Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)
Wednesday, July 30, 2014
သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းခိုနား (ဘဒ္ဒန္တတိလောကာဘိဝံသ)
သစ်တစ်ပင်ကောင်း ငှက်တစ်သောင်း ခိုနား
ကောင်းမွန်သည့် သစ်ပင်ကြီးသည် ငှက်အပေါင်း တစ်သောင်းမက မှီခိုရာ အားထားရာ နားနေရာ ဖြစ်ရ သည်၊ လူတိုင်းက များသောအားဖြင့် အကျိုးကိုသာ မြင်ကြသည်၊ မူရင်းဇစ်မြစ် အကြောင်းကို မြင်အောင်မ ကြည့်မိကြ၊ သတိမမူမိကြ၊ အရင်းစစ်တော့ အမြစ်မြေကဆိုသလို သစ်ပင်ကောင်းခြင်း၏ အရင်းခံသည် အမြစ်၊ အမြစ်၏ အခြေခံသည် မြေကြီးဖြစ်သည်ကို သိရသည်။
အကြောင်းကောင်းလျှင် ကောင်းကျိုးထင်
အဆိုပါ ထိုမာ -ရွာ၏ ထူးခြားသည့် ရလဒ်ကောင်းများမှာ-
  • ၁။ အိမ်ခြေပေါင်း ၁၂၀၀ကျော် စည်ကားသိုက်မြိုက်နေခြင်း၊
  • ၂။ စည်စည်ကားကား သိုက်သိုက်ဝန်းဝန်း ညီညီညွတ်ညွတ် ရှိကြခြင်း၊
  • ၃။ လူဦးရေများပြားသည့် ရွာကြီးဖြစ်သော်လည်း ညီညွတ်စွာ ကိုးကွယ်ရာ ဗုဒ္ဓဘာသာ   ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းတည်းသာရှိခြင်း။
  • ၄။ ခရစ်ယာန်စသော ဘာသာခြားထူပြောသည့် ဒေသဖြစ်သော်လည်း လူဦးရေ သောင်းချီရှိသည့် တစ်ရွာလုံး ဘာသာခြားမဖက် ဗုဒ္ဓဘာသာ သက်သက်ချည်းသာ ရှိနေခြင်း၊
  • ၅။ အဆိုပါ ထိုမာ -ရွာ၏  ရွာတည်ခဲ့သည့် သက်တမ်းသည်ပင် နှစ်တစ်ရာ ပြည့်ခဲ့ပြီးဖြစ်ခြင်း၊
  • ၆။ ရွာ၏သက်တမ်း နှစ်တစ်ရာကျော် ကာလရှည်မြင့်စွာ ကြာညောင်းခဲ့သော်လည်း အမြဲတမ်းရှင် သန် တိုးတက်နေခြင်း၊ စသည် စသည်တို့ ဖြစ်ပါသည်။
အဆိုပါ ထိုမာ -ရွာ၏ အကျိုးကောင်းများ ဖြစ်ပေါ်ခံစားနေရခြင်းမှာ-
          ဂေါနံ (ဂ၀ံ)စေ တရမာနာနံ၊ ဥဇုံ ဂစ္ဆတိ ပုင်္ဂဝေါ၊
          သဗ္ဗာ ဂါဝီ ဥဇုံ ယန္တိ၊ နေတ္တေ၊ ဥဇုံ ဂတေ သတိ။  ( ကစ္စည်း၊ ဇာတက၊ ၁၊ ၁၁၀၊ ဇာတက၊ ၂၊ ၄၅၊ ၄၆၊ ၅၁) 
          ရှေ့ဆောင်နွားလား၊ ဖြောင့်ဖြောင့်သွားက၊
          နောက်နွားတစ်သိုက် ဖြောင့်ဖြောင့်လိုက်၏ ။
          ဆိုသည့်အတိုင်း ခေါင်းဆောင်ကောင်းများကြောင့် ဖြစ်ပါသည်။ ထိုခေါင်းဆောင်များထဲတွင် ထိုမာ -ရွာကျောင်း ဆရာတော်ဘုရားကြီး ဘဒ္ဒန္တပညာဝံသ အပါအ၀င် ဆရာတော်ဘုရားကြီးများသည် အဓိက ဇာတ်လိုက်များပင် ဖြစ်ပါလိမ့်မည်၊ ထိုဆရာတော်ကြီးများ၏-
          ထကြွ, နိုးကြား၊ သနား, သည်းခံ၊ ဝေဖန်, ထောက်ရှု၊
          ဤခြောက်ခု၊ ကြီးသူ့ အင်္ဂါ၊ နာယကာ၊
          ဟူသော ဦးဆောင်ကောင်း နာယကဂုဏ်များကြောင့် ဖြစ်ရမည်မှာ မလွဲပေ၊ ထို့ပြင် ဆရာတော် ဘုရားကြီးများသည် အမြင်ကျယ်၍ အရှည်မြှော်မြင်နိုင်စွမ်းရှိရုံမက-
          အတက်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊
          သင့်ရာအပ်ဖို့၊ ဆရာတို့၊ ကျင့်ဖို့ဝတ်ငါးဖြာ၊
          ဟူသော ဆရာသမား ၀တ္တရားများ-
          မကောင်းမြစ်တာ၊ ကောင်းရာညွှန်လစ်၊ အသစ်ဟောကျူး၊ နာဖူးထပ်မံ၊
          နတ်ထံတင်ရာ၊ မေတ္တာလည်းပြု၊ ရဟန်းမူ၊ ခြောက်ခုလွန်သေချာ၊
          ဟူသော ရဟန်းကျင့်ဝတ်များ၊
          ပိယော ဂရု၊ ဘာဝနီယော၊ ၀တ္တာ စ ၀စနက္ခမော။
          ကမ္ဘီရဉ္စ ကထံ ကတ္တာ၊ နော စဋ္ဌာနေ နိယောစကော။ (အံ၊ ၂၊ ၄၂၂) 
          လာသည့်အတိုင်း-  တပည့်, ဒါယကာများ၏ ချစ်ခင်ဖွယ်ဂုဏ်၊ လေးစားဖွယ်ဂုဏ်၊ မြတ်နိုးဖွယ်ဂုဏ်၊ တပည့်, ဒါယကာများအား လိုအပ်သလို ပြောဆိုဆုံးမတင်သောဂုဏ်၊ တပည့်, ဒါယကာများ၏ အားကိုးတ ကြီး မေးမြန်းလျှောက်ထားချက် အကြံပြုချက်များကိုလည်း အလေးထားကာ လက်ခံဖြေကြားပေးတက်ေ သာဂုဏ်၊ နက်နဲခက်ခဲသော တရားစကားများ ပြဿနာများကို ဖြေကြားပေးတက်သောဂုဏ်၊ နက်နဲခက်ခဲေ သာ တရားစကားများ ပြဿနာများကို ဖြေကြားပေးတက်သောဂုဏ်၊ တပည့်, ဒါယကာများအား မသင့်ေ လျာ်သည်၌ တိုက်တွန်းစေခိုင်းမှု လုံးဝမပြုသောဂုဏ်- ဟူသော မိတ်ဆွေကောင်း ဂုဏ်အင်္ဂါများ ကျေပွန်ခြ င်းကြောင့် ဖြစ်ပါသည်။
ရာပြည့်ပွဲ၏ဦးတည်ချက်
          ယခု ထိုမာ- ရွာ၏ ရာပြည့်ပွဲ ကျင်းပခြင်းသည် အတိတ်သမိုင်းကြောင်းကိုသိဖို့၊ အတိတ်သမိုင်ြးေ ကာင်းမှ သင်ခန်းစာရယူစရာတွေကို ရယူပြီး အနာဂတ်ခရီးအတွက် ယခုအချိန်ကစ၍ ပြင်ဆင်ကြဖို့ စီမံကိ န်းတွေချဖို့ လိုအပ်နေပေပြီ၊ သင်ခန်းစာ ရယူရာ၌-
  •   (က) အားနည်းချက် ချွတ်ယွင်းချက်များကို ပြင်ဆင်ဖို့၊
  •   (ခ)   ပိုသည်ကိုဖျက်, လိုသည်ကို စွက်ဖို့        
  •   (ဂ)   ရှောင်သင့်သည့် သမိုင်းဆိုးများကို ရှောက်၍ ဆောင်သင့်သည့် သမိုင်းကောင်း၊          အစဉ်လာကောင်းများကို ဆောင်ဖို့၊ ဆက်လက်ထိန်းသိန်းဖို့၊
          စသည် စသည်ဖြင့် သင်ခန်းစာရယူရမည်မှာ ယနေ့ အနာဂတ် အမျိုးဆက်သစ်များ၏ တာဝန်ပင် ဖြ စ်သည်။ ယနေ့တိုင် ရလဒ်ကောင်းများ ဖြစ်ပေါ်အောင် ဦးဆောင်ခဲ့သည့် ကျေးဇူးရှင်များကိုလည်း-
          ကိုယ့်ပေါ်ပြုဖူး သူ့ကျေးဇူး၊ အထူးသိတက်စေ= ဆိုသည့်အတိုင်း
          ကတညုတ ကတဝေဒီ မင်္ဂလာ  ပြုသောအနေဖြင့်
ယနေ့ရာပြည့်ပွဲမှာပင် အဆိုပါ ကျေးဇူးရှင်များ၏ ကျေးဇူးဂုဏ်ကို
          ငါးမိနစ်ခန့် ငြိမ်သက်စွာ နှလုံးသွင်း ဆင်ခြ င်၍ မနောကံဖြင့် ပူဖော်ခြင်း၊
          ကျေးဇူးဂုဏ်များကို နှုတ်ဖြင့် ပြောဆိုထုတ်ဖော်၍ ၀စီကံဖြင့် ပူဇော်ခြင်း၊
ဦးညွတ်ရိုကျိုး ရှိခိုး၍လည်းကောင်း၊ စာဖြင့်ရေးသား တင်ပြ၍လည်းကောင်း၊ ပြတိုက်ပြုလုပ်ခြင်း၊ ရုပ်တုပြု လုပ်ခြင်းစသော ကာယကံဖြင့် ပူဇော်ခြင်းတို့ကို စွမ်းနိုင်သလောက် ပြုလုပ်၍ ကျေးဇူးဆပ်ကြရမည်။
အနာဂတ်ကောင်းဖြစ်အောင်လည်း မျိုးဆက်သစ်များသည် အမြင်ကျယ်ရမည်၊ ပညာ ဗဟုဿုတ လိုလားရ မည်၊ မွေ့လျော်ရမည်၊ ရှာဖွေရမည်၊ ဆည်းပူးရမည်၊ သင်ဆရာ/မြင်ဆရာအားလုံးတို့ထံမှ သင်ယူရမည်၊ စာ ဖတ်ရမည်၊ မှတ်သားရမည်၊ လောကီ, လောကုတ္တရာ မည်သည့်ဗဟုဿုတမဆို သိရှိနားလည်ထားရမည်.
