Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Monday, January 5, 2015

၂၀၁၄-ခု၊ ဒီဇင်ဘာ ၂၉-ရက်နေ့၌ ကျင်းပသော ၆၉-ကြိမ်မြောက် ကုလသမဂ္ဂ၏ အထွေထွေညီလာခံမှ ရိုဟင်ဂျာအမည်ခံ ဘင်္ဂါလီများကို နိုင်ငံသားအခွင့်အရေးပေးရန်နှင့် နိုင်ငံအတွင်း လွတ်လပ်စွာသွားလာခွင့်ပြုရန် မြန်မာအစိုးရအားတိုက်တွန်းကြောင်း အပေါ် အမျိုး ဘာသာ သသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို)ရဲ့ သဘောထားထုတ်ပြန်ချက်လေးပါ။




အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို)၏
သဘောထားထုတ်ပြန်ချက် (၀၀၂၀)

၂၀၁၄-ခု၊ ဒီဇင်ဘာ ၂၉-ရက်နေ့၌ ကျင်းပသော ၆၉-ကြိမ်မြောက် ကုလသမဂ္ဂ၏ အထွေထွေညီလာခံမှ ရိုဟင်ဂျာအမည်ခံ ဘင်္ဂါလီများကို နိုင်ငံသားအခွင့်အရေးပေးရန်နှင့် နိုင်ငံအတွင်း လွတ်လပ်စွာသွားလာခွင့်ပြုရန် မြန်မာအစိုးရအားတိုက်တွန်းကြောင်း ဆုံးဖြတ်ခဲ့ပါသည်။

၁။ မြန်မာနိုင်ငံ၏ တိုင်းရင်းသားမျိုးနွယ်စု သမိုင်းစဉ်ဆက်တွင် ရိုဟင်ဂျာဟူသောအမည် လုံးဝမရှိခဲ့ပါ၊ ၁၉၇၅-ခု၊ ဒီဇင်ဘာ-၂၃ရက်စွဲဖြင့် ထုတ်ပြန်သော မြန်မာနိုင်ငံဆိုင်ရာ အင်္ဂလန်သံရုံး၏ သဘောထားမှတ်ချက်တစ်ခုတွင် လည်း Bangladesh and Burma. He admitted that there were upward of a million Bangalee trespassers in Arkan whom the Burmese had some right to eject. ဟု ခိုးဝင်ဘင်္ဂါလီ ကုလားများအဖြစ် သာ မှတ်ချက်ပြုထားသည့် အထောက်အထားလည်း အခိုင်အလုံရှိနေပါသည်၊ ရိုဟင်ဂျာဟူသော အမည်, အသုံးအနှုန်း, လူမျိုးများ လုံးဝမရှိခဲ့ပါ။

၂။ မြန်မာနိုင်ငံသည် ကုလသမဂ္ဂအသိအမှတ်ပြု တရားဝင်လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင်စိုးသော နိုင်ငံတစ်နိုင်ငံဖြစ်သည်၊ ကိုယ်ပိုင်ယဉ်ကျေးမှုများဖြင့် သမိုင်းအစဉ်အလာကြီးမားသော နိုင်ငံတစ်နိုင်ငံလည်းဖြစ် သည်၊ တစ်ချိန်က ကမ္ဘာစစ်ကြီး ဖြစ်လုနီးပါး တကဲကဲအသည်းယားစရာ ဖြစ်နေသည့် တတိယကမ္ဘာစစ်ကြီးကို ပင် မြန်မာ့ဂုဏ်ဆောင် ကုလသမဂ္ဂအတွင်းဝန်ချုပ် ဦးသန့်ကိုယ်တိုင်ဦးစီးပြီး သမာသမတ်ကျအောင် ကမ္ဘာကပင် လေးစားရသော ဆုံးဖြတ်ကိုင်တွယ်ဖြေရှင်းပေးခဲ့ဖူးသည့် သမိုင်းကြောင်းကြီး ကမ္ဘာ့သမိုင်းမှာ အထင်အရှားရှိခဲ့ ပါသည်၊ ဒါဟာ တာဝန်ယူကိုင်တွယ်ဆုံးဖြတ်သည့် ဦးဆောင်ပုဂ္ဂိုလ်၏ အရည်အသွေးမှတ်ကျောက်ပင် ဖြစ်ခဲ့ပါသည်၊

