Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Wednesday, June 11, 2014

အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့မှ တောင်းဆိုသည့် အမျိုးစောင့်ဥပဒေဆိုင်ရာ သိကောင်းစရာ ရှင်းလင်းချက်များ


အခြား(၃)ဘာသာ၏ ဥပဒေကိုလေ့လာခြင်း
ဟိန္ဒူ/ခရစ်ယာန်/အစ္စလာမ်ဘာသာဝင်တို့အတွက် ပြဋ္ဌာန်းသောဥပဒေများသည် -
(က)ပြဋ္ဌာန်းဥပဒေဖြစ်၍ ၎င်းတို့ဘာသာဝင်တိုင်း လိုက်နာရသည်။
(ခ)ဘာသာရေးခေါင်းဆောင်သည် ၎င်းတို့ဘာသာဝင်များ၏ အိမ်ထောင်ခန်းတွင် တိုက်ရိုက်ပါဝင်သည့် ဘာသာ ရေးခေါင်းဆောင်က လက်ထပ်ပေးမှတရားဝင်သည်။
(ဂ)ဘာသာမတူလျှင် လက်ထပ်ခွင့်မရှိ။
(ဃ)ဘာသာမတူဘဲလက်ထက်လျှင် အိမ်ထောင်ခန်းသည်တရားမ၀င်ဟု ၎င်းဘာသာ၏ဥပဒေတွင် ပြဋ္ဌာန်းထား သည်။
(င)ဗုဒ္ဓဘာသာဝင်တစ်ဦးသည် ကျန်(၃)ဘာသာနှင့်လက်ထပ်လျှင် ၎င်းတို့၏ဘာသာကို ကူးပြောင်းပြီးလက်ထပ် မှ တရားဝင်သည်ဟု ၎င်းတို့၏ဥပဒေများက ပြဋ္ဌာန်းထားသည်။
ဗုဒ္ဓဘာသာတို့၏ ဓလေ့ထုံးတမ်းဥပဒေနှင့် အခြားဘာသာတို့၏ ပြဋ္ဌာန်းဥပဒေများကို နှိုင်းယှဉ်လေ့လာခြင်း
ဥပမာ(၁) ခရစ်ယာန်အမျိုးသမီးနှင့် ဗုဒ္ဓဘာသာယောက်ျားလေးတို့ လက်ထပ်ကြသည့် ပထမရက်တွင် တိပိဋက ဆရာတော်ကြီးကို မင်္ဂလာဦးဆွမ်းကပ်သည်။ နောက်ရက်တွင် ခရစ်ယာန်ဘုရားကျောင်းတွင် သင်းအုပ်ဆရာနှင့် ခရစ်ယာန်ဥပဒေအတိုင်းလက်ထပ်သည်။ ထိုမင်္ဂလာပွဲသည် မည်သည့်ဥပဒေနှင့် လက်ထပ်ခြင်းဖြစ်ပါသလဲ။
(က) မြန်မာဓလေ့ထုံးတမ်းတွင် သံဃာတော်များသည် လက်ထပ်ပေးခွင့်မရှိ။ဆွမ်းကပ်ခြင်းသည် လက်ထပ်ခြင်း မဟုတ်။
(ခ) ၁၈၇၂ ခု၊ ခရစ်ယာန်ဥပဒေတွင် သင်းအုပ်ဆရာနှင့်မှတ်ပုံတင်၍ ထုံးပုံကျ လက်ထပ်မှတရားဝင်သည်ဟု ပြဋ္ဌာန်းထားသည်။ ဤလက်ထပ်ပွဲကိုလေ့လာလျှင် ဗုဒ္ဓဘာသာတွင် ကာကွယ်ပေးသည့်ဥပဒေမရှိသဖြင့် ခရစ် ယာန်ဥပဒေဖြင့် လက်ထပ်ခြင်းသာဖြစ်သည်။ ဗုဒ္ဓဘာသာဝင်ယောက်ျားလေးသည် ခရစ်ယာန်တို့၏မှတ်တမ်း တွင် လက်မှတ်ရေးထိုး၍ ခရစ်ယာန်ဘာသာဝင်တစ်ဦးအနေဖြင့် အသိအမှတ်ပြုခံခဲ့ရသည်။
