Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Wednesday, December 31, 2014

အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (မဘသ)အဖွဲ့ ဗဟို၏ နှစ်သစ်မင်္ဂလာ သ၀ဏ်လွှာ ( ၁.၁.၂၀၁၅)


ခရစ်နှစ် ၂၀၁၅-ခု၊ ဇန်န၀ါရီလ ၁-ရက်၊ ကြာသပတေးနေ့ဝယ် ကျရောက်မည့်

နှစ်သစ်မင်္ဂလာ အခါသမယ၌ မြန်မာနိုင်ငံသူ, နိုင်ငံသား၊

ရဟန်းရှင်လူ, ပြည်သူအားလုံးအတွက်

ပေးပို့အပ်သော

အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (မဘသ)အဖွဲ့ ဗဟို၏

နှစ်သစ်မင်္ဂလာ သ၀ဏ်လွှာ

၁။ ယနေ့ဟာ ၂၀၁၄-ခုကုန်ဆုံးပြီး ၂၀၁၅-နှစ်သစ်သို့ ပြောင်းကူးသော အခါသမယဖြစ်ပါသည်။ အချိန်အခါသည် စက္ကန့်မှမိနစ်သို့, နာရီမှနေ့ရက်, လ,နှစ်သို့ တရစပ် ပြောင်းလဲနေမည်သာဖြစ်သည်။ တားထား, ဆွဲထားလို့လည်းမရ။ သူ့သဘာဝဓမ္မတာအတိုင်း ပြောင်းလဲသွားပါလိမ့်မည်။
၂။ ပြောင်းလဲသောအခါ အကောင်းဘက်သို့ပြောင်းမှ အမြတ်ထွက်မည်။ အဆိုးဘက်သို့ပြောင်းလျှင်ကား အရှုံးပေါ်မည် သာဖြစ်သည်။
၃။ ကောင်းကျိုး, ဆိုးကျိုး ရလဒ်မှန်သမျှသည် လူသားများအပေါ် မူတည်နေသည်။ လူတော်လူကောင်း အရည် အချင်းနှင့် ပြည့်စုံသောလူသားသည်သာ ခေတ်အခါအားလျော်စွာ ကောင်းကျိုးရအောင်ယူနိုင်သည်။ အဆိုပါ အရည်အချင်း မပြည့်စုံသူ လူဖျင်း, လူညံ့သည် ကောင်းကျိုးရအောင်မယူနိုင်ယုံမက ဆိုးကျိုးများကိုသာ ရင်ဝယ်ပိုက်ပြီးသား ဖြစ်သွားမည်။ (၀ိဇ္ဇာစရဏ သမ္ပန္နဂုဏ်တော်လာ ၀ိဇ္ဇာက လူတော်အရည်အချင်း၊ စရဏက လူကောင်း အရည်အချင်းကိုပြသည်)
၎။ ယနေ့မြန်မာ့မြင်ကွင်းကိုကြည့်လျှင် မဏ္ဍိုင်အားလုံး တိုင်းပြည်နှင့်လူမျိုးအတွက် ပေးဆပ်မှုကို ရှေ့တန်းမတင်ပဲ မိမိအတွက်ရယူမှု အတ္တကျိုးကိုသာ ရှေ့တန်းတင်ကြံစည်, ပြောဆို, ရေးသား, ပြုမူ လုပ်ကိုင်နေကြခြင်းကြောင့် မြန်မာနိုင်ငံ အတွက် ကောင်းကျိုးအမြတ်မထွက်နိုင်ပဲ ဆိုးကျိုးအရှုံးဘက်သို့သာ ဦးတည်ရွေ့လျားနေကြပါသည်။
၅။ မြန်မာနိုင်ငံအတွက် တာဝန်ရှိသူအားလုံးသည် အမြင်အယူအဆ, ရောက်ရှိရယူထားသော တာဝန်အမျိုးမျိုး ကွဲပြား သော်လည်း တိုင်းပြည်နှင့်လူမျိုးအတွက် ကောင်းကျိုးကိုမျှော်ကိုးသည့် ဦးတည်ချက်ခြင်း တူကြမည်သာဖြစ်ပါသည်။ မတူ သည်ကိုခဏထား တူသည်ကိုလက်တွဲလုပ်ကြမှသာ တိုင်းပြည်နှင့်လူမျိုးအတွက် ကောင်းကျိုးရနိုင်မည် ဖြစ်ပါသည်။ တာဝန် ဆိုသည်မှာ ကိုယ်ကျိုးရယူဖို့မဟုတ်။ ပေးဆပ်ဖို့ဖြစ်ကြောင်း သတိပြုရမည်။ သူ့အကျိုးဆောင်လျှင် ကိုယ့်အကျိုး အောင်မည် သာ ဖြစ်သည်။
၆။ သမဂ္ဂါနံ တပေါ သုခေါ - မြတ်ဗုဒ္ဓဒေသနာအရ နိုင်ငံသူနိုင်ငံသား, ကမ္ဘာသူ ကမ္ဘာသားအားလုံး ပညာရေး, စီပွါးရေး စသည် အဖက်ဖက်က ပြည့်ဝကုံလုံသည့် သုခဘုံကြီး တည်ဆောက်နိုင်အောင် အချင်းချင် ညီညီညွတ်ညွတ် ဆောင်ရွက် ကြပါဟု နှစ်သစ်မင်္ဂလာစကား ပြောကြားတိုက်တွန်းအပ်ပါသည်။

စာအမှတ် ။ ၀၁၀၀/စီမံ-မဘသ/၂၀၁၄
ရက်စွဲ ။ ၁၃၇၆-ခု၊ ပြာသိုလဆန်း(၁၂)ရက်၊
ဇန္န၀ါရီလ (၁)ရက်၊ ကြာသပတေးနေ့

ဘဒ္ဒန္တ တိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့ (ဗဟို) အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။

No comments:

Post a Comment