Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Saturday, December 6, 2014

နိုင်ငံ့သစ္စာဖောက်သူများ (၃) - အရှင်တိလောကာဘိဝံသ(အင်းစိန်)

နိုင်ငံ့သစ္စာဖောက်သူများ (၃)

မြန်မာနိုင်ငံသားတိုင်းသည် မြန်မာနိုင်ငံ၏ အမျိုး ဘာသာ သာသနာကို ကာကွယ်ရမည်၊ စောင့်ရှောက်ရမည်၊ မြန်မာနိုင်ငံ၏ အမျိုး ဘာသာ သာသနာကို မကာကွယ် မစောင့်ရှောက်ဘဲ ဖျက်လိုဖျက်ဆီးလုပ်လျှင်သော်လည်း ကောင်း၊ တိုင်းတပါး၏ သြဇာခံ အထောက်အပံ့ခံ ဖြစ်လျှင်သော်လည်းကောင်း မြန်မာနိုင်ငံသစ္စာဖောက် ဧကန် ဖြစ်မည်။
မြန်မာနိုင်ငံရေးခေါင်းဆောင်အမည်ခံ နိုင်ငံရေးသမားများသည်လည်း မြန်မာနိုင်ငံ၏ အမျိုး ဘာသာ သာသနာ ကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိသည်။ မကာကွယ် မစောင့်ရှောက်ဘဲ တိုင်းတပါး၏ သြဇာခံ အထောက် အပံ့ခံ နိုင်ငံ့သစ္စာဖောက်များကို-
အားပေးလျှင် ကူညီလျှင် သူတို့ဖက်က ရပ်တည်ပေးလျှင် မြန်မာ့ အမျိုး ဘာသာ သာသနာကို ဖျက်ဆီးရာ ရောက်သည့်အပြင် မြန်မာနိုင်ငံ့သစ္စာဖောက်လည်း ဧကန် ဖြစ်မည်သာ။


တာဝန်ရှိမှုနှင့် တာဝန်သိသူ


ဗုဒ္ဓဘာသာဝင်များ- ဘာသာခြားများ၏ သိမ်းသွင်းခံရခြင်း၊ အခြားဘာသာသို့ ကူးပြောင်းသွားခြင်းတို့မှာ ဘာသာ ရေးခေါင်းဆောင် ဆရာတော် သံဃာတော်များ၏ ကြောင့်ကြမဲ့နေမှုကြောင့် အဓိကဖြစ်ကြရသည်၊ ဘာသာ ရေးခေါင်းဆောင် ဆရာတော် သံဃာတော်များသည် မိမိဘာသာဝင်များကို အမျိုး ဘာသာ သာသနာ ထိန်း သိမ်းစောင့်ရှောက် ကာကွယ်နိုင်အောင် အသိပညာ ဖြန့်ဖြူးရမည်၊ လမ်းညွှန်ပေးရမည်၊ ဘ၀ရပ်တည်နိုင်ဖို့ ဦးဆောင်နိုင်ဖို့ အသိပညာ အတက်ပညာများ သင်ပေးဖို့ လမ်းညွှန်ပေးဖို့ တာဝန်ရှိသည်။ မိမိနှင့် မဆိုင်သလို ကြောင့်ကြမဲ့နေလျှင် အင်ဒိုနီးရှား၊ မလေးရှား စသည်တို့ကဲ့သို့ အမျိုး ဘာသာ သာသနာ မကြာမီ ပျောက်ကွယ် သွားမည်မှာ မလွဲပေ။
ထို့ကြောင့်-
ယခုအချိန်မှာ ဘာသာရေးခေါင်းဆောင် ဆရာတော် သံဃာတော်များသည် မိမိနှင့်မဆိုင်သလို ကြောင့်ကြမဲ့ မနေသင့်တော့ပါ။
စိတ်လိုက်မာန်ပါ အကြမ်းဖက် ဖြေရှင်းနည်းများမှာလည်း မှန်ကန်သော ထိရောက်သော ဖြေရှင်းနည်းမဟုတ်ပါ၊ လုပ်လည်း မလုပ်သင့်ပါ။
မှန်ကန်ထိရောက်သော နည်းတို့ကို ၀ိုင်းဝန်းရှာကြံပြီး အမျိုး ဘာသာ သာသနာကို မပျက်သုဉ်းရေးအတွက် လုပ်ဆောင်ကြဖို့ အချိန်တန်နေပါပြီ။

အင်းစိန်ရွာမဆရာတော် အရှင်တိလောကာဘိဝံသ၏ နိုင်ငံ့သစ္စာစောင့်သိသူ (၁+၂) ဆောင်းပါးမှ ထုတ်နုတ်တင်ပြပါသည်။


No comments:

Post a Comment