ဥပမာ(၂) မြန်မာနိုင်ငံမှ ထင်ရှားသောဗုဒ္ဓဘာသာဝင်အမျိုးသမီးတစ်ဦးသည် နိုင်ငံခြားတွင်ခရစ်ယာန်ဘာသာဝင် နှင့် လက်ထပ်သည်။ သင်းအုပ်ဆရာနှင့် ခရစ်ယာန်ဥပဒေအရ လက်ထပ်ခြင်းဖြစ်၍ ၎င်းသည်ပင်လျှင် ခ၇စ် ယာန်မှတ်တမ်းဝင်သွားပေသည်။ ဤသို့ဖြစ်ရခြင်းမှာ ဗုဒ္ဓဘာသာဘက်မှ ကာကွယ်သည့်ဥပဒေ မရှိခြင်းကြောင့် ဖြစ်သည်။
ဥပမာ(၃) ရုပ်ရှင်မင်းသားကြီး ၀င်းဦးသည် ဗုဒ္ဓဘာသာဝင်ဖြစ်ပြီး အိမ်ထောင်မရှိ၊ (၅)နှစ်သားယောက်ျားလေးကို မှတ်ပုံတင်စာချုပ်ဖြင့်မွေးစားသည်။ ထိုအချိန်ရုပ်ရှင်မင်းသားကြီး ဦးဝင်းဦးသည် နိုင်ငံခြားသို့သွားလိုသဖြင့် ရန်ကုန်မြို့၊ ယုဒသန်ဘုရားကျောင်းတွင် ခရစ်ယာန်ဘာသာသို့ ကူးပြောင်းသည်။နိုင်ငံခြားသို့ သာသနာပြုအနေ ဖြင့် ထွက်သွားခဲ့သည်။ နိုင်ငံခြားမှပြန်လာပြီး (၁၉၈၈) ခုနှစ်တွင် ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန်ခဲ့သည်။ ၎င်း ကွယ်လွန်သည့်အခါ သေတမ်းစာတစ်စောင်ကျန်ခဲ့သည်။ ထိုသေတမ်းစာတွင် ၎င်းပိုင်ဆိုင်သောပစ္စည်းများကို ဒေါ်အိုင်းရင်းတင်လှကိုပေးခဲ့သည်။ ဗုဒ္ဓဘာသာဝင်ဖြစ်စဉ်က မွေးစားသားနှင့် ခရစ်ယာန်ဘာသာဝင်ဖြစ်စဉ်က ဒေါ်အိုင်းရင်းတင်လှတို့ ပစ္စည်းရပိုင်ခွင့်အမှုဖြစ်ကြသည်။ ရုပ်ရှင်မင်းသားကြီးဦးဝင်းဦးသည် ခရစ်ယာန်ဘာသာ ၀င်ဖြစ်စဉ် ကွယ်လွန်သဖြင့် ခရစ်ယာန်ဘာသာအရ သေတမ်းစာအတည်ဖြစ်သဖြင့် မွေးစားသားရှုံးခဲ့သည်။ ဤ ဖြစ်ရပ်ကိုလေ့လာလျှင် ဗုဒ္ဓဘာသာဝင်အတွက် ကာကွယ်သည့်ဥပဒေ မရှိ၍ဖြစ်ရပေသည်။ သို့ဖြစ်ပေရာ ဗုဒ္ဓဘာ သာနှင့် ကျန်ဘာသာကြီး(၃)မျိုးတို့ ဥပဒေချင်းအငြင်းပွားလျှင် ဗုဒ္ဓဘာသာတို့၏ မြန်မာဓလေ့ထုံးတမ်းဥပဒေ သည် ပြဋ္ဌာန်းဥပဒေ မဟုတ်၍ ကျန်ဘာသာ(၃)ခုနှင့်နှိုင်းယှဉ်လျှင် ရှုံးနိမ့်ကြပေသည်။ ဤသို့ဖြစ်ရခြင်းမှာ ပြဋ္ဌာန်း ဥပဒေသည် ဓလေ့ထုံးတမ်းဥပဒေကို လွှမ်းမိုးနိုင်၍ဖြစ်သည်။
