ပြောခိုင်းတိုင်းမပြောစေချင်ဘူး
(ဆြာတော်လေး)
မေး ။ ။ အခုတလော အမျိုးသားပညာရေး ဥပဒေကြမ်းနဲ့ပတ်သက်ပြီး သဘောထားကွဲလွဲမှုတွေရှိနေပါတယ်။ ပညာရေးဆိုတာဟာ နိုင်ငံတစ်နိုင်ငံအတွက် ဘယ်လောက်အထိအရေးပါသလဲ။
ဖြေ ။ ။ ပညာရေးဟာ တိုင်းပြည်တစ်ခုအတွက် ဘယ်လောက်အရေးပါသလဲဆိုတာကို တစ်သီးတစ်သန့် စာဖွဲ့နေစရာတောင် လိုမယ်မထင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပညာဟာ လူ့ရဲ့စီးပွားဥစ္စာပါပဲ။ အတတ်ပညာရှိတယ်။ အသိပညာရှိတယ်။ ပညာဆိုတာက တစ်ခုတည်းကောင်းနေလို့မရဘူး။ အတတ်ပညာကိုသာပြဋ္ဌာန်းပြီး အဲ့ဒီအတတ်ပညာ ဟာ အသိပညာကို ဦးမတည်ဘူးဆိုရင် မျက်စိမမြင်တဲ့ ပညာရေးဖြစ်ပါတယ်။ တစ်ခါအသိပညာသက်သက်သာပြဋ္ဌာန်းပြီး အတတ်ပညာကို ကိုယ်စားမပြုတဲ့ပညာရေးဟာလည်း နားမကြားတဲ့ပညာရေး ဖြစ်သွားပါလိမ့်မယ်။ ဒါ့ကြောင့်ပညာဟာ တိုင်းပြည်တစ်ပြည်အတွက် သိပ်ကိုအရေးပါ အရာရောက်ပါတယ်။ နှစ်ဖက်မြင်မှ ပညာအစစ်ပါ။ တစ်ဖက်ကန်းနေရင် ပညာရေးမစစ်ပါဘူး။
မေး ။ ။ အခုကွဲလွဲနေတာက မွတ်စလင်ဘာသာဝင်တွေရဲ့ အာရဗီစာသင်ကျောင်းတွေကိစ္စ ဖြစ်ပါတယ်။ ဘာကြောင့် ကန့်ကွက်နေကြတာလဲ။ ဒါမှမဟုတ် မွတ်စလင်တွေကို နှိမ်ထားချင်တဲ့သဘောလား။
ဖြေ ။ ။ ဒါကကျယ်ပြန့်ပါတယ်။ နှိမ်တယ်လို့သုံးသပ်ရင်တော့ နှိမ်တာပဲဖြစ်မှာပေါ့။ ဒါပေမယ့် အဲဒီလို မျက်တောင် တစ်ဆုံးကြည့်ပြီး ပြောလို့မရပါဘူး။ မျက်စိတစ်ဆုံးကြည့်ရပါမယ်။ အခြေခံကိုစဉ်းစားရင် မြန်မာဗုဒ္ဓဘာသာဝင်တွေမှာ အစ္စလာမ်ဘာသာဝင်တွေနဲ့ပတ်သက်ပြီး စိုးရိမ်စိတ်ရှိပါတယ်။ သူတို့ရဲ့ကိုရမ်ကျမ်းဟာ အကြမ်းဖက်ကိုရမ်ကျမ်းဟာ အကြမ်းဖက်ဝါဒကို သွန်သင်တယ်ဆိုတဲ့ ပထမအချက်၊ နောက်ဒုတိယအချက်ကတော့ ယနေ့ ကမ္ဘာမှာဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှု အမျိုးမျိုးဟာ အလ္လာအရှင်မြတ်ကို ယုံကြည်ကိုးကွယ်သူတွေ ကိုရမ်ကျမ်းကို မြတ်နိုးတန်ဘိုးထားသူတွေဆီ ကနေ မြစ်ဖျားခံလာတယ်ဆိုတဲ့ကိစ္စပဲ။ ဒါ့ကြောင့် ဆင်တစ်ကောင်လုံးတွေ့နေလျှက်နဲ့ ဆင်ခြေရာရှာစရာမလိုတော့ဘူး ဆိုသလို မွတ်စလင်တွေရဲ့ ဇာတိ ပ၀တ္တိကို မြင်တွေ့ရာကနေ သူတို့ကို လွတ်လပ်ခွင့်ပေးလိုက်ခြင်းအားဖြင့် ကောင်းကျိုးဖြစ်ပါ့မလားဆိုတဲ့စိတ်က တို့များရဟန်း၊ သံဃာတွေနဲ့ ပြည်သူလူထုမှာ အမြစ်တွယ်နေပြီ။ ဒီလို သံသယထားရှိမှုတွေနဲ့ ပတ်သက်ပြီးတော့လည်း မွတ်စလင်တွေဘက်က ဗုဒ္ဓဘာသာဝင်တွေရဲ့ ပူပန်ကြောင့်ကျမှုတွေ သူတို့အပေါ်ထားတဲ့ သံသယစိတ်တွေကို ဖြေဖျောက်စေနိုင်လောက်တဲ့ ရှင်းလင်းချက်တွေ၊ လုပ်ထုံးလုပ်နည်းတွေ မရှိသေးပါဘူး။ အောက်ခြေမွတ်စလင်တွေကို လှမ်းကြည့်လိုက်ရင် အခုထိ မြန်မာ့ယဉ်ကျေးမှုဓလေ့စရိုက်လက္ခဏာတွေနဲ့ အံဝင်ခွင်ကျ မဖြစ်နိုင်သေးတာတွေ အများကြီးတွေ့ရပါလိမ့်မယ်။
နောက် အာရဗီစာသင်ကျောင်းတွေမှာ သင်ကြားတဲ့ ဘာသာရပ်တွေနဲ့ပတ်သက်ပြီးတော့လည်း စိုးရိမ်စိတ်ရှိပါတယ်။ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းတွေက ဆင်းလာတဲ့ကလေးတွေမှာ သင်တန်းဆင်းပြီးနောက်ပိုင်း မိဘဆရာသမားကို ရိုသေတတ်လာတာတို့၊ ရတနာသုံးပါးကို တန်ဘိုးထားလာတတ်တာတို့ရှိပါတယ်။ နောက်ပြီး အမျိုး ဘာသာ သာသနာကို ချစ်မြတ်နိုးစိတ် ၀င်လာတာတို့လည်းရှိပါတယ်။ ဘာသာရေးစာသင်ကျောင်းဆိုတာက ဒီလိုဘဲဖြစ်ရမှာပေါ့။ ဒီလိုကိုယ်နဲ့ ယှဉ်ကြည့်လိုက်တဲ့အခါမှာ သူတို့အာရဗီစာသင်ကျောင်းတွေအနေနဲ့လည်း လိမ္မာယဉ်ကျေးမှုမွေးမြူပေးတဲ့ ကျောင်းတွေ မှဟုတ်ပါ့မလား။ လည်လှီးသတ်ဖြတ်နည်းတွေပို့ချနေမလား။ အစ္စလာမ်ဘာသာမှတစ်ပါး အခြားဘာသာဝင်တွေကို လူမျိုး ရေးအရ၀ါးမျိုဖို့ဆိုတဲ့ မဟုတ်မဟတ်နည်းတွေများ ပို့ချနေမလားစသဖြင့် စိုးရိမ်စိတ်ဝင်ပါတယ်။ ဒီလိုစိုးရိမ်စိတ်တွေအပေါ် အခြေခံပြီုးဖြစ်ပေါ်လာတယ်လို့ မြင်ပါတယ်။
တို့ယဉ်ကျေးမှုသင်တန်းက စာအုပ်တွေရှိတယ်။ တရားဝင်ပုံနှိပ်ပြီးတစ်တိုင်းပြည်လုံးကို ဖြန့်တယ်။ ပွင့်လင်းတယ်၊ မြင်သာတယ်။ စာအုပ်ထဲမှာတစ်မျိုး၊ သင်တန်းမှာတစ်မျိုး သင်ကြားပို့ချတာမရှိဘူး။ မွတ်စလင်တွေအနေနဲ့လည်း ဒီလိုပဲ ဖြစ်ရမယ်။ ဒါမှ မျှတတဲ့ ပညာရေးစနစ်ကိုရမယ်။
