မေး။ ။ အခု ဆရာကြီးပြောတဲ့ Burma Laws Act ပုဒ်မ (၁၃)
မှာ အမှုသည်များသည်-
(က)
ဗုဒ္ဓဘာသာဝင်များဖြစ်ကြလျှင် ဗုဒ္ဓဘာသာတရားဥပဒေ
(ခ)
မဟာမေဒင် ဘာသာဝင်များဖြစ်ကြလျှင် မဟာမေဒင်တရားဥပဒေ
(ဂ)
ဟိန္ဒူဘာသာဝင်များဖြစ်ကြလျှင် ဟိန္ဒူဘာသာ တရားဥပဒေ…….တို့အရ အဆုံးအဖြတ်ပေးရမည်ဆိုတော့
ဗုဒ္ဓဘာသာဝင်များအနေနှင့် ဘယ်လိုနစ်နာမှာပါလဲ ?
ဖြေ။ ။ မှန်ပါတယ်။ Burma Laws Act မှာ ကိုယ့်ဘာသာနှင့်ဆိုင်တဲ့
ဥပဒေအရအမှုသည် (ဘာသာတူ) အချင်းချင်းကိစ္စမှာ ဆုံးဖြတ်ပေးရမည်ဆိုတော့ အပေါ်ယံကြောကြည့်လိုက်လျှင်
အတူတူပဲလို့ ညီမျှတယ်လို့ ထင်စရာပါပဲ။ ဒါပေမဲ့ လက်တွေ့မှာမဟုတ်ဘူး။
ထိုဥပဒေကို
ပြဋ္ဌာန်းစဉ်ကအခေါ်အဝေါ်မှာ ဗုဒ္ဓဘာသာ တရားဥပဒေလို့ခေါ်ခဲ့ကြပေမယ့် နောက်ပိုင်းမှာတော့ မြန်မာဓလေ့ထုံးတမ်း
ဥပဒေလို့ ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။
အခုလက်ရှိ
မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ (ယခင်ဗုဒ္ဓဘာသာတရားဥပဒေ)မှာ ဗုဒ္ဓဘာသာဝင် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊
ဘယ်သူမဆို ဘယ်ဘာသာဝင်ကိုမဆို လက်မထပ်ရ။ မပေါင်းသင်းရလို့ ပိတ်ပင်ကန့်သတ်ထား ခြင်းမရှိဘူး။
ယခုအထိလဲ မပြဋ္ဌာန်းရသေးဘူး။ ဒီမြန်မာဓလေ့ထုံးတမ်းဥပဒေ(ဗုဒ္ဓ ဘာသာတရားဥပဒေ) ဟာ ရှေးအစဉ်အဆက်ကတည်းက
ဓလေ့ထုံးတမ်းအပေါ်မူတည်ပြီး ပေါ်ပေါက်လာတော့ ဒီဥပဒေဟာဓလေ့ထုံး တမ်းဥပဒေ (Cust0mary
Law) မျှသာဖြစ်နေတယ်။
အဲဒီတော့
လက်ရှိမြန်မာဓလေ့ထုံးတမ်းဥပဒေမှာ အလွန်အရေးကြီးတဲ့ အားနည်းချက်နှစ်ခု ရှိနေတယ်။ ပထမ
အချက်ကတော့ အထက်ကျွန်တော်ပြောခဲ့တဲ့အတိုင်း မြန်မာဗုဒ္ဓဘာသာဝင်အမျိုးသမီးကို အခြားမည်သည့်
ဘာသာဝင် မည်သည့်လူမျိုးကမဆို လက်ထက်ပေါင်းသင်းခွင့်ပြုထားတယ်။ (၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင်မိန်းမ
များ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေမှာလည်း ဒီအတိုင်း လွပ်လက်စွာ လက်ထပ်ပေါင်းသင်းခွင့်