ထို့ကြောင့် မြန်မာနိုင်ငံတွင် ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာနေထိုင်နိုင်ရန်မှာ ဘာသာပေါင်းစုံလိုက်နာရမည့် ဘုံ သဘောတူညီချက်၊ ဘုံလမ်းကြောင်း(သို့) အမျိုးစောင့်ဥပဒေဟုခေါ်သည့် တိုင်းရင်းသား(၁၃၅)မျိုးအပါအ၀င် ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံတို့ အတူယှဉ်တွဲနေထိုင်နိုင်သည့် စည်းကမ်းသတ်မှတ်ထားသော ဥပဒေပေါ်ထွန်း ရေးသည် အလွန်အရေးကြီးနေပေသည်။
သို့ဖြစ်ပါ၍ အမျိုးစောင့်ဥပဒေပေါ်ထွန်းရေးသည် မြန်မာနိုင်ငံအတွင်းနေထိုင်ကြသည့် တိုင်းရင်းသားများအားလုံး နှင့် ဘာသာပေါင်းစုံတို့မှ ကြိုးပမ်းအားထုတ်ရန်လိုအပ်နေသော ဥပဒေဖြစ်ပါသည်။ထိုဥပဒေများတွင်
(က) ဘာသာကူးပြောင်းခြင်းဆိုင်ရာဥပဒေ
(ခ) လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာဥပဒေ
(ဂ) တစ်လင်တစ်မယားစနစ်
(ဃ) လူဦးရေထိမ်းညှိခြင်းဆိုင်ရာ ဥပဒေတို့ ဖြစ်ပါသည်။
သို့ဖြစ်ပေရာ အဆိုပါဥပဒေများသည် ကျန်ဘာသာများ၏ ဥပဒေများနှင့် ဆန့်ကျင်မှုမရှိဘဲ ငြိမ်းချမ်းအေးချမ်းစေ မည့် ဥပဒေမျိုးဖြစ်၍ မျက်စိမှတ်ပြီးမကန့်ကွက်ဘဲ သေချာစွာလေ့လာပြီးမှသာ မိမိ၏အသိဥာဏ်ဖြင့် စဉ်းစားဝေဖန်၍ ဥပဒေပေါ်ထွန်းရေး ၀ိုင်းဝန်းကြိုးပန်းကြပါ။
အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့မှ တောင်းဆိုသည့် အမျိုးစောင့်ဥပဒေဆိုင်ရာ သိကောင်းစရာ ရှင်းလင်းချက်များ
တင်ပြသူ- ဦးအေးပိုင် (မ.ဘ.သ(ဗဟို)ဥပဒေအကြံပေး)
နိဒါန်း
၁။ အမျိုးစောင့်ဥပဒေဆိုသည်မှာ တိုင်းရင်းသား (၁၃၅)မျိုးလုံးနှင့် မြန်မာနိုင်ငံအတွင်းနေထိုင်ကြသည့် လူမျိုး ပေါင်းစုံတို့အတွက် ပဋိပက္ခကိုလျော့နည်းစေပြီး ငြိမ်းချမ်းစွာနေထိုင်နိုင်ရေးကို ရည်ရွယ်သည့်ဥပဒေဖြစ်ပါသည်။
ဥပဒေလိုအပ်ရသည့်အကြောင်းအရင်းအချို့
၂။ မြန်မာနိုင်ငံတွင် တိုင်းရင်းသားပေါင်းစုံ ဘာသာပေါင်းစုံတို့ ရှေးယခင်နှစ်ပေါင်းများစွာက အတူနေထိုင်ခဲ့ကြ သော်လည်း လူမျိုးရေး၊ ဘာသာရေးကြောင့် ကြီးမားသောပြသနာမရှိခဲ့ပါ။ မိသားစုသဖွယ် တစ်ဦးနှင့်တစ်ဦး၊ တစ်အိမ်နှင့်တစ်အိမ် ကူးလူးဆက်ဆံခဲ့ကြသည်။ လူမျိုး ဘာသာဟူ၍ အစွဲအလန်းကြီးစွာမရှိခဲ့ကြပါ။ သို့ရာတွင် ယခုနောက်ပိုင်းများတွင် မြန်မာနိုင်ငံအနှံအပြား၌ ဖြစ်ပေါ်လာသောပြဿနာများကို အောက်ပါအတိုင်းလေ့လာ တွေ့ရှိနိုင်ရပါသည်။
