Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Tuesday, December 9, 2014

အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို)၏ ထုတ်ပြန်ကြေညာချက် ( ၀၀၁၈)

ဗိုလ်ချုပ်အောင်ဆန်း သည် စတုတ္ထမြန်မာနိုင်ငံတော်ကို ဦးဆောင်တည်ထောင်သူ မြန်မာနိုင်ငံ့ ဗိသုကာ ကြီးဟု သမိုင်းမှတ်တိုင်တင်နိုင်လောက်သည့် မြန်မာနိုင်ငံသူ၊ နိုင်ငံသား ရဟန်း, ရှင်, လူ အားလုံး၏ မမေ့ထိုက် သူ ကျေးဇူးရှင်တစ်ဦး ဖြစ်ပါသည်၊ အစိတ်စိတ်အမွှာမွှာဖြစ်နေသည့် မြန်မာနိုင်ငံတော်ကို တစ်စုတည်း ပြည် ထောင်စုမြန်မာနိုင်ငံတော်ဖြစ်အောင် ဦးဆောင်တည်ဆောက်နိုင်ခဲ့သူဖြစ်၍ မြန်မာနိုင်ငံ့ဗိသုကာကြီးဟု ဆိုခဲ့ခြင်း ဖြစ်ပါသည်။
ကျးဇူးရှိခဲ့ဖူးသူ၏ ကျေးဇူးဂုဏ်ကိုသိရှိနားလည်ခြင်း, သိသည့်အတိုင်း ကျေးဇူးတုံ့ပြန်ဆပ်ခြင်းများ သည် ကြီးပွားချမ်းသာကြောင်း ကတညုတ ကတဝေဒီမင်္ဂလာပင် ဖြစ်ပါသည်။
ထို့ကြောင့်
၁။ ဗိုလ်ချုပ်အောင်ဆန်း၏ ကျေးဇူးဂုဏ်တို့ကို စွမ်းနိုင်ရာကနေ ရဟန်းရှင်လူ ပြည်သူအားလုံး ကျေးဇူးဆပ်ကြဖို့
၂။ တိုင်းပြည်နှင့်လူမျိုးအကျိုးကို သယ်ပိုးလိုသော အောင်ဆန်းစိတ်ဓါတ် မဖြစ်မနေ မွေးကြဖို့
၃။ ယခု မကြာမီ ဖေဖော်ဝါရီ ၁၃-ရက်၊ ၂၀၁၅-နေ့၌ ကျရောက်တော့မည့် ရာပြည့်ဗိုလ်ချုပ်မွေးနေ့အတွက် ပါတီစွဲ, ဂိုဏ်းဂဏစွဲ မထားကြဘဲ စွမ်းနိုင်ရာက သမိုင်းကျန်သည့် မှတ်တိုင်များဖြစ်အောင် ပါဝင်ဆောင် ရွက်ကြဖို့
၎။ ဗိုလ်ချုပ်ရာပြည့်မွေးနေ့မှာတင်မဟုတ်ဘဲ အနာဂတ်မှာလည်း အမြဲတမ်း အောင်ဆန်းစိတ်ဓါတ်မွေးပြီး ဗိုလ်ချုပ်ကို ကျေးဇူးဆပ်ကြဖို့
မ.ဘ.သအဖွဲ့ကြီးက လေးလေးနက်နက် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
မ.ဘ.သအဖွဲ့ကြီးက ဦးဆောင်ပြီး ဗိုလ်ချုပ်ကို ကျေးဇူးဆပ်သောအနေဖြင့် မြန်မာနိုင်ငံ ရဟန်းရှင်လူ ပြည်သူအားလုံး၏ ကုသိုလ်အဖြစ် နတ်မောက်မြို့ ဗိုလ်ချုပ်နေအိမ်၌ သမိုင်းကျောက်စာတိုင် စိုက်ထူနိုင်ရန် ကျပ်ငွေ သိန်း ၁၀၀ မတည်လှူဒါန်းမည့်အကြောင်းကိုလည်း အားလုံးသာဓုအနုမောဒနာ ခေါ်ယူနိုင်ရန် အသိပေးထုတ်ပြန်ကြေညာအပ်ပါသည်။

စာအမှတ်၊ ၀၀၁၈/စီမံ-မဘသ/ ၂၀၁၄
နေ့စွဲ ၊ ၁၃၇၆-ခု၊ နတ်တော်လပြည့်ကျော် ၄-ရက်၊
(ဒီဇင်ဘာ-၁၀)၊ ဗုဒ္ဓဟူးနေ့
ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့ (ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။

No comments:

Post a Comment