ပြုထားတယ်။) ဘာသာခြားဥပဒေတွေမှာတော့ ခွင့်ပြုမထားဘဲ ပိန်ပင်ကန့်သတ်ထားတယ်။
ဒုတိယအချက်ကတော့
မြန်မာဓလေ့ထုံးတမ်းဥပဒေ (ယခင် ဗုဒ္ဓဘာသာ တရားဥပဒေ)ဟာ အခြားဘာသာဝင် တွေနဲ့ သက်ဆိုင်တဲ့ဥပဒေတွေမှာလို
ပြဋ္ဌာန်းဥပဒေ (Statutory Law) အဖြစ်မရောက်ရှိခဲ့ဘူး။ သတ်မှတ်ခြင်း မခံရဘူး။ ဘာသာခြားဥပဒေတွေကတော့
ပြဋ္ဌာန်းဥပဒေအဖြစ် လက်ခံထားရပြီးဖြစ်ပါတယ်။
အဲဒီတော့
ဥပဒေရေးရာကိစ္စမှာ ပြဋ္ဌာန်းဥပဒေ (Statutory Law) နှင့် ဓလေ့ထုံးတမ်းဥပဒေ (Customary
Law) တို့ကို သုံးသပ်ဆုံးဖြတ်ရန်ရှိတဲ့ အခွင့်အရေးမှစလို့ ကိစ္စအ၀၀မှာ ပဋိပက္ခဖြစ်လာရင် ယှဉ်ပြိုင်အငြင်ပွားလာ လျှင် ပြဋ္ဌာန်းဥပဒေတွေဖြစ်တဲ့
(အစ္စလာမ်ဥပဒေ (သို့) မဟာမေဒင်ဥပဒေ)၊ (ဟိန္ဒူဘာသာတရားဥအပဒေ)၊ (ခရစ်ယာန်ထမ်းမြားခြင်းဥပဒေ)တွေက
(Statytory Law) ဖြစ်တဲ့အတွက် မြန်မာဓလေ့ထုံးတမ်းဥပဒေ (Customary Law) အပေါ် အပေါ်စီးရပြီး
မြန်မာ့ဓလေ့ထုံးတမ်းဥပဒေမှာပါရှိတဲ့ အခွင့်အရေးတွေကို လျစ်လျူရှု ခြင်းခံရလို့ အရှုံးဘ၀ရောက်ရပါတယ်။
အဲဒါကြောင့်
မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေကို ဘာသာခြားလူမျိုးတွေက အပိတ်အပင် အဟန့်အတားမရှိ ဘဲ
လွယ်ကူလွတ်လပ်စွာ ပေါင်းသင်းရယူခွင့်ရှိနေပြီး အဲဒီ မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးရဲ့အခွင့်အရေးအား
လုံးဟာ ဘာသာခြားဥပဒေ (Statutory Law)တွေရဲ့ အပေါ်စီးပြဋ္ဌာန်းချက်တွေအောက်မှာ အတိုင်းမသိ
အနစ် နာခံဘ၀ဆိုးနဲ့ ရင်ဆိုင်ကြရတယ်။
အဲဒီဘာသာကြီး(၃)ရပ်ကို
ကျွန်တော်တိုမြန်မာနိုင်ငံတော်ရဲ့ ပြဋ္ဌာန်းဥပဒေအဖြစ် တရားဝင်လက်ခံထားတဲ့ အတွက် လူ့အခွင့်အရေးကြေညာစာတမ်းနှင့်
မကိုက်ညီပါလို့ လူ့အခွင့်အရေးသမားတွေက မပြောတော့ဘူး လား? ထိုဘာသာကြီး(၃)ရပ်မှာ သက်ဆိုင်ရာဘာသာအလိုက်
တူညီသောဘာသာဝင် အချင်းချင်းကိုသာ လက် ထပ်ထိမ်းမြားခြင်းပြုရန် ပြဋ္ဌာန်းထားသည့်အတိုင်း
