Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Tuesday, May 12, 2015

(၈-၅-၂၀၁၅)နေ့တွင် တောင်ငူ မဘသ အတွင်းရေးမှူး ကျောင်းတိုက်၌ အစ္စလာမ်ဘာသာမှ ဗုဒ္ဓဘာသာသို့ မိသားစုလိုက် ကူးပြောင်းပွဲအခမ်းနားကျင်းပပြုလုပ်





(၈-၅-၂၀၁၅)မနေ့က တောင်ငူ မဘသ အတွင်းရေးမှူး
ကျောင်းတိုက်မှာ အစ္စလာမ်ဘာသာမှ ဗုဒ္ဓဘာသာသို့
မိသားစုလိုက် ကူးပြောင်းပွဲအခမ်းနားလေးကို အကျဉ်း
ချုံးပြီးပြုလုပ်ခဲ့ပါတယ်။
အခမ်းအနားကိုအစဉ်အတိုင်းပြုလုပ်သွားခဲ့ရာ မဘသ
အသိပညာပေးစည်းရုံးရေးဆရာတော်က ဘာသာကူး
ပြောင်းသူတို့ကိုမေးစီစစ်ပါတယ်။
"ဒကာမကြီးတို့ မိသားစုကိုယ်တိုင် ဗုဒ္ဓဘာသာကိုတကယ်
သက်ဝင်ယုံကြည်လို့ ကူးပြောင်းတာလား?
ဒါမှမဟုတ် တစ်ခြားတစ်ဦးတစ်ယောက်.အဖွဲ့စည်းတစ်
ခုခုကဖိအားပေးလို့ ကူးပြောင်းတာလား?"လို့ မေးတော့.....
သူ့ဘဝရဲ့ သက်တမ်းကိုပိုင်းဖြတ်ပြီးတော့ သံသရာအတွက်
ကုသိုလ်ရိက္ခာထုပ် မထုပ်ရသေးတဲ့အကြောင်းကို မိသားစု
အားလုံးက မျက်ရည်များဖြိုင်ဖြိုင်စီးကျကာ ခုလိုပြောခဲ့ပါတယ်.......
"အစ္စလာမ်ဘာသာအရ ဘုရား၅ကြိမ်ရှိမခိုးနိုင်လို့ဥပုသ်
သီလမမြဲဘူးဆိုရင် မစောင့်ရပါဘူး..ဗုဒ္ဓဘာသာမြန်မာ
လူမျိုးများကြတော့ ၅.ပါးသီလယူပြီးပြီဆိုရင် ရေလေး
တော့ သောက်ခွင့်ပြုပါတယ်ဘုရား...သီလလည်းလိုချင်
တယ်...အလှူအတန်းလေးလည်းပြုချင်တယ်.ဘုရား
ကျောင်း ကန်တွေလည်း လွတ်လပ်စွာသွားချင်တယ်..
အသက်တစ်ဝက်ကျိုးလာပြီဆိုတော့ ကုသိုလ်လေးနဲ့ပဲ
နေချင်လို့ပါဘုရား....."
မျက်ရည်တွေစီးကျရင်း ပင့်သက်ရှိုက်သံတွေနဲ့အတူ
မိမိရဲ့ဘဝသေကြီးကို မိမိသားသ္မီးတွေကိုပါ သူလိုမဖြစ်
စေချင်တော့ အသံများပင်တုန်ခါပြီး မိမိရဲ့ခံစားချက်နဲ့
ခံယူချက်ကို ပရိသတ်အလယ်မှာ ဒကာမကြီးခုလိုပြောပြ
တော့ ဆရာတော်သံဃာတော်တွေကော လူပရိသတ်
များပါ ရင်ထဲကကိုယ်စီ ကရုဏာလှိုင်းခတ်သံတို့က အောင်ဇမ္ဗူကျောင်းတိုက်တစ်ခုလုံးပင် ဖုံးလွှမ်းသွားမတတ်
ဖြစ်ခဲ့ကြပါတယ်......
မျက်ရည်လွယ်သောမိမိသည်ပင် မျက်ရည်မကျမိအောင်
သမဏိနြေ္ဒ မနည်းဆယ်ထားရတယ်.....
မိမိရရှိထားတဲ့လူ့ဘဝ၏ အကြောင်းနှင့်အကျိုး.အကောင်း
နှင့်အဆိုးကိုခွဲခြားသိတတ် နိုင်မှသာ လမ်းကြောင်း
အမှန်ကို သိရှိတတ်ကြပါတယ်.....
ဒီမိသားစုဟာ ဗုဒ္ဓဘာသာနဲ့ အစိမ်းကြီးတော့မဟုတ်..ဒီဒကာမကြီးက ရွာစဉ်လှည့်ပြီးဈေးရောင်းကာ သားသ္မီး
များကိုရှာကြွေးနေရတယ်လို့သိရပါတယ်......
အသက်က(၅၆)ရှိပြီဆိုတော့ ကျန်နေသေးတဲ့ လူ့ဘဝ
လက်ကျန်လေးကို အချီးနှီး မကုန်လွန်စေချင်တော့ပဲ
ကုသိုလ်ပြုခွင့်မသာတဲ့ဘာသာကို ကျောခိုင်းစွန့်ခွာကာ
မိမိရဲ့ကျန်နေသေးတဲ့ဘဝလက်ကျန်လေးကို ဗုဒ္ဓသ္မီးတော်
ပီပီနေထိုင်သွားချင်ပုံရပါတယ်....
ဒကာမကြီးတို့ဖြစ်စေချင်တဲ့ဆန္ဒကို အားလုံးဝိုင်းဝန်းပြီး
ဖြည့်ဆည်းပေးသွားကြမှာပါ။
မနေ့ကဒီပွဲကို မဖိတ်လို့မတက်ကြရတဲ့သူများက အနည်း
ငယ်သောအသံလေးများကြားသိခဲ့ရပါတယ်။
ရန်ပုံငွေနည်းသွားမည်ကိုရှေးရှုကာ အခမ်းအနားကို
အကျယ်မချဲ့ပဲ အကျဉ်းချုံးပြီး ECဥက္ကဋ္ဌနဲ့အတွင်းရေး
မှူးလောက်သာဖိတ်ကြားခဲ့ခြင်းဖြစ်ပါတယ်...
သိပ်အရှည်ကြီးပြောပြနေရင်မမှတ်မိပဲဖြစ်နေမည်စိုး၍
တိုတိုနဲ့ပဲပြောရမည်ဆိုလျှင် "မလိုအပ်လို့"မဖိတ်တာပါ..
ဒါလေးကိုနားလည်ပေးစေချင်ပါတယ်....နောက်တစ်ကြိမ်
ဒေါနလမ်းရယ် သရက်မှော်ရယ် ကန်တော်ကြီးတောင်
ဘက်အခြမ်းရယ် ဘာသာကူးပြောင်းပွဲလုပ်တဲ့ အခါကြရင်
စာအိတ်ပေါ်က ရွှေအိုရောင်တောက်ပနေတဲ့ နာမည်
များစွာထဲက နာမည်တစ်ခုဟာ သင့်နာမည်
ဖြစ်နေပါလိမ့်မယ်.........

