Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Wednesday, September 28, 2016

အင်းဝအပ်ချုပ်ဆိုင် မြန်မာအိမ်အကူမလေးနှစ်ဦး၏ လူ့အခွင့်အရေးချိုးဖောက်ခံရမှုအပေါ် မဘသအဖွဲ့ကြီး၏ အသိပေး ထုတ်ပြန်ချက်


အသိပေးထုတ်ပြန်ချက်

၁။ ရန်ကုန်တိုင်းဒေသကြီး၊ ကျော်တံတားမြို့နယ်၊ လမ်း ၄၀၊ အထက်ဘလောက်၊ အင်းဝအပ်ချုပ်ဆိုင် မြန်မာအိမ်အကူမလေးနှစ်ဦး၏ လူ့အခွင့်အရေးချိုးဖောက်ခံရမှုကို ကိုယ်ကျိုးစွန့်ပြီး ရဲရဲဝင့်ဝင့် ခက်ခက်ခဲခဲ ကြိုးကြိုးစားစား အများသိအောင် သတင်းထုတ်ဖော်ပေးသော Myanmar Now မှ သတင်းထောက် ကိုဆွေဝင်းသည် လူသားဆန်သည့် သူရဲကောင်းတစ်ဦးအဖြစ် ဂုဏ်ပြု မှတ်တမ်းတင်မည်ဖြစ်ကြောင်းကိုလည်းကောင်း၊

၂။ အဆိုပါ အင်းဝအပ်ချုပ်ဆိုင် မြန်မာအိမ်အကူမလေးနှစ်ဦး၏ လူ့အခွင့်အရေးချိုးဖောက်ခံရမှု၊ နစ်နာဆုံးရှုံးမှုများကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူအားလုံးတို့က တရားဥပဒေနှင့်အညီ ထိထိရောက်ရောက် ကာကွယ်ပေးရန်နှင့် အဆိုပါ မြန်မာအိမ်အကူမလေးနှစ်ဦးအတွက် လိုအပ်သော ကူညီပံ့ပိုးမှုများကို တာဝန်သိသူများအနေဖြင့် စွမ်းနိုင်ရာက ၀ိုင်းဝန်း ပါဝင်ကူညီကြပါဟုလည်းကောင်း၊

၃။ အဆိုပါ အင်းဝအပ်ချုပ်ဆိုင် မြန်မာအိမ်အကူမလေးနှစ်ဦးကဲ့သို့ အခြားနေရာများ၌ လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုများလည်း မြောက်မြားစွာ ရှိနိုင်ပါသည်၊ အဆိုပါ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများနှင့် ပတ်သက်သူအားလုံးကိုလည်း တာဝန်သိသူ တာဝန်ရှိသူအားလုံးတို့က စနစ်တကျ ဖော်ထုတ်ခြင်း၊ စနစ်တကျ တရားဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ခြင်းများကို မဖြစ်မနေ ပြုလုပ်ကြပါဟုလည်းကောင်း၊

အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး(မဘသ)အဖွဲ့ကြီးက လေးလေးနက်နက် တိုက်တွန်းပါကြောင်းနှင့် အဆိုပါ အင်းဝအပ်ချုပ်ဆိုင် မြန်မာအိမ်အကူမလေးနှစ်ဦးအတွက် အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး (မဘသ)အဖွဲ့ကြီးကလည်း လိုအပ်သည်များကို ကူညီထောက်ပံ့သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်လိုက်ပါသည်။

စာအမှတ်၊ ၀၀၀၄/စီမံ-မဘသ/ ၂၀၁၆
နေ့စွဲ၊ ၁၃၇၈-ခု၊ တော်သလင်းလပြည့်ကျော် ၇-ရက်၊
(စက်တင်ဘာလ ၂၃-ရက်၊ ၂၀၁၆) သောကြာနေ့

ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့(ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။
Arkar

ပုဂံဘုရားများ ပြုပြင်ဆောင်ရွက်ရာ၌ စေတနာရှင် အလှူရှင်များအနေဖြင့် စနစ်တကျဦးဆောင်ကွပ်ကဲမှုအဖွဲ့အစည်းဖွဲ့စည်းကာ ယင်းအဖွဲ့အစည်း၏လမ်းညွှန်ချက်ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်လုပ်ဆောင်ကြရန် မဘသအဖွဲ့ကြီးဗဟို၏ အသိပေးထုတ်ပြန်ချက်