ကျွန်တော်တို့ဗုဒ္ဓဘာသာဝင် အမျိုးသမီးကိုယူမည့်သူအား ဗုဒ္ဓ ဘာသာဝင် ဖြစ်ရမည်ဟု ပြဋ္ဌာန်းပေးပါရန်
နိုင်ငံတော်အစိုးရသို့ တင်ပြ၍အကောင်ထည်ဖော် ဆောင်ရွက်နေ သည့်ကိစ္စမှာ ဘယ်ဘာသာဝင်ကိုမျှနစ်နာစေရန်
လုပ်ဆောင်သည့် ကိစ္စမဟုတ်ကြောင်း ထင်ရှားလျက်ရှိပါ တယ်။
ဗုဒ္ဓဘာသာဝင်
ကိုယ့်လူမျိုး အမျိုးသမီးများကို မည်သည့်လူမျိုးကမဆို ဗုဒ္ဓဘာသာဝင်ဖြစ်လျှင် လက်ထပ်ထိမ်း
မြားရယူခွင့်ရှိကြောင်း ပြဋ္ဌာန်းပေးရန်ဆောင်ရွက်နေခြင်းသည် ကိုယ့်ခြံစည်းရိုးကိုယ်ကာခြင်း၊
ကိုယ့်အမျိုးကို စောင့်ရှောက်ခြင်းဖြစ်၍ အထက်ပါဘာသာကြီး(၃)ရပ်တို့က ဥပဒေအရ အကာအကွယ်ပေးသည့်အတိုင်း
တန်းတူညီမျှ အကာအကွယ်ပေးသည့် ပြဋ္ဌာန်းချက်ကိုပြဖို့လိုတဲ့အတွက် အခြေခံပုဒ်မ ၃၄၇နှင့်အညီ
တန်းတူညီ မျှ အကာအကွယ်ပေးသည့် ပြဋ္ဌာန်းချက်ကိုရဖို့လိုတဲ့အတွက်
အခြေခံပုဒ်မ ၃၄၇နှင့်အညီ တန်းတူညီမျှအခွင့် အရေးရရန် ဗုဒ္ဓဘာသာဝင်တွေဘက်က တောင်းဆိုတင်ပြခြင်းသာဖြစ်ပါတယ်။
ဆိုလိုရင်းကတော့ အစ္စလာမ်၊ ဟိန္ဒူ၊ ခရစ်ယာန်ဘာသာဝင်များ ရရှိထားပြီးဖြစ်သော အခွင့်အရေးအတိုင်း
မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများ လည်း တန်းတူရရှိစေရန် အခြေခံပုဒ်မ ၃၄၇နှင့်အညီ တောင်းဆိုခဲ့ခြင်းသာ
ဖြစ်ပါတယ်။
အမျိုး
ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့မှ တင်ပြတောင်းဆိုသော ဥပဒေတို့မှာ တစ်ပါးသူ တစ်ခြားဘာ
သာဝင်တို့အား ထိုးနှက်တိုက်ခိုက်သည့်ပုံစံ (Sword) ဓာလက်နက်ကဲ့သို့မဟုတ်ဘဲ မိမိတို့ထံသို့
စော်ကားထိုး နှက်တိုက်ခိုက်လာလျှင် ခုခံကာကွယ်သည့် (Shield) ဒိုင်းသာလျှင်ဖြစ်ပါတယ်။
နောက်တစ်ဆက်တည်းပြောလိုတာက
နိုင်ငံတော်အစိုးရက စတင်အရေးယူဆောင်ရွက်နေတဲ့ကိစ္စက ဗုဒ္ဓဘာ သာနဲ့ စတင်အရေးယူဆောင်ရွက်နေတဲ့ကိစ္စက
ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ ကိစ္စဖြစ်ပါတယ်။
