Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Tuesday, June 21, 2016

ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကိစ္စနှင့်ပတ်သက်၍ မဘသအဖွဲ့(ဗဟို)၏ တိုက်တွန်းနှိုးဆော်ချက်



မဘသ(ဗဟို) သုံးနှစ်ပြည့် နှစ်ပတ်လည် စုံညီ, ညီလာခံ ကြီး၏ သဘောထားကြေညာချက်(၈)ရပ်ထဲတွင် နိုင်ငံတော် အစိုးရအနေဖြင့် ခိုးဝင်ဘင်္ဂါလီများကို တားဆီးနိုင်ရန်အတွက် တည်ဆောက်ဆဲ ''ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး''ကို ပြည်သူ လူထုအကူအညီရယူ၍ ဆက်လက်တည်ဆောက်ပေးခြင်း၊ နယ်ခြားဂိတ်များကို စနစ်တကျစစ်ဆေးခြင်းများ ပြုလုပ်ကြရန်အတွက် မဘသအဖွဲ့ကြီးမှ တိုက်တွန်းခဲ့ပါသည်။

အကယ်၍ နိုင်ငံတော် တာဝန်ရှိသူများအနေဖြင့် အဆိုပါကိစ္စ မလုပ်ဆောင်နိုင်ပါက မဘသအဖွဲ့မှနေ၍ ကြိုးစားကူညီဆောင်ရွက်ပေးရန် ရည်မှန်းထားသော်လည်း ''ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး''ကိစ္စအတွက် အစိုးရမှ ဆက်လက်ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း သိရပါသည်။

သမ္မတဦးထင်ကျော်ဦးဆောင်သော အစိုးရသစ်လက်ထက် ဘဏ္ဍာရေး ကော်မရှင် အစည်းအဝေးကို နေပြည်တော်ရှိ သမ္မတ အိမ်တော်၌ ဇွန်လ ၁၅-ရက်နေ့ ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့ပြီး ယင်းအစည်းအဝေး၌ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်း ရိုးကာရန်နိုင်ရန် နိုင်ငံတော်အနေနှင့် ကျပ်ငွေသန်းပေါင်း တစ်သိန်း ခုနှစ်သောင်းနီးပါး အသုံးပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါသည်။

အဆိုပါကိစ္စအတွက် သက်ဆိုင်ရာတာဝန် ရှိသူများ၏ အစီအစဉ်ကို မဘသအဖွဲ့ကြီးအနေဖြင့် ဝမ်းမြောက် ဝမ်းသာ ကြိုဆိုကြောင်း၊ မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာမည့် ခိုးဝင်ဘင်္ဂါလီများကို တားဆီးနိုင်ရန်အတွက် ပြည်သူလူထုအနေဖြင့်လည်း စွမ်းနိုင်သမျှ ပူးပေါင်းပါဝင်ကြရန် လိုအပ်ကြောင်း၊ ထို့အတူ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ကြီးအနေဖြင့် နယ်စပ်ခြံစည်းရိုးကိစ္စအတွက် လိုအပ်လာပါက ပြည်သူလူထု၏ အင်အားနှင့်အတူ ပါဝင်ကူညီဆောင်ရွက်ပေးရန် အဆင်သင့် ရှိနေပါကြောင်း အသိပေးလိုပါသည်။
(မဘသ-ဗဟို)
AK..

Arkar

No comments:

Post a Comment