အသိပေးထုတ်ပြန်ချက်

 သြဂုတ်လ ၂၄-ရက်၊ ၂၀၁၆- နေ့က မြန်မာနိုင်ငံအတွင်း လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် အစားထိုးလို့မရနိုင်သည့် မြန်မာ့အသည်းနှလုံး မြန်မာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ပုဂံဘုရားပုထိုးများနှင့်တကွ မြန်မာပြည်အရပ်ရပ်ရှိ ဘုရား ပုထိုး ဂူ ကျောင်း အတော်များများ ပျက်စီးဆုံးရှုံးခဲ့ရသည်။

ယခုအခါ ပုဂံဘုရားပြိုပျက်မှုများအတွက် လိုအပ်သည့် ဝေယျာဝေစ္စများ ဆောင်ရွက်ရန် မဘသအဖွဲ့အပါအ၀င် စေတနာရှင် အသင်းအဖွဲ့များ ပါတီများ အခြား ပုဂ္ဂလိကဆိုင်ရာများ စသည်တို့သည် ငွေအား လူအား ပစ္စည်းအား စသည်တို့ဖြင့် တက်တက်ကြွကြွ ပါဝင်ကူညီဆောင်ရွက်နေသည်ကို ကြားရ သိရ၍ အလွန်မတန် ၀မ်းမြောက်ဂုဏ်ယူမှု ဖြစ်ရပါသည်။

ဘယ်အရာမဆို အများနှင့်ဆောင်ရွက်ရာ၌ စနစ်တကျ ဦးဆောင်ကွပ်ကွဲ ဆောင်ရွက်မှုမရှိဘဲ သူတစ်လူ ငါတစ်မင်း ဆိုသလို ဆောင်ရွက်ပါက အကွပ်မရှိသောကြမ်း ပရမ်ပတာဖြစ် ဆိုသည့်အတိုင်း မလိုလားအပ်သော ဆုံးရှုံးမှုများ ဆိုးကျိုးများ ရှိလာနိုင်သည်မှာ ဓမ္မတာပင် ဖြစ်ပါသည်။

အဆိုပါ မလိုလားအပ်သော ဆုံးရှုံးမှုများ ဆိုးကျိုးများ မဖြစ်ရလေအောင် ဦးဆောင်ကွပ်ကဲမှုအဖွဲ့ စနစ်တကျဖွဲ့စည်းပြီး ယင်းဦးဆောင်ကွပ်ကဲမှုအဖွဲ့၏ လမ်းညွှန်မှုကိုခံယူကာ ဆောင်ရွက်နိုင်မှသာလျှင် ပိုမိုထိရောက်နိုင် အောင်မြင်နိုင်မည် ဖြစ်ပါသည်၊ ထို့ကြောင့် ဦးဆောင်ကွပ်ကဲမှုအဖွဲ့ စနစ်တကျဖွဲ့စည်းလျက် ယင်းဦးဆောင်ကွပ်ကဲမှုအဖွဲ့၏ လမ်းညွှန်မှုကို ခံယူဆောင်ရွက်ကြပါဟု လက်ရှိပါဝင်ဆောင်ရွက်နေကြသူ ကုသိုလ်ရှင် စေတနာရှင်အားလုံးတို့အား အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး မဘသအဖွဲ့ကြီး(ဗဟို)က အသိပေးတိုက်တွန်းအပ်ပါသည်။

 စာအမှတ် ၀၀၀၄/စီမံ-မဘသ/၂၀၁၆
 နေ့စွဲ၁၃၇၈-ခု တော်သလင်းလဆန်း ၁၂-ရက်
စက်တင်ဘာလ ၁၃-ရက်၊ ၂၀၁၆၊ အင်္ဂါနေ့

ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ၊
မဘသအဖွဲ့(ဗဟို) 
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်
Arkar

Thursday, September 1, 2016

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌ ကိုဖီအာနန်နှင့်ပတ်သက်၍ facebook စာမျက်နှာများနှင့် ပြည်တွင်းပြည်ပ သတင်းမီဒီယာများမှ မဘသအဖွဲ့ကြီးအပေါ် အထင်အမြင်လွဲမှားစေသည့် စာသားရုပ်ပုံ သတင်းများဖော်ပြနေသည်များအပေါ် မဘသအဖွဲ့ကြီးဗဟို၏ သဘောထားထုတ်ပြန် ကြေညာချက်/ (English language translated)



