Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Tuesday, January 27, 2015

အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို)၏ သဘောထားထုတ်ပြန်ချက် ( စာအမှတ်/ ၀၀၂၁၊ ၂၀၁၅)


ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ၏ မြန်မာနိုင်ငံအပေါ် မလျော်ညီသည့် လူ့အခွင့်အရေး၊ လူမျိုးရေး၊ ဘာသာရေး ၀င်ရောက်စွက်ဖက်မှုအပေါ် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (ဗဟို)၏ သဘောထားထုတ်ပြန်ချက်အား အများပြည်သူ, ရဟန်း,ရှင်,လူ,အများ သိရှိနိုင်စေရန် ထုတ်ပြန်ကြေညာလိုက်ပါသည်။

အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို)၏ သဘောထားထုတ်ပြန်ချက် ( စာအမှတ်/ ၀၀၂၁၊ ၂၀၁၅)

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီက ဇန်န၀ါရီ-၁၆၊ ၂၀၁၅ခု နေ့ရက်ဝယ် ဆီဒိုးနားဟိုတယ်၌ပြုလုပ်သော သတင်းစာရှင်းလင်ပွဲ၌ ရခိုင်ပြည်နယ်၌ ဘင်္ဂါလီနှင့်ရိုဟင်ဂျာဟူ၍ အသုံးအနှုန်းအငြင်းပွားနေသော်လည်း ကုလသမဂ္ဂထံ အစီအရင်ခံတင်ပြရာတွင် ရိုဟင်ဂျာဟုသာ သုံးစွဲတင်ပြ မည်ဟုလည်းကောင်း၊ ရိုဟင်ဂျာကို ဘင်္ဂါလီဟုသတ်မှတ်ပါက နိုင်ငံသားအခွင့်အရေးအပြင် အခြားအခွင့်အရေး အားလုံး ဆုံးရှုံးသွားမည်ဟုလည်းကောင်း၊ ကုလသမဂ္ဂ လူနည်းစုအခွင့်အရေး စံနှုန်းများအရ နိုင်ငံတကာမှ လည်း ရိုဟင်ဂျာဟုသာ ဆက်လက်ခေါ်ဆိုမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ရိုဟင်ဂျာအမည်ခံဘင်္ဂါလီများကို နိုင်ငံသားအခွင့်အရေးပေးရေးနှင့် နိုင်ငံအတွင်း လွတ်လပ်စွာသွားလာခွင့်ပြု ရေးအတွက် မြန်မာအစိုးရအားတိုက်တွန်းရန် (၆၉)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၌လည်း အဆို တင်သွင်းခဲ့ပါသည်၊

၁။ မြန်မာနိုင်ငံ၏ တိုင်းရင်းသားမျိုးနွယ်စု သမိုင်းစဉ်ဆက်တွင် ရိုဟင်ဂျာဟူသောအမည် လုံးဝမရှိခဲ့ပါ၊ ၁၉၇၅-ခု၊ ဒီဇင်ဘာ-၂၃ရက်စွဲဖြင့် ထုတ်ပြန်သော မြန်မာနိုင်ငံဆိုင်ရာ အင်္ဂလန်သံရုံး၏ သဘောထားမှတ်ချက်တစ်ခုတွင် လည်း Bangladesh and Burma. He admitted that there were upward of a million Bangalee trespassers in Arkan whom the Burmese had some right to eject. ဟု ခိုးဝင်ဘင်္ဂါလီကုလားများအဖြစ် သာ မှတ်ချက်ပြုထားသည့် အထောက်အထားလည်း အခိုင်အလုံရှိနေပါသည်၊ ရိုဟင်ဂျာဟူသော အမည်, အသုံးအနှုန်း, လူမျိုးများ လုံးဝမရှိခဲ့ပါ။

၂။ မြန်မာနိုင်ငံသည် ကုလသမဂ္ဂအသိအမှတ်ပြု တရားဝင်လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင်စိုးသော နိုင်ငံတစ်နိုင်ငံဖြစ်သည်၊ ကိုယ်ပိုင်ယဉ်ကျေးမှုများဖြင့် သမိုင်းအစဉ်အလာကြီး မားသော နိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်၊ တစ်ချိန်က ကမ္ဘာ့စစ်မီးကြီး ဖြစ်လုနီးပါး တကဲကဲအသည်းယားစရာဖြစ်နေသည့် တတိယကမ္ဘာစစ်ကြီးကို ပင် မြန်မာ့ဂုဏ်ဆောင် ကုလသမဂ္ဂအတွင်းဝန်ချုပ် ဦးသန့်ကိုယ်တိုင်ဦးစီးပြီး သမာသမတ်ကျအောင် ကမ္ဘာကပင် လေးစားရသော ဆုံးဖြတ်ကိုင်တွယ်ဖြေ ရှင်းပေးခဲ့ဘူးသည့် သမိုင်းကြောင်းကြီး ကမ္ဘာ့သမိုင်းမှာ အထင်အရှားရှိခဲ့ပါသည်၊ ဒါဟာ တာဝန်ယူ ကိုင်တွယ်ဆုံးဖြတ်သည့် ဦးဆောင်ပုဂ္ဂိုလ်၏ အရည်အသွေးမှတ်ကျောက်ပင် ဖြစ်ခဲ့ပါသည်။