ယနေ့တည်ဆဲအခြေခံဥပဒေပုဒ်မ
၃၆၁တွင် ဗုဒ္ဓဘာသာသာသနာတော်ကို နိုင်ငံတော်၏ နိုင်ငံသားအများဆုံး ကိုးကွယ်ရာဖြစ်သော
ဂုဏ်ထူးဝိသေသနှင့်ပြည့်စုံသည့် ဘာသာသာသနာဖြစ်သည်ဟု နိုင်ငံတော်က အသိအ မှတ်ပြုသည် ဟူ၍လည်းကောင်း၊
ပုဒ်မ ၃၆၀ (၁)၌ ဘာသာ သာသနာနှင့်စပ်လျဉ်း၍ လွတ်လပ်သော အခွင့် အရေးများကို ပေးထားသော်လည်း
အများပြည်သူအကျိုးကိစ္စနှင့် ပြုပြင်ရေးကိစ္စတို့အတွက် နိုင်ငံတော်၏ ဥပဒေ ပြုပြင်ခြင်းကို
မတားမြစ်ရ ဟူ၍လည်းကောင်း အထင်အရှားပါရှိပြီးဖြစ်ပါတယ်။
အခြေခံဥပဒေအရ
သာမန်အသိအမှတ်ပြုခံရသော အထက်ပါ ဘာသာကြီးသုံးရပ်နှင့်မတူ ဗုဒ္ဓဘာသာသာသနာ ကို ပိုမိုထူးခြားစွာ
နိုင်ငံသားအများဆုံး ကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသည့်ဘာသာ သာသနာဖြစ်ပါလျက်
ဗုဒ္ဓဘာသာဝင်တို့၏ ရသင့်ရထိုက်သော အကာအကွယ်ကိုမှ ယနေ့တိုင် မရရှိခဲ့သေးပါ၍ နိုင်ငံတော်သမ္မတကြီး
ဦးသိန်းစိန်က မျိုးစောင့်ဥပဒေကြမ်းသည် လူမျိုးခြား ဘာသာခြားများနှင့် လက်ထပ် ထိမ်းမြားထားသော
မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများ၏ အကျိုးစီးပွားကို ကာကွယ်ပေးမည်ဖြစ်ကြောင်း ကို လွှတ်တော်သို့
ပေးပို့ခဲ့သည့်စာတွင် ဖော်ပြထားခြင်းကပင် နိုင်ငံနှင့်လူမျိုးအပေါ်၌လည်းကောင်း၊ အခြေခံဥပဒေ
အရလည်းကောင်း၊ သစ္စာရှိစွာ၊ တာဝန်ကျေစွာလုပ်ဆောင်နေခြင်းဖြစ်ကြောင်းမှာ အလွန်ထင်ရှားလျက်ရှိပါ
သည်။
အထက်တွင်ဖော်ပြခဲ့ပြီးသော
အမှတ် (၁)၊ (၂)၊ (၃)ဘာသာကြီးများ၏ လက်ထပ်ခွင့်၌ အကာအကွယ်ပေးထား သော ကန့်သတ်ချက်ကိုမှု
မည်သည့်လူ့အခွင့်အရေးဆိုင်ရာတို့မှ ယနေ့အချိန်ထိ လုံးဝကန့်ကွက်ခြင်းမရှိဘဲ အမှတ်စဉ်
(၄) ဖြစ်သည့်  ကျွန်ုပ်တို့ဘာသာဝင်တို့နှင့်သာ သက်ဆိုင်သောလက်ထပ်ခွင့်ကိုမှ ကန့်ကွက်မည်ဆို
ပါက
တရားမျှတရဲ့လား?
နိုင်ငံတိုင်း၌
ဥပဒေပြုခွင့် အချုပ်အခြာအာဏာကို လူ့အခွင့်အရေး ကြေညာစာတမ်းက လွှမ်းမိုးနိုင်ပါသလား?