          ခေတ်ဆန်ဖို့တော့ မလိုပါ၊ ခေတ်မီဖို့တော့ လိုအပ်ပါသည်၊
          ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာ၊ ကိုယ့်အခြေအနေနှင့် မကိုက်ညီသည့်၊ မသင့်လျော်သ ည့် ခေတ်ဆန်မှုများကို ရှောင်ရှားရမည်၊ ကိုယ့်အခြေအနေနှင့် မကိုက်ညီသော၊ ၀န်နှင့်အား မမျှတသော အ သုံးအဖြုန်း ခေတ်ဆန်မှုများကြောင့် ပျက်စီးရသည့်ဘ၀ရောက်နေသူများ အတော်များနေသည်မှာ မလိုအ ပ်သော ခေတ်ဆန်မှုများကြောင့် ဖြစ်ရပါသည်၊ ယနေ့လူငယ်များသည် ယူသင့်သည့်ခေတ်မီအောင်တော့မ ယူ၊ မယူသင့်သည့် ခေတ်ဆန်မှုများကိုတော့ ယူနေကြ, လိုက်စားနေကြသည်။
          ခေတ်မှီဖို့ကား မလွှဲမသွေ လိုအပ်ပါသည်၊ ခေတ်နှင့် လိုက်ရောညီထွေရှိမှ ခေတ်နှင့်အမီ လိုက်နိုင်မ ည်၊ ခေတ်နှင့်ဝင်ဆန့်မည်၊ ခေတ်ကိုမှီအောင် မလိုက်နိုင်လျင် ခေတ်က မိမိကို အရာမသွင်းဘဲ ထားခဲ့မည်  မှာ မလွဲပင်၊ လက်ရှိ ယနေ့ခေတ်တွင် ခေတ်နှင့် လိုက်လျောညီထွေမရှိသော မိမိသည် ဘာမှ လူရာဝင်မည် မဟုတ်၊ ရထားနှင့်သွားသင့်လျင် ရထားနှင့်သွားရမည်၊ လက်ရှိခေတ်ကိုမလိုက်ဘဲ ရှေးရိုးစွဲမိမိက လှည်း (သို့မဟုတ်) လှေဖြင့်သာသွားနေလျှင် သူများပြန်လာသည့်တိုင်အောင် လိုရာခရီး ရောက်မည်မဟုတ်။
          အဟောင်းပျက်လျှင်၊ အသစ်ပြင်လော့၊ အမြင်ကျယ်၍၊ ပညာမွေ့လော့၊ ယနေ့ လူငယ်၊
          နောင်ဝယ် လူကြီး၊ သင်လည်း တစ်ဦး၊ သားထူး သားမြတ်၊ ဖြစ်အပ်ရာသည်၊ ရှေ့သို့ ရည်၍၊ 
          (ဆရာဇော်ဂျီ)
          အို ... အို ... ထိုမာရွာသား တက်လူများတို့-
          ရှေးရှေးသော ထိုမာရွာသားများကတော့ ထိုမာရွာအတွက် တာဝန်ကျေသွားကြပေပြီ၊
          ထိုမာရွာ၏ အနာဂတ်ကောင်းဖြစ်အောင်ကား သင်တို့အပေါ် ရောက်လာပေပြီ၊
          ထိုမာရွာ၏ အနာဂတ်ကောင်း/မကောင်းကား သင်တို့အပေါ် မူတည်နေပေပြီ၊
          ထိုမာရွာအတွက် ပို၍ဂုဏ်မတက်သည့်တိုင်အောင် ဂုဏ်မပျက်ဖို့ သင်တို့ မလွဲမသွေ တာဝန်ယူပေ မည်။
          ဆရာထက် တပည့် လက်စောင်းထက်၊ အဖေထက် သားတစ်လကြီး-
ဆိုသလို ဆထက်ထမ်းပိုး တိုး၍ဂုဏ်တက်အောင်, ပတ်ဝန်းကျင်ဒေသများပါ ပြန့်ပွားအောင်, အင်အားေ ကာင်းအောင် စွမ်းဆောင်နိုင်လျှင်ကား အာဂရွာသားများဖြစ်ပေမည်၊ 
          သင်လည်း တစ်ဦး သားထူး သားမြတ်၊ ဖြစ်လာမည်မှာမလွဲပေ။
          ထိုမာရွာ၏ စီးပွားရေး၊ ကြီးပွားရေး၊ ပညာရေး၊ ဘာသာရေး၊ လူမူရေး၊ စသည် စသည် အဘက်ဘ က်က တိုးတက်မြင့်မားအောင် ညီညီညွတ်ညွတ် ၀ိုင်းဝန်းလုပ်ဆောင်ခြင်းဖြင့် ထိုမာရွာ ရာပြည့်ပွဲ ကျင်းပခြ င်း၏ အနှစ်သာရကို ရယူပါဟု တိုက်တွန်းရင်းသစ်တစ်ပင်ကောင်း ငှက်တစ်သောင်းခိုနား ဆောင်းပါးကို အဆုံးသတ်အပ်ပါတည်း
ဝါဆိုလပြည့်ကျော် ၁၄ရက်၊ ၁၃၇၆-ခု၊
(ဇူလိုင် ၂၅၊ ၂၀၁၄၊ သောကြာနေ့)
ဘဒ္ဒန္တတိလောကာဘိဝံသ
အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ဥက္ကဋ္ဌ၊
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။
Wednesday, July 9, 2014
ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အရေပေါ်ဥပဒေမူကြမ်းအပေါ် (၁) လူ့အခွင့်အရေး (၂) ၁၉၄၅-ခုနှစ် ဗုဒ္ဓဘာသာဝင် မြန်မာမိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေတို့ကို အကိုးအကားပြုသည့် ကန့်ကွက်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက် အပိုင်း (၃)
``၁၉၅၄-ခုနှစ်၊ ဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားမှုနှင့်
အမွေဆက်ခံမှု အက်ဥပဒေ´´
အဆိုးဆုံးနှင့် ပြဿနာအဖြစ်ဆုံးအချက်
          ပုဒ်မ ၅ လူပျိုဘော်ဝင်ပြီးဖြစ်သည့် ဗုဒ္ဓဘာသာဝင်မဟုတ်သော ယောက်ျားတစ်ဦးနှင့် အသက် (၁၄)နှစ်အောက်မငယ်သည့် ဗုဒ္ဓဘာသာဝင် မြန်မာမိန်းမများတစ်ဦးတို့သည် ဤအက်ဥပဒေအရ ထိမ်းမြားနိုင်သည်။
          အထက်ပါပြဋ္ဌာန်းချက်ကို ဖတ်ရှုလေ့လာရုံမျှဖြင့် မိခင်နို့ရည်နံ့မစင်သေးသော နုနုထွတ်ထွတ် ကလေးသာသာအရွယ်မျှသာရှိသေးသော မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးငယ်ကို လူပျိုဘော်ဝင်ပြီးဖြစ် သည့် အသက်အပိုင်းအခြားမရှိ၊ သက်ကြီးရွယ်အို၊ မည်သည့်ဘာသာခြားကမဆို လက်ထပ်ယူနိုင် သည် ဆိုသောအချက်မှာ မည်မျှရင်လေးဖွယ်ရာ ဖြစ်သည်ကို အလွယ်တကူသိရှိနိုင်ပါသည်။
          ထိုသို့ အသက် (၁၄)နှစ်အောက်အရွယ်ကို လက်ထပ်ခွင့်ပြုပါက ရာဇသတ်ကြီးဥပဒေပုဒ်မ `၃၇၅´ အရ မုဒိမ်းမှုမှ ကင်းလွတ်စေရန် (တစ်နည်းအားဖြင့်) ထိုပုဒ်မ ၃၇၅ ၏ ပထမချွင်းချက်အရ ``မိန်းမကခွင့်ပြုသည်ဖြစ်စေ၊ ခွင့်မပြုသည်ဖြစ်စေ၊ ထိုမိန်းမသည် အသက် ၁၄ နှစ်အောက်အရွယ် ရှိသူဖြစ်ခြင်းသည် မုဒိမ်းမှုမြောက်သည်´´ဟူသော ပြဋ္ဌာန်းချက်နှင့်လွတ်ကင်းစေရန် အသက် ၁၄ နှစ် ကို သတ်မှတ်ခြင်းဖြစ်ပါသည်။
          ``သို့သော် ထိုသူငယ်မသည် အသက် (၂၀) မပြည့်သေးသည့်မိန်းမဖြစ်လျှင် မိဘ၏သဘော တူညီချက်ကိုသော်လည်းကောင်း၊ မိဘတို့သေဆုံးပါမူ အမှန်အုပ်ထိန်းသူ (သို့) တရားဥပဒေအရ အုပ်ထိန်းသူရှိလျှင် ထိုအုပ်ထိန်းသူ၏ သဘောတူညီချက်ကိုသော်လည်းကောင်း ရရှိပြီးဖြစ်ရမည်´´ ဟူ၍ ပါရှိပါသည်။
          ထိုသို့ ဘာသာခြားလင်ယောက်ျား၏ တရားဝင်လင်မယားအဖြစ်သို့ ရောက်ရှိသွားသည်နှင့် တပြိုင်နက် ထိုဘာသာခြားလင်ယောက်ျားမှ ၄င်းကိုးကွယ်သည့်ဘာသာသို့ နည်းမျိုးစုံဖြင့် ကူးပြောင်းသိမ်းသွင်းခြင်းကို မိန်းမဖြစ်သူသည် မရှုမလှ ခံစားရပါသည်။
          ထိုသို့ ဘာသာခြားလင်ယောက်ျားက ၄င်းကိုးကွယ်သည့်ဘာသာသို့ ကူးပြောင်းသိမ်းသွင်းရန် အဓိကအကြောင်းမှာ ထိုလင်ယောက်ျားကိုးကွယ် သည့်ဘာသာသို့ မြန်မာဗုဒ္ဓဘာသာအမျိုးသမီးက ကူးပြောင်းဝင်ရောက်မှသာ ထိုယောက်ျား၏တရားဝင်မယားအဖြစ် ရောက်ရှိမည်ဆိုသော အကြောင်း မှာ အဓိကဖြစ်သည်။
