Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Thursday, June 12, 2014

အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (ဗဟို)မှ တင်ပြလာသောဥပဒေတို့နှင့် ပတ်သက်၍ လူ့အခွင့်အ ရေး စောင့်ကြည့်လေ့လာရေးအဖွဲ့နှင့် နားလည်သိရှိလိုသူများအတွက် ပြန်ကြားချက် ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (ဗဟို)မှ ရုံးဦးစီးမှူး ဦးမျိုးအောင်က ဥပဒေပညာရှင် ဦးရဲခေါင်ညွန့်အား တွေ့ဆုံမေးမြန်းခြင်း အပိုင်း (၁)


မေး။ ၂၆-၃-၂၀၁၄ နေ့ထုတ် စံတော်ချိန် နေ့စင်သတင်းစာမှာ လွှတ်တော်တွင်သုံးသပ်နေဆဲ မျိုးစောင့်ဥပဒေ အဆိုပြချက်များ လက်ရှိဖွဲ့စည်းပုံနှင့်မညီကြောင်း အိတ်ခ်ျအာရ်ဗလျူဝေဖန်
ဗန်ကောက်၊ မတ်၂၅
လွှတ်တော်တွင် သုံးသပ်နေဆဲဖြစ်သော အမျိုးစောင့်ဥပဒေကြမ်း အဆိုပြုချက်များသည် လက်ရှိကျင့်သုံးဆဲ ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်လည်း ကိုက်ညီမှုမရှိကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ အိတ်ခ်ျအာရ်ဒဗလျူက မတ် ၁၂ရက်နေ့တွင် ဝေဖန်ခဲ့ပြီး ယင်းအဆိုပြုချက်များ ရုပ်သိမ်းပေးရန် သမ္မတနှင့် လွှတ်တော်နာယကတို့ကို တိုက်တွန်းခဲ့ကြောင်း သိရသည်။
ကန့်သက်ထား
လက်ရှိသုံးသပ်နေဆဲ မျိုးစောင်ဥပဒေကြမ်း အဆိုပြုချက်များသည် ဘာသာရေးလွတ်လပ်ခွင့်နှင့် အမျိုးသမီးများ ၏ အခွင့်အရေးများကို ကန့်သတ်ထားပြီး ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းပါ လူလူချင်း  ခွဲခြားဆက်ဆံမှု တားမြစ်ရေး ပြဋ္ဌာန်းချက်ကိုလည်း ချိုးဖောက်ရာရောက်သည့် အဆိုပြုချက်များဖြစ်ကြောင်း အိတ်ခ်ျအာရ်ဒဗလျူ က ပြောကြားခဲ့သည်။
ချိုးဖောက်
မျိုးစောင့်ဥပဒေကြမ်း အဆိုပြုချက်များသည် မြန်မာနိုင်ငံအပါအ၀င် လက်မှတ်ရေးထိုးထားသော လူလူချင်းခွဲ ခြားဆက်ဆံမှုပုံစံမှန်သမျှ တိုက်ဖျက်ရေး ကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက် အပိုဒ်-၁၆ကိုလည်း ချိုးဖောက်ရာရောက် ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ဝေဖန်ခဲ့သည်။
ဆန့်ကျင်
ထို့အပြင် လက်ရှိကျင့်သုံးဆဲ ဖွဲ့စည်းပုံအခြေခံ ဥပဒေအပိုဒ်-၃၄၈ပါ နိုင်ငံတော်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူးဋ္ဌာနန္တရ၊ အဆင့်အတန်း ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာတို့ကို အကြောင်းပြု၍ ခွဲခြားမှုမရှိစေရဟူ၍ ဖော်ပြထားရာ မျိုးစောင့်ဥပဒေကြမ်း အဆိုပြုချက်များသည် ယင်းပြဋ္ဌာန်းချက်နှင့်လည်း ဆန့်ကျင်နေကြောင်း အိတ်ခ်ျအာရ်ဒဗလျူက ပြောကြားသည်… လို့ဖော်ပြထားပါတယ်။ ဒီကိစ္စနဲ့ပတ်သတ်လို့ ဘီဘီစီတို့ ဗီအိုအေတို့ ကလည်း ထုတ်လွှင့်တယ်လို့ သိရပါတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ ဆရာကြီး ဦးရဲခေါင်ညွှန့်က ဘယ်လိုအ ကြောင်းပြန် ဖြေရှင်းလိုပါသလဲ ?
