Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Friday, June 6, 2014

ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း (အခန်း-၂)

အခန်း(၂)

အမည်၊ အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် တည်နေရာ

၂။(က) အဖွဲ့၏အမည်ကို အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (သာသန၀ံသပါလအဖွဲ့) ဟုမြန်မာအမည်ဖြင့်လည်းကောင်း၊ Patriotic Association of Myanmar (PAM) ဟုအင်္ဂလိပ်အမည်ဖြင့် လည်းကောင်း ခေါ်တွင်စေရမည်။
(ခ)ဤဖွဲ့စည်းပုံစည်းမျဉ်ကို အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(သာသန၀ံပါလအဖွဲ့)ဖွဲ့စည်း ပုံအခြေခံစည်းမျဉ်း ဟု ခေါ်တွင်စေရမည်ဖြစ်သည်။
(ဂ)အဖွဲ့တည်နေရာကို အမှုဆောင်အဖွဲ့က သတ်မှတ်သည့်နေရာတွင် တည်ရှိစေရမည်ဖြစ်သည်။
၃။အဖွဲ့ဆိုသည်မှာ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (သာသန၀ံပါလအဖွဲ့)၏ ဗဟိုအဆင့် အဖွဲ့၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့်အဖွဲ့၊ ခရိုင်အဆင့်အဖွဲ့၊ မြို့နယ်အဆင့်အဖွဲ့၊ ရပ်/ကျေးအဆင့် အဖွဲ့များကိုဆိုလိုသည်။
၎။  ဤစည်းမျဉ်းတွင် ပါဝင်သော ဖော်ပြပါဝေါဟာရများကို အောက်ပါအတိုင်း အဓိပ္ပါယ်သက်ရောက်စေရ မည်ြ ဖစ်သည်။
(က) အမျိုး ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း ဗုဒ္ဓဘာသာမရောက်မီကပင် တည်ရှိ ခဲ့သော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသော(၁၃၅)မျိုးသော မူလမျိုးနွယ်စုများ ပါဝင် သည့်  လူမျိုးများကိုဆိုလိုသည်။
(ခ)ဘာသာ ဆိုသည်မှာ ယင်းလူမျိုးများ ကိုးကွယ်သည့်ဘာသာများကို ဆိုလိုသည်။
(ဂ)သာသနာ ဆိုသည်မှာ ဗုဒ္ဓမြတ်စွာဘုရား၏ အဆုံးအမတော်များကို ဆိုလိုသည်။
(ဃ) စောင့်ရှောက် ဆိုသည်မှာ မိမိအမျိုး ဘာသာ သာသနာ အတွက် ကာကွယ်ခြင်း၊ ထိန်းသိမ်းခြင်း ၊စောင့်ရှောက်ခြင်းတို့ကို ဆိုလိုသည်။

No comments:

Post a Comment