ္တိ သာသနာ့တာဝန်များကို မထမ်းဆောင်နိုင်လျှင် ဗုဒ္ဓသာသနာတော်ကြီး ဧကန်မုချ ကွယ်ပမည်သာဖြစ်ကြောင်း တင်ပြရင်း သာသနာကွယ်ကြောင်း ဆောင်းပါကို အဆုံးသတ်အပ်ပါသတည်း။


တန်ဆောင်မုန်းလဆန်း  ၅-ရက်၊ ၁၃၇၇-ခု၊                                    
(နိုဝင်ဘာလ - ၁၆၊ ၂၀၁၅)၊ တနင်္လာနေ့။ 

အရှင်တိလောကာဘိဝံသ (အင်းစိန်)                                        ရွာမပရိယတ္တိစာသင်တိုက်၊အင်းစိန်မြို့။


 
Arkar

Wednesday, November 11, 2015

၂၀၁၅- ရွေးကောက်ပွဲကြီး အစစအရာရာ ငြိမ်းငြိမ်းချမ်းချမ်း ပြီးဆုံးသွားသည်ကိုလည်းကောင်း၊ ရှေ့ဆက်လက် လျှောက်လှမ်းရမည့် ဒီမိုကရေစီလမ်းကြောင်းကိုလည်း ဥပဒေနှင့်အညီသာ လိုက်နာလျှောက်လှမ်းကြပါရန် မဘသအဖွဲ့ကြီး(ဗဟို)မှ သဘောထားထုတ်ပြန်ချက်တစ်ရပ်အား တန်ဆောင်မုန်းလဆန်း ၁-ရက်၊ နိုဝင်ဘာ ၁၂-ရက်နေ့၌ ထုတ်ပြန်ချက်အမှတ် ၀၀၄၅ ဖြင့် ထုတ်ပြန်ကြေညာ

သဘောထားထုတ်ပြန်ချက်

၂၀၁၅- ခုနှစ်၊ နိုဝင်ဘာ ၈-ရက်နေ့၌ ကျင်းပခဲ့သော ရွေးကောက်ပွဲနှင့်ပတ်သက်၍ ရွေးကောက်ပွဲမတိုင်ခင် နေ့ကပင် ကြိုတင်၍ မဘသအဖွဲ့ကြီးက သဘောထားထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

အဆိုပါရွေးကောက်ပွဲကြီး-
* ငြိမ်းငြိမ်းချမ်းချမ်း ပြီးဆုံးသွားသည်ကိုလည်းကောင်း၊
* ပြည်သူအများ ကိုယ့်ဆန္ဒအတိုင်း လွတ်လွတ်လပ်လပ် ဆန္ဒမဲပေးပိုင်ခွင့် ရရှိသည်ကိုလည်းကောင်း၊
* ပြည်သူ့ဆန္ဒအညီ ပွင့်လင်းမြင်သာစွာ နိုင်သင့်နိုင်ထိုက်သူများ အနိုင်ရသွားသည်ကိုလည်းကောင်း၊
* ဤကဲ့သို့ အစစအရာရာ အဆင်ပြေ ချောချောမွေ့မွေ့ ပြီးစီးသွားအောင် ဆောင်ရွက်ပေးကြသူ ပုဂ္ဂိုလ်အားလုံးကိုလည်းကောင်း
မဘသအဖွဲ့ကြီးက ကျေးဇူးတင်စွာဖြင့် ၀မ်းမြောက်ဂုဏ်ယူ ကြိုဆိုလိုက်ပါသည်။

ရှေ့ဆက်လက် လျှောက်လှမ်းရမည့် ဒီမိုကရေစီ လမ်းကြောင်းအဆင့်ဆင့်ကိုလည်း ဥပဒေနှင့်အညီသာ လိုက်နာလျှောက်လှမ်းကြပါဟုလည်း အထူး အလေးအနက်ထား တိုက်တွန်းလိုက်ပါကြောင်း မဘသအဖွဲ့ကြီး(ဗဟို)က သဘောထားထုတ်ပြန်လိုက်ပါသည်။

စာအမှတ်၊ ၀၀၄၅/ စီမံ-မဘသ/၂၀၁၅
နေ့စွဲ၊ ၁၃၇၇-ခု၊ တန်ဆောင်မုန်းလဆန်း ၁-ရက်၊
(နိုဝင်ဘာလ ၁၂-ရက်၊ ၂၀၁၅) ကြာသပတေးနေ့

ဘဒ္ဒန္တ တိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့(ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။

Arkar

Sunday, November 8, 2015

ရွေးကောက်ပွဲရလဒ်ကို တရားဥပဒေနှင့်အညီ သက်ဆိုင်သူပုဂ္ဂိုလ်အားလုံး ငြိမ်းငြိမ်းချမ်းချမ်း ကျေကျေနပ်နပ် လက်ခံနိုင်ကြရန်နှင့် ရွေးကောက်ပွဲအလွန် အနာဂတ်ကာလတွင် ငြိမ်းချမ်းသာယာသည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးဖြစ်အောင် သက်ဆိုင်ရာ အသိုက်အ၀န်းအားလုံး ညီညီညွတ်ညွတ် ငြိမ်းငြိမ်းချမ်းချမ်း လက်တွဲဆောင်ရွက်နိုင်ကြစေရန် မဘသအဖွဲ့ကြီး(ဗဟို)မှ သဘောထားကြေညာချက်တစ်ရပ်အား ရဟန်း, ရှင်, လူ, အများပြည်သူ သိရှိနိုင်စေရန် ထုတ်ပြန်။


သဘောထားထုတ်ပြန်ချက်
ဒီမိုကရေစီသဘောအရ လူတိုင်း မိမိအတွေးအခေါ် အယူအဆ ခံယူချက်များအပေါ်မူတည်၍ ထုတ်ဖော်ပြောဆိုမှုများ၊ လုပ်ကိုင်ဆောင်ရွက်မှုများ ကွဲလွဲနိုင်ခွင့်ရှိသည်၊ သို့သော် အများစု၏ ဆန္ဒဖြင့် ဆောင်ရွက်တတ်ခြင်း၊ အနည်းစု၏ သဘောထားကိုလည်း အလေးထားတတ်ခြင်းဟူသော ဒီမိုကရေစီစံနှုန်းများကိုလည်း လိုက်နာကျင့်သုံးနိုင်ရမည်ဖြစ်သည်၊ မည်သို့ပင် သဘောထားကွဲလွဲစေကာမူ နိုင်ငံနှင့်လူမျိုး အမျိုးသားအကျိုးစီးပွားဟူသော အမျိုးသားရေးစံနှုန်းပေါ်မှာတော့ မလွဲမသွေ ရပ်တည်ရမည်ဖြစ်သည်၊ ယင်းသို့ ဒီမိုကရေစီစံနှုန်း, အမျိုးသားရေးစံနှုန်းများ ထိခိုက်နစ်နာမှုမရှိအောင် ဟန်ချက်ညီညီ လုပ်ဆောင်နိုင်ကြမှသာ ပစ္စပ္ပာန်, သံသရာ၌ အပြစ်ကင်းပ ကောင်းကျိုးရနိုင်သည့် အများလေးစားလောက်သော, ပြည်သူအများမျှော်လင့်နေသော ဒီမိုကရေစီနိုင်ငံတော်ကြီး ဖြစ်နိုင်ပေမည်။

သို့ဖြစ်၍ ၂၀၁၅-ခုနှစ်၊ နိုဝင်ဘာ၈-ရက် မြန်မာ့ရွေးကောက်ပွဲရလဒ်ကို တရားဥပဒေနှင့်အညီ သက်ဆိုင်သူ ပုဂ္ဂိုလ်အားလုံး ငြိမ်းငြိမ်းချမ်းချမ်း ကျေကျေနပ်နပ် လက်ခံနိုင်ကြမှသာ ငြိမ်းချမ်းသာယာသော ဒီမိုကရေစီနိုင်ငံတော်ကြီးအဖြစ် ဆက်လက်လျှောက်လှမ်းနိုင်မည်ဖြစ်ပါသည်၊ သို့မဟုတ်ပါက လက်ရှိရရှိထားသော နိဒါန်းမျိုး ဒီမိုကရေစီအခွင့်အရေးပင် လက်လွတ်ဆုံးရှုံးပျောက်ကွယ်သွားနိုင်သည်ကိုလည်း အထူးသတိပြုဖို့ လိုအပ်ပါသည်။

ဖြတ်သန်းခဲ့ပြီးသော အတိတ်လမ်းခရီး၌ ပုထုဇဉ်အလျောက် (ချစ်ခြင်း, မုန်းခြင်း, ကြောက်ခြင်း, မိုက်မဲတွေဝေခြင်းအပေါ်မူတည်၍) မိသားစုအချင်းချင်း, လူ့အသိုက်အ၀န်းအချင်းချင်း မတူကွဲလွဲချက်များ, ဒေါသအာဃာတများ၊ ပဋိပက္ခများကို အတိတ်မှာသာထားခဲ့ပြီး ရွေးကောက်ပွဲအလွန် အနာဂတ်ကာလတိုင်အောင် ယူဆောင်မလာကြဘဲ ငြိမ်းချမ်းသာယာသည့် ပြည်ထောင်စုနိုင်ငံတော်ကြီးဖြစ်အောင် သက်ဆိုင်ရာ အသိုက်အ၀န်းအားလုံး ညီညီညွတ်ညွတ် ငြိမ်းငြိမ်းချမ်းချမ်း လက်တွဲကြိုးစားဆောင်ရွက်ကြပါစို့ဟု မဘသအဖွဲ့ကြီး(ဗဟို)က လေးလေးနက်နက် သတိပေးတိုက်တွန်းကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။

စာအမှတ်၊ ၀၀၄၄/စီမံ-မဘသ/၂၀၁၅
နေ့စွဲ၊ ၁၃၇၇-ခု၊ သီတင်းကျွတ်လပြည့်ကျော် ၁၁-ရက်
(နိုဝင်ဘာလ၈-ရက်၊ ၂၀၁၅)၊ တနင်္ဂနွေနေ့

ဘဒ္ဒန္တ တိလောကာဘိဝံသ
ဥက္ကဌ၊ မဘသအဖွဲ့(ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။

Arkar

Wednesday, November 4, 2015

မဘသအဖွဲ့ကြီး(ဗဟို)မှ မဘသ၏ ဦးတည်ချက်၊ ခံယူချက်၊ လက်တလော ဆောင်ရွက်ချက်များ၊ ပြုပြင်ပြောင်းလဲနေသည့် အခြေအနေများနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ချက်တစ်ရပ်အား မဘသဗဟို ရုံး ထုတ်ပြန်ကြေညာစာအမှတ် ၀၀၄၃ ဖြင့် နိုဝင်ဘာ ၄ရက်နေ့ ညနေ၅း၀၀ တွင် ထုတ်ပြန်ကြေညာ အများပြည်သူဖတ်ရှုလေ့လာနိုင်ပါရန် မေတ္တာဖြင့် ဖော်ပြပါသည်..