သဘောထားထုတ်ပြန်ချက်
OFFICIAL STATEMENT
မဘသ-မန္တလေးတိုင်းဆိုသည့်Facebook Page အတုက သရုပ်ဆောင် Morgan Freeman ပုံပေါ်၌ We no need Kofi Annan ဟု မှားယွင်းစွာ ရေးသားဖော်ပြထားပါသည်၊ ထိုဖော်ပြချက်သည် မဘသကို နာမည်ပျက်အောင် တမင်သက်သက် လုပ်ကြံဖန်တီးထားခြင်း ဖြစ်ပါသည်။
This is the official statement of regarding with the fake Facebook account of Ma Ba Tha (Mandalay). The fake account wrongly described that “We no need Kofi Annan” in the photo of the Oscar- winner Morgan Freeman. This incident deliberately makes Ma Ba Tha possible to be in black list.
ထိုသတင်းကိုပင် သတင်းစာကျင့်ဝတ်နှင့်အညီ သေချာစွာ မစိစစ်ဘဲ အချိန်ကိုက်ဆိုသလိုThe Washington Post ကလည်းMyanmar group targets Kofi Annan; uses Morgan Freeman photo ဟူသော ခေါင်းစဉ်ဖြင့် မဘသအဖွဲ့ကြီးသည် ၂ဝ၁၂-ခုနှစ်က ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် မူဆလင်ရာပေါင်း များစွာ သေကြေခဲ့ရသော ပဋိပက္ခတွင် ယင်း ပဋိပက္ခဖြစ်ပွားအောင် အားပေးအားမြှောက်ပြုခဲ့သည်ဟု စွပ်စွဲခံရသော အဖွဲ့ကြီးလည်းဖြစ်သည်-စသည် လွဲမှားသော သတင်းသုံးသပ်မှုများကို သြဂုတ်လ ၃ဝ-ရက်နေ့ထုတ် သတင်းစာတွင် ဖော်ပြလိုက်သဖြင့် တစ်ကမ္ဘာလုံးကပင် မဘသအပေါ် အထင်အမြင်သေးစရာ ဖြစ်ရပါသည်။ (ထိုအချိန်က မဘသအဖွဲ့ ကြီးပင် မရှိခဲ့သေးပါ၊
မဘသအဖွဲ့သည် ၂ဝ၁၃-ခုနှစ်၊ ဇွန်လမှ စတင်ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ပါသည်၊)
At the same time, The Washington Post News Agency also described the news on 30th August with the title of “Myanmar group targets Kofi Annan: uses Morgan Freeman Photo” without pay attention to maintain the value of media ethics. It includes that “the group Ma Ba Tha led by Buddhist monks has been accused of helping the incite violence in the region that left hundreds of Muslims dead in 2012” etc. This statement deliberately degrades the Peace Organization of Ma Ba Tha and misleads the world community. (Note: there was no the Peace Organization of Ma Ba Tha in 2012 and it was formed in June 2013).
-----------------------------
အဆိုပါ မဘသ-မန္တလေးတိုင်းဆိုတဲ့ Facebook Page သည် အတုဖြစ်ကြောင်း, မန္တလေးတိုင်းမဘသနှင့် လုံးဝ ပတ်သက်ခြင်းမရှိကြောင်းကို မန္တလေးတိုင်းဒေသကြီး မဘသအဖွဲ့က ကြေညာချက်အမှတ် ၁/၂ဝ၁၆ ဖြင့် (၁၆.၇.၂ဝ၁၆) ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ထားပြီးလည်း ဖြစ်ပါသည်။
On 16th July, 2016, The Ma Ba Tha of Mandalay had already officially announced with notice 1/2016 that such Mandalay Ma Ba Tha Facebook account was just a fake account and it had nothing to do with the Ma Ba Tha of Mandalay.
