Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Saturday, June 7, 2014

အခန်း(၃) အခြေခံမူများ

အခြေခံမှုများ
၅။ဤစည်းမျဉ်းနှင့် ဤအဖွဲ့သည် ဗုဒ္ဓမြတ်စွာဘုရား၏ ဓမ္မ၀ိနယ၊ မြန်မာဓလေ့ထုံးတမ်း ဥပဒေများနှင့်အညီ သာလျှင် ဖြစ်စေရမည်။
၆။ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ကြီးတို့နှင့်ပူးပေါင်း   ဆောင်ရွက်သွားရန် ဖြစ်စေရမည်ဖြစ်သည်။
၇။အမျိုး ဘာသာ သာသနာရေးကိစ္စများ၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကြီးတို့အား စွမ်းနိုင်သလောက် ပံ့ပိုးကူညီနိုင်ရန် သီးခြားလွတ်လပ်သည့် အဖွဲ့အ စည်း ဖြစ်စေရမည်။
၈။ဂိုဏ်းပေါင်းစုံ သံဃာ့အဖွဲ့အစည်းကြီးက သတ်မှတ်ထားသော သံဃဂိုဏ်းများမှတစ်ပါး သီးခြားသံဃ ဂိုဏ်းမဟုတ်စေဘဲ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအတွက် သက်သက်သာဖြစ်သည့် ရဟန်း ရှင်၊လူ ပြည်သူများပါဝင်သော ဘာသာရေး၊ လူမှုရေး အခြေပြု သာသနာပြုအဖွဲ့အစည်းသာ ဖြစ်စေရ မည် ဖြစ်သည်။
၉။ဤအဖွဲ့ကြီး၌ ဂိုဏ်းပေါင်းစုံ သံဃအဖွဲ့စည်းဝင် ဆရာတော်များ အပါအ၀င် အမျိုး ဘာသာ သာသနာ ချစ်မြတ်နိုးသူ၊ အများလေးစားရသည့် -
          (က)ဆရာတော် သံဃာတော်များ
          (ခ)နိုင်ငံခေါင်းဆောင်များ၊
          (ဂ)ပါတီအသီးသီးမှ ပုဂ္ဂိုလ်များ၊
    (ဃ)သမိုင်းပညာရှင်၊ ဥပဒေပညာရှင်၊ ဘာသာရေးပညာရှင်၊ အနုပညာရှင်၊ စာနယ်ဇင်းပညာရှင် စသော အလွှာအသီးသီးမှ ရဟန်း၊ ရှင်သာမဏေ၊ သီလရှင်များနှင့် အမျိုးသား၊ အမျိုးသမီး၊ အသိပညာရှင်၊ အတက် ပညာရှင်များ အားလုံး ပါဝင်စေရမည်ဖြစ်သည်။
    (င)အမျိုး ဘာသာ သာသနာရေး ကိစ္စဆောင်ရွက်ရာ၌ စုပေါင်းဆုံးဖြတ်ခြင်း၊ အများ၏သဘောထားနှင့် ဆန္ဒကို အနည်းစုက လိုက်နာခြင်း၊ အနည်းစု၏ သဘောထားနှင့်ဆန္ဒကို အများကလေးစားခြင်း၊ အထက် အဖွဲ့အစည်း၏ဆုံးဖြတ်ချက်နှင့် ညွှန်ကြားချက်များကို အောက်အဖွဲ့က လိုက်နာဆောင် ရွက်ပေးခြင်းအော က်အဖွဲ့အစည်း၏တင်ပြချက်ကို အထက်အဖွဲ့အစည်းကအလေးဂရုပြု အရေးတယူဆောင် ရွက်ပေးခြင်း တို့ကို ဓမ္မ၀ိနယနှင့်အညီပြုလုပ်ရမည်ဖြစ်သည်။

No comments:

Post a Comment