ဖြေ ။ အိတ်ခ်ျအာဒဗလျူက ဝေဖန်သုံးသပ်ထားတဲ့ကိစ္စမှာ အချက်နှစ်ချက်အပေါ်မှာ အခြေခံထားပါတယ်။
(၁) လူ့အခွင့်အရေးနှင့်ဆန့်ကျင်ပြီး ၂၀၀၈ အခြေခံဥပဒေနှင့်လည်း မကိုက်ညီကြောင်း
(၂) မြန်မာနိုင်ငံပါဝင်လက်မှတ်ရေးထိုးထားတဲ့ လူလူချင်း ခွဲခြားဆက်ဆံမှုပုံစံမှန်သမျှ တိုက်ဖျက်ရေးကွန်ဗင်း ရှင်းပါ ပြဋ္ဌာန်းချက် အပိုဒ်-၁၆ ကိုလည်း ချိုးဖောက်ရာရောက်ကြောင်းတို့ကို အခြေခံပြီး ကန့်ကွက်လာတာကို တွေ့ရပါတယ်။
ပြောရမယ်ဆိုရင်တော့ အရင်းအမြစ်ကိုစပြီး ပြောရပါလိမ့်မယ်။လူ့အခွင့်အရေးကြေညာစာတမ်းကို ဖတ်ကြည့်မယ်ဆိုရင် အခွင့်အရေးဟူသော အကြောင်းတွေကိုသာ အမျိုးမျိုးရေးထားတယ်။ လူဆိုတဲ့ စကားရပ် နဲ့ ဝေါဟာရကို လုံးဝဖော်ပြရှင်းလင်းထားခြင်း (Define) လုပ်ထားတာ (လုံးဝ)မရှိပါဘူး။ ဆိုလိုတာက (Defination) လုံးဝမရှိပါဘူး။ ဒီလိုပြောလိုက်တော့ လူဆိုတာကိုတောင်မသိဘူးလားလို့ ပြန်မေးချင်မေးမယ်။ အဲ့ဒါကတော့ အားလုံးသိတဲ့အတိုင်းပါပဲ။ အထူးရှင်းပြစရာမလိုတော့ပါဘူး။ လူယောက်ျားနှင့် လူမိန်းမပေါင်း သင်းရာမှ လူကလေးမွေးဖွားလာပြီး အဲ့ဒီလူကလေးအသက်ရှင်ရာမှ တစ်စတစ်စကြီးပြင်းလာပြီး သေဆုံးချိန်ထိ သူ့ကိုအားလုံးက လူဆိုတာ သိကြပါတယ်။
ဒါပေမဲ့ အဲ့ဒီလူလေးကို ကြည့်မယ်ဆိုရင် သူ့အသက်အလိုက်၊ အလုပ်အကိုင်အလိုက် အဆင့်အဆင့် ကွဲပြားခြားနားလာပါတယ်။ မွေးကင်းစကလေးအရွယ်ကလည်းလူပဲ။ လေးဖက်သွားရာကလေ မတ်တပ်ရပ်ပြေး နိုင်တဲ့ အရွယ်ကလည်းလူပဲ။ မူလတန်းကျောင်းသားဘ၀ကလည်း လူပဲ။ အလားတူ အလယ်တန်း၊ အထက် တန်း ရောက်တဲ့ကျောင်းသားအရွယ်ကလည်း လူပဲ။အဲဒီလူက ကိုရင်ဘ၀၊ ဘုန်းကြီးဘ၀ ရောက်သွားရင်ရော လူပဲမဟုတ်လား။ စစ်သားဘ၀၊ ၀န်ထမ်းဘ၀မှာရောက်နေတဲ့ သူတွေကရော လူတွေပဲမဟုတ်လား။ စိတ်မနှံ၊ ရူးသွပ်သူတွေလည်း လူပဲမဟုတ်လား?
