Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Thursday, January 1, 2015

အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို) ဥက္ကဋ္ဌဆရာတော်ဘုရားကြီး၏ နိုင်ငံ့သစ္စာစောင့်သိသူ (၂) ( ထုတ်နုတ်ဖော်ပြချက်)




“စည်းကမ်း”
စည်း တွင်းမှာ နေ၊ ကင်းကွေလိမ့် ရန်ဘေး
ကမ်း ကိုကျော်၊ ချော်ကာကျ၊ များလှရန်ဘေး။ (ရွှေကျင်ဆရာတော်)
စည်းကမ်းသည် လူ့တန်ဖိုးဖြစ်သည် ဟူသော ပညာရှင်များအဆိုအရ- စည်းကမ်းရှိသူ စည်းကမ်းလိုက်နာသူ သည် တန်ဖိုးမြင့်သူသာ ဖြစ်မည်၊ စည်းကမ်းသည် လူသားများအတွက် အန္တရာယ်ကင်းအောင် ကာကွယ်ပေး သောအရာဖြစ်သည်၊ စည်းကမ်းမလိုက်နာလျှင် ဖောက်ဖျက်လျှင် ဧကန်မုချ ဒုက္ခရောက်မည်သာ၊ ဆိုးကျိုးနှင့် ရင်ဆိုင်ရမည်သာဖြစ်သည်၊ လောက၌ အများအားဖြင့် တွေ့ရသည်မှာ စည်းမဲ့ကမ်းမဲ့နေလိုသူများ လတ်တလော သာယာမှုလိုက်လိုသူများ အရှည်မမြင်သူများ မိမိ၏ အနာဂတ်ကောင်းကျိုးကို မမြင်သူများသာ စည်းကမ်းကို မလိုလားသူ ဖောက်ဖျက်သူများ ဖြစ်နေကြပါသည်။

မြန်မာ့အမျိုးဂုဏ်
ယခင်က အမျိုးစောင့်ဥပဒေမရှိခဲ့ခြင်းကြောင့် မြန်မာနိုင်ငံသားများ အထူးသဖြင့် မြန်မာ့အမျိုးသမီးများ ထိခိုက် နစ်နာခဲ့ရသည်၊ လူ့အခွင့်အရေး ဆုံးရှုံးခဲ့ရသည်၊ သူများအနိုင်ကျင့်ချင်တိုင်း အကျင့်ခံခဲ့ရသည်၊ မည်သူမျှလည်း ကူညီကာကွယ်ခွင့်မရခဲ့၊ တစ်ချို့ဆိုလျှင် “ဘုံ မယား” အပြုခံရသည်၊ အချို့ဆိုလျှင် မခံနိုင်သည့်အဆုံး ကိုယ့်ကို ကိုယ် သတ်သေသွားကြရသည်၊ ကူညီစောင့်ရှောက်ပေးလိုသူရှိသော်လည်း ကူညီစောင့်ရှောက်ပေးနိုင်မည့် နည်းလမ်းမရှိခဲ့။

မြန်မာ့အမျိုးသမီးလေးများ

အဆိုပါ လူ့အခွင့်အရေးများ မဆုံးရှုံးစေရန် မနစ်နာစေရန် ဂုဏ်သိက္ခာမြင့်တက်စေရန် သူတပါး၏ အနိုင်ကျင့်မခံ ရစေရန် ရည်ရွယ်၍ အမြော်အမြင်ရှိသူများက အမျိုးစောင့်ဥပဒေဖြစ်ရေးကို ကြိုးစားအားထုတ်နေကြသည်။