-------------------------
Kofi Annan ဥက္ကဋ္ဌအဖြစ်ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်နှင့်ပတ်သက်၍ မဘသအဖွဲ့က မည်သည့်သဘောထားမှတ်ချက် မည်သည့်ကြေညာချက်ကိုမှ ထုတ်ပြန်ကြေညာခဲ့ခြင်း မရှိသေးပါ၊ သို့သော် အဆိုပါ ကော်မရှင်ဖွဲ့စည်းရာ၌ ရခိုင်ပြည်နယ်ဆိုင်ရာ သမိုင်းပညာရှင်, သုတေသနပညာရှင်, မနုဿဗေဒ ပညာရှင်-စသော ရခိုင်အရေး ကျွမ်းကျင်ပညာရှင်များ ပါဝင်ခြင်းမရှိသည်ကိုလည်းကောင်း၊ ရခိုင်သမိုင်းအမှန်ကို ဖျောက်ဖျက်လိုသည့် ဆန့်ကျင်ဘက် လူမျိုးခြား, ဘာသာခြား, ပြည်တွင်းပြည်ပ ပုဂ္ဂိုလ်များကိုသာ ထည့်သွင်းထား သည်ကိုလည်းကောင်း တွေ့ရပါသည်၊ ထိုအချက်ကို ကြည့်ခြင်းအားဖြင့် အဆိုပါကော်မရှင်၏ လားရာကို တွက်ဆ နိုင်မည်ဖြစ်သည်။
In the regard of the Advisory Committee of Rakhine State, Ma Ba Tha hasn’t made any remarks so far. However, it is obvious that in the commission, there is no any credited historian, researcher and the anthropologist who can propose well about the history of Rakhine State and it is also obvious that the foreigners and the Myanmar commissioners who do not probably know about the real history of its long term conflicts in Rakhine State in detail. Therefore, it is speculated that the direction of the commission may move into the different direction.
-------------------
ထို့ကြောင့် မဘသ-မန္တလေးတိုင်း Facebook အတုကိုလည်းကောင်း၊The Washington Post သတင်းစာ၏ လွဲမှားသော ဖော်ပြချက်များကိုလည်းကောင်း လုံးဝ ကန့်ကွက်ပါကြောင်း ရဟန်းရှင်လူ ပြည်သူ အားလုံး၏ကိုယ်စား မိမိတို့ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး မဘသအဖွဲ့ကြီး(ဗဟို)မှ သဘောထား ထုတ်ပြန်ကြေညာလိုက်သည်။
In addition, the Peace Organization of Ma Ba Tha (Central Committee) states that we completely reject that both the incident of fake account for Mandalay Ma Ba Tha and the misinterpretation for the news of the Washington Post. This is the official statement of the Peace Organization of Ma Ba Tha (central committee) on behalf of the members of Ma Ba Tha.
စာအမှတ် ၊ ဝဝ၁၃/ စီမံ-မဘသ/ ၂ဝ၁၆
နေ့စွဲ ၊ ၁၃၇၈-ခု၊ ဝါခေါင်လပြည့်ကျော် ၁၄-ရက်
(စက်တင်ဘာလ ၁-ရက်၊ ၂ဝ၁၆)၊ ကြာသပတေးနေ့
Registered No-0013/Simun-Mabatha/2016
Date : 1st September 2016, Thursday
-------------------------------------------
ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့ (ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြဝါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။
Bahdanta Tilawkar Biwonsa
Chairman, MaBaTha (Centre)
Agga Maha Pantita, State Awvadar Cariya
Ywama Pariyatti Institute, Insein