          ထိုအချက်ကို ၁၉၅၄-ခုနှစ်ဥပဒေက ဘာသာခြားလင်ယောက်ျားက ၄င်း၏ဗုဒ္ဓဘာသာဝင် မယားကို ၄င်းကိုးကွယ်သည့်ဘာသာသို့ ကူးပြောင်းစေခြင်းမပြုရန်၊ တစ်စုံတစ်ရာတားမြစ်ပိတ်ပင် ထားသည့် ပြဋ္ဌာန်းချက်လုံးဝမရှိခြင်းမှာ ထို ၁၉၅၄ ခုနှစ် ဥပဒေ၏ အဓိကအဆိုးဆုံးအချက် ဖြစ်ပါ သည်။ မီးလောင်ရာလေပင့်ဆိုလျှင် မမှားပါ။
          ထိုမြန်မာဗုဒ္ဓဘာသာ အမျိုးသမီးငယ်သည် ဘာသာခြားကာမပိုင်လင်ယောက်ျား၏ မယား အဖြစ်သို့ ရောက်ရှိသွား၍ မိမိ၏ဗုဒ္ဓဘာသာ အသိုင်းအ၀ိုင်းတွင်မရှိတော့ဘဲ အပျိုရည်ပျက်ရခြင်းဘ၀၊ ကလေးများတစ်ယောက်ပြီးတစ်ယောက် မွေးဖွားရသည့်အခြေအနေ ထိုယောက်ျားကျွေးသမျှ ပေးသမျှသာစားသုံးရပြီး ထိုယောက်ျား၏အိမ်တွင်နေ၍ ဘာသာခြားဆွေမျိုးသားချင်းများအလယ်၌ မျက်စိသူငယ်ဖြင့်ရပ်တည်ရသည့်ဘ၀သည် ထိုဗုဒ္ဓဘာသာဝင်သူငယ်မအဖို့ ``နူနာဝဲစွဲ၊ လဲရာသူခိုး ထောင်း´´ဆိုသော အခြေအနေသို့ ရောက်ခြင်းမကရောက်ရှိသွားပြီး မိမိတို့ကိုးကွယ်သော ဗုဒ္ဓဘာသာ အပေါ် မည်သို့ပင်ယုံကြည်ကိုးကွယ်မှုရှိစေကာမူ မတတ်သာသည့်အဆုံး ဘာသာခြားလင်ယောက်ျား ၏ ကိုးကွယ်သည့်ဘာသာသို့ ကူးပြောင်းလိုက်ရခြင်းဖြစ်ပါသည်။
          တစ်ဆက်တည်းပင် မွေးဖွားလာသောကလေးများမှာလည်း ဘာသာခြားလင်ယောက်ျား၏ ကိုးကွယ်ရာဘာသာအောက်သို့ အလိုအလျောက် ရောက်ရှိသွားရစမြဲ ဖြစ်ပါသည်။
          ၁၉၅၄ ခုနှစ်၊ ဥပဒေက မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးအခွင့်အရေးကို ကာကွယ်စောင့်ရှောက် သွားမည်ဆိုသော်လည်း အထက်တွင်ဖော်ပြခဲ့သည့် အကြောင်းအရာများအရ စာရွက်ပေါ်တွင်သာ ရှိနေသောအခွင့်အရေး ဖြစ်ပါသည်။ ဘာသာခြားနှင့်လက်ထပ်ပြီးပါက ထိုအမျိုးသမီးငယ်မှာ ဘာသာခြားဖြစ်သွား၍ ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးဟူသော အနေအထားအဆင့်ပင် မရရှိနိုင်တော့ပါ။ အင်မတန်ကံကောင်းမှသာ မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးအဖြစ် ရပ်တည်နိုင်မည်ဖြစ်ပါသည်။ ထိုသို့ ရပ်တည်နိုင်သည်ဆိုစေကာမူ ဘာသာခြားလင်ယောက်ျား၏ ကိုးကွယ်ရာဘာသာရေးဥပဒေအရ တရားဝင်ဇနီးမဟုတ်တော့၍ လက်ထပ်မှုပျက်ပြယ်သည့်အခါ၊ ကွာရှင်းပြတ်စဲသည့်အခါ၊ လင်ဖြစ်စေ မယားဖြစ်စေ ကွယ်လွန်သည့်အခါ၊ အမွေဆက်ခံရသည့်အခါ ပစ္စည်းခွဲခြမ်းရေး၊ သားသမီးအုပ်ထိန်း ရေးကိစ္စတို့တွင် အငြင်းပွားသည့်အခါမျိုးမှသာ ထို ၁၉၅၄ ခုနှစ် ဥပဒေက မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးအခွင့်အရေးကို တရားရုံးအဆင့်ဆင့်တက်ရောက်နိုင်ပြီး ငွေကြေးအမြောက်အမြား အကုန်ခံ နိုင်သည့် မြန်မာဗုဒ္ဓဘာသာအမျိုးသမီးကသာ ရရှိကောင်းရရှိနိုင်မည်ဖြစ်သည်။ သာမန်လူတန်းစား အနေဖြင့် ထိုအခွင့်အရေးမျိုးမရနိုင်ကြပါ။
          ဥပမာအားဖြင့် ရောဂါကျွမ်းမှ ဆေးကုသပေးရသည့်အခါတွင် ရောဂါ ပျောက်မပျောက်မသိ ငွေကြေးအမြောက်အများကုန်ကျမည်ဖြစ်ရာ ထိုငွေကြေးအမြောက်အများကို ဗုဒ္ဓဘာသာမြန်မာအမျိုး သမီးအနေဖြင့် ရှာဖွေရန် မဖြစ်နိုင်တော့ပါ။
          ထို ၁၉၅၄-ခုနှစ် ဥပဒေမှာ ဒုက္ခမဖြစ်အောင်ကြိုတင်ကာကွယ်သည့် ဥပဒေအမျိုးအစားမျိုး မဟုတ်ဘဲ ပြဿနာပေါင်းစုံနှင့် ကူ၍မရကယ်၍မရသည့် ဘ၀အခြေအနေရောက်မှ ရင်ဆိုင်ရမည့် ဥပဒေ ဖြစ်ပါသည်။
          ထိုဥပဒေမှာ ``ပေးကားပေး၏မရ၊ ကျွေးကားကျွေး၏မ၀´´ ဆိုသော ဥပဒေမျိုး ဖြစ်ပါသည်။
          ထို့ကြောင့် အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ကြီး၏ အစည်းအဝေးမှ ``မီးမလောင်ခင်ကြိုတင်တား´´၊ ``ရောဂါမဖြစ်ခင်ကြိုတင်ကာကွယ်´´ ဆိုသည့် ဆောင်ပုဒ်တို့နှင့် အညီ``ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာအရေးပေါ်ဥပဒေ(မူကြမ်း)´´ ကို သက်ဆိုင်ရာတို့မှပြဋ္ဌာန်းပေးပါရန် လက်ရှိဆိုးရွားလာသောဒုက္ခမှလည်းကင်းဝေးစေရန်၊ အနာဂတ် ပဋိပက္ခများ ထပ်မံမပေါ်ပေါက်စေရန် မြန်မာနိုင်ငံအတွင်းရှိ ဘာသာပေါင်းစုံနှင့် ငြိမ်းချမ်းစွာ ယုံကြည် စိတ်ချစွာဖြင့်နေထိုင်နိုင်သည့် လူ့အဖွဲ့အစည်းပေါ်ပေါက်စေရန် သူ့စည်းကိုယ့်စည်းခြား၍ ဘာသာ ပေါင်းစုံဖြင့် အေးချမ်းစွာနေထိုင်ရန်ရည်ရွယ်၍ ထိုဥပဒေမူကြမ်းကို အကောင်အထည်ဖော်ပေးရေး အတွက် သံဃာတော်များမှ အမြော်အမြင်ကြီးစွာဖြင့် စေတနာသန့်သန့်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
          မည်သည့်ကိုးကွယ်ရာဘာသာ၊ မည်သည့်လူမျိုး၊ မည်သည့်အခွင့်အရေးကိုမှ ထိခိုက်အောင် ပြုလုပ်ခြင်းမဟုတ်ကြောင်း ထင်ရှားပါသည်။
          အထက်တွင် ၁၉၅၄-ခုနှစ်၊ ဗုဒ္ဓဘာသာဝင်မြန်မာအမျိုးသမီးများ အထူးထိမ်းမြားမှုနှင့် အမွေ ဆက်ခံမှုအက်ဥပဒေ၏ အားနည်းချက်ကိုအကြောင်းပြု၍ ပြဿနာများပေါ်ပေါက်လေ့ရှိသဖြင့် ယခုပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးမှ ``ပြည်ထောင်စုသမ္မတနိုင်ငံတော်၊ ပြည်ထောင် စုတရားလွှတ်တော်ချုပ်၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၂´´ ကို ၂၀၁၂ ခုနှစ်၊ မေလ (၉) ရက်နေ့စွဲဖြင့်``နိုင်ငံခြားသားများနှင့် မြန်မာအမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းကိစ္စ´´ ခေါင်းစဉ်ဖြင့်
(၁)     မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံအသီးသီးမှ ၀င်ရောက်လာကြသော နိုင်ငံခြားသားအချို့သည် မြန်မာအမျိုးသမီးများနှင့် လက်ထပ်ထိမ်းမြားရန်တရားရုံးတွင် ကျမ်းကျိမ်လွှာများပြုလုပ်လေ့ရှိကြပါ သည်။ သို့ရာတွင် အချို့သောနိုင်ငံခြားသားများသည် မြန်မာအမျိုးသမီးများနှင့် အမှန်တစ်ကယ် လက်ထပ်ထိမ်းမြားလိုခြင်းမဟုတ်ဘဲ နိုင်ငံခြားသို့ မြန်မာအမျိုးသမီးများကို ခေါ်ဆောင်ကာ အကျင့် သိက္ခာပျက်ပြားသည့် အလုပ်များစေခိုင်းသည့် အတွက် မြန်မာအမျိုးသမီးများ အတိဒုက္ခရောက်ကာ ဘ၀ဆုံးရှုံးရမည့် အန္တရာယ်များတွေ့ကြုံရသည်ကို ကြားသိရသဖြင့် တရားရုံးချုပ်က (၁.၇.၁၉၉၈) ရက်စွဲပါ ညွှန်ကြားချက်အမှတ် ၂/၁၉၉၈ ကို ထုတ်ပြန်ကာ မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦးအား နိုင်ငံခြားသားတစ်ဦးနှင့် ထိမ်းမြားလက်ထပ်ကြောင်း ကျမ်းကျိမ်လွှာပြုလုပ်ရေး တင်ပြလာပါက မည်သည့် တရားရုံးကမျှ လက်ခံဆောင်ရွက်ခြင်းမပြုရန် ညွှန်ကြားခဲ့သည်။