၃။ မြန်မာနိုင်ငံအရေးကို မြန်မာပြည်သူများကသာ ဆုံးဖြတ်ပိုင်ခွင့်ရှိသည်၊ မြန်မာပြည်တွင်းရေးကို အခြားမည် သည့်နိုင်ငံ, မည်သည့်အဖွဲ့အစည်း, မည်သည့်လူမျိုးကမျှ ၀င်ရောက်စွက်ဖက် ဖိအားပေးအကြပ်ကိုင်ခြင်း ပြုလုပ်ခွင့် လုံးဝမရှိပါ။

၎။ ယင်းသို့ပြောကြားခဲ့ခြင်းသည် မြန်မာ့တိုင်းပြည်နှင့်လူမျိုး သမိုင်းအစဉ်အလာကို ဖျက်ဆီးရာရောက်ရုံမက အချုပ်အခြာအာဏာပိုင်သည့် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ပြောင်ပြောင်တင်းတင်း ၀င်ရောက်စွက်ဖက်ရာ ရောက်သဖြင့် ကုလသမဂ္ဂ၏ အခြေခံမူဝါဒများ, သဘောထားများ, ပဋိညာဉ်များကို ချိုးဖောက်ရာလည်းရောက် သည်၊ ကုလသမဂ္ဂအဖွဲ့ကြီး၏ ကြီးမားသည့်ဂုဏ်သိက္ခာများကိုပင် များစွာထိခိုက်စေနိုင်ပါသည်၊

ယနေ့ကမ္ဘာ့ဒေသအသီးသီး၌ ကမ္ဘာကိုအန္တရာယ်ပြုနေသော လူ့အခွင့်အရေးချိုးဖောက်နေသော အစွန်းရောက် အကြမ်းဖက်အဖွဲ့အစည်းများ နိုင်ငံများကိုတော့ မသိကျိုးကျွံ မျက်ကွယ်ပြုနေသည်မှာ ရှက်ဖွယ်ကောင်းလှပါသည်၊ မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂအဖွဲ့ကြီးကို အားကိုးရကျိုးနပ်ချင်လှပါသည်၊
ယနေ့ကမ္ဘာပေါ်မှာ အစွန်းရောက်အကြမ်းဖက်ဝါဒီများ၏ အန္တရာယ်ကို အင်အားကြီးနိုင်ငံများဖြစ်သည့် ဂျာမဏီ, ပြင်သစ်, အမေရိကန်, ဗြိတိန်, တရုတ်, ရရှားအပါအ၀င် တစ်ကမ္ဘာလုံးက စိုးရိမ်တကြီး သူ့နည်းသူ့ဟန်ဖြင့် အမျိုးသားလုံခြုံရေး ကာကွယ်နေကြရသည်ကို ကမ္ဘာ့စာမျက်နှာများ၌ ထင်ထင်ရှားရှားတွေ့နေရပါသည်။

အဖက်ဖက်က ညီညွတ်ရေးတည်ဆောက်နေရသည့် မြန်မာနိုင်ငံအနေဖြင့် ရိုဟင်ဂျာများကို နိုင်ငံသားအဖြစ် လက်မခံနိုင်သည်ကို နိုင်ငံကြီးများ ဖွံ့ဖြိုးပြီးနိုင်ငံများအနေဖြင့် စာနာနားလည်နိုင်လိမ့်မည်ဟု တစ်ထစ်ချယုံ ကြည်မိပါသည်၊ မြန်မာနိုင်ငံအတွက် အခက်အခဲဖြစ်နေသည်ကို နိုင်ငံကြီးများ ဖွံ့ဖြိုးပြီးနိုင်ငံများက နားလည်ပေး ကြပါ၊ ကိုယ်ချင်းစာပေးကြပါဟု အထူးတိုက်တွန်းပါသည်။

အဆိုပါအခြေအနေအရပ်ရပ်တို့ကြောင့် မြန်မာ့လက်ရှိဥပဒေနှင့် မကိုက်ညီသည့် မစ္စယန်ဟီးလီ၏ အဆိုပါပြော ဆိုချက်ကိုလည်း လုံးဝလက်မခံကြောင်း ပယ်ချကြောင်း မြန်မာနိုင်ငံ တိုင်းရင်းသား, ရဟန်း, ရှင်, လူ, ပြည်သူ အားလုံး၏ကိုယ်စား မဘသအဖွဲ့ကြီးက သဘောထားထုတ်ပြန်ကြေ ညာအပ်ပါသည်။

စာအမှတ်၊ ၀၀၂၁/ စီမံ-မဘသ/ ၂၀၁၅
နေ့စွဲ၊ ၁၃၇၆-ခု၊ တပို့တွဲလဆန်း-၇ရက်၊
(ဇန်န၀ါရီလ-၂၆)၊ တနင်္လာနေ့။

ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့(ဗဟို)၊
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒါစရိယ၊
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။

No comments:

Post a Comment