Photobucketအမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး (ဗဟို)

Wednesday, March 4, 2015

ဆွေမျိုးတွေကိုပြင်ပမထားနဲ့ သင်္ဂဟတရားနဲ့ချီးမြှောက်လေ ( အရှင်တိလောကာဘိဝံသ)

ဆွေမျိုးတွေကိုပြင်ပမထားနဲ့ သင်္ဂဟတရားနဲ့ချီးမြှောက်လေ

တပေါင်းလအကြောင်း ယမန်နှစ် (သာကီသွေးဂျာနယ်အတွဲ ၁-အမှတ်၁၈)၌ဖော်ပြပြီးဖြစ်၍ ဉာတတ္တစရိယာ အကြောင်းကိုသာ သင့်တော်သလောက်တင်ပြပါမည်။ မြတ်ဗုဒ္ဓသည် ဤတပေါင်းလပြည့်ကျော် ၁-ရက်နေ့မှစ၍ ဆွေမျိုး တွေအတွက်ချီးမြှောက်ရန် မွေးရပ်ဋ္ဌာနီ ကပိလ၀တ်နေပြည်တော်သို့ နောက်ပါတပည့်သံဃာနှစ်သောင်း စီတန်း လိုက်ပါ ခြံရံလျက် ပြည်တော်ပြန်ခရီး စတင်ခဲ့သည်။ လောကုတ္တရာနယ် အထွတ်အထိပ်သို့ ရောက်နေသော မြတ်ဗုဒ္ဓသည်ပင် ဆွေမျိုးအကျိုးအတွက် ကျင့်ဆောင်သေးလျှင် ယနေ့တို့တတွေ ဆွေမျိုးအကျိုးအတွက် မလွှဲမသွေ ကျင့်ဆောင်ရမည်သာ ဖြစ်သည်။ ဆွေမျိုးဆိုရာမှာ-
၁။ မွေးချင်းပေါက်ဖော်၊
၂။ ဆွေခုနစ်ဆက် မျိုးခုနစ်ဆက်၊
၃။ ရပ်ဆွေရပ်မျိုး၊
၎။ ကချင်, ကယား, ကရင်, ချင်းစသော တိုင်းရင်းသားမျိုးနွယ်စုများ၊
၅။ အမေရိကန်လူမျိုး၊ ပြင်သစ်လူမျိုး၊ တရုတ်လူမျိုး၊ မြန်မာလူမျိုး စသော ကုလသမဂ္ဂ၀င် နိုင်ငံသားလူမျိုးများ စသည်ဖြင့် အမျိုးမျိုးရှိနိုင်သည်။ သို့သော် အားလုံးသည် ဉာတိ- ဆွေမျိုးများပင်ဖြစ်ပါသည်။ အမေရိကန်သည် အမေ ရိကန်နိုင်ငံသားအားလုံး၏ အကျိုးစီးပွားအတွက် ကျင့်ဆောင်သည်။ မြန်မာနိုင်ငံသားအားလုံးသည် မြန်မာ့အကျိုး စီးပွားကို ကျင့်ဆောင်ရမည့် မြန်မာ့ဥပဒေကို လိုက်နာရမည်သာဖြစ်ပါသည်။ ရောမရောက်လျှင် ရောမလိုကျင့်ဆိုသည်မှာ လူတိုင်း မလွဲမသွေလိုက်နာကျင့်သုံးရမည့် လူ့ကျင့်ဝတ်၊ လူ့ယဉ်ကျေးမှုပင်ဖြစ်သည်။ အဆိုပါလူ့ယဉ်ကျေးမှုကို ဖောက်ဖျက်ကျူး လွန်စော်ကားသူသည် လူ့ဂုဏ်သိက္ခာမရှိသော လူသားမပီသသော လူသားစာရင်းမသွင်းထိုက်သူသာဖြစ်ပေမည်။ မြန်မာ နိုင်ငံမှာနေလျှင် မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့စည်းကမ်း၊ မြန်မာ့ဥပဒေကို မလွဲမသွေလိုက်နာရမည်သာဖြစ်ပါသည်။