2 comments:

  1. This comment has been removed by the author.

    ReplyDelete

  2. "ကုသိုလ်ပြုခွင့်မသာတဲ့ဘာသာ" လို့ဆိုထားတော့ အစ္စလာမ်သာသနာဟာ ကုသိုလ်ပြုခွင့်မသာဘဲ အကုသိုလ်သာပြုခွင့်ပဲသာတဲ့ဘာသာ လို့ သက်ရောက်သွားပါတယ်။ ကျွန်တော် လေ့လာရသလောက်ကတော့ ကမ္ဘာမှာ လူအများစု ကိုးကွယ်နေကြတဲ့ဘာသာတရားတွေမှာ အကုသိုလ်ပြုဖို့ တိုက်တွန်းထားတဲ့ဘာသာတရား တစ်ခုမျှ မရှိပါ။ အမျိုး၊ဘာသာ၊သာသနာကို စောင့်ရှောက်တယ် ဆိုတာ တခြားဘာသာ၊သာသနာကို မဟုတ် မမှန် မတရား ပြောပြီး အမုန်းတရားသွင်းကာ စောင့်ရှောက်စရာ မလိုပါ။ ကိုယ့်ဘာသာသာသနာ အကြောင်းကို ကိုယ့်ဘာသာဝင်များအား ခြေခြေမြစ်မြစ်၊နှစ်နှစ်ကာကာ၊ဂဃနဏ သင်ကြားပေးပြီး ဘာသာခြားများနှင့်လက်မထက်မိကြစေရန် အသိတရားထဲ့ပေးခြင်းဖြင့်သာ အမျိုး၊ဘာသာ၊သာသနာကို စောင့်ရှောက်သင့်တယ် လို့ မေတ္တာစေတနာ အပြည့်ဖြင့် အကြံပေးလိုပါတယ်။ ဖော်ပြပါမိသားစုကဲ့သို့ မိမိတို့ ဆန္ဒအရ အစ္စလာမ်သာသနာမှ ဗုဒ္ဓဘာသာသို့ ကူးပြောင်းခြင်းကို အစ္စလာမ်သာသနာက တားမြစ်ထားခြင်းမရှိကြောင်းနဲ့ လူတစ်ဦးဟာ မိမိယုံကြည်လိုသည့် ဘာသာသာသနာကို လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ကို အစ္စလာမ်သာသနာက ခွင့်ပြုထားကြောင်း လေ့လာတွေ့ရှိသည်ကို ဗဟုသုတ တိုးပွားစေရန် စေတနာဖြင့် မျှဝေလိုက်ပါတယ်။

    ReplyDelete