သဘောထားထုတ်ပြန်ချက်

မဘသအဖွဲ့ကြီးသည် မိမိတို့၏ တိုင်းပြည်နှင့်လူမျိုး ဘာသာ သာသနာအတွက်ကိုသာ ဦးတည်ချက်ထား၍ ဆောင်ရွက်နေသော အဖွဲ့ကြီးဖြစ်သည်၊ အာဏာရယူရေးအတွက်, လူတစ်စု သို့မဟုတ် ပါတီတစ်ခုခု ကောင်းစားရေးအတွက် ဆောင်ရွက်နေခြင်းမဟုတ်ပါ။

------
အမျိုးစောင့်ဥပဒေအပါအ၀င် မဘသဆောင်ရွက်ချက်မှန်သမျှသည် အမိမြန်မာနိုင်ငံတော်၏ တိုင်းပြည်နှင့် လူမျိုး ဘာသာ သာသနာတည်တံ့ပြန့်ပွားရေးအတွက် ဆောင်ရွက်နေခြင်းဖြစ်၍ အမျိုးစောင့်ဥပဒေအပါအ၀င် မဘသလုပ်ရပ်မှန်သမျှကို နှောက်ယှက်သူ, ဟန့်တားသူမှန်သမျှသည်လည်း အမိမြန်မာနိုင်ငံတော်၏ တိုင်းပြည်နှင့် လူမျိုး ဘာသာ သာသနာဖျက်ဆီးမည့်သူများဖြစ်၍ ယင်းသည့် ပုဂ္ဂိုလ်, ပါတီများကို ကန့်ကွက်လည်း ကန့်ကွက်ပါသည်၊ အားမပေးဘဲ ရှောင်ရှားရန်လည်း ရဟန်းရှင်လူပြည်သူအားလုံးတို့အား တိုက်တွန်းပါသည်။(အဖျက်လုပ်ငန်း, အဖျက်သမားများကိုအားပေးလျှင် မိမိလည်း အဖျက်သမားဖြစ်သွားမည်၊ အပြုလုပ်ငန်း, အပြုသမားကို အားပေးလျှင် မိမိလည်း အပြုသမားဖြစ်သွားမည်)
---
ထို့အပြင် မဘသအဖွဲ့ကြီးအပေါ် ထင်ယောင်ထင်မှားဖြစ်စေမည့် အခြေအမြစ်ခိုင်မာမှုမရှိသော သတင်းများကို ရေသားဖော်ပြကြသည့် လူမှုကွန်ယက်များ, အွန်လိုင်း/ပုံနှိပ် သတင်းဌာနများ၏ စွမ်စွဲချက်များနှင့်ပတ်သက်၍ တာဝန်ရှိသူများက ပြန်လည်ဖြေရှင်းခြင်းမပြုပါလျှင် မည်သူမဆို ဥပဒေ၏အဆုံးအဖြတ်ကို ခံရမည်ဖြစ်ကြောင်း အလေးအနက် သိစေအပ်ပါသည်၊ မဘသအဖွဲ့နှင့်ပတ်သက်သည့် ပုဂ္ဂိုလ်အချို့, ဒေသအချို့တို့၏ သူတို့ကိုယ် ပိုင် ပြောကြားချက်များသည် မဘသအဖွဲ့ကြီး(ဗဟို)၏ သဘောထားမဟုတ်ကြောင်းကိုလည်း ထပ်မံ သိစေအပ် ပါသည်။
---
မဘသအဖွဲ့ကြီးသည် လူတစ်စုကောင်းစားရေး အာဏာရှင်စနစ်မှ ပြည်သူလူထုအားလုံးကောင်းစားရေး အမျိုးသားရေးလက္ခဏာမပျောက်ပျက်သော ဒီမိုကရေစီနိုင်ငံတော်ထူထောင်ရေး ပြုပြင်ပြောင်းလဲမှုများကို ၀မ်းမြောက်ဝမ်းသာ ကြိုဆိုနေပါသည်၊ ကိုယ်ရေးကိုယ်တာခံစားချက်များကို ရှေ့တန်းမတင်ဘဲ တာဝန်ရှိသူအားလုံးက အဆိုပါ ပြုပြင်ပြောင်းလဲမှုများကို တစိုက်မတ်မတ် ပြုလုပ်ပေးကြပါဟုလည်း မဘသအဖွဲ့ကြီး(ဗဟို)က လေးလေးနက်နက် ဂုဏ်ပြုတိုက်တွန်းကြောင်း သဘောထားထုတ်ပြန်လိုက်သည်။

စာအမှတ်၊ ၀၀၄၃၊ စီမံ-မဘသ၊ ၂၀၁၅
နေ့စွဲ၊ ၁၃၇၇-ခု၊ သီတင်းကျွတ်လပြည့်ကျော် ၇-ရက်၊
(နိုဝင်ဘာလ ၄-ရက်၊ ၂၀၁၅)၊ ဗုဒ္ဓဟူးနေ့
--
ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့(ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။

Arkar

Wednesday, October 21, 2015

“အငှားဗိုက်နှင့် ဓားထိုးခံ မုသာဝါဒကံ” (ဘဒ္ဒန္တ တိလောကာဘိဝံသ) မဘသဗဟို ဥက္ကဋ္ဌဆရာတော်


လူရယ်လို့ဖြစ်လာလျှင် မလွဲမသွေ လိုက်နာကျင့်သုံးရမည့် ကိုယ်ကျင့်တရားမှာ ၅-ပါးသီလပင်ဖြစ်သည်။ ၅-ပါး သီလသည် လူပီသရေးအတွက် အရေးကြီးသော ကိုယ်ကျင့်တရားလည်းဖြစ်သည်။ ဤ ၅-ပါးသီလကဲ့သို့သော ကျင့်ဝတ်များ သည် ကမ္ဘာဦးကပင် ရှိနေနှင့်ကြသည်။ ဘုရားပွင့်ချိန်မှာ ဘုရားရှင်တို့က သတ်မှတ်ပညတ်ကြသည်။ ဘုရားပွင့်ချိန်မဟုတ် လျှင် သူတော်ကောင်းပညာရှင်များက သတ်မှတ်ပေးကြသည်။ ထို့ကြောင့် ၅-ပါးသီလကဲ့သို့သော ကျင့်ဝတ်သိက္ခာများ အခြားသော ဟိန္ဒူ, ခရစ်ယာန်စသော ဘာသာများ၌ရှိနေခြင်းဖြစ်သည်။ ဤသဘောကို မသိသော အချို့သူများက ၅-ပါး သီလသည် အခြားသောဘာသာများ၌လည်း ရှိနေ၍ မြတ်ဗုဒ္ဓက သူ့အရင်ပေါ်နှင့်သော ဟိန္ဒူစသော ဘာသာများမှ ၅-ပါး သီလကျင့်ဝတ်တရားကို ယူထားသည်ဟု ပြောလေ့ရှိကြသည်။
၅-ပါးသီလထဲမှ မုသာဝါဒ အကြောင်း
တစေ့တစောင်းကိုသာ ပြောကြားလိုပါသည်။ မုသာဝါဒ-လိမ်ညာသည် ဆိုသည်မှာ အမှန်မဟုတ်တာကို ပြောဆိုခြင်း၊ အမှန်ကို အမှားဖြစ်အောင်ပြောဆိုခြင်း၊ အမှားကို အမှန်ဖြစ်အောင် ပြောဆိုခြင်း၊ နားထောင်သူ အမှားသိရှိနားလည်သွားအောင် ပြောဆိုခြင်းတည်း။ မုသာဝါဒသည် များသောအားဖြင့် ၀စီကံနှုတ်အမူအရာဖြင့် ပြောလေ့ရှိသောကြောင့် ၀စီကံထဲမှာ ထည့်ထားသော်လည်း ကိုယ်အမူအရာ, နှုတ်အမူအရာ ၂-မျိုး လုံးနှင့်ဆိုင်သည်။ ကိုယ်နဲ့လိမ်လိမ်, နှုတ်နဲ့လိမ်လိမ် ဘယ်နည်းနှင့်လိမ်လိမ် မုသာဝါဒပင် ဖြစ်သည်။ ကိုယ်အမူအရာ ဆိုသည် မှာ ကိုယ်ဟန်,လက်ဟန်,ခေါင်းဟန်,မျက်နှာဟန် တစ်ခုခုပြုလုပ်၍ လိမ်ခြင်း၊ အမှားသိစေခြင်းတည်း။ စာရေးသားခြင်းစသော စာနယ်ဇင်းဖြင့်ဖြစ်စေ, ရုပ်သံဖြင့်ဖြစ်စေ, မည်ည့်နည်းဖြင့်လိမ်လိမ် မုသာဝါဒပင်ဖြစ်သည်။
၅-ပါး သီလလာ ဒုစရိုက်ပြစ်မှု ၅-မျိုးတွင် -
၁။ မုသာဝါဒသည် အပြစ်အကြီးဆုံးဖြစ်သည်။ မုသာဝါဒမှ မလုံခြုံသူသည် မည်သည့်ပြစ်မှုမဆို လွန်ကျူးမည် သာ ဖြစ်သည်။
(ဣတိဝုတ်-မုသာဝါဒသုတ်-၂၀၇)
၂။ ချစ်သားရာဟုလာ မုသားဆိုရင် ရယ်ဖွယ်အဖြစ်တောင်မပြောနဲ့၊ လိမ်ဝံ့တဲ့သူဟာ မလုပ်ရဲသော အကုသိုလ် ဟူ၍မရှိ၊ မှောက်ထားသောရေခွက်မှာ ရေတစ်စက်မှမကျန်, ဘာမျှမရှိတော့သလို ထိုလိမ်ဝံ့သူ၌ အရည်အချင်းကောင်း ဟူသမျှ ဘာမျှမရှိနိုင်တော့ချေ။
(အမ္ဗလဋ္ဌိကရာဟုလောဝါဒသုတ်၊ မ-၂၊ ၇၈)
၃။ ကမ္ဘာဦးအခါက စေတိယမင်းသည် သူငယ်ချင်းအကျိုးအတွက် မုသာဝါဒပြောပေးခြင်းကြောင့် မြေမျိုခံရပြီး အ၀ီစိငရဲမှာ နှစ်ပေါင်းမရေမတွက်နိုင်အောင် ဒုက္ခခံခဲ့ရသည်။
(ဇာ-ဋ္ဌ၊ ၃-၄၃၆)
၎။ စိဉ္စမာဏမိန်းမချောလေးသည် သူ့ဆရာတိတ္ထိများအကျိုးအတွက် သူ့ကိုယ်ဝန်ဟာ ဘုရားရှင်နှင့်ရတာပါဟု လိမ် ညာစွပ်စွဲခြင်းကြောင့် မြေမြိုခံရပြီး အ၀ီစိငရဲမှာ နှစ်ပေါင်းမရေမတွက်နိုင်အောင် ဒုက္ခခံနေရရှာသည်။
(ဓမ္မပဒ၊ ဋ္ဌ-၂၊ ၁၁၇-၁၁၈)
- စသည်ဖြင့် မုသာဝါဒအပြစ်များကို ဘုရားဟောဒေသနာတို့၌ မြောက်မြားစွာတွေ့ရသည်။
မင်းမှာ သစ္စာ၊ လူမှာ ကတိ (မဃဒေ၀) ဆိုသည့်အတိုင်း မုသာဝါဒ မလုံခြုံသူသည် သစ္စာလည်းမရှိ၊ ကတိလည်း တည်နိုင် မည်မဟုတ်ပေ။ ကတိ, သစ္စာတည်လျှင် နွယ်,မြက်,သစ်ပင်သည်ပင် အလိုအလျောက်ဆေးဖြစ်သည်။ မှန်ကန်စွာဆိုမှု သစ္စာစကားကြောင့် တောမီးကို ငြိမ်းစေသည်။ ရေစုန်ကို ဆန်စေသည်။ မိုးကိုရွာစေသည်။ မီးမဖွားနိုင်၍ သေအံ့မူးမူး ဖြစ်နေသည်ကို ချမ်းသာလွယ်ကူစွာ မီးဖွားစေနိုင်သည်။ အမှန်ကိုပြောဆိုမှုသည် သစ္စာပါရမီပင် ဖြစ်သည် စသည်ဖြင့် မုသာဝါဒရှောင်ကြဉ်မှုသီလသည် မဆုံးနိုင်သောကောင်းကျိုးကို ရရှိစေနိုင်သည်။ အကုသိုလ် အလုပ်တွင် မုသာဝါဒသည် အပြစ်အကြီးဆုံးဖြစ်သည်။ ကုသိုလ်အလုပ်တွင် သစ္စာစကားသည် အမြင့်မြတ်ဆုံးဖြစ်သည်။ ထို့ကြောင့် -
အကုသိုလ်မှာ၊ မုသာဝါဒ၊ ကုသိုလ်မှာကား၊ သစ္စ၀ါစာ၊ လေးဆုံ့သာတည်း ဟု (မဃဒေ၀) ဆိုထားသည်။
မုသာဝါဒအပြစ်များကို
မဟုတ်မမှန်၊ တစ်ဖက်သားကို၊ ယွင်းချွတ်လှည့်စား၊ မုသားဆို၊
အဓိပ္ပါယ်ကို၊ ထိုသူသိက၊ မုသာဝါဒ အကုသိုလ်၊
လွန်ကျူးမိလျှင် တကယ်ပဲပေါ့၊ အပါယ်ငရဲ ကျမည်ဆို၊
လွတ်လာပြန်လည်း၊ ပုပ်ညှီစွဲ၊ သွားကျဲ-နှုတ်ခမ်းတို၊
အဲဒါကြောင့် ပဉ္စသီလ တည်ကြပါစေလို။ (ရှေးဆရာများ)
မုသားစကား၊ ပြောဆိုငြားမူ၊ စကားမပီ၊ သွားမညီတည်း၊ ပုပ်ညှီပါးစပ်၊
ခြောက်ကပ်ကိုယ်ရေး၊ ဣနြေ္ဒယွင်းနှောက်၊ ရုပ်ဆင်းဖောက်၏၊
မရောက်သြဇာ၊ နှုတ်လျှာကြမ်းထော်၊
လျှပ်ပေါ်လော်လည်၊ စိတ်မတည်သည်၊ ရှောင်ကြဉ် အပြန်အကျိုးတည်း။ (ရှေးဆရာများ)
စသည်ဖြင့် မိန့်ဆိုထားကြသည်။ တစ်ဦးတစ်ယောက်ကိုလိမ်လျှင် မုသာဝါဒတစ်ချက် အပြစ်သင့်သည်ဆိုပါက မြန်မာတစ်နိုင်ငံလုံးသိအောင် မမှန်မကန်လိမ်ညာ ရေးသားလျှင်,ပြောဆိုလျှင်,ထုတ်လွှင့်လျှင် မုသာဝါဒ သန်း ၅၀-ကျော် အပြစ်သင့်မည်။ တစ်ကမ္ဘာလုံးသိအောင် ရေးသား, ပြောဆို, ထုတ်လွှင့်လျှင်တော့ မုသာဝါဒ သန်းပေါင်း ထောင်သောင်း မက ကျူးလွန်ရာရောက်သည်။ မုသာဝါဒတစ်ခွန်းသည်ပင် အပါယ်ငရဲ၌ အချိန်ကြာမြင့်စွာ ဒုက္ခခံရပြီး အပါယ်မှ လွတ်ပြန်လျှင်လည်း စကားမပီ၊ သွားမညီတည်း စသောမဆုံးနိုင်သောဆိုးကျိုးများ ခံစားရမည်မှာ မလွဲပေ။ ကြောက်စရာ ကောင်းပေစွ။
ယခုအခါ မြန်မာ့နိုင်ငံရေးလောကတွင် အချို့သူများသည် သူတို့အာဏာရဖို့အတွက် ပြည်သူများကို မစားရ ၀ခမန်း မြှူဆွယ်နေကြသည်။ အချင်းချင်းတိုက်ပေးနေကြသည်။ နွားကွဲလျှင် ကျားဆွဲ ဆိုသလို လူမျိုးခြား, ဘာသာခြားများကလည်း သူတို့ထင်သလိုခြယ်လှယ်လို့ရအောင် အဖက်ဖက်က ပေးကမ်းထောက်ပံ့နေကြသည်။ မြန်မာ့သစ္စာဖောက်များကလည်း သူတို့ကိုယ်ကျိုးတစ်ခုတည်းသာကြည့်ပြီး တိုင်းပြည်နှင့်လူမျိုးမျက်နှာ လုံးဝမငဲ့ကွက်ကြ။ ဘယ်သူသေသေ ငတေမာပြီးရော ပြည်သူကိုချနင်းနေကြသည်။ ကိုယ်ကောင်းကြောင်း သူများမကောင်းကြောင်း ဖရုသ၀ါစာ ၀စီကံကျူးလွန်နေကြသည်။ မဖြစ်နိုင်တာတွေ မက်လုံးပေးနေကြသည်။
ကိုယ်ကျိုးရှာအုပ်ချုပ်သူများကြောင့် ခေတ်အဆက်ဆက်နစ်နာခဲ့ရသော ပြည်သူများကလည်း ဆေးစာဖတ်ရာ နားထောင်ရာ လူနာပျောက်နိုးနိုး ဆိုသည့်အတိုင်း သူတို့ပြောသမျှ နားယောင်နေကြသည်။ ဤအခြေအနေကို မီးလောင်ရာ လေပင့်ပေးကြသော ဘာသာခြား,လူမျိုးခြားများက မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ ဆိုသည့်အတိုင်း မသိမသာတစ်မျိုး, သိသိသာသာတစ်မျိုး သွေးထိုးပေးနေကြသည်။
ကူညီလိမ်ပေးသူများကလည်း လိုလျှင်လိုသလို, မလိုလျှင်မလိုသလို ပြောဆိုရေးသား ထုတ်လွှင့်ကြသည်။ ကြမ်းပိုး ကို လိပ်ဖြစ်အောင်ပြော ဆိုသလို သေးသေးလေးကို အကြီးကြီးဖြစ်အောင်, အကြီးကြီးကို သေးသေးလေးဖြစ်အောင် လိမ်သည်။ လိုသလို ချုံ့သည်, ချဲ့သည်။ သောင်းဂဏန်း, သိန်းဂဏန်းလောက် အရေအတွက်ရှိသည်ကို မုသားလွတ်ရုံ တစ်ရာကျော်ကျော်လောက်သာရှိသည် စသည်ဖြင့် ပြောဆိုရေးသားခြင်းသည်လည်း လိမ်နည်းတစ်မျိုးပင်ဖြစ်သည်။ မိဘကို သတ်လျှင် အပြစ်မရှိဟု ယူဆပါက မှားသောအယူဖြစ်သည် ဟူသော စကား၌ မိဘကိုသတ်လျှင် အပြစ်မရှိဟု ယူဆ ဟုသာ ပြောဆိုရေးသားသကဲ့သို့ ပြည့်ပြည့်စုံစုံမဖော်ပြဘဲ တစ်ပိုင်းတစ်စလောက်သာ ဖော်ပြလျှင်လည်း လိမ်နည်းတစ်မျိုးပင် ဖြစ်သည်။ မလိုလျှင်ဖြုတ် လိုလျှင်အပိုစွက်ခြင်း၊ မလွှဲသာလို့သတင်းထည့်ရလျှင်လည်း ချောင်ကြိုချောင်ကြား မမြင်လောက် ရာ သတိမထားမိလောက်ရာ၌ ၀တ်ကျေတန်းကျေလောက်သာ ဖော်ပြခြင်း၊ မသိချင်ယောင်ဆောင် မဖော်ပြခြင်း စသည် တို့သည်လည်း လိမ်နည်းတစ်မျိုးပင်ဖြစ်သည်။
တစ်ဝမ်းတစ်ခါး ၀မ်းစာရေးအတွက် အမှန်ကိုအမှားဖြစ်အောင်, အမှားကို အမှန်ဖြစ်အောင်, မဟုတ်မမှန် လိမ်ညာရေးသားလျှင်, ပြောဆိုလျှင်, ထုတ်လွှင့်လျှင် ရရှိလာသောအကျိုးအမြတ်, လုပ်အားခကို ကိုယ်နှင့်ကိုယ့်ပတ်ဝန်း ကျင် ၀ိုင်းစားကြမည်။ မုသာဝါဒအပြစ်ခံရလျှင်ကား လိမ်သူမိမိသာ ခံရမည်။ လိမ်ညာမှုလုပ်ရပ်၏ ဆိုးကျိုးများကို ကိုယ့်မိသားစု, ကိုယ့်အသိုင်းအ၀ိုင်းက မျှဝေခံစားရမည်မဟုတ်။ ကိုယ့်ထိုက်နဲ့ကိုယ်သာ ခံရမည်ဖြစ်သည်။ လိမ်ညာမှု၏ အကျိုးအမြတ်, လုပ်အားခကို ခံစားတော့အများ၊ အပြစ်ခံရတော့ ကိုယ်တစ်ယောက် နင်နဲ့ နင့်ကံ နင်သာခံပေတော့။ ဘယ်သူမှ ၀ိုင်းကူလို့မရနိုင်ပေ။
ဆိုခဲ့ပြီးသည့် စေတိယမင်းသည် သူငယ်ချင်းအကျိုးအတွက် စိဉ္စမာဏမိန်းမချောလေး သည် သူ့ဆရာတိတ္ထိများ အကျိုးအတွက် ဆန္ဒာဂတိလိုက်ပြီး၊ လိမ်ညာပြောဆိုလိုက်ခြင်းကြောင့် ခံရတော့ လိမ်သူများဖြစ်သည့် စေတိယမင်းနှင့် စိဉ္စမာဏတို့သာ ခံသွားရရှာသည်။ သူတို့လုပ်ပေးသူများကား စံစားရုံသာ စံစားကြရသည်။ ဒုက္ခမခံစားကြရ။ သင်တို့လည်း ကိုယ်လိုလားသူများအတွက် ကြားက လိမ်ညာပြောဆို, ရေးသားပေးလျှင် ခံစရာရှိ သင်တို့သာခံရမည်။ သင်တို့ အကျိုးဆောင်ပေးသူများကား သင်တို့ဒုက္ခကို ခံကြရမည်မဟုတ်။ သင်တို့လုပ်ပေးသည့် စည်းစိမ်များကို မြိန်မြိန်ကြီးခံစား ကြပေမည်။ ထို့ကြောင့် သတိရှိကြစေရန် သနားငဲ့ညှာ ကရုဏာ, စေတနာဖြင့် ဤ အငှားဗိုက်နှင့် ဓားထိုးခံ မုသာဝါဒကံ ဟူသော ဆောင်ပါးကို အဆုံးသတ်အပ်ပါသတည်း။ ။
သီတင်းကျွတ်လဆန်း ၆-ရက်၊ ၁၃၇၇-ခု၊
(အောက်တိုဘာလ - ၁၉၊ ၂၀၁၅)၊ တနင်္လာနေ့။
အရှင်တိလောကာဘိဝံသ (အင်းစိန်) ရွာမပရိယတ္တိစာသင်တိုက်၊အင်းစိန်မြို့။