လူတိုင်း ကိုယ့်ယဉ်ကျေးမှုကို ထိန်းသိမ်းရမည်ဆိုသော်လည်း မိမိရောက်ရှိနေထိုင်ရာဒေသ၏ ယဉ်ကျေးမှုကို မ ဆန့်ကျင်ရ၊ မဖျက်ဆီးရ၊ မနှောက်ယှက်ရ၊ နိုင်ငံခြားသား၊ ဧည့်နိုင်ငံသား မည်သူမဆို အိမ်ရှင်တိုင်းရင်းသားများ၏ ဥပဒေများ၊ ဓလေ့ထုံးစံများ၊ ယဉ်ကျေးမှုများကို လေးစားလိုက်နာရမည်သာဖြစ်သည်။ မည်သည့်နိုင်ငံသားမဆို အမေရိကန်ရောက်လျှင် အမေရိကန်နိုင်ငံဥပဒေကို ဆန့်ကျင်နှောက်ယှက်ဖျက်ဆီးခွင့်မရှိ။ ထို့အတူ မြန်မာနိုင်ငံသို့ရောက်ရှိလာသူ၊ နေထိုင်သူအား လုံးသည် မြန်မာနိုင်ငံ၏ ဓလေ့ထုံးတမ်း၊ ယဉ်ကျေးမှုများ၊ ဥပဒေများကို လိုက်နာကျင့်သုံးရမည်သာဖြစ်သည်။
မြန်မာနိုင်ငံ၌နေထိုင်ပါလျက် မြန်မာ့တိုင်းရင်းသားအကျိုးထက် လူမျိုးခြားဘာသာခြားတို့၏ အကျိုးစီးပွားကို ဦးစား ပေးသူ နိုင်ငံသား၊ နိုင်ငံရေးသမား၊ နိုင်ငံ့ခေါင်းဆောင်စသည် မည်သူမဆို နိုင်ငံသစ္စာဖောက်သူ၊ အမျိုးမစောင့်သူ၊ ဉာတ တ္တစရိယာလမ်းစဉ်မလိုက်သူ၊ နိုင်ငံဖျက်အမျိုးဖျက်သူသာ ဖြစ်ပေမည်။ကိုယ်ကိုတိုင် မစောင့်ရုံသာမကမျိုး နွယ်စောင့်ဖို့လုပ်ဆောင်သူ ဆော်သြသူများကိုပင် နှောက်ယှက်ဟန့်တားသူလည်း မျိုးနွယ်မစောင့်သူ၊ မျိုးနွယ်ဖျက်ဆီးသူ နိုင်ငံသစ္စာဖောက်အမျိုးအစားပင်ဖြစ်ပေမည်။ ဒုစရိုက်များကို ကိုယ်တိုင်ပြုသူ၊ သူတစ်ပါးပြုလုပ်အောင် တိုက်တွန်းသူ၊ သူတစ်ပါးပြုသည်ကိုချီးမွမ်းသူ၊ သူတစ်ပါးပြုသည်ကို စိတ်တူသူများဟု ဒုစရိုက်သမား ၄-မျိုးခွဲနိုင်သည်။
ကိုယ်တိုင်, တိုက်တွန်း၊ ချီးမွမ်း, စိတ်တူ၊ ပွားပြန်မူ, မှတ်ယူ လေးဆယ်ပြား။( လယ်တီဆရာတော် )
ယခုအခါ မြန်မာနိုင်ငံ၌ လူမျိုးခြား, ဘာသာခြားများက သူတို့ဘာသာတိုးတက်ရေးအတွက် စနစ်တကျ မနေမနား ကြိုးစား ဆောင်ရွက်နေကြသည်။ ဆောင်ရွက်သလောက်လည်း ဘာသာခြား, လူမျိုးခြားများ မြန်မာနိုင်ငံ၌ ဒီရေအလား တိုးပွားနေကြသည်။ ဒါကို မြန်မာလူမျိုးများက သတိမမူ ဂူမမြင်ဖြစ်နေကြသည်။ မိမိဘာသာပျောက်ကွယ်မည့်အရေး