၂။       ………………………………….. သို့ဖြစ်၍ နိုင်ငံခြားသားနှင့်ထိမ်းမြားလက်ထပ်လိုသူ မြန်မာ အမျိုးသမီးတို့ နစ်နာဆုံးရှုံးမှုမဖြစ်စေရန်အတွက် နိုင်ငံခြားသားနှင့် မြန်မာအမျိုးသမီးများ ထိမ်းမြား လက်ထပ်ခြင်း ကျမ်းကျိမ်လွှာပြုလုပ်ပေးရန် တင်ပြလာပါက တရားရုံးများက အောက်ပါအချက်များကို ရှေးဦးစွာစီစစ်ဆောင်ရွက်ရန်ဖြစ်သည်။
(က)    တရားရုံးက ကျမ်းကျိမ်လွှာပြုလုပ်လိုသူတို့သည် အမှန်တကယ် အကြင်လင်မယားအဖြစ် နှစ်ဦးသဘောတူပေါင်းသင်းရန် ရည်ရွယ်၍ လက်ထပ်ထိမ်းမြားလိုခြင်း ဟုတ်မဟုတ်ကို ခိုင်လုံသည့် အထောက်အထားတင်ပြနိုင်ခြင်း ရှိ/မရှိ။
( ခ)    ကျမ်းကျိမ်လွှာပြုလုပ်လိုသူတို့သည် ဗုဒ္ဓဘာသာဝင်များ ဟုတ်/မဟုတ်၊
( ဂ)    ထိမ်းမြားလက်ထပ်နိုင်သည့် အရည်အချင်းနှင့် ပြည့်စုံသူတို့ ဟုတ်/မဟုတ်၊
(ဃ)    ကျမ်းကျိမ်လွှာတွင် ဖော်ပြချက်များသည် မှန်ကန်ခြင်း ရှိ/မရှိ၊
( င)    လိမ်လည်အလွဲပြောဆိုခြင်း၊ ဖြားယောင်းသွေးဆောင်ခြင်း၊ ခြိမ်းခြောက်ခြင်းမရှိဘဲ မိမိတို့ သဘောဆန္ဒအလျောက် လွတ်လပ်စွာသဘောတူကျမ်းကျိမ်လွှာ ပြုလုပ်ခြင်း ဟုတ်/မဟုတ်၊
၃။       တရားရုံးများက အထက်အပိုဒ်-၂ ပါ အချက်ကို စိစစ်ပြီးနောက် သဘောကျကျေနပ်မှုရှိပါက ကာယကံရှင်နှစ်ဦးနှစ်ဘက်အား တရားသူကြီးနှင့် သက်သေများရှေ့မှောက်တွင် ကျမ်းကျိမ်ဆိုစေ၍ ကျမ်းကျိမ်လွှာတွင် ဖော်ပြပါရှိသော အချက်အလက်များ မှန်ကန်ကြောင်း ကတိဝန်ခံချက်လက်မှတ် ရေးထိုးစေရမည်။
          ထိုညွှန်ကြားချက်အပိုဒ်-၈ တွင် ``ထိမ်းမြားလက်ထပ်ခြင်းသည် ထိမ်းမြားလက်ထပ်သူများ၏ ကိုးကွယ်သည့်ဘာသာအပေါ်တွင် အခြေခံခြင်းဖြစ်သဖြင့် ……………………………………. လူမျိုးနှင့် ကိုးကွယ်သည့်ဘာသာအလိုက် ဓလေ့ထုံးတမ်းဥပဒေများနှင့် အောက်ပါထိမ်းမြားလက်ထပ်ခြင်းဆိုင်ရာ ပြဋ္ဌာန်းဥပဒေများလည်း အတည်ဖြစ်လျက်ရှိသည်´´ ဟူ၍ ဖြစ်ပါသည်။
          ယခုကဲ့သို့ ဗုဒ္ဓဘာသာဝင်မဟုတ်သော ဘာသာခြားများ လူမျိုးခြားတို့သည် မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးများကို အလွယ်တကူထိမ်းမြားလက်ထပ်နိုင်ခြင်းမှာ အထက်တွင်ဖော်ပြထားသည့် ၁၉၅၄-ခုနှစ်၊ ဗုဒ္ဓဘာသာဝင်မြန်မာမိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှုအက်ဥပဒေနှင့် မြန်မာဓလေ့ ထုံးတမ်းဥပဒေတို့ အားနည်းချက်အရ အလွန်ဆိုးရွားသည့်ပြဿနာများ ပေါ်ပေါက်လျက်ရှိသည်ကို ယခုလက်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ပြည်ထောင်စုတရားသူကြီးချုပ်ကိုယ်တိုင်က သတိပေးညွှန်ကြားချက်ကို ထုတ်ပြန်ခဲ့ရခြင်း ဖြစ်ပါသည်။
          ထိမ်းမြားလက်ထပ်ခြင်း၊ အိမ်ထောင်ပြုခြင်း အစရှိသောကိစ္စများမှာ ပေါ့ပေါ့တန်တန်လုပ်၍ မဖြစ်ပါ။ အထူးသဖြင့် ဘာသာခြားလူမျိုးခြားတို့နှင့် ထိမ်းမြားလက်ထပ်မှုသည် အလွန်အရေးကြီး လှကြောင်းကိုပြောရန်ပင်မလိုတော့၍ ယခုလက်ရှိပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ပြည်ထောင်စု တရားသူကြီးချုပ်ကိုယ်တိုင်က သတိပေးညွှန်ကြားထားသည့်နည်းတူ ယခုနိုင်ငံတော်တစ်ဝန်းလုံးက တက်ရောက်လာသော အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး သံဃာတော်အဖွဲ့ကြီးမှလည်း မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးလေးများကို ဘာသာခြားလူမျိုးခြားတို့က အလိုရှိတိုင်းလွယ်ကူစွာ ရယူပေါင်းသင်းခြင်း၏ အန္တရာယ်ဆိုးကျိုးများကို တွေ့မြင်ရ၍ ယခုမြန်မာဗုဒ္ဓဘာသာဝင်အမျိုးသမီးများ ထိမ်းမြားလက်ထပ်ခြင်းဆိုင်ရာ အရေးပေါ်ဥပဒေ(မူကြမ်း) အကောင်အထည်ပေါ်လာခြင်း ဖြစ်ပါသည်။ ယခုအတိုင်း မသိကျိုးကျွံပြုထားပါက ဘာသာခြားများနှင့် လက်ထပ်ပေါင်းသင်းသည့် ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးတို့မှ မွေးဖွားလာသော သားသမီးတို့သည် ဗုဒ္ဓဘာသာဝင် မြန်မာကလေးများ မဟုတ်တောဘဲ ဗုဒ္ဓဘာသာအမျိုးအနွယ်တို့သည် အနှေးနှင့်အမြန် ဆုံးရှုံးပျောက်ကွယ်တော့မည့် အရေးကို အချိန်မီ ကာကွယ်စောင့်ရှောက်ရခြင်း ဖြစ်ပါသည်။
          ယခုကိစ္စတွင် အချို့သောပုဂ္ဂိုလ်တို့၏အမြင်၌ ``ကျေးလက်တောရွာရှိ အခြေခံလူတန်းစား တို့၏ ဘ၀မှာ ဆင်းရဲမွဲတေမှုတို့ကြောင့် ယခုကဲ့သို့ ကာယကံရှင် မြန်မာအမျိုးသမီးများအနေနှင့်ရော အုပ်ထိန်းသူမိဘများအနေနှင့်ပါ ဘာသာခြားလူမျိုးခြားတို့နှင့် လက်ထပ်ထိမ်းမြားရခြင်း ဖြစ်ပါသည်´´ ဟူသော အယူအဆမှာလည်း မှားသည်ဟု မဆိုနိုင်သလို ယခုကဲ့သို့ဥပဒေဖြင့် အချိန်မီတားမြစ်ခြင်း မရှိပါက ဘာသာခြားလူမျိုးခြားတို့၏ စိတ်ကြိုက်ခြယ်လှယ်ခြင်းကိုပါ ခွင့်ပြုရာရောက်စေပါသည်။
          ``စားဝတ်နေရေးမလုံလောက်၍ လာဘ်စားရပါသည်´´ ဟူသောအစဉ်အလာကိုလက်ခံထား ပါက နိုင်ငံတော်ပါ ပျက်စီးမည့်အရေးကြောင့် ``စားဝတ်နေရေးမလုံလောက်ခြင်း´´ သည် တစ်ကိစ္စ၊ ``လာဘ်ပေးလာဘ်ယူခြင်းသည်´´ တစ်ကိစ္စဟု နိုင်ငံတော်အစိုးရတို့က ဆင်ခြင်သုံးသပ်၍ မည်သည့် အကြောင်းပြချက်နှင့်မျှ လာဘ်မစားနိုင်ရန် ပြစ်ဒဏ်ပေးသောဥပဒေဖြင့် တားမြစ်ဟန့်တားရသ်ည့ သာဓကကိုထောက်ရှုပါက် အခြေခံလူတန်းစားများ၏ ဆင်းရဲမွဲတေမှုအပေါ် အမြတ်ထုတ်၍ ဘာသာခြား လူမျိုးခြားတို့က ၁၉၅၄-ခုနှစ်၊ ဗုဒ္ဓဘာသာဝင် မြန်မာမိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေ ဆက်ခံရေးဥပဒေကို အကာအကွယ်ယူလျက် လက်ထပ်ထိမ်းမြားပေါင်းသင်းခြင်းတို့ကို ဆက်လက်မပြု လုပ်နိုင်ရန်အတွက် အချိန်မီ အရေးယူဟန့်တားရန်မှာ အလွန်အရေးကြီးသည့် အဆင့်သို့ရောက်ရှိနေပြီ ဖြစ်ပါသည်။ ထို့ကြောင့် သံဃာတော်ကြီးများတင်ပြသည့် ပြစ်ဒဏ်စီရင်ချက်ပါ အရေးပေါ်ဥပဒေ (မူကြမ်း)ကို အမြန်ဆုံးအကောင်အထည်ဖော်ပေးရန် အထူးအရေးကြီးလှပါသည်။
``အချို့ပုဂ္ဂိုလ်တို့၏ ပြင်ပမီဒီယာတို့မှတစ်ဆင့် ကန့်ကွက်ခြင်းကိစ္စ´´
          ယခုမြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာအရေးပေါ်ဥပဒေ (မူကြမ်း) အပိုဒ်-၄တွင် မိဘ (သို့) အုပ်ထိန်းသူ၏စာဖြင့် ခွင့်ပြုချက်ရယူရန်ဖော်ပြချက်မှာ ဥပဒေ နှင့်မညီကြောင်း မြန်မာနိုင်ငံဥပဒေတွင် ``အရွယ်ရောက်ခြင်းဆိုင်ရာဥပဒေ´´ အရ အသက် ၁၈ နှစ်နှင့် ၂၁ နှစ်တို့သည် အရွယ်ရောက်ပြီးဖြစ်၍ ကာယကံရှင်အမျိုးသမီး၏ ဆုံးဖြတ်လုပ်ကိုင်ခွင့်တို့မှာ အုပ်ထိန်းသူမိဘတို့နှင့် မသက်ဆိုင်တော့ဟု (၅.၇.၂၀၁၃) ဘီဘီစီ ( BBC )၏ အမေးအဖြေခန်းတစ်ခု တွင် ရှေ့နေဦးအောင်ထူးဆိုသူက ကန့်ကွက်ဖော်ပြခဲ့ပါသည်။
          အဆိုပါ ဦးအောင်ထူး၏ဖော်ပြချက်သည် ယခုကိစ္စနှင့် လုံးဝမသက်ဆိုင်ကြောင်းမှာ ထို ``အရွယ်ရောက်ခြင်းဆိုင်ရာဥပဒေ´´ ( The Majority Act ) ပိုဒ်-၂ တွင် ပြဋ္ဌာန်းချက်အရ ထင်ရှား ပါသည်။
          ထိုအက်ဥပဒေ အပိုဒ်-၂ (က) တွင် ``လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာကိစ္စ၊ လင်မယားကွာ ရှင်းခြင်းကိစ္စ၊ ခန်းဝင်ပစ္စည်းကိစ္စ၊ မွေးစားခြင်းနှင့်ဆိုင်ရာကိစ္စ´´ တို့၌လည်းကောင်း
          (ခ) တွင် ဘာသာရေးဆိုင်ရာကိစ္စ၊ ဘာသာရေးဓလေ့ထုံးတမ်းအစဉ်အလာကိစ္စတို့၌လည်း ကောင်း၊ အရွယ်ရောက်ခြင်းနှင့် ပတ်သက်သည့် အသက်အပိုင်းအခြားသတ်မှတ်မှုသည် ထိုဥပဒေနှင့် လုံးဝမပတ်သက်´´ ဟူ၍ မသက်ဆိုင်ကြောင်း ပြဋ္ဌာန်းထားပါသည်။
          ထို့ကြောင့် လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ၊ အရွယ်ရောက်မှု၊ အသက်ပြည့်မီခြင်းရှိ/မရှိကိစ္စတို့ မှာ ``The Majority Act ´´အရွယ်ရောက်ခြင်းဆိုင်ရာ ဥ့ဒေအရ သတ်မှတ်ခြင်းမပြုနိုင်ဟု အထင် အရှားပြဋ္ဌာန်းထားခြင်းရှိပါလျက်နှင့် ယခုကဲ့သို့ ဘီဘီစီ (BBC) မှတစ်ဆင့် ရှေ့နေဦးအောင်ထူးမှ ပြောဆိုခြင်းမှာ ဥပဒေနှင့်လုံးဝဆန့်ကျင်သောပြောဆိုမှုသာဖြစ်ပါသည်။
          ထို့ကြောင့် မိဘအုပ်ထိန်းသူတို့အနေဖြင့် မိမိ၏သမီးကို ထိမ်းမြားခွင့်ပြုခြင်း၊ မပြုခြင်းတို့မှ မိဘ အုပ်ထိန်းသူတို့၏ တာဝန်ဝတ္တရားဖြစ်ကြောင်း အလွန်ထင်ရှားပါသည်။ ထိမ်းမြားလက်ထပ်လိုသည့် သတို့သား၏အရည်အချင်း၊ အကျင့်စာရိတ္တ၊ အလုပ်အကိုင် ကျမ်းမာရေးမှအစ မိဘအုပ်ထိန်းသူ အနေဖြင့် ဘက်စုံအောင်စုံစမ်းလေ့လာပြီးမှ ခွင့်ပြုချက်ပေး/မပေးကို ဆုံးဖြတ်ရန် အခွင့်အရေးနှင့် တာဝန်မှာ မိဘအုပ်ထိန်းသူတို့၌သာ ရှိပါသည်။
          သတို့သားလောင်းသည် မည်သည့်ဘာသာကိုးကွယ်သူဖြစ်ကြောင်း ဗုဒ္ဓဘာသာဝင် ဟုတ်/ မဟုတ်ဆိုသောကိစ္စမှာ ``ကိုးကွယ်ရာဘာသာနှင့်ပတ်သက်၍ မှတ်ပုံတင်ဥပဒေ (မူကြမ်း) အရ နိုင်ငံ တော်အစိုးရမှ အဆုံးအဖြတ်ပေးမှုသာ  ပြုလုပ်နိုင်´´ သည်ဖြစ်၍ မိမိတို့၏သမီးနှင့် သဘောတူရန် သင့်မသင့်ကိစ္စမှာ မိဘအုပ်ထိန်းသူတို့၏ ကိစ္စဖြစ်သည်ဟု သတိပြုသင့်ပါသည်။
          အထူးတင်ပြလိုသည့်အချက်မှာ အထက်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ပြည် ထောင်စုတရားသူကြီးချုပ်မှ ညွှန်ကြားအမှတ် (၁/၂၀) အပိုဒ်-၈ တွင်  ``လက်ထပ်ထိမ်းမြားခြင်းသည် လက်ထပ်ထိမ်းမြားသူများ၏ ကိုးကွယ်သည့်ဘာသာအပေါ် အခြေခံခြင်းဖြစ်သဖြင့်´´ ဟူ၍ အထင် အရှားညွှန်ပြထားရှိပါလျက်နှင့် ``လက်ထပ်ထိမ်းမြားခြင်းသည် လူမှုရေးကိစ္စဖြစ်၍ ဘာသာရေးနှင့် မပတ်သက် ထို့ကြောင့် ဗုဒ္ဓဘုန်းတော်ကြီးများသည် လက်ထပ်ထိမ်းမြားမှုကိစ္စတို့၌ ၀င်မပါကြပါနဲ့၊ ဘာသာရေးသက်သက်ကိုသာလုပ်ကြပါ´´ ဟု ကျယ်လောင်စွာ ဟစ်အော်လာကြသော (အထူးသဖြင့် အမျိုးသမီးတို့ဘက်မှ) ဝေဖန်ပြောဆိုချက်မှာ အလွန်ပင်မှားယွင်းလျက်ရှိပြီး ………………………. အထက်ဖော်ပြချက်ပါ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားသူကြီးချုပ်၏ ညွှန်ကြားချက်ကို ဆန့်ကျင်၍ပြောဆိုရာရောက်သဖြင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကိုပင် မထီမဲ့မြင်ပြုရာ ရောက်နေပါသည်။
          အထက်ပါ ကိစ္စများအပြင် အထူးဖော်ပြလိုသည်မှာ မျိုးစောင့်ဥပဒေ (မူကြမ်း)သည် ``အမျိုးသမီးထုကို ဖိနှိပ်ချုပ်ချယ်ခြင်း၊ အမျိုးသမီးများ၏ အခွင့်အရေးကို ပိတ်ပင်ခြင်းမျိုးသာဖြစ်ပါ သည်´´ ဟူသော ကန့်ကွက်ချက်မှာမူ လုံးဝအခြေအမြစ်မရှိရုံမျှမက ထိုဥပဒေမူကြမ်းကို သေချာစွာ ဖတ်ရှုလေ့လာခြင်းမပြုဘဲ ဝေဖန်ပြောဆိုနေခြင်းသာ ဖြစ်ပါသည်။ ထိုဥပဒေ (မူကြမ်း) အပိုင်း ၂ တွင် ဖေါ်ပြချက်မှာ အလွန်ရှင်းပါသည်။ ထိုဥပဒေ (မူကြမ်း) သည် ဘာသာခြားနှင့် တရားမ၀င်လက်ထပ် သည့် ဗုဒ္ဓဘာသာအမျိုးသမီးကိုမျှ အရေးယူရန်၊ အပြစ်ပေးရန် ဖော်ပြသည့်ပြဋ္ဌာန်းချက်လုံးဝမရှိပါ။ ထိုဥပဒေ (မူကြမ်း) ၌ ဗုဒ္ဓဘာသာဝင်မဟုတ်သော ဘာသာခြား (ဘာသာမတူ) သူက ဗုဒ္ဓဘာသာသို့ တရားဝင်ကူးပြောင်းခြင်းမရှိဘဲ မြန်မာဗုဒ္ဓဘာသာအမျိုးသမီးတို့ကို လက်ထပ်ပေါင်းသင်းလျှင် ထိမ်းမြား ခြင်းပြုလျှင် (လင်မယားအဖြစ်ပေါင်းသင်းဆက်ဆံလျှင်) ထိုသူ (ထိုယောက်ျား) ကို အရေးယူအပြစ် ပေးရန်သာ ဖော်ပြထားရှိခြင်းဖြစ်ပါသည်။ မည်သည့်အမျိုးသမီးကိုမျှ အရေးယူရန်မရှိ၍ အမျိုးသမီး သည် နစ်နာစရာအကြောင်းမရှိသည့်အပြင် အမျိုးသမီးထုကို ဖိနှိပ်ချုပ်ချယ်ရာလည်း မရောက်ကြောင်း ထင်ရှားပါသည်။
          ထိုဥပဒေ (မူကြမ်း) နှင့် ပူးတွဲတင်သွင်းထားသည့် ကိုးကွယ်ရာဘာသာနှင့် ပတ်သက်၍ မှတ်ပုံတင်ဥပဒေ (မူကြမ်း)ပါ ဖော်ပြချက်အရ မည်သည့်အမျိုးသမီးမဆို မိမိကိုးကွယ်ရာဘာသာသို့ လွတ်လပ်စွာကူးပြောင်းကိုးကွယ်ခွင့်ရှိပါ၍ မိမိနှစ်သက်ရာဘာသာသို့ကူးပြောင်းပြီး မိမိနှစ်သက်ရာ ယောက်ျားကို ထိုဘာသာပါပြဋ္ဌာန်းချက်တို့နှင့်အညီ စိတ်ကြိုက်လွတ်လပ်စွာ လက်ထပ်ပေါင်းသင်း ယူနိုင်ကြပါသည်။ မည်သို့မျှချုပ်ချယ်ထားခြင်းမရှိပါ။
          ယနေ့မြန်မာနိုင်ငံတွင် ``အရည်အချင်းပြည့်မီသော ကျန်းမာသန်စွမ်းသည့် မိကောင်းဖခင် သားသမီးများဖြစ်ကြသည့် မြန်မာ (တိုင်းရင်းသားအားလုံးပါဝင်သည်) ဗုဒ္ဓဘာသာ လူတော်လူကောင်း ယောက်ျားလေးများ မြောက်မြားစွာသန်းချီ၍ရှိသည်ကိုလည်း သိရှိစေလိုပါကြောင်း´´ စေတနာ ကောင်းဖြင့် ဖော်ပြလိုက်ရပါကြောင်း …… ။