Arkar

Thursday, October 15, 2015

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး (NCA) သဘောတူစာချုပ် ချုပ်ဆိုနိုင်မှုအပေါ် လှိုက်လှိုက်လှဲလှဲ ၀မ်းမြောက်ဂုဏ်ပြုကြောင်း မဘသအဖွဲ့ကြီး(ဗဟို)မှ သဘောထားထုတ်ပြန်ကြေညာ



-------------------------------------------------------
-------------------------------------------------------
သဘောထားထုတ်ပြန်ချက်
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး(NCA)သဘောတူစာချုပ်ကို ၂၀၁၅-ခုနှစ်၊ အောက်တိုဘာ ၁၅-ရက်နေ့တွင် နေပြည်တော်၌ ပြည်တွင်းပြည်ပ အသိသက်သေများရှေ့မှောက်ဝယ် လက်မှတ်ရေးထိုးလိုက် ကြောင်း သိရသဖြင့် ကမ္ဘာပေါ်တွင် အရှည်ကြာဆုံး ပြည်တွင်းစစ်မီးကြီး ငြိမ်းသွားသည်ဟု ငြိမ်းချမ်းရေးကို လိုလားသူ ရဟန်း, ရှင်, လူ, ပြည်သူအားလုံးက ခံစားမိပါသည်၊ တိုင်းပြည်နှင့်လူမျိုးအတွက် တကယ်စစ်မှန်သော သမိုင်းတင်ရမည့် အပြောင်းအလဲ, ပြည်ထောင်စုကြီး၏ မဟာအောင်ပွဲလည်းဖြစ်သည်၊ ကျည်ဆံများအစား ငြိမ်းချမ်းရေးပန်းများ ပွင့်လာသည်ဟု ခံစားရပါသည်။ ယခုလို ငြိမ်းချမ်းရေးပန်းများပွင့်အောင် ရဲရဲဝံ့ဝံ့ ဆောင်ရွက်ပေးကြသူ အဘက်ဘက်မှ တာဝန်ရှိသူအားလုံးကိုလည်း ပြည်သူလူထုအားလုံး၏ကိုယ်စား ပြည်ထောင်စုကြီး၏ တိုင်းပြုပြည်ပြု သူရဲကောင်းပုဂ္ဂိုလ်များအဖြစ် လှိုက်လှိုက်လှဲလှဲ အထူး ကျေးဇူးတင်စွာ ဂုဏ်ပြုအပ်ပါသည်။

ယခုလက်မှတ်ထိုးပွဲတွင် မပါဝင်ဘဲ ကျန်နေသည့် အဖွဲ့များလည်း မကြာမီ လက်မှတ်ထိုးနိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့်ပါသည်၊ သာစေ နာစေ သဘောမထားဘဲ တိုင်းပြည်ညီညွှတ်ရေးကို ရှေးရှုပြီး ငြိမ်းချမ်းရေး လက်မှတ်ထိုးနိုင်အောင် ကိုယ်စွမ်း, ဥာဏ်စွမ်းရှိသ၍ ဆက်လက်ဆောင်ရွက်ကာ ပြည်ထောင်စုကြီးကို ထိန်းသိမ်းကာကွယ်ကြပါဟုလည်း တိုက်တွန်းအပ်ပါသည်။

မဘသအဖွဲ့ကြီးသည် လူတစ်စုကောင်းစားရေး အာဏာရှင်စနစ်မှ ပြည်သူလူထုအားလုံး ကောင်းစားရေး, အမျိုးသားရေးလက္ခဏာမပျောက်သော ဒီမိုကရေစီနိုင်ငံတော်ထူထောင်ရေး ပြုပြင်ပြောင်းလဲမှုများကို ၀မ်းမြောက်ဝမ်းသာ ကြိုဆိုနေပါသည်၊ ကိုယ်ရေးကိုယ်တာခံစားချက်များကို ရှေ့တန်းမတင်ဘဲ တာဝန်ရှိသူအားလုံးက အဆိုပါပြုပြင်ပြောင်းလဲမှုများကို တစိုက်မတ်မတ် ပြုလုပ်ပေးကြပါဟုလည်း မဘသအဖွဲ့ကြီး(ဗဟို)က လေးလေးနက်နက် ဂုဏ်ပြုတိုက်တွန်းကြောင်း သဘောထားထုတ်ပြန်လိုက်သည်။