မတွေးတောမဆင်ခြင်ကြ၊ ကိုယ့်ဘာသာကို စောင့်ရှောက်ရမှန်းလည်းမသိ၊ လူသားများ သတိမမူကြဘဲ ကိုယ်ကျိုးအတွက် ထင်ရာလုပ်နေကြခြင်းကြောင့် ဘယ်တော့မှမပြိုကွဲနိုင်ဟုထင်ရသည့် အလွန်ကြီးမားသော အာတိတ်ဒေသ ရေခဲတောင်ကြီး များပင် တဖြည်းဖြည်းပျက်စီးယိုယွင်းလာနေကြပေသည်။ မကြာမီ သမုဒ္ဒရာရေပြင်မြင့်တက်မှုကြောင့် တစ်ချို့ကျွန်းနိုင် ငံလေးများ ရေအောက်ရောက်သွားတော့ပေမည်။
စူပါ ပါဝါအင်အားကြီးနိုင်ငံများဖြစ်သည့် အမေရိကန်၊ ရုရှား၊ တရုတ်၊ စင်ကျန်းပြည်နယ်၊ ဂျာမနီ၊ ပြင်သစ်၊ အင်္ဂလန် စသည်တို့၌ပင် အစွန်းရောက်အကြမ်းဖက် လူမျိုးခြား၊ ဘာသာခြားများ၏အန္တရာယ်ကို လက်တွေ့ခံနေကြရပြီ။ ဝေါထ ရိတ်စင်တာအဖျက်ခံရခြင်းက သက်သေခံနေသည်။ ကမ္ဘာကျော်ခရူးဆိတ်စစ်ပွဲကြီးအပါအ၀င် ကမ္ဘာ့အင်အားအကောင်းဆုံး ခရစ်ယာန်ဘာသာဝင်များပင် ယနေ့အချိန်အခါမှာ သောက်သောက်လဲ ရက်ရက်စက်စက် လည်လှီးအသတ်ခံနေကြရသည်။ အင်ဒိုနီးရှားနိုင်ငံ၌ လူပေါင်းသိန်းချီ ခေါင်းဖြတ် ဂျီဟတ်လုပ် အသတ်ခံသွားကြရပြီ။ ဤအဖြစ်မျိုး အဖက်ဖက်က အင်အား ယိုယွင်းချိနဲ့နေသည့် မြန်မာနိုင်ငံ၌ မကြာမီရောက်မလာနိုင်ဟု မည်သူပြောနိုင်ပေမည်နည်း။
အထူးအားဖြင့် သာသနာပြုအမည်ခံ ဘာသာရေး သာသနာရေး ခေါင်းဆောင်တို့က ပိုပြီးသွေးအေးနေကြသည်။ ကိုယ်ကျိုးအတွက် သက်သက်လောက်သာ ကြည့်နေကြသည်။ အချိန်ဖြုန်းနေကြသည်။ ရှိတာလေးနှင့် ကျေနပ်နေကြသည်။ ဘာသာရေး၊ သာသနာရေးအတွက် စိတ်ကူးထဲမထည့်ကြ။ ထို့ကြောင့် ၉၆၉ နှိုးဆော်သံ၌-
ဗုဒ္ဓဘာသာရှင်လူများက၊ သတိတရား ထားသင့်ပြီ၊
အခြားဘာသာ တိုးတက်ရေးကို၊ အခြားသူများ ဆောင်ရွက်သည်။
ဗုဒ္ဓဘာသာ တို့တတွေအများက၊ သွေးအေးလို့ မနေသင့်ပြီ၊
သွေးအေးနေရင် သာသနာပျောက်လို့၊ လူမျိုးပျောက်ဖို့ ကြုံလိမ့်မည်၊ ဟု နှိုးဆော်ထားသည်။ သာသနာပြုခေါင်း ဆောင်များသည် ကိုယ်ကျိုးစွန့် အနစ်နာခံမှုအားနည်းနေကြသည်။ ကိုယ်ကျိုးစွန့်မှုမရှိလျှင် ခေါင်းဆောင်နိုင်မည်မဟုတ်။ ခေါင်းဆောင်ဆိုသည်မှာ ကိုယ်ကျိုးစွန့်အနစ်နာခံရမည်။ ထို့ကြောင့် သာသနာပြုခေါင်းဆောင်များသည် ကိုယ်ကျိုး အတွက်သာမကြည့်ကြဘဲ မိမိကိုယ်တိုင်လည်း သာသနာပြုနိုင်သည့် အရည်အချင်းများဖြည့်တင်းရမည်။ သာသနာ ပြုခေါင်းဆောင် အရည်အချင်းဆိုသည်မှာ-