Arkar

Wednesday, August 24, 2016

ယနေ့ သြဂုတ်လ ၂၄-ရက်၊ ၂၀၁၆-ခု ညနေ ၅နာရီ ၅မိနစ် အချိန်၌ အင်အား ၆.၈ ရစ်ခ်ျတာစကေားရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့မှုကြောင့် ပျက်စီးဆုံးရှုံးမှုများအပေါ် ၀ိုင်းဝန်းကူညီ ထိန်းသိမ်းစောင့်ရှောက်ဖို့လိုကြောင်းနှင့် ငလျှင်၏ သဘောသဘာဝအရ ရှေ့ပြေးလှုပ်ပြီး နောက်နောက်လည်း ဆက်လက်လှုပ်ခါတတ်သောကြောင့် ကြိုကြိုတင်တင် သတိထား ဆင်ဆင်ခြင်ခြင် နေကြရန် မြန်မာနိုင်ငံရှိ ရဟန်းရှင်လူ ပြည်သူများအား အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို)မှ အသိပေးကြေညာချက် ထုတ်ပြန်...




Image may contain: text
.

အသိပေးကြေညာချက်

ဝါခေါင်လပြည့်ကျော် ၆-ရက်၊ ၁၃၇၈-ခု၊ သြဂုတ်လ ၂၄-ရက်၊ ၂၀၁၆-ခု၊ ဗုဒ္ဓဟူးနေ့ ညနေ ၅နာရီ ၅မိနစ်ခန့် အချိန်၌ စစ်ကိုင်း၊ မန္တလေး၊ ပုဂံ၊ ပြည်၊ နေပြည်တော်၊ ရန်ကုန်၊ ရခိုင်စသော မြန်မာနိုင်ငံ နေရာများစွာ၌ ငလျင်လှုပ်သွားခြင်းကြောင့် အပျက်အစီးများရှိခဲ့သည်ဟု သိရသည်။. ချောက်မြို့နှင့် ၁၂-မိုင်အကွာကို ဗဟိုပြုပြီး အင်အား ၆.၈ ရစ်ခ်ျတာစကေးအထိ လှုပ်ခတ်ခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာနက သတင်းဌာနများသို့ ပြောကြားခဲ့ပါသည်။
------------------------------------------------------------------
ကနဦးစစ်ဆေးမှုများအရ ပုဂံ၌ဆိုလျှင် မြစေတီနှင့် လောကနန္ဒာ စိန်ဖူးတော်မြေခ၊ ထီးလိုမင်းလိုဘုရား အထက်ပစ္စယံ ပြိုကျ၊ ဓမ္မရံကြီး၊ ဓမ္မရာဇက မုခ်ဦးပြိုကျ၊ စူဠာမဏိ၊ သဗ္ဗညု၊ ဂူပြောက်ငယ်၊ ရွှေလိပ်တူးဘုရား အပါအ၀င် ပုဂံဘုရားပေါင်း ၆၅-ခန့် ပျက်စီးကြောင်းနှင့် ရခိုင်စသော အခြားဒေသများ၌လည်း ဘုရား၊ ပုထိုးများ ထိခိုက်ပျက်စီးသည်ဟု online သတင်းများအရ သိရသည်။ တစ်နိုင်ငံလုံးအတိုင်းအတာအရ စေတီပုထိုးပေါင်း ၁၇၀-ခန့် ထိခိုက်ပျက်စီးသွားသည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန တာဝန်ရှိသူမှ ပြောကြားကြောင်း သိရသည်၊ နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦးကြီးပင် အထိုက်အလျောက် ထိခိုက်ပျက်စီးမှုရှိကြောင်း သိရသည်။
--------------------------------------------------------------
ငလျင်၏ သဘောသည် ရှေ့ပြေးလှုပ်ပြီး၊ နောက်နောက်လည်း ဆက်လက်လှုပ်ခါတတ်သော သဘောရှိခြင်းကြောင့် ကြိုကြိုတင်တင် သတိထား ဆင်ဆင်ခြင်ခြင် နေတတ်ဖို့ လိုကြောင်းနှင့် ပျက်စီးသွားသော ဘုရား ပုထိုးများကို တာဝန်ရှိသူအားလုံး ၀ိုင်းဝန်း ကူညီ စောင့်ရှောက်ထိန်းသိမ်းကြဖို့လိုကြောင်း အားလုံးသော ရဟန်းရှင်လူ ပြည်သူများ၏ကိုယ်စား အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး မဘသ(ဗဟို)အဖွဲ့ကြီးက အကြောင်းကြား အသိပေးကြေညာလိုက်သည်။
စာအမှတ်၊ ၀၀၀၂/စီမံ-မဘသ/၂၀၁၆
နေ့စွဲ၊ ၁၃၇၈-ခု၊ ၀ါခေါင်လပြည့်ကျော် ၆-ရက်
(သြဂုတ်လ ၂၄-ရက်၊ ၂-၁၆) ဗုဒ္ဓဟူးနေ့
ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့(ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။
Arkar--
Arkar

ယနေ့ သြဂုတ်လ ၂၄-ရက်၊ ၂၀၁၆-ခု ညနေ ၅နာရီ ၅မိနစ် အချိန်၌ အင်အား ၆.၈ ရစ်ခ်ျတာစကေားရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့မှုကြောင့် ပျက်စီးဆုံးရှုံးမှုများအပေါ် ၀ိုင်းဝန်းကူညီ ထိန်းသိမ်းစောင့်ရှောက်ဖို့လိုကြောင်းနှင့် ငလျှင်၏ သဘောသဘာဝအရ ရှေ့ပြေးလှုပ်ပြီး နောက်နောက်လည်း ဆက်လက်လှုပ်ခါတတ်သောကြောင့် ကြိုကြိုတင်တင် သတိထား ဆင်ဆင်ခြင်ခြင် နေကြရန် မြန်မာနိုင်ငံရှိ ရဟန်းရှင်လူ ပြည်သူများအား အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို)မှ အသိပေးကြေညာချက် ထုတ်ပြန်...




Image may contain: text
.

