ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် တိုင်းရင်းသား (၁၃၅)မျိုးနှင့် အခြားနိုင်ငံများမှနည်း မျိုးစုံဖြင့်ရောက်ရှိ လာသည့် လူမျိုးခြား၊ ဘာသာခြားများ နေထိုင်လျှက်ရှိကြသည်။ ထိုသို့နေထိုင်ရာတွင် လူတစ်မျိုးနှင့်တစ် မျိုး ဘာသာတစ်ခုနှင့်တစ်ခု၊ ဓလေ့စရိုက်မတူညီကြသလို ကိုးကွယ်သည့် ဘာသာအတွက် ဥပဒေများပြ ဋ္ဌာန်းထားသည်ကို တွေ့ရှိရပါသည်။
ထိုဥပဒေများကိုလေ့လာလျှင် အောက်ပါအတိုင်းတွေ့ရသည်-
(က) ဗုဒ္ဓဘာသာဝင်များအတွက်(မြန်မာဓလေ့ထုံးတမ်းဥပဒေ)
(ခ) ဟိန္ဒူဘာသာဝင်များအတွက်(၁၉၉၅ခုနှစ်ဟိန္ဒူအက်ဥပဒေ)
(ဂ) ခရစ်ယာန်များအတွက်(၁၈၇၂ခုနှစ် ခရစ်ယာန်ဥပဒေ)
(ဃ) အစ္စလာမ်များအတွက်(၁၉၃၅ခုနှစ် အစ္စလာမ်ဥပဒေ)
အဆိုပါဥပဒေများကို ခွဲခြမ်းလေ့လာရာတွင်
(က) မြန်မာဓလေ့ထုံးတမ်းဥပဒေ
တိုင်းရင်းသား(၁၃၅)မျိုးတို့၏ ဓလေ့များအတိုင်း လိုက်နာကြရခြင်းဖြစ်သည်။ပြဋ္ဌာန်းဥပဒေကဲ့သို့ မ လိုက်နာလျှင်မနေရ ဥပဒေမျိုးမဟုတ်ပါ။
ဥပမာ (၁) ကချင်ပြည်နယ် အချို့တိုင်းရင်းသား မျိုးနွယ်စုများတွင် မိန်းကလေးများသည် ခါးကြိုးစတွင်(၂) စချထားသည်။ ထိုကြိုးစကို ယောက်ျားလေးကဆွဲလျှင် လက်ထပ်ရသည်။ ထိုဓလေ့ကို ရန်ကုန်မြို့ကြီးများ တွင်ကျင့်သုံး၍မရပါ။
ဥပမာ (၂) ချင်းတောင်တန်းဒေသအချို့ ချင်းလူမျိုးစုများ၌ အသက်(၁၈)နှစ်ပြည့်သည့် ယောက်ျားလေး၊ မိန်းကလေးတို့သည် မိဘနေအိမ်၌မအိပ်ကြတော့ပါ။သီးခြားဆောက်လုပ်ထားသော အဆောက်အဦးတွင် တစ်ခြမ်းစီအိပ်ကြသည်။ အလယ်တွင်မီးဖိုထားသည်။ ထိုဓလေ့ကို ရန်ကုန်မြို့အပါအ၀င် မြို့ကြီးများတွင် ကျင့်သုံး၍မရပါ။
ဥပမာ(၃) ကရင်ပြည်နယ်/မွန်ပြည်နယ်တို့တွင် နေအိမ်များကို လူတစ်ရပ်မြင့်ဆောက်လုပ်ကြသည်။ကာလ သားလူပျိုများသည် ညဉ့်နက်အချိန်တွင် အိမ်နောက်ဖေးပေါက် ဖောက်ထားသည့်နေရာမှလက်ဖြင့် သွားနှိုက်သည်။မိန်းကလေးကသဘောတူလျှင် လက်ချပေးသည်။ သဘောမတူလျှင် လက်မချပေးပါ။ ဤအပြု အမှုကို မိန်းကလေးမိဘက တရားစွဲ၍မရပါ။ ဓလေ့ထုံးစံဖြစ်သည့် ထိုဓလေ့ကို အခြားလူမျိုးစုတိုင်းရင်းသား များတွင် အသုံးပြု၍မရပါ။
ဤဓလေ့များကိုလေ့လာသုံးသက်လျှင် တိုင်းရင်းသားတစ်မျိုးခြင်း၏ဓလေ့ကို ကျန်တိုင်းရင်းသားများက မ လွဲမသွေလိုက်နာရမည်ဟု ပြဋ္ဌာန်း၍မရနိုင်ပါ။
ဥပမာ(၄) မြန်မာဓလေ့ထုံးတမ်းတွင် လက်ထပ်သည့်အခါ ယောက်ျားလေးက မိန်းကလေးကို တင်းတောင်း ရသည်။ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိဒေသအချို့တွင် လက်ထပ်သည့်အခါ မိန်းကလေးဘက်က တင်တောင်းရသည်။ ထိုသို့တင်တောင်းမှုတွင် တစ်နေရာနှင့်တစ်နေရာ ဓလေ့ခြင်းမတူကြပေ။ ယောက်ျားလေးဘက်က မတင်တောင်းပါက ဥပဒေအရ အရေးယူ၍မရပေ။ထို့ကြောင့် မြန်မာဓလေ့ထုံးတမ်းဥပဒေသည် အခြား(၃)ဘာသာကဲ့သို့(ပြဋ္ဌာန်းဥပဒေမဟုတ်ပါ)။မြန်မာဓလေ့ထုံးတမ်းတွင် လက်ထပ်ထိမ်းမြားမှုပြုရာတွင် ဘာသာရေးနှင့်မရောထွေးပါ။ လက်ထပ်ခြင်းသည် ဘာသာရေးနှင့်မသပ်ဆိုင်ပါ။ဤနေရာတွင် ဗုဒ္ဓဘာသာ ယောက်ျားလေးနှင့် မိန်းကလေးတို့လက် ထပ်ခြင်းပြုရာ၌-
(က) သံဃာတော်များသည် လက်ထပ်ပေးခွင့်မ၇ှိပါ။
(ခ) သံဃာတော်များသည် ကွာရှင်းပြတ်စဲပေးခွင့်မရှိပါ။
(ဂ) သံဃာတော်များကို မင်္ဂလာဦး ဆွမ်းကပ်ခြင်းသည် လက်ထပ်ခြင်းမဟုတ်ပါ။ မင်္ဂလာဦးအလှူသာဖြစ်ပါ သည်။
(ဃ) ဗုဒ္ဓဘာသာတွင် မိမိဘာသာဝင်ကို အခြားမည်သည့် ဘာသာဝင်နှင့် လက်မထပ်ရဟု တားမြစ်ထားသည့် ဥပဒေလည်းမရှိပါ။ လွပ်လပ်ပါသည်။

No comments:
Post a Comment