(က) ဘာသာတစ်ခုမှ အခြားဘာသာဝင်များကို မိမိဘာသာသို့ အတင်းအကြပ် သွတ်သွင်းကူးပြောင်းစေခြင်း၊
(ခ) ဘာသာမတူသည့် မိန်းကလေးများကို နည်းမျိုးစုံဖြင့် ဖျားယောင်းသွေးဆောင်ခြင်းဖြင့် လက်ထပ်၍ မိမိဘာ သာသို့ အတင်းအကြပ်သွပ်သွင်းခြင်း၊
(ဂ) ဘာသာမတူသည့် အရွယ်မရောက်သေးသော မိန်းကလေးများကို နည်းမျိုးစုံဖြင့် လက်ထပ်ယူကာ မိမိဘာ သာသို့ အတင်းအကြပ်သွတ်သွင်းခြင်း၊
(ဃ) ဘာသာမတူသည့် မိန်းကလေးများကို လက်ထပ်သည့်အခါ မိန်းခလေးမိဘ၏ ရိုးရာဓလေ့ကို အလေးမ ထား၊ မိန်းခလေးမိဘ၏ သဘောတူခွင့်ပြုချက်မယူဘဲ မိမိအလိုရှိသည့်အတိုင်း မင်္ဂလာပွဲပြုလုပ်ခြင်း၊
(င)ဘာသာမတူသည့် မိန်းကလေးများကို အရွယ်မရောက်မှီကပင် အဓ္ဓမပြုကျင့်ခြင်းများ၊ ရက်စက်စွာသတ်ဖြတ် ခြင်းများကို ပြုလုပ်နေကြခြင်း၊
(စ) ဘာသာမတူသည့် မိန်းကလေးများကို မသမာသောနည်းလမ်းများကို အသုံးပြု၍လည်းကောင်း၊ ယုတ်ညံ သောဆေးဝါးများတိုက်ကျွေး၍လည်းကောင်း၊ ကာမရယူလက်ထပ်ခြင်း၊ ဘာသာသို့သွတ်သွင်းခြင်း၊
(ဆ) ဘာသာမတူသည့် မိန်းကလေးများကို အခြားဘာသာသို့သွတ်သွင်းသည့်အခါ မိန်းကလေး၏ မူလဘာသာ အထိမ်းအမှတ် အမှတ်အသားများကို ဓလေ့ထုံးစံမတူညီ၍ ပြဿနာဖြစ်ရခြင်း၊
(ဈ) လူဦးရေတိုးပွားရေးကို အလေးထားဆောင်ရွက်ပြီး နယ်မြေသိမ်းပိုက်ခဲ့သဖြင့် ဖြစ်ပေါ်ခဲ့သော သမိုင်း ကြောင်းများအရ မကျေနပ်မှုများဖြစ်ရခြင်း၊
(ည) ဘာသာမတူသည့် လူမျိုးခြား၊ ဘာသာခြားများနှင့် ခွဲခြားဆက်ဆံကာ အစားအသောက်မှအစ ခွဲခြားနေ ထိုင်စားသောက်ခြင်း၊ မြန်မာနိုင်ငံတော်အလံအား အလေးမပြုခြင်းအပါအ၀င် နိုင်ငံတော်၏ဥပဒေကို လေးစားမှု အားနည်းခြင်း။
၃။ မြန်မာနိုင်ငံတွင် လူမျိုး၊ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာနေထိုင်နိုင်ရန်အတွက် အောက်ပါအတိုင်းဆောင်ရွက် သင့်သည်ကို တွေ့ရှိရပါသည်။
