Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Sunday, June 5, 2016

အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို) (၃)နှစ်ပြည့် နှစ်ပတ်လည် စုံညီ ညီလာခံကြီး သဘောထားကြေညာချက်


အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို)
(၃)နှစ်ပြည့် နှစ်ပတ်လည် စုံညီ ညီလာခံကြီး
သဘောထားကြေညာချက်
၁။ နိုင်ငံအသီးသီး၌ အမျိုးသားရေးလက္ခဏာတို့သည် သူ့နိုင်ငံနှင့်သူ ရှိနေသကဲ့သို့ မြန်မာနိုင်ငံ၌လည်း ဗုဒ္ဓ ဘာသာသည် အမျိုးသားရေး သင်္ကေတ အမျိုးသားရေး လက္ခဏာပင် ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရ အနေဖြင့် မင်းမြတ်အနော်ရထာကဲ့သို့ “ နိုင်ငံသားအများစု ကိုးကွယ်သော ဗုဒ္ဓဘာသာကို” အထူးစောင့်ရှောက်ပေးရန် တိုက်တွန်းသည်။
၂။ ဘင်္ဂါလီလူမျိုးများသည် ရခိုင်ပြည်နယ်သို့ တရားမ၀င်အခြေချနေထိုင်ပြီး “တိုင်းရင်းသားအခွင့်အရေး” ရအောင်ယူပြီး ရိုဟင်ဂျာလူမျိုးဟု အမည်ခံနိုင်ရန် နည်းမျိုးစုံဖြင့် ကြံစည်အားထုတ်လျက်ရှိသည်။ နိုင်ငံတော် အစိုးရအနေဖြင့် “ရိုဟင်ဂျာလူမျိုး”မရှိကြောင်း တရားဝင် ကြေညာချက်ထုတ်ပြီး အမျိုးသား လုံခြုံရေးအတွက် “ ၁၉၈၂-ခု နိုင်ငံသားဥပဒေ”ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် တိုက်တွန်းသည်။
၃။ ခိုးဝင်နိုင်ငံခြားသားများ တစ်နေ့တစ်ခြား များပြားလျက်ရှိသောကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်လုံခြုံရေးအတွက် အထောက်အထားမဲ့ ၀င်ရောက်နေထိုင်လျက်ရှိသော နိုင်ငံခြားသားများကို စနစ်တကျ စီစစ်ဖော်ထုတ်ပေးရန် တိုက်တွန်းသည်။
၎။မြန်မာနိုင်ငံသို့ တရားမ၀င် ၀င်ရောက်လျက်ရှိသော နိုင်ငံခြားသားများကြောင့် လူမျိုးရေး ဘာသာရေး ပြဿနာများ ကြီးထွားလျက်ရှိသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ခိုးဝင်ဘင်္ဂါလီများကို တားဆီးနိုင်ရန်အတွက် တည်ဆောက်ဆဲ “ဘင်္ဂလားဒေ့ရှ် နယ်စပခြံစည်းရိုး”ကို (ပြည်သူလူထု အကူအညီရယူ၍) ဆက်လက်တည်ဆောက်ပေးခြင်း၊ နယ်ခြားဂိတ်များကို စနစ်တကျ စစ်ဆေးခြင်းများပြုလုပ်ကြရန် တိုက်တွန်းသည်။