                                                                                            ဦးရဲခေါင်ညွန့်
                                                                                          ( ဥပဒေအကြံပေး )
ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အရေပေါ်ဥပဒေမူကြမ်းအပေါ် (၁) လူ့အခွင့်အရေး (၂) ၁၉၄၅-ခုနှစ် ဗုဒ္ဓဘာသာဝင် မြန်မာမိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေတို့ကို အကိုးအကားပြုသည့် ကန့်ကွက်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက် အပိုင်း (၂)
ကိုးကွယ်ရာဘာသာနှင့်ပတ်သက်၍ မှတ်ပုံတင်ဥပဒေ (မူကြမ်း)
(၁)     မည်သူမဆို၊ မိမိလက်ရှိကိုးကွယ်ရာဘာသာမှ အခြားဘာသာတစ်ခုခုသို့ ကူးပြောင်းလိုလျှင် ထိုသို့ ပြုလုပ်လိုကြောင်းကို သာသနာရေးဝန်ကြီးဋ္ဌာန၏ သက်ဆိုင်ရာ သာသနာရေးဦးစီးဋ္ဌာနသို့ အကျိုးအကြောင်း တင်ပြလျှောက်ထားရမည့်အပြင် လက်ရှိမူလဘာသာရေးဆိုင်ရာ အဖွဲ့အစည်းနှင့် အသစ်ကူးပြောင်းလိုသော ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းများကို မိတ္တူပေးပို့ရမည်။
(၂)     ထိုသို့လျှောက်ထားခြင်းမှာ မည်သည့်အကြောင်းကိုအခြေခံ၍ ကူးပြောင်းလိုခြင်းဖြစ်ကြောင်းကို ဖော်ပြရမည်။
(၃)     အိမ်ထောင်ရေးကိစ္စနှင့်ပတ်သက်၍ ထိမ်းမြားရေးအတွက် (သို့) ကွာရှင်းရေးအတွက် (သို့) ပစ္စည်း ခွဲခြမ်းရေးအတွက် (သို့) အမွေဆက်ခံရေးအတွက်ဖြစ်ကြောင်း စသည်တို့ကို မှန်ကန်စွာဖော်ပြရမည်။
(၄)     ၄င်းအပြင် ဘာသာအယူဝါဒနှင့်ပတ်သက်၍ ယုံကြည်ချက်ပြောင်းလဲလိုခြင်းအပေါ် အခြေခံခြင်း ဟုတ်/ မဟုတ်ကို ပြည့်စုံစွာဖော်ပြရမည်။
(၅)     ထိုသို့လျှောက်လွှာရရှိသည့်အခါ သက်ဆိုင်ရာသာသနာရေးဦးစီးဌာနက လိုအပ်သလို အမှုဖွင့်စုံစမ်း ရမည်။
(၆)     လိုအပ်လျှင် မူလလက်ဟောင်း ဘာသာရေးအဖွဲ့အစည်းနှင့် အသစ်ကူးပြောင်းလိုသော ဘာသာရေး အဖွဲ့အစည်းများ၏ သဘောဆန္ဒကို ရယူနိုင်သည်။
(၇)     ထိုသို့စုံစမ်းမှုကို (၆)လမှ (၁)နှစ်အတွင်း ပြီးစီးအောင်ဆောင်ရွက်ရန်နှင့် လျှောက်ထားသူများမှာ မိမိ၏ရိုးသားစွာယုံကြည်မှုကြောင့်မဟုတ်ဘဲ အခြား ဘာသာ သာသနာကို ၀င်ရောက်စွက်ဖက်ရန်၊ ဖျက်ဆီးရန်၊ ပြဿနာဖြစ်ရန် (သို့) မရိုးသားသောအကြံအစည်တစ်ခုခုဖြင့် လျှောက်ထားခြင်းဖြစ်ကြောင်း ပေါ်လွင်လျှင် ထိုလျှောက်ထားချက်ကို အကြောင်းပြချက်များနှင့် ပယ်ရမည်။ ထိုသူကိုလည်းကောင်း၊ အားပေး ကူညီသူများနှင့် ပူးပေါင်းဆောင်ရွက်သူများကိုလည်းကောင်း၊ ရာဇသတ်ကြီးဥပဒေနှင့် အခြားတည်ဆဲဥပဒေ များအရ အရေးယူတရားစွဲ ဆိုရမည်။
(၈)     ထိုလျှောက်ထားခြင်းမှာ သဘောရိုးဖြင့်ပြုလုပ်ခြင်းဖြစ်ကြောင်းထင်ရှားပါက ခွင့်ပြုကြောင်း အကြောင်း ပြန်ကြားရမည်။
(၉)     ထိုသို့ပြုလုပ်သည့်ကိစ္စရပ်များ၌ စာရင်းအင်းပြုလုပ်၍ မှတ်ပုံတင်ကဒ်ပြားထားရှိရမည်ဖြစ်ပြီး ထို လျှောက်ထားခြင်းအပေါ် စုံစမ်းစစ်ဆေးရခြင်းအတွက် လိုအပ်သော သင့်တင့်မျှတသည့် အခကြေးငွေများကိုပါ တောင်းခံရယူရမည်။
(၁၀)   ထိုသို့ ဘာသာအယူပြောင်းလဲပြီးပါက နောက်ထပ်တဖန်ပြောင်းလဲရန် လျှောက်ထားခြင်းကို ခွင့်မပြုရ။
(၁၁)   ဤဥပဒေကို (            ) ရက်နေ့တွင်ပြဋ္ဌာန်းပြီး ချက်ချင်းအာဏာတည်စေရမည်။
-      -  - ဟူ၍ ပြဋ္ဌာန်းပေးစေလိုပါကြောင်း - - -
ထိုအကြံပြုဆုံးဖြတ်ထားသည့် မြန်မာဗုဒ္ဓဘာသာအမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အရေးပေါ်ဥပဒေ(မူကြမ်း) ပုဒ်မ-၂-တွင်``မည်သူမဆို မြန်မာဗုဒ္ဓဘာသာဝင်အမျိုးသမီးကို လက်ထပ် ယူမည့်သူသည် တရားဝင်ဗုဒ္ဓဘာသာဝင်ဖြစ်ရမည်´´ ဟူသော ဖော်ပြပါရှိချက်အပေါ် မကျေနပ်သူများ သည် အသည်းကိုကျွဲခတ်သည့်ပမာ လူ့အခွင့်အရေး ကြေငြာစာတမ်းကိုကိုင်စွဲလျက် ကျယ်လောင်စွာ ကန့်ကွက်လာကြပါသည်။
ပထမ ကန့်ကွက်ချက်
``လူ့အခွင့်အရေးကြေငြာစာတမ်းကို အားကိုးအားထားပြုလျက်
ကန့်ကွက်ခြင်းကိစ္စ´´
ယင်းကိစ္စနှင့်ပတ်သက်၍ အောက်ပါအချက်များကို ဖော်ပြလိုပါသည်။ လက်ရှိပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ၂၀၀၈ ခုနှစ်၊ အခြေခံဥပဒေပုဒ်မ ၃၄၇ တွင် ``နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေးရရှိစေရမည်။ ထို့အပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ဆိုင်ခွင့်ပေးရမည်´´ ဟု ပါရှိပါသည်။
အထက်တွင် ဖော်ပြခဲ့ပြီးသော အမှတ် (၁)၊ (၂)၊ (၃) ဘာသာကြီးများ၏ လက်ထပ်ခွင့်၌ ကန့်သတ်ချက်ကိုမူ မည်သည့်လူ့အခွင့်အရေးဆိုင်ရာတို့မှ ယနေ့အချိန်ထိ လုံးဝကန့်ကွက်ခြင်းမရှိဘဲ၊ အမှတ်စဉ် (၄) ဖြစ်သည့် ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင်တို့နှင့်သာသက်ဆိုင်သော လက်ထပ်ခွင့်ကိုမှ ကန့်ကွက်မည်ဆိုပါက တရားမျှတရဲ့လား။ ``နိုင်ငံတိုင်း၌ ဥပဒေပြုခွင့် အချုပ်အခြာအာဏာကို လူ့အခွင့်အရေး ကြေငြာစာတမ်းက လွှမ်းမိုးနိုင်ပါသလား။ အထက်ပါ ထိုကန့်ကွက်မှုသည် အခြေခံ ဥပဒေပုဒ်မ ၃၄၇ ကို ဆန့်ကျင်ပိတ်ပင်မှု မဖြစ်ဘူးလား´´ ဆိုသော သဘာဝကျ၍ တရားမျှတသော မေးခွန်းများ ပေါ်ပေါက်လာပါသည်။
          ထို့အပြင် ဥပမာအားဖြင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်း အပိုဒ်-၁၅ တွင်
(၁)     လူတိုင်းသည် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားအဖြစ်ခံယူခွင့်ရှိသည်ဟူသော ဖော်ပြချက်ကို အကြောင်းပြု၍ ၂၀၀၈-ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံတော်သမ္မတနှင့် ပတ်သက်၍သော် လည်းကောင်း၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပတ်သက်၍သော်လည်းကောင်း၊ ထိုကိစ္စများ၌ သက်ဆိုင်ရာ အရည်အချင်းသတ်မှတ်ချက်အပိုဒ်များသည် လူ့အခွင့်အရေးနှင့် မကိုက်ညီပါဟု အကြောင်းပြ၍ ထိုအပိုဒ်များကို ပယ်ဖျက်ပစ်ရမည်လား … ?