စာအမှတ်၊ ၀၀၄၂၊ စီမံ-မဘသ၊ ၂၀၁၅
နေ့စွဲ၊ ၁၃၇၇-ခု၊ သီတင်းကျွတ်လဆန်း ၂-ရက်၊
(အောက်တိုဘာလ ၁၅-ရက်၊ ၂၀၁၅)၊ ကြာသပတေးနေ့

ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့(ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။

Arkar

Tuesday, October 13, 2015

ကယားပြည်နယ်၌ ဖြစ်ပေါ်လျက်ရှိသည့် ရေကြီးမြေပြိုမှုများနှင့်ပတ်သက်၍ မဘသအဖွဲ့ကြီး(ဗဟို)၏ ထုတ်ပြန်ကြေညာချက်




ထုတ်ပြန်ကြေညာချက်

ယခုလောလောဆယ် အောက်တိုဘာလ ၁၂, ၁၃ ရက်နေ့ သတင်းများအရ ကယားပြည်နယ် မော်ချီးဒေသ၌ မိုးသည်းထန်စွာ ရွာသွန်း၍ တောင်ပေါ်ဒေသများ မြေပြိုရာ တော်ပေါ်, တောင်အောက်ရှိရွာများ မြေပိ၍ သေကြေပျက်ဆီးမှု များစွာရှိကြောင်း သတင်းများထွက်ပေါ်နေသည်၊ ယခုသိရသလောက် သေဆုံးသူ ၁၀၀-ခန့်၊ ဒုက္ခရောက်သူ ၁၀၀၀-ကျော်ခန့် ရှိသည်ဟု ကြားသိရသည်၊ မိုးလေ၀သအခြေအနေများအရ ဆက်လက်၍ ပိုးဆိုးရွားလာနိုင်ဖွယ်လည်း ရှိနေပါသည်။

ယနေ့တိုင်အောင် မိုးများအဆက်မပြတ် ဆက်လက်ရွာသွန်းနေသောကြောင့် တောင်ပေါ်မှ မြေများ ဆက်လက် ပြိုဆင်းနေသဖြင့် တောင်ပေါ်, တောင်အောက် ဆက်သွယ်မှုအခက်အခဲ ဖြစ်နေကြောင်းလည်း သိရသည်။

ထိုသည့် သဘာဝဘေးဒဏ်ကြောင့် ပျက်ဆီးဆုံးရှုံးမှုများ များစွာရှိကြောင်းသိရသဖြင့် သက်ဆိုင်ရာ ဒုက္ခရောက်နေသူများနှင့် ထပ်တူထပ်မျှ လွန်စွာ စိတ်မကောင်းဖြစ်ရပါသည်။

အဆိုပါ ဒုက္ခရောက်နေသူများအတွက် လက်တလော လိုအပ်သည့်အကူအညီများကို မဘသအဖွဲ့(ဗဟို)မှ တာဝန်ရှိသူများကိုယ်တိုင် မကြာမီ သွားရောက်ကူညီမည်ဖြစ်ပါသည်။

ထိုသည့်လိုအပ်ချက်များကို အစိုးရအာဏာပိုင်များနှင့်တကွ စေတနာရှင် မည်သူမဆို အရေးတကြီး ၀ိုင်းဝန်းကူညီကြပါဟု မဘသအဖွဲ့ကြီး(ဗဟို)မှ ထုတ်ပြန်ကြေညာလိုက်သည်။

စာအမှတ် ၀၀၄၁၊ စီမံ-မဘသ၊ ၂၀၁၅
နေ့စွဲ၊ ၁၃၇၇-ခု၊ တော်သလင်းလကွယ်၊
(အောက်တိုဘာလ ၁၃-ရက်၊ ၂၀၁၅) အင်္ဂါနေ့

ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့(ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။
Arkar

Monday, October 12, 2015

“အမျိုးစောင့်တာ မင်္ဂလာ” (အရှင်တိလောကာဘိဝံသ)

“အမျိုးစောင့်တာ မင်္ဂလာ”

အရှင်တိလောကာဘိဝံသ
ဥက္ကဋ္ဌ (မဘသ-ဗဟို)

မဘသ- ဆိုတာ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာကို စောင့်ရှောက်ခြင်းပင်ဖြစ်သည်။ ဆွေမျိုးအကျိုးကို ကျင့်ဆောင်ခြင်း ဉာတတ္ထစရိယာ ဘုရားလမ်းစဉ် လည်းဖြစ်သည်။ ဉာတကာနဉ္စ သင်္ဂဟော-ဆွေမျိုးတွေကို ပြင်ပမထားနဲ့ သင်္ဂဟတရားနှင့် ချီးမြှောက်လေ ဟူသော မင်္ဂလာတရားတော်ကို လိုက်နာကျင့်သုံးသည့် မင်္ဂလာရှိသောလုပ်ငန်းလည်း ဖြစ်သည်။ ဒီတာဝန်သည် လူသားတိုင်းသိရမည့်တာဝန်၊ လိုက်နာရမည့်တာဝန်ဖြစ်သည်။ ဒီတာဝန်ကိုသိလည်းမသိ၊ ယူလည်း မယူသည့်သူသည် တိရစ္ဆာန်အဆင့်ပင်မရှိ။ တိရစ္ဆာန်များသည်ပင် သူ့သားသမီး၊ သူ့ဆွေမျိုးများအပေါ် အသက်စွန့်၍ပင် တာဝန်ယူကြသည်။

တိရစ္ဆာန်လောက်မှ တာဝန်မသိသူ၊ တာဝန်မကျေသူများ လောက၌ပင်မရှိသင့်။ ထို့ကြောင့် မရှိတာထက်၊ မသိတာခက်ဟု ပြောလေ့ရှိကြသည်။ ရောက်ရှိဝန်တာ မဆောင်တာသူဟာ လူ့ဗာလဆိုသည့် အင်္ဂုတ္ထိုရ်လာ ဗာလစာရင်းဝင်လည်းဖြစ်သည်။
ဉာတိ-ဆွေမျိုးအရ အမြင်ကျဉ်းကျဉ်းဖြင့် ရှု့မြင်လျှင် မွေးချင်းပေါက်ဖော်များဖြစ်သည်။ ထို့ထက်ချဲ့ကြည့်လျှင် ဆွေ ၇-ဆက်၊ မျိုး ၇-ဆက်၊ ထို့ထက်ချဲ့ကြည့်ပြန်လျှင်လည်း ရပ်ဆွေရပ်မျိုးဟု ခေါ်ကြသည့် မိမိနေထိုင်ရာ ရပ်/ကျေး၊ မြို့နယ်၊ ခရိုင်၊ ပြည်နယ်နှင့် တိုင်း၊ နိုင်ငံရှိရဟန်းရှင်လူ ပြည်သူအားလုံးသည် ဉာတိ-ဆွေမျိုးများပင် ဖြစ်သည်။ ကုလသမဂ္ဂဟူသော ဝေါဟာရသည်ပင် မိမိနေထိုင်ရာ နိုင်ငံလူမျိုးများကို ဆိုလိုသည်။ ဇာတ်တော်များလာ ဘုရားအလောင်းများ ကျင့်ဆောင်ခဲ့ သည့် မျောက်မျိုးမတုံးရေး၊ ခွေးမျိုးမတုံးရေး၊ ကျီးမျိုးမတုံးရေး စသည့်ကျင့်ဆောင်မှုများကိုကြည့်လျှင် လူသားမျိုးနွယ်အားလုံး သည်လည်း ဉာတိ-ဆွေမျိုးပင်ဖြစ်သည်။ သံသရာတစ်လျှောက် မိဘ၊ ညီအစ်ကို၊ မောင်နှမ စသည်ဖြင့် ဆွေမျိုးမတော်စပ်ခဲ့ဖူး သောသူမရှိ ဟူသော အဆိုကိုကြည့်လျှင် ငရဲ၊ တိရစ္ဆာန်စသော အပါယ်ဘုံသာအပါအ၀င် သတ္တ၀ါအားလုံးသည် ဆွေမျိုးများပင် ဖြစ်ကြသည်။

ထိုသို့ ဆွေမျိုးဟူသော ဝေါဟာရသည် အလွန်မတန် အရာကျယ်သော်လည်း ဤ၌ အနည်းဆုံး ရပ်ဆွေရပ်မျိုး ခေါ်နိုင်သည့် တစ်နိုင်ငံလုံးရှိ တိုင်းရင်းသားအားလုံးကို ဉာတတ္ထစရိယာဆိုင်ရာ၊ ဉာတကာနဉ္စသင်္ဂဟော မင်္ဂလာဆိုင်ရာ ဆွေမျိုးများဟု စာရေးသူပြောလိုပါသည်။ တိုင်းတစ်ပါးမှ ရောက်လာကြသည့် လူမျိုးခြား၊ ဘာသာခြားများသည် တိုင်းရင်း သားများနှင့် ဆွေမျိုးရင်းခြာပမာ ခင်မင်ရင်းနှီးစွာ ရောမရောက်လျှင် ရောမလိုကျင့်နိုင်သူများကိုလည်း ဆွေမျိုးစာရင်း သွင်းနိုင်ပါသည်။ ရောမရောက်လျှင် ရောမလိုမကျင့်ကြံနိုင်သူများ၊ အိမ်သည်ကိုစော်ကားသည့် ဧည့်သည်များကိုတော့ မည်သည့်နိုင်ငံကမျှ နိုင်ငံသားအဖြစ် လက်ခံမည်မဟုတ်ပါ။

အိမ်သည်ကိုစော်ကားသည့် ဧည့်သည်များကို အိမ်သည်အဖြစ် ကြည်ကြည်ဖြူဖြူ လက်ခံနိုင်သည့်နိုင်ငံ ကမ္ဘာမှာရှိလျှင် ထောက်ပြနိုင်ပါသည်။
အမေရိကန်နိုင်ငံအပါအ၀င် ကမ္ဘာ့နိုင်ငံအတော်များများသည် မိမိနိုင်ငံသို့လာရောက်ပြီး ဂုတ်သွေးစုတ်သွားကြသော ကိုလိုနီနယ်ချဲ့များကို တွန်းလှန်ဖယ်ရှားပြီး ကိုယ့်နိုင်ငံ၏ လွတ်လပ်ရေးရယူခဲ့သည်ကိုကြည့်လျှင် အိမ်သည်ကိုစော်ကားသည့် လူမျိုးခြား၊ ဘာသာခြားတိုင်းတစ်ပါးသားများသည် ဆွေမျိုးစာရင်းမ၀င်ကြောင်း ထင်ရှားပါသည်။ မြန်မာနိုင်ငံသည်ပင် မိမိနိုင်ငံရောက်လာသည့် ကမ္ဘာ့အင်အားကြီး အင်္ဂလိပ်ကုလားဖြူကို ဆွေမျိုးစာရင်းမသွင်းခဲ့ပါ။ ယနေ့ ကမ္ဘာ့အော်ကြောလန် အစွန်းရောက်အကြမ်းဖက်သမားများကို တစ်ကမ္ဘာလုံးက သူတို့နိုင်ငံ၏ ဆွေမျိုးစာရင်းမသွင်းရုံမက ရသည့်နည်းနှင့် တွန်းလှန်ချေမှုန်းပစ်ကြလေသည်။

ယနေ့မြန်မာနိုင်ငံရှိ နိုင်ငံခေါင်းဆောင်အမည်ခံ တစ်ချို့တို့သည် လူ့အခွင့်အရေးလက်သုံးပြုပြီး ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာကို စော်ကားနေသည့် အစွန်းရောက်အကြမ်းဖက်သမားများ၏ လုပ်ရပ်ကို ရေငုံနှုတ်ပိတ်နေကြ သည်။ စော်ကားမှုကိုမခံနိုင်လွန်း၍ တိုင်းရင်းသားများ၏ ပြန်လည်တုန့်ပြန်မှုကိုတော့ လူအများစုက လူနည်းစုကို အနိုင်ကျင့် နေကြသည်။ လူ့အခွင့်အရေး ချိုးဖောက်နေကြသည်ဟု ကိုယ့်ပေါင်ကိုယ်လှန်ထောင်းနေကြသည်။ ကိုယ့်ဆင်က ကိုယ့် တပ်ကို ပြန်နင်းနေကြသည်။

မလေးရှားစသော ပြည်ပရောက် မြန်မာလူမျိုးများ စော်ကားခံ၊ နှိပ်စက်ခံနေရသည်များကိုလည်း မသိကျိုးကျွံပြုနေကြသည်။ လူတို့သည် တိုင်းတစ်ပါးသား လူမျိုးခြား၊ ဘာသာခြားများ၏ အထောက်အပံ့ အကူအညီ ဘွဲ့ထူး ဂုဏ်ထူးကိုငဲ့သည့် ဆန္ဒာဂတိ၊ သူတို့ကို ကူညီကြသူများ၏ ငြိုငြင်ခံရမှုကို ကြောက်သည့် ဘယာဂတိတို့ကြောင့် ကိုယ့်လူမျိုး ကိုယ့်ဘာသာ၊ ကိုယ့်သာသနာမျက်နှာကို မကြည့်ခြင်း၊ မငဲ့ခြင်းလည်း ဖြစ်နိုင်သည်။