၃။ မြန်မာနိုင်ငံ၏အရေးကို မြန်မာပြည်သူများကသာ ဆုံးဖြတ်ပိုင်ခွင့်ရှိ သည်၊ မြန်မာ့ပြည်တွင်းရေးကို အခြားမည် သည့်နိုင်ငံ, မည်သည့်အဖွဲ့အစည်း, မည်သည့်လူမျိုးကမျှ ၀င်ရောက်စွက်ဖက် ဖိအားပေးအကြပ်ကိုင်ခြင်း ပြုလုပ်ခွင့် လုံးဝမရှိပါ။

၎။ ယင်းသို့ဆုံးဖြတ်လိုက်ခြင်းသည် အင်အားကြီးမားသော မဲဆန္ဒများဖြင့် အင်အား နည်းနေသော နိုင်ငံတစ်နိုင်ငံ ကို အနိုင်ကျင့်ရာရောက်သည့်အပြင် ကုလသမဂ္ဂ၏ မူဝါဒများ, သဘောထားများ, ပဋိညာဉ်များကို ချိုးဖောက်ရာ ရောက်နေသဖြင့် ကုလသမဂ္ဂအဖွဲ့ကြီး၏ ကြီးမားသည့်ဂုဏ်သိက္ခာများကိုပင် များစွာထိခိုက်စေနိုင်ပါသည်။
ယနေ့ကမ္ဘာ့ဒေသအသီးသီး၌ ကမ္ဘာကိုအန္တရာယ်ပြုနေသော, လူ့အခွင့်အရေးချိုးဖောက်နေသော အစွန်းရောက် အကြမ်းဖက် အဖွဲ့အစည်း များ, နိုင်ငံများကိုတော့ မသိကျိုးကျွံ မျက်ကွယ်ပြုနေသည်မှာ ရှက်ဖွယ်ကောင်းလှပါ သည်၊ ကုလသမဂ္ဂအဖွဲ့ကြီးကို အားကိုးရကျိုးနပ်ချင်လှပါသည်။

အင်အားနည်းနေသည့် မြန်မာနိုင်ငံအနေဖြင့် လက်မခံနိုင်သည်ကို နိုင်ငံကြီးများ, ဖွဲ့ဖြိုးပြီးနိုင်ငံများအနေဖြင့် စာနာနားလည်နိုင်လိမ့်မည်ဟု တစ်ထစ်ချ ယုံကြည်မိပါ သည်၊ မြန်မာနိုင်ငံအတွက် အခက်အခဲဖြစ်နေသည်ကို နိုင်ငံကြီးများ ဖွဲ့ဖြိုးပြီးနိုင်ငံများက တာဝန်ယူလက်ခံပေးကြပါဟု အထူးတိုက်တွန်းပါသည်။

အဆိုပါအခြေအနေ အရပ်ရပ်တို့ကြောင့် မြန်မာ့လက်ရှိဥပဒေနှင့် မကိုက်ညီသည့်-
၂၀၁၄-ခု၊ ဒီဇင်ဘာ ၂၉-ရက်နေ့၌ ကျင်းပသော ၆၉-ကြိမ်မြောက် ကုလသမဂ္ဂ၏ အထွေထွေညီလာခံမှ ရိုဟင်ဂျာအမည်ခံ ဘင်္ဂါလီများကို နိုင်ငံသားအခွင့်အရေးပေး ရန်နှင့် နိုင်ငံအတွင်း လွတ်လပ်စွာသွားလာခွင့်ပြုရန် မြန်မာအစိုးရအား တိုက်တွန်းကြောင်းဆုံးဖြတ်ချက်ကို လုံးဝလက်မခံကြောင်း, ပယ်ချကြောင်း မြန်မာနိုင်ငံ တိုင်းရင်းသား ရဟန်းရှင်လူ ပြည်သူအား လုံး၏ကိုယ်စား သဘောထား ထုတ်ပြန် ကြေညာအပ်ပါသည်။

စာအမှတ်၊ ၀၀၂၀/စီမံ-မဘသ/၂၀၁၅
နေ့စွဲ၊ ၁၃၇၆-ခု၊ ပြာသိုလပြည့်ကျော် ၁-ရက်၊
(ဇန်န၀ါရီ-၅၊ ၂၀၁၅)၊ တနင်္လာနေ့

ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့(ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒါစရိယ
ရွာမပရှိယတ္တိစာသင်တိုက်၊ အင်းစိန်။

No comments:

Post a Comment