          အဆိုပါတင်ပြခဲ့ပြီးသော ကိစ္စရပ်များသည် အချုပ်အချာအာဏာပိုင်သည့် နိုင်ငံတိုင်း၏ ပြည်တွင်းရေးရာကိစ္စရပ်များဖြစ်သဖြင့် လူ့အခွင့်အရေးကိစ္စအဖြစ် အကြောင်းပြ၍ ၀င်ရောက်စွက်ဖက် ခွင့်မရှိကြောင်း ထင်ရှားပါသည်။
          ထိုပဋိညာဉ်စာချုပ်အပိုဒ်-၁၁၀၌လည်း ``ယခုလက်ရှိ ပဋညာဉ်စာချုပ်ကို လက်မှတ်ရေးထိုး ထားကြသော နိုင်ငံများသည် မိမိတို့၏ သက်ဆိုင်ရာဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ လိုက်နာ ကျင့်သုံးသည့် လုပ်ထုံးလုပ်နည်းနှင့်အညီ လက်ခံအတည်ပြုရမည်´´ဟူ၍ အထင်အရှားပြဋ္ဌာန်း ထားရှိပါသဖြင့် နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာအရ ဥပဒေပြုခြင်းကို တားမြစ်ပိတ်ပင် ကန့်ကွက်ခွင့်မရှိကြောင်း ပြဋ္ဌာန်းထားရှိပါသည်။
          ထိုကြေငြာစာတမ်း အပိုဒ် ၂၉၊ အပိုဒ်ငယ်-၂ ၌ ``မိမိ၏လူ့အခွင့်အရေးများနှင့် လွတ်လပ်ခွင့် များကိုသုံးစွဲရာတွင် ကိုယ်ကျင့်တရားအပြင် ရပ်ရွာအေးချမ်းသာယာရေးနှင့် အများပြည်သူ အကျိုး စီးပွားဖြစ်ထွန်းစေရေးတို့အတွက် တရားမျှတစွာကျင့်ဆောင်ရန်အလို့ငှာလည်းကောင်း၊ ဥပဒေပြဋ္ဌာန်း ထားသည့် ချုပ်ချယ်မှုများဖြင့်သာ ကန့်သတ်ခြင်းခံရမည်´´ဟူ၍ ပြဋ္ဌာန်းထားရှိပါသဖြင့် လူ့အခွင့် အရေးကြေငြာစာတမ်းပါ အခွင့်အရေးများသည် နိုင်ငံတစ်နိုင်ငံ၏ ဥပဒေကပြဋ္ဌာန်းသည့် ချုပ်ချယ်မှု ဘောင်အတွင်း၌သာ ရပ်တည်ခွင့်ရှိပါသည်။
          ထိုကဲ့သို့အထက်ဖေါ်ပြပါ အကြောင်းအချက်များက ယခုအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ကြီးမှ အတည်ပြုဆုံးဖြတ်လိုက်သည့် ဗုဒ္ဓဘာသာအမျိုးသမီးကို လက်ထပ် ပေါင်းသင်းလိုသည့်လူတိုင်းသည် ဗုဒ္ဓဘာသာဝင်ယောက်ျားဖြစ်ရမည်ဆိုသော စည်းကမ်းသတ်မှတ် ချက်မှာ လူ့အခွင့်အရေးကြေငြာစာတမ်းနှင့် မကိုက်ညီပါဟု တိုက်ခိုက်ပြောဆိုမှုများသည် တရားဝင်ဖို့ လည်းအကြောင်းမရှိ၊ မှန်ကန်မျှတမှုလည်းမရှိသည့်အတွက် ထိုရှုထောင့်မှနေ၍ ကန့်ကွက်ချက်တို့ ဆက်လက်အသံထွက်ပေါ်လာခြင်း မရှိသည့်အခါတွင် -
          မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာကိစ္စ တွင် ``၁၉၅၄ ခုနှစ်၊ ဗုဒ္ဓဘာသာမိန်းမများ အထူးထိမ်းမြားရေးနှင့် အမွေဆက်ခံမှုအက်ဥပဒေ´´ ရှိနေပြီဖြစ်၍ ယခုအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့အစည်းမှ တင်ပြတောင်းဆိုလာသော မြန်မာဗုဒ္ဓဘာ သာဝင်အမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အရေးပေါ် (ဥပဒေမူကြမ်း)မှာ မလိုအပ်ပါဟု မြန်မာနိုင်ငံပြည်တွင်းဂျာနယ်တို့နှင့် ပြင်ပမီဒီယာများမှ မျက်နှာစာအသစ်ဖွင့်၍ ကိုယ်လိုရာကိုယ်ဆွဲပြီး ``ခုတ်ရာတခြား၊ ရှရာတလွဲ´´ အကြောင်းပြချက်များနှင့် တိုက်ခိုက်လာသည့်အတွက် ``၁၉၅၄ ခုနှစ် ဥပဒေသည် ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးများ၏ အကျိုးစီးပွါးကို လုံးဝအကာအကွယ်မပေးနိုင်သည့် အပြင် ထိုဥပဒေ၌ ဘာသာခြားက မြန်မာဗုဒ္ဓဘာသာအမျိုးသမီးကို ထိမ်းမြားလက်ထပ်ခွင့်ရှိသည် ဟူသောအချက်ကို အကာအကွယ်ယူ၍ အသက်(၁၄)နှစ်ပြည့်ရုံမျှသာရှိသော ဗုဒ္ဓဘာသာမြန်မာအမျိုး သမီးငယ်တို့သည်ဘ၀ပျက်၍ ဘာသာခြားမျိုးဆက်များသာပေါ်ထွက်လာလျက်ရှိသည်မှာ မျက်မှောက် ကာလ အခြေအနေတွင် ထင်ရှားလျက်ရှိပါသည်။
ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အရေပေါ်ဥပဒေမူကြမ်းအပေါ် (၁) လူ့အခွင့်အရေး (၂) ၁၉၄၅-ခုနှစ် ဗုဒ္ဓဘာသာဝင် မြန်မာမိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေတို့ကို အကိုးအကားပြုသည့် ကန့်ကွက်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက် အပိုင်း (၁)
ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ
အရေးပေါ်ဥပဒေ (မူကြမ်း) အပေါ် (၁) လူ့အခွင့်အရေး (၂) ၁၉၅၄-ခုနှစ်
ဗုဒ္ဓဘာသာဝင် မြန်မာမိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေတို့ကို အကိုးအကားပြုသည့် ကန့်ကွက်ချက်များနှင့် ပတ်သက်၍
ရှင်းလင်းတင်ပြချက်
အပိုင်း(၁)
၂၇.၆.၂၀၁၃ နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အောင်ဆန်းတောရတပ်ဦးကျောင်း တိုက်၊ မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာတွင် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ကြီးကို ``သီတဂူ ဆရာတော်ကြီး Dr. အရှင် ဥာဏိဿရ´´ နှင့် နိုင်ငံတော်သြ၀ါဒါစရိယ အဂ္ဂမဟာပဏ္ဍိတဂန္ထကာရက၊ အဘိ ဓမ္မာဘ၀ါပါရဂူ၊ ပဓာနနာယကဆရာတော် ``ဘဒ္ဒန္တတိလောကာဘိဝံသ´´ (အင်းစိန်၊ ရွာမပရိယတ္တိစာသင် တိုက်) တို့ ဦးဆောင်၍ တိပိဋကဓရ ဓမ္မဘဏ္ဍာ ဂါရိကဆရာတော်ကြီး ``၉´´ ပါးပါဝင်သည့် နိုင်ငံတစ်ဝန်းလုံး ရှိ``တစ်ထောင့်ငါးရာ´´ကျော် သံဃာ့ကိုယ်စားလှယ်တော်များ စုံညီစွာတက်ရောက်၍ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ကို အညီအညွတ်အောင်မြင်စွာဖွဲ့စည်းခဲ့ပြီး အမျိုးစောင့်ဥပဒေပြဋ္ဌာန်းရေး အတွက် ကိုးကွယ်ရာဘာသာနှင့်ပတ်သက်သည့် မှတ်ပုံတင်ဥပဒေ(မူကြမ်း)နှင့် မြန်မာဗုဒ္ဓဘာသာဝင် အမျိုး သမီးများ ထိမ်းမြားလက်ထပ်ခြင်းဆိုင်ရာ အရေးပေါ်ဥပဒေကြမ်းတို့ကို နိုင်ငံမှလည်းဥပဒေဖြင့် ပြဋ္ဌာန်းပေး စေလိုကြောင်းနှင့် တစ်လင်တစ်မယားစနစ်၊ လူဦးရေတိုးပွားနှုန်းနှင့်ပတ်သက်၍ အကြံပြုစာတမ်းများကို အကောင်အထည်ဖော်ဆောင်ရွက်ပေးရန်အတွက် တက်ရောက်တော်မူကြသော သံဃာတော်များနှင့် သီလရှင် များအပါအ၀င် ရဟန်းရှင်လူအားလုံးက သာဓုအနုမောဒနာခေါ်၍ အခိုင်အမာဆုံးဖြတ်ချက်များကို ချမှတ်ခဲ့ပါ သည်။
          ယင်းသို့ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ကြီး၏ လုပ်ဆောင်ချက်များမှာ နိုင်ငံတော်တစ်ခုလုံးနှင့် ကမ္ဘာတစ်ဝှမ်းလုံး ပဲ့တင်ရိုက်ခတ် ၍ ပျံ့နှံ့ခဲ့ပါသည်။