အသိပေးကြေညာချက်

ဝါခေါင်လပြည့်ကျော် ၆-ရက်၊ ၁၃၇၈-ခု၊ သြဂုတ်လ ၂၄-ရက်၊ ၂၀၁၆-ခု၊ ဗုဒ္ဓဟူးနေ့ ညနေ ၅နာရီ ၅မိနစ်ခန့် အချိန်၌ စစ်ကိုင်း၊ မန္တလေး၊ ပုဂံ၊ ပြည်၊ နေပြည်တော်၊ ရန်ကုန်၊ ရခိုင်စသော မြန်မာနိုင်ငံ နေရာများစွာ၌ ငလျင်လှုပ်သွားခြင်းကြောင့် အပျက်အစီးများရှိခဲ့သည်ဟု သိရသည်။. ချောက်မြို့နှင့် ၁၂-မိုင်အကွာကို ဗဟိုပြုပြီး အင်အား ၆.၈ ရစ်ခ်ျတာစကေးအထိ လှုပ်ခတ်ခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာနက သတင်းဌာနများသို့ ပြောကြားခဲ့ပါသည်။
------------------------------------------------------------------
ကနဦးစစ်ဆေးမှုများအရ ပုဂံ၌ဆိုလျှင် မြစေတီနှင့် လောကနန္ဒာ စိန်ဖူးတော်မြေခ၊ ထီးလိုမင်းလိုဘုရား အထက်ပစ္စယံ ပြိုကျ၊ ဓမ္မရံကြီး၊ ဓမ္မရာဇက မုခ်ဦးပြိုကျ၊ စူဠာမဏိ၊ သဗ္ဗညု၊ ဂူပြောက်ငယ်၊ ရွှေလိပ်တူးဘုရား အပါအ၀င် ပုဂံဘုရားပေါင်း ၆၅-ခန့် ပျက်စီးကြောင်းနှင့် ရခိုင်စသော အခြားဒေသများ၌လည်း ဘုရား၊ ပုထိုးများ ထိခိုက်ပျက်စီးသည်ဟု online သတင်းများအရ သိရသည်။ တစ်နိုင်ငံလုံးအတိုင်းအတာအရ စေတီပုထိုးပေါင်း ၁၇၀-ခန့် ထိခိုက်ပျက်စီးသွားသည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန တာဝန်ရှိသူမှ ပြောကြားကြောင်း သိရသည်၊ နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦးကြီးပင် အထိုက်အလျောက် ထိခိုက်ပျက်စီးမှုရှိကြောင်း သိရသည်။
--------------------------------------------------------------
ငလျင်၏ သဘောသည် ရှေ့ပြေးလှုပ်ပြီး၊ နောက်နောက်လည်း ဆက်လက်လှုပ်ခါတတ်သော သဘောရှိခြင်းကြောင့် ကြိုကြိုတင်တင် သတိထား ဆင်ဆင်ခြင်ခြင် နေတတ်ဖို့ လိုကြောင်းနှင့် ပျက်စီးသွားသော ဘုရား ပုထိုးများကို တာဝန်ရှိသူအားလုံး ၀ိုင်းဝန်း ကူညီ စောင့်ရှောက်ထိန်းသိမ်းကြဖို့လိုကြောင်း အားလုံးသော ရဟန်းရှင်လူ ပြည်သူများ၏ကိုယ်စား အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး မဘသ(ဗဟို)အဖွဲ့ကြီးက အကြောင်းကြား အသိပေးကြေညာလိုက်သည်။
စာအမှတ်၊ ၀၀၀၂/စီမံ-မဘသ/၂၀၁၆
နေ့စွဲ၊ ၁၃၇၈-ခု၊ ၀ါခေါင်လပြည့်ကျော် ၆-ရက်
(သြဂုတ်လ ၂၄-ရက်၊ ၂-၁၆) ဗုဒ္ဓဟူးနေ့
ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့(ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။
Arkar--
Arkar

Thursday, August 4, 2016

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား IS အကြမ်းဖက်အဖွဲ့မှ လုပ်ကြံသတ်ဖြတ်ရန် ကြေညာချက်အပေါ် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို)၏ သဘောထားထုတ်ပြန်ချက်




