Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Tuesday, June 28, 2016

အမျိုးစောင့်ဥပဒေ၏ မျှတမှု



_________________

ဤအမျိုးစောင့်ဥပဒေ၌--

၁။ ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးများ မည်သူနှင့်လက်မထပ်ရဟု ကန့်သတ်ချုပ်ချယ်ခြင်း မရှိပါ။

၂။ အမျိုးစောင့်ဥပဒေသည် ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးများအတွက် ကန့်သတ်ချုပ်ခြယ်သည့် ဥပဒေမဟုတ်၊ အကာ အကွယ်ပေးသည့် ဥပဒေသာဖြစ်သည်။

၃။ အမျိုးစောင့်ဥပဒေမရှိလျှင် ဘာသာခြားများ၏ ဥပဒေအတိုင်းသာ ဆုံးဖြတ်ခံနေရသောကြောင့် ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးများ အခွင့်အရေး ဆုံးရှုံးနစ်နာခဲ့ရသည်။

၎။ အမျိုးစောင့်ဥပဒေသည် ကိုယ့်ဘာသာ, ကိုယ့်လူမျိုးကို ကာကွယ်ပေးခြင်းသာ ဖြစ်သည်။ အခြားဘာသာ အခြား လူမျိုးများကို နှောက်ယှက်ဟန့်တားခြင်း လုံးဝမရှိ။

၅။ အတင်းအကြပ် ဘာသာကူးပြောင်းခြင်းမျိုး မရှိတော့ဘဲ မိမိတို့ ယုံကြည်ချက်ဖြင့် လွတ်လပ်စွာ ကိုးကွယ်ခွင့် ရှိသည်။

၆။ မြန်မာနိုင်ငံအတွင်း လူဦးရေ ထိန်းညှိပေးခြင်းကြောင့် ဆင်းရဲမွဲတေမှုနှင့် စီးပွားရေးကြပ်တည်းမှုများပါ လျော့ချ နိုင်ပြီး နိုင်ငံတော်လည်း ဖွံ့ဖြိုးတိုးတက်ကာ လူမျိုးရေးဝါးမျို မှုကိုပါ လျော့ကျစေနိုင်လေသည်။

လက်ရှိဗုဒ္ဓဘာသာ အိမ်ထောင်ခန်းဥပဒေသည် ပြဋ္ဌာန်း ဥပဒေမဟုတ်ဘဲ ဓလေ့ထုံးတမ်းဥပဒေသာ ဖြစ်သည်၊ အခြားဘာသာ သုံးခုတို့၏ ဥပဒေသည် ပြဋ္ဌာန်းဥပဒေအဖြစ် လက်ခံထားပြီး သားဖြစ်သည်၊ ဓလေ့ထုံးတမ်းဥပဒေနှင့် ပြဋ္ဌာန်းဥပဒေများ ယှဉ်လာလျှင်၊ အမှုအခင်း များဖြစ်လာလျှင် ပြဋ္ဌာန်းဥပဒေကသာ အသာစီးရနေသည့် သဘောကိုတွေ့နေရသည်။ ထိုသို့ တစ်ဖက်စွန်းသက်သက် မဖြစ်စေဘဲ မျှမျှတတဖြစ်အောင် ပြဋ္ဌာန်းဥပဒေအဖြစ် တောင်းဆိုထားတာဖြစ်ခြင်းကြောင့် ဤအမျိုးစောင့် ဥပဒေသည် တရားမျှတပါကြောင်း သိစေအပ်ပါသည်။
Arkar

No comments:

Post a Comment