မိမိတို့ မဘသအဖွဲ့ကြီးသည် ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာအတွက် လိုအပ်သည့်ဘက်မှ စွမ်းနိုင်သလောက် ဆောင်ရွက်နေခြင်းဖြစ်သည်။ မည်သည့်အာဏာရှင် မည်သည့်ပါတီ၊ မည်သည့်အဖွဲ့အစည်းကိုမျှ ကိုယ်စားမပြု မိမိတို့၏တိုင်းပြည်နှင့် လူမျိုးအတွက်သာ ကိုယ်စားပြုသည်။ တိုင်းပြည်နှင့် လူမျိုးအတွက်ဆိုလျှင် မည်သူနှင့်မဆို ပူးပေါင်းလက်တွဲဆောင်ရွက်သွားမည်သာ ဖြစ်သည်။ မည်သူ့ကိုမျှ ချန်မထားပါ။ တိုင်းပြည်နှင့်လူမျိုးအတွက် ရှေ့တန်းမှ ဦးဆောင်လုပ်နေသော မဘသလုပ်ရပ်ကို နှောက်ယှက်ဟန့်တားသူ၊ ဖျက်ဆီးသူသည် တိုင်းပြည်နှင့်လူမျိုး၊ ဘာသာ၊ သာသနာအတွက် သစ္စာဖောက်များအဖြစ် မှတ်ယူကာ ထိုသူများ၏ နှောက်ယှက်ဟန့်တားမှုကိုလည်း အရေးထား ဂရုစိုက်ပြီး မိမိလုပ်ရပ်ကို နောက်ဆုတ်မည်မဟုတ်ပါ။ အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်ရေးပန်းတိုင် မရောက်, ရောက်အောင် အရောက်သွားမည်သာဖြစ်ပါသည်။

သာသနာ့ဝန်ထမ်းများသည် မြတ်ဗုဒ္ဓ၏ ပရိယတ္တိ၊ ပဋိပတ္တိ သာသနာ့တာဝန်များကို ကိုယ့်အတွက်ဖြစ်စေ၊ သူများအတွက်ဖြစ်စေ၊ မလွဲမသွေ ထမ်းဆောင်ရမည်သာဖြစ်သည်။ အဆိုပါ မြတ်ဗုဒ္ဓ သာသနာတော်မပျောက်ပျက်အောင် လည်း ကာကွယ်စောင့်ရှောက်ထိန်းသိမ်းဖို့ တာဝန်ကိုလည်း ထမ်းဆောင်ရမည်ဖြစ်ပါသည်။ ထိုတာဝန်များကို ယူခြင်းသည်လည်း ဂိုဏ်းပေါင်းစုံသံဃာ့အဖွဲ့အစည်းကြီးက ချမှတ်ထားသည့် သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေး တာဝန်ကြီး ၃-ရပ်တွင် တည်တံ့ရေး၊ ပြန့်ပွားရေးတာဝန်များကို ကျေပွန်အောင်ယူခြင်းလည်း ဖြစ်ပါသည်။ တည်တံ့ပြန့်ပွားရေး တာဝန် ထမ်းဆောင်နိုင်ဖို့မှာလည်း -

၁။ သာသနာတော်ကို မကြည်ညိုသူများ ကြည်ညိုလာအောင်

၂။ ကြည်ညိုသူများ ပိုမိုသဒ္ဓါတရား ပွားများအောင်

 လုပ်ဆောင်ရမည့်တာဝန်မှာ သာသနာ့ဝန်ထမ်းများ၏ တာဝန်ပင်ဖြစ်သည်။ သာသနာတည့်တံ့ ပြန့်ပွားရေးမှာ လက်ရှိဗုဒ္ဓဘာသာဝင်များ၏ အကြည်ညိုခံသက်သက်ဖြင့် မလုံလောက်ပါ။ ယခုခေတ်သာသနာ့ဝန်ထမ်း အတော်များများ သည် အကြည်ညိုခံသက်သက်ဖြင့်သာ ကျေနပ်နေကြသည်။ သာယာနေကြသည်။ အဟောင်းကိုသာ စားသုံးရုံသက်သက် ဖြစ်နေကြသည်။ အနာဂတ်သာသနာ တည်တံ့၊ ပြန့်ပွားရေးအတွက် မလုပ်ကြပဲ ကိုယ့်အတွက် ဘုန်းကြီးရုံသက်သက် လုပ်နေကြသည်။ ထိုသို့နေကြခြင်းဖြင့် သာသနာတော် တည်တံ့ပြန့်ပွားမည် မဟုတ်ပါ။ သာသနာတော် တည်တံ့ပြန့်ပွားနိုင်ရန်အတွက်

 ၁။ မိမိအတွက်ရော သူတစ်ပါးအတွက်ပါ ပရိယတ္တိ, ပဋိပတ္တိ သာသနာ့တာဝန်များကို ထမ်းဆောင်ရမည်။

 ၂။ သာသနာတော်ကို အားပေးကူညီထောက်ပံ့မည့် ဒကာ, ဒကာမများကိုလည်း မကြည်ညိုသေးသူကို ကြည်ညို အောင်၊ ကြည်ညိုပြီးသူများကို ပိုမိုကြည်ညို သဒ္ဓါတရား ပွားများအောင် ဓမ္မ၀ိနယနှင့်အညီ စည်းရုံးရမည်။
သိမ်းသွင်းရမည်။ ဟောပြောရမည်။ ဖြန့်ဝေရမည်။

 ၃။ သာသနာ့လုပ်ရပ်များ၊ သာသနာ့ဝန်ထမ်းများနှင့် အားပေးကူညီကြသူများအပေါ် ကျရောက်နိုင်သည့် အန္တရာယ် များကိုလည်း ကာကွယ်စောင့်ရှောက်ပေးရမည်။

 အဆိုပါလုပ်ရပ်များကို အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) ကြီးက စွမ်းနိုင်သလောက် လုပ်ဆောင်ပေးနေပါသည်။ ယင်းသည့် လုပ်ရပ်များ လုပ်ဆောင်ခြင်းသည် မိမိတို့၏ တိုင်းပြည်နှင့်လူမျိုး၊ ဘာသာ သာသနာအတွက် လုပ်ဆောင်သည့် မဘသလုပ်ငန်းပင် ဖြစ်သည်။ ထို့ကြောင့် မဘသလုပ်ရပ်သည် ဆွေမျိုးအကျိုးကို ကျင့်ဆောင်ခြင်းဟူသော ဉာတတ္ထစရိယလမ်းစဉ်လိုက်ခြင်း၊ ဆွေမျိုးတွေကို ပြင်ပမထားနဲ့၊ သင်္ဂဟတရားနဲ့ ချီးမြှောက်လေ ဟူသော ဆွေမျိုးတွေကို ကူညီထောက်ပံ့သည့် မင်္ဂလာလုပ်ငန်း လုပ်ခြင်းများဖြစ်သည်။

 ကမ္ဘာကျော် ဧကရာဇ်ဘုရင်ကြီး နပိုလီယံပိုနာပတ်က The world suffers a lot. Not because the violence of bad people. But because of the silence of the good people. ကမ္ဘာလောကကြီးဟာ ဆင်းရဲဒုက္ခများစွာ ခံစားနေရသည်။ ဒီလိုဖြစ်နေခြင်းဟာ လူဆိုးတွေရဲ့ ဒုက္ခပေးမှုကြောင့်သာမဟုတ်ဘူး။ တကယ်တော့ လူကောင်းတွေရဲ့ နှုတ်ဆိတ်နေခြင်း၊ လက်ပိုက်ကြည့်နေခြင်းကြောင့်လည်း ပါတယ်ဟု ဆိုခဲ့ဖူးပါသည်။ ထိုအဆိုအရဆိုလျှင် အမျိုးဘာသာသာသနာ ပျက်စီးမှုသည် လူမျိုးခြားဘာသာခြားများ၏ ဖျက်ဆီးခံရမှုကြောင့်သာမဟုတ် တာဝန်ရှိသူများ၏ တာဝန်မဲ့မှု၊ တာဝန်မယူမှုလည်းဖြစ်သည်။ တာဝန်ရှိလျက် တာဝန်မဲ့သူများသည် ကိုယ့်အမျိုး ဘာသာ သာသနာကို ကိုယ်ကိုယ်တိုင်ပါဝင် ဖျက်သူများဟုလည်း ဆိုရမည်ဖြစ်သည်။ ကိုယ့်ကြောင့် တာဝန်သိသူများ၏ အမျိုးကိုစောင့်ရှောက်ခြင်းသည် မင်္ဂလာလုပ်ငန်း ဖြစ်ကြောင်းတင်ပြရင်း အမျိုးစောင့်တာ မင်္ဂလာဟူသော ဆောင်းပါးကို အဆုံးသတ်အပ်ပါသတည်း။  ။Arkar

Tuesday, October 6, 2015

မဘသ(ဗဟို)ဥက္ကဌဆရာတော်ဘုရားကြီး၏ ညီညွှတ်မျှတ ငြိမ်းချမ်းမှုကိုဖော်ဆောင်သည့် အမျိုးစောင့်ဥပဒေ ပေါ်ပေါက်လာခြင်း အထိမ်းအမှတ် နိုင်ငံလုံးဆိုင်ရာ ဂုဏ်ပြုကြိုဆိုပွဲကြီး၌ မိန့်ကြားတော်မှုခဲ့သည့် သြ၀ါဒ ကထာ အပြည့်အစုံအား အမျိုး ဘာသာ သာသနာ ချစ်မြတ်နိုးသူ ရဟန်း ရှင် လူ အများပြည်သူ ဖတ်ရှုလေ့လာနိုင်ပါရန် ဆရာတော်ဘုရားကြီးအား ရိုသေစွာဦးခိုက်လျက် ဖော်ပြလိုက်ရပါသည်။ (AK)




ညီညွတ်မျှတ ငြိမ်းချမ်းမှုကို ဖော်ဆောင်သည့်
အမျိုးစောင့်ဥပဒေ ပေါ်ပေါက်လာခြင်း အထိမ်းအမှတ်
နိုင်ငံလုံးဆိုင်ရာ ဂုဏ်ပြုကြိုဆိုပွဲကြီး၌
မဘသ (ဗဟို) ဥက္ကဋ္ဌ ဆရာတော်ဘုရားကြီး၏
အဖွင့် သြ၀ါဒ

ဤပွဲကြီးသို့ ကိုယ်စိတ်ပင်ပန်းမှုကို ပဓာနမထားဘဲ ကြွရောက်လာကြသော ဆရာတော် သံဃာတော်များ၊ တက်ရောက်လာကြသော သံတမန်များ, ဘာသာပေါင်းစုံ အဖွဲ့အစည်းများ, ပါတီအသီးသီးမှပုဂ္ဂိုလ်များ, မီဒီယာများ, စာနယ်ဇင်းများ, လူမှုအဖွဲ့အစည်းများ, ပညာရှင်များ, အနုပညာရှင်များ, အခြားသော ဧည့်ပရိသတ်များ- စသည်စသည်တို့ တွေ့ရကြုံရ စကားပြောခွင့်ရ၍ ဆရာတော်အလွန်ဝမ်းမြောက် ဂုဏ်ယူပါတယ်။ အားလုံကို “မင်္ဂလာပါ”လို့လည်း နှုတ်ခွန်း ဆက်သပါတယ်။

ယနေ့ပွဲကြီးဟာ ငြိမ်းချမ်းရေးပွဲကြီးလို့လည်း ဆိုနိုင်ပါတယ်။ ဒါ့ကြောင့်မို့လို့ ဒီပွဲကြီးကို ညီညွတ်မျှတ ငြိမ်းချမ်းမှုကို ဖော်ဆောင်သည့် အမျိုးစောင့်ဥပဒေ ပေါ်ပေါက်လာခြင်း အထိမ်းအမှတ် နိုင်ငံလုံးဆိုင်ရာ ဂုဏ်ပြုကြိုဆိုပွဲကြီး- လို့ ခေါင်းစီးများ စာတမ်းများ၌ ရေးထိုးထားပါတယ်။ တရားဥပဒေဆိုသည်မှာ မတရားမှုများ, မငြိမ်းချမ်းမှုများ မဖြစ်ပေါ်အောင် ကြိုတင်ချမှတ် ထားသော သတ်မှတ်ထားသော စည်းကမ်းဥပဒေများရှိသလို မတရားလုပ်မှုများ ပေါ်ပေါက်လာမှ သတ်မှတ်ပြဋ္ဌာန်းပေးရ သော စည်းမျဉ်းစည်းကမ်းဥပဒေ သတ်မှတ်ချက်များလည်း ရှိပါတယ်။