(က)လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံလိုက်နာရမည့် ဘာသာကူးပြောင်းခြင်းနှင့် လက်ထပ်ထိမ်းများခြင်း ဥပဒေပြ ဋ္ဌာန်းနိုင်ရန် လိုအပ်ခြင်း၊
 (ဘာသာကူးပြောင်းမှုကို ဘာသာပေါင်းစုံ စည်းကမ်းသတ်မှတ်၍ ဘုံသဘောတူညီချက်ပြုလုပ်ကာ ဥပဒေပြ ဋ္ဌာန်းခြင်း၊ လက်ထပ်ထိမ်းမြားရာတွင် ဘာသာမတူလျှင် လက်ထပ် ထိမ်းမြားခြင်းမပြုဘဲ ဘာသာတူအောင် ဆောင်ရွက်ပြီးမှ လက်ထပ်စေလိုခြင်းကို ဥပဒေပြဋ္ဌာန်းပေးရန် လိုအပ်ပါ သည်။)
(ခ) တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးရန်လိုအပ်ခြင်း၊
(ယောက်ျားတစ်ဦးသည် ဇနီးမယားများများယူလျှင် အိမ်ထောင်ရေးပြဿနာများ၊ ပစ္စည်းခန်းပြဿနာများ ဖြစ်ပေါ်ကြသည်။ထို့ကြောင့်မိန်းမတစ်ဦးထက်ပိုယူလျှင် လုံလောက်သော စီးပွးရေးရရှိရမည်ဖြစ်ပြီး ပထမ အိမ်ထောင်ရှင်အမျိုးသမီး၏ သဘောတူညီချက်ရှိရန် လိုအပ်ပါ သည်။
(ဂ) လူဦးရေထိန်းညှိခြင်းပြုလုပ်ရန်လိုအပ်ခြင်း၊
(ကမ္ဘာ့နိုင်ငံတွင် လူဦးရေအဆမတန်တိုးပွားနေ၍ နေထိုင်မှု၊ စားသောက်မှုကိစ္စများတွင် အခက်အခဲကြီးစွာ တွေ့ကြုံနေကြရပြီး တရုတ်နိုင်ငံတွင် တစ်အိမ်ထောင်လျှင် ကလေး(၁)ဦးစနစ်ကျင့်သုံးသည်။ ပိုယူလျှင်နိုင်ငံ တော်ကို အခွန်များများပေးသွင်းရသည်။ ထိုကဲ့သို့ပင်မြန်မာနိုင်ငံတွင်လည်း ကလေးမွေးဖွားမှုကို ကန့်သတ်ရန် လိုအပ်ပြီး ဇနီးတစ်ဦးတည်းရှိလျှင် ကလေးပိုယူနိုင်သည်ကိုပါ ထည့်သွင်းသတ်မှတ်၍ ဥပဒေပြဋ္ဌာန်းရန်လိုအပ်ပါ သည်။
၎။ မိမိမူလကတည်းက သဘောတူလျှင် မူလဘာသာ၏ ဥပဒေဖြင့်သာ ဆုံးဖြတ်ရန်ဖြစ်ပါသည်။
(က) ဗုဒ္ဓဘာသာဝင်များအတွက် မြန်မာဓလေ့ထုံးတမ်းဥပဒေ
(ခ) ဟိန္ဓူဘာသာဝင်များအတွက် ၁၉၅၅  ခုနှစ်ဟိန္ဒူဥပဒေ
(ဂ) ခရစ်ယာန်ဘာသာဝင်များအတွက် ၁၈၇၂ ခုနှစ် ခရစ်ယာန်ဥပဒေ
(ဃ) အစ္စလာမ်ဘာသာဝင်များအတွက် ၁၉၅၃ ခုနှစ် အစ္စလာမ်ဥပဒေ
ဘာသာမတူသူနှင့် လက်ထပ်လိုလျှင်
၅။ ဘာသာမတူသူနှင့် လက်ထပ်လိုလျှင်
(က) ဘာသာတူအောင် ဦးစွာဆောင်ရွက်ရမည်။