သဘောထားထုတ်ပြန်ချက်

Is အဖွဲ့က လုပ်ကြံသတ်ဖြတ်မည့် လူစာရင်းထဲမှာ နိုင်ငံအချို့၏ ထိပ်တန်းခေါင်းဆောင်များနှင့်အတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပါဝင်နေကြောင်း တရုတ်နိုင်ငံထုတ်သတင်းစာတွင် ပုံနှင့်တကွ ဖော်ပြထားရှိပါသည်။ မလေးရှားနိုင်ငံရဲစခန်းသို့လည်း ယင်းသို့ခြိမ်းခြောက်စာပေးပို့ကြောင်း စင်္ကာပူနိုင်ငံထုတ် The Straits Times သတင်းစာ၌ ဖော်ပြထားရှိပါသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး၏ ရှင်းလင်းချက်များကို (၄.၈.၂၀၁၆) ကြာသပတေးနေ့ထုတ် စံတော်ချိန်၊ ဒီမိုကရေစီတူဒေး-စသော ပြည်တွင်းသတင်းစာများ၌လည်း ဖော်ပြထားသည်။

မည်သို့ဆိုစေ မြန်မာနိုင်ငံသားအပေါ် ကျရောက်လာမည့် အဆိုပါအန္တရာယ်များကို ကာကွယ်တားဆီးရမည့် အရေးမှာ မြန်မာနိုင်ငံသားတိုင်းတွင် တာဝန်ရှိပါသည်။ ထို့ကြောင့် အဆိုပါ အကြမ်းဖက်မှုမျိုးကို လုံးဝ ကန့်ကွက်ရှုတ်ချကြောင်းနှင့် မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာဝင်များကလည်း ၀ိုင်းဝန်းကန့်ကွက် ရှုတ်ချပေးဖို့လိုကြောင်း မြန်မာနိုင်ငံ ရဟန်းရှင်လူ ပြည်သူအားလုံး၏ကိုယ်စား မိမိတို့ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ကြီး မ.ဘ.သ(ဗဟို)မှ သဘောထားထုတ်ပြန်ကြေညာလိုက်သည်။

စာအမှတ် ၀၀၁၂၊ စီမံ-မဘသ၊ ၂၀၁၆
နေ့စွဲ ၁၃၇၈-ခု၊ ၀ါခေါင်လဆန်း ၁-ရက်
သြဂုတ်လ ၄-ရက်၊ ၂၀၁၆၊ ကြာသပတေးနေ့

ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့(ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်

(Arkar)

Arkar

၂၀၁၆-ခုနှစ်ရေဘေးအတွက် မဘသ(ဗဟို)၏ သဘောထားထုတ်ပြန်ကြေညာချက်


ယခုလက်ရှိ၂၀၁၆-ခုနှစ် အတွင်း ကျွန်တော်တို့ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ ရေဘေးဒုက္ခများနှင့်ပတ်သက်ပြီးတော့ မဘသ(ဗဟို)မှ ယမန်နှစ်ကအတိုင်း ရေဘေးသင့်ပြည်သူများထံ ကိုယ်တိုင်ကိုယ်ကျဖြစ်စေ သက်ဆိုင်ရာမြို့နယ် မဘသများမှဖြစ်စေ ကူညီကယ်ဆယ်ရေး လုပ်ငန်းများအား တာဝန်သိသူ စေတနာရှင်များနှင့် ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ပါတယ်။

ပြီးခဲ့သည့် ၂၀၁၅-ခုနှစ်၌လည်း ရေဘေးသင့်ပြည်သူများအား အလှူငွေမျာ၊ ဆန်/ဆီ အစားအသာက်ပစ္စည်းများ ၊ အ၀တ်အထည်နှင့် ကျောင်းသုံးပစ္စည်းများ အပါအ၀င် ငွေကျပ်သိန်း၂၀၀၀၀(သိန်းနှစ်ထောင်ကျော်)အား ရေဘေးသင့်ရာ နေရာဒေသအထိတိုင် ကိုယ်တိုင်ကိုယ်ကျ သွားရောက် ကူညီကယ်ဆယ်ပေး နိုင်ခဲု့ပါတယ်။

ယခု ၂၀၁၆-ခုနှစ်မှာလည်း အလားတူပဲ ရေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ဖို့အတွက် မဘသအဖွဲ့ဝင်များမှ ဆက်လက်လုပ်ဆောင်နေပါတယ်။ ဆက်လက်ပြီးတော့လည်း တာဝန်သိစေတနာရှင်အလှူရှင်များနှင့် ပါဝင်လှူဒါန်းသူများကိုလည်း မဘသ(ဗဟို)မှဦးဆောင်ပြီး ဖိတ်ခေါ်ပါတယ်။