စည်းကမ်းဥပဒေမရှိသော လူမှုအဖွဲ့အစည်း နိုင်ငံစသည် မည်သည့်အရာမဆို အကွပ်မရှိသည့်ကြမ်း ပရမ်းပတာဖြစ် ဆိုသည့်အတိုင်း ဒုစရိုက်မှုများ, မတရားမှုများ- စသည်တို့ ထိန်းမနိုင် သိမ်းမရ ပရမ်းပတာ ဖြစ်သွားနိုင်ပါတယ်။ ထိုမှတစ်ဆင့် ပဋိပက္ခများ, မငြိမ်းချမ်းမှုများ, အသက်အိုးအိမ် လုံခြုံမှုမရှိမှုများ စသည်စသည်ဖြင့် ဆိုးကျိုးပေါင်းမြောက်မြားစွာ ဖြစ်ပေါ်နိုင်ပါတယ်။ ထိုသည့်ဆိုကျိုးများကို ကြိုတင် ကာကွယ်ဖို့ ဥပဒေဆိုတာ သတ်မှတ်ပြဋ္ဌာန်းရပါတယ်။ ထိုမှတစ်ဆင့် တရားဥပဒေ စိုးမိုးမှုရှိအောင်လည်း အားလုံးဝိုင်းဝန်း ပူပေါင်းဖို့ အထူးလိုအပ်ပါတယ်။

စည်းတွင်းမှာနေ၊ ကင်းကွေလိမ့် ရန်ဘေး၊
ကမ်းကိုကျော်၊ ချော်ကာကျ၊ များလှ ရန်ဘေး။
ဟူသော ရွှေကျင်ဆရာတော်ဘုရား၏ သြ၀ါဒနှင့်အညီ စည်းဆိုသည်မှာ အန္တရာယ်များ မ၀င်နိုင်အောင် ကာကွယ် ထားသော ရံတားထားသော အကာအရံစည်းရိုးကို ဆိုလိုပါတယ်။
ကိုယ့်စည်းအတွင်းမှာနေလျှင် ဘေးရန်ကင်းနိုင်ပါတယ်။ ကမ်းဆိုသည်မှာလည်း အန္တရာယ်ချောက်ကမ်းပါးကို ဆိုလိုပါတယ်။ ယင်းကမ်းပါးကို လွန်တာနှင့်တပြိုင်နက် ချောက်ထဲကျပြီး ဒုက္ခအဖုံဖုံ တွေ့ကြုံရနိုင်ပါတယ်။ ဒါကြောင့်မို့လို့ အန္တရာယ်ရှိသည့် တံတားများ, ကားလမ်းဘေးများ၌ အတားအဆီး အကာ အရံ အမှတ်အသားများကို ပြထားလေ့ရှိပါတယ်။ ဤအမှတ်အသားကိုကြည့်၍ အန္တရာယ်ကို သတိထားရှောင်ရှားနိုင်ပါတယ်။ စည်းကမ်းသည် သက်ဆိုင်ရာပုဂ္ဂိုလ်ကိုဖြစ်စေ, အဖွဲ့အစည်းကိုဖြစ်စေ, နိုင်ငံကိုဖြစ်စေ အန္တရာယ်ကင်းစေရုံသာမက သက်ဆိုင်သူလိုက်နာသူများကိုလည်း ဂုဏ်တက်စေပါတယ်။ အဆင့်အတန်းမြင့်စေပါတယ်။ ထို့ကြောင့် စည်းကမ်းသည် လူ၏တန်ဖိုးဟု ပြောလေ့ရှိကြပါတယ်။

မြတ်ဗုဒ္ဓ၏ ရဟန်း, သံဃာအဖွဲ့အစည်းကြီး နှစ်ပေါင်း ၂၅၀၀-ကျော် ယနေ့ထိတိုင်အောင် အဆင့်အတန်းမြင့်မြင့် တည်တံ့နေခြင်းမှာလည်း စနစ်တကျသတ်မှတ်ထားသော ပညတ်ထားသော ၀ိနည်းစည်းကမ်းများ, ၀ိနည်းဥပဒေများ, ၀ိနည်း သိက္ခာပုဒ်များကို စနစ်တကျ မြတ်ဗုဒ္ဓကိုယ်တိုင် သတ်မှတ်ခဲ့ခြင်း, ချမှတ်ခဲ့ခြင်း, သံဃာ့အဖွဲ့အစည်းကြီးကလည်း လိုက်နာ ကျင့်သုံးခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။ ၀ိနည်းဆိုသော စကားလုံးသည်ပင် ကိုယ်အမူအယာ, နှုတ်အမူအယာကို ယဉ်ကျေးအောင်, လူပီသအောင်, အဆင့်မြင့်အောင်, အများကြည်ညို လေးစားလောက်အောင် သတ်မှတ်ထားသော စည်းကမ်းဥပဒေများဖြစ်သည်ဟု ၀ိနည်းအဖွင့် အဋ္ဌကထာကျမ်းများ၌ မိန့်ဆိုထားပါတယ်။

မြတ်ဗုဒ္ဓကိုယ်တိုင်ကလည်း ၀ိနည်းသိက္ခာပုဒ် စည်းကမ်းဥပဒေများ သတ်မှတ်ပြဋ္ဌာန်းလိုက်ခြင်းသည် -
၁။ ဒုမ္မကူင်္နံ ပုဂ္ဂလာနံ နိဂ္ဂဟာယ - စည်းမဲ့ကမ်းမဲ့ မတရားလုပ်သူ, ဆိုးသွမ်းသူများ၏ အန္တရာယ်ကို ကာကွယ် စောင့်ရှောက် ဟန့်တားရန်၊
၂။ ပေသလာနံ ဘိက္ခူနံ ဖာသု ၀ိဟာရယ- သူတော်ကောင်းများ အမျိုးကောင်းသား/သမီးများ ချမ်းချမ်းသာသာ စိတ်ချလက်ချ နေထိုင်နိုင်ရန်၊
၃။ ဒိဋ္ဌဓမ္မိကာနံ အာသ၀ါနံ သံဝရာယ- မျက်မှောက်ဘ၀မှာ လက်ရှိမျက်မြင်လူ့ဘောင်လောက၌ပင် တွေ့ကြုံ နိုင်သည့် ဘေးအန္တရာယ်များ ကာကွယ်တားဆီးရန်၊
၎။ သမ္ပရာယိကာနံ အာသ၀ါနံ ပဋိဃာတာယ- နောင်တမလွန်ဘ၀, နောင်တစ်ချိန်၌လည်း တွေ့ကြုံနိုင်သည့် ဘေးအန္တရာယ်များ မတွေ့ကြုံရစေရန်၊
၅။ အပ္ပသန္နာနံ ပသာဒါယ၊ ပသန္နာနံ ဘိယျောဘာဝါယ- သံဃာ့အဖွဲ့အစည်းကြီးကိုလည်း အများသူငါ တန်ဖိုးထားလေးစားနိုင်ရန်၊
စသောအကျိုးများ ရနိုင်သည်ဟု မိန့်ကြားထားပါတယ်။ (၀ိ-၁၊ ၂၄)
အဆိုပါ မြတ်ဗုဒ္ဓ၏ မိန့်ကြားချက်ကိုကြည့်လျှင် လိုအပ်သောစည်းကမ်းဥပဒေသည် မျက်မှောက်အန္တရာယ်များ မဖြစ်ပေါ်စေရန်၊ အနာဂတ်အန္တရာယ်များ မကျရောက်စေရန် စသောအကျိုးများရနိုင်သဖြင့် စည်းကမ်းဥပဒေသတ်မှတ်ထား ခြင်းသည် မတရားမှုများ မဖြစ်အောင်ပြုလုပ်ခြင်း၊ ငြိမ်းချမ်းမှုကို ဖော်ဆောင်ခြင်းဟု အဓိပ္ပါယ်ရပါတယ်။ ယခင်အမျိုးစောင့်ဥပဒေ သတ်သတ်မှတ်မှတ်မရှိခဲ့စဉ်က မြန်မာနိုင်ငံ၌ မတရားမှုများ, ပဋိပက္ခများ, မငြိမ်းချမ်းမှုများ မကြာ မကြာ ဖြစ်ပေါ်ခဲ့သည်မှာ အထင်အရှားပင် ဖြစ်ပါတယ်။ ထိုဆိုးကျိုးများကို ကြိုတင်တားဆီးသောအနေဖြင့် အမျိုးစောင့်ဥပဒေ သတ်သတ်မှတ်မှတ် ပေါ်လာခြင်းကြောင့် ညီညွတ်မှု, မျှတမှု, ငြိမ်းချမ်းမှုဟူသော ကောင်းကျိုးရလဒ်များ မုချခံစားရမည် ဖြစ်ပါတယ်။
ကမ္ဘာကျော် ဧကရာဇ်ဘုရင်ကြီး နပိုလီယန် ဘိုနာပတ်ပြောကြားခဲ့သော -
The world suffers a lot. Not because the violence of bad people. But because of the silence of the good people.
ကမ္ဘာလောကကြီးဟာ ဆင်းရဲဒုက္ခများစွာခံစားနေရတယ်။ ဒီလိုဖြစ်နေခြင်းဟာ လူဆိုးတွေရဲ့ ဒုက္ခပေးမှုကြောင့်သာ မဟုတ်ဘူး။ တကယ်တော့ လူကောင်းတွေရဲ့ နှုတ်ဆိတ်နေခြင်း, လက်ပိုက်ကြည့်နေခြင်းကြောင့်လည်း ပါတယ်။

ဟူသော စကာသည်လည်း မြတ်ဗုဒ္ဓဖော်ညွှန်ခဲ့သည့် ဥပဒေပညတ်ရခြင်း၏ အကျိုးများ၏ တစ်စိတ်တစ်ဒေသပင် ဖြစ်ပါတယ်။ ဒါတင်မက -
ယော စ အာဂတံ ဘာရံ န ၀ဟတိ။ (ရောက်လာဝန်တာ၊ မဆောင်တာ၊ သူဟာ လူ့ဗာလ) ဟူသော အင်္ဂုတ္ထိုရ်လာ မြတ်ဗုဒ္ဓ၏ ဒေသနာနှင့်လည်း အညီပင်ဖြစ်ပါတယ်။ ထို့ကြောင့် လက်ရှိမြန်မာနိုင်ငံတော်၏ အခင်းအကျင်းမှာလည်း သက်ဆိုင်ရာ လူတော်လူကောင်းများဖြစ်သည့် ဘာသာရေးခေါင်းဆောင်များ, နိုင်ငံရေးခေါင်းဆောင်များ, ပညာရှင်များ, အနုပညာရှင်များ စသည်စသည်တာဝန်ရှိသူများသည် ကိုယ်နှင့်မဆိုင်ဟု ကြောင့်ကြမဲ့မနေကြပါနှင့်ဟုလည်း တိုက်တွန်း လိုပါတယ်။ ပန်ကြားလိုပါတယ်။

ဒီလို လူတော်လူကောင်းများ ကြောင့်ကြမဲ့နေခဲ့ခြင်းကြောင့် အိန္ဒိယ, အာဖဂန်နစ္စတန်, ပါကစ္စတန်, ဘင်္ဂလားဒေ့ရှ်, အင်ဒိုနီးရှား, မလေးရှားစသော နိုင်ငံတို့၌ ဗုဒ္ဓဘာသာဆိုင်ရာ ယဉ်ကျေးမှုများ ဘာသာ, သာသနာများ ပျောက်ကွယ်ခဲ့ရလေပြီ။ ထို့ကြောင့် နပိုလီယန်ပြောသလို ကိုယ်နှင့်မဆိုင်ဟု လက်ပိုက်မနေကြပါနှင့်ဟု တာဝန်ရှိသူများကို ထပ်မံပန်ကြားလိုပါတယ်။ တာဝန်မဲ့စွာလက်ပိုက်ကြည့်နေလျှင် မတရားလုပ်သူများ လုပ်ခွင့်ရအောင် ကူညီပေးနေသလိုလည်းဖြစ်ပါတယ်။ ကိုယ်တိုင်အဖျက်လုပ်ငန်းမှာ ပါဝင်နေသလိုလည်း ဖြစ်သည်ကိုလည်း သတိပြုကြရ ပါမယ်။

