Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Tuesday, June 10, 2014

ဘာသာကြီး (၄)မျိုး၏ ဥပဒေများနှိုင်းယှဉ်လေ့လာခြင်း အခန်း (၂)


အခြား(၃)ဘာသာ၏ ဥပဒေကိုလေ့လာခြင်း

ဟိန္ဒူ/ခရစ်ယာန်/အစ္စလာမ်ဘာသာဝင်တို့အတွက် ပြဋ္ဌာန်းသောဥပဒေများသည် -
(က)ပြဋ္ဌာန်းဥပဒေဖြစ်၍ ၎င်းတို့ဘာသာဝင်တိုင်း လိုက်နာရသည်။
(ခ)ဘာသာရေးခေါင်းဆောင်သည် ၎င်းတို့ဘာသာဝင်များ၏ အိမ်ထောင်ခန်းတွင် တိုက်ရိုက်ပါဝင်သည့် ဘာသာ ရေးခေါင်းဆောင်က လက်ထပ်ပေးမှတရားဝင်သည်။
(ဂ)ဘာသာမတူလျှင် လက်ထပ်ခွင့်မရှိ။
(ဃ)ဘာသာမတူဘဲလက်ထက်လျှင် အိမ်ထောင်ခန်းသည်တရားမ၀င်ဟု ၎င်းဘာသာ၏ဥပဒေတွင် ပြဋ္ဌာန်းထား သည်။
(င)ဗုဒ္ဓဘာသာဝင်တစ်ဦးသည် ကျန်(၃)ဘာသာနှင့်လက်ထပ်လျှင် ၎င်းတို့၏ဘာသာကို ကူးပြောင်းပြီးလက်ထပ် မှ တရားဝင်သည်ဟု ၎င်းတို့၏ဥပဒေများက ပြဋ္ဌာန်းထားသည်။
ဗုဒ္ဓဘာသာတို့၏ ဓလေ့ထုံးတမ်းဥပဒေနှင့် အခြားဘာသာတို့၏ ပြဋ္ဌာန်းဥပဒေများကို နှိုင်းယှဉ်လေ့လာခြင်း
ဥပမာ(၁) ခရစ်ယာန်အမျိုးသမီးနှင့် ဗုဒ္ဓဘာသာယောက်ျားလေးတို့ လက်ထပ်ကြသည့် ပထမရက်တွင် တိပိဋက ဆရာတော်ကြီးကို မင်္ဂလာဦးဆွမ်းကပ်သည်။ နောက်ရက်တွင် ခရစ်ယာန်ဘုရားကျောင်းတွင် သင်းအုပ်ဆရာနှင့် ခရစ်ယာန်ဥပဒေအတိုင်းလက်ထပ်သည်။ ထိုမင်္ဂလာပွဲသည် မည်သည့်ဥပဒေနှင့် လက်ထပ်ခြင်းဖြစ်ပါသလဲ။
(က) မြန်မာဓလေ့ထုံးတမ်းတွင် သံဃာတော်များသည် လက်ထပ်ပေးခွင့်မရှိ။ဆွမ်းကပ်ခြင်းသည် လက်ထပ်ခြင်း မဟုတ်။
(ခ) ၁၈၇၂ ခု၊ ခရစ်ယာန်ဥပဒေတွင် သင်းအုပ်ဆရာနှင့်မှတ်ပုံတင်၍ ထုံးပုံကျ လက်ထပ်မှတရားဝင်သည်ဟု ပြဋ္ဌာန်းထားသည်။ ဤလက်ထပ်ပွဲကိုလေ့လာလျှင် ဗုဒ္ဓဘာသာတွင် ကာကွယ်ပေးသည့်ဥပဒေမရှိသဖြင့် ခရစ် ယာန်ဥပဒေဖြင့် လက်ထပ်ခြင်းသာဖြစ်သည်။ ဗုဒ္ဓဘာသာဝင်ယောက်ျားလေးသည် ခရစ်ယာန်တို့၏မှတ်တမ်း တွင် လက်မှတ်ရေးထိုး၍ ခရစ်ယာန်ဘာသာဝင်တစ်ဦးအနေဖြင့် အသိအမှတ်ပြုခံခဲ့ရသည်။
ဥပမာ(၂) မြန်မာနိုင်ငံမှ ထင်ရှားသောဗုဒ္ဓဘာသာဝင်အမျိုးသမီးတစ်ဦးသည် နိုင်ငံခြားတွင်ခရစ်ယာန်ဘာသာဝင် နှင့် လက်ထပ်သည်။ သင်းအုပ်ဆရာနှင့် ခရစ်ယာန်ဥပဒေအရ လက်ထပ်ခြင်းဖြစ်၍ ၎င်းသည်ပင်လျှင် ခ၇စ် ယာန်မှတ်တမ်းဝင်သွားပေသည်။ ဤသို့ဖြစ်ရခြင်းမှာ ဗုဒ္ဓဘာသာဘက်မှ ကာကွယ်သည့်ဥပဒေ မရှိခြင်းကြောင့် ဖြစ်သည်။
