Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Thursday, June 12, 2014

အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို)မှ ရုံးဦးစီးမှူး ဦးမျိုးအောင်က ဥပဒေပညာရှင် ဦးရဲခေါင်ညွန့်အား တွေ့ဆုံမေးမြန်းခြင်း အခန်း(၂)


ဖြေ။     ။ ခင်ဗျား အခုမေးတာကို ကျွန်တော်သိပ်ကြိုက်သွားပြီ။ အလွန်ကောင်းတဲ့ မေးခွန်းပါ။ အဲဒီပုဒ်မနဲ့ ပတ်သက်လို့မပြောခင် အဲဒီပုဒ်မ ၃၄၈ရဲ့အပေါ်မှာ ၃၄၇ ကိုပဲဖတ်ကြည့်ပါဦး။
ပုဒ်မ ၃၄၇မှာ နိုင်ငံတော်သည် မည်သူကိုမဆိုဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေးရရှိစေရမည်။ ထို့ အပြင် ဥပဒေ၏အကာအကွယ်ကိုလည်း တန်းတူညီမျှ ရယူပိုင်ခွင့်ပေးရမည်ဟူ၍လည်း ထက်ရှားစွာပြထားသည် ကို သိကြပါသလား ?
အဲဒီတော့ နိုင်ငံတော်အနေနဲ့ ပုဒ်မ ၃၄၈ပါ ပြဋ္ဌာန်းချက်ကို လိုက်နာရမည့်ကိစ္စမှာ ပုဒ်မ ၃၇၄ပါ မည်သူကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေးရရှိစေရမည် ဆိုတဲ့ ပြဋ္ဌာန်းချက်ကို မျက်ကွယ်ပြုလို့မရပါဘူး။
ပုဒ်မ ၃၄၈ က တားမြစ်တဲ့ကိစ္စအတွက် ပြဋ္ဌာန်းချက်မျှသာဖြစ်ပြီး အခွင့်အရေး (Right) ကို တိုက်ရိုက်ရည်ညွှန်း တာက ပုဒ်မ ၃၄၇ ဖြစ်လို့ အခွင့်အရေး(Right)ကို အဓိကထားပြောမယ်ဆိုရင် ပုဒ်မ ၃၄၇ကိုပိုပြီး အလေးထား ရမှာဖြစ်ပါတယ်။
ယနေ့ပြည်ထောင်စု မြန်မာနိုင်ငံတော်ဥပဒေ၏ အတွဲ ၁တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော် အက်ဥပဒေမှာ-
          ဗြိတိသျှသည်  မြန်မာနိုင်ငံကိုသိမ်းယူပြီး ၁၈၉၈ခုနှစ်တွင် မြန်မာနိုင်ငံတရားဥပဒေများ အက်ဥပဒေ (The Burma Laws Act) ပုဒ်မ၁၃ကို အောက်ပါအတိုင်း ပြဋ္ဌာန်း၍ အိမ်ထောင်ရေးအမှုကိစ္စတို့ကို ကိုးကွယ် သည့်ဘာသာအလိုက် ခွဲခြားစီရင်စေခဲ့သည်။
ထိုမြန်မာနိုင်ငံတရာဥပဒေများ ပုဒ်မ ၁၃အရမှာ-
၁။       မြန်မာနိုင်ငံတရားရုံးများတွင် အမွေဆက်ခံရေး၊ အမွေခွဲဝေရေး၊ ထိမ်းမြားရေး သို့မဟုတ် မျိုးနွယ်ရေး၊ ဘာသာရေးဆိုင်ရာအစဉ်အလာ သို့မဟုတ် အဖွဲ့အစည်းတစ်စုံတစ်ရာတို့နှင့် ပတ်သက်သည့် မည်သည့်ပြဿ နာကိုမဆို အဆုံးအဖြတ်ပေးရန်ရှိလျှင်
(က) အမှုသည်များသည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြလျှင် ဗုဒ္ဓဘာသာ တရားဥပဒေ
(ခ) အမှုသည်များသည် မဟာမေဒင်ဘာသာဝင်များဖြစ်ကြလျှင် မဟာမေဒင် တရာဥပဒေ
(ဂ) အမှုသည်များသည် ဟိန္ဒူဘာသာဝင်များဖြစ်ကြလျှင် ဟိန္ဒူဘာသာ တရားဥပဒေတို့အရ အဆုံးအဖြတ်ပေး ရမည်ဟူ၍ ဖြစ်ပါသည်။
ထို့ကြောင့်......
(၁) ဟိန္ဒူဘာသာဝင်သည် ဟိန္ဒူ ဘာသာဝင်အချင်းချင်း
(၂) အစ္စလာမ်ဘာသာဝင်သည် အစ္စလာမ် ဘာသာဝင်အချင်ချင်း
(၃) ခရစ်ယာန်ဘာသာဝင်သည် ခရစ်ယာန်ဘာသာဝင်အချင်းချင်းတို့သာ လက်ထပ်ခွင့်ရှိကြောင်း (ခရစ်ယာန် ဘာသာကမှု ဘာသာခြားနှင့်လက်ထပ်လျှင် ခရစ်ယာန်ဘုရားရှိခိုးကျောင်း၌သာ ယင်းတို့ထုံးစံနှင့်အညီ လက်ထပ်ရမည်ဖြစ်ကြောင်း) ယနေ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် လက်ရှိတည်ဆဲပြဋ္ဌာန်း အက်ဥပဒေ အဖြစ လက်ခံပြဋ္ဌာန်းထားရှိလို့
          လူ့အခွင့်အရေးဘက်က ပြောနေတဲ့ပုဒ်မ ၃၄၈က အထက်ပါကိစ္စမှာ လူမျိုး၊ဇာတိ၊ ကိုးကွယ်ရာဘာသာ ကိုအကြောင်းပြု၍ ခွဲခြားမှုမရှိစေရဆိုတာကို ဘာမှမပြောတော့ဘူးလား?
          ကျွန်တော်တို့မြန်မာနိုင်ငံက လူ့အခွင့်အရေး ကြေညာစာတမ်း မပေါ်ပေါက်ခင်က၊ နောက်ပြီးကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့အစည်း မဖွဲ့စည်းခင်ကပင် လူမျိုးရေး၊ ဘာသာရေး၊ လက်ထပ်ထိမ်းမြားခြင်း၊ အမွေဆက်ခံ ခြင်းကိစ္စတို့မှာ သက်ဆိုင်ရာလူမျိုးအလိုက် ဘာသာအလိုက် ခွဲခြားပြဋ္ဌာန်းချက်တွေရှိပြီး ဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံတော်ဥပဒေတွင် အဲဒီလိုခွဲခြားပြဋ္ဌာန်းခွင့်ပြုထားတာရှိနေုပြီးဖြစ်တော့ အဲဒီကိစ္စကို လူ့အခွင့်အရေး ဘက်တော်သားတွေက ဘာမှမပြောကြတော့ဘူးလား ? မသိရှိကြတော့ဘူးလား ?

No comments:

Post a Comment