အဲ့ဒီလူ့အခွင့်အရေး ကြေညာစာတမ်းမှာ အထက်က ကျွန်တော်ပြောခဲ့တဲ့ကိစ္စကို ဘာမှဖော်ပြမထားဘဲ လူခမ်သိမ်း၊ လူတိုင်းသည် ဆိုသည့် စကားလုံးတွေသာ တွင်တွင်သုံးထားတဲ့အတွက် လူ့အခွင့်အရေးပါကိစ္စနှင့် ပတ်သက်၍ ပြောရမယ်ဆိုရင် ကလေးပေါက်စလည်း လူပါပဲ။ လူငယ်လူရွယ်တွေလည်း လူပဲ။ စစ်သား ကျောင်းသားတွေလည်း လူပဲ။ ဘုန်းကြီး၊ ရဟန်း၊ သီလရှင်တွေလည်း လူပဲမို့ အဲဒီပုဂ္ဂိုလ်အသီးသီးတွေက အခွင့်အရေးအားလုံး၊ လွတ်လပ်ခွင့်အားလုံးတို့ကို တူညီစွာပိုင်ဆိုင်ခံစားခွင့်ရှိတဲ့သဘောကို အဲဒီ ကြေညာ စာတမ်းမှာ ဖော်ပြထားတယ်။ အပိုဒ်-၂၁ကိုဖတ်ကြည့်ရင်
(၁) လူတိုင်းတွင် မိမိနိုင်ငံအုပ်ချုပ်ရေး၌ ကိုယ်တိုင်ဖြစ်စေ၊ လွတ်လပ်စွာရွေးချယ်လိုက်သည့် ကိုယ်စားလှယ်များ မှ တစ်ဆင့်ဖြစ်စေ ပါဝင်ဆောင်ရွက်နိုင်ခွင့်ရှိသည်။
(၂) လူတိုင်းတွင် မိမိနိုင်ငံရှိ ပြည်သူ့ဝန်ထမ်းအဖွဲ့၌ ၀င်ရောက်နိုင်ရန် တူညီသည့်အခွင့်အရေးရှိသည်။
          ယခုဖော်ပြတဲ့အပိုဒ်-၂၁ (၁) အချက်အရဆိုလျှင် ကလေးပေါက်စရော၊ ဘုန်းကြီးရဟန်းသီလရှင်ရော စိတ်မနှံ့ရူးသွပ်သူရော မဲပေးပိုင်ခွင့်၊ ကိုယ်တိုင်အရွေးခံနှိင်ခွင့်ပေးရမယ်လို့ အဓိပ္ပာယ်ရောက်နေပါတယ်။ အဲဒီလို ဆိုရင် လူ့အခွင့်အရေးသမားတွေအနေနဲ့ ဒီကိစ္စကို ဘယ်လိုဖြေမလဲ? ဒါကိုကြည့်ချင်းအားဖြင့် လူ့အခွင့်အရေး ကြေညာစာတမ်းမှာ ဘယ်ဟာကိုမှ လူလို့ပြောရမလဲ ?အဲ့ဒါကြောင့် လူ့အခွင့်အရေးကြေညာစာတမ်းဟာ မသေချာ မရေရာဘဲ ကိုယ့်ရှူးကိုယ်ပတ် ထွေးလုံးရစ်ပတ်နေပြီး လက်တွေ့ကျင့်သုံးလက်ခံလို့မရနိုင်ဘူးဆိုတာ အလွန်ထင်ရှားနေပါတယ်။ အဲ့ဒီကိစ္စကို လူ့အခွင့်အရေးသမားတွေနဲ့ ယခု Human Right Watch က ဘယ်လို ပြန်ဖြေရှင်းမလဲ။ အဖြေကိုသိလိုပါတယ်။ သူတို့တင်ပြတဲ့ လူ့အခွင့်အရေးကြေညာစာတမ်းအရဆိုရင် ဘာသာ သာသနာ အရေးမှာ လုပ်ဆောင်နေတဲ့ ဘုန်းကြီး၊ ရဟန်း၊ မယ်သီလရင်၊ ရူးသွပ်သူတို့ဟာ ၀င်ရောက်မဲပေးခွင့်၊ ၀င်ရောက်အရွေးခံခွင့်တို့ကို ခွင့်ပြုရမလိုဖြစ်နေပြီ။ အလားတူပင် ကလေးသူငယ်လူမမယ်များကိုလည်း ဒီအခွင့်အရေးကို ပေးရမလိုဖြစ်နေပြီ။ အဲဒီလိုဆိုရင် အခြေခံဥပဒေကြီးတစ်ခုလုံးကို ဖျက်ပစ်ရတော့မလား ?
          လူအခွင့်အရေးသမားများ ကြည့်လည်းပြောကြပါ။ အမှန်ကတော့ လူ့အဖွဲ့အစည်းမှာ အထက်က ကျွန်တော်ပြောခဲ့တဲ့ အသက်အရွယ်အပိုင်းအခြား၊ ကိုယ့်ရဲ့ဘ၀မှာ အဆင့်ဆင့်ပြောင်းလဲနေတဲ့ အနေအထား အလျောက် လူ့အဖွဲ့အစည်းမှာ ရပ်တည်တဲ့အနေအထားလျောက်သာ အခွင့်အရေး (Right)ရရှိနိုင်မည်ဖြစ်ပါ တယ်။ (Opportunity) ဆိုတဲ့အခွင့်အလမ်းသာ တူညီမယ်ဆိုရင် တူနိုင်ပါတယ်။
          Equal Right ဆိုတဲ့ တူညီတဲ့ အခွင့်အရေးမရနိုင်ပါဘူး။ ဒါကြောင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ- ၃၆၉ ကိုကြည့်ပါ။
