Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Friday, June 3, 2016

၃ နှစ်ပြည့် နှစ်ပတ်လည် စုံညီ,ညီလာခံအကြို ပြည်နယ်နှင့်တိုင်းကိုယ်စားပြု မဘသအဖွဲ့များ ညှိနှိုင်းဆွေးနွေးပွဲ (၃.၆.၂၀၁၆ ည ၇း၀၀)


အမျိုး ဘာသာ သာသနာစောင့် ရှောက်ရေးအဖွဲ့(ဗဟို)၊ ၃ နှစ်ပြည့် မဘသ နှစ်ပတ်လည်စုံညီ,ညီလာခံအ ကြို ညှိနှိုင်းဆွေးနွေးပွဲအဖြစ် ပြည်နယ် နဲ့တိုင်းဒေသကြီး မဘသအဖွဲ့များရဲ့ ဆွေးနွေးပွဲအား ၁၃၇၈ ခု၊ ကဆုန် ပြည့်ကျော် ၁၃ ရက်၊ ၂ဝ၁၆ ခု၊ ဇွန် လ ၃ ရက်၊ သောကြာ ညပိုင်းက အောင်မြင်စွာနဲ့ ကျင်းပပြီးစီးခဲ့ပါတယ်။ ၃ နှစ်ပြည့်မဘသနှစ်ပတ်လည် ညီလာခံအကြို ညှိနှိုင်းဆွေးနွေးပွဲကြီးကို ရန်ကုန်မြို့၊ အင်းစိန်၊ အောင်ဆန်းတပ် ဦးတောရကျောင်းတိုက်ကြီးအတွင်းမှာ ည ၇ နာရီ ၂ဝ မိနစ်က စတင်ခဲ့ပြီး မဘသ(ဗဟို) ဥက္ကဋ္ဌဆရာတော်ကြီး၊ ဇွဲ ကပင်ဆရာတော်ကြီး၊ အထက်မြန်မာ ပြည်(မန္တလေး) မဘသ၊ ဝါခင်းကုန်းဆ ရာတော်ကြီး၊ ရှင်မတောင်ဆရာတော်၊ ပန်းတနော်မြတောင်ဆရာတော်စတဲ့ ဗ ဟိုဦးဆောင်ဆရာတော်များနဲ့အတူ ပြည်နယ်နဲ့တိုင်းဒေသကြီးအသီးသီးက ဆရာတော်သံဃာတော်များ အစုံအလင် တက်ရောက်ခဲ့ကြသလို ထိုင်း၊ သီရိလင်္ကာအစရှိတဲ့ ထေရ၀ါဒနိုင်ငံများက သံဃာတော်များလည်း ပါဝင်တက်ရောက်ခဲ့ကြပါတယ်။ ဗဟိုနှစ်ပတ်လည်အကြို ညှိနှိုင်းဆွေးနွေးပွဲကြီးမှာ မိန့်ကြားသွားခဲ့တဲ့ ဥက္ကဌဆရာတော်ကြီးရဲ့ သြ၀ါဒ၊ မြနန်းဆရာတော်ရဲ့ တင်ပြလျှောက်ထားချက်၊ ဆရာတော်ဦးဝီရသူ တင်ပြသွားခဲ့တဲ့ အွန်လိုင်းမီဒီယာစီမံချက်နဲ့ ပြည်နယ်နဲ့တိုင်း ဒေသကြီးအသီးသီးရဲ့ အကြံပြုစာတမ်းများအတွက် ဆွေးနွေးညှိနှိုင်းချက်တွေကိုတော့ ယခုတစ်ပတ် အင်္ဂါနေ့မှာ ထွက်ရှိမယ့် အောင်ဇေယျတုဂျာနယ်မှာ သတင်းမှတ်တမ်းဓာတ်ပုံများ ဝေေ၀ဆာဆာနဲ့ ဖော်ပြပေးသွားမှာဖြစ်ပါကြောင်း။ ကိုမိုးအောင်
Arkar

No comments:

Post a Comment