၁။ ကာလ၊ ဒေသ၊ ပုဂ္ဂလ စသည်တို့နှင့် သင့်လျော်သော သို့မဟုတ် ခေတ်မီသော ပရိယတ္တိ တတ်မြောက်ကျွမ်းကျင်မှု၊
၂။ သီလ၊ သမာဓိ၊ ပညာ ပဋိပတ္တိပြည့်စုံမှု၊
၃။ ကိုယ်ကျိုးစွန့်အနစ်နာခံမှု၊
၎။ မဆုတ်နစ်သော ဇွဲ၊ လုံ့လရှိမှု၊
၅။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဗြဟ္မစိုရ်စိတ်ဓာတ်ရှိမှု၊ စသည်တို့ဖြစ်သည်။
ရဟန်းကိစ္စ၊ နှစ်ဓုရ၌၊ လုံ့လအားသည်း၊ ဟိတ်ဟန်နည်း၍၊ ပစ္စည်းမသို၊ စိတ်မတို၊ ခင်ပျိုကြီးပွားကြောင်း (၀ိသုဒ္ဒါရုံဆရာတော်)
မကောင်းမြစ်တာ၊ ကောင်းရာညွှန်လစ်၊ အသစ်ဟောကြူး၊ နာဖူးထပ်မံ၊ နတ်ထံတင်ရာ၊ မေတ္တာလည်းပြု၊ ရဟန်းမှု၊ ခြောက်ခုလွန်သေချာ။(သင်္ဂဇာဆရာတော်)
ယနေ့ တို့တတွေ မြန်မာ့အမျိုး ဘာသာ သာသနာဝင်များ အဓိကလိုအပ်နေသည့် ဉာဏ၊ ကာယ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဗလဟူသော ဗလ၅တန်ပြည့်စုံအောင် ဖြည့်တင်းပေးဖို့အရေးမှာ နိုင်ငံတော်အစိုးရမင်းများ၊ နိုင်ငံရေးခေါင်း ဆောင်များ၊ ဘာသာရေးခေါင်းဆောင်များ၊ ပညာရှင်များ၊ အနုပညာရှင်များ စသည်တို့အပေါ်မှာ လုံးဝတာဝန်ရှိနေသည်။ ဤအရေးသည် အာဏာရရေးထက် ပို၍အရေးကြီးသည်ကို အားလုံးနားလည်ကြရမည်။ မိမိတို့၏ တိုင်းပြည်နှင့်လူမျိုး ဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ဖို့ကို ကိုယ်စီကိုယ်င စွမ်းနိုင်ရာက ပါဝင်ဆောင်ရွက်ခြင်းဖြင့် ဉာတတ္တ စရိယာလမ်းစဉ်လိုက်ကြပါဟု တိုက်တွန်းရင်း “ဆွေမျိုးတွေကို ပြင်ပမထားနဲ့ သင်္ဂဟတရားနဲ့ ချီးမြှောက်လေ” ဆောင်းပါးကို အဆုံးသတ်အပ်ပါသတည်း။


တပေါင်းလဆန်း ၆-ရက်၊ ၁၃၇၆-ခု၊ အရှင်တိလောကာဘိဝံသ(အင်းစိန်)
(ဖေဖော်ဝါရီ ၂၃-ရက်၊ ၂၀၁၅)၊ တနင်္လာနေ့၊ ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်မြို့။

No comments:

Post a Comment