          ၃၆၉။  ။ (က) နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ဖြစ်စေ ဥပဒေနှင်ဖြစ်စေ၊ သက်ဆိုင် ရာဥပဒေများနှင့် ဖြစ်စေ မဆန့်ကျင်လျှင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ် တော် သို့မဟုတ် ပြည်နယ်လွှတ်တော် တစ်ရပ်ရပ်တွင် ရွေးကောက်တင်မြှောက်ခွင့်နှင့် ရွေးကောက်တင် မြှောက်ခံပိုင်ခွင့်ရှိသည်လို့ ဆိုထားပါတယ်။
          အဲဒီအခြေခံဥပဒေပြဋ္ဌာန်းချက်အရဆိုရင် လူတိုင်းဟာ နိုင်ငံသားတိုင်းဖြစ်စေကာမှု ဤအဖွဲ့အစည်းပုံ အခြေခံဥပဒေနှင့်ဖြစ်စေ၊ သက်ဆိုင်ရာဥပဒေများဖြင့်ဖြစ်စေ မဆန့်ကျင်မှသာ ရွေးချယ်တင်မြောက်ခွင့်၊ ရွေးကောက်ပွဲမှာ ဆန္ဒမဲထည့်ပိုင်ခွင့်ရှိတယ်ဆိုတာ အလွန်ထင်ရှားနေပါတယ်။
          အဲ့ဒီအခွင့်အရေးနဲ့ပတ်သက်လို့ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ်-၂၁ (၁) မှာကတော့ ဒီလို မဟုတ်ပါဘူး လူတိုင်းတွင် မိမိနိုင်ငံ၏ အုပ်ချုပ်ရေး၌ ကိုယ်တိုင်ဖြစ်စေ၊ လွတ်လပ်စွာရွေးချယ်လိုက်သည့် ကိုယ်စားလှယ်များမှဖြစ်စေ ပါဝင်ဆောင်ရွက်နိုင်ခွင့်ရှိသည်လို့ ဆိုထားပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ ကန့်သတ်ချက်ကို မျက်ကွယ်ပြုထားပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ လူတိုင်းကို အခွင့်အရေးမပေး ထားပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေမျာပါတဲ့ ပြဋ္ဌာန်းချက်များနှင့်ဖြစ်စေ မဆန့်ကျင်မှသာ မဲပေးပိုင်ခွင့် အရွေးခံပိုင်ခွင့်ကိုပေးထားတော့ လူ့အခွင့်အရေးကြေညာစာတမ်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တို့ ဟာ လုံးဝမကိုက်ညီတော့ပါဘူး။ ဒါဟာအလွန်အရေးကြီးပါတယ်။ အဲဒီတော့ လူ့အခွင့်အရေး ကြေညာစာတမ်း ကပဲမှန်သလား? အဲဒီစာတမ်းကိုပဲ လိုက်နာရမလား ? ဒါမှမဟုတ် ကျွန်တော်တို့အခြေခံဥပဒေကပဲ မှားနေ သလား၊ ဖျက်ပစ်ရမှာလား။ အဲဒါကိုပဲ ခင်ဗျားတို့စဉ်းစားကြပါတော့။
          အမှန်ကတော့ (၁) လူ့အခွင့်အရေးကြေညာစာတမ်းကို မိမိတို့နိုင်ငံ သက်ဆိုင်ရာဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့်အညီသာ လိုက်နာကျင့်သုံးရန် ထုတ်ပြန်သော ကြေညာချက်မျှသာဖြစ်ပါတယ်။ Force Law ဥပဒေကဲ့သို့ အာဏာမရှိတဲ့အတွက် တသဝေမတိမ်းလိုက်နာရန် မလိုပါဘူး။
အခန်း (၁၉)၊ အပိုဒ်-၁။            ယခုလက်မှတ်ရေးထိုးထားကြသောနိုင်ငံများသည် မိမိတို့၏ သက်ဆိုင်ရာဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ လိုက်နာကျင့်သုံးသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ လက်ခံအတည်ပြုရ မယ်လို့ ဖော်ပြထားပြီးဖြစ်ပါတယ်။ အဲဒီ ပဋိဥာဉ်စာချုပ်ကို လက်ခံရာမှာပင် ကိုယ့်ဖွဲ့စည့်ပုံ အခြေခံဥပဒေနဲ့ကိုက် ညီမှ လက်ခံရမည်ဖြစ်ပါသည်။
          အခြေခံဥပဒေမှာ နိုင်ငံသားတို့၏ အခွင့်အရေး(Right) ကိုပုဒ်မ ၃၆၉မှာ ပြဋ္ဌာန်းထားပြီး အခွင့်အလမ်း ဖြစ်တဲ့ (Opportunity) ကို ပုဒ်မ၃၄၉မှာ ခွဲခြားပြီးသတ်မှတ်ထားပါတယ်။ အဲဒါကို လူ့အခွင့်အရေးစောင့်ကြည့် ရေးက သိဟန်လည်းမတူပါဘူး။ သိတယ်ဆိုလျှင်လည်း ယခုလို Blind မျက်စိမှတ်ပြီး ကိုယ်လိုရာဆွဲမပြောသင့် ပါဘူး။

No comments:

Post a Comment