သုခါ သံဃဿ သာမဂ္ဂီ- ဟူသောဒေသနာအရ မြန်မာ့လူ့ဘောင်အဖွဲ့အစည်းကြီး ညီညွတ်သောအခါ သို့မဟုတ် ညီညွတ်သော မြန်မာ့လူ့ဘောင်အဖွဲ့အစည်းကြီးသည် ကိုယ်စိတ်နှစ်ဖြာ ချမ်းချမ်းသာသာ နေထိုင်နိုင်မည်။ သမဂ္ဂါနံ တပေါ သုခေါ- ဟူသော ဒေသနာအရ အမျိုးစောင့်ဥပဒေကျင့်စဉ်လုပ်ငန်းဥပဒေသည် မြန်မာ့လူ့ဘောင် အဖွဲ့အစည်းကြီး ညီညွတ်အောင် ငြိမ်းချမ်းမှုချမ်းသာခံစားနိုင်အောင် လုပ်ဆောင်ပေးခြင်းလည်း ဖြစ်ပါတယ်။ ထို့ကြောင့် ညီညွတ်မျှတ ငြိမ်းချမ်းခြင်းကို ဖော်ဆောင်သည့် အမျိုးစောင့်ဥပဒေ ဟုခေါ်ဆိုခြင်း ဖြစ်ပါတယ်။ ဒီဥပဒေပေါ်ပေါက်လာခြင်းကြောင့် မြန်မာ့ လူ့ဘောင် အဖွဲ့အစည်းကြီးသည် ညီညွတ်လာမယ်။ လူမျိုးအချင်းချင်း ဘာသာအချင်းချင်း မျှမျှတတဖြစ်လာမယ်။ ငြိမ်းချမ်းမှု အရသာကို ခံစားရမည်မှာ မလွဲပေ။

စရိယာ ၃-မျိုးတွင် အမျိုးစောင့်ဥပဒေ ပြုလုပ်ခြင်းသည် ဉာတတ္ထစရိယာလမ်းစဉ် ကျင့်ဆောင်ခြင်းဟူသော သူတော် ကောင်းလမ်းစဉ်ပင် ဖြစ်ပါတယ်။ ဉာတကာနဉ္စ သင်္ဂဟော- ဆွေမျိုးတွေကို ပြင်ပမထားနဲ့ သင်္ဂဟတရားနှင့် ချီးမြှောက်လေ ဟူသော မင်္ဂလာတရားတော်ကို လိုက်နာကျင့်သုံးသည့် မင်္ဂလာရှိသောလုပ်ငန်းလည်း ဖြစ်ပါတယ်။ ဤတာဝန်သည် လူသားတိုင်းသိရမည့် တာဝန်, လိုက်နာရမည့်တာဝန် ဖြစ်ပါတယ်။

ဉာတိ- ဆွေမျိုး အရ အမြင်ကျဉ်းကျဉ်းဖြင့် ရှုမြင်လျှင် မွေးချင်းပေါက်ဖော်များဖြစ်ပါတယ်။ ထို့ထက်ချဲ့ကြည့်လျှင် ဆွေ ၇-ဆက်၊ မျိုး ၇-ဆက်၊ ထို့ထက်ချဲ့ကြည့်ပြန်လျှင်လည်း ရပ်ဆွေရပ်မျိုးဟုခေါ်ကြသည့် မိမိနေထိုင်ရာ ရပ်/ကျေး, မြို့နယ်, ခရိုင်, ပြည်နယ်နှင့်တိုင်း, နိုင်ငံရှိ ရဟန်း, ရှင်, လူ, ပြည်သူအားလုံးသည် ဉာတိ-ဆွေမျိုးများပင် ဖြစ်ပါတယ်။ ကုလသမဂ္ဂ ဟူသော ဝေါဟာရသည်ပင် မိမိနေထိုင်ရာ နိုင်ငံလူမျိုးများကို ဆိုလိုပါတယ်။

ဆရာတော်အဓိကပြောကြားလိုတဲ့ အကြောင်းအရာများကို အနှစ်ချုပ်ပြောရမယ်ဆိုလျှင် ဆရာတော်တို့ရဲ့ စိတ်ခံစား ချက်နှင့် လက်တွေ့လုပ်ဆောင်ချက်များကို ပြောကြားလိုပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ လူမျိုးရေး, ဘာသာရေး အခြေခံပြီးဖြစ်ခဲ့ကြတဲ့ စစ်တွေ, မိတ္ထီလာ စသော အဓိကရုဏ်းကြီးများ ဖြစ်ပေါ်ခဲ့တဲ့အချိန်မှာ နှစ်ဖက်ဘာသာဝင်တွေ, ပြည်သူတွေ ကြုံတွေ့ခံစားခဲ့ကြရတဲ့ ကိုယ်ဆင်းရဲ, စိတ်ဆင်းရဲ, ဘ၀ဆင်းရဲတွေကို ကြားသိလိုက်ရတဲ့အချိန်၊ မြင်လိုက်ရတဲ့ အချိန်မှာ အလွန်ပဲ ထိတ်လန့်သံဝေဂရခဲ့ပြီး စိတ်မချမ်းမသာ ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် ဒီလိုမျိုး လူမျိုးရေး, ဘာသာရေး အခြေခံတဲ့ ပြဿနာတွေ နောက်ထပ်မဖြစ်နိုင်အောင် ဗုဒ္ဓဘာသာ ရဟန်းတော်များဘက်က ဘယ်လိုကူညီပေးရမလဲဆိုတာ ကို စဉ်းစားပြီး ပြဿနာဖြစ်ရခြင်းရဲ့ အခြေခံဇစ်မြစ်အကြောင်းတရားတွေကို လေ့လာကြည့်တဲ့ အခါမှာ လူမျိုးစုံတွေ, ဘာသာ မတူသူတွေရဲ့ကြားမှာ မညီမျှတဲ့ဥပဒေများဟာ ပြဿနာဖြစ်ရေးဆီကို ဦးတည်နေတယ် ဆိုတာကို ကောက်ချက်ချမိခဲ့ ပါတယ်။

ထိုပဋိပက္ခများ ငြိမ်းနိုင်သလောက် ငြိမ်းအောင် ဆောင်ရွက်ပေးဖို့ မဘသအဖွဲ့ကြီး ဖွဲ့စည်းဆောင်ရွက်ဖို့ ကြိုးစား ကြပါတယ်။ ထိုအဖွဲ့ကြီးကို ဦးဆောင်ဖို့ သီတဂူဆရာတော်ဘုရားကြီး အပါအ၀င် ဆရာတော်အတော်များများက မိမိကို တာဝန်ပေးကြပါတယ်။ ဆရာတော်လည်း အသက်အရွယ် အိုမင်းမစွမ်းဖြစ်သည်ကို ပဓာနမထားဘဲ တိုင်းပြည်နှင့်လူမျိုး ဘာသာ သာသနာအတွက် အသက်ခန္ဓာကိုမငဲ့ဘဲ စွမ်းနိုင်သလောက် ဆောင်ရွက်မည်ဟု သန္နိဋ္ဌာန်ချိုက်ပါတယ်။
ထိုသို့တာဝန်ယူပြီးသည့်နောက် ထိုအခက်အခဲများ ဖြေရှင်းနိုင်အောင် လိုအပ်သည်များကို ဆောင်ရွက်ရပါတယ်။

ဥပဒေပညာရှင်များကို ခေါ်ယူမေးမြန်းဆွေးနွေးပြီး ဘာသာတရားအားလုံးရဲ့ ကြားထဲမှာ မျှတတဲ့ ဥပဒေတစ်ရပ်နဲ့ ညီညီညွတ် ညွတ် ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နိုင်ဖို့ရန် ဘာသာတရားကို အခြေခံပြီးရေးဆွဲထားတဲ့ ဥပဒေတွေကို ပြန်လည်သုံးသပ်တဲ့အခါ မှာ တခြားဘာသာကြီးသုံးခုမှာ မျိုးစောင့်ဥပဒေရှိနေနှင့်ပြီး ဗုဒ္ဓဘာသာမှာတော့ မြန်မာ့ရိုးရာ ဓလေ့ထုံတမ်းဥပဒေသာရှိပြီး မျိုးစောင့်ဥပဒေမရှိသေးတဲ့အတွက် တခြားဘာသာများရဲ့ မျိုးစောင့်ဥပဒေများနှင့်လည်း မဆန့်ကျင်လွန်း, မလျော့လွန်းသည့် အမျိုးစောင့်ဥပဒေကို ရေးသားပေးရန် ဥပဒေပညာရှင်များကို အကူအညီတောင်းခဲ့ပါတယ်။ ဆရာတော်တို့ အသက် ၇၇-နှစ်ရှိပါပြီ။ ပရိယတ္တိသာသနာအတွက်ရော၊ ပဋိပတ္တိသာသနာအတွက်ရော၊ လောကအတွက်ရော တာဝန်ကျေအောင် လုပ်ဆောင်ခဲ့ပြီးဖြစ်သလို၊ လုပ်ဆောင်နေဆဲလည်း ဖြစ်ပါတယ်။ လူမျိုး, ဘာသာ, အရပ်ဒေသ မခွဲခြားဘဲ ကိုယ့်တိုင်းပြည်မှာ နေထိုင်ကြတဲ့ လူသားတွေအားလုံးကို မျှတတဲ့ဥပဒေအရိပ်အောက်မှာ ညီညီညွတ်ညွတ် ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ခွင့်ရဖို့ရန် အတွက် ရင်ထဲကစေတနာ, မေတ္တာတရားများကို အခြေခံပြီး အဓိဋ္ဌာန်ဝင်၊ သစ္စာဆိုပြီးတော့မှ လုပ်ခဲ့တာပါ။ ဒါဟာ ဆရာတော်ရဲ့ ဖြူစင်တဲ့စေတနာ၊ မေတ္တာအမှန်ပါ။ ဒီအဆင့်ကို ရောက်ဖို့ရန်အတွက်လည်း အခက်အခဲပေါင်းများစွာကို ရင်ဆိုင်ဖြေရှင်း ကျော်ဖြတ်ခဲ့ရပါတယ်။
မဘသအဖွဲ့ကြီး စတင်ဖွဲ့စည်းတဲ့အချိန်မှာပဲ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီးက စင်ပြိုင်သံဃာ့အဖွဲ့အစည်း တစ်ခု ဖွဲ့စည်းတယ်ထင်လို့ ဆရာတော်ကိုယ်တိုင် အကြိမ်ကြိမ်သွားရောက်ရှင်းပြပြီး အပြန်အလှန်နားလည်မှု, ယုံကြည်မှုရရှိ အောင် ကြိုးစားခဲ့ရပါတယ်။ နောက်တစ်ခါ အစိုးရဘက်ကလည်း ဆရာတော်တို့အဖွဲ့က အစိုးရကို တိုက်ခိုက်မည့်နိုင်ငံရေး အဖွဲ့အစည်းလား၊ အယူဝါဒပြင်းထန်တဲ့ ဘာသာရေးအဖွဲ့အစည်းလား စသည်ဖြင့် သို့လောသို့လော ဖြစ်နေတဲ့အခြေအနေ ကိုလည်း အချိန်အတော်ယူပြီး နားလည်အောင် ရှင်းပြခဲ့ရပါတယ်။ လုပ်ငန်းမ၀င်ခင်ကတည်းက ဝေဖန်, ရှုတ်ချ, ကန့်ကွက်တဲ့ အဖွဲ့အစည်းအချို့၊ ပုဂ္ဂိုလ်အချို့ရဲ့ စွပ်စွဲပုတ်ခတ်ပြောဆိုချက်တွေ, ထိုးနှက်ချက်တွေကိုလည်း စိတ်ရှည်၊ ဇွဲသန်ပြီး သည်းခံခဲ့ရပါတယ်။ ဘယ်လိုပဲဖြစ်နေနေ တိုင်းပြည်အတွက် တကယ်လိုအပ်တဲ့ ဒီဥပဒေပြီးမြောက်အောင်ရေးဆွဲခဲ့လို့ ဥပဒေ အသက်ဝင်လာတဲ့အခါမှာ တန်ဖိုးသိသူတွေအတွက် တန်ဖိုးရှိတဲ့ ဥပဒေဆိုတာ လက်ခံလာလိမ့်မယ်လို့ ခံယူပြီးချီးမွမ်းခြင်း, ကဲ့ရဲ့ခြင်းတွေကြားထဲမှ ဖြစ်မြောက်အောင် ကြိုးစားခဲ့ရတာပါ။