ချုပ်ချယ်နိုင်ပါသလား? ယင်းကိစ္စနှင့်ပတ်သတ်၍ ကုလသမဂ္ဂအဖွဲ့ဝင်ပဋိဥာဉ်စာချုပ် အပိုဒ်
-၂၏ အပိုဒ်ငယ်-၇မှာ--- ယခုလက်ရှိ ပဋိဥာဉ်စာချုပ်တွင်ပါရှိသည့် အချက်များကြောင့်
ကုလသမဂ္ဂအဖွဲ့ဝင်များမှာ နိုင်ငံတစ်နိုင်ငံ ၏ ပြည်တွင်းစီရင်ပိုင်ခွင့် အာဏာအတွင်း၌သာ
သက်ရောက်သည့်ကိစ္စများတွင် ၀င်ရောက်စွက်ဖက်ရန် အခွင့် အာဏာမရှိစေရ။ သို့မဟုတ် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှာ
အဆိုပါကိစ္စများကို ယခုလက်ရှိစာချုပ်အရ ဆုံး ဖြတ်ရန်တင်သွင်းရမည့်တာဝန်မရှိစေရ ဟူ၍ဖြစ်ပါတယ်။
သည့်အပြင် အထူးအရေးကြီးသောအချက်မှာ ထိုကြေ ညာစာတမ်း အပိုဒ်-၂၉၊ အပိုဒ်ငယ်-၂တွင် မိမိ၏လူ့အခွင့်အရေးများနှင့်
လွတ်လပ်ခွင့်များကိုသုံးစွဲရာတွင် ကိုယ့် ကျင့်တရားအပြင် ရပ်ရွာအေးချမ်းသာယာရေးနှင့်
အများပြည်သူအကျိုးစီးပွားဖြစ်ထွန်းရေးတို့အတွက် တရား မျှတစွာကျင့်ဆောင်ရန် အလို့ငှာလည်းကောင်း ဥပဒေပြဋ္ဌာန်းထားသည့်
ချုပ်ချယ်မှုများဖြင့်သာ ကန့်သက်ခြင်းခံ ရမည် ဟူ၍ ပြဋ္ဌာန်းပါရှိပါသဖြင့် လူ့အခွင့်အရေး
ကြေညာစာတမ်းပါ အခွင့်အရေးများသည် နိုင်ငံတစ်နိုင်ငံ၏ ဥပဒေပြဋ္ဌာန်းသည့် ချုပ်ချယ်မှုဘောင်အတွင်း၌သာ
ရပ်တည်ခွင့်ရှိပါသည်။
ထိုကဲ့သို့
အထက်ဖော်ပြပါ အကြောင်းအချက်များက ယခု အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ကြီးမှ
အတည်ပြုဆုံးဖြတ်လိုက်သည့် ဗုဒ္ဓဘာသာဝင်အမျိုးသမီးကို လက်ထပ်ပေါင်းသင်းလိုသည့် လူတိုင်းသည်
ဗုဒ္ဓ ဘာသာဝင် ယောက်ျားဖြစ်ရမည်ဆိုသော စည်းကမ်းသတ်မှတ်ချက်မှာ လူ့အခွင့်အရေးကြေညာစာတမ်းနှင့်
မကိုက်ညီပါဟု တိုက်ခိုက်ပြောဆိုမှုများသည် တရားဝင်ဖို့လည်း အကြောင်းမရှိ၊ မှန်ကန်မျှတမှုလည်းမရှိကြောင်း
ထင်ရှားပါတယ်။
၎င်းအပြင်
အထူးတင်ပြလိုသည့် အချက်ကတော့ အထက်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ပြည် ထောင်စုတရားသူကြီးချုပ်မှ
ညွှန်ကြားချက်အမှတ် ၁/၂၀ အပိုဒ် ၈ တွင် လက်ထပ်ထိမ်းမြားခြင်းသည် လက်ထပ်ထိမ်းမြားသူများ၏
ကိုးကွယ်သည့်ဘာသာအပေါ် အခြေခံခြင်းဖြစ်သဖြင့် ဟူ၍ လူမျိုးတိုင်း၏ လက်ထပ်ထိမ်းမြားခြင်းကိစ္စသည်-
လူမှုရေးကိစ္စ၊လူ့အခွင့်အရေးကိစ္စ
သီးသန့်မဟုတ်ဘဲ ဘာသာရေး သာသနာရေးဆိုင်ရာ ကိစ္စတို့အပေါ်အခြေခံ ကြောင်း အငြင်းမပွားနိုင်ပါသောကြောင့် Human Right Watch လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး
အဖွဲ့မှ တင်ပြချက်များသည် အခြေအမြစ်လည်းမရှိ၊ မှန်ကန်ခြင်းလည်းမရှိပါလို့ ဖြေကြားလိုက်ပါတယ်။
No comments:
Post a Comment