Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Sunday, June 5, 2016

(၃)နှစ်ပြည့် မဘသ နှစ်ပတ်လည် စုံညီ ညီလာခံကြီး၏ အသိပေးညွှန်ကြားချက် အမှတ် (၁၁)



အသိပေးညွှန်ကြားချက် (၁၁)
မဘသ၏ ရှေ့ဆက်လုပ်ငန်းစဉ်များ
၁။ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့၏ လုပ်ငန်းစဉ် ၇-ရပ်ကို ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်ကြရမည်။ အထူးသဖြင့် ယဉ်ကျေးမှုနှင့် စာရိတ္တပညာမြှင့်တင်ရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာ၌ ယဉ်ကျေးလိမ္မာနှင့် ဓမ္မစကူလ်းသင်တန်းများ ထွန်းကားပြန့်ပွားစေရေးအတွက် အလေးထား ဆောင်ရွက်ကြရမည်။
၂။အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ၀န်ထမ်းဌာန တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်း၍ ဥပဒေဘောင်အတွင်းမှ ဓမ္မ၀ိနယနှင့်အညီ ပူးပေါင်းဆောင်ရွက်ကြရ မည်။
၃။ အမျိုးသားရေးကို အခြေခံသည့် သာသနာပြုလုပ်ငန်းများ ဆောင်ရွက်သကဲ့သို့ ပရဟိတလုပ်ငန်းများကို လည်း ပူးတွဲဆောင်ရွက်ကြရမည်။
၎။နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် မြန်မာတစ်မျိုးသားလုံး၏ အသက်အိုးအိမ်စည်းစိမ် ဘ၀လုံခြုံရေး ဘာသာ သာသနာတော် လုံခြုံရေးတို့အတွက် အသက်သွေးကြောတမျှ အရေးကြီးသော အမျိုးစောင့်ဥပဒေ ၄-ရပ်နှင့် အခြားသော အမျိုးသားလုံခြုံရေးဥပဒေများကို သတိ ၀ီရိယကြီးစွာ ကာကွယ်စောင့်ရှောက်ကြရ မည်။
၅။မြန်မာပြည်တစ်ဝှမ်းလုံးရှိ မဘသအဖွဲ့အစည်းပေါင်း ၃၀၀-ခန့်သည် အဖွဲ့အစည်းကို ကိုယ်စားပြုသည့် facebook အကောင့်တစ်ခုစီဖွင့်လှစ်၍ မဘသအကောင့်ချင်းချိတ်ဆက်ကာ အမျိုး ဘာသာ သာသနာအရေး သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ သိရှိစေရေး၊ သတင်းအချက်အလက် မှန်ကုန်စေရေးနှင့် အချိန်မီ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ခေတ်စနစ်နှင့်အညီ ဆောင်ရွက်ကြရမည်။
၆။မိမိအရပ်ဒေသနှင့်သက်ဆိုင်သော အရေးကိစ္စများဖြစ်ပေါ်ရာ၌ လွတ်လပ်ပွင့်လင်းစွာ သဘောထား ကြေညာချက်များ ထုတ်ပြန်ကြရမည်။ တစ်နိုင်ငံလုံး တစ်မျိုးသားလုံးနှင့်ဆိုင်သော အရေးအရာများ၌ မဘသ(ဗဟို)၏ အကူအညီနှင့် အကြံအဥာဏ်ကိုရယူပြီးမှ ထုတ်ပြန်ကြရမည်။
ဘဒ္ဒန္တ ၀ိမလဗုဒ္ဓိ
အတွင်းရေးမှူး၊ မဘသအဖွဲ့(ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ ပဓာန နာယက
မြစေတီ(ရဲကျောင်း) ပရိယတ္တိစာသင်တိုက်၊ မော်လမြိုင်

ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ၊  မဘသအဖွဲ့(ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်။

စာအမှတ်၊ ၀၀၁၁/စီမံ-မဘသ/၂၀၁၆
သာသနာ-၂၅၆၀၊ ကောဇာသက္ကရာဇ်- ၁၃၇၈-ခုနှစ်၊ ကဆုန်လကွယ် (၁၅)ရက်
၂၀၁၆-ခုနှစ်၊ ဇွန်လ(၅)ရက်၊ တနင်္ဂနွေနေ့
Arkar

No comments:

Post a Comment