မေး။ ။ တချို့ကပြောကြပါတယ်။ မြန်မာဗုဒ္ဓဘာသာဝင်တွေဟာ အကြောင်းမဲ့ အစ္စလာမ်ကြောက်ရောဂါ စွဲနေကြ တာတဲ့။ ဒီနေ့ခေတ်ထဲမှာ လူမျိုးဝါးမျိုးမှာကိုပူနေတာတွေ၊ လက်နက်မဲ့နယ်ချဲ့လာမှာကို ကြောက်ရွံ့နေတာတွေဟာ အခြေအမြစ်မရှိဘူးလို့ ဆိုကြပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့လည်းဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ တို့တိုင်းပြည်ဗုဒ္ဓဘာသာဝင်တွေက ရေမြွေကိုအလကားနေရင်း ကြောက်ပါတယ်လို့ဆိုနေတာ မဟုတ်ဘူး လေ။ မြွေပွေးကိုကြောက်စရာဖြစ်လို့ ကြောက်ပါတယ်လို့ပြောနေတာ။ အဆိပ်မရှိတဲ့သတ္တ၀ါကိုရမယ်ရှာပြီး ကြောက်နေ တာမျိုးဆိုရင်တော့ ဟုတ်တယ်။ တို့မှားတယ်။ အခုဟာ အဆိပ်ရှိလို့ကြောက်နေရတာဖြစ်တယ်။ အကြောင်းမဲ့ ကြောက်ရွံ့စိတ်ဝင်နေတာမဟုတ်ဘူးလေ။ အစ္စလာမ်တွေမှာ အဆိပ်ရှိတယ်ဆိုတာကတော့ တစ်ကမ္ဘာလုံးသိနေတာဖြစ် လို့ အထူးတလည်ပြောစရာလိုမယ် မထင်တော့ပါဘူး။ ဒီနေ့ခေတ်ထဲမှာ ဒီစိုးရိမ်စိတ်တွေဟာ ခေတ်မမီတော့ဘူးဆိုတာ ကတော့ လွန်တယ်လို့ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မွတ်စလင်တွေဟာ ခေတ်ဘယ်လောက်ပြောင်းပြောင်း သူတို့က စနစ်မပြောင်းဘူး။ လူဘယ်လောက်ပြောင်းပြောင်း သူတို့ကမူမပြောင်းဘူး။ ဘယ်နိုင်ငံရောက်ရောက် အခြား လူမျိုးအခြားယဉ်ကျေးမှုတွေနဲ့ ရောနှောသွားတယ်။ နေသားကျသွားတယ်ဆိုတာမရှိဘူး။ အခြားလူမျိုး အခြားယဉ်ကျေး မှုတွေကိုပဲ ကပြောင်းကပြန်လုပ်ပြစ်ပြီး ရောနှောဖလှယ်ပစ်ကြတာများပါတယ်။ ဒါကြောင့်လည်း လီကွမ်ယူးက လူနည်းစု မွတ်စလင်တွေဟာ လူများစုရဲ့ ဟာမိုနီတွေကို ပျက်စီးသွားအောင်လုပ်နိုင်တယ် …လို့ ဆိုခဲ့တာဖြစ်ပါတယ်။
မေး ။ ။ တစ်ခါ ဗုဒ္ဓဘာသာဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေရဲ့ အခန်းကဏ္ဍဟာ တိုင်းပြည်အတွက် ဘယ်လောက် အရေးပါသလဲ ဒီခေတ်ထဲမှာ လိုအပ်သေးလား၊ ဖျက်သိမ်းသင့်ပြီလားဆိုတာ ဆွေးနွေးပေးပါဦး။
