Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Thursday, June 23, 2016

လူမျိုးလိမ် လူမျိုးညာများဖြစ်သည့် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်မှ မွတ်စလင်အသိုင်းအ၀ိုင်း ဟု တရားဝင်သုံးနှုန်းထားမှုအပေါ် မဘသအဖွဲ့(ဗဟို)၏ သဘောထား ထုတ်ပြန်ချက်


သဘောထား ထုတ်ပြန်ချက်
(က) ၂၀၁၆-ခုနှစ်၊ ဇွန်လ ၁၇-ရက်နေ့ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့၌ ကျင်းပခဲ့သော ၃၂-ကြိမ်မြောက် လူ့အခွင့်အရေး ကောင်စီညီလာခံတွင် မြန်မာနိုင်ငံ အစိုးရကိုယ်စားလှယ် ဒေါ်သက်သင်ဇာထွန်းက ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများအရေးနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်မှ မွတ်ဆလင်အသိုင်းအ၀ိုင်းဟု သုံးနှုန်းပြောဆိုရန် တင်သွင်းခဲ့ခြင်းသည်လည်းကောင်း
(ခ)၂၁.၆.၂၀၁၆-ရက်နေ့ထုတ် Tomorrow News Journal ၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျက-ကမ္ဘာ့ကုလသမဂ္ဂမှ ကျင်းပသည့် အစည်းအဝေးများအပါအ၀င် နိုင်ငံတကာအစည်းအဝေးများ၌ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်မှ မွတ်စလင်အသိုင်းအ၀ိုင်း ဆိုသည့် စကားလုံးဝေါဟာရကို တရားဝင်ဆက်လက် အသုံးပြုသွားမည်ဖြစ်ကြောင်းဟု ပြောဆိုခြင်းသည်လည်းကောင်း-
(၁) အခြေခံဥပဒေ ပုဒ်မ ၃၆၄-ကို ချိုးဖောက်ရာရောက်နေပါသည်။
(၂) ဒါတွင်မက ရခိုင်ပြည်နယ်မှ မွတ်ဆလင်အသိုင်းအ၀ိုင်းဟု တိုင်းရင်းသားလူမျိုးသစ်တစ်မျိုးပုံစံ ဖန်တီးပုံဖော်ရာရောက်ခြင်းကြောင့် ၁၉၇၃-ခုနှင့် ၁၉၈၃-ခု သန်းခေါင်စာရင်းများအရ တိုင်းရင်းသား ၁၃၅-မျိုးကိုသာ ခေတ်အဆက်ဆက် အစိုးရအဆက်ဆက် ထုတ်ပြန်ထားသော ပြန်တမ်းများ မှတ်တမ်းများကိုလည်း ချိုးဖောက်ရာ ရောက်နေပါသည်။
(၃) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အမျိုးသားရင်ကြားစေ့ရေး၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် ပြည်ထောင်စုစိတ်ဓာတ်ကို ပျက်စီးစေသဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် အဟန့်အတားဖြစ်စေရုံမက ပြည်ထောင်စုဖွားတိုင်းရင်းသားများအပေါ် သစ္စာမဲ့မှုတစ်ခုလည်း ဖြစ်ပါသည်။
အဆိုပါ အကြောင်းများကြောင့် အထက်ဖော်ပြပါ က,ခ လာ ပြောဆိုရှင်းလင်းချက်များကို လုံးဝ လက်မခံနိုင်ကြောင်း မြန်မာတစ်မျိုးသားလုံး, တိုင်းရင်းသား (၁၃၅)မျိုး၏ သဘောဆန္ဒနှင့် တစ်ထပ်တည်းရှိနေမည်ဖြစ်ကြောင်း၊ အမျိုးသားရေးကို အစဉ်တစ်စိုက် လက်ကိုင်ပြု ကိုင်တွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း၊ တိုင်းပြည်နှင့်လူမျိုး ချစ်သူတိုင်းကလည်း ၀ိုင်းဝန်း ကာကွယ်ပေးကြဖို့လိုကြောင်း ရဟန်းရှင်လူ ပြည်သူ အားလုံး၏ကိုယ်စား မိမိတို့ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး မဘသအဖွဲ့ကြီး(ဗဟို)မှ သဘောထားထုတ်ပြန် ကြေညာလိုက်ပါသည်။
စာအမှတ်၊ ၀၀၀၈/စီမံ-မဘသ/၂၀၁၆
နေ့စွဲ၊ ၁၃၇၈-ခု၊ နယုန်လပြည့်ကျော် ၃-ရက်
(ဇွန်လ ၂၃-ရက်၊ ၂၀၁၆)၊ ကြာသပတေးနေ့
ဦးဆောင်ဆရာတော်များ
မဘသ(ဗဟို)
Arkar

No comments:

Post a Comment