၅။မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ (PDP)ဥက္ကဋ္ဌ ဦးနေမျိုးဝေသည် ဖေ့စ်ဘွတ်ခ်အကောင့်တုဖြင့် လုပ်ကြံခံရသည်မှာ ထင်ရှားကြောင်း၊ ၄င်းအားလုပ်ကြံသူကိုလည်း အရေးယူထားပြီုးဖြစ်ကြောင်း သိရသော်လည်း ပြစ်မှုတစ်စုံတရာ ကျူးလွန်ခြင်းမရှိသော ဦးနေမျိုးဝေအား ပြန်လွှတ်ပေးခြင်း၊ အာမခံပေးခြင်းများကို မတွေ့ရှိရပါ။ ထိုအပြုအမူသည် တရားဥပဒေစိုးမိုးရေးကို အလေးထားသော ဒီမိုကရေစီ အစိုးရသစ်ပုံရိပ်ကို ထိခိုက်စေပါသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရတာဝန်ရှိသူများအနေဖြင့် ထိုသို့သော တရားမဲ့ပြုကျင့်မှုများကို ရောက်ကြဉ်ရန်နှင့် ဦးနေမျိုးဝေအမှုအား ပြန်လည်စီစစ်ကာ တရားဥပဒေစိုးမိုးရေး သရုပ်သကန် ပေါ်လွင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် လေးနက်စွာ တိုက်တွန်းလိုက်သည်။
၆။ မြန်မာနိုင်ငံအစသည် “ပုဂံ” ဖြစ်သောကြောင့် “ပုဂံအလှ”သည် “မြန်မာအလှ”ပင်ဖြစ်သည်။ 7Day သတင်းမီဒီယာသည် ပုဂံဘုရားများနှင့် အိမ်သာခွက်ကို ယှဉ်တွဲဖော်ပြခဲ့ခြင်းမှာ “ပုဂံအလှ”ကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေသကဲ့သို့ဖြစ်သည်။ ထို့ကြောင့် သတင်းမီဒီယာများအနေဖြင့် အမျိုးဂုဏ် ဇာတိဂုဏ်နှင့် မြန်မာ့ယဉ်ကျေးမှုကို ဖျက်လိုဖျက်ဆီး မပြုလုပ်ကြရန် မေတ္တာရပ်ခံသည်။
၇။ပြည်သူလူထုကျန်းမာရေးနှင့် အမျိုးသားအကျိုးစီးပွားကို ဆိုးဝါးစွာ ထိခိုက်စေနိုင်သေ “ အရက်သေစာ, မူးယစ်ဆေးဝါး”နှင့် ဓာတုပစ္စည်း ဆိုးဆေးများပါဝင်နေသော “အစားအစာ” တို့ကို အထူးစီမံကိန်းတစ်ရပ် အနေဖြင့် တားဆီးနှိမ်နှင်းပေးရန် တိုက်တွန်းသည်။
၈။ မြန်မာတိုင်းရင်းသားလူမျိုးများသည် ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ဓလေ့ထုံးတမ်းတို့ ဖြင့် အသီးသီးမြင့်မားသော လူမျိုးများ ဖြစ်သည်။ ထို့ကြောင့် မိမိတို့၏ အမျိုးဂုဏ် ဇာတိဂုဏ်ထိမ်းသိမ်းသော အားဖြင့် အမျိုး ဘာသာ သာသနာနှင့် မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းကို ထိခိုက်စေသော ဧည့်ခံခြင်း၊ ဖျော်ဖြေခြင်း၊ ၀တ်စားဆင်ယင်ခြင်းတို့ကို မပြုလုပ်ကြဖို့ရန် တိုက်တွန်းသည်။
အတွင်းရေးမှူး၊ မဘသအဖွဲ့(ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ ပဓာန နာယက
မြစေတီ(ရဲကျောင်း) ပရိယတ္တိစာသင်တိုက်၊ မော်လမြိုင်

ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ၊  မဘသအဖွဲ့(ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။

စာအမှတ်၊ ၀၀၁၁/စီမံ-မဘသ/၂၀၁၆
သာသနာ-၂၅၆၀၊ ကောဇာသက္ကရာဇ်- ၁၃၇၈-ခုနှစ်၊ ကဆုန်လကွယ် (၁၅)ရက်
၂၀၁၆-ခုနှစ်၊ ဇွန်လ(၅)ရက်၊ တနင်္ဂနွေနေ့
 
Arkar

No comments:

Post a Comment