ဥပမာ(၃) ရုပ်ရှင်မင်းသားကြီး ၀င်းဦးသည် ဗုဒ္ဓဘာသာဝင်ဖြစ်ပြီး အိမ်ထောင်မရှိ၊ (၅)နှစ်သားယောက်ျားလေးကို မှတ်ပုံတင်စာချုပ်ဖြင့်မွေးစားသည်။ ထိုအချိန်ရုပ်ရှင်မင်းသားကြီး ဦးဝင်းဦးသည် နိုင်ငံခြားသို့သွားလိုသဖြင့် ရန်ကုန်မြို့၊ ယုဒသန်ဘုရားကျောင်းတွင် ခရစ်ယာန်ဘာသာသို့ ကူးပြောင်းသည်။နိုင်ငံခြားသို့ သာသနာပြုအနေ ဖြင့် ထွက်သွားခဲ့သည်။ နိုင်ငံခြားမှပြန်လာပြီး (၁၉၈၈) ခုနှစ်တွင် ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန်ခဲ့သည်။ ၎င်း ကွယ်လွန်သည့်အခါ သေတမ်းစာတစ်စောင်ကျန်ခဲ့သည်။ ထိုသေတမ်းစာတွင် ၎င်းပိုင်ဆိုင်သောပစ္စည်းများကို ဒေါ်အိုင်းရင်းတင်လှကိုပေးခဲ့သည်။ ဗုဒ္ဓဘာသာဝင်ဖြစ်စဉ်က မွေးစားသားနှင့် ခရစ်ယာန်ဘာသာဝင်ဖြစ်စဉ်က ဒေါ်အိုင်းရင်းတင်လှတို့ ပစ္စည်းရပိုင်ခွင့်အမှုဖြစ်ကြသည်။ ရုပ်ရှင်မင်းသားကြီးဦးဝင်းဦးသည် ခရစ်ယာန်ဘာသာ ၀င်ဖြစ်စဉ် ကွယ်လွန်သဖြင့် ခရစ်ယာန်ဘာသာအရ သေတမ်းစာအတည်ဖြစ်သဖြင့် မွေးစားသားရှုံးခဲ့သည်။ ဤ ဖြစ်ရပ်ကိုလေ့လာလျှင် ဗုဒ္ဓဘာသာဝင်အတွက် ကာကွယ်သည့်ဥပဒေ မရှိ၍ဖြစ်ရပေသည်။ သို့ဖြစ်ပေရာ ဗုဒ္ဓဘာ သာနှင့် ကျန်ဘာသာကြီး(၃)မျိုးတို့ ဥပဒေချင်းအငြင်းပွားလျှင် ဗုဒ္ဓဘာသာတို့၏ မြန်မာဓလေ့ထုံးတမ်းဥပဒေ သည် ပြဋ္ဌာန်းဥပဒေ မဟုတ်၍ ကျန်ဘာသာ(၃)ခုနှင့်နှိုင်းယှဉ်လျှင် ရှုံးနိမ့်ကြပေသည်။ ဤသို့ဖြစ်ရခြင်းမှာ ပြဋ္ဌာန်း ဥပဒေသည် ဓလေ့ထုံးတမ်းဥပဒေကို လွှမ်းမိုးနိုင်၍ဖြစ်သည်။
ထို့ကြောင့် မြန်မာနိုင်ငံတွင် ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာနေထိုင်နိုင်ရန်မှာ ဘာသာပေါင်းစုံလိုက်နာရမည့် ဘုံ သဘောတူညီချက်၊ ဘုံလမ်းကြောင်း(သို့) အမျိုးစောင့်ဥပဒေဟုခေါ်သည့် တိုင်းရင်းသား(၁၃၅)မျိုးအပါအ၀င် ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံတို့ အတူယှဉ်တွဲနေထိုင်နိုင်သည့် စည်းကမ်းသတ်မှတ်ထားသော ဥပဒေပေါ်ထွန်း ရေးသည် အလွန်အရေးကြီးနေပေသည်။
သို့ဖြစ်ပါ၍ အမျိုးစောင့်ဥပဒေပေါ်ထွန်းရေးသည် မြန်မာနိုင်ငံအတွင်းနေထိုင်ကြသည့် တိုင်းရင်းသားများအားလုံး နှင့် ဘာသာပေါင်းစုံတို့မှ ကြိုးပမ်းအားထုတ်ရန်လိုအပ်နေသော ဥပဒေဖြစ်ပါသည်။ထိုဥပဒေများတွင်
(က) ဘာသာကူးပြောင်းခြင်းဆိုင်ရာဥပဒေ
(ခ) လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာဥပဒေ
(ဂ) တစ်လင်တစ်မယားစနစ်
(ဃ) လူဦးရေထိမ်းညှိခြင်းဆိုင်ရာ ဥပဒေတို့ ဖြစ်ပါသည်။
သို့ဖြစ်ပေရာ အဆိုပါဥပဒေများသည် ကျန်ဘာသာများ၏ ဥပဒေများနှင့် ဆန့်ကျင်မှုမရှိဘဲ ငြိမ်းချမ်းအေးချမ်းစေ မည့် ဥပဒေမျိုးဖြစ်၍ မျက်စိမှတ်ပြီးမကန့်ကွက်ဘဲ သေချာစွာလေ့လာပြီးမှသာ မိမိ၏အသိဥာဏ်ဖြင့် စဉ်းစားဝေဖန်၍ ဥပဒေပေါ်ထွန်းရေး ၀ိုင်းဝန်းကြိုးပန်းကြပါ။

No comments:

Post a Comment