          ထိုသို့ ဗုဒ္ဓသာသနာတော်ကြီးနှင့် တိုင်းပြည်၊ လူမျိုးအကျိုးစီးပွါး ထွန်းလင်းတောက်ပလာတော့ မည်ကို မရှုစိမ့်နိုင်ကြသော၊ မလိုလားကြသော၊ မကျေနပ်ကြသော လူပုဂ္ဂိုလ်အချို့နှင့်  အဖွဲ့အစည်းကို ကိုယ် စားပြုသည်ဟု ဆိုသူတို့က အပြစ်အမျိုးမျိုးရှာ၍ ကန့်ကွက်လာကြပါသည်။
          ယနေ့မြန်မာနိုင်ငံဥပဒေတွင် ပြည်ထောင်စုမြန်မာနိုင်ငံ ဥပဒေ၏ အတွဲ ``တစ်´´ တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော် အက်ဥပဒေ -
          ဗြိတိသျှတို့သည် မြန်မာနိုင်ငံကိုသိမ်းယူပြီး ၁၈၉၈ ခုနှစ်တွင် မြန်မာနိုင်ငံ တရားဥပဒေများ အက်ဥပဒေ (Thef Burma Laws Act) ပုဒ်မ ၁၃ ကို အောက်ပါအတိုင်းပြဋ္ဌာန်း၍ အိမ်ထောင်ရေးအမှုကိစ္စ တို့ကို ကိုးကွယ်သည့် ဘာသာအလိုက် ခွဲခြားစီရင်စေခဲ့သည်။
          ထိုမြန်မာနိုင်ငံ တရားဥပဒေများ ပုဒ်မ ၁၃ အရမှာ -
၁။       မြန်မာနိုင်ငံတရားရုံးများတွင် အမွေဆက်ခံရေး၊ အမွေခွဲဝေရေး၊ ထိမ်းမြားရေး (သို့) အဖွဲ့အစည်း တစ်စုံတစ်ရာတို့နှင့် ပတ်သက်သည့် မည်သည့်ပြဿနာကိုမဆို အဆုံးအဖြတ်ပေးရန်ရှိလျှင်
          (က)    အမှုသည်များသည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြလျှင် ဗုဒ္ဓဘာသာ တရား ဥပဒေ၊
          ( ခ)    အမှုသည်များသည် မဟာမေဒင်ဘာသာဝင်များဖြစ်ကြလျှင် မဟာမေဒင် တရားဥပဒေ၊
          ( ဂ)    အမှုသည်များသည် ဟိန္ဒူဘာသာဝင်များဖြစ်ကြလျှင် ဟိန္ဒူတရားဥပဒေတို့အရ အဆုံးအဖြတ် ပေးရမည်ဟူ၍ ဖြစ်ပါသည်။
ထို့ကြောင့်
          (၁)     ဟိန္ဒူဘာသာဝင်သည် ဟိန္ဒူဘာသာဝင်အချင်းချင်း
          (၂)     အစ္စလာမ်ဘာသာဝင်သည် အစ္စလာမ်ဘာသာဝင် အချင်းချင်း
          (၃)     ခရစ်ယာန်ဘာသာဝင်သည် ခရစ်ယာန်ဘာသာဝင်အချင်းချင်းတို့သာ လက်ထပ်ခွင့်ရှိကြောင်း (ခရစ်ယာန်ဘာသာကမူ ဘာသာခြားနှင့်လက်ထပ်လျှင် ခရစ်ယာန်ဘုရားရှိခိုးကျောင်း၌သာ ယင်းတို့ထုံးစံနှင့် အညီ လက်ထပ်ရမည်ဖြစ်ကြောင်း) ယနေ့ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင် လက်ရှိတည်ဆဲပြဋ္ဌာန်း အက် ဥပဒေအဖြစ် လက်ခံပြဋ္ဌာန်းထားရှိပါလျက်နှင့် -
(၄)     ကျွန်ုပ်တို့ မြန်မာဗုဒ္ဓဘာသာများ လက်ခံကျင့်သုံးနေရသည့်
(က)    မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေနှင့်၊
( ခ)    ၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေတို့၌မူ မြန်မာ ဗုဒ္ဓဘာသာဝင်အမျိုးသမီးများကို မည်သည့်ဘာသာဝင်မဆို (ဘာသာမတူသူတို့က) လက်ထပ်ထိမ်းမြားခြင်းကို တရားဝင်ခွင့်ပြုထားရှိနေပါသည်။
          အထက်ပါ အမှတ်စဉ် (၁) (၂) (၃) ဘာသာများအတွက်မူ မြန်မာနိုင်ငံတော် ၏ အက်ဥပဒေ (တစ်နည်း) ပြဋ္ဌာန်းဥပဒေအဖြစ် တရားဝင်လက်ခံထားရှိပြီးဖြစ်ပါသည်။ (ထိုအချက်ကို ကျွန်ုပ်တို့ဘက်က မည်သို့မျှကန့်ကွက်ပြောဆိုရန်မရှိ လက်ခံထားပါသည်။)
          အထက်ပါ လက်ရှိအခြေအနေများနှင့် ယနေ့မျက်မှောက်ပေါ်ပေါက်နေသော ပကတိအခြေအနေများ ကို အကြောင်းပြု၍ အမျိုး ဘာသာ သာသနာ စောင့်ရှောက် ရေးအဖွဲ့ကြီးမှ
          (၁)     မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အရေးပေါ်ဥပဒေ (မူကြမ်း)
          (၂)     ကိုးကွယ်ရာဘာသာနှင့်ပတ်သက်၍ မှတ်ပုံတင်ဥပဒေ(မူကြမ်း)တို့ကို ဥပဒေများဖြင့် ပေါ်ပေါက် လာရန် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့သည်။
          စာဖတ်သူအနေဖြင့် ထိုဥပဒေ (မူကြမ်း) တို့ကို အလွယ်တကူဖတ်ရှုနိုင်ရန် အတွက် အောက်ပါအတိုင်း ထပ်မံဖော်ပြလိုက်ပါသည်။
မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများ
လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာအရေးပေါ် ဥပဒေ (မူကြမ်း)
(၁)     ဤဥပဒေကို ဗုဒ္ဓဘာသာအမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ (အရေးပေါ်) ဥပဒေဟု ခေါ်တွင်စေရမည်။
(၂)     မည်သူကိုမဆို မြန်မာဗုဒ္ဓဘာသာအမျိုးသမီးကို လက်ထပ်မည့်သူသည် တရားဝင်ဗုဒ္ဓဘာသာဝင် ဖြစ်ရ မည်။
(၃)     ဘာသာခြားဖြစ်ခဲ့သူက မြန်မာဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးကို လက်ထပ်ပေါင်းသင်းမည်ဆိုပါက ဗုဒ္ဓဘာသာဝင်ဖြစ်ကြောင်း တရားဝင်လက်မှတ်ရရှိထားသူ ဖြစ်ရမည်။
(၄)     ထို့အပြင် လက်ထပ်မည့် ဗုဒ္ဓဘာသာဝင်အမျိုးသမီး၏ မိဘ (သို့) အုပ်ထိန်းသူ၏စာဖြင့် တရားဝင် ခွင့်ပြုချက်ကို လက်ခံယူရမည်။
(၅)     အထက်ပါ သတ်မှတ်ချက်များနှင့်ညီညွတ်ပါက လက်ထပ်ထိမ်းမြားခြင်းကို သက်ဆိုင်ရာကျေးရွာ (သို့) ရပ်ကွက်အုပ်ချုပ်ရေးမှူးရှေ့တွင် လက်မှတ်ရေးထိုး လက်ထပ်ရမည်။
(၆)     အထက်ပါ ဥပဒေပြဋ္ဌာန်းချက်များအတိုင်း မလိုက်နာဘဲ မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးကို လက်ထပ်ခြင်း၊ ပေါင်းသင်းခြင်းပြုလုပ်ပါက ထိုသူကို ထောင်ဒဏ် (၁၀)နှစ် ကျခံစေရန် ပြစ်ဒဏ်ချမှတ် မည့်အပြင် ထိုသူပိုင်ပစ္စည်းအားလုံးကိုလည်း သိမ်းယူ၍ ထိုဗုဒ္ဓဘာသာဝင် အမျိုးသမီးအားပေးရမည်။
(၇)     ၄င်းအပြင်       ထိုသို့ကျူးလွန်သူအပေါ် ရာဇသတ်ကြီးဥပဒေ၏ ထိမ်းမြားခြင်း ဆိုင်ရာ ပြစ်မှုပုဒ်မ ၄၉၃ အပြင် သက်ဆိုင်ရာပုဒ်မတို့နှင့်ပါ သီးခြားအရေးယူအပြစ် ပေးရမည်။
(၈)     ဤအက်ဥပဒေအရ ၁၉၅၄ ခုနှစ်၊ ဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေကို မြန်မာဓလေ့ထုံးတမ်း ဥပဒေအသစ် ရေးဆွဲ ပြဋ္ဌာန်းပြီးသည့်အထိ ရုပ်သိမ်းထားရမည်။
(၉)     ဤအရေးပေါ်ဥပဒေကို (                   ) ပြဋ္ဌာန်းအတည်ပြုပြီး ချက်ချင်းအာဏာ တည်စေရမည်။
- - -  ဟူ၍ဖြစ်ပါသည်။  - - -