ဤအမျိုးစောင့်ဥပဒေ၌ လူ့အခွင့်အရေး, အမျိုး ဘာသာ သာသနာ အခွင့်အရေး, အမျိုးသမီးအခွင့်အရေး ပိတ်ပင်တားဆီးမှု ဟန့်တားမှု, ဖျက်ဆီးမှု လုံးဝမပါ၊ မြန်မာ့အမျိုးသမီးများ စိတ်တိုင်းကျ လက်ထပ်ခွင့်ကိုလည်း ပိတ်ပင်တားဆီးခြင်းမရှိ၊ ဘာသာကူးပြောင်းခွင့်ကိုလည်း ပိတ်ပင်ထားခြင်းမရှိ၊ သို့သော် လက်ထပ်ပြီးနောက် မြန်မာ့အမျိုးသမီးများ အခွင့်အရေးထိခိုက်နစ်နာမှု မရှိစေရန်တော့ ဤဥပဒေက အကူအညီပေးနေမည်သာ ဖြစ်သည်၊ လူမျိုးတိုင်း နိုင်ငံတိုင်း ဘာသာတိုင်း မိမိအတွက် ထိခိုက်နစ်နာမှုမရှိအောင် ကာကွယ်ခွင့်ရှိကြသည်၊ ကိုယ့်ခြံစည်းရိုး ကိုယ်လုံအောင် ကာရမည်မှာ လုပ်သင့်သည့် လုပ်ငန်းသာဖြစ်သည်၊ မည်သူမျှ ဟန့်တားပိုင်ခွင့် မရှိ၊ မြန်မာ့ အမျိုး ဘာသာ သာသနာဂုဏ်, မြန်မာ့အမျိုးသမီးဂုဏ်ကို လုပ်ချင်သလို လုပ်လိုသူ, စိတ်တိုင်းကျ စော်ကားလိုသူများက သူတို့လိုအပ်သလို စော်ကားခွင့်မရရှိသဖြင့် ဤဥပဒေက လူ့အခွင့်အရေးချိုးဖောက်သည် ဟု “သူခိုးက လူ လူဟစ်” သည်ကို နားယောင်နေကြသည်မှာ ၀မ်းနည်းစရာပင် ဖြစ်သည်၊
၎င်းအပြင် မြန်မာ့အမျိုးသမီးများထဲက မိမိဂုဏ်သိက္ခာ အမျိုးဂုဏ်သက္ခာ ဇာတိဂုဏ်သိက္ခာကို မထိန်းသိမ်းသူ နေချင်သလို နေလိုသူ အမျိုးဂုဏ်ကိုမငဲ့သူ မစောင့်ထိန်းသူ နေချင်သလို နေလိုသူ အမျိုးဂုဏ်ကိုမငဲ့သူ မစောင့် ထိန်းသူ ဖျက်ဆီးလိုသူအချို့ကလည်း လူ့အခွင့်အရေးဖောက်ဖျက်သည်ဟု ပြောဆိုနေကြသည်၊ ဟစ်အော်နေ ကြသည်၊ မိမိတို့အတွက် အကူအညီပေးနိုင်မည့် ဤဥပဒေကို မသိမနားလည်လို့လား ဖျက်လိုဖျက်ဆီး လုပ်လို လို့လားတော့ မပြောတက်ပါ၊ အမျိုး ဘာသာချစ်သူတိုင်း ဤဥပဒေ၏ အနှစ်သာရကို နားလည်နိုင်ကြပါစေ။
ထိုနားယောင်နေသူများထဲတွင် နိုင်ငံရေးခေါင်းဆောင်များ၊ ပညာရှင်အမည်ခံများ၊ ရှေ့နေများ၊ စီးပွားရေးသမား များ၊ အနုပညာရှင်များ၊ ရဟန်းသံဃာအမည်ခံသူများ စသည့် အလွှာအသီးသီးတို့ ပါနေသည်ကိုလည်း တွေ့ရ သည်၊ နားမလည်လို့လား၊ သူခိုးဓားရိုးကမ်းလိုသူများလား ဆိုတာတော့ မရှင်းလင်းပါ။
ဤကဲ့သို့ မိမိ၏ အမျိုး ဘာသာ သာသနာနှင့် မြန်မာ့အမျိုးသမီးလေးများ အခွင့်အရေး မဆုံးရှုံး မနစ်နာစေရန် အကူအညီပေးမည့် အမျိုးစောင့်ဥပဒေကို ဟန့်တားသူ, နှောက်ယှက်သူ, ဖျက်လိုဖျက်ဆီးလုပ်သူ မှန်သမျှသည် မိမိတို့၏ အမျိုးဂုဏ်, ဘာသာဂုဏ်, သာသနာဂုဏ်, အမျိုးသမီးတို့၏ဂုဏ်များကို ဖျက်ဆီးသူ, အားမပေးသူ, မကူညီသူ, ရပ်တည်မပေးသူ, သူခိုးလက် ဓားရိုးကမ်းသူများသာ ဖြစ်ကြသည်။

No comments:

Post a Comment