နောက်ပီး ဒီနှစ်မှာလည်း ရေဘေးသင့်ပြည်သူများနဲ့ ရေဘေးဒုက္ခများအတွက် မဘသ(ဗဟို)မှ နှိုးဆော်တိုက်တွန်းတဲ့အနေနဲ့ သဘောထားကြေညာချက် ထပ်မံ ထုတ်ပြန်ထားပါတယ်။ ထုတ်ပြန်ချက်အပြည့်အစုံကို အောက်မှာ ရေးသားဖော်ပြထားပါသည်။



သဘောထားထုတ်ပြန်ချက်

ယခုလောလောဆယ် မြန်မာပြည်အထက်ပိုင်းဒေသများနှင့် အလယ်ပိုင်းဒေသများ၌ ရေဘေးဒုက္ခများနှင့် တွေ့ကြုံနေကြရသည်၊ ထိုကဲ့သို့ ရေဘေးဒုက္ခရောက်နေသူများကို သက်ဆိုင်ရာ ဒေသအသီးသီးရှိ မဘသအဖွဲ့ဝင် ရဟန်းရှင်လူများသည် ကိုယ်ပိုင် တနိုင်တပိုင်ဖြစ်စေ၊ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ဖြစ်စေ စွမ်းနိုင်သလောက် ကူညီထောက်ပံ့ကြပါဟု နှိုးဆော်တိုက်တွန်းပါသည်။ ဒုက္ခရောက်နေသူများကို လက်ရှိကူညီ ကယ်တင်ပေးနေသူများကိုလည်း အထူးကျေးဇူးတင် ဂုဏ်ယူဝမ်းမြောက်ပါသည်။
မကြာမီ မြန်မာပြည်အောက်ပိုင်းဒေသများ၌လည်း အထက်ပိုင်းဒေသမှ ရေများစီးဆင်းလာခြင်း၊ မုန်တိုင်းများ ဖြစ်ပေါ်နေခြင်း၊ ရေတက်ရက်ဖြစ်ခြင်းတို့ကြောင့် ရေကြီးရေလျှံ-စသော အန္တရာယ်များ ကြုံလာနိုင်ပါသည်။ လုပ်သင့်လုပ်ထိုက်သည့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားခြင်းသည် ကြုံတွေရမည့် အခြေအနေအရပ်ရပ်ကို အောင်အောင်မြင်မြင် ကျော်လွှားနိုင်ကြောင်း ပုဗ္ဗေစ ကတပုညတာ မင်္ဂလာပင် ဖြစ်သည်။

ယမန်နှစ် ၂၀၁၅-ခုနှစ် ရေဘေးဒုက္ခတုန်းကလည်း မဘသအဖွဲ့ဝင်များ၊ တာဝန်သိသူ စေတနာရှင်များတို့၏ ၀ိုင်းဝန်းကူညီမှုကြောင့် ဒုက္ခသည်များ၏ လိုအပ်ချက်များကို ထိုက်သင့်သလျောက် ဖြည့်ဆည်းပေးနိုင်ခဲ့ပါ သည်။

ထို့အတူ ယခုနှစ်မှာလည်း-

(က) သက်ဆိုင်ရာဒေသအသီးသီးရှိ မဘသအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် အန္တရာယ်မကြုံမီ ကြိုတင်ပြင်ဆင်ခြင်း၊ အန္တရာယ်ကြုံနေသူများကိုလည်း ၀ိုင်းဝန်းကူညီထောက်ပံ့ခြင်းတို့ကို ပြုလုပ်ထားသင့်ပါကြောင်း၊

(ခ) စေတနာရှင်များကလည်း ဒုက္ခရောက်နေသူများထံ ကိုယ်တိုင်သွား၍ဖြစ်စေ၊ မဘသ(ဗဟို)နှင်တကွ သက်ဆိုင်ရာဒေအသီးသီးရှိ မဘသများနှင့် ဆက်သွယ်၍ဖြစ်စေ တာဝန်ယူဆောင်ရွက်နေကြသောသူများ နှင့် ဆက်သွယ်၍ဖြစ်စေ လှူဒါန်းနိုင်ပါကြောင်း

အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး မဘသအဖွဲ့(ဗဟို)မှ သဘောထားထုတ်ပြန်ကြေညာလိုက်သည်။

စာအမှတ်၊ ၀၀၁၁/စီမံ-မဘသ/၂၀၁၆
နေ့စွဲ ၁၃၇၈-ခု၊ ၀ါဆိုလပြည့်ကျော် ၁၄-ရက်၊
သြဂုတ်လ ၂-ရက်၊ ၂၀၁၆)၊ အင်္ဂါနေ့
ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့(ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။

Arkar