ဖြေ ။ ။ တို့များတိုင်းပြည်ရဲ့ မူလဘူတတည်ဆောက်ပုံက ဒီဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေရဲ့ အခန်း ကဏ္ဍအများကြီးပါဝင်ပါတယ်။ သိပ်များများစားစားပြောစရာမလိုပါဘူး။ တို့ငယ်ငယ်က အသက် ၇-နှစ်လောက်ရောက်မှ အစိုးရကျောင်းကို တက်ဖြစ်တာပါ။ အစိုးရကျောင်းစတက်တဲ့အချိန်မှာ တို့ကမြန်မာစာအရေးအဖတ် အပေါင်းအနှုတ် အမြှောက်အစား တတ်နေပါပြီ။ အေဘီစီဒီ ရနေပါပြီ။ အဲဒါတွေက ဘုန်းကြီးကျောင်းကသင်ပေးလိုက်တာပဲ။ ဒါတင်လားဆိုတော့ မဟုတ်ဘူး။ လက်မှုပညာ ကိုယ်ကျင့်တရားပညာနဲ့သက်ဆိုင်တဲ့ သင်ရိုးတွေ လက်တွေ့လုပ်ငန်းတွေ တောင် တို့သင်ခဲ့ရတာလေ။ ဒီနေ့ခေတ်မှာ ဆရာ/ဆရာမတွေကိုယ်တိုင်က တပည့်တော်တို့ကျောင်းကို ယဉ်ကျေးမှု သင်တန်း လာရောက်ပို့ချပေးပါဦးဘုရား … ဆိုပြီး ပင့်ကြဖိတ်ကြတာတွေရှိပါတယ်။ ရည်ရွယ်ချက်ကတော့ ကျောင်းသူ/ ကျောင်းသားတွေ ရိုင်းလာလို့ဆိုတဲ့အချက်ပဲ။ ဒါဟာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ ပညာရေးစနစ်တွေနဲ့ အလှမ်းကွာသွားပြီးတဲ့နောက်ပိုင်း ဖြစ်ပေါ်လာတဲ့ လူမှုဆက်ဆံရေးပြဿနာတွေဖြစ်ပါတယ်။ ဒါကြောင့် ၂၀၁၃-အစော ပိုင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေအတွက် ဘတ်ဂျက်တိုးမြှင့်မယ်လို့ အစိုးရကဆိုခဲ့တာဖြစ်ပါတယ်။ တို့တိုင်းပြည်ဟာ လူယဉ်ကျေးတွေနဲ့ တည်ဆောက်ထားတဲ့တိုင်းပြည်ဖြစ်တယ်။ ဘာသာတရားအပေါ်အခြေခံတဲ့ ယဉ်ကျေးမှုတွေဆိတ်သုဉ်းလာခြင်းဟာ တိုင်းပြည်ကျဆုံးခြင်းလို့ တို့မြင်တယ်။ ဒါ့ကြောင့် ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းတွေဟာ တို့တိုင်းပြည်ရဲ့ သယံဇာတတွေပဲ။ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေဟာ လူတော်တွေချည်း မွေးထုတ်ပေးတဲ့ ကျောင်းတွေမဟုတ်ဘူး။ လူကောင်းတွေကိုပါ မွေးထုတ်ပေးတဲ့ကျောင်းတွေ ဖြစ်ပါတယ်။ ပြန်လည်ပြီးဖော်ဆောင်ရမယ်။ ပပျောက်သွားလို့မဖြစ်ဘူး။ ကွယ်ပျောက်သွားလေလေ … တို့တိုင်းပြည်ဖရိုဖရဲဖြစ်လေ လေပဲ။