တစ်ခါ ဒီဥပဒေကြမ်းကို ပညာရှင်များက ရေးဆွဲပြီးတဲ့အချိန်မှာ ဒီဥပဒေနမူနာကို တင်ပြပြီး ပြည်သူ့လွှတ်တော် ဥပဒေကြမ်းရေးဆွဲရေး ကော်မတီကရေးဆွဲပေးဖို့ရန် အဆိုပြုလွှာတင်သွင်းဖို့ရန်အတွက် ပါတီတွေ, လွှတ်တော်ကိုယ်စား လှယ်တွေကို တင်ပြပြီး ပြည်သူ့လွှတ်တော်ကို တင်နိုင်ရေးကြိုးစားပြန်တာ့လည်း တော်တော့်ကို ခက်ခက်ခဲခဲ ကြိုးစားခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ အမျိုး, ဘာသာ, သာသနာစောင့်ရှောက်ရေးအဖွဲ့ဝင် လူပုဂ္ဂိုလ်များ၏ လေးသန်းကျော်၊ ငါးသန်းခန့်ရှိ ထောက်ခံလက်မှတ်များကို ရအောင်ယူပြီး လွှတ်တော်ကိုတင်သွင်းပေးဖို့ရန်အတွက် နိုင်ငံတော်သမ္မတကြီးထံကို ဆရာတော်ကိုယ်တိုင် မေတ္တာရပ်ခံ အကူအညီတောင်းခံခဲ့တာပါ။
သမ္မတကြီးကလည်း ဥပဒေအကြံပေးများနဲ့ အတူဖတ်ရှုပြီး ဒီဥပဒေဟာ မည်သည့်ဘာသာ, လူမျိုး, ပုဂ္ဂိုလ်ကိုမျှ ထိခိုက်ခြင်းမရှိဘဲ နိုင်ငံတွင်းမှာရှိကြတဲ့ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ ငြိမ်းချမ်းစွာအတူနေထိုင်ရေးအတွက် တကယ်လိုအပ် တဲ့ ဥပဒေဖြစ်တယ်ဆိုတာကို သဘောပေါက်ပြီး “ဆရာတော် ဒီဥပဒေဟာ တပည့်တော်တို့နိုင်ငံအတွက် တကယ်လိုအပ်ပါတယ်။ ဆရာတော်တို့ရဲ့ စေတနာ, မေတ္တာနဲ့ ဆောင်ရွက်နေတဲ့ ဒီကိစ္စကို သမ္မတရုံးကနေ လွှတ်တော်ကို ရောက်အောင်တော့ တပည့်တော် ကူညီဆောင်ရွက်ပေးပါမယ်ဘုရား၊ သို့သော် ဒီအဆိုပြုလွှာကို လက်ခံမှု, လက်မခံမှုစတဲ့ ရှေ့ဆက်လုပ်ရမယ့် လုပ်ငန်းများကတော့ တပည့်တော်နဲ့ မဆိုင်ပါဘုရား။ ပြည်သူ့လွှတ်တော်နဲ့သာ ဆိုင်ပါသည်ဘုရား။ ဒါကြောင့် တပည့်တော် ကူညီဆောင်ရွက်ပေးနိုင်သည့် အပိုင်းကိုတော့ ကူညီဆောင်ရွက်ပေးပါမယ်ဘုရား” လို့ ပြန်လည် အကြောင်းပြန်ပြီး ပြည်သူ့လွှတ်တော်ကို တင်သွင်းပေးခဲ့လို့သာ ဒီကနေ့, ဒီအချိန်မှာ, ဒီဥပဒေပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။
ဆရာတော်ပြောချင်တာက ဒီအမျိုးစောင့်ဥပဒေကြီး ပေါ်ပေါက်လာခြင်းဟာ ဆရာတော်တို့က မေတ္တာရပ်ခံတယ်။ သမ္မတကြီးက ဒီမေတ္တာရပ်ခံချက်ကို လက်ခံပြီး ပြည်သူ့လွှတ်တော်ကို ပို့ပေးတယ်။ ဒီလောက်ပါဘဲ။ ဒီဥပဒေကို ဆရာတော်တို့ မဘသရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ် ပညာရှင်များက ရေးဆွဲခဲ့တာ မဟုတ်ပါဘူး။ ပြည်သူ့လွှတ်တော်ရဲ့ လုပ်ထုံး လုပ်နည်းနဲ့အညီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ဥပဒေပညာရှင်များက လုပ်ထုံးလုပ်နည်းနဲ့အညီ ရေးဆွဲပြီး ဖြစ်ပေါ် လာတဲ့ ဥပဒေဆိုတာကို နားလည်စေချင်ပါတယ်။ သိစေချင်ပါတယ်။ တချို့က ဒီဥပဒေဟာ မဘသအဖွဲ့ကြီးကဘဲ ရေးဆွဲပြီး တော့ ထုတ်ပြန်ထားသလိုမျိုးအထိ ထင်မှတ်နေကြတာ၊ ပြောဆိုနေကြတာကို ကြားနေရလို့ ဆရာတော်ထည့်ပြောပြတာပါ။ အခုအမျိုးစောင့်ဥပဒေလေးရပ်ကို သမ္မတကြီးလက်မှတ်ရေးထိုးပြီးတာလည်း အားလုံးအသိပါပဲ။ ဥပဒေရဲ့လိုရင်းအချက် အကျဉ်းချုပ်များကိုလည်း ပန်းဖလက်များရိုက်နှိပ်ပြီး ဝေငှပေးထားပါတယ်။
သေချာဖတ်ကြည့်ကြပါ။ နားမလည်ရင် အကြိမ်ကြိမ် အခါခါ ဆက်ဖတ်ကြည့်ကြပါ။ ဆရာတော်ကိုယ်တိုင် အကြိမ်ကြိမ် အခါခါဖတ်ပြီး နားလည်အောင်ကြိုးစားခဲ့ပါတယ်။ ရဲရဲကြီးအာမခံရဲတာကတော့ ဒီဥပဒေဟာ ပုဂ္ဂိုလ်တစ် ယောက်, အဖွဲ့အစည်းတစ်ခု, ဘာသာတစ်ခုကို ထိခိုက်နစ်နာစေမှုလုံးဝမရှိဘဲ ဆရာတော်အပါအ၀င် မြန်မာနိုင်ငံတွင်းမှာ နေကြတဲ့ ပြည်သူပြည်သားအားလုံး တကယ်လိုက်နာရင် တကယ်ကိုမျှတတဲ့ ဥပဒေအောက်မှာ လူမျိုးရေး, ဘာသာရေး အခြေခံပြီးဖြစ်တဲ့ ပြဿနာများ အလွန်နည်းပါးပြီး ညီညီညွတ်ညွတ် ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ခွင့်ရမဲ့ ဥပဒေဆိုတာ ဆရာတော်တို့ အာမခံရဲပါတယ်။
ဥပဒေကို သေချာမဖတ်ဘဲ ဒါမှမဟုတ်ရင် အားလုံးနဲ့လိုက်လျောညီထွေမှုကို မရှေးရှုဘဲ မိမိရဲ့အတ္တ ခံစားချက်တစ်ခု တည်းကိုသာကြည့်တဲ့ အချို့ပုဂ္ဂိုလ်များအတွက်တော့လည်း ကြိုက်ချင်မှကြိုက်နိုင်ပါလိမ့်မယ်။ မရှင်းလင်းတဲ့အချက် အလက် များ ရှိရင်လည်းပဲ မည်သူမဆို ဒီအခမ်းအနားကြီးအတွင်းမှာ မေးနိုင်ဖို့ရန် စီစဉ်ပေးထားပါတယ်။ ပြည်ပကမေးလိုလျှင်တောင် တယ်လီဖုန်းနဲ့မေးလို့ရအောင်အထိ စီစဉ်ပေးထားပါတယ်။ ဒီအခမ်းအနားအတွင်းမှာ အချိန်ရသလောက် ဖြေပေးမှာဖြစ်ပြီး ကျန်မေးခွန်းကိုတော့ အသံလွှင့်ဌာန၊ ရုပ်သံဌာနများကို မေတ္တာရပ်ခံ အကူအညီတောင်းခံပြီး ဖြေကြားပေးဖို့ စီစဉ်ပေးပါမယ်။
ဆရာတော်နောက်ဆုံးပြောချင်တာက မဘသအဖွဲ့ကြီးဟာ အမျိုးစောင့်ဥပဒေပေါ်ပေါက်ရေး တစ်ခုတည်းအတွက် ကိုသာ တစ်စိုက်မတ်မတ် ကြိုးစားဆောင်ရွက်လာခဲ့တာဖြစ်ပြီး မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်း၊ မည်သည့်ပါတီ အတွက်မျှ လုပ်ဆောင်နေခြင်းမဟုတ်ဘူးဆိုတာကို နားရှင်းလောက်ပြီထင်ပါတယ်။ ဥပဒေရေးဆွဲမှု မပြီးသေခင်မှာ အစိုးရပိုင်း လူကြီးမင်းများနှင့် မေးမြန်ပြောဆိုဆွေးနွေး ကြရတာတွေတော့ရှိပါတယ်။ ဒါကတော့ ဘယ်အစိုးရမျိုးပဲဖြစ်ဖြစ် ဆရာတော်တို့အဖွဲ့ကတော့ မပတ်သက်လို့ကို မရဘူးဆိုတာ နားလည်ပေးရမှာ ဖြစ်ပါတယ်။
ယခုတော့ အမျိုးစောင့်ဥပဒေပေါ်ပေါက်လာပါပြီ။ ကြိုးစားရကျိုးနပ်ခဲ့ပါပြီ။ ဤသို့ ပေါ်ပေါက်လာရခြင်းမှာလည်း ရဟန်း, ရှင်, လူ, ပြည်သူများ၏ တောင်းဆိုမှု၊ ဥပဒေပညာရှင်များ၏ ကူညီမှု၊ သမ္မတကြီးအပါအ၀င် လွှတ်တော်သုံးရပ် ကိုယ်စားလှယ်တော်များ၏ ထောက်ခံအတည်ပြုပေးမှု - စသည်တို့ကြောင့် ပေါ်ပေါက်လာရခြင်း ဖြစ်ပါတယ်။ အဆိုပါ တာဝန်ရှိသူအားလုံးကို အထူးကျေးဇူးတင်ရှိကြောင်းလည်း ပြောကြားပါတယ်။

အမျိုးစောင့်ဥပဒေ ပေါ်ပေါက်လာခြင်းသည် ဘာသာပေါင်းစုံ, လူမျိုးပေါင်းစုံရှိနေသည့် မြန်မာလူ့ဘောင် အဖွဲ့အစည်းကြီးအတွက် အခြားဘာသာများနှင့် တန်းတူညီမျှ လူ့အခွင့်အရေးကို အကောင်အထည်ဖော် ရယူခြင်းဖြစ်၍ ညီညွတ်မျှတ ငြိမ်းချမ်းမှုကိုဖော်ဆောင်ပေးခြင်းပင်ဖြစ်ကြောင်း ပြောကြားလိုပါတယ်။ ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း ၌ တိုင်းရင်းသားပေါင်းစုံ, ဘာသာပေါင်းစုံ, လူမျိုးပေါင်းစုံ နေထိုင်ကြသဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း မှီတင်း နေထိုင်သူအားလုံးသည် ညီညွတ်ဖို့လိုနေပေပြီ။ ညီညာမှပြည်သာမည် ဖြစ်ပါတယ်။ အတိတ်က မတူကွဲလွဲတာတွေ ထားခဲ့ ကြပြီး ယနေ့အချိန်ကစ၍ ဆရာဇော်ဂျီ ပြည်ောင်စုကဗျာ၌ လမ်းညွှန်ခဲ့သော -
(ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း၊ မင်းနှင့် ကချင်နှင့်၊ ချင်းနှင့် ကယားနှင့်၊
ရှမ်းနှင့် ရခိုင်နှင့်၊ မွန်နှင့် ကရင်နှင့်၊ သင့်သင့်မြတ်မြတ်၊ အနေတတ်လျှင်၊ နတ်ပြည်နှိုင်းတု၊ ပြည်ထောင်စုဟု၊)
ကဗျာအတိုင်း ပြည်ထောင်စုသားအချင်းချင်း လူမျိုးအချင်းချင်း ဘာသာအချင်းချင်း သင့်သင့်မြတ်မြတ် အနေတတ်လျှင် နတ်ပြည်နှင့်တောင် တုပလို့ရအောင် နှိုင်းစာလို့ရအောင် ချမ်းသာသုခပြည့်ဝသည့် နိုင်ငံတော်ကြီး ဖြစ်နိုင်ပါတယ်။ ထိုသို့ဖြစ်အောင် ညီညွတ်ကြပါ။ ငြိမ်းချမ်းကြပါဟု တိုက်တွန်းရင်း ဆရာတော်၏ အဖွင့်သြ၀ါဒစကားကို အဆုံးသတ်အပ်ပါတယ်။

အားလုံး အမိမြန်မာနိုင်ငံတော်ကြီးကိုလည်း ဘက်ပေါင်းစုံမှ တိုးတက်အောင် ဆောင်ရွက်နိုင်ကြပါစေ၊
အမျိုး ဘာသာ သာသနာကိုလည်း တိုးတက်ပြန့်ပွားအောင် စောင့်ရှောက်နိုင်သူများ ဖြစ်ကြပါစေ၊

အမျိုးစောင့်ဥပဒေ မပျက်စီးအောင် တည်တံ့အောင် စောင့်ရှောက်နိုင်ကြပါစေ။ 
အမျိုး ဘာသာ သာသနာ ဖျက်မည့်သူများနှင့် အမျိုးစောင့်ဥပဒေ ဖျက်မည့်သူများကိုလည်း ရှောင်ရှားနိုင်ကြပါစေ။ 
အားလုံးကိုလည်း ကျေးဇူးတင်စွာဖြင့် သာဓုအကြိမ်ကြိမ် ခေါ်အပ်ပါသတည်း။

ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့ (ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။Arkar