(ခ) ဘာသာကူးပြောင်းလိုလျှင် လွတ်လပ်သော အသက်အရွယ်ဖြစ်သည့် အသက်(၁၈)နှစ်၊ မိဘသဘောမတူ လျှင်အသက် (၂၀)ဖြစ်ရန်လိုသည်။
(ဂ) ဘာသာကူးပြောင်းခြင်းကို သက်မှတ်သည့် စည်းကမ်းချက်အတိုင်း ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရမည်။
(ဃ) လက်ထပ်ထိမ်းမြားခြင်းကို သက်ဆိုင်ရာ ဘာသာများ၏ ဓလေ့ထုံးစံအတိုင်း ဆောင်ရွက်ရန်ဖြစ်သည်။
(င) ဟန်ဆောင်ဘာသာကူးပြောင်းခြင်းပြုလုပ်လျှင် ထိရောက်စွာ အရေးယူရန်ဖြစ်သည်။
ပြစ်ဒဏ်သတ်မှတ်ခြင်း
၆။ ပြဋ္ဌာန်းဥပဒေကို ချိုးဖောက်လျှင်
(က) ရဲအရေးယူပိုင်သော အမှုသတ်မှတ်၍ ရဲစခန်း၌ အမှုဖွင့်တိုင်ကြားရန်၊
(ခ) အာမခံမပေးနိုင်သော ပြစ်ဒဏ်သတ်မှတ်ရန်၊
(ဂ) ပြစ်မှုကျူးလွန်သူကို ထောင်ဒဏ်အနည်းဆုံး(၅)နှစ်မှ (၁၀)နှစ်ထိ သတ်မှတ်ရန်၊
(ဃ) ပြစ်မှုကျူးလွန်သည့် အဆောက်အဦးကို(လိုအပ်လျှင်) နိုင်ငံတော်ပိုင်သိမ်းရန်၊
(င) အားပေးကူညီသူများကို ထိရောက်စွာအရေးယူရန်၊
နိဂုံး
၇။ ထိုဥပဒေသည် မြန်မာနိုင်ငံအတွင်းရှိ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံအတွက် ငြိမ်းချမ်း၊ အေးချမ်းရန် လိုအပ် နေသော ဥပဒေဖြစ်ပါသည်။ ဘာသာအသီးသီး၏ ပြဋ္ဌာန်းပြီးဥပဒေများနှင့် မဆန့်ကျင်ပါ။ အထူးသဖြင့် ဗုဒ္ဓ ဘာသာဝင်များအတွက် ပြဋ္ဌာန်းဥပဒေမရှိသေးပေရာ ဘာသာပေါင်းစုံ လိုက်နာရေးအတွက် လိုအပ်နေသော ဥပဒေကို ပြဋ္ဌာန်းရန်တောင်းဆိုခြင်းသာ ဖြစ်ပါသည်။ မည်သည့် လူ့အခွင့်အရေးကိုမျှ ချိုးဖောက်ခြင်းမရှိပါ။
ဘာသာမတူလျှင် လက်မထပ်ရန်မဟုတ်ဘဲ၊ ဘာသာတူပြီးမှသာ လက်ထပ်ရန်တောင်းရခြင်း ဖြစ်ပါသည်။ သို့ဖြစ်၍ မြန်မာနိုင်ငံအတွင်းနေထိုင်ကြသည့် တိုင်းရင်းသား(၁၃၅)မျိုးနှင့် ဘာသာပေါင်းစုံအတွက် ငြိမ်းချမ်း၊ အေးချမ်းရေးလိုအပ်နေသော ဘုံသဘောတူညီချက် အနေဖြင့် လိုက်နာရမည့်ဥပဒေများသာဖြစ်ပါ၍ ထိုဥပဒေ အမြန်ဆုံးပေါ်ထွန်းရေး ၀ိုင်းဝန်းပါဝင်ဆောင်ရွက်သင့်ကြောင်း တိုက်တွန်းလိုက်ရပါသည်။
ဦးအေးပိုင် (မဘသ(ဗဟို) ဥပဒေအကြံပေး)

No comments:

Post a Comment