မေး ။ ။ အခုထွက်ပေါ်လာတဲ့ အမျိုးသားပညာရေးဥပဒေကြမ်းနှင့်ပတ်သက်ပြီးတော့ ဘယ်လိုမြင်ပါသလဲ။
ဖြေ ။ ။ အားလုံးကတော့ ကောင်းစေချင်လို့ ဥပဒေတွေပြင်ဆင်တယ်။ တစ်ဘက်ကလည်း ကောင်းစေချင်လို့ပဲ ရေးဆွဲတယ်။ တိုင်းပြည်စုတ်ပြတ်သတ်သွားအောင်လို့ လုပ်နေကြတာတော့မဟုတ်လောက်ပါဘူး။ အဲဒီတော့ အမျိုးစောင့်ဥပဒေနဲ့ ပတ်သက်ပြီး ဆွေးနွေးဘူးသလိုပါပဲ။ ဥပဒေတစ်ခုဟာ ဟာကွက်ပျော့ကွက်ရှိမယ်။ ကြိုက်သူရှိမယ်။ မကြိုက်သူရှိမယ်။ ဒီဥပဒေကိုဖော်ဆောင်သူတွေအနေနဲ့လည်း အမျိုးသားရေးအုပ်စုတွေရဲ့ စိုးရိမ်သောကကိုလည်း မြင်အောင်ကြည့်စေချင်တယ်။ သူတို့ကလည်း သူတို့လုပ်တာ အမျုးသားရေးလို့ယုံကြည်ကြမှာပါပဲ။ ဒီတော့ လုပ်ငန်းတူသူချင်းအတူတူ ဘာသာရေးရှုထောင့်ကလည်း ထည့်သွင်းစဉ်းစားစေချင်တယ်။ ဆွေရင်းမျိုးရင်းတွေအတွက် ပထမထားပြီးလုပ်ပါ။ ဘယ်လိုမှအမျိုးစပ်လို့မရတဲ့ လူစိမ်းတွေအတွက်ကိုတော့ ဒုတိယထားပြီးလုပ်ပေးပါလို့ပဲ ပြောချင်တယ်။ ဘယ်လိုပြန်ရေးပါ။ ဘယ်လိုပြန်ပြီးရေးဆွဲပါလို့ တို့ပြောစရာလိုမယ် မထင်ဘူး။
မေး ။ ။ ကျောင်းသားကိုယ်စားလှယ်တစ်ဦးက ဗုဒ္ဓဘာသာဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေကိုလည်း ဖျက်သိမ်းပေးရမယ်ဆိုပြီး ပြောတယ်လို့ဆိုပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ ဘာပြောချင်လဲ။
ဖြေ ။ ။ အဲဒီကျောင်းသားကိုယ်စားလှယ်ဟာ သူ့သဘော သူ့ဆန္ဒ၊ သူ့ဦးနှောက် သူ့ပညာဥာဏ်နဲ့ ပြောတာမျိုး ဆိုရင်တော့ တို့များအနေနဲ့ ပြောစရာမလိုဘူး။ ကိုယ့်အစိုးရကိုပဲ (တို့တတ်တဲ့ကလောင်နဲ့) ဒီဥပဒေအတည်မပြုဖြစ်အောင် ဖျအားပေးရမှာပဲ။ အဲဒီလိုမှ မဟုတ်ဘဲ ကျောင်းသားကိုယ်စားလှယ်ဟာ သူများပြောခိုင်းတဲ့အတိုင်း ပြောလိုက်ရတာ မျိုးဆိုရင်တော့ ပြောချင်တဲ့စကားက တစ်ခွန်းပဲရှိတယ်။ “ပြောခိုင်းတိုင်း မပြောစေချင်ဘူး” ဆိုတာပါပဲ။
ဆြာတော်လေး
၁၃၇၆-ခုနှစ်၊ တပေါင်းလဆန